တရုတ်ပြည်မကြီးကလာပြီးတော့အမေရိကန်မှာဗူးပြန်သွတ်တဲ့ဖြည့်စွတ်စာဆေးတွေစားမိ၊သုံးမိရင်
Source from Kelvin A. Power’s Facebook on September 30, 2019 မေးခွန်း(၁)ကတရုတ်ပြည်မကြီးကလာပြီးတော့အမေရိကန်မှာဗူးပြန်သွတ်တဲ့ဖြည့်စွတ်စာဆေးတွေစားမိ၊သုံးမိရင်ဘယ်လိုအဆိပ်အတောက်တွေ၊ဘယ်လိုအန္တရာယ်တွေဖြစ်လာနိုင်မလဲ၊ရေရှည်မှာဘယ်လိုရောဂါမျိုးတွေဖြစ်လာနိုင်မလဲဆိုပြီးတော့မြန်မာပြည်ကလူတချို့ကစိုးရိမ်တကြီးမေးနေကြတယ်။ — မေးခွန်း(၂)က၊အရင်တုံးက(USA)ထင်ပြီးဝယ်ထားမိလိုက်တဲ့တရုတ်လုပ်ဆေးတွေကိုဆက်သောက်သင့်သလားမသောက်သင့်ဘူးလားလို့မေးနေကြပြန်တယ်။ — အရင်းရှင်စနစ်ဆိုတော့အမေရိကန်ကနာမည်ကြီးကုမ္မဏီတော်တော်များများကအမြတ်တွေပိုကျန်ဖို့တရုတ်ပြည်ကဆေးတွေဝယ်ပြီး(USA)မှာဗူးပြန်သွတ်တာများပါတယ်။(CMAP)စီမက်ဆေးတွေလို့ခေါ်ရမှာပေါ့။စီမက်ဆိုတာ(China Made American Packaging)ကိုဆိုလိုတာပါ။ — ဘူးပြန်သွတ်တယ်ဆိုတာကဥပမာ(Capsules)အမျိုးအစားဆေးတောင့်လေးတွေဆိုရင်(Capsules) အခွံအလွတ်လေးတွေနဲ့ပုလင်းဗူးခွံတွေကိုတရုတ်ပြည်ကမှာလိုက်ကြသလို၊ဆေးတောင့်လေးတွေထဲမှာထည့်ရောင်းဖို့ဆေးအမှုန့်တွေကိုလဲတရုတ်ပြည်ကပဲမှာလိုက်ကြပါတယ်။ — ဒီရောက်တော့မှ(Capsules)ဆေးတောင့်သွတ်တဲ့စက်ကြီးတွေထဲကိုတဖက်ကဆေးတောင့်အခွံအလွတ်ကလေးတွေထည့်တဖက်ကဆေးမှုန့်ကလေးတွေထည့်ပေးလိုက်ပြီးဆေးတောင့်ထဲအမှု့န်ပြန်သွတ်ကြတာပါ။ — အဲဒီလိုပြန်သွတ်လိုက်တဲ့ဆေးတောင့်တွေကိုပုလင်းထဲထည့်လိုက်ပြီးတော့(USA)လို့ရေးထားတဲ့တံဆိပ်ကပ်ရောင်းလိုက်ရင်(Made in USA) ဖြစ်သွားပါလေရော။ — အတွင်းကဆေးမှုန့်၊ဆေးတောင့်အခွံအလွတ်လေးတွေနဲ့ပုလင်းခွံအလွတ်တွေအားလုံးတရုတ်ကလာပြီးတော့၊ USA မှာဆေးတောင့်ပြန်သွတ်တယ်၊ပုလင်းပြန်သွတ်ပြီးအပေါ်မှာလဲ(Made in USA) ဆိုတဲ့တံဆိပ်ကလေးကပ်ပေးလိုက်တယ်ဆိုတော့၊( Made in USA)ဆိုတဲ့အဓိပ္ပာယ်ကတော့(USA)မှာပုလင်းသွတ်တာကိုပြောတာနေမှာပေါ့။ — (softgels)တွေ(tablets)တွေဆိုရင်တော့ဆေးလုံးအလုံးလိုက်လေးတွေနဲ့ဗူးခွံတွေကိုပါတရုတ် ပြည်ကနေမှာလိုက်ကြပြီးတော့၊ဒီရောက်တော့တရုတ်ပြည်ကလာတဲ့ပုလင်းတွေထဲကိုတရုတ်ပြည်ကလာတဲ့ဆေးလုံးလေးတွေကိုရေတွက်ထည့်လိုက်ပြီး၊အပြင်မှာ(Made in USA)ဆိုပြီးတော့တံဆိပ်ကလေးကပ်ရောင်းလိုက်တာပါပဲ။ — Made in USA ဆိုတာပုလင်းပေါ်မှာကပ်ထားတဲ့တံဆိပ်ကိုပြောတာနေမှာပါ၊ပုလင်းရောဆေးရောကတေ့တရုတ်ပြည်ကလာတာဆိုပေမဲ့အပေါ်မှာကပ်ထားတဲ့တံဆိပ်ကတော့(USA)မှာပုံနှိပ်တာများပါတယ်။ — ဒါနဲ့ပါတ်သက်ပြီးကျွန်တော်ကလေးဘဝတုံးကအကြောင်းလေးတခုသွားသတိရမိပါတယ်။ကျွန်တော့ဦးလေးရဲ့သူငယ်ချင်းတယောက်ကဟိုခေတ်(RTC)ခေါ်တဲ့ကုန်းလမ်းပို့ဆောင်ရေးမှာကုန်တင်တဲ့ဟီးနိုးကားကြီးတွေမောင်းတယ်။တနေ့ဟီးနိုးကားကြီးတစ်စီးနဲ့အိမ်ကိုရောက်လာတော့ကျွန်တော်လဲစပ်စုချင်တာနဲ့ကားပေါ်တက်ကစားတာပေါ့။ — အဲဒီကား(Body)တစ်နေရာမှာကပ်ထားတဲ့ငွေရောင်သတ္တုပြားလေးတခုတွေ့တယ်။အဲဒီသတ္တုပြားမှာ(မြန်မာပြည်အကြီးစားစက်မှု့လုပ်ငန်းမှထုတ်လုပ်သည်)လို့ရေးထားတဲ့စာကျွန်တော်ဖတ်လိုက်ရတော့၊။ဟာငါတို့မြန်မာနိုင်ငံကတော်တော်တိုးတက်နေပြီပေါ့၊ဟီးနိုးကားကြီးတွေကိုတောင်ကိုယ်တိုင်ထုတ်လုပ်ပေးနိုင်နေပြီဆိုပြီးတော့ကိုယ့်တိုင်းပြည်ကိုအထင်ကြီးလို့မဆုံးဘူးဖြစ်သွားတယ်။ — ဟုတ်တယ်လေ၊ဒါဂုဏ်ယူရမှာပေါ့အဲဒီအချိန်တုံးကကိုးရီးယားတို့၊တရုတ်တို့တောင်ကားတစ်စီးမှမထုတ်နိုင်သေးခင်မှာမြန်မာ့အကြီးစားစက်မ့ှုလက်မ့ှုလုပ်ငန်းကဟီးနိုးကားကြီးတွေစထုတ်နေပြီဆိုတာနည်းတဲ့တိုးတက်မှု့မှမဟုတ်တာ။ဒါနဲ့ဦးလေးသူငယ်ချင်းကိုမနေနိင်လို့ပြောလိုက်မိတယ်။ဦးလေးလို့၊ကျွန်တော်တို့နိုင်ငံကဒီလိုဟီးနိုးကားကြီးတွေကိုယ်တိုင်ထုတ်လုပ်နိုင်နေပြီဆိုတော့အရမ်းကိုတိုးတက်နေပြီပဲလို့။ — …
တရုတ်ပြည်မကြီးကလာပြီးတော့အမေရိကန်မှာဗူးပြန်သွတ်တဲ့ဖြည့်စွတ်စာဆေးတွေစားမိ၊သုံးမိရင် Read More »