admin

Lipid Profile တိုင်းရင်တန်ဖိုးက(mg/dl) ဖြစ်ဖို့လိုအပ်ပါတယ်။

Source from Kelvin A. Power’s Facebook on January 5, 2020 Lipid Profile တိုင်းရင်တန်ဖိုးက(mg/dl) ဖြစ်ဖို့လိုအပ်ပါတယ်။ဒါမှပြြန်ပီးအချိုးချလို့လွယ်ကူပါတယ်။mmol နဲ့ဆိုရင်တော့သုံးမရပါဘူး။ဘာကြောင့်လဲဆိုတော့ 1mol မှာရှိတဲ့ဓါတ်ပေါင်းတစ်ခုရဲ့အလေးချိန်ဟာ၊ 1mol မှာရှိတဲ့အခြားဓါတ်ပေါင်းတစ်ခုရဲ့အလေးချိန်နဲ့လုံးဝကိုမတူညီနိုင်ပါဘူး။ကမ္ဘာပေါ်မှာဓါတ်ပေါင်းတစ်သန်းရှိရင်၊တစ်သန်းလုံးတစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ဓါတ်ပေါင်းတစ်သန်းကို(mg/dl)ပြောင်းချင်တယ်ဆိုရင်မြှောက်ရ၊စားရမယ့်(Formula)တစ်သန်းဟာတစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ – ဥပမာပြောရရင်၊ ဆန်(1)ကီလိုကိုပေါင်ပြောင်းရင်(2.2)ပေါင်ရပါမယ်။ ပဲ(1)ကီလိုကိုပေါင်ပြောင်းရင်လဲ(2.2)ပေါင်ပဲရပါမယ်။ ပြောင်းဖူးစေ့(1)ကီလိုကိုပေါင်ပြောင်းရင်လဲ(2.2)ပေါင်ပဲရပါမယ်။ နှမ်းစေ့(1)ကီလိုကိုပေါင်ပြောင်းရင်လဲ(2.2)ပေါင်ပဲရပါမယ်။ – သို့သော် (mmol)ကြတော့အဲဒီလိုကိန်းသေမဟုတ်တော့ပါဘူး။(1mmol)ရှိတဲ့အောက်ဆီဂျင်ဟာ၊(1mmol)ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အလေးချိန်ချင်းမတူတော့ပါဘူး။(1mmol)စီရှိတဲ့ဓါတ်ပေါင်းအမျိုးအစားပေါင်းတစ်ထောင်ရှိရင်၊တစ်ထောင်လုံးတစ်ခုနဲ့တစ်ခုအလေးချိန်ချင်းမတူညီနိုင်ကြပါဘူး။ဘယ်တော့မှ(mmol)ကိုအချိုးချလို့မလွယ်ကူပါဘူး။ — ဥပမာပြောရရင်(mmol)နဲ့တိုင်းတာဟာဘာနဲ့သွားတူသလဲဆိုတော့၊ဆန်၊ပဲ၊ပြောင်း၊နှမ်းတွေကို၊ပြည်ချိန်၊တင်းချိန်၊အလေးချိန်တွေနဲ့မရောင်းပဲဆန်စေ့၊ပဲစေ့၊ပြောင်းစေ့၊နှမ်းစေ့၊တွေကိုတစ်စေ့ချင်းစီအစေ့အရေအတွက်အလိုက်ရေတွက်ပြီးရောင်းတာနဲ့သွားတူနေပါတယ်။ – (TG) ဆိုရင်မြှောက်ရတာကတစ်မျိုး၊(HDL)ဆိုရင်တစ်မျိုး။(LDL)ဆိုရင်တစ်မျိုး၊(Glucose)ဆိုရင်တစ်မျိုး၊(TC)ဆိုရင်တစ်မျိုး၊မတူပါဘူး။ ပိုခက်တာက(TC)မှာဆိုရင်တော့(HDL)ကဘယ်လောက်ရာနုန်းပါနေတယ်၊(LDL)ကဘယ်လောက်ပါနေတယ်။(VLDL)ကဘယ်လောက်ပါနေတယ်ဆိုတာမသိတော့တိတိကျကျပြောင်းလို့မရပြန်ပါဘူး။(TG)မှာလဲ(saturated fat)ပါဝင်နုန်း၊(polyunsaturated fat)ပါဝင်နှန်း(monounsaturated fat)ပါဝင်နုန်းတိတိကျကျမသိလို့၊ပြောင်းရင်မမှန်ကန်နိုင်တော့ပါဘူး။ — ဥပမာပြောရရင်၊ဆန်တပြည်မှာဘယ်နှစ်စေ့၊ပြောင်းတစ်ပြည်မှာဘယ်နှစ်စေ့၊နှမ်းတစ်ပြည်မှာဘယ်နှစ်စေ့ဆိုတာကိုတိတိကျကျပြောချင်ရင်၊တမျိုးတည်းသန့်စင်နေရင်တော့ပြောလို့ရနိုင်ပါတယ်။ – ဒါပေမဲ့ဆန်၊ပဲ၊ပြောင်း၊နမ်းတွေရောနှောထားပြီး၊(အရောအနော)တပြည်မှာဘယ်နှစ်စေ့ပါလဲလို့တွက်ခိုင်းရင်တော့ရောနှောမှု့ရာခိုင်နုန်းကိုသေချာမသိပဲနဲ့တွက်လို့မရနိုင်ပါဘူး။

Lipid panel မှာလက်ရှိအသုံးပြုနေတဲ့ reference range များ

Source from Kelvin A. Power’s Facebook on January 4, 2020 မေး။ဆရာ Kelvin ခင်ဗျား။ဆရာလမ်းညွှန်ပြသပေး၍ ဆီးချိုရောဂါအကြောင်း၊ ကိုလက်စတော အကြောင်း၊ Autoimmune အကြောင်းတို့ကို ပို၍ပို၍ သိလာရပါတယ်။သို့အတွက်ကြောင့် ဆရာ့ကိုကျေးဇူးတင်ရှိပါတယ်။Lipid panel မှာလက်ရှိအသုံးပြုနေတဲ့ reference range များဟာဆရာ့စာများအရလည်းကောင်း၊ကိုယ်တိုင်ခံစားစမ်းသပ်ကြည့်သိပြီး၍လည်းကောင်း သိပ်အသုံးမတည့်တာကိုတွေ့ရှိရပါတယ်။ထို့အပြင်ပိုမိုသိလိုတာက ကမ္ဘာတွင် နှလုံးရောဂါဖြင့်သေဆုံးသူများ၏ lipid profile များသည်normal range ထက်ကျော်၍ သို့မဟုတ် အောက်ကျ၍ သို့မဟုတ် အတွင်းဝင်၍ သေဆုံးခြင်း၊ သို့မဟုတ် နှလုံးရောဂါဖြစ်ပွားနေသူများ၏ lipid profile သည် အခြား contamination မပါပဲ လက်ရှိ reference range နှင့် မည်ကဲ့သို့ဆက်စပ်မှုရှိသည်ကို ဂျင်းမဟုတ်ပဲ အမှန်အကန်သုတေသန ပြုလုပ်ထားချက်များရှိပါသလားခင်ဗျား။ရှိလျှင် …

Lipid panel မှာလက်ရှိအသုံးပြုနေတဲ့ reference range များ Read More »

အပိုင်း(၃)(Autoimmune)ရောဂါဖြစ်လာရခြင်း၏အခြေခံအကြောင်းတရားများ။

Source from Kelvin A. Power’s Facebook on December 29, 2019 (AUTOIMMUNE)ရောဂါဆိုတာအပိုင်း(၁)နဲ့(၂)မှာတုံးကအစာအိမ်နဲ့အူလမ်းကြောင်းမကောင်းလို့၊အမီနိုအက်ဆစ်(Amino Acids)တွေအဖြစ်သို့အစာမကြေပဲပြင်ပကဝင်ရောက်လာတဲ့ပုံမှန်မဟုတ်တဲ့(ပရိုတိန်း)တွေကိုတိုက်ခိုက်ဖျက်ဆီးရင်းနဲ့ကြာလာတော့၊အလားသဏ္ဍန်တူတဲ့အတွင်းမှာရှိနေတဲ့ပရိုတိန်းတွေနဲ့ရောနှောရုှတ်ထွေးမ့ှုတွေဖြစ်လာပြီးတော့၊အတွင်းမှာရှိနေတဲ့ပုံမှန်အလုပ်လုပ်နေတဲ့မတိုက်ခိုက်သင့်တဲ့(ပရိုတိန်း)တွေကိုမှားယွင်းပြီးတိုက်ခိုက်မိလို့ဖြစ်ပေါ်လာရတဲ့ရောဂါဖြစ်တယ်။အဲဒီဖြစ်စဉ်ကိုအစာအိမ်နှင့်အူလမ်းကြောင်းမလုံခြုံမ့ှု(leaky gut)လို့လဲခေါ်ပါတယ်လို့ကျွန်တော်ရေးသားခဲ့ပြီးပါပြီ။ — အပိုင်း(၁) https://www.facebook.com/kelvin.power.1675/posts/137155244227558 အပိုင်း(၂) https://www.facebook.com/kelvin.power.1675/posts/138562804086802 — သို့သော်(AUTOIMMUNE)ရောဂါဖြစ်လာရတာဟာဒီအကြောင်းတရားတစ်ခုတည်းကြောင့်တော့မဟုတ်ပဲတခြားသောအကြောင်းတရားတွေလဲများစွာရှိနေပါသေးတယ်။အဲဒီအကြောင်းတရားတွေထဲမှာခန္ဓာကိုယ်အတွင်းပိုင်းရေရှည်ရောင်ရမ်းမ့ှု(Chronic Inflammation)ကလဲတခုအပါအဝင်ဖြစ်နေပါတယ်။ — ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာကခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ရောင်ကိုင်းနေတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းလူတိုင်းအကုန်လုံးမှာရောင်ရမ်းမ့ှုဆိုတာနေ့စဉ်ဖြစ်နေတာပါပဲ။ဒါကြောင့်မိမိခြေတွေလက်တွေဖေါသွတ်ရောင်ကိုင်းမ့ှုမရှိတာကိုကြည့်ပြီးတော့ငါကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆမိလိုက်ဖို့တော့အလွန်အရေးကြီးပါတယ်။ရောင်ရမ်းတယ်ဆိုတာဖေါသွတ်ရောင်ကိုင်းနေတာကိုမဆိုလိုပဲ၊ဆံခြည်မျှင်လောက်သွေးကြောနံရံမှာရှိနေတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းအင်္ဂါအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲအထိကိုရောင်ရမ်းနေတဲ့(Cellular level inflammation)ကိုဆိုလိုတာပါ။ — ရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)နဲ့၊ယာယီရောင်ရမ်းမှု့(Acute inflammation)ဆိုပြီးတော့၊နှစ်မျိုးနှစ်စားရှိပါတယ်။ယာယီရောင်ရမ်းမှု့ဆိုတာကတော့မရှိမဖြစ်လိုအပ်တဲ့ရောဂါခုခံမ့ှုစနစ်(Immune System)ရဲ့ပုံမှန်လုပ်ငန်းတစ်ခုပါပဲ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ထဲကိုဝင်ရောက်တိုက်ခိုက်လာရင်ပဲဖြစ်ဖြစ်၊အစာအိမ်နဲ့အူလမ်းကြောင်းကနေအစာမကျေပဲဝင်ရောက်လာတဲ့ပုံမှန်မဟုတ်တဲ့(ပရိုတိန်း)တွေကိုမိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံမ့ှုစနစ်ကရှာဖွေတွေ့ရှိသွားလို့ပဲဖြစ်ဖြစ်၊ပထမဆုံးတုန်ြ့ပန်တာကတော့ရောင်ရမ်းမ့ှုပါပဲ။ – ဒီလိုယာယီရောင်ရမ်းမှု့မျိုးမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်လို့တကယ်ကိုလိုအပ်တဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။ရောင်ရမ်းပြီဆိုတော့မှသာမိမိရဲ့ခုခံအားစနစ်ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။နေရာတစ်ခုမှာရောင်ရမ်းနေတယ်ဆိုတဲ့သဘောကလဲရန်သူတွေဝင်လာရင်အဲဒီနေရာကိုခုခံအားစနစ်ကဝင်ရောက်တိုက်ခိုက်ဖို့စစ်မြေပြင်နေရာဒေသအဖြစ်ကန့်သတ်ပြင်ဆင်သတ်မှတ်ပေးထားလိုက်တဲ့သဘောပါပဲ။ — ယာယီယောင်ရမ်းမှု့ဟာတစ်ပါတ်၊နှစ်ပါတ်လောက်အကြာမှာ၊ရောဂါပိုးတွေကိုခုခံမှု့စနစ်ကတိုက်ခိုက်ပြီးလို့ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာပပျောက်သွားရမှာဖြစ်ပြီး၊မပပျောက်သွားပဲခန္ဓာကိုယ်အတွင်းပိုင်းတွေထဲမှာဆက်လက်ပြီးယောင်ရမ်းနေတာကတော့အလွန်ကြောက်စရာကောင်းတဲ့ရေရှည်ရောင်ရမ်းမ့ှု(Chronic Inflammation)ပါပဲ။ဒီလိုအရောင်ကျသွားသင့်တဲ့အချိန်အခါမှာမကျပဲအတွင်းမှာဆက်လက်ပြီးရောင်ရမ်းနေပါကမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေတိုက်စရာမကျန်တော့ပဲ၊မိမိခန္ဓာကိုယ်ကကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်လက်တိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပါပဲ။ — လူတိုင်းနားလည်အောင်ဥပမာပေးပြီးပြောရရင်၊တိုင်းပြည်တပြည်မှာစစ်ဖြစ်လို့ရန်သူတွေတိုင်းပြည်ထဲကိုဝင်ရောက်လာပြီဆိုရင်အေးအေးဆေးဆေးနေလို့မရတော့ပါဘူး။ဒီဒေသတွေကိုစစ်အာဏာသိမ်းသင့်ရင်သိမ်း၊စစ်မြေပြင်အဖြစ်ကြေငြာသင့်ရင်လဲကြေငြာရပါတယ်။စစ်မိန့်တွေ၊ညမထွက်ရ(မာရှယ်လော)အမိန့်တွေ၊ပြစ်မိန့်တွေထုတ်ပြန်ထားပြီးလမ်းပေါ်ထွက်လာတဲ့လူမှန်သမျှကိုသူပုန်လား၊ပြည်သူလားမစူးစမ်းနိုင်တော့ပဲစစ်တပ်ကပြစ်သင့်ရင်ပြစ်ရပါတယ်။ဒီအချိန်မှာအုပ်ချုပ်ရမဲ့ဥပဒေဟာတိုင်းပြည်အေးချမ်းနေတုံးကအုပ်ချုပ်နေတဲ့ဥပဒေနဲ့တော့လုံးဝကိုမတူနိုင်တော့ပါဘူး။ — တစ်ကယ်လို့အဲဒီဒေသမှာသူပုန်တွေကိုကုန်စင်အောင်တိုက်ခိုက်ချေမုှန်းပြီးရင်(သို့မဟုတ်)စစ်ပြီးသွားလို့တည်ငြိမ်အေးချမ်းသွားရင်စစ်မိန့်၊ပြစ်မိန့်တွေကိုပြန်လည်ရုတ်သိမ်းပေးပြီးတော့စစ်တပ်ကိုအိမ်ပြန်နားခိုင်းရမှာဖြစ်ပါတယ်။အရပ်ဒေသတစ်ခုကိုအချိန်တန်လို့ရန်သူတွေမရှိတော့တဲ့အထိတစ်သက်လုံးစစ်မြေပြင်အဖြစ်သတ်မှတ်ထားတဲ့စစ်မိန့်၊တွေကိုပြန်လည်ရုတ်သိမ်းမပေးပဲဆက်လက်ထုတ်ပြန်ထားရှိနေမယ်ဆိုရင်အဲဒီဒေသမှာနေထိုင်တဲ့ပြည်သူတွေကိုတစ်နေ့မဟုတ်တစ်နေ့စစ်တပ်ကမှားပြီးပြစ်သတ်မိနိုင်လို့အကြီးအကျယ်ကိုဒုက္ခရောက်နိုင်ပါတယ်။ — ဒီဥပမာလိုပါပဲ၊မိမိရဲ့ခန္ဓာကိုယ်မှာလဲရန်သူပိုးမွားတွေနဲ့ပြင်ပကပရိုတိန်းတွေဝင်လာရင်အရေးပေါ်အခြေအနေတရပ်အတွက်ရန်သူကိုတိုးမြင့်ပြီးခုခံတိုက်ခိုက်နိုင်ဖို့အတွက်ခုခံမ့ှုဆဲလ်တွေကိုအလွန်ရန်လိုကာ၊တိုက်ရည်ခိုက်ရေပြင်းထန်ပြီး၊ရန်သူသတ်လို့လွယ်လွယ်နဲ့သေမသွားနိုင်တဲ့၊အသက်ပြင်းလှတဲ့အထူးဆဲလ်တွေအဖြစ်မျိုးရီုးဗီဇပြောင်းလဲပြီးထုတ်လုပ်ပေးဖို့(mTOR)ခေါ်(mammalian target of rapamycin signaling pathway)လမ်းကြောင်းနဲ့(NF-kB)ခေါ်(Nuclear factor-kappa B signaling pathway)ဆိုတဲ့လမ်းကြောင်းတွေရှိနေပါတယ်။ — (mTOR pathway)နဲ့(NF-kB pathway)တွေဟာဆဲလ်တွေရဲ့မျိုးရိုးဗီဇထဲအထိလိုက်လံပြောင်းလဲထုတ်လုပ်နိုင်ပြီး၊ဆဲလ်တွေရဲ့သေဆုံးမ့ှုနုန်း၊ပွားများမ့ှုနှုန်း၊ရန်လိုမ့ှုနုန်းနှင့်သက်တမ်းတွေကိုပါပြင်းထန်လာအောင်ပြောင်းလဲပြုပြင်ပေးနိုင်လို့၊ကင်ဆာအမျိုးမျိုး၊ရောင်ကိုင်းမ့ှု(inflammation)နဲ့ပါတ်သက်တဲ့ရောဂါအမျိုးမျိူး၊(autoimmune …

အပိုင်း(၃)(Autoimmune)ရောဂါဖြစ်လာရခြင်း၏အခြေခံအကြောင်းတရားများ။ Read More »

(Turn fat to energy+ Soluble Fiber)

Source from Kelvin A. Power’s Facebook on December 26, 2019 ပထမဦးစွာခန္ဒာကိုယ်အတွင်းပိုင်းကအန္တရာယ်ရှိတဲ့အဆီတွေကို၊အဆီမှစွမ်းအင်အဖြစ်သို့ပြောင်းလဲပြီးအသုံးပြုနိုင်တဲ့(Turn Fat to Energy)ဆိုတဲ့ဆေးအကြောင်းကိုအရင်ရေးပေးပါမယ်။ — (Turn Fat to Energy)ဆိုတဲ့ဆေးဟာဝိတ်ကျဆေးလား၊ပိန်ဆေးလားလို့မေးရင်တော့ဖြေရခက်ပါတယ်။ဝိတ်မကျဘူးလားဆိုတော့လဲ…ကျပါတယ်။ဒါပေမဲ့ဝိတ်ကျဆေးလား၊ပိန်ဆေးလားလို့မေးပြန်တော့…မဟုတ်ပြန်ပါဘူး။ဝိတ်တော့ကျတယ်၊ပိန်ဆေး၊ဝိတ်ကျဆေးတော့မဟုတ်ပြန်ဘူးဆိုတော့မျက်စိလည်သွားနိုင်လို့သေချာပြန်ရှင်းပြပါ့မယ်။ — သိပ်ဝနေပြီးဝိတ်ကျမှသာကျန်းမာမယ်(သို့မဟုတ်)ကျန်းမာဖို့အတွက်ဝိတ်ကျဖို့လိုအပ်နေတယ်ဆိုတဲ့လူတွေအတွက်တော့ရေရှည်မှာဝိတ်ကျပါတယ်။ဒါပေမဲ့သာမာန်(မပိန်မဝ)အနေတော်လူတွေနဲ့နဂိုကတည်းက(ပိန်ပြီးသား)လူတွေအတွက်ကျတော့ဝိတ်မလိုအပ်ပဲနဲ့ထပ်ပြီးမကျတော့ပါဘူး။ဒီလိုလူတွေအတွက်တော့ဝိတ်ထပ်မကျစေပေမဲ့အတွင်းအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးတွင်းမှာရှိနေတဲ့၊အလွန်အန္တရာယ်ပေးနိုင်တဲ့အဆီတွေကိုတော့ချပေးနိုင်ပါတယ်။ဆိုလိုတာကလူကိုပိန်စေတဲ့ဆေးမဟုတ်ပဲ၊အန္တရာယ်ရှိတဲ့အဆီတွေ၊ကျန်းမာရေးကိုထိခိုက်စေမယ့်အဆီတွေကိုသာရွေးချယ်ပြီးချပေးတဲ့ဆေးမျိုးပါ။ — မိမိအမြဲအသက်ရှင်သန်နေနိုင်အောင်ခန္ဒာကိုယ်ရဲ့နေ့စဉ်ပုံမုန်ဖြစ်တည်မှု့တွေကိုရုတ်တရက်ပြောင်းလဲမသွားနိုင်အောင်အမြဲထိန်းညှိ၊ထိန်းချုပ်ပေးနေတဲ့ဟိုမီယိုစတက်တစ်(Homeostatic)လို့ခေါ်တဲ့အလွန်အရေးကြီးတဲ့စနစ်တစ်ခုခန္ဒာကိုယ်မှာရှိနေပါတယ်။ — ဒီစနစ်ကခန္ဒာကိုယ်အပူချိန်၊သွေးပေါင်ချိန်၊သွေးရဲ့(PH)တန်ဖိုး၊သွေးထဲမှာရှိတဲ့(electrolytes)ပမာဏ၊ခန္ဒာကိုယ်ရဲ့အလေးချိန်(bodyweight)၊သွေးရဲ့(Glucose)ပါဝင်မှ့ုအနည်းအများနဲ့၊ဓါတ်တိုး၊ဓါတ်လျှော့တုံ့ပြန်မှု့ (Redox activity)စသည်တွေကိုချက်ချင်းရုတ်တရက်ပြောင်းလဲမသွားနိုင်အောင်ထိန်းချုပ်ပေးထားရပါတယ်။ — ဒီကနေ့ခေတ်မြန်မာပြည်မှာရောင်းနေတဲ့ပိန်ဆေးတွေ၊ဝိတ်ကျဆေးတွေဆိုတာကများသောအားဖြင့်ဓါတုဗေဒအဆိပ်အတောက်(Chemical toxins)တွေနဲ့ဖေါ်စပ်ထားလို့ရေရှည်မှာတကယ်ဝိတ်မကျတဲ့အပြင်ခန္ဓာကိုယ်ကိုအဆိပ်အတောက်တွေနဲ့(Oxidative Stress)တွေကိုပါဖြစ်ပေါ်စေနိုင်ပြီး၊ အအိပ်တွေပျက်၊အစားတွေပျက်၊ပင်ပန်းနွမ်းနယ်၊အားအင်ချိနဲ့လာကာကျန်းမာရေးကိုထိခိုက်စေပြီး၊ရောဂါခုခံမှု့အင်အားတွေကျဆင်းလာကာ၊ရောဂါပေါင်းစုံကိုလဲဝင်ရောက်လာစေနိုင်ပါတယ်။ — ဟိုမီယိုစတက်တစ်(Homeostatic)လို့ခေါ်တဲ့ရုတ်တရက်မပြောင်းလဲသွားနိုင်အောင်ထိန်းချုပ်ပေးထားရတဲ့စနစ်အောက်မှာခန္ဒာကိုယ်ရဲ့အလေးချိန်(bodyweight)ဆိုတာကလဲအဓိကနေရာကပါဝင်နေတာဖြစ်လို့ရုတ်တရက်ဝိတ်ကျသွားခြင်းဆိုတာဟာ(Homeostatic)စနစ်ကြီးကိုထိခိုက်ပျက်စီးသွားစေခြင်းဖြစ်လို့၊ရေရှည်မှာ(Basil Metabolic Rate, BMR)ကိုပါပြုတ်ကျသွားစေပြီးမကြာခင်မှာပြန်ပြီးဝိတ်တက်လာစေမယ့်အပြင်၊ပိန်ဆေးတွေ၊ဝိတ်ကျဆေးတွေမှာပါတဲ့(chemical toxins)တွေနဲ့ဆေးကြောင့်ဖြစ်တဲ့(Oxidative Stress)တွေကြောင့်ရေရှည်မှာကျန်းမာရေးကိုထိခိုက်ပျက်စီးစေနိုင်၊ရောဂါအမျိုးမျိုးကိုရရှိစေနိုင်လို့အကြီးအကျယ်ကိုအန္တရာယ်ရှိပါတယ်။ — ဒါကြောင့်(Turn Fat to Energy)ဆေးဆိုတာ၊ကျန်းမာရေးအတွက်လိုအပ်ရင်ဝိတ်ကျစေနိုင်တယ်ဆိုတာတော့မှန်ပေမဲ့၊(chemical toxins)တွေနဲ့ (Oxidative Stress)တွေဖြစ်ပေါ်စေတဲ့ခန္ဒာကိုယ်ရဲ့ဟိုမီယိုစတက်(Homeostatic)စနစ်ကိုပျက်စီးစေတတ်တဲ့တခြားပိန်ဆေး၊ဝိတ်ကျဆေးတွေနဲ့တော့လုံးဝမတူညီပဲတိုက်ရိုက်ကြီးကိုဆန့်ကျင်နေပါတယ်။ — ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့(Turn Fat to Energy)ဆေးဟာ၊ခန္ဓာကိုယ်ရဲ့စွမ်းအင်ပြည့်ပြည့်ဝဝ၊မှန်မှန်ကန်ကန်သုံးစွဲနိုင်မှု့အတွက်အလွန်အရေးကြီးတဲ့(Body Thermogenic Energy & …

(Turn fat to energy+ Soluble Fiber) Read More »

ပါးစောင်ကင်ဆာ

Source from Kelvin A. Power’s Facebook on November 21, 2019 ဆရာခင်ဗျား ကျွန်တော်က ပါးစောင်ကင်ဆာဖြစ်လို့ ခွဲစိတ် ဆေးသွင်း ဓါတ်ကင် တာတွေလုပ်ပြီးပါပြီ ခုဓါတ်ကင်ပြီးတာရှစ်လကျော်ရှိပေမယ့် လျှာကအရသာမသိ တံတွေးကမထွက်သေးဘူးဖြစ်နေပါတယ် သောက်သင့်တဲ့ ဖြည့်စွက်စာလမ်းညွှန်ပေးပါလားဆရာ?။ — Super antioxidant နဲ့ BioPerine သောက်ပါ။သူများတွေလိုဆေးအလုံးလိုက်မသောက်ပါနဲ့Super antioxidant(၆)လုံး နဲ့ BioPerine(၆)လုံးကိုရေသန့်(နှစ်လီတာ)လောက်နဲ့ဖျော်ထားလိုက်ပါ။တစ်နေကုန်အဲဒီရေကိုငုံလဲငုံပါ၊တစ်နေကုန်လဲသောက်ပါ။နေ့စဉ်(နှစ်လီတာ)ကုန်အောင်သောက်ပြီးနေ့တိုင်းထပ်အသစ်ဖျော်ပါ။ — ဆေးပညာမှာသုသေသနဆိုတာနှစ်မျိုးရှိပါတယ်။ဖန်ပြွန်ထဲမှာဓါတုဗေဒနည်းတွေနဲ့စမ်းသပ်တာကို(Vitro=in glass study)လို့ခေါ်ပြီး။သက်ရှိခန္ဓာကိုယ်ထဲမှာစမ်းသတ်တာကို(Vivo=in life study)လို့ခေါ်ပါတယ်။တချို့ဆေးတွေကဖန်ပြွန်ထဲမှာတိုက်ရိုက်ထိတွေ့ရင်ကင်ဆာဆဲလ်တွေကိုသေစေနိုင်လို့အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာအလွန်အသုံးဝင်ပါတယ်။တချိုဆေးတွေကြတော့တိုက်ရိုက်ထိတွေ့ရင်အလုပ်မလုပ်ပဲခန္ဓာကိုယ်ထဲ၊သွေးထဲရောက်မှဓါတ်ပြောင်းပြီးအလုပ်လုပ်ကြပါတယ်။ —- Bioperine နဲ့ Super antioxidant ထဲမှာပါဝင်နေတဲ့(Ingredients)တွေ့က(In Vivo)ရော(In Vitro)ရောသုသေသနနှစ်မျိုးလုံးမှာကင်ဆာဆဲလ်တွေကိုထိန်းချုပ်ပေးနိုင်လို့ရေဖျော်သောက်ခိုင်းတာပါ။ဆိုလိုတာက(Vivo)ဆိုတာသက်ရှိခန္ဓာကိုယ်ထဲမှာစမ်းသပ်တဲ့သုသေသနတွေကိုဖြစ်လို့ကင်ဆာဆဲလ်နဲ့တိုက်ရိုက်မထိတွေ့ပဲသွေးထဲကနေဓါတ်ပြု၊ဓါတ်ပေါင်းပြီးရောက်သွားတာ။(In Vitro)ဆိုတာကတော့ဖန်ပြွန်တွေထဲမှာစမ်းသပ်တာဆိုတော့ကင်ဆာဆဲလ်နဲ့ဆေးကို(အနာကိုဆေးလူးပေးသလိုမျိုး)တိုက်ရိုက်ထိတွေ့စေတဲ့စမ်းသပ်နည်းတွေပါ။ဥပမာအရေပြားကင်ဆာဖြစ်ရင်ဆေးကိုအရေပြားပေါ်မှာရေဖျော်ပြီးလိမ်းပေးရင်ပိုပြီးထိရောက်မှုရှိပါတယ်။ — Super antioxidant နဲ့ BioPerine ဟာဖန်ပြွန်ထဲမှာစမ်းသပ်မှု့အရတိုက်ရိုက်ထိတွေ့ရင်ကင်ဆာဆဲလ်တွေကိုကျုံ့သွားစေနိုင်၊သေသွားစေနိုင်တဲ့အစွမ်းသတ္တိရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်အစာအိမ်ရဲ့အထက်ပိုင်း၊ပါးစပ်တို့လည်ချောင်းပြွန်တို့၊လည်ချောင်းတို့မှာဖြစ်ရင်(Capsules)ဖေါက်ပြီးရေဖျော်သောက်တာဟာ၊အနာနဲ့ဆေးတိုက်ရိုက်ထိတွေ့နိုင်ပါတယ်။အစာအိမ်ရဲ့အောက်ပိုင်းအူလမ်းကြောင်းတွေမှာကင်ဆာဖြစ်ရင်တော့ဆေးအတောင့်လိုက်သောက်သောက်၊အရည်ဖျော်ပြီးသောက်သောက်အတူတူပါပဲ။ဘာကြောင့်လဲဆိုတော့(Capsule)ကအစာအိမ်ထဲမှာပွင့်သွား၊ပျော်သွားမှာဆိုတော့၊အလုံးလိုက်သောက်သောက်ရေဖျော်ပြီးသောက်သောက်အူလမ်းကြောင်းထဲကိုရောက်ရင်အတူတူပါပဲ။ —- တချို့ဆေးတွေကတော့တိုက်ရိုက်ထိတွေ့မှုနဲ့ကင်ဆာကိုမထိန်းချုပ်နိုင်ပါဘူး။သွေးထဲရောက်ပြီးမှဓါတ်ပြောင်းသွားတာပါ။ဓါတ်ပြောင်းပြီးတော့မှအကျိုးပေးနိုင်တာပါ။ဥပမာပြောရရင်(NAC+Vitamin C+ …

ပါးစောင်ကင်ဆာ Read More »

ဖြည့်စွက်စာ(Supplements) တွေဆိုတာ?

Source from Kelvin A. Power’s Facebook on November 20, 2019 အရေးတကြီးကွဲကွဲပြားပြားနားလည်ဖို့လိုနေတာက၊ကျွန်တော်တို့်ထုတ်လုပ်တဲ့ဆေးတွေအားလုံးဟာသဘာဝဖြည့်စွက်စာဆေး(Supplement)တွေသာဖြစ်ပါတယ်။အာနိသင်ပြင်းထန်ပြီးဘေးထွက်ဆိုးကျိုးများတဲ့ဓါတုဗေဒဆေးပြင်း(Prescription Drug)တွေမဟုတ်ပါဘူး။(Supplement)နဲ့(Prescription Drug)တွေကိုကွဲကွဲပြားပြားနားလည်တတ်ဖို့တော့အထူးလိုအပ်ပါတယ်။ — သဘာဝဖြည့်စွက်စာေဆေး(Supplement)တွေဆိုတာရောဂါသယ်တွေအတွက်ဆရာဝန်ပေးတဲ့ဓါတုဗေဒဆေးတွေကိုချက်ချင်းဖြတ်ပြစ်ပြီးဓါတုဗေဒဆေးတွေနေရာမှာဖြည့်စွက်စာဆေး(Supplement)တွေနဲ့အစားထိုးဖို့လုံးဝမဟုတ်ပါဘူး။ဆရာဝန်ပေးတဲ့ဆေးတွေကတော့ဓါတုဗေဒဆေးတွေဖြစ်လို့ပိုပြီးလဲပြင်းထန်သလို၊ပိုပြီးလဲထိရောက်စွာရောဂါကိုရေတိုအားဖြင့်ချက်ချင်းဟန့်တားထားနိုင်ပါတယ်။ပိုပြီးထိရောက်ပြင်းထန်သလိုရေရှည်မှာဘေးထွက်ဆိုးကျိုးလဲအလွန်များပြားလှပါတယ်။ — ဓါတုဗေဒဆေးတွေဆိုတာတစ်ဖက်ကရောဂါတစ်ခုကိုသက်သာစေနိုင်သလို၊ရေရှည်မှာတော့အခြားတစ်ဖက်မှာမတူညီတဲ့ရောဂါအသစ်တွေများစွာကိုထပ်ပြီးုဖြစ်ပေါ်စေနိုင်ပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလဲရေရှည်မှာထိခိုက်ပျက်စီးစေနိုင်ပါတယ်။သဘာဝဖြည့်စွက်စာေဆေးတွေကိုသုံးစွဲတယ်ဆိုတာကလဲရေရှည်မှာဓါတုဗေဒဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုကြောက်ကြလို့ပါ။ရောဂါသယ်တွေအတွက်ကတော့ဓါတုဗေဒဆေးတွေကရေရှည်မှာဘေးထွက်ဆိုးကျိုးတွေရှိလို့၊သဘာဝဖြည့်စွက်စာေဆေးတွေနဲ့ကူညီအချိန်ယူပြီးတဖြေးဖြေးချင်းးအစားထိုးယူရတာပါ။ဓါတုဗေဒဆေးတွေကိုချက်ချင်းဖြတ်ပြစ်လို့တော့မရပါဘူး။ —– ကိုယ်ကရောဂါသယ်ဆိုရင်ဆရာဝန်ပေးတဲ့ဆေးတွေကိုဆက်သောက်ရပါမယ်။ဘေးထွက်ဆိုးကျိုးမခံစားရအောင်၊ရေရှည်မှာအချိန်ယူပြီးတော့သဘာဝဆေးတွေဖက်ကိုတဖြေးဖြေးချင်းပြောင်းလဲယူရပါမယ်။ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်တွေကိုလဲစားသောက်တတ်ဖို့ပြောင်းလဲယူရပါမယ်။မပျင်းမရိပဲကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလဲလုပ်ဆောင်ရပါမယ်။Fasting လဲမကြာခဏလုပ်ပေးရပါမယ်။နေထိုင်စားသောက်ပုံ(LifeStyle)ကိုပြောင်းလဲပြစ်ရပါမယ်။ –ငါးကြီးဆီနဲ့(COQ10)ဟာနှလုံးရောဂါသယ်တွေအတွက်ရေရှည်အကျိုးပြုတာာမှန်ပေမဲ့၊နှလုံးသွေးကြောပိတ်လို့အရေးပေါ်ဆေးရုံရောက်လာတဲ့လူတွေကိုငါးကြီးဆီနဲ့(COQ10)သွားပေးရင်အသက်ကယ်နိုင်မှာမဟုတ်ပါဘူး။ခွဲစိတ်ရပါမယ်။အခြားဓါတုဗေဒဆေးပြင်းတွေအရင်ပေးရပါမယ်။နောက်တော့ဆေးရုံကဆင်းလာတော့မှထပ်မဖြစ်အောင်ဖြည့်စွက်စာတွေနဲ့တဖြေးဖြေးချင်းအစားထိုးကုယူရပါမယ်။ —– ရောဂါဖြစ်ပြီးသူ၊ရောဂါသယ်တွေအတွက်ဖြည့်စွက်စာဆေးတွေဆိုတာ၊ဘေးကနေဖြည့်စွက်ပြီးသုံးစွဲပေးရတဲ့သဘောမျိုးလို့နားလည်ထားစေလိုပါတယ်။ရောဂါမဖြစ်သေးတဲ့လူတွေအတွက်ကတော့ရောဂါကာကွယ်ချင်လို့ဖြည့်စွက်စာသုံးစွဲရတာလို့နားလည်ထားစေချင်ပါတယ်။ဖြည့်စွက်စာသုံးစွဲချင်းဖြင့်ဖြင့်ရေရှည်မှာတော့အကျိုးရှိလာပါလိမ့်မယ်။ကိုယ်ကရောဂါသယ်ဆိုရင်တော့ဓါတုဗေဒဆေးတွေအားလုံးကိုချက်ချင်းဖြတ်ပြစ်ပြီးဖြည့်စွက်စာနဲ့အစားထိုးရမှာလုံးဝမဟုတ်ပါဘူး။ — ဆရာဝန်ပေးတဲ့ဓါတုဗေဒဆေးတွေကိုဆက်ကိုသောက်ရပါမယ်။ရေရှည်မှာဓါတုဗေဒပစ္စည်းတွေတဖြေးဖြေးလျှော့ပြီး၊အချိန်တိုး၍ခြားခြားသောက်လာပြီးသဘာဝဆေးဖက်ကိုတဖြည်းဖြည်းအချိန်ယူပြီးတော့ပြောင်းယူရပါလိမ့်မယ်။ဓါတုဗေဒဆေးတွေကရေရှည်မှာဘေးထွက်ဆိုးကျိုးတွေရှိလို့၊တဖြေးဖြေးချင်းဖြည့်စွက်စာသဘာဝဆေးတွေကူပြီးအစားထိုးရတာပါ။ဓါတုဗေဒဆေးတွေချက်ချင်းဖြတ်၍မရပါ။ဖြည့်စွက်စာဆေးတွေဆိုတာဖြည့်စွက်ပေးချင်းဖြစ်ပါတယ်။ချက်ချင်းအစားထိုးပြစ်ရန်မဟုတ်ပါ။ — ဥပမာပေးရရင်၊ထင်းရှုးပင်ကြီးတွေရဲ့အရိပ်နဲ့အေးချမ်းသာယာနေတဲ့ပန်းခြံကြီးတစ်ခုရှိနေပါတယ်။ဒါပေမဲ့ညောင်ပင်တွေဟာထင်းရှုးပင်တွေထက်အဆပေါင်းများစွာအရိပ်ကောင်းသလိုနှစ်ရှည်လဲခံနိုင်ရည်ရှိပါတယ်။ဒီတော့ထင်းရှုးပင်ရိပ်တွေနေရာမှာညောင်ပင်ရိပ်တွေနဲ့အစားထိုးချင်ပါတယ်။ဒီနေရာမှာညောင်ပင်ရိပ်ကထင်းရှုးပင်အရိပ်ထက်ပိုကောင်းတယ်ကွာဆိုပြီးတော့၊ထင်းရှုးပင်တွေကိုချက်ချင်းအကုန်ခုတ်ပြစ်လိုက်ပြီး၊သူ့နေရာမှာညောင်စေ့တွေသွားချစိုက်လိုက်မယ်ဆိုရင်ညောင်ရိပ်ဆိုတဲ့အကျိုးကိုချက်ချင်းမရရှိ၊မခံစားရနိုင်ပါဘူး။အရိပ်အာဝသမဲ့တဲ့ဟင်းလင်းပြင်ကြီးဖြစ်ပြီး၊ပန်းခြံကြီးတခုလုံးသာပျက်စီးသွားပါလိမ့်မယ်။ — တစ်ကယ်အရိပ်ကောင်းတဲ့ပန်းခြံကြီးကိုလိုချင်တယ်ဆိုရင်၊ထင်းရှုးပင်တွေကိုချက်ချင်းမခုတ်ပြစ်ပဲ၊အပင်ကြီးတစ်ပင်နှင့်တစ်ပင်အကြားမှာညောင်စေ့ကလေးတွေချစိုက်ပြီးပေါက်လာတဲ့ညောင်ပင်ပေါက်ကလေးတွေကိုရေလောင်းပေါင်းသင်ပြုစုပေးရပါမယ်။ဒီမှန်ကန်တဲ့နည်းလမ်းကြောင့်ရေရှည်မှာထင်းရှုးပင်တွေအကြားမှာညောင်ပင်တွေရှင်သန်ကြီးထွားလာပါလိမ့်မယ်။ညောင်ပင်တွေကြီးထွားလာသည်နှင့်အမျှ၊ထင်းရှုးပင်တွေကိုတဖြေးဖြေးချင်းခုတ်ယူဖယ်ရှားပြစ်လိုက်မယ်ဆိုရင်ရေရှည်မှာညောင်ရိပ်တွေနဲ့ပြည့်စုံနေပြီးအလွန်အေးချမ်းသာယာတဲ့ပန်းခြံကြီးတစ်ခုကိုအစားထိုးဖန်တီးယူလို့ရနိုင်ပါတယ်။ — နောက်ထပ်ဥပမာတစ်ခုထပ်ပေးရရင်၊အစိုးရဝန်ကြီးဌာနတစ်ခုမှာအရင်အစိုးရတွေလက်ထက်ကကျန်ရှိနေပြီး၊လုပ်ငန်းအတွေ့အကြုံအလွန်ကျွမ်းကျင်သော်လဲအကျင့်ပျက်လဘ်စားတဲ့ဝန်ထမ်းတွေရှိနေကြတယ်ဆိုကြပါစို့။အဲဒီလူတွေကိုအားလုံးချက်ချင်းဖြုတ်ပြစ်လိုက်ပြီး၊လာဘ်မစားသော်လည်းလုပ်ငန်းလုံးဝမကျွမ်းကျင်သေးတဲ့လူတွေနဲ့အစားထိုးလိုက်မယ်ဆိုရင်အဲဒီဝန်ကြီးဌာနတစ်ခုလုံးလုပ်ငန်းဘာမှမလည်ပါတ်နိုင်တော့ပဲချက်ချင်းရပ်ဆိုင်းပျက်စီးသွားပါလိမ့်မယ်။လုပ်ငန်းလဲမရပ်ဆိုင်းစေချင်ဘူး။အကျင့်စာရိတ္တလဲကောင်းမွန်တဲ့ဝန်ထန်းတွေကိုလဲလိုချင်ပါတယ်ဆိုရင်တော့လုပ်ငန်းလဲရပ်ဆိုင်းမသွားရအောင်အကျင့်ပျက်ဝန်ထမ်းတွေလဲတဖြေးဖြေးပပျောက်သွားအောင်တဖြေးဖြေးချင်းအချိန်ယူပြီးတော့အစားထိုးပြုပြင်မှရပါမယ်။ — နောက်ဆုံးဥပမာတစ်ခုပြောရရင်၊တုတ်ကွေးရောဂါဖြစ်လို့ဆိုပြီးတော့တုတ်ကွေးပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေကိုသောက်နေရာကနေမသောက်တော့ပဲဖြတ်ပြစ်လိုက်ပြီးတော့၊ပိုးသတ်ဆေးတွေနေရာမှာ(Vitamin D3)ကိုအစားထိုးသောက်လိုက်တာနဲ့တော့ရောဂါပျောက်သွားမှာမဟုတ်ပါဘူး။တုတ်ကွေးပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေဟာရေရှည်မှာအစာအိမ်နဲ့အူလမ်းကြောင်းကို၊အသဲနဲ့ကျောက်ကပ်ကိုထိခိုက်ပျက်စေးစေမယ်ဆိုတာတော့မှန်ပါတယ်။သို့သော်ဒီအခြေအနေမှာတော့တုတ်ကွေးပိုးသတ်ဆေးနဲ့အကိုက်အခဲပျောက်ဆေးတွေကိုဆက်ပြီးသောက်ကိုသောက်ရပါမယ်။ထိုဆေးတွေနဲ့အတူ(Vitamin D3)ကိုဖြည့်စွက်စာအဖြစ်ဖြည့်စွက်သောက်သုံးပေးချင်းအားဖြင့်၊ခန္ဒာကိုယ်မှာခုခံမှု့အားပိုကောင်းလာပြီး။ရောဂါကိုအမြန်ပျောက်ကင်းအောင်အထောက်အကူပြုရုံတင်မကပဲဆေးပြင်းတွေရဲ့ဘေးထွက်ဆိုးကျိုးကိုလဲလျှော့နည်းသွားစေနိုင်ပါလိမ့်မယ်။ — သွေးထဲမှာ(Vitamin D3)မြင့်တက်လာသည်နှင့်အမျှ၊ရေရှည်အနာဂါတ်ကာလမှာတုတ်ကွေးရောဂါထပ်ဖြစ်ဖို့အခြေအနေအလွန်နည်းသွားပါလိမ့်မယ်။ဆိုလိုတာက(Vitamin D3)အလုပ်လုပ်ပုံဟာတုတ်ကွေးပိုးသတ်ဆေးတွေအလုပ်လုပ်ပုံနဲ့လုံး ဝမတူညီလို့ (one by one)အစားထိုးပြစ်လို့မရနိုင်ပါဘူး။တုတ်ကွေးရောဂါသယ်ဟာပိုးသတ်ဆေးနေရာမှာ(D3)အစားထိုးပြစ်လိုက်ရင်ရောဂါပိုဆိုးလာပါမယ်။ဒါပေမဲ့(D3)ဟာရေရှည်မှာတော့တုတ်ကွေးပိုးသတ်ဆေးထက်အဆပေါင်းများစွာကောင်းကျိုးပေးနိုင်ပါတယ်။(D3)ဟာရေရှည်မှာတုတ်ကွေးရောဂါတမျိူးထဲအတွက်မဟုတ်ပဲတခြားရောဂါတွေအတွက်ပါကာကွယ်ပေးနိုင်တဲ့ကောင်းကျိုးအမျိုးမျိုးပေးနိုင်ပါတယ်။ — ဒီဥပမာတွေအတိုင်းပါပဲ၊ဖြည့်စွက်စာဆေးတွေအားလုံးဟာဒီသဘောကိုပဲဆောင်နေပါတယ်။ဖြည့်စွက်စာဆေးတွေဟာဓါတုဗေဒဆေးတွေကိုအစားထိုးပြစ်ဖို့၊ဓါတုဗေဒဆေးတွေကိုဖြတ်တောက်ပြစ်ဖို့မဟုတ်ဘူးဆိုတာကိုနားလည်ထားစေချင်ပါတယ်။ရေရှည်မှာတော့အချိန်ယူပြီးတဖြေးဖြေးချင်းအစားထိုးဖြတ်တောက်ယူလို့ရနိုင်ပါတယ်။ — ခန္ဓာကိုယ်မှာရောဂါလက္ခဏာတွေကိုတားဆီးပေးထားတဲ့ဓါတုဗေဒဆေးတွေဟာဘေးထွက်ဆိုးကျိုးများတယ်ဆိုပေမဲ့သူတို့တာဝန်သူတို့အလုပ်ကိုကျေပွန်စွာလုပ်နေတာတော့အမှန်ပါပဲ။အကျင့်ပျက်ဝန်ထမ်းဆိုပေမဲ့လုပ်ငန်းကျွမ်းကျင်လို့လုပ်ငန်းတာဝန်ကျေပွန်စွာနဲ့လုပ်ငန်းလည်ပါတ်နေနိုင်ပါသေးတယ်။ထင်းရှုးပင်အရိပ်တွေဆိုတော့ညောင်ပင်ရိပ်လောက်မကောင်းတာမှန်ပေမဲ့၊အရိပ်လိုလို့ခိုနားနေသူတွေအတွက်အကျိုးပြုနိုင်ပါသေးတယ်။ချက်ချင်းခုတ်လဲှပြစ်လို့မရနိုင်ပါ။ဒီလိုပါပဲဓါတုဗေဒဆေးတွေဟာရေရှည်မှာဘေးထွက်ဆိုးကျိုးပေးမှာမှန်သော်လဲသူတို့ကိုချက်ချင်းဖြတ်ပြစ်လိုက်ရင်ရောဂါပိုဆိုးလာပါလိမ့်မယ်။သဘာဝဆေးတွေဆိုတာအကြောင်းတရားကိုပြုပြင်ရတာဖြစ်လို့ညောင်ရိပ်လိုချင်ရင်ညောင်စေ့ကိုစတင်ပြီးအစိချစိုက်ပျိုးရမှာဖြစ်လို့ချက်ချင်းတော့အကျိုးမရရှိနိုင်ပါဘူး။အကျင့်စာရိတ္တကောင်းမွန်ပြီ်းလုပ်ငန်းလဲကျွမ်းကျင်တဲ့ဝန်ထမ်းကောင်းတွေကိုမှလိုချင်ရင်တော့ရေရှည်အချိန်ယူပြီးအစားထိုးပြုပြင်ရပါတယ်။ချက်ချင်းမရနိုင်ပါဘူး။ — မြန်မာတွေအတွက်ဓါတုဗေဒဆေးနဲ့ဖြည့်စွက်စာဆေးအလုပ်လုပ်ပုံချင်းမတူညီဘူးဆိုတာသေချာနားလည်ဖို့လိုအပ်နေပါတယ်။ဓါတုဗေဒဆေးတွေဆိုတာရောဂါလက္ခဏာအကျိူးတရားကိုချက်ချင်းပြုပြင်ပြစ်တာပါ။ဖြည့်စွက်စာဆိုတာအကျိုးတရားကိုမပြုပြင်ပဲ၊အကြောင်းတရားကိုပြုပြင်ပေးတာဖြစ်လို့ချက်ချင်းမထိရောက်နိုင်ပါ။ရေရှည်အချိန်ပေးဖို့လိုအပ်ပါတယ်။ရေတိုမှာတော့ချက်ချင်းရောဂါလက္ခဏာမပျောက်ပေမဲ့ရေရှည်မှာတော့အလွန်အကျိုးကျေးဇူးများပါတယ်။ — အထူးပြောချင်တာတစ်ခုက၊လောကမှာမမြတ်ချင်နေပါစေ၊မရှုံးဖို့ပိုပြီးအရေးကြီးပါတယ်။၊ဘာရောဂါပဲဖြစ်ဖြစ်၊ရောဂါဆိုတာကမဖြစ်ခင်ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ။ကာကွယ်ထားတယ်ဆိုတာကကိုယ်ကနိုင်ထားတာပါ။ဖြစ်ပြီးတော့မှကုသမယ်ဆိုရင်တော့၊ကုသလို့ရောဂါပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ၊ကိုယ်ကနစ်နာပြီးသားဖြစ်နေလို့အရှုံးကတော့အရှုံးပါပဲ။သရေမကျနိုင်သလို၊ဘယ်တော့မှလဲအနိူင်မရနိုင်ပါဘူး။ — တချို့ကကြိုတင်မကာကွယ်ထားပဲ၊အရေးပေါ်ခန်းရောက်တော့မှ၊သွေးတွေလွန်နေတော့မှ၊သေရေးရှင်ရေးခွဲခန်းထဲမှာအသက်လုနေရတော့မှ၊ဆရာရေ၊ဆရာ့ကိုအားကိုးပါတယ်၊ဘာဖြည့်စွက်စာဆေးတွေသောက်ရမလဲဆိုပြီးတော့လူကြုံနဲ့လာမေးခိုင်းရင်တော့ကျွန်တော်မပြောပါနဲ့သိကြားမင်းတောင်ဆင်းပြီးမကယ်နိုင်တော့ပါဘူး။အရေးပေါ်ရောက်နေပြီဆိုရင်တော့ဘာဖြည့်စွက်စာမှမသောက်ပဲ၊အရေးပေါ်ဌာနကလူတွေလမ်းညွန်တဲ့အတိုင်းပဲတိတိကျကျလိုက်နာဆောင်ရွက်တော့မှသာလျှင်အသက်ရှင်ဖို့အခွင့်အလန်းရရှိနိုင်ပါမယ်။ — သဘာဝနည်းနဲ့ဖြည့်စွက်စာတွေနဲ့ကုတယ်ဆိုတာ၊ဘေးထွက်ဆိုးကျိုးမရှိပဲရေရည်အကျိုးရှိမှာတော့မှန်ပါတယ်။ဒါပေမဲ့အရေးပေါ်ကုသနည်းမဟုတ်သလို၊ဓါတုဗေဒဆေးပြင်းတွေကိုချက်ချင်းဖြတ်လိုက်ပြီး၊ဖြည့်စွက်စာဆေးတွေနဲ့ချက်ချင်းအစားထိုးလို့လဲမရနိုင်ပါ။ကြီုတင်စီစဉ်ထားပြီးအချိန်ယူရပါလိမ့်မယ်။စိတ်ရှည်ရပါမယ်။ဇွဲသန်ရပါမယ်။တဖြေးဖြေးချင်းအစားထိုးကုသရပါလိမ့်မယ်။ …

ဖြည့်စွက်စာ(Supplements) တွေဆိုတာ? Read More »

Gamma-Glutamyl Transferase (GGT)၊ရုတ်တရက်အရမ်းမြင့်တက်လာတယ်။

Source from Kelvin A. Power’s Facebook on November 11, 2019 Gamma-Glutamyl Transferase (GGT)၊ရုတ်တရက်အရမ်းမြင့်တက်လာတယ်။ ရောဂါသိသွားရင်တော့ကုရတာလွယ်ပါတယ်။စိုးရိမ်စရာမရှိပါဘူး။ အရင်တုံးကကို Min Tha ကသွေးစစ်ထားတာတွေလာပြပြီး(GGT)မြင့်နေလို့လာမေးထားပါတယ်။ပထမတစ်ခေါက်ကညာဘက်ရင်ညွန့်အောက်နားကထောက်နေသလိုဖြစ်ပြီးနာကျင်တဲ့အကြောင်းကိုပြည့်ပြည့်စုံစုံပြောမပြတော့(GGT)တွေမြင့်တက်နေတာကိုကြည့်ပြီး(Liver)ပျက်စီးနိုင်တယ်လို့ကျွန်တော်ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့နောက်တော့အသစ်ထပ်ပြီးသိရတာရှိလာပါတယ်။ — ရက်တော်တော်ကြာတော့မှသူကဘာထပ်ပြောလဲဆိုတော့— (fastingကိုလည်းတစ်ပတ်၃ကြိမ်လုပ်ဖြစ်ပါတယ်ခင်ဗျာ…အဲ့လိုပြုလုပ်ပြီးရက်၂၀လောက်အကြာမှာညာဘက်ရင်ညွန့်အောက်နားကထောက်နေသလိုဖြစ်ပြီးချွေးစေးများပြန်လာပါတယ်…ခြေဖျားလက်ဖျားတွေလည်းအေးစက်လာပါတယ်…အဲ့လက္ခဏာတွေကဆရာ့ဆေးမသောက်မှီကလည်းမကြာခဏဆိုသလိုဖြစ်နေတာပါ…ခုတော့ဆေးစသောက်ပြီးရက်၂၀အကြာမှပြန်ဖြစ်တာ၃ရက်ဆက်တိုက်လောက်ရှိနေပါပြီ…ဖြစ်ချိန်များကလည်းအချိန်မတော်ညဘက်အိပ်နေချိန်များဖြစ်ပါတယ်…အဲ့လိုချိန်ဆိုအရမ်းခံရခက်ပါတယ်…ဘာအတွက်ကြောင့်များအဲ့လိုဖြစ်ရလည်းဆိုတာသိချင်လို့ပါခင်ဗျာ။ —– သူအရင်ကတည်းကမကြာခဏညာဘက်ရင်ညွန့်အောက်နားကထောက်နေသလိုဖြစ်ပြီးမကြာခဏနာကျင်တဲ့အကြောင်းအခုမှပြည့်ပြည့်စုံစုံသိရတော့ကျွန်တော်တစ်မျိုးပြန်ပြင်ပြီးပြောချင်တယ်။(Liver)ပျက်စီးနေတာမဟုတ်နိုင်ပါဘူး။ပြည့်ပြည့်စုံစုံသိလာရတော့တမျိုးပြောင်းပြောပါရစေ။သတင်းကောင်းပါ။ (Liver)ကောင်းနေနိုင်ပါတယ်။ — အခုဘာဖြစ်လဲဆိုတာသေသေချာချာပြောပြပါမယ်။(liver)ရဲ့အောက်နားလေးမှာ(Gallbladder)ဆိုတဲ့သည်းခြေအိတ်ကလေးတစ်ခုရှိပါတယ်။အဲဒီသည်းခြေအိတ်ထဲမှာ၊သည်းခြေရေ(bile)တွေကိုသိုလောင်ထားပေးပါတယ်။(Gallbladder)ဆိုတဲ့သည်းခြေအိတ်ကအဆီများများစားရင်သည်းခြေရေ(bile)တွေကိုအူလမ်းကြောင်းတွေထဲကိုညှစ်ထုတ်ပေးပြီးအဆီတွေကိုအစာချေဖျက်ဖို့ကူညီပေးရပါတယ်။ — အဆီများများမစားတာကြာရင်၊သို့မဟုတ်အဆီကိုရှောင်ပြီးစားဖန်များလာရင်၊သည်းခြေအိတ်ထဲမှာရှိနေတဲ့သည်းခြေရေတွေကအူလမ်းကြောင်းထဲကိုထွက်မလာတော့ပါဘူး။သည်းခြေရည်တွေဟာထွက်မလာတာများလာရင်၊အနည်ထိုင်ပြီးတော့ခဲသွားတတ်ပါတယ်။ခဲသွားတဲ့သည်းခြေရည်အခဲတွေဟာကျောက်တုံးကလေးတွေလိုမာတဲ့အခဲကလေးတွေဖြစ်သွားတတ်ပါတယ်။ — အဆီကိုပုံမှန်စားနေတဲ့လူတစ်ယောက်မှာသည်းခြေအိတ်ကသည်းခြေရည်အဟောင်းတွေကိုပုံမှန်ညှစ်ထုတ်လိုက်၊အသဲကနေအသစ်ထပ်ဝင်လာတဲ့သည်းခြေရည်အသစ်တွေကိုပြန်ပြီးသိုလှောင်ပေးထားလိုက်အမြဲလုပ်နေတော့။သည်းခြေရည်တွေကဟောင်းမသွားပဲအသစ်အသစ်ဖြစ်နေပြီးဘယ်တော့မှအနည်ထိုင်ပြီးခဲမသွားပါဘူး။ — ဆီကိုမကျန်းမာဘူးဆိုတာသိလို့လျှော့စားလိုက်ရင်၊သည်းခြေအိတ်ကသည်းခြေရည်အဟောင်းတွေကိုညစ်မထုတ်ပေးပဲသိုလှောင်ထားလိုက်တော့၊သည်းခြေရည်အဟောင်းတွေဟာအချိန်ကြာတော့အနည်ထိုင်ပြီးအခဲကလေးတွေဖြစ်သွားပါတော့တယ်။အဲဒီလိုခဲလာပြီဆိုရင်ပြဿနာစတက်တော့တာပါပဲ။ — ဒီလိုနဲ့သည်းခြေအိတ်ထဲမှာသည်းခြေရည်ခဲသွားလို့ဖြစ်လာတဲ့ကျောက်ခဲတုံးကလေးတွေဖြစ်ပေါ်လာပါတော့တယ်။နောက်ပိုင်းအစာစားလို့အဆီတွေပါလာရင်သည်းခြေအိတ်က၊သည်းခြေရည်တွေကိုပုံမှန်အတိုင်းညှစ်ထုတ်ပေးပါတယ်။ညှစ်ထုတ်ပေးလိုက်တော့သည်းခြေရည်တွေနဲ့အတူ၊ခဲနေတဲ့ကျောက်တုံးကလေးတွေလဲထွက်လာပါတော့တယ်။ထွက်လာတဲ့ကျောက်တုံးကလေးတွေဟာ(bile duct)လို့ခေါ်တဲ့သည်းခြေရည်ထုတ်ပေးတဲ့ပြွန်မှာလာပိတ်ပါလေရော။သည်းခြေပြွန်ပိတ်တော့အသဲကအူလမ်းကြောင်းထဲကိုသည်းခြေရည်တွေပြည့်ပြည့်ဝဝမထုတ်လွတ်နိုင်တော့ဘူး။ — သည်းခြေရည်ခဲနေတဲ့ကျောက်တုံးလေးတွေသည်းခြေပြွန်အတွင်းမှာပိတ်မိနေပြီးသူတို့နဲ့ထိခိုက်ပွတ်တိုက်မိလို့ပြွန်အတွင်းနံရံတွေပွန်းပဲ့သွားလို့သည်းခြေပြွန်အတွင်းမှာအနာဒဏ်ရာဖြစ်ပြီးရောင်လာပါတော့တယ်။ရောင်တော့လမ်းကြောင်းပိုကျဉ်းလာ၊ပိုပိတ်လာပါတော့တယ်။သည်းခြေပြွန်ထိခိုက်မိတယ်။ဒဏ်ရာအနာတရဖြစ်တယ်။ရောင်လာတယ်ဆိုရင်(GGT)တွေရုတ်တရက်မြင့်တက်လာသလိုအသဲကသည်းခြေရည်ထုတ်လွတ်တဲ့လမ်းကြောင်းရုတ်တရက်ပိတ်နေရင်လဲ၊အသည်းကအညစ်အကြေးအဆိပ်အတောက်တွေကောင်းကောင်းမစွန့်ထုတ်နိုင်တော့လို့အသဲကြောင့်လဲ(GGT)တွေရုတ်တရက်မြင့်တက်လာတတ်ပါတယ်။ — (GGT)တွေအများကြီးရုတ်တရက်တက်လာပြီး။မကြာခဏညာဘက်ရင်ညွန့်အောက်နားကထောက်နေသလိုဖြစ်ပြီးမကြာခဏနာကျင်နေတယ်ဆိုရင်တော့သည်းခြေပြွန်ပိတ်တယ်ဆိုတာ(၉၅%)လောက်သေချာပါတယ်။အသဲပျက်စီးဖို့ရာခိုင်နုန်းကတော့(၅%)လောက်ပဲရှိပါတယ်။အသဲပျက်စီးလို့(GGT)တက်တာမဟုတ်ပါဘူး။အစိုးရိမ်မလွန်ပါနဲ့။သည်းခြေပြွန်ပိတ်တာဟာအနေရအထိုင်ရခက်တယ်နာကျင်တတ်တယ်ဆိုပေမဲ့အသက်အန္တရာယ်တော့ရုတ်တရက်ကြီးမဖြစ်နိုင်ပါဘူး။အသဲကရုတ်တရက်ကြီးပျက်စီးသွားတယ်ဆိုရင်တော့အန္တရာယ်ရှိပါတယ်။ — ဒီထက်ပိုပြီးသေချာအောင်လို့ကို Min Tha ကိုသွေးထဲမှာရှိနေတဲ့(ALT) (AST) (ALP)တွေကိုပါထပ်တိုင်းကြည့်စေချင်ပါတယ်။တစ်ကယ်လို့(GGT)တွေလဲတက်တယ်။(ALT) (AST) (ALP)တွေလဲလိုက်တက်နေတယ်ဆိုရင်တော့အသဲပျက်စီးနိုင်လို့စိုးရိမ်ရပါတယ်။ — တစ်ကယ်လို့(GGT)တစ်ခုတည်းတက်နေပြီး။(ALT) (AST) (ALP)တွေလိုက်မတက်ဘူးဆိုရင်တော့သည်းခြေရည်ထုတ်တဲ့ပြွန်ကလေးထဲမှာသည်းခြေကျောက်ခဲတွေပိတ်နေပြီဆိုတာကိုတိတိကျကျပြောနိုင်ပါတယ်။မကြာခဏညာဘက်ရင်ညွန့်အောက်နားကထောက်နေသလိုဖြစ်ပြီးမကြာခဏနာကျင်နေတယ်။မတ်တပ်ရပ်နေတဲ့အချိန်၊ထိုင်နေတဲ့အချိန်တွေမှာသိပ်မဖြစ်ပဲလှဲအိပ်နေတဲ့အချိန်မှာပိုပြီးဖြစ်တတ်တယ်ဆိုရင်တော့၊(GGT)တွေတက်နေတာဟာအသဲရောဂါမဟုတ်တော့ပဲ။သည်းခြေပြွန်မှာသည်းခြေကျောက်တုံးကလေးတွေပိတ်နေတာအလွန်သေချာပါတယ်။ — အသဲပျက်စီးနေပြီဆိုရင်တော့အလွန်အန္တရာယ်ကြီးပါတယ်။သည်းခြေပြွန်မှာကျောက်တုံးပိတ်တာကရေရှည်တော့မကောင်းပေမဲ့လောလောလတ်လတ်တော့အသက်အန္တရာယ်မဖြစ်နိုင်သေးပါဘူး။အသဲပျက်စီးတာလောက်ကြောက်စရာမကောင်းပါဘူး။မစိုးရိမ်ပါနဲ့စိတ်အေးအေးထားပါ။ …

Gamma-Glutamyl Transferase (GGT)၊ရုတ်တရက်အရမ်းမြင့်တက်လာတယ်။ Read More »

(Oxidative Stress)ကြောင့်(Oxidative Damaged)တွေဖြစ်ပြီး(Inflammation)တွေဖြစ်ပါတယ်။

Source from Kelvin A. Power’s Facebook on November 6, 2019 (Oxidative Stress) ဒီကနေ့ခောတ်လူအများစုမှာအသဲ၊နှလုံး၊သွေးတိုး၊ဆီးချို၊ကျောက်ကပ်၊အော်တိုအင်မြူး၊ကင်ဆာအစရှိသည့်ရောဂါအမျိုးမျိုးတွေခံစားနေကြရပါတယ်။လောကမှာအသက်လောက်အရေးကြီးတာဘာမှမရှိသလို၊အဆိုပါရောဂါအားလုံးဟာလဲအသက်ကိုပါဆုံးရှုံးစေနိုင်တဲ့ရောဂါဆိုးတွေဖြစ်နေလို့လူတိုင်းလူတိုင်းမှာဒီလိုရောဂါတွေမဖြစ်လာအောင်(သို့မဟုတ်)ဖြစ်နေပြီဆိုရင်လဲသက်သာပျောက်ကင်းနိုင်ဖို့ကဘယ်လောက်အရေးကြီးနေတယ်ဆိုတာကိုတော့အထူးပြောနေစရာလိုမယ်မထင်ပါဘူး။ — ဒီရောဂါဆိုးတွေဟာဒီခောတ်ဆေးပညာနဲ့ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေကုသပေးလို့ပျောက်ကင်းနိုင်တဲ့ရောဂါတွေမဟုတ်ပါဘူး။ဆရာဝန်ကြီးတွေကိုယ်တိုင်တောင်ဒီရောဂါဆိုးတွေရဲ့နှိပ်စက်မှု့ဒဏ်ကိုခံစားနေရပြီးနေ့စဉ်အသက်ဆုံးရှုံးနေရရှာတာပါ။ဒီရောဂါတွေကိုမဖြစ်အောင်ကာကွယ်နိုင်ဖို့၊ဖြစ်လာရင်လဲပျောက်ကင်းအောင်ကုသနိုင်ဖို့ဆိုတာမိမိရဲ့အသိဉာဏ်ပညာနဲ့ကျန်းမာရေးဗဟုသုတအပေါ်မှာပဲမူတည်နေပါတယ်ဆိုတာနားလည်ဖို့အထူးလိုအပ်နေပါပြီ။ — လောကမှာအသက်ကိုဉာဏ်စောင့်ပါတယ်။အသက်ကိုဆရာဝန်တွေ၊ဆေးရုံ၊ဆေးခန်းတွေစောင့်နေတာမဟုတ်ပါဘူး။ကျန်းမာရေးနဲ့ပါတ်သက်လို့ဉာဏ်ပညာဗဟုသုတရှိရင်အသက်ရှည်ပြီးရောဂါကင်းနိုင်သလိုဉာဏ်ပညာဗဟုသုတမဲ့ပြီးစာဖတ်ပျင်းတဲ့လူတွေအတွက်ကတော့သေမင်းနဲ့အနီးဆုံးနေရာမှာရှိနေပြီးရောဂါဆိုးဝေဒနာဆိုးတွေရဲ့သားကောင်တွေလိုပါပဲ။အဓိကပြောချင်တာကကျန်းမာရေးနဲ့ပါတ်သက်လို့စာများများဖတ်မှတ်လေ့လာဖို့၊စာဖတ်မပျင်းဖို့တော့လိုအပ်ပါတယ်။ — လောကမှာအသိတစ်လုံးအမြတ်ဆုံးပါ။စောစောသိလေပိုပြီးအကျိုးကျေးဇူးရရှိလေပါပဲ။ဒီလိုဆိုတော့စာဖတ်မပျင်းတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့အလွန်အရေးကြီးလှတဲ့သက်စောင့်အသိပညာဗဟုသုတတွေကိုဆက်ပြီးရေးပေးပါရစေ။ — ကျွန်တော်ပြီးခဲ့တဲ့လကသုေတသနတွေနဲ့အလုပ်ရှုပ်နေတာပို့စ်တွေတောင်သိပ်မတင်ဖြစ်ပါဘူး။သုသေသနစာတန်းတွေကိုထောင်နဲ့ချီပြီးသေချာအသေးစိတ်လေ့လာကြည့်လိုက်တော့အထက်ကပြောခဲ့တဲ့အသက်ဆုံးရှုံးစေနိုင်တဲ့ရောဂါအားလုံးရဲ့တရားခံလက်သည်စစ်စစ်ကိုကျွန်တော်သေချာရှာဖွေတွေ့သွားပါပြီ။ခင်ဗျားတို့အားလုံးလဲသိချင်ကြမှာဆိုတော့ဒီအသိထူးလေးတစ်ခုကိုပြန်ပြီးမျှဝေပေးပါရစေ။ — တစ်ကယ်တော့အသက်ဆုံးရှုံးစေနိုင်တဲ့အထက်ပါနာတာရှည်ရောဂါအားလုံးဟာ၊ရောဂါလက္ခဏာတွေနဲ့၊ရောဂါအမည်နာမတွေသာကွဲပြားခြားနားသွားကြတာပါ၊ရောဂါအားလုံးကိုဖြစ်ပေါ်စေရတဲ့အခြေခံအကြောင်းတရားကတော့အတူတူပါပဲ။အဓိကတရားခံလက်သည်ကတော့တစ်ယောက်တည်းပါပဲ။ထူးခြားတဲ့သုတေသနစာတန်းတွေအထောက်အထားတွေအရဆိုရင်ရောဂါအားလုံးကိုဖြစ်ပေါ်စေတဲ့အဓိကတရားခံလက်သည်ကတော့(Oxidative Stress)ပါပဲ။ (Oxidative Stress)နဲ့မပါတ်သက်ပဲ၊ကင်းရှင်းပြီးဖြစ်တဲ့နာတာရှည်ရောဂါဆိုတာလောကမှာမရှိပါဘူး။ —- (Oxidative Stress)ကြောင့်(Oxidative Damaged)တွေဖြစ်ပြီး(Inflammation)တွေဖြစ်ပါတယ်။(Oxidative Stress)ကြောင့်ဆဲလ်တွေထဲမှာမျိုးရိုးဗီဇ(DNA)တွေပျက်စီးသွားပါတယ်။(Oxidative Damaged)ကြောင့်ဆဲလ်တွေရဲ့(Genetic Code)တွေမှာ(RNA Expression)တွေလွဲမှားကုန်ပါတယ်။(Oxidative Stress)ကြောင့်(ROS)လို့ခေါ်တဲ့(Reactive Oxygen Species)တွေ(Free Radicals)တွေဖြစ်ပေါ်လာရပါတယ်။(ROS)လို့ခေါ်တဲ့(Free Radicals)တွေရဲ့ဒုက္ခပေးပုံကအနုမြူကနေထွက်လာတဲ့ရေဒီယိုသတ္တိကြွပစ္စည်းတွေလိုပါပဲ၊ဆဲလ်တွေကိုအပြင်ပိုင်းတင်မကပါဘူး၊အတွင်းပိုင်း(DNA)မျိုးရိုးဗီဇအထိကိုတောင်ထိခိုက်ပျက်စီးစေပါတယ်။ — (ROS)လို့ခေါ်တဲ့(Free Radicals)တွေဆိုတာအီလက်ထရွန်(electron) ငတ်နေတဲ့ဓါတ်တစ်မျိုးဖြစ်နေတော့၊ခန္ဓာကိုယ်ထဲမှာကောင်းမွန်စွာအလုပ်လုပ်နေတဲ့ဆဲလ်တွေဆီကနေအီလက်ထရွန်(e)တွေကိုလုယက်ယူလိုက်ပြီးဆဲလ်တွေရဲ့မျိုးရိုးဗီဇ(DNA)ထဲအထိကိုပျက်စီးစေနိုင်ပါတယ်။ရှင်းရှင်းပြောရရင်အနုမြူကထွက်လာတဲ့ရေဒီယိုသတ္တိကြွပစ္စည်းတွေလိုပါပဲ။ — အနုမြူကလာတဲ့ရေဒီယိုသတ္တိကြွပစ္စည်းနဲ့ဆင်တူတဲ့(Free Radical)ခေါ်တဲ့(ROS)တွေဟာ၊ခန္ဓာကိုယ်ထဲမှာကောင်းမွန်စွာအလုပ်လုပ်နေတဲ့ဆဲလ်တွေဆီကနေအီလက်ထရွန်(e)တွေကိုလုယူပြစ်လိုက်တော့၊အလုယူခံလိုက်ရတဲ့ဆဲလ်တွေဟာရေဒီယိုသတ္တိကြွပစ္စည်းတွေလိုဖြစ်သွားပြီးတည်ငြိမ်မှု့မရှိတော့ပဲ၊ပါတ်ဝန်းကျင်မှာရှိနေတဲ့တစ်ခြားဆဲလ်တွေကိုပါလိုက်ပြီးဒုက္ခပေးတော့တာပါပဲ။သူကိုယ်တိုင်ဖျက်စီးခံလိုက်ရသလိုသူများကိုလဲပြန်ပြီးလိုက်လံဖျက်ဆီးတော့တာပါပဲ။ — သူ့ဆီကအီလက်ထရွန်(e)ကို(ROS)ခေါ်တဲ့(Free Radical)သူခိုးဓါးပြတွေကလုယူသွားတော့၊သူကလဲသူ့ထက်အားနည်းတဲ့တစ်ခြားဆဲလ်တွေဆီကနေအီလက်ထရွန်(e)တွေကိုပြန်ပြီးလုယူရပါတော့တယ်။အဲဒီတော့ဆဲလ်တွေတခုနဲ့တစ်ခုကြားမှာအချင်းချင်းအီလက်ထရွန်တွေလုယက်မှု့တွေဖြစ်ပေါ်လာကြပြီးတော့၊မတည်ငြိမ်နေနိုင်တော့ပဲအားလုံးဖေါက်ပြန်ပျက်စီးကုန်ကြရတော့တာပါပဲ။ — လူတိုင်းနားလည်လွယ်အောင်ဥပမာပေးရရင်၊နေ့ခလေးထိန်းကျောင်းတခုမှာခလေးဆိုးတွေအယောက်(၅၀)လောက်ရှိနေကြတယ်ဆိုကြပါစို့။ဒီခလးဆိုးတွေကိုသူတို့သိပ်စိတ်ဝင်စားတဲ့အရုပ်ကလေးတွေတစ်ယောက်တစ်ခုစီညီညီမျှမျှခွဲဝေပေးထားပြီးကစားခိုင်းထားမယ်ဆိုရင်ကလေးတွေဟာအေးအေးဆေးဆေး၊ငြိမ်ငြိမ်သက်သက်လေး၊အရုပ်ကိုယ်စီနဲ့ကစားနေကြမှာပါ။ — ဒါပေမဲ့အဲဒီအချိန်မှာသူခိုး၊ခါးပိုက်နိုက်တစ်ယောက်ကကျောင်းဝင်းထဲကိုတိတ်တဆိပ်လေးဝင်ရောက်လာပြီး၊ကလေး(၅)ယောက်လောက်ဆီကအရုပ်(၅)ခုလောက်ကိုခိုးယူပြီးထွက်ပြေးသွားမယ်ဆိုရင်၊အဲဒီကျောင်းကခလေးတွေမှာဘာပြဿနာတွေဖြစ်လာနိုင်မယ်လို့ခင်ဗျားတို့ထင်မြင်ပါသလဲ? — အရုပ်အခိုးခံလိုက်ရတဲ့ကလေး(၅)ယောက်ကတခြားကလေးတွေအရုပ်ကိုယ်စီနဲ့ဆော့ကစားနေတာကိုဝမ်းပမ်းတသာနဲ့မုဒိတာပွားပြီးထိုင်ကြည့်ပေးနေမယ်လို့ခင်ဗျားတို့ထင်မြင်ပါသလား?။တစ်ကယ်တော့အဲဒီပြဿနာဟာအရုပ်ခိုးခံလိုက်ရတဲ့ကလေး(၅)ယောက်ဆီမှာကွက်ဖြစ်ပြီး၊ကျန်တဲ့အရုပ်ကိုယ်စီရှိနေတဲ့ခလေးတွေနဲ့ဘာမှမဆိုင်ပဲနဲ့ပြီးသွားမယ့်ပြဿနာတခုလုံးဝမဟုတ်ပါဘူး။ …

(Oxidative Stress)ကြောင့်(Oxidative Damaged)တွေဖြစ်ပြီး(Inflammation)တွေဖြစ်ပါတယ်။ Read More »

BioPerine အကျိုးကျေးဇူးများ

Source from Kelvin A. Power’s Facebook on November 4, 2019 လောကမှာ၊မသိရင်သိပ်ခက်တဲ့အရာတွေဟာသိသွားရင်လွယ်လွယ်လေးတွေပါပဲ။ကမ္ဘာပေါ်မှာအမျိုးသမီးတွေအများစုကသားအိမ်ကင်ဆာ၊မျိုးဥအိမ်ကင်ဆာ၊ရင်သားကင်ဆာတွေဖြစ်ပြီးပက်ပက်စက်စက်သေနေကြပါတယ်။ဘယ်ဆေးပညာနဲ့မှကုသလို့မရပါဘူး။ခွဲစိတ်မယ်၊ဓါတ်ကင်မယ်။ကီမိုသွင်းမယ်။ဘာတစ်ခုမှမပျောက်ပါဘူး။ပိုက်ဆံကုန်၊လူလဲသေလုမြောပါးဝေဒနာတွေခံစားရပြီး၊ရှိတာလေးတွေကုန်ဆုံးသွားပြီးနောက်ဆုံးတော့အသက်ဆုံးရှုံးသွားရတဲ့ကိုယ့်ပါတ်ဝန်းကျင်ကသနားစရာကံဆိုးသူတွေကိုမြင်နေကြားနေကြရမှာပါ။ — ကျွန်တော်ရေးတဲ့ဒီပို့စ်လေးကိုမတော်တဆလေးဖတ်မိသွားတဲ့လူဆိုရင်တော့အဲဒီကံဆိုးပြီးကင်ဆာဆိုတဲ့အသေဆိုးနဲ့မသေနိုင်တော့ပါဘူး။(Bioperine)နဲ့တွေ့ရင်တော့အဲဒီကင်ဆာတွေကြက်ပျောက်ငှက်ပျောက်ကိုပျောက်သွားကြလို့ဒီခောတ်ကင်ဆာကုထုံးတွေကိုတောင်လမ်းဘေးမြောင်းထဲလွင့်ပြစ်ရမလိုကိုဖြစ်သွားကြပါပြီ။ကျွန်တော်ပြောပြတော့မှလူတွေအမှန်သိသွားပြီးမသေသင့်တဲ့အသက်တွေအတွက်အကျိုးရှိမှာဖြစ်လို့ပြောပြရပါတော့မယ်။ဆေးရောင်းချင်လို့ဆေးကြော်ငြာနေတာမဟုတ်ပါဘူး။အပြောမဟုတ်ပါဘူး။ဒီမှာလက်တွေ့သုသေသနခိုင်ခိုင်မာမာရှိပါတယ်။ —– References https://www.ncbi.nlm.nih.gov/pmc/articles/PMC6435525/ Piperine functions as a tumor suppressor for human ovarian tumor growth via activation of JNK/p38 MAPK-mediated intrinsic apoptotic pathway. — Ovarian cancer remains the most lethal gynecologic malignancies among women [1]. Due to lack of early typical symptoms and …

BioPerine အကျိုးကျေးဇူးများ Read More »

ဆီးချိုရှိတဲ့သူတွေအတွက်ဖြစ်စေ၊သွေးကြောထဲမှာသွေးတွေပြစ်ခဲနေလို့လေဖြတ်နိုင်ချေရှိနေတဲ့သူတွေအတွက်

Source from Kelvin A. Power’s Facebook on November 3, 2019 Diabetic Peripheral Neuropathy (DPN ) ဆီးချိုရှိတဲ့သူတွေအတွက်ဖြစ်စေ၊သွေးကြောထဲမှာသွေးတွေပြစ်ခဲနေလို့လေဖြတ်နိုင်ချေရှိနေတဲ့သူတွေအတွက်ဖြစ်စေအလွန်အရေးကြီးတဲ့ဓါတ်ပေါင်းနှစ်မျိုးကိုသုသေသနပြုပြီးတွေ့ရှိထားပါတယ်။ — ဆီးချိုသမားတွေမှာခြေလက်တွေကအာရုံကြောတွေထိခိုက်ပျက်စီးသွားပြီး၊ထုံကျင်၊နာကျင်၊ကိုက်ခဲနေတဲ့ဝေဒနာအမျိုးမျိုးကိုခံစားနေရတာကို(Diabetic Peripheral Neuropathy, DPN )လို့ခေါ်ပါတယ်။ဒီလိုဝေဒနာမျိုးမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်ပေးနိုင်မလဲ။ဘယ်လိုကုသပေးနိုင်မလဲ။ — တချို့ဆီးချိုမရှိတဲ့လူတွေမှာလဲကိုယ်လက်အင်္ဂါအစိတ်အပိုင်းတခုခုမှာထုံကျင်နေတာတို့၊ကြာရင်ဦးနှောက်နှင့်အာရုံကြောတွေထိခိုက်ပျက်စီးသွားပြီးရုတ်တရက်လေဖြတ်တာတို့၊ကိုယ်တပိုင်းသေသွားတာတို့၊ခြေလက်အင်္ဂါတွေအလုပ်မလုပ်နိုင်ပဲအပြီးတိုင်သေသွားတာတို့၊မသေရင်တောင်လေဖြတ်ပြီးတပိုင်းသေအိပ်ရာထဲလဲပြီး၊ဒုက္ခိတဘဝကိုတသက်လုံးရောက်သွားရတာတို့တွေဖြစ်နေတာတွေ့ရတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်မိပါတယ်။အဲဒီအဖြစ်ဆိုးမျိုးမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်ကုသပေးနိုင်မလဲ။ — အမေရိကန်အစိုးရကအရေးကြီးတဲ့သုသေသနတွေအတွက်ဒေါ်လာသန်းပေါင်းထောင်နဲ့ချီပြီးသုံးစွဲနေတာဟာအလကားမဟုတ်ပါဘူး။ကျွန်တော်တို့တွေလဲဒီသုသေသနတွေကိုအခြေပြုပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးဆီးချိုဝေဒနာသည်တွေ၊လေဖြတ်နိုင်တဲ့ဝေဒနာသည်တွေကိုကူညီစောင့်ရှောက်ဖို့လိုအပ်လှပါတယ်။ကျွန်တော်တို့တွေလဲဒီလိုခိုင်မာတဲ့သုသေသနတွေကိုအခြေပြုပြီးတော့ကိုယ့်လူမျိုးတွေအတွက်အကျိုးအမြတ်ရှိအောင်အသုံးချကြပါစို့။ — ခိုင်မာတဲ့သုသေသနတခု(https://www.ncbi.nlm.nih.gov/pmc/articles/PMC5009142/)ကဘာပြောလဲဆိုရင်(MC)နဲ့(ALC)လို့ခေါ်တဲ့သဘာဝဖြည့်စွက်စာပစ္စည်းတွေဟာ၊(DPN )လို့ခေါ်တဲ့အာရုံကြောထိခိုက်ပျက်စီးသွားပြီး၊ကိုယ်လက်အင်္ဂါတွေထုံကျင်၊နာကျင်၊ကိုက်ခဲနေတဲ့ဝေဒနာအမျိုးမျိုးတွေ၊ပြီးတော့ဦးနှောက်နဲ့အာရုံကြောစနစ်ပျက်စီးသွားပြီး၊လေဖြတ်သလိုကိုယ်လက်အင်္ဂါတွေသေဆုံးသွားတာတွေအတွက်အကာအကွယ်ပေးနိုင်ရုံတင်မကပဲ။ကုသမှု့ကိုပါအထောက်အကူပေးနိုင်ပါတယ်တဲ့။ (MC)တခုတည်းသုံးရင်ဖြစ်ဖြစ်၊(ALC)တစ်ခုတည်းသုံးရင်ဖြစ်ဖြစ်၊အဲဒီဦးနှောက်နဲ့အာရုံကြောရောဂါတွေကိုကာကွယ်ကုသပေးနိုင်တယ်လို့တိတိကျကျဖေါ်ပြထားပါတယ်။ဒါဆိုရင်အဲဒီသုတေသနရဲ့အကျိုးအမြတ်ကိုယူပြီးနှစ်ခုစလုံးတပြိုင်တည်းပေါင်းသုံးမယ်ဆိုရင်တော့၊(Mutal Benefit)ခေါ်တဲ့နှစ်မျိုးပေါင်းပြီးစုစုစည်းစည်းအလုပ်လုပ်နိုင်လို့အကျိုးအမြတ်အဆပေါင်းများစွာပိုရရှိနိုင်ပါမယ်။ — သို့သော်ဆေးနှစ်မျိုးပေါင်းလိုက်ရင်အာနိသင်အရမ်းပြင်းထန်လွန်းတဲ့အတွက်ရင်တုန်တတ်ပါတယ်။(ALC 1000mg)သို့မဟုတ်(1200mg)လောက်ကိုမနက်မိုးလင်းအိပ်ရာကထထခြင်းဘာမှမစားခင်မှာအစာနဲ့ခွာပြီးေရေတဖန်ခွက်နဲ့သောက်သင့်ပါတယ်။(MC)ကိုတော့ညအိပ်ရာဝင်ခါနီး(5000mcg)ကိုမြိုမချပဲ၊ဆေးလုံးကိုလျှာအောက်မှာအကုန်တဖြည်းဖြည်းပျော်ဝင်သွားသည်အထိငုံထားသင့်ပါတယ်။ — နှစ်ခုလုံးကိုတော့အာနိသင်ပြင်းလွန်းလို့တပြိုင်တည်းမသောက်စေလိုပါဘူး။(ALC 1000mg)သို့မဟုတ်(1200mg)ကိုအိပ်ရာထထခြင်းအစာအိမ်ထဲမှာအစာမရှိသေးခင်၊အစာနဲ့ခွါသောက်ရင်ပိုပြီးစုပ်ယူနိုင်ပါတယ်။(MC)ကတော့အူထဲကနေစုပ်ယူအားနည်းပြီးလျှာအောက်ကနေစုပ်ယူအားပိုများလို့ညအိပ်ရာဝင်ခါနည်းမှာတဖြည်းဖြည်းပျော်အောင်ငုံထားရပါတယ်။ —– သုတေသနမှာဖေါ်ပြထားတဲ့(MC)နဲ့(ALC)ဆိုတာတစ်ခြားမဟုတ်ပါဘူး၊(Methylcobalamin နဲ့ Acetyl L carnitine)နှစ်မျိုးကိုပြောနေတာပါပဲ။ဒီနှစ်မျိုးဟာဆီးချိုသမားတွေ၊လေဖြတ်နိုင်သူတွေ၊ဦးနှောက်နဲ့အာရုံကြောဝေဒနာသည်တွေတင်မကပါဘူး။ကျန်းမာပြီးရောဂါကင်းနိုင်ဖို့အတွက်၊လူတိုင်းလူတိုင်းအတွက်အကျိုးပြုနိုင်ပါတယ်။(Acetyl L carnitine)ဆိုတာရိုးရိုး(L carnitine )နဲ့မတူပါဘူး။ — ကျွန်တော်တို့(American Best )ကလဲဒီဆေးနှစ်မျိုးလုံးကိုအရည်အသွေးကောင်းမွန်စွာနဲ့သေချာထုတ်ပါတယ်။(American Best)ကနေဝယ်သောက်မှရမယ်လို့မဆိုလိုပါဘူး။ကြိုက်တဲ့နေရာကဝယ်ပါ။အရည်အသွေးစစ်မှန်ဖို့နဲ့၊ကလုန်းဆေးအတုတွေမမိရင်ပြီးတာပါပဲ။ — ဒီဓါတ်ပေါင်းနှစ်မျိုးအတွက်သုသေသနကတစ်ခုတည်းတော့မဟုတ်ပါဘူး။ကိုယ်တိုင်အင်္ဂလိပ်လိုဖတ်ရှူလေ့လာနိုင်အောင်(Post)ရဲ့နောက်ဆုံးမှာသုသေသနစာတန်းပေါင်းများစွာကို(Reference Links) …

ဆီးချိုရှိတဲ့သူတွေအတွက်ဖြစ်စေ၊သွေးကြောထဲမှာသွေးတွေပြစ်ခဲနေလို့လေဖြတ်နိုင်ချေရှိနေတဲ့သူတွေအတွက် Read More »

(ကီမိုသရဖီ)နဲ့(ဓါတ်ကင်)တာတို့ဟာကင်ဆာရောဂါကိုပျောက်အောင်မကုသနိုင်သေးတဲ့အပြင်အလွန်ဆိုးရွားလှတဲ့ဆိုးကျိုးအပြစ်တွေကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ်

Source from Kelvin A. Power’s Facebook on October 26, 2019 ကျွန်တော်လဲအရေးကြီးတဲ့ကင်ဆာနဲ့ပါတ်သက်တဲ့သုတေသနတွေလုပ်နေရတာနဲ့(Post)အသစ်တွေတောင်မရေးဖြစ်တာကြာနေပြီ။ကျွန်တော့်ကိုယုံကြည်အားကိုးနေကြတဲ့လူတွေထဲမှာတချို့ဆိုရင်အလွန်ဆိုးရွားပြီးကြောက်စရာကောင်းလှတဲ့ကင်ဆာရောဂါတွေ(၃)(၄)မျိုးလောက်ဖြစ်နေရတဲ့လူတွေရော၊ကင်ဆာဆဲလ်တွေတကိုယ်လုံးပြန့်ပွားနေတဲ့လူတွေရော၊မိမိကိုယ်မိမိသေလူအဖြစ်သတ်မှတ်ထားခံရတဲ့ကင်ဆာရောဂါသယ်တွေရောပါဝင်နေကြပါတယ်။ — ဒီခောတ်ဆေးပညာအရ(ကီမိုသရဖီ)နဲ့ကုတာတို့(ဓါတ်ကင်)တာတို့ဟာကင်ဆာရောဂါကိုပျောက်အောင်မကုသနိုင်သေးတဲ့အပြင်အလွန်ဆိုးရွားလှတဲ့ဆိုးကျိုးအပြစ်တွေကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒီခောတ်ကုသနည်းတွေဟာဈေးလဲကြီး၊ထိရောက်မှု့လဲမရှိတဲ့အပြင်၊ဘေးထွက်ဆိုးကျိုးတွေကြောင့်ခန္ဓာကိုယ်၏(ခုခံအားစနစ်)ပျက်စီးသွားပြီး၊ရောဂါသယ်တွေကိုမသေမချင်းအလွန်ပြင်းထန်တဲ့ဝေဒနာဆိုးတွေနဲ့ပါနှိပ်စက်သတ်ဖြတ်နိုင်ပါသေးတယ်။ — ဈေးနုန်းကလဲချိုသာပြီး၊ကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့၊သက်သာစေနိုင်ဖို့အထောက်အကူပြုမဲ့ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့သဘာဝဆေးတွေကတော့လိုအပ်နေပါပြီ။ကျွန်တော်လဲအစွမ်းရှိသလောက်တော့ကျွန့်တော့်ကိုယုံကြည်အားကိုးနေသူတွေအတွက်ဆေးကောင်းဝါးကောင်းတွေထုတ်လုပ်ပေးနိုင်ဖို့ကျိုးစားပြီးသုသေသနတွေလုပ်နေပါတယ်။အလုပ်မလုပ်ပဲပျောက်နေတာတော့မဟုတ်ပါဘူး။လူတွေအတွက်အလွန်ထိရောက်ပြီးအကျိုးတကယ်ရရှိစေမဲ့ဆေးဝါးမျိုးထုတ်လုပ်ပေးနိုင်ဖို့သုသေသနပေါင်းရာထောင်ချီပြီးစီစစ်လေ့လာနေရပါတယ်။ — မြန်မာပြည်ဟာတိုင်းပြည်ဆင်းရဲသလောက်၊ကင်ဆာရောဂါဖြစ်တဲ့လူတွေအလွန်များပြားနေပါတယ်။အရင်တုံးကကင်ဆာရောဂါသယ်ဆိုတာသိပ်ကိုရှားပါးပါတယ်။အခုကတော့နေရာတိုင်းမှာငယ်ငယ်ရွယ်ရွယ်နဲ့ကင်ဆာရောဂါကြောင့်အသက်ဆုံးရံှုးကြရတဲ့လူတွေနေ့စဉ်နေ့တိုင်းတွေ့နေကြားနေရလို့မထူးဆန်းတော့ပါဘူး။နောင်နှစ်(၂၀)လောက်မှာလူ(၅)ယောက်မှာ(၄)ယောက်လောက်ကကင်ဆာအမျိုးမျိုးထဲကတမျိုးမျိုးဖြစ်လာဖို့သေချာသလောက်ကိုရှိနေပါပြီ။ — ကျွန်တော်ဆိုလိုချင်တာကကင်ဆာရောဂါဆိုတာလူတိုင်းနဲ့ဆိုင်တဲ့ပြဿနာဖြစ်နေပါပြီ။။မိမိမှာမဖြစ်သေးဘူး(သို့မဟုတ်)မိမိဖြစ်နေတာကိုမသိရသေးဘူးဆိုပြီးတော့ပေါ့ပေါ့ဆဆမနေသင့်တော့ပါဘူး။ဘယ်လိုကြိုတင်ကာကွယ်ထားရမယ်၊ဖြစ်လာရင်ဘယ်လိုကုသရမယ်ဆိုတာကြိုတင်ဆုံးဖြတ်ထားဖို့အထူးလိုအပ်နေပါပြီ။ — ကင်ဆာအမျိုးမျိုးထဲကတမျိုးမှမဖြစ်အောင်ကာကွယ်နိုင်ဖို့၊ဖြစ်နေရင်လဲပျောက်အောင်ကုသနိုင်ဖို့၊မိခင်သဘာဝကပေးတဲ့အလွန်ထိရောက်ပြီးဘေးထွက်ဆိုးကျိုးမရှိတဲ့သဘာဝပစ္စည်းတွေရှိနေပါတယ်။ဒါပေမဲ့ဒီခောတ်ဆေးကုမ္ပဏီကြီးတွေကအဲဒီလိုဆေးပစ္စည်းတွေကိုလူတွေမသိအောင်မသုံးနိုင်အောင်လိုက်ပြီးတော့ဖုံးဖိဖျက်ဆီးပြီးသတင်းအမှန်အချက်အလက်တွေကိုဖျောက်ဖျက်ထားကြပါတယ်။ — တကယ်လို့သာမိခင်သဘာဝကပေးတဲ့ဘေးထွက်ဆိုးကျိုးမရှိတဲ့သဘာဝပစ္စည်းတစ်ခုခုကကင်ဆာရောဂါအမျိုးမျိုးကိုပျောက်အောင်ကုနိုင်မယ်ဆိုရင်၊အရင်းရှင်တွေဒေါ်လာသန်းထောင်နဲ့ချီ၊ရင်းနှီးမြုတ်နှံထားတဲ့ဈေးကြီးပြီးသုံးမရတဲ့အန္တရာယ်အလွန်များတဲ့ကီမိုတို့၊ဓါတ်ကင်တာတို့ဟာအကြီးအကျယ်အရံှုးပေါ်နိုင်ပါတယ်။ — အရင်းရှင်တွေရဲ့ကင်ဆာကုသနည်းဟာရင်းနှီးမြုတ်နှံမှု့အလွန်များပြီးအကျိုးအမြတ်လဲအလွန်များပါတယ်။(၂၀၁၇)မှာကင်ဆာရောဂါသယ်တွေဆီကဝင်ငွေအမေရိကန်ဒေါ်လာသန်းထောင်ပေါင်း ($121 billion) ရရှိထားပြီး။(၂၀၁၈)မှာဆိုရင်($147 billion)ဝင်ငွေရရှိနေပါတယ်။အရင်းရှင်တွေက(၂၀၂၂)မှာ($172.6 billion)ရရှိဖို့ရင်းနှီးမြုတ်နှံထားပါတယ်။ကင်ဆာတစ်ကယ်ကုနိုင်တဲ့ဆေးကိုရှာတွေ့သွားရင်အရင်းရှင်တွေဆုံးရှုံးသွားမှာဖြစ်လို့တမင်ကိုမရှာဖွေကြတာပါ။တွေ့ရှိထားတာတွေကိုလဲဖုံးဖိထားကြတာပါ။သဘာဝဆေးကကင်ဆာတွေကိုပျောက်နိုင်ပါတယ်လို့အမှန်အတိုင်းထုတ်ပြောလိုက်ရင်နှစ်စဉ်ဝင်ငွေဒေါ်လာသန်းထောင်ပေါင်းရာနဲ့ချီပြီးဆေုံးရှုံးနိုင်ပါတယ်။ — အမေရိကန်နိုင်ငံမှာဆရာဝန်ကသေပြီဆိုပြီးလက်လျှော့လိုက်ရလို့မိမိကိုယ်ကိုသဘာဝဆေးတွေနဲ့ကုသလိုက်လို့ပျောက်ကင်းသွားပြီး၊မိမိကိုယ်ကိုကင်ဆာရောဂါပျောက်အောင်သဘာဝဆေးတွေသုံးပြီးကုသလို့သူများကိုလဲလမ်းညွန်ပေးလို့ထောင်ကျသွားတဲ့လူတွေလဲအများကြီးရှိနေပါတယ်။အမေရိကားမှာဒီဆေး၊ဒီဆေးဟာကင်ဆာပျောက်တယ်။ကင်ဆာကိုပျောက်အောင်ကုသလို့ရတယ်လို့ပြောရင်ဥပဒေအရထောင်ကျနိုင်ပါတယ်။ဒီဆေး၊ဒီဆေးဟာကင်ဆာရောဂါသယ်တွေအတွက်အထောက်အကူပြုနိုင်တယ်။သက်သာစေနိုင်ပါတယ်လို့ပြောရင်တော့ဥပဒေအရဖမ်းဆီးထောင်ချလို့မရပါဘူး။လွတ်ကင်းပါတယ်။ဒါကြောင့်ကင်ဆာကိုပျောက်အောင်ကုနိုင်တယ်ဆိုတဲ့စကားမျိုးကိုကျွန်တော်တို့တွေလဲရှောင်ရှားပြီးသုံးရပါလိမ့်မယ်။ — တချို့လူတွေက(Vitamin B17)လို့ခေါ်တဲ့ (Amygdalin)ဓါတ်ပေါင်းကကင်ဆာဆဲလ်တွေကိုသေစေနိုင်တယ်လို့ပြောဆိုနေကြပါတယ်၊ကင်ဆာရောဂါကိုပျောက်အောင်ကုသနိုင်တယ်လို့လဲပြောနေကြပါတယ်။သုသေသနလုပ်ကြည့်လိုက်တော့၊(Amygdalin)ဟာကင်ဆာဆဲလ်တွေကိုသေစေနိုင်တယ်ဆိုတာဖန်ပေါင်းချောင်ထဲမှာထည့်ပြီးစမ်းသပ်ကြည့်ရင်တော့မှန်ပါတယ်။ဒါပေမဲ့လက်တွေ့မှာလူ့ခန္ဓာကိုယ်ထဲထည့်ပေးလိုက်ရင်တော့ကင်ဆာဆဲလ်တွေကိုသေစေနိုင်သလိုကောင်းမွန်စွာအလုပ်လုပ်နေတဲ့ဆဲလ်အကောင်းတွေကိုလဲသေစေနိုင်ပါတယ်။ပြင်းထန်စွာ(cyanide poisoning)အဆိပ်ဖြစ်ပြီးအသက်ပါသေစေနိုင်လို့(USA)မှာတော့(FDA)ကပိတ်ထားပါတယ်။ — B17 ဟာကင်ဆာဆဲလ်တွေကိုသေစေနိုင်သလို။လူ့ခန္ဓာကပုံမှန်ဆဲလ်တွေကိုလဲအဆိပ်သင့်ပြီးသေစေနိုင်လို့အသက်အန္တရာယ်ရှိပါတယ်။ကင်ဆာရောဂါနဲ့မသေရအောင်လို့ကင်ဆာဆဲလ်သေချင်သေ၊မသေရင်လဲကိုယ်သေဆိုပြီးတော့အဆိပ်သောက်ပြီးကုသရတဲ့စွန့်စားမှု့မျိုးဖြစ်လို့မှန်ကန်တဲ့ကုသနည်းလုံးဝမဟုတ်သလိုကျွန်တော်လဲအားမပေးချင်ပါဘူး။ — ဘေးထွက်ဆိုးကျိုးလုံးဝမရှိပဲတကယ်ကောင်းပြီးထိရောက်တဲ့သဘာဝဓါတ်ပေါင်းတွေကျွန်တော်ရှာဖွေတွေ့ရှိထားပါတယ်။ဒါပေမဲ့ကင်ဆာပျောက်တယ်ဆိုတဲ့စကားကိုမသုံးသင့်လို့ကျွန်တော်မသုံးပါဘူး။ကင်ဆာရောဂါအတွက်အထောက်အကူပြုတယ်လို့ပဲနောက်ပိုင်းသုံးစွဲပါရစေ။ — ကျွန်တော်တို့(American Best)ကနောက်ထုတ်တဲ့(Super Antioxidant)မှာပါတဲ့အန်တိုင်အောက်ဆီဒိုက်ဓါတ်ပေါင်းတွေထဲကတမျိုးတည်းတောင်မှသားအိမ်ခေါင်းကင်ဆာအဖုအကြိတ်ကြီးကိုကြုံ့သွားသေးငယ်သွားစေတာတွေ့ရပါတယ်။ပုံမှာပြထားတဲ့သုသေသနကယူထားတဲ့ပုံဟာအမေရိကန်အစိုးရအသိအမှတ်ပြုထားတဲ့သုသေသနတခုကနေကူးယူထားတာဖြစ်ပါတယ်။ — ကျွန်တော်တို့အသစ်စထုတ်တဲ့(Super Antioxidant)မှာပါတဲ့ဓါတ်ပေါင်းတွေများစွာထဲမှာမှတစ်မျိုးထဲတောင်မှ(Antioxidant)စွမ်းအားဟာ(Natural Vitamin E)ထက်အဆ(၂၀)လောက်ပိုပြီးပြင်းထန်စွမ်းအားကြီးမားပြီးတော့၊(Vitamin C)ထက်အဆပေါင်း(၅၀)လောက်ပိုပြီးပြင်းထန်စွမ်းအားကြီးမားတယ်လို့သိပ္ပံပညာရှင်တွေရှာဖွေစမ်းသပ်တွေ့ရှိထားပါတယ်။ဒီလိုပြင်းထန်တဲ့အန်တိုင်အောက်ဆီဒိုက်စွမ်းအားကြောင့်တခြားရောဂါသေးသေးမွားမွားတွေကိုမဆိုထားနဲ့သားအိမ်ခေါင်းကင်ဆာရဲ့ကင်ဆာဆဲလ်တွေကိုသေစေနိုင်လို့ကျူမာအရွယ်အစားကိုတောင်(၃၉)ရက်အတွင်းမှာမှုလနုန်းအတိုင်းမကြီးထွားမပွားများနိင်ပဲ((ငါးပုံတစ်ပုံ)လောက်အထိသေးငယ်သွားစေနိုင်ပါတယ်။ — ဒီဆေးထဲမှာပါတဲ့ဓါတ်ပေါင်းများစွာရဲ့အထွေထွေရောဂါတွေကိုကာကွယ်ကုသနိုင်တဲ့အကျိုးအာနိသင်တွေများပြားလွန်းလို့သုသေသနအထောက်အထားပေါင်းရာနဲ့ချီကိုလဲရှိနေပါတယ်။ဘာရောဂါတွေကိုဘယ်လိုပျောက်ကင်းစေနိုင်တယ်၊ကာကွယ်ပေးနိုင်တယ်ဆိုတာနောက်မှသုတေသနအထောက်အထားတွေတခုချင်းတင်ပြပြီးဆက်ရေးပေးပါမယ်။အခုတော့အချိန်မရလို့ဒီလောက်ပါပဲ။နောက်ပို့စ်တွေကြရင်တော့သုသေသနတွေကိုကိုယ်တိုင်လေ့လာနိုင်အောင်သေချာ(References)လင့်တွေပါချပေးပါမယ်။အခုတော့မြန်မာတွေအတွက်ကြိုတင်ပြီးသတင်းကောင်းပေးလိုက်တဲ့သဘောမျိုးပါပဲ။ — …

(ကီမိုသရဖီ)နဲ့(ဓါတ်ကင်)တာတို့ဟာကင်ဆာရောဂါကိုပျောက်အောင်မကုသနိုင်သေးတဲ့အပြင်အလွန်ဆိုးရွားလှတဲ့ဆိုးကျိုးအပြစ်တွေကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ် Read More »

(Vitamin E) သောက်ရင်ကင်ဆာဖြစ်နိုင်တယ်ဆိုတာမှန်ပါသလား

Source from Kelvin A. Power’s Facebook on October 13, 2019 (Vitamin E) က(Prostate Cancer)ခေါ်ဆီးကျိတ်ကင်ဆာကိုဖြစ်စေနိုင်တယ်လို့ရေးထားတဲ့(Post)တခုတွေ့လို့၊(Vitamin E) သောက်ရင်ကင်ဆာဖြစ်နိုင်တယ်ဆိုတာမှန်ပါသလားလို့ကိုချမ်းမြေ့ကကျွန်တော့်ကိုလာမေးထားပါတယ်။ — ခွဲခြားပြီးမမေးပဲနဲ့ရောပြီးမေးလာတော့၊ဟုတ်ပါတယ်၊မှန်ပါတယ်၊ဖြစ်နိုင်ပါတယ်လို့ပဲအလွယ်ဖြေရပါလိမ့်မယ်။ချက်ချင်းလဲလှန့်မသွားပါနဲ့၊လောကမှာ(99%)လောက်မှန်နေပြီး(1%)ပဲမှားနေတဲ့အရာတွေကိုအလွယ်တကူဖြေရမယ်ဆိုရင်(99%)ဖက်ကိုလိုက်ပြီးမှန်တယ်လို့အကြမ်းပြင်းဖြေရပါလိမ့်မယ်။(Vitamin E)သောက်ရင်ကင်ဆာဖြစ်နိုင်ပါသလား?လို့မေးရင်မှန်ပါတယ်။ဖြစ်နိုင်ပါတယ်လို့ပဲအရင်ဖြေရပါလိမ့်မယ်။ — ဘာကြောင့်ဒီလိုဖြေရသလဲဆိုတော့ကမ္ဘာမှာလူတွေသုံးစွဲနေတဲ့(Vitamin E)ဆိုတာဟာ(99%)က(Synthetic Vitamin E)ခေါ်တဲ့အရင်းရှင်တွေအတုလုပ်ထားတဲ့သဘာဝမဟုတ်ပဲသဘာဝကိုတုပထားတဲ့(Vitamin E)တွေပါပဲ။ချွင်းချက်အဖြစ်မိခင်သဘာဝကနေထုတ်ယူထားတဲ့(Natural vitamin E)ဆိုတာကတော့ဈေးကွက်ထဲမှာ(1%)လောက်ပဲရှိနေပါတော့တယ်။ — (Vitamin E) က(Prostate Cancer)ခေါ်ဆီးကျိတ်ကင်ဆာကိုဖြစ်စေနိုင်တယ်လို့ရေးထားတာမှန်ပါသလားလို့ခြုံပြီးမေးရင် (၉၉%)မှန်နေလို့၊ဟုတ်ပါတယ်၊မှန်ပါတယ်လို့ပဲဖြေရပါလိမ့်မယ်။မေးသူကတိတိကျကျ(Natural Vitamin E)ကကင်ဆာဖြစ်သလား၊(synthetic vitamin E)ကင်ဆာဖြစ်သလားဆိုတာခွဲခြားပြီးမေးလာရင်တော့အဖြေကတစ်မျိုးစီဖြစ်သွားပါလိမ့်မယ်။ —- (Vitamin E)ကင်ဆာဖြစ်တယ်လို့ကြားလိုက်တာနဲ့လန့်မသွားကြပါနဲ့၊ဒီနေရာမှာကင်ဆာဖြစ်စေတယ်ဆိုတဲ့(Vitamin E)ဆိုတာဘယ်(Vitamin E)အမျိုးအစားကိုသုံးပြီးသုသေသနလုပ်ထားသလဲဆိုတာသေသေချာချာသိရှိနိုင်ဖို့၊မှုလပင်ရင်းသုသေသနကိုရှာဖွေပြီးအသေးစိတ်သေချာစွာလေ့လာဖတ်ကြည့်တော့မှတိတိကျကျသိနိုင်ပါတော့မယ်။ကျွန်တော်နဲ့အတူမှုရင်းသုသေသနတွေကိုရှာဖွေလေ့လာကြည့်ကြရအောင်။ — ဒီကိစ္စနဲ့ပါတ်သက်ပြီး(Google)မှာသုသေသနတွေကိုရှာကြည့်လိုက်တော့။ (၂)ပထမလင့်က(Vitamin E)ကကင်ဆာဖြစ်စေတယ်လို့တိုက်ရိုက်မရေးပေမဲ့၊ကင်ဆာကိုမကာကွယ်နိုင်ပါဘူး။ “Dietary Supplements Fail to Prevent Prostate Cancer “လို့သွယ်ဝိုက်ပြီးရေးထားတာတခုတွေ့ပါတယ်။ပထမလင့်ကဒီမှာပါ။ https://www.nih.gov/…/dietary-supplements-fail-prevent… …

(Vitamin E) သောက်ရင်ကင်ဆာဖြစ်နိုင်တယ်ဆိုတာမှန်ပါသလား Read More »

Vitamin K2 အမျိုးအစား (MK7) နဲ့ (MK4) ဘာကွာလဲ?

Source from Kelvin A. Power’s Facebook on October 5, 2019 MK7 နဲ့ MK4 နှစ်မျိုးစလုံးအသုံးဝင်ပါတယ်။(Mk7)က(MK4)ထက်(၃၃)ပိုပြီးပြင်းအားများပါတယ်။MK7(45 ug)ကMK4(1500 ug)နဲ့ညီပါတယ်။ဘာကွာသလဲလို့သိချင်ရင်နွားနို့ထဲကိုရေ(33)ဆလောက်ရောထားပြီး၊ရေလုံးဝမရောတဲ့နွားနို့စစ်စစ်နဲ့ယှဉ်သောက်ကြည့်လိုက်ပါ။အရသာဘယ်လောက်ကွာလဲသိလာပါလိမ့်မယ်။ခန္ဓာကိုယ်မှာအဲဒီလောက်အထိအကျိုးပြုပုံခြင်းကွာခြားပါတယ်။ ———— နွားနို့စစ်စစ်တစ်ခွက်နဲ့ရေ(၃၃)ဆရောထားတဲ့နွားနို့ကိုဈေးအတူတူပေးပြီးဝယ်သောက်တဲ့လူဆိုရင်တော့မသိလို့နားမလည်လို့ဂျင်းမိတာပါပဲ။အောက်ကသုသေသနတစ်ခု(«Comparison of Menaquinone-4 and Menaquinone-7 bioavailability in healthy women». Nutritional Journal 2012)ကပုံကိုကြည့်ပါ။MK4 ဆိုတာဘာမှသုံးစားလို့မရတဲ့ဂျင်းသက်သက်ပါပဲ။ — MK7 မှသာစစ်ပါတယ်။ MK4 ဆိုတာဂျင်းသက်သက်ပါပဲ။MK7 ကိုခိုချင်လို့ MK4 ကိုဂျင်းထည့်ရောင်းတာပါပဲ။ — ကျွန်တောတို့(American Best)ကလဲ(K2)အရည်အသွေးကောင်းကောင်းမကြာခင်ထုတ်တော့မှာပါ။ဒါပေမဲ့(MK7)စစ်စစ်ပဲထုတ်မှာပါ။သူများတွေလို(K1)နဲ့(K2, MK4)ရောပြီးဂျင်းမထည့်ပါဘူး။ — လဖက်ကောင်းကောင်းစားချင်ရင်တော့ပလောင်တောင်တက်နှေးရတယ်ဆိုတဲ့စကားရှိပါတယ်။စောင့်ပေးပါ၊ပလောင်တောင်တက်နေပါတယ်။ — Kelvin A Power

အသက်၅၀ကျော်ရင် D3 သောက်ရင် K2 သောက်စရာလိုမလို

Source from Kelvin A. Power’s Facebook on October 5, 2019 မေး။ကျနော်အသက်၅၅ ပါဆရာ။ အသက်၅၀ကျော်ရင် D3 သောက်ရင် K2 သောက်စရာမလိုဘူးလို့သိရပါတယ်ဆရာ။ မှန်မမှန်သိပါရစေခင်ဗျာ။ ————— (D3)သောက်ရင်(K2) သောက်ရမယ်လို့တော့မဟုတ်ပါဘူး။သောက်ရင်လဲရပါတယ်၊မသောက်ရင်လဲရပါတယ်။။အထူးသဖြင့်အမျိုးသမီးတွေ(၅၀)ကျော်သွေးဆုံးလို့အရိုးတွေဆွေးမှာစိုးလို့ကာကွယ်နိုင်မလားဆိုပြီးတော့(K2)သောက်ကြတာပါ။ဒါပေမဲ့ခက်တာကလူတွေကအသက်ကြီးရင်သွေးတွေပျစ်လာတတ်ကြပါတယ်။ — သွေးပျစ်လာတော့သွေးကောင်းကောင်းမလည်ပါတ်နိုင်ဘူး။မလည်ပါတ်နိုင်တော့သွေးဖိအားတွေများပြီးသွေးတိုးရောဂါဖြစ်လာတယ်။နှလုံးကသွေးတွေကိုမနိုင်မနင်းတွန်းကန်ထုတ်ရတော့နှလုံးကြွက်သားတွေရောင်ပြီးနှလုံးကြီးလာတယ်။ — (K1)ဆိုတာကသွေးကိုပျစ်ခဲစေပြီး(K2) ဆိုတာကသွေးကိုမပျစ်စေနိုင်ပါဘူး။(K2)ကအင်ဆူလင်အလွန်နည်းနေတဲ့(Ketosis)အခြေအနေမှာဆိုရင်(COQ10)နဲ့ပေါင်းပြီး၊(Ketone)တွေအကူအညီနဲ့သွေးကြောတွေကိုတောင်ရှင်းလင်းပေးနိုင်ပါတယ်။ (K1)ကတော့အသက်ကြီးလာသူတွေမှာသွေးခဲပြီးသွေးကြောတွေပိတ်စေနိုင်လို့(K2)နဲ့ဆန့်ဆန့်ကျင်ဖက်သဘောပါ။ — (K1)ကသွေးကိုပျစ်စေတဲ့အတွက်အသက်ကြီးပြီးသွေးပျစ်နေသူတွေအတွက်သွေးကြောတွေကိုပိတ်စေနိုင်တယ်။လေဖြတ်နိုင်တယ်။နှလုံးသွေးကြောပိတ်သေနိုင်တယ်။ဦးနှောက်သွေးကြောပိတ်သေနိုင်တယ်။သွေးကြောထဲမှာသွေးခဲစေနိုင်တယ်။ — ယောင်္ကျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ်အသက်(၅၀)ကျော်ရင်သွေးကအလိုလိုပျစ်လာတယ်။သွေးပျစ်လာလို့(K1)ဆေးသောက်ပေးစရာမလိုအပ်ဘူး။အစိမ်းရောင်ဟင်းသီးဟင်းရွက်စားပေးရင်(K1)ကလုံလောက်တာထက်ပိုနေပြီ။သွေးကျဲနေတဲ့လူငယ်တွေ(K1)သောက်တာပြသနာမရှိပါဘူး။ — အသက်ကြီးပြီးသွေးပြီးပျစ်နေတဲ့လူတွေ(K1)သောက်တာဟာ၊အဆိပ်သောက်နေတာနဲ့အတူတူပါပဲ။(Vitamin K1)နဲ့(Vitamin K2)ဆိုတာပေါင်းပြီးကိုမထုတ်လုပ်သင့်ဘူး။ — ဟင်းသီဟင်းရွက်လဲမကြိုက်၊သွေးလဲကျဲနေတဲ့ကလေးသူငယ်တွေမှာ၊ချော်လဲတာတို့၊ဒူးပြဲတာတို့၊လက်ဓါးထိတာတို့အစရှိတဲ့ထိခိုက်ဒဏ်ရာရရင်သွေးထွက်တယ်။အဲဒီသွေးတွေသိပ်အောင်၊ခဲသွားအောင်(K1)ကလုပ်ဆောင်ပေးတယ်ဆိုတော့လိုအပ်လှပါတယ်။ ဒါပေမဲ့သွေးပျစ်နေတဲ့လူကြီးတွေမှာကြတော့(K1)သွားသောက်ရင်သွေးကြောထဲမှာသွေးခဲတဲ့အန္တရာယ်ရှိတယ်။(K1)နဲ့(K2)တွဲထုတ်တဲ့ဆေးတွေကတစ်ကယ်တော့ရောင်းကောင်းအောင်အရင်းရှင်တွေကဂျင်းထည့်လိုက်တာ။ကောင်းကျိုးမပြုတဲ့အပြင်အန္တရာယ်တောင်ဖြစ်လာနိုင်ပါတယ်။ — ဟင်းသီးဟင်းရွက်ကလာတဲ့သဘာဝ(K1)ကတော့လွန်တယ်များတယ်လို့မရှိပါဘူးခန္ဓာကိုယ်ကလိုရင်စုပ်ယူမယ်၊မလိုရင်စွန့်ထုတ်ပြစ်မှာပါပဲ။အန္တရယ်ရှိတာကအရှင်းရှင်တွေဓါတုဗေဒနည်းနဲ့လုပ်ထားတဲ့၊ (synthetic=လက်လုပ်ဖြစ်သော)(K1)ကိုပြောတာပါ။ဟင်းသီးဟင်းရွက်ကြိုက်သလောက်စားလို့ရပါတယ်။(synthetic)(K1)ကိုမသောက်ဖို့ပဲပြောတာပါ။ — သာမှန်အားဖြင့်အသက်(၃၀)ကျော်ရင်တောင်(K1)မသောက်သင့်တော့ဘူး။(K2)ထဲ(K1)ရောထည့်လိုက်တာဟာ(K2)ကဈေးကြီးလို့ပေါတဲ့(K1)နဲ့ရောပြီးဂျင်းထည့်လိုက်တာပဲ။ဆန်ရောင်းတဲ့လူကဆန်ကိုပြည်ချိန်တိုးအောင်ပြည်ခိုးချင်လို့၊ဈေးကြီးတည့်ဆန်ထဲဈေးပေါတဲ့ဖွဲထည့်ပြီးရောင်းသလိုပါပဲ။(K1)ကိုရှောင်ကြပါ။အလွန်အန္တရာယ်ကြီးပါတယ်။မိမိခန္ဓာကိုယ်ထဲကသွေးကြောတခုခုပိတ်သွားရင်အစိတ်အပိုင်းတခုခုပျက်ဆီးသေဆုံးသွားရင်ဘယ်လိုမှပြန်မကောင်းနိုင်ပါဘူး။ပြန်ကောင်းအောင်ကုရာနတ္တိဆေးလဲမရှိပါဘူး။အသက်အန္တရာယ်လဲရှိပါတယ်။ – ပြည်ချိန်တိုးအောင်ဆန်ထဲဖွဲထည့်ပြီးရောင်းသလို၊(K2)ထဲကို(K1)ရောထည့်ပြီးရောင်းရင်တော့လူကြီးတွေအတွက်ကောင်းကျိုးမရနိုင်ပဲဆိုးကျိုးသာလျှင်ပိုရရှိနိုင်ပါတယ်။ကလေးတွေ၊လူငယ်တွေအတွက်ကတော့(K1)နဲ့(K2)ရောထားတဲ့ဆေးသောက်လို့ရပါတယ်၊အန္တရာယ်ရှိနိုင်မယ်မထင်ပါဘူး။ — ဘယ်အရင်းရှင်၊ဘယ်ကုမ္မဏီကိုမှရည်ရွယ်တိုက်ခိုက်ပြီးမပြောလိုပါဘူး။(Ingredients)အကြောင်းပဲပြောတာပါ။အသက်ကြီးလာတဲ့လူတွေ(K1)ကိုမသောက်သင့်ကြောင်းပဲပြောချင်တာပါ။ Kelvin Albert Power

Shopping Cart