admin

(Vitamin C, Ascorbic Acid=15,000 mg)နေ့တိုင်းသောက်

Source from Kelvin A. Power’s Facebook on January 27, 2020 နေမကောင်း၊မကျန်းမမာဖြစ်ရင်ဘာဆေးမှမသောက်ပဲ(Vitamin C, Ascorbic Acid=15,000 mg)နေ့တိုင်းသောက်တဲ့ အမေရိကန်မှာနာမည်ကြီးနေတဲ့(Dr Andrew Saul). Video ကိုသေချာကြည့်ပါ။  

(coronavirus)နှင့်ပါတ်သက်ပြီး၊အရေးတကြီးလူတိုင်းသိထားဖို့။

Source from Kelvin A. Power’s Facebook on January 27, 2020 (coronavirus)နှင့်ပါတ်သက်ပြီး၊အရေးတကြီးလူတိုင်းသိထားဖို့။ အကယ်၍အရေးပေါ်အခြေအနေတရပ်ကိုရောက်လာရင်ဘာတွေသိထားရမလဲ။ဘာတွေလုပ်ဆောင်ရမလဲ?။မြန်မာနိုင်ငံသားအားလုံးအတွက်အကောင်းဆုံးကိုမျှော်လင့်ထားပါတယ်။သို့သော်အားလုံးအဆိုးဆုံးအခြေအနေတရပ်အတွက်လဲကြိုတင်ပြင်ဆင်ထားကြပါစို့။ – ထူးခြားတဲ့အချက်ကဒီဗိုင်းရပ်စ်ဟာအသံတိတ်လူသတ်သမားဖြစ်နေပါတယ်။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကိုကူးစက်ဝင်ရောက်လာပြီဆိုရင်၊တပါတ်လောက်အထိဘာလက္ခဏာမှလဲမပြ၊မဖျားနာပဲနဲ့အကောင်းပကတိနေထိုင်ကောင်းနေပြီးအဲဒီလူကနေတခြားလူပေါင်းများစွာတွေစီကိုဆက်လက်ကူးစက်ပြန့်ပွားနေနိုင်ပါတယ်။ – တပါတ်ကျော်လောက်ကြာတော့မှထပြီးကိုယ်အပူချိန်တက်၊ဖျားနာ၊နှာစေး၊ချောင်းဆိုး၊ရင်ကြပ်၊အသက်ရူကြပ်တာတွေစဖြစ်လာတော့တာပါပဲ။လက္ခဏာပြတဲ့အချိန်ဟာတခြားလူတွေကိုဒါဇင်နဲ့ချီကူးစက်ပြီးနေပြီး၊တားဆီးဖို့အလွန်နောက်ကျနေပါပြီ။ – ရောဂါကူးစက်ခံထားရမှန်း၊ရောဂါတခြားလူတွေစီကိုမပြန့်ပွားနိုင်သေးခင်စောစောစီးစီးကြိုတင်မသိနိုင်တာဟာဒီရောဂါရဲ့အဆိုးဆုံးအချက်တစ်ချက်ဖြစ်နေပါတယ်။ – အားလုံးအထူးသတိထားရမယ့်အချက်က၊(2003)ခုနှစ်တုံးကဖြစ်ခဲ့တဲ့(SARS)ရဲ့အတွေ့အကြုံအရ၊လာမယ့်ဖေဖေါ်ဝါရီလဟာ၊ယခုဖြစ်ပွားနေတဲ့(Wuhan)ကူးစက်ရောဂါအတွက်အမြန်ဆုံးကူးစက်ပြန့်ပွားဖို့အကောင်းဆုံးဆောင်းရာသီလတစ်လဖြစ်နေပါတယ်။ – ဖေဖေါ်ဝါရီလဟာဆောင်းတွင်းအအေးဆုံးထဲက၊လတစ်လဖြစ်နေလို့၊တုတ်ကွေး(Flu)ရောဂါနဲ့အလားသဏ္ဍန်တူပြီး၊ပိုပြင်းထန်ကူးစက်လွယ်ကူတဲ့ဒီလိုရောဂါပိုးတွေကူးစက်မှု့အလွန်လွယ်ကူနိုင်တဲ့လတစ်လလဲဖြစ်နေပါတယ်။ဆောင်းကုန်လို့နွေရာသီရောက်လာရင်တော့ကူးစက်မှု့လျော့နည်းလာနိုင်ပါတယ်။ – နောက်ပြဿနာတစ်ခုက၊ဒီ(Wuhan)ကူးစက်ရောဂါလက္ခဏာဟာ၊သာမန်အအေးမိဖျား၊သာမန်တုတ်ကွေးလက္ခဏာတွေနဲ့ဆင်တူနေပြန်ပါတယ်။ဒီလပိုင်းရာသီဥတုကလဲတုတ်ကွေးရာသီနဲ့၊သာမန်အအေးမိပြီးဖျားနာနိုင်တဲ့ရာသီဥတုဖြစ်နေလို့၊လူတစ်ယောက်ဖျားနာနေပြီဆိုရင်၊တုတ်ကွေးမိဖျားတာလား၊သာမန်အအေးမိပြီးရိုးရိုးဖျားတာလား၊ဒီဗိုင်းရပ်စ်ပိုးကူးစက်မှု့ကြောင့်ရောဂါဒဏ်ခံနေရတာလားဆိုတာခွဲခြားပြီးသိဖို့မလွယ်ကူပါဘူး။ – နောက်တစ်ချက်က(2003)ခုနှစ်တုံးကဖြစ်ခဲ့တဲ့(SARS)တုံးကလဲတရုတ်အစိုးရကသူ့ရဲ့စီးပွားရေးကိုထိခိုက်မှာစိုးလို့သတင်းအမှောင်ချထားခဲ့ပါတယ်။ဆိုလိုချင်တာကရောဂါကူးစက်သူတွေနဲ့သေဆုံးသူတွေအရေအတွက်ကိုအဆပေါင်းများစွာလျော့ပြီးစာရင်းပြခဲ့ကြတဲ့အလေ့အထလေးရှိခဲ့ဖူးပါတယ်။ – အခုအချိန်မှာလဲ(2003)တုံးကလိုပဲစာရင်းအမှန်မပြပဲ၊ပွင့်လင်းမြင်သာမှု့အပြည့်အဝရှိနိုင်၊မရှိနိုင်လဲသံသယရှိစရာဖြစ်နေပြန်ပါတယ်။တရုတ်နှစ်သစ်ကူးနဲ့ပါတ်သက်ပြီးခရီးသွားလာမှု့တွေလျော့နည်းသွားပြီးဝင်ငွေထိခိုက်မှာစိုးလို့သတင်းအမှန်မထုတ်ပြန်ဘူးဆိုရင်လဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။ – နောက်ထပ်တွေ့ရှိချက်ကနှာခေါင်းနဲ့ပါးစပ်ကို(Mask)ပိတ်ထားရုံနဲ့မရတော့ပါဘူး။မျက်လုံးကနေလဲကူးစက်ပြန့်ပွားနိုင်ပြန်ပါတယ်။မျက်လုံးမှာလဲရေကူးရာမှာအသုံးပြုတဲ့(swimming goggles glasses)အလုံပိတ်မျက်မှန်ကလေးတွေတပ်ဆင်ရပါမယ်။(Mask)တိုင်းကလဲမကာကွယ်နိုင်ပါဘူး။(N95-Mask)ဖြစ်ရပါမယ်။ – နောက်တခုဆိုးပြန်တာကရောဂါရှိသူကနှာချေလို့ပဲဖြစ်ဖြစ်၊ချောင်းဆိုးလို့ပဲဖြစ်ဖြစ်။စကားပြော၊အော်ဟစ်၊ငိုယိုလို့ပဲဖြစ်ဖြစ်အပြင်ကိုရောက်ရှိပြန့်န့ှံလာတဲ့ဗိုင်းရပ်ပိုးတွေဟာပါတ်ဝန်းကျင်မှာသေဆုံးမသွားပဲ(၅)ရက်လောက်အထိအသက်ရှင်သန်နေနိုင်ပါသေးတယ်။ – ဆိုလိုတာကလွန်ခဲ့တဲ့(၅)ရက်အတွင်းကရောဂါရှိတဲ့လူတွေ၊ချောင်းဆိုးနှာချေမိသွားတဲ့နေရာ၊အခန်း၊ခန်းမ(သို့မဟုတ်)ကိုင်မိသွားတဲ့တံခါးလက်ကိုင်တွေ၊တံခါးဘောင်တွေ၊လက်ရန်းတွေ၊ကုလားထိုင်တွေ၊ဓါတ်လှေကားအတက်အဆင်းခလုတ်တွေ၊(Shopping Cart)တွေနဲ့အမျိုးမျိုးသောလူ့အသုံးအဆောင်ပစ္စည်းတွေကိုလဲမိမိကကိုင်မိရင်ကူးစက်နိုင်ပါသေးတယ်။ – အဆိုးဆုံးအချက်ကတော့ပိုက်ဆံပါပဲ။(USA)မှာတော့များသောအားဖြင့်လူတွေကပိုက်ဆံမသုံးပဲ(Credit Card)တွေပဲသုံးတာများတော့သိပ်မစိုးရိမ်ရပါဘူး။မြန်မာပြည်မှာကပိုက်ဆံစက္ကူတွေကိုင်သုံးတော့အထူးသတိထားကြစေလိုပါတယ်။ – လွန်ခဲ့တဲ့ငါးရက်အတွင်းကရောဂါရှိသူကိုင်ထားခဲ့တဲ့ပိုက်ဆံစက္ကူကိုမိမိကကိုင်မိရင်တောင်ကူးစက်နိုင်ပါတယ်။ပိုက်ဆံကိုင်ရင်လက်အိတ်အမြဲစွတ်ပြီးမှကိုင်ကြရပါမယ်။ဒါကြောင့်လက်ကိုမကြာခဏဆေးကြောစေလိုပါတယ်။ – တစ်ကယ်တော့လက်အရေပြားကိုဖေါက်ဝင်ပြီးကူးစက်တာတော့မဟုတ်ပါဘူး။အရေးအကြီးဆုံးသော့ချက်ကမျက်နှာ၊နှာခေါင်း၊ပါးစပ်တွေကိုလက်နဲ့လုံးဝ၊လုံးဝမထိမိ၊မကိုင်မိဖို့ပါပဲ။ – နှာခေါင်းကနေဗိုင်းရပ်စ်ကိုရှူမိရင်ရှူမိ၊မရှူမိရင်လဲတခုခုကိုလက်နဲ့ထိတွေ့မှု့ကြောင့်လက်မှာပိုင်းရပ်စ်ပိုးတွေကပ်နေတတ်ပါတယ်။မျက်နှာ၊နှာခေါင်း၊ပါးစပ်တွေကိုလက်နဲ့ထိတွေ့မိလိုက်ရင်အဆုတ်ထဲကိုတိုက်ရိုက်ရောက်လာကြတော့တာပါပဲ။ – စအိုကနေလဲကူးစက်နိုင်လို့ရောဂါကူးစက်ထားသူတွေထိုင်သွားတဲ့ဖင်ထိုင်ခုံကိုထိုင်မိရင်လဲကူးစက်တတ်ပါသေးတယ်။ဘတ်စ်ကားစီးသူတွေ၊တက္ကစီစီးတဲ့လူတွေ၊မစီးမဖြစ်ထိုင်စီးရမယ်ဆိုရင်တော့၊တခါသုံးပလတ်စတစ်အခင်းခပ်ထူထူနဲ့ခင်းပြီးမှထိုင်စီးကြပါ။ – ရောဂါကိုတိုက်ရိုက်ကုသနည်းမရှိသလို၊ရောဂါပျောက်တဲ့ဆေးလဲမရှိသေးပါဘူး။ပိုးသတ်ဆေးလဲမရှိပါဘူး။ကာကွယ်ဆေးလဲမပေါ်သေးပါဘူး။အကောင်းဆုံးကာကွယ်နည်းကတော့မိမိကိုရောဂါအကူးစက်မခံရအောင်အထူးဂရုစိုက်ဖို့နဲ့မိမိရဲ့ခုခံမှု့စနစ်(Immune System)အားကောင်းနေဖို့ပဲလိုအပ်ပါတယ်။(virus)တွေဖြစ်နေလို့ဘယ်(Antibiotic)နဲ့မှသတ်လို့မရနိုင်ပါဘူး။ – ဆရာဝန်တွေဆေးရုံတွေရဲ့အဓိကတာဝန်ကဒီပိုးတွေမပြန့်ပွား၊မကူးစက်နိုင်အောင်ကိုင်တွယ်ဖို့တော့အဓိကအနေနဲ့လိုအပ်ပါတယ်။ကူးစက်ခံရလို့လူနာဆေးရုံရောက်သွားရင်ဆရာဝန်တွေကလဲဘာမှကုပေးနိုင်မှာမဟုတ်ပါဘူး။ – တခြားလူတွေကိုထပ်ပြီးမကူးစက်အောင်သီးသန့်၊ခွဲခြားကန့်သတ်ထားမယ်။အသက်ရှူကြပ်ရင်အောက်ဆီဂျင်စက်တပ်ဆင်ပေးမယ်။ကိုယ်ထဲရေဓါတ်လျော့နည်းလာရင်(Electrolyte)တွေသွင်းပေးမယ်။ဒါပဲလုပ်ပေးနိုင်ပါတယ်။ …

(coronavirus)နှင့်ပါတ်သက်ပြီး၊အရေးတကြီးလူတိုင်းသိထားဖို့။ Read More »

(Wuhan Coronavirus)ကူးစက်ရောဂါနှင့်ပါတ်သက်သောအလွန်ထူးခြားသောတွေ့ရှိချက်။

Source from Kelvin A. Power’s Facebook on January 25, 2020 (Wuhan Coronavirus)ကူးစက်ရောဂါနှင့်ပါတ်သက်သောအလွန်ထူးခြားသောတွေ့ရှိချက်။(UNICODE) တရုတ်နိုင်ငံ(Wuhan)မြို့မှာဖြစ်ပေါ်နေတဲ့ကူးစက်ရောဂါဟာလူပေါင်းထောင်နဲ့ချီသို့ကူးစက်ဖြစ်ပွားနေကြပါပြီ။ – အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်နေပြီးမြန်မာနိုင်ငံကိုအချိန်မရွေးကူးစက်ပြန့်ပွားလာနိုင်လို့်အထူးဂရုစိုက်ကြဖို့မှာကြားလိုပါတယ်။ – ဒီရောဂါဟာအလွန်ပြင်းထန်တဲ့အဆုတ်ရောင်ဖျားတစ်မျိုးဖြစ်ပြီးအဆုတ်ထဲမှာရေဝင်ပြီးတော့အသက်ရူကြပ်ပြီးသေဆုံးရတာဖြစ်ပါတယ်။ – ဒီရောဂါဟာ(coronavirus)အမည်ရှိတဲ့(Virus)တစ်မျိုးကနေဖြစ်ပြီး၊အရင်တုံးကတည်းကတရုတ်ပြည်(2003)မှာဖြစ်ပွားခဲ့တဲ့(Severe Acute Respiratory Syndrome, SARS)ရောဂါနဲ့အလားသဏ္ဍန်တူနေပါတယ်။ – ထပ်ပြီး(Middle East, 2012)မှာဖြစ်ခဲ့ဖူးတဲ့ (Middle East Respiratory Syndrome, MERS)နဲ့လဲအလားသဏ္ဍန်တူနေပြန်ပါတယ်။ – (1) ဒီရောဂါဟာကူးစက်ပြန့်ပွားလွယ်တယ်။ (2) အသက်ရှူလမ်းကြောင်းကနေအဓိကကူးစက်ပြန့်ပွားလာတယ်။ (3) ကာကွယ်ဆေးလုံးဝမရှိပါ။ (4) ကုသဖို့ဆေးလဲလုံးဝမရှိသေးပါ။ (5) အဆုတ်ကိုအဓိကထိခိုက်တယ်။အဆုတ်ရောင်ဖျားနဲ့လက္ခဏာဆင်တူတယ်။ (6) အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ – (7)ဒီရောဂါကိုကာကွယ်ဖို့နဲ့ကုသဖို့နည်းလမ်းတစ်ခုပဲရှိပါတယ်။အဲဒါကတော့မိမိတို့ရဲ့ခုခံမှု့စနစ်(Immune System)အားကောင်းအောင်လုပ်ကြရပါမယ်။ – ဒီရောဂါကိုသေချာစွာသုသေသနလုပ်ကြည့်လိုက်တော့အလွန်ထူးခြားတဲ့တွေ့ရှိချက်နှစ်ခုတွေ့ရပါတယ်။ – ဒီရောဂါပိုးတွေဟာနို့တိုက်သတ္တဝါအမျိုးအစားဖြစ်တဲ့လင်းနို့ကနေစတင်ပြီး၊ (weasel-like mammals)လို့ခေါ်တဲ့(Capybara)နဲ့(guinea pigs)မျိုးနွယ်ဝင်တောကြောင်ကဲ့သို့သောသတ္တဝါတမျိုး(masked …

(Wuhan Coronavirus)ကူးစက်ရောဂါနှင့်ပါတ်သက်သောအလွန်ထူးခြားသောတွေ့ရှိချက်။ Read More »

ပရဟိတလုပ်ၾကပါ

Source from Kelvin A. Power’s Facebook on January 19, 2020 လောကမှာလူရယ်လို့ဖြစ်လာရင်၊ ချမ်းသာချင်လဲချမ်းသာမယ်၊ဆင်းရဲချင်လဲဆင်းရဲမယ်။ ရုပ်ချောချင်လဲချောမယ်၊ရုပ်ဆိုးချင်လဲဆိုးမယ်။ ပညာတတ်ချင်လဲတတ်မယ်၊ပညာမဲ့ချင်လဲမဲ့မယ်။ ကျန်းမာချင်လဲကျန်းမာမယ်၊အနာရောဂါများချင်လဲများမယ်။ ဗုဒ္ဓဘာသာဖြစ်ချင်လဲဖြစ်မယ်၊ခရစ်ယာန်ဖြစ်ချင်လဲဖြစ်မယ်။ ဟိန္ဒူဖြစ်ချင်လဲဖြစ်မယ်။မွတ်ဆလင်ဖြစ်ချင်လဲဖြစ်မယ်။ ဘာသာမဲ့ဖြစ်ချင်လဲဖြစ်မယ်။ – သို့သော်ချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊ရုပ်ချောသည်ဖြစ်စေ၊ရုပ်ဆိုးသည်ဖြစ်စေ၊ပညာတတ်သည်ဖြစ်စေ၊ပညာမဲ့သည်ဖြစ်စေ၊ကျန်းမာသည်ဖြစ်စေ၊အနာရောဂါများသည်ဖြစ်စေ၊ကိုးကွယ်ယုံကြည်မှု့ဘာသာတွေကွဲပြားသည်ဖြစ်စေ၊ဘဝမှာအဆိုးတွေကိုတွေ့ကြုံရသည်ဖြစ်စေ၊အကောင်းတွေကိုတွေ့ကြုံရသည်ဖြစ်စေ၊ပျော်ရွင်ရသည်ဖြစ်စေ၊ဝမ်းနည်းရသည်ဖြစ်စေ၊အလွန်သေချာတာတစ်ခုကတော့၊–(ဘဝမှာကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးဟာ—တစ်နေ့မှာတော့အားလုံး—ပြီးဆုံး၊ကုန်ဆုံးသွားကြရမှာပါ။) – ဒီလိုကောင်းကောင်းဆိုးဆိုး၊ကြုံတွေ့မှု့တွေအားလုံးဟာတစ်နေ့မှာအဆုံးသတ်ပြီးဆုံးသွားကြရမဲ့အတူတူ၊ဘဝမှာမကောင်းတာတွေလုပ်ပြီး၊သောက၊ပရိဒေဝ၊ဒေါမနသ၊နောင်တတွေနဲ့အသံတိတ်ကြိတ်ငိုပြီးအဆုံးသတ်ကြမလား။ဒါမှမဟုတ်အားရဂုဏ်ယူကျေနပ်ခဲ့ရတဲ့ပီတိအပြုံးလေးတွေကိုယ်စီနဲ့ဘဝကိုအဆုံးသတ်ကြမလားဆိုတာကိုတော့ကိုယ်တိုင်သေချာစဉ်းစားထားကြဖို့တော့လိုအပ်ပါတယ်။ – မည်သည့်ဘာသာကိုယုံကြည်ကိုးကွယ်သည်ဖြစ်စေ၊မပြီးဆုံးသေးခင်ဘဝအခိုက်အတန့်ခဏလေးမှာလူအများကောင်းကျိုးအတွက်ပရဟိတစိတ်ဓါတ်ထားရှိပြီးပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့မယ်ဆိုရင်တော့၊ဘဝကိုသောက၊ပရိဒေဝ၊နောင်တတွေနဲ့အသံတိတ်ကြိတ်ငိုပြီးအဆုံးသတ်ရမယ့်အစား၊မိမိလုပ်ခဲ့တဲ့ပရဟိတလုပ်ငန်းတွေကြောင့်ဂုဏ်ယူပီတိအပြုံးတွေနဲ့အဆုံးသတ်ရမှာတော့သေချာပါတယ်။ – ဒါကြောင့်ဘယ်လူမျိုးတွေပဲဖြစ်ဖြစ်၊ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ်ပရဟိတလုပ်ငန်းတွေကိုလုပ်ကြဖို့အထူးတိုက်တွန်းလိုပါတယ်။အားလုံးနောက်ဆုံးထွက်သက်ကလေးမှာအသံတိတ်ကြိတ်၊မငိုရပဲ၊ပီတိအပြုံးပန်းကလေးတွေပွင့်လန်းနိုင်ကြပါစေ။ – Kelvin Albert Power

နာတာရှည်ရောဂါတွေဆိုတာငါးမျိုးပဲရှိပါတယ်။

Source from Kelvin A. Power’s Facebook on January 15, 2020 (Theory of Health)ကျန်းမာခြင်းရဲ့နိယာမ။ – တစ်ကယ်တော့၊ကမ္ဘာမှာလူတွေအားလုံးဖြစ်နေကြတဲ့နာတာရှည်ရောဂါတွေဆိုတာငါးမျိုးပဲရှိပါတယ်။ နံပါတ်(၁) Inflammation. နံပါတ်(၂) Insulin Resistance. နံပါတ်(၃) Oxidative Stress. နံပါတ်(၄) Toxicity. နံပါတ်(၅) Deficiency. တွေပါပဲ။ – ကင်ဆာတို့၊အော်တိုအင်မြူးတို့၊ဆီးချိုသွေးချိုတို့၊နှလုံးသွေးတိုးတို့၊အစရှိတဲ့နာတာရှည်ရောဂါတွေဆိုတာတစ်ကယ်တော့ရောဂါတွေမဟုတ်ကြပါဘူး။အောက်ခံရောဂါ(၅)မျိုးကြောင့်ပေါ်လာရတဲ့လက္ခဏာတွေပါပဲ။ရောဂါနဲ့လက္ခဏာကိုသေချာခွဲခြားမတတ်ရင်အောက်ခံရောဂါဇစ်မြစ်တွေကိုမကုနိုင်တော့ပဲ၊အပေါ်ယံလက္ခဏာသက်သက်တွေကိုသာလိုက်ကုနေမယ်ဆိုရင်၊ဘယ်တော့မှရောဂါအမျိုးမျိုးရဲ့ဘေးဆိုးကနေမလွတ်မြောက်နိုင်ပါဘူး။အခုအချိန်ကစပြီးကျွန်တော်တို့တွေအားလုံးတညီတညွတ်တည်းဒီဇစ်မြစ်(၅)ခုကိုပြစ်မှတ်ထားပြီးကုသဖို့အချိန်တန်နေပါပြီ။ – Kelvin Albert Power

(sepsis)ခေါ်သွေးထဲမှာအဆိပ်ဖြစ်ပြီး(septic shock)ရသွားတဲ့လူတွေဆိုတာ

Source from Kelvin A. Power’s Facebook on January 12, 2020 (sepsis)ခေါ်သွေးထဲမှာအဆိပ်ဖြစ်ပြီး(septic shock)ရသွားတဲ့လူတွေဆိုတာများသောအားဖြင့်အသက်ဆုံးရံှုးတာများပါတယ်။သွေးဆိပ်ဖြစ်ရင်သေတာပဲများပါတယ်။မြန်မာပြည်မှာဆိုရင်တော့ဆိုဖွယ်ရာမရှိတော့ပါဘူး။ဒီအခြေအနေမှာ(Vitamin C) ဟာအသက်ကယ်နိုင်တယ်ဆိုတာကိုမြန်မာပြည်ကဆေးရုံတွေဆရာဝန်တွေသိထားဖို့လိုအပ်နေပါပြီ။ Reference:

(sepsis)ခေါ်သွေးထဲမှာအဆိပ်ဖြစ်ပြီး(septic shock)ရသွားတဲ့လူတွေဆိုတာ

Source from Kelvin A. Power’s Facebook on January 12, 2020 (sepsis)ခေါ်သွေးထဲမှာအဆိပ်ဖြစ်ပြီး(septic shock)ရသွားတဲ့လူတွေဆိုတာများသောအားဖြင့်အသက်ဆုံးရံှုးတာများပါတယ်။သွေးဆိပ်ဖြစ်ရင်သေတာပဲများပါတယ်။မြန်မာပြည်မှာဆိုရင်တော့ဆိုဖွယ်ရာမရှိတော့ပါဘူး။ဒီအခြေအနေမှာ(Vitamin C) ဟာအသက်ကယ်နိုင်တယ်ဆိုတာကိုမြန်မာပြည်ကဆေးရုံတွေဆရာဝန်တွေသိထားဖို့လိုအပ်နေပါပြီ။ Reference:

NAC ဆိုတာဘာလဲ?

Source from Kelvin A. Power’s Facebook on January 11, 2020 NAC ဆိုတာဘာလဲ? လို့မေးထားတာတွေသိပ်များနေလို့။အချိန်မရသေးလို့နည်းနည်းလေးပဲဖြေပေးလိုက်ပါတယ်။ – NAC ဆိုတာ(N Acetyl Cysteine) ပါ။ ခန္ဓာကိုယ်က(ဂလူတာသိုင်ယွန်)ခေါ်(Glutathione, GSH), အလုံအလောက်ထုတ်ပေးနိုင်အောင်လိုအပ်တဲ့အဓိကကုန်ကြမ်းပါ။(ဂလူတာသိုင်ယွန်)(Glutathione, GSH) ဆိုတာကတော့(Antioxidants)တွေအားလုံးရဲ့အရှင်သခင်ဘုရင်ပါပဲ။ – ဒီနေရာမှာ((Glutathione, GSH))ဆိုတာ(Reduce form)ပါ။သူ့ကိုတိုက်ရိုက်သောက်ရင်(Tripeptide)ဖြစ်နေလို့အစာအိမ်ထဲမှာကြေပျက်သွားနိုင်သလို၊(Reduce form)ဖြစ်နေလို့စောစောစီးစီးလိုအပ်တဲ့နေရာကိုမရောက်ခင်မှာလဲ(Oxidized)ဖြစ်ပြီး(90%)ကျော်လောက်ပျက်စီးသွားနိုင်ပါတယ်။ဂလူတာသိုင်ယွန်ဟာဈေးလဲအလွန်ကြီးပါတယ်။ – အစာအိမ်ထဲမှာကြေညက်သွားရင်သို့မဟုတ်အောက်ဆီဒိုက်ဖြစ်သွားရင်အသုံးဝင်တဲ့(ဂလူတာသိုင်ယွန် GSH)မရတော့ပဲအသုံးမဝင်တော့တဲ့အမီနိုအက်ဆစ်တွေ(ဂလူတာသိုင်ယွန် GSSG)အောက်ဆီဒိုက်ဖြစ်ပြီးသားအမျိုးအစားသို့ပြောင်းလဲသွားနိုင်ပါတယ်။(GSSG)ဆိုတာကတော့(Oxidized Form)ပါ။ဒါကြောင့်(ဂလူတာသိုင်ယွန်)ကိုတိုက်ရိုက်မသောက်ပဲ(N Acetyl Cysteine)(NAC)ကိုသောက်ခိုင်းရတာပါ။ – (N Acetyl Cysteine)ကိုတခြားသော(Amino Acids)တွေအားလုံးပါနေတဲ့(Whey Protein Powder)+(Super B-Complex)+(Bio Zinc C)တွေနဲ့တွဲသောက်လိုက်ရင်တော့၊သွေးထဲမှာ(ဂလူတာသိုင်ယွန်)(GSH)ကိုသေချာပေါက်မြှင့်တင်ပေးနိုင်ပါတယ်။(ဂလူတာသိုင်ယွန်)(GSH)ကြောင့်(Oxidative Stress)တွေကိုပပျောက်စေနိုင်ပါတယ်။ Kelvin A Power

ရောဂါတစ်ခုရဲ့အကြောင်းတရား(Cause)ကိုမကုသပဲ၊ရောဂါကြောင့်ဖြစ်ပေါ်လာရတဲ့အပေါ်ယံအကျိုးလက္ခဏာ(Symptom)တွေကိုကုနေကြတာ

Source from Kelvin A. Power’s Facebook on January 9, 2020 ဒီခေတ်အရှင်းရှင်ဆေးပညာစနစ်ရဲ့ကုသနည်းတွေဟာဘာနဲ့သွားတူနေသလဲဆိုတော့(အနူကိုမီးကင်ပြီးကုပေးနေတာ)နဲ့သွားတူနေပါတယ်။ရောဂါတစ်ခုရဲ့အကြောင်းတရား(Cause)ကိုမကုသပဲ၊ရောဂါကြောင့်ဖြစ်ပေါ်လာရတဲ့အပေါ်ယံအကျိုးလက္ခဏာ(Symptom)တွေကိုကုနေကြတာဟာမတော်တဆတိုက်ဆိုင်မှု့တစ်ခုမဟုတ်တော့ပဲတသက်လုံးစီးပွားဖြစ်အောင်တမင်အကွက်ဆင်ပြီးလုပ်ဆောင်နေတာတွေဖြစ်နေပါတယ်။ – ဥပမာအားဖြင့်နူနေတဲ့လူနာတစ်ယောက်ကဆေးလာကုရင်။အဲဒီလူနာကိုပိုးသတ်ဆေးတွေ၊နူနာပျောက်ဆေးတွေနဲ့ကုသပေးလိုက်ရင်၊အဲဒီအနူကရောဂါတစ်ခါတည်းနဲ့ပျောက်သွားလို့သူ့ဆီကနေပိုက်ဆံတစ်ခါတည်းပဲရလိုက်ပါမယ်။အဲဒီတော့အရင်းရှင်ဆေးကုမ္မဏီတွေကအမြဲရနိုင်အောင်၊ရောဂါဖြစ်လာတဲ့လူတွေအားလုံးကိုလဲနှဖါးကြိုးထိုးထားပြီးသူရှာသမျှငွေတွေအားလုံးသူတို့အိပ်ကပ်ထဲရောက်လာအောင်လူနာကိုပျောက်အောင်မကုတော့ပဲ၊ခဏလေးသက်သာပြီးတော့ပိုပိုဆိုးလာတဲ့နည်းလမ်းတွေကိုပဲရှာဖွေလာကြပါတော့တယ်။ – အနူကို(မီးကင်ခဆေးဖိုးလေး)တောင်းပြီး၊လာပြတိုင်း၊ပြတိုင်းနူနာကိုမီးလေးကင်ကင်ပေးလိုက်တယ်။မီးကင်ပေးလိုက်တော့ခဏလောက်လေးသက်သာသလိုရှိတယ်။နောက်ရက်တွေမှာပိုပိုပြီးဆိုးလာတယ်။ဆိုးလာလေလေမီးကြာကြာကင်ပေးရလေလေဆိုတော့ပိုက်ဆံပိုပိုပြီးတောင်းလို့ကောင်းလေလေပေါ့။ – အနူမီးကင်နည်းကိုလဲအစိုးရဆီမှာပိုက်ဆံပေးပြီးတစ်ယောက်ထဲမောင်ပိုင်စီးနိုင်အောင်မူပိုင်ခွင့်လုပ်ထားလိုက်တယ်။တခြားသဘာဝနည်းနဲ့အနူရောဂါပျောက်တဲ့ဆေးနည်းတွေရှိရင်လဲ၊ပိုက်ဆံပုံပေးပြီး၊(မီဒီညာ)အားတွေသုံးပြီးလိုက်လံဖုံးဖိ၊ဖျက်ဆီးပြစ်လိုက်ကြတယ်။ကြာတော့အဲဒီအနူဟာမွဲပြာကျသွားပြီးနူနာနဲ့ပဲသေတယ်။သူသေသွားတော့သားစဉ်မြေးဆက်ဆပ်လို့မကုန်နိုင်တဲ့ဆေးဖိုးအကြွေးတွေကျန်နေခဲ့တယ်။အလွန်ဝမ်းနည်းစရာပါ။ — ရောဂါတစ်ခုရဲ့အကြောင်းတရား(Cause)ကိုမကုသပဲ၊ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားလက္ခဏာ(Symptom)တွေကိုကုသပေးနေကြတာဟာအလွန်စီးပွားရေးအရတွက်ချေကိုက်တဲ့အလုပ်တခုဖြစ်လာတော့တာပေါ့။ရောဂါဖြစ်လာတဲ့လူတွေအားလုံးကိုနှဖါးကြိုးထိုးပြီးသားဆိုတော့လူနာတသက်လုံးရှာသမျှပိုက်ဆံဟာအရင်းရှင်ဆေးကုမ္မဏီတွေရဲ့ပိုက်ဆံဖြစ်နေပြီလေ။ – အနီးစပ်ဆုံးဥပမာပေးရရင်၊သွေးထဲမှာ(Insulin)တွေသိပ်များပြီး(Insulin)ခုခံမှု့ကြောင့်(Type2)ဆီးချိုရောဂါဖြစ်တယ်။အဲဒါကိုဘာနဲ့ကုသလဲဆိုတော့(Insulin)ခုခံမှု့တွေပိုပိုများလာအောင်နည်းအမျိုးမျိုးသုံးပြီးကုတယ်။အပေါ်ယံအားဖြင့်သွေးထဲမှာခဏတဖြုတ်သကြားဓါတ်လေးနည်းသွားပြီး၊အတွင်းမှာ(insulin)ခုခံမှု့တွေပိုများများလာအောင်လုပ်ပေးတယ်။အတွင်းက(insulin)ခုခံမှု့ကိုမကုပဲ၊သွေးထဲကသကြားဓါတ်လေးခဏနည်းသွားအောင်ကုနေတာဟာအနူကိုမီးကင်ပေးပြီးကုတာနဲ့ဘာမှမထူးခြားပါဘူး။ – သွေးထဲသကြားဓါတ်ကိုထိန်းချုပ်စရာမလိုဘူးလို့မဆိုလိုပါဘူး။ဒါကထိန်းကိုထိန်းချုပ်ရပါမယ်။သို့သော်၊ဆရာဝန်ပေးလိုက်တဲ့သကြားဓါတ်ကျဆေးတွေသောက်ရုံ၊ထိုးရုံနဲ့သကြားဓါတ်တွေကျနေတာကိုကျေနပ်မနေပဲ(Insulin)ခုခံမှု့လျော့နည်းလာတဲ့ဖက်ကိုတစ်နေ့ကိုခြေလှမ်းတစ်လှမ်းလောက်တော့အနည်းဆုံးသွားဖို့လိုအပ်နေပါတယ်။ – မီးကင်ပေးလိုက်ရုံနဲ့အယားသက်သာနေတာကိုကျေနပ်အားရပြီးပီတိဖြစ်နေမယ်ဆိုရင်တော့၊ဒီနူနာနဲ့ပဲမကြာခင်တစ်နေ့အသက်ဆုံးရံှုးရလိမ့်မယ်။။သေရင်တောင်ကိုယ့်ဆေးကြွေးတွေသူများအပေါ်တင်ကျန်နေခဲ့ဦးမယ်။ – ခဏလေးသက်သာစေတဲ့အနူမီးကင်ဆေးတွေအားကိုးပြီးဇာတ်မြောကြီးလိုက်နေမယ့်အစား၊တကယ်ကျန်းမာမယ့်ဖက်ကိုတစ်နေ့ခြေတလှမ်းရရင်ခြေတလှမ်းလောက်တော့လျှောက်လှမ်းလိုက်ပါ။ရေရှည်မှာမတူညီတဲ့အကောင်းဖက်ပြောင်းလဲမှု့တခုကိုရရှိပါလိမ့်မယ်။ဘယ်လောက်ဝေးတဲ့ခရီးဖြစ်ပါစေ၊ခြေတလှမ်းကနေစခဲ့ရတာပါပဲ။ – Kelvin A Power ————-

ဆီးချို(Type1)နဲ့(Type2)ကလုံးဝမတူဘူးဆန့်ကျင်ဖက်ပါ

Source from Kelvin A. Power’s Facebook on January 9, 2020 မြန်မာပြည်ကဆီးချိုဖြစ်နေတဲ့ရောဂါသယ်တွေတော့ဒုက္ခပါပဲ။မေးကြည့်ရင်(Type1)လား(Type2)လားကိုယ့်ကိုကိုယ်သေချာမသိကြတာများတယ်။အဲဒါသိပ်ခက်တယ်ဗျာ။(Type1)နဲ့(Type2)ကလုံးဝမတူဘူးဆန့်ကျင်ဖက်ပါ၊သတိထားပါ။ – Type(2)က (Insulin resistant)ကြောင့်ဖြစ်တာ၊ Type(1)ကတော့(Autoimmune)ရောဂါ၊ခုခံမှုစနစ်က၊ပန်ခရိယကိုတိုက်ခိုက်ဖျက်ဆီးပြစ်လို့ဖြစ်တာ။ Type(1)ကိုအော်တိုအင်မြူးလို့သဘောထားပြီးမကုပဲနဲ့ဆီးချိုဆိုပြီးကုရင်ဘယ်တော့မှသက်သာလာမှာမဟုတ်ဘူး။ – Kelvin A Power

(SLE)အပါအဝင်(Autoimmune) ရောဂါအတွက်ဘာသောက်ရမလဲ

Source from Kelvin A. Power’s Facebook on January 9, 2020 အစောတလျှင်လာမေးထားတဲ့လူတွေများနေလို့၊(SLE)အပါအဝင်(Autoimmune) ရောဂါအတွက်ဘာသောက်ရမလဲဆိုတာနောက်မှအကျယ်ချဲ့ရေးပေးပါမယ်။ မစောင့်နိုင်ပဲအခုလောလောဆယ်အမြန်သက်သာချင်ရင်တော့၊ – NAC တစ်ရက်စုစုပေါင်း(၆)လုံး၊မနက်နေ့လည်ည၊၃ကြီမ်ခွဲပြီးတစ်ကြိမ်(၂)လုံးစီ – Bio Zinc C တစ်ရက်စုစုပေါင်း(၂)လုံး၊ညမနက်နှစ်ကြီမ်ခွဲပြီးတစ်ကြိမ်(၁)လုံးစီ – Super antioxidant တစ်ရက်စုစုပေါင်း(၆)လုံးမနက်နေ့လည်ည၊၃ကြီမ်ခွဲပြီးတစ်ကြိမ်(၂)လုံးစီ – Fish Oil တစ်ရက်စုစုပေါင်း(၆)လုံးမနက်နေ့လည်ည၊၃ကြီမ်ခွဲပြီးတစ်ကြိမ်(၂)လုံးစီ – Super B Complex တစ်ရက်စုစုပေါင်း (၂ )လုံး၊ညမနက်နှစ်ကြီမ်ခွဲပြီး တစ်ကြိမ်(၁)လုံးစီ – Vitamin D3 (10,000 IU) တစ်ရက်တစ်လုံး – အစာစားခါနီးမှာသောက်လို့ရပါတယ်။ – (PUFA Fat)ခေါ်၊Omega-6 Polyunsaturated Fat တွေ Vegetable Oil တွေရှောင်ပါ။(18:2, n6)Fat …

(SLE)အပါအဝင်(Autoimmune) ရောဂါအတွက်ဘာသောက်ရမလဲ Read More »

အပိုင်း(၄)(Autoimmune)ရောဂါဖြစ်လာရခြင်း၏အခြေခံအကြောင်းတရားများ။

Source from Kelvin A. Power’s Facebook on January 6, 2020 ဒီအပိုင်း(၄)မှာဖေါ်ပြမယ့်သဘောတရားတစ်ခုဟာ(AUTOIMMUNE)ရောဂါသည်တွေအတွက်အလွန်အရေးကြီးလို့သေချာနားလည်အောင်ဖတ်ကြဖို့တော့လိုအပ်ပါတယ်။ဒီရောဂါဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းအရင်းတွေထဲမှာရေရှည်ယောင်ရမ်းမ့ှု(Chronic Inflammation)ကလဲတခုအပါအဝင်ဖြစ်နေတယ်ဆိုတာကိုအပိုင်း(၃)မှာရေးသားခဲ့ပြီးပါပြီ။ဒီအပိုင်းမှာတော့ရေရှည်ယောင်ရမ်းမ့ှုဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းတရားနှစ်ခုဖြစ်တဲ့(Oxidative Stress)နဲ့(omega 6 to omega 3 ratios)အကြောင်းကိုဆက်ရေးပေးမှာဖြစ်ပါတယ်။ – ဒီကနေ့ခေတ်လူအများစုမှာဖြစ်နေကြတဲ့အသဲ၊နှလုံး၊သွေးတိုး၊ဆီးချို၊ကျောက်ကပ်၊အော်တိုအင်မြူး၊ကင်ဆာအစရှိသည့်နာတာရှည်ရောဂါတွေအားလုံးဟာရေရှည်ယောင်ရမ်းမှု့(Chronic Inflammation)ကြောင့်ဖြစ်ရတာဖြစ်ပြီး၊ရေရှည်ယောင်ရမ်းမှု့ကိုဖြစ်ပေါ်စေတဲ့အဓိကတရားခံလက်သည်ကတော့(Oxidative Stress)ပါပဲ။(Oxidative Stress)နဲ့မပါတ်သက်ပဲနဲ့ဖြစ်တဲ့နာတာရှည်ရောဂါဆိုတာမရှိပါဘူး။ — အော်တိုအင်မြူး၊ရောဂါတွေကိုဒီခေတ်ဆေးပညာနဲ့ဆေးရုံဆေးခန်းတွေ၊ဆရာဝန်တွေကုသပေး၍မပျောက်ကင်းနိုင်လို့၊ဒီရောဂါရဲ့နှိပ်စက်မှု့ဒဏ်ကိုဆရာဝန်၊ဆေးပညာရှင်တွေကိုယ်တိုင်တောင်ခံစားနေကြရပါပြီ။ဒီရောဂါတွေဖြစ်ပေါ်ရလာတဲ့အကြောင်းတရားအမှန်ကို(ဃ၊ဂ၊ဏ၊န)မသိကြလို့ဘယ်လိုမှကုသလို့မပျောက်ကင်းနိုင်ပါဘူး။ — ကမ္ဘာပေါ်မှာရှိတဲ့ဆေးပညာရှင်တွေအားလုံးနီးပါးဟာဒီရောဂါအပေါ်မှာအသိမှားကြီးတစ်ခုနဲ့ပြောင်းပြန်သိထားကြပါတယ်။ဒီလိုအမှားကြီးသိထားရင်တော့ရောဂါပျောက်ဖို့ဘယ်လိုမှမဖြစ်နိုင်ပဲ၊ပိုပိုပြီးတော့ဆိုးလာပါလိမ့်မယ်။ – (Autoimmune)ရောဂါကိုအားလုံးကဘယ်လိုအမှားသိထားကြသလဲဆိုတော့၊“မိမိရဲ့ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြီးမှားယွင်းတိုက်ခိုက်ဖျက်ဆီးမိတယ်လို့”သိထားကြပါတယ်။ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုလိုက်တော့ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားတယ်၊(Crazy)ဖြစ်သွားတယ်၊(Stupid)ဖြစ်သွားတယ်လို့အဓိပ္ပါယ်ရပါတယ်။ – ကျွန်တော်ကလဲ(Oxidative Stress)အကြောင်းမရေးခင်မှာစောစောစီးစီးလူအများနဲ့အငြင်းမပွားချင်သေးလို့၊မပြီးခင်မှာဗမာမမြင်စေနဲ့ဆိုတဲ့အတိုင်း၊အများနည်းတူပဲ၊ဒီရောဂါကိုမိမိရဲ့ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြီးမှားယွင်းတိုက်ခိုက်မိတယ်လို့အရင်တုံးကအလွယ်နည်းနဲ့ပဲလူအများနားလည်အောင်သုံးနုန်းရေးသားခဲ့ဖူးပါတယ်။ဒါပေမဲ့ဒီအချက်ဟာမမှန်ကန်ပါဘူး။ – အမှန်က”မိမိရဲ့ခုခံမှု့စနစ်ဟာမဖေါက်ပြန်၊မပျက်စီးသွားပါဘူး၊အကောင်းပကတိပါ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်နေတာဟာလဲမှားယွင်းပြီးတိုက်ခိုက်နေတာမဟုတ်ပါဘူး။တိုက်ခိုက်ဖျက်ဆီးဖို့လိုအပ်တယ်ထင်လို့ကိုတမင်တိုက်ခိုက်ဖျက်ဆီးပြစ်နေတာပါ။” – ဒီလိုအားလုံးနဲ့အမြင်မတူပဲဆန့်ကျင်ဖက်သဘောကိုပြောလိုက်တော့စာဖတ်နေသူတွေနားမလည်တော့ပဲမျက်စိလည်သွားမှာသေချာပါတယ်။ကျွန်တော့်ရဲ့အမြင်ဟာ၊အများနဲ့မတူပဲထူးခြားဆန့်ကျင်နေတဲ့အမြင်မျိုးဖြစ်နေလို့၊ဒီအမြင်ကြောင့်ပဲထူးခြားတဲ့အကျိုးရလဒ်တစ်ခုကိုလူးသားတွေကောင်းကျိုးအတွက်ဖြစ်ပေါ်လာစေနိုင်ပါတော့တယ်။ – အရှင်းဆုံးဥပမာပေးရရင်၊မြန်မာစာလုံးအက္ခရာနဲ့(က၊ဂ၊က)ဆိုပြီးတော့စာရွက်တစ်ရွက်ပေါ်မှာအတည့်ကြီးရေးထားပေးတာကို၊စာဖတ်တဲ့လူတွေကစာရွက်ကိုပြောင်းပြန်ကြည့်လိုက်ပြီး၊(ယ၊ပ၊ယ)ဆိုပြီးတော့မှားယွင်းဖတ်လိုက်မိရင်၊စာကြောင်းတစ်ကြောင်းရဲ့မူရင်းအဓိပ္ပါယ်ကိုမရပဲနဲ့တက်တက်စင်အောင်လွဲချော်သွားတတ်ပါတယ်။ – ဒီခေတ်ဆေးပညာရှင်တွေအားလုံးက(Autoimmune)ရောဂါအကြောင်းကိုပြောင်းပြန်ကြီးဖတ်နေကြပါတယ်။ဒီရောဂါအကြောင်းကိုကျွန်တော်မြင်နေတာကသူတို့နဲ့လုံးဝမတူပဲတစ်မျိုးတစ်ဖုံထူးခြားကွဲပြားနေပါတော့တယ်။ — အော်တိုအင်မြူးရောဂါကိုအားလုံးက၊ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးမှားယွင်းတိုက်ခိုက်ဖျက်ဆီးမိတယ်လို့အဓိပ္ပါယ်ဖွင့်ကြပါတယ်။ကျွန်တော်ကတော့၊အများနဲ့ဆန့်ကျင်ပြီးခုခံမှု့စနစ်ဟာမဖေါက်ပြန်မပျက်စီးသွားပဲအကောင်းပကတိဖြစ်နေပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုလိုအပ်တယ်ထင်လို့ကိုတမင်ရည်ရွယ်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတယ်လို့အဓိပ္ပါယ်ဖွင့်ပါတယ်။ – အထက်ပါအဓိပ္ပါယ်နှစ်ခုဟာ(က၊ဂ၊က)နဲ့(ယ၊ပ၊ယ)လိုတစ်ခုနဲ့တစ်ခုအမြင်မတူပဲပြောင်းပြန်ကြီးဆန့်ကျင်နေတာကိုအားလုံးနားလည်သဘောပေါက်ကြမှာပါ။ဒီတော့နောက်တဆင့်မှာဒီရောဂါအကြောင်းကိုနားလည်တာချင်းမတူတော့ကုသပုံတွေ၊ကာကွယ်ပုံတွေဟာလုံးဝကိုဆန့်ကျင်ဖက်ကွဲပြားသွားတာကိုဆက်ပြီးလေ့လာကြည့်ကြပါစို့။ — တစ်ကမ္ဘာလုံးက၊ခုခံမှု့စနစ်ဟာဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြီးမှားယွင်းတိုက်ခိုက်ဖျက်ဆီးမိနေတယ်လို့နားလည်ထားတဲ့အတွက်၊ရောဂါရဲ့လက်သည်တရားခံဟာမိမိရဲ့ခုခံမှု့စနစ်သာလျှင်ဖြစ်သွားပါတော့တယ်။ဒီရောဂါရဲ့ရန်သူဟာလဲမိမိရဲ့ခုခံမှု့စနစ်သာလျှင်ဖြစ်သွားပါတော့တယ်။ဆိုလိုတာကဆေးကုသတဲ့အချိန်မှာလဲဒီလိုဖေါက်ပြန်ပျက်စီးသွားတဲ့၊(Crazy)ဖြစ်သွားတဲ့၊(Stupid)ဖြစ်သွားတဲ့မိမိရဲ့ခုခံမှု့စနစ်ကိုသာလျှင်အဓိကပြစ်မှတ်ထားပြီးဖိနှိပ်၊ချိုးနှိမ်၊ဖျက်ဆီးပြစ်ပြီးကုသကြပါတော့တယ်။ – လူတွေဟာရောဂါရဲ့အမှန်တကယ်သဘောသဘာဝကိုအမှားကြီးသိထားလိုက်တော့မိမိရဲ့ခုခံမှု့စနစ်ကိုသာလျှင်ပြစ်မှတ်ထားကုသကြတဲ့အတွက်ကုသနည်းဟာလဲတက်တက်စင်အောင်လွဲမှားသွားပြီပေါ့ဗျာ။မိမိရဲ့ခုခံမှု့စနစ်ကိုသာလျှင်ပြစ်မှတ်ထားတိုက်ခိုက်တာဟာ“ဇရက်ကိုဂျိုးထင်၊သမက်ကိုသူခိုးထင်”ဆိုတဲ့ဟာမြန်မာစကားပုံတစ်ခုနဲ့သွားတိုက်ဆိုင်နေပါတော့တယ်။ကုသနည်းလွဲမှားသွားပြီဆိုရင်တော့ရောဂါမပျောက်တဲ့အပြင်အန္တရာယ်တွေပါပိုများလာတော့တာပေါ့။ — ဒီလိုမှားယွင်းနေတဲ့အမြင်ကြောင့်၊ဒီခေတ်ဆရာဝန်တွေအများစုဟာမိမိရဲ့ခုခံမှု့စနစ်ကိုချိုးနှိမ်၊ဖျက်ဆီးပြစ်ဖို့(immunosuppressant drugs)တွေနဲ့ကုသကြတော့တာပါပဲ။ခုခံမှု့စနစ်ကိုချိုးနှိမ်ဖျက်ဆီးပြစ်တာဟာရေရှည်မှာဘယ်လောက်ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေဝင်လာမလဲဆိုတာကိုလဲဒီဆေးတွေပေးနေကြတဲ့ဆရာဝန်တိုင်းသိနေကြပါတယ်။ခုခံမှု့စနစ်ကိုချိုးနှိမ်၊ဖျက်ဆီး၊နှိပ်ကွပ်ပြစ်တဲ့အတွက်၊မိမိမှာခုခံမှု့အားနည်းနေတဲ့(immunodeficiency)အခြေအနေဆိုးမျိုးဖြစ်ပေါ်လာနိုင်ပြီးဘေးကနေတခြားကူးစက်ရောဂါအမျိုးမျိုးတွေဝင်ရောက်လာနိုင်ပါတယ်။ — (immunodeficiency)အခြေအနေဆိုတာကတော့တခြားမဟုတ်ပါဘူး၊(Human Immunodeficiency Virus)ခေါ်(HIV)ဗိုင်းရပ်ကူးစက်ချင်းခံနေရတဲ့(AIDS)ရောဂါသယ်များကဲ့သို့ခုခံမှု့စနစ်အားနည်းပျက်စီးသွားပြီးဘေးကနေဝင်ရောက်လာတဲ့တခြားသောရောဂါအသစ်တွေရဲ့(ဘေးဝင်ဆိုးကျိုး)တွေကိုလဲရရှိနိုင်ပါတယ်။ဒီအချက်ကိုဒီရောဂါကုသနေကြတဲ့ဆရာဝန်တွေအားလုံးကလဲသိကြပါတယ်။ …

အပိုင်း(၄)(Autoimmune)ရောဂါဖြစ်လာရခြင်း၏အခြေခံအကြောင်းတရားများ။ Read More »

ရောဂါဖြစ်လာတော့မှဆေးကုတာဟာ၊ခြေဖဝါးကိုသံစူးတော့မှဆွဲနုတ်ပြီးဆေးထည့်တာနဲ့သွားတူနေပါတယ်။

Source from Kelvin A. Power’s Facebook on January 5, 2020 ရောဂါဖြစ်လာတော့မှဆေးကုတာဟာ၊ခြေဖဝါးကိုသံစူးတော့မှဆွဲနုတ်ပြီးဆေးထည့်တာနဲ့သွားတူနေပါတယ်။ဆေးထည့်လိုက်လို့အနာပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ၊သံစူးပြီဆိုကတည်းကအနာခံလိုက်ရတာကတော့အမှန်ပါပဲ။ – တစ်ကယ်လို့သာကြိုတင်ပြီးဖိနပ်စီးထားရကောင်းမှန်းသိခဲ့မိရင်ဒီလိုမဖြစ်နိုင်ပါဘူးလို့နှောင်တရနေမှာကတော့အမှန်ပါပဲ။ကျန်းမာအောင်နေတယ်ဆိုတာကလဲဖိနပ်စီးထားတာနဲ့သွားတူနေလို့နှောင်တဆိုတာကင်းရှင်းပါတယ်။ – ရောဂါအမျိုးမျိုးဖြစ်လာတော့မှပျောက်ကင်းချင်တယ်ဆိုရင်တော့ဆေးတွေကလဲအမျိုးမျိုးရှာဖွေကုသရလို့ပျောက်ကင်းဖို့အလွန်ခက်ခဲပါတယ်။ – သို့သော်ကျန်းမာခြင်းတစ်မျိုးတည်းကိုသာအလိုရှိပါတယ်ဆိုရင်တော့ဆေးကလဲတစ်မျိုးတည်းပါပဲ။အဲဒီဆေးကတော့မိမိနှင့်သင့်လျှော်တဲ့(အဟာရ)ပါပဲ။ – (ဧကောဓမ္မောအဟာရော)ဆိုတဲ့အတိုင်း၊တစ်ခုတည်းသောတရားဟာ(အဟာရ)ပါပဲ။ဖြည့်စွတ်စာသောက်သုံးတယ်ဆိုတာကလဲအဟာရတွေစားသုံးနေတာပါပဲ။ Kelvin Albert Power 402Star Lay, ရင် ငြိမ်းအေး and 400 others 5 Comments 65 Shares Like   Comment Share

လူတစ်ယောက်ကိုနုပျိုတယ်၊အိုတယ်၊အသက်ကြီးတယ်၊ငယ်တယ်လို့ပြောချင်ရင်၊သူ့ရဲ့မွေးသက္ကရာဇ်ကိုကြည့်ပြီးပြောလို့မရနိုင်ပါဘူး။

Source from Kelvin A. Power’s Facebook on January 5, 2020 ကားတစ်စီးကိုဝယ်မယ်ဆိုရင်ထုတ်လုပ်တဲ့ခုနှစ်ကိုကြည့်ပြီးတော့၊လတ်နေသေးသလားအိုမင်းရင့်ရော်နေပြီလားဆိုတာကိုတိတိကျကျပြောလို့မရနိုင်ပါဘူး။အဲဒီကားကိုပိုင်ရှင်ကဘယ်လိုသပ်သပ်ရပ်ရပ်ပြုပြင်ထိန်းသိမ်းထားခဲ့သလဲဆိုတဲ့အပေါ်မှာသွားပြီးမူတည်နေပါတယ်။ — ဒီအတိုင်းပါပဲ၊လူတစ်ယောက်ကိုနုပျိုတယ်၊အိုတယ်၊အသက်ကြီးတယ်၊ငယ်တယ်လို့ပြောချင်ရင်၊သူ့ရဲ့မွေးသက္ကရာဇ်ကိုကြည့်ပြီးပြောလို့မရနိုင်ပါဘူး။သူ့ရဲ့ကျန်းမာရေးလိုက်စားမူ့အပေါ်မှာသွားပြီးမူတည်နေပါတယ်။ — ဆိုလိုတာက၊လူဆိုတာ(မအိုအောင်၊မနာအောင်၊မသေအောင်)လုပ်လို့တော့မရပေမဲ့၊(အရွယ်တင်နုပျိုအောင်၊အနာရောဂါကင်းအောင်၊အသက်ရှည်အောင်)တော့လုပ်ယူလို့ရပါတယ်။ Kelvin Albert Power

Shopping Cart