admin

ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။)

Source from Kelvin A. Power’s Facebook on February 26, 2020   ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။) (Conoravirus)ဟာကမ္ဘာပေါ်မှာနိုင်ငံပေါင်း(၄၀)ကျော်အထိကူးစက်ပြန့်ပွားနေကြပြီး၊ဒီရောဂါကိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်တဲ့(Pendamic disease)အဖြစ်အမည်တတ်မယ်ဆိုရင်တတ်လို့ရနေပါပြီ။သို့သော်(WHO)က၊ကမ္ဘာ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်ပျက်စီးမှာစိုးရိမ်လို့(Pendamic)လို့နာမည်မတတ်သေးတာကလွဲလို့အမှန်တစ်ကယ်အားဖြင့်တော့ (Pendamic)လို့ခေါ်တဲ့ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုအဖြစ်နဲ့ကမ္ဘာကြီးတစ်ခုလုံးကိုခြိမ်းခြောက်နေပြီဆိုတာလူတိုင်းသိနေပါပြီ။ — ထူးထူးခြားခြားအီရန်မှာမထင်မှတ်ထားလောက်အောင်ကိုသေပျောက်နုန်းတွေအလွန်မြင့်မားနေပြီး၊တောင်ကိုရီးယားမှာတော့ရောဂါထိန်းချုပ်လို့မရနိုင်လောက်အောင်ပြန့်ပွားနေပါတယ်။ပိုထူးခြားတာကတရုတ်နဲ့ဘာမှမဆီမဆိုင်၊မပါတ်သက်၊ထိစပ်မှု့လဲမရှိတဲ့အီတလီနိုင်ငံမှာပါအကြီးအကျယ်ကိုကူးစက်ပြန့်ပွားနေပြီး၊ဥရောပနိုင်ငံတွေအားလုံးကိုဒီရောဂါကြီးကအကြီးအကျယ်ကိုခြိမ်းခြောက်နေပါပြီ။ — ဒါပေမဲ့အဲဒါတွေကသိပ်မထူးဆန်းပါဘူး။အထူးဆန်းဆုံးကတော့မြန်မာနိုင်ငံပါပဲ။ကမ္ဘာပေါ်မှာတရုတ်နဲ့ဆက်ဆံမှု့အများဆုံးနဲ့တရုတ်အဝင်အထွက်အများဆုံးနိုင်ငံတစ်ခုဟာမြန်မာနိုင်ငံပါပဲ။လွန်ခဲ့တဲ့နှစ်ကကျွန်တော်မြန်မာပြည်ကိုပြန်ရောက်တော့မန္တလေးကိုရောက်တုံး၊ဦးပိန်တံတားကိုသွားလည်ပါတ်ခဲ့ပါတယ်။ထူးဆန်းတာကဦးပိန်တံတားပေါ်မှာပြည့်နေတဲ့လူတွေအားလုံးထဲက(၇၀)ရာနှုန်းကျော်လောက်ဟာဗမာစကားတစ်လုံးမှမပြောတတ်ကြတဲ့တရုတ်နိုင်ငံပြည်ကြီးသားတွေဖြစ်နေကြပါတယ်။ – ကျွန်တော်ဗမာလိုပြောရင်လဲအဲဒီလူတွေနားမလည်ကြပါဘူး။ကျွန်တော်လဲကိုယ့်ကိုကိုယ်ဦးပိန်တံတားပေါ်ကိုရောက်နေတာလား၊ဒါမှမဟုတ်တရုတ်ပြည်က(ဂရိတ်ဝေါ)တံတိုင်းကြီးပေါ်ကိုများရောက်နေပြီလားဆိုတာဇဝေဇဝါတောင်ဖြစ်နေမိခဲ့ပါတယ်။ဆိုလိုတာကတရုတ်အဝင်အထွက်အများဆုံးတိုင်းပြည်ဆိုတာဟာမြန်မာပြည်ပါပဲ။ — တချို့ကပြောကြတယ်။မြန်မာပြည်မှာသေချာတိုင်းတာနိုင်တဲ့ဆေးပညာဆိုင်ရာကျွမ်းကျင်မှု့တွေမရှိသေးလို့ကိုရိုနာဗိုင်းရပ်ကိုရှာမတွေ့သေးတာနေမှာပါ။တစ်ကယ်တော့ဒီရောဂါဟာလူမသိပဲမြန်မာလူမျိုးတွေမှာဖြစ်ပွားကူးစက်နေမှာကတော့သေချာပါတယ်လို့အမျိုးမျိုးထင်ကြေးတွေပေးနေကြပါတယ်။ကျွန်တော်လဲအရင်တုံးကတော့ဒီအတိုင်းပဲထင်မြင်ယူဆခဲ့ဖူးပါတယ်။အဲဒီတုံးကဇန်နဝါရီလကုန်လောက်တုံးကပါ။ — အခုအခါမှာတော့အစိုးရကျန်းမာရေးဌာနကစစ်ဆေးတွေ့ရှိမှု့မရှိလို့ပဲဖြစ်ဖြစ်၊တမင်ဖုံးဖိထားလို့ပဲဖြစ်ဖြစ်၊ဘယ်လိုပဲဖြစ်ဖြစ်အချိန်အတိုင်းအတာတစ်ခုအထိလောက်အထိပဲဖုံးဖိထားနိုင်ကြမှာပါ။သို့သော်အချိြန်ကာလာရင်တော့အစိုးရကျန်းမာရေးဌာနတွေကရှာဖွေတွေ့ရှိထားသည်ဖြစ်စေ၊ဖုံးကွယ်ထားသည်ဖြစ်စေ၊လူတွေတစ်ကယ်သေပျောက်များလာပြီဆိုရင်တော့ဆက်ပြီးဖုံးဖိလို့မရနိုင်ပါဘူး။ — တရုတ်ပြည်နဲ့လဲတိုက်ရိုက်ထိစပ်နေတဲ့အပြင်၊တရုတ်နဲ့လဲဆက်ဆံမှု့အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့မြန်မာနိုင်ငံဟာ၊တစ်ကယ်လို့ဒီကပ်ရောဂါဆိုးကူးစက်ခဲ့မယ်ဆိုရင်ဇန်နဝါရီလမကုန်ခင်လောက်ကတည်းကစပြီးကူးစက်ပြီးနေလောက်ပါပြီ။ — တစ်ကယ်လို့အစိုးရကျန်းမာရေးဌာနကမကျွမ်းကျင်လို့ပဲဖြစ်ဖြစ်၊ခေတ်မှီစက်ပစ္စည်းတွေမရှိလို့ပဲဖြစ်ဖြစ်ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု့ကိုမတိုင်းတာနိုင်ခဲ့ဘူးဆိုရင်တောင်၊တစ်လလောက်အကြာမှာဖြစ်တဲ့ဖေဖေါ်ဝါရီလကုန်မှာဆိုရင်တကယ်လို့ဇန်နဝါရီလကတည်းကလူမသိပဲကူးစက်ခံရတဲ့မြန်မာနိုင်ငံသားတွေရှိနေခဲ့မယ်ဆိုရင်တစ်လအကြာအချိန်ဖြစ်တဲ့အခုလောက်ဆိုရင်အသက်တွေတောင်ဆုံးရံှုးထိခိုက်နေနိုင်ပါပြီ။ – ဒါပေမဲ့ဒီလောက်ပွင့်လင်းမြင်သာတဲ့မီဒီယာခေတ်ကြီးမှာမြန်မာတစ်ယောက်မှဒီဗိုင်းရပ်စ်ကြောင့်သေဆုံးမှု့မရှိတာဟာအလွန်အင်မတန်မှအံ့သြစရာကောင်းလွန်းတဲ့ထူးခြားချက်တစ်ခုပါပဲ။ — အခုဖေဖေါ်ဝါရီလကုန်တော့မယ်။တစ်ကယ်လို့သာမတ်လလယ်လောက်မှမြန်မာပြည်ကိုဒီဗိုင်းရပ်စ်မကူးစက်မပြန့်ပွားလာဘူးဆိုရင်တော့၊ဒီဗိုင်းရပ်စ်ဟာမြန်မာပြည်ကိုကူးစက်ပြန့်ပွားဖို့မလွယ်ကူတော့ပါဘူး။ဒီဗိုင်းရပ်စ်ဟာတစ်ကမ္ဘာလုံးကိုကူးစက်ပြန့်ပွားနေပြီး၊မြန်မာလူမျိုးတွေမှာကြတော့ဘာကြောင့်မကူးစက်မပြန့်ပွားနိုင်သလဲလို့မေးမယ်ဆိုရင်တော့၊ဘယ်သူမှသေသေချာချာတိတိကျကျမသိနိုင်၊မပြောနိုင်ပါဘူး။ — ဒီအလွန်ထူးခြားတဲ့အဖြစ်အပျက်ဘာကြောင့်ဖြစ်ပေါ်ရသလဲလို့မေးမယ်ဆိုရင်၊ဘယ်ဆေးပညာရှင်တွေ၊ဘယ်သိပ္ပံပညာရှင်တွေမှလဲတိတိကျကျပြောနိုင်ဖြေနိုင်မှာမဟုတ်ပါဘူး။(WHO)ကလူတွေကိုသွားမေးရင်လဲဘယ်သူမှမသိနိုင်၊မဖြေနိုင်တဲ့မေးခွန်းတစ်ခုပါပဲ။ — ကမ္ဘာမှာအထူးခြားဆုံးအရာတစ်ခုလိုဖြစ်နေပြီး၊ဒီကိစ္စကိုဘယ်သူကမှသေသေချာချာသုတေသနတွေလုပ်ထားတာတွေမရှိသေးလို့ကျွန်တော်လဲတိတိကျကျတော့မပြောနိုင်၊မသိနိုင်သေးပါဘူး။ဒါပေမဲ့တစ်ကယ်လို့သာမတ်လလယ်လောက်မှာမှမြန်မာပြည်ကိုဒီရောဂါမကူးလာဘူးဆိုရင်တော့ကျွန်တော့်အထင်၊အဖြစ်နိုင်ဆုံးထူးခြားမှု့တစ်ခုက၊မြန်မာလူမျိုးတွေရဲ့သွေးထဲမှာသဘာဝအလျှောက်(Coronavirus)ရောဂါပိုးကိုကာကွယ်ပေးနိုင်တဲ့အလွန်ထူးခြားတဲ့(Anti-body)တစ်မျိုးမျိုးဟာအကြောင်းတခုခုကြောင့်၊အလိုလိုရှိနှင့်နေတယ်လို့ယူဆရမလိုဖြစ်နေပါတယ်။ — ဒီအယူအဆဟာအလွန်ဆန်းကျယ်နေလို့မဖြစ်နိုင်ဘူးလို့ပြောကြမှာပါ။ဒါပေမဲ့ဖြစ်နိုင်ချေလဲအများကြီးရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့အခုခောတ်ကမ္ဘာပေါ်မှာတစ်ခြားနိုင်ငံလူမျိုးအများစုတွေရဲ့သွေးတွေထဲမှာမတွေ့ရသလောက်နည်းသွားပြီး၊မြန်မာနိုင်ငံသားအားလုံးနီးပါးရဲ့သွေးတွေထဲမှာသာလျှင်အများဆုံးတွေ့ရတဲ့(Anti-body)သုံးမျိုးထဲကတစ်မျိုးမျိုးကြောင့်လဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။အဲဒီ(human antibodies)သုံးမျိုးကတော့(Ede1-C10, Ede2-A11, Ede2-B7)တွေပါပဲ။ – အဆိုပါ(Anti-Body)သုံးမျိုးဟာ(Coronavirus)ကိုကာကွယ်ဖို့အတွက်(Anti-Body)တွေအဖြစ်နဲ့မြန်မာလူမျိုးတွေရဲ့သွေးတွေထဲမှာကြိုတင်ပြီးရှိနေတာတော့မဟုတ်ပါဘူး။နေ့လည်ဖက်မှာပဲထွက်ကိုက်တတ်တဲ့ခြင်ပုန်းတွေကသယ်ဆောင်လာတဲ့ကူးစက်ရောဂါတွေကြောင့်၊မြောင်းပုတ်ရေပုတ်တွေများပြီးခြင်အကိုက်ခံရမှု့များတဲ့မြန်မာလူမျိုးတွေရဲ့ခုခံမှု့စနစ်မှာအလိုလိုရှိနေတာပါပဲ။မြန်မာပြည်မှာနေထိုင်ပြီးခြင်ပုန်းတခါမှအကိုက်မခံရဖူးတဲ့လူဆိုတာမရှိသလောက်ကိုရှားပါတယ်။ — ညစ်ပါတ်စုတ်ပြတ်နေတဲ့မြောင်းပုတ်တွေထဲမှာနေထိုင်ပြန့်ပွားကြပြီး၊နေ့လည်ကြောင်တောင်ထွက်ကိုက်တတ်တဲ့၊ဒီခြင်ပုန်းတွေကြောင့်ဖြစ်ရတဲ့(Dengue)သွေးလွန်တုတ်ကွေးရောဂါမျိုးတွေဟာ၊တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ရာသီဥတုအေးချမ်းတဲ့နိုင်ငံတွေမှာအဖြစ်နည်းသွားပြီဖြစ်သော်လဲ၊ပူပြင်းပြီးမြောင်းပုတ်တွေသိပ်များတဲ့မြန်မာပြည်မှာကတော့အမြဲတန်းကူးစက်ဖြစ်ပွားနေတဲ့ထူးခြားတဲ့အိမ်ရှင်ရောဂါတစ်မျိုးပါပဲ။(Dengue)ရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်(၄)မျိုးဟာခြင်ပုန်းကိုက်ခံတဲ့မြန်မာနိုင်ငံသားတွေအားလုံးနီးပါးကိုအမြဲကူးစက်ခံနေရပါတယ်။ — အဲဒီဗိုင်းရပ်စ်(၄)မျိုးကတော့(DENV1, DENV2, DENV3, DENV4)တွေပါပဲ။ခြင်ပုန်းအကိုက်ခံရတဲ့လူတိုင်းရဲ့ခန္ဓာကိုယ်မှာဖျားနာသည်ဖြစ်စေ၊မဖျားနာသည်ဖြစ်စေ၊အဲဒီဗိုင်းရပ်စ်လေးမျိုးကတစ်မျိုးမျိုးဖြစ်စေ၊လေးမျိုးလုံးဖြစ်စေ၊သွေးထဲကိုကူးစက်ခြင်းခံရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတိုင်းမှာလိုလိုအဲဒီဗိုင်းရပ်စ်လေးမျိုးကိုကာကွယ်ပေးနိုင်တဲ့(Antibody)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7)တွေအမြဲရှိနေတတ်ပါတယ်။ခြင်ပုန်းအကိုက်မခံရတဲ့မြန်မာနိုင်ငံသားတွေဆိုတာအလွန်နည်းလို့လူတိုင်းနှီးပါးမှာဒီ(Antibodies)တွေရှိနေတာဟာမထူးဆန်းပါဘူး။ — ဒီ(Anti …

ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။) Read More »

Donations (Men & Women Multivitamin A to Z) and (Bio Zinc C)

Source from Kelvin A. Power’s Facebook on February 22, 2020   မန္တလေးကပုဂ္ဂိုလ်များအောက်ကလင့်ခ်မှာသွားပြီးဆေးအလှူခံပေးကြဖို့နိုးဆော်အပ်ပါသည်။https://www.facebook.com/groups/1369923443161697/permalink/1541102922710414/

(Wuhan COVID-19)ကူးစက်ရောဂါဗိုင်းရပ်နဲ့ပါတ်သက်လို့

Source from Kelvin A. Power’s Facebook on February 15, 2020 (Human Coronavirus)နဲ့ပါတ်သက်ပြီးလူတချို့က(H-COV)ဟာလူ့ခန္ဓာကိုယ်အပြင်ဖက်မှာအကြာကြီးအသက်မရှင်သန်နိုင်ဘူးလို့(Facebook)တွေမှာရေးသားဖြန့်ဝေနေကြတာဖတ်လိုက်ရလို့၊အဲဒါဟုတ်မှန်ပါသလားဆရာဆိုပြီး၊ကျွန်တော့်ကိုလာမေးကြပါတယ်။ – အားလုံးကိုအထူးသတိပေးချင်တာကတော့၊ဒီအချိန်မှာ(Wuhan COVID-19)ကူးစက်ရောဂါဗိုင်းရပ်နဲ့ပါတ်သက်လို့သုတေသအထောက်အထားမခိုင်မာတဲ့သတင်းမှားတွေကိုမယုံကြည်ကြဖို့၊သတင်းမှားတွေကိုရေးသားဖြန့်ဝေနေတဲ့လူတွေကိုအထူးသတိထားကြဖို့လိုအပ်ပါတယ်။ – တရုတ်ပြည်ကဆရာဝန်တစ်ယောက်ကဟိုလို၊ဒီလိုပြောပါတယ်ဆိုတိုင်းလဲမယုံကြည်ကြပါနှင့်။ကမ္ဘာပေါ်မှာပြည်ကြီးတရုတ်တွေဆိုတာသူများဒုက္ခရောက်အောင်လုပ်တဲ့အကျင့်ဆိုးတွေရှိတတ်ကြပါတယ်။ပြည်ကြီးတရုတ်တွေကိုပြောတာပါ၊မြန်မာပြည်ဖွား၊မြန်မာစိတ်ထားကြတဲ့တရုတ်လူမျိုးညီအကိုတွေကိုလုံးဝမဆိုလိုပါ။ – တချို့လူတွေက(Corona Virus)တွေဟာလူ့ခန္ဓာကိုယ်ပြင်ပအရာဝတ္တုတွေပေါ်မှာအသက်မရှင်နိုင်ဘူးဆိုပြီးသတင်းမှားတွေလိုက်ဖြန့်ဝေနေတာဟာဘာမှခိုင်မာတဲ့သုတေသနအထောက်အထားတွေမရှိပဲမြန်မာလိုဘာသာပြန်ပြီးရမ်းရေးနေတဲ့(Facebook)ကစာတွေဖြစ်ပါတယ်။သေသေချာချာတိတိကျကျသိနိုင်ဖို့အတွက်၊ကိုယ်တိုင်သုတေသနအထောက်အထားတွေကိုအင်္ဂလိပ်လိုရှာပြီးတိုက်ရိုက်ဖတ်ရူလေ့လာကြစေချင်ပါတယ်။ – ဒီ(Virus)ကိုသေသေချာချာစနစ်တကျ၊ခေတ်မှီစမ်းသပ်မှု့တွေနဲ့လေ့လာထားတဲ့သုတေသနစာတန်းတစ်စောင်ကဒီဗိုင်းရပ်(စ်)ဟာပြင်ပသက်မဲ့ပစ္စည်းတစ်ခုခုအပေါ်မှာဘယ်လောက်ကြာအောင်အသက်ရှင်သန်နေထိုင်နိုင်သလဲဆိုတာတိတိကျကျ၊ပြတ်ပြတ်သားသား၊သုတေသနလုပ်ပြီးရေးသားဖေါ်ပြထားတာတွေရှိနေပါတယ်။ – ဒီ(Virus)လူ့ခန္ဓာကိုယ်ပြင်ပမှအသက်မရှင်သန်နိုင်ဘူးဆိုပြီးမြန်မာတွေပေါက်ကရရေးနေတာဟာအထောက်အထားသုတေသနမရှိပဲမိမိတို့ထင်ရာမြင်ရာရမ်းရေးနေတာ၊လိမ်ညာနေတာဖြစ်လို့လုံးဝ(လုံးဝ)မှားပါတယ်။မပေါ့ဆကြပါနှင့်။ – ခိုင်မာတဲ့သုတေသနစာတမ်းတစ်ခုအရ၊ဒီဗိုင်းရပ်(စ်)ပိုးတွေဟာအပြင်မှာရှိတဲ့သက်မဲ့အရာဝတ္တုတစ်ခုခုရဲ့မျက်နာပြင်ပေါ်မှာဘယ်လောက်ကြာကြာအသက်ရှင်သန်နိုင်သလဲဆိုတာဟာ၊အဲဒီမျက်နှာပြင်ဝတ္တုပစ္စည်းအမျိုးအစား၊ပါတ်ဝန်းကျင်စိုထိုင်းမှု့နှင့် ပါတ်ဝန်းကျင်အပူချိန်တွေအေပေါ်မှာသွားပြီးမူတည်နေပါတယ်။ – ဒါကြောင့်ဘုမသိဘမသိ၊သုတေသနအထောက်အထားဘာမှခိုင်ခိုင်မာမာမရှိပဲနဲ့(Facebook)မှာရေးနေတဲ့စာတွေကိုမယုံကြည်ကြဖို့၊ဆေးပညာရှင်တွေသုတေသနအထောက်အထားခိုင်ခိုင်မာမာနဲ့ပြောတော့မှယုံကြည်ကြပါလို့ထပ်ပြီးပြောကြားလိုပါတယ်။ – References: https://www.journalofhospitalinfection.com/…/fulltext… A novel coronavirus (2019-nCoV) has recently emerged from China with a total of……………….အသေးစိတ်သိချင်ရင်အပေါ်မှာပေးထားတဲ့လင့်ခ်မှာအင်္ဂလိပ်လိုဆက်ဖတ်ပါ။ – A Medline search has been done on January 28, …

(Wuhan COVID-19)ကူးစက်ရောဂါဗိုင်းရပ်နဲ့ပါတ်သက်လို့ Read More »

အချက်(၄)ချက်ပါ၊(Wuhan COVID-19)ကူးစက်ရောဂါကာကွယ်ကုသနည်း(Protocol)

Source from Kelvin A. Power’s Facebook on February 13, 2020 အချက်(၄)ချက်ပါ၊(Wuhan COVID-19)ကူးစက်ရောဂါကာကွယ်ကုသနည်း(Protocol) – တစ်ချို့လူတွေကပြောကြတယ်။အရင်ဖြစ်ပေါ်သွားခဲ့တဲ့(SARS) တုံးကသေပျောက်နုန်း(၁၁)ရာခိုင်နုန်းလောက်တောင်ရှိခဲ့တယ်။အခု(Feb13,2020)တရုတ်ထုတ်ပြန်တဲ့စာရင်းအရရောဂါကူးစက်ခံရသူ(ခြောက်သောင်း)နီးပါးရှိနေပြီး၊သေဆုံးသူ(ထောင့်လေးရာ)နီးပါးလောက်ပဲရှိတာကိုကြည့်ပြီးတော့၊(၁၄၀၀)ကို(ခြောက်သောင်း)နဲ့အချိုးချပြီးတော့၊သေပျောက်မှု့နုန်း(၂.၃)ရာခိုင်နုန်းလောက်ပဲရှိတယ်ဆိုပြီးတော့လျှော့ပြီးမတွက်မိကြဖို့အထူးလိုအပ်ပါတယ်။ – ဒီနေရာမှာတရုတ်ထုတ်ပြန်ချက်စာရင်းအရသေချာဂရုစိုက်ရမယ့်နံပါတ်(၃)မျိုးရှိပါတယ်။ရောဂါကူးစက်ခံရသူ(ခြောက်သောင်း)နီးပါးရှိနေပြီး၊သေဆုံးသူ(၁၄၀၀)နီးပါးပဲရှိသေးတယ်ဆိုတာဟာမှန်ပေမဲ့၊အမှန်တစ်ကယ်ရောဂါပျောက်ကင်းသွားတဲ့လူက(ခြောက်ထောင်)လောက်လေးပဲရှိပါသေးတယ်။ဒီနေရာမှာ(ခြောက်သောင်း)ရောဂါဖြစ်နေတယ်(၁၄၀၀)ပဲသေတယ်လို့တွက်လို့မရနိုင်ဘူး။ – သေချာတွက်ရမှာက(ခြောက်သောင်း)ရောဂါဖြစ်နေတာတော့မှန်တယ်။ပြန်ကောင်းတဲ့လူက(ခြောက်ထောင်)လောက်လေးပဲရှိသေးတယ်။သေတဲ့လူက(၁၄၀၀)တောင်ရှိနေပြီဆိုတဲ့သဘောကဘာလဲဆိုတော့၊(ခြောက်သောင်း)ထဲကနေ(ခြောက်ထောင်)နဲ့(ထောင့်လေးရာ)ကိုနုတ်ကြည့်လိုက်။အဖြေကလူပေါင်း(ငါးသောင်းနှစ်ထောင့်ခြောက်ရာ)တောင်ဆေးရုံပေါ်မှာရှိနေသေးတယ်။အဲဒီလူပေါင်း(၅၂၆၀၀)ထဲကနေဘယ်နှစ်ယောက်ထပ်သေဦးမယ်ဆိုတာဘယ်သူမှမပြောနိုင်သေဘူး။ – အမှန်တစ်ကယ်တွက်ရမှာက(ခြောက်ထောင်)ရောဂါပျောက်ကင်းသွားတယ်။(ထောင့်လေးရာသေတယ်)လို့တွက်ရမှာဖြစ်ပါတယ်။ဒီလိုတွက်လိုက်ရင်ရလဒ်ကလူ(၇၄၀၀)ယောက်ရောဂါကူးစက်ခံရရင်(၁၄၀၀)သေတယ်။(ခြောက်ထောင်)ရောဂါပျောက်ကင်းသွားတယ်ဆိုတာထင်ရှားနေပြီ။ကျန်တဲ့ဆေးရုံပေါ်မှာရောက်နေတဲ့၊သေမယ်ရှင်မယ်မသိသေးတဲ့လူ(၅၂၆၀၀)ယောက်ကိုထည့်တွက်စရာမလိုတော့ဘူး။ – ဒီနည်းအတိုင်းဆိုရင်ရောဂါကူးစက်ခံရတဲ့လူ(၅)ယောက်မှာ(၁)ယောက်သေတယ်၊(၄)ယောက်ပြန်ကောင်းသွားတယ်ဆိုတာရှင်းသွားပြီ။ငါးယောက်မှာတစ်ယောက်သေတယ်ဆိုတော့သေပျောက်နုန်းအစစ်ဟာ(၂၀)ရာခိုင်နုန်းတောင်ရှိနေတယ်။ – ဒီပုံစံအတိုင်းဆိုရင်၊ (Wuhan COVID-19)ဟာ(SARS)ထက်နှစ်ဆလောက်ပိုပြီးကြောက်စရာကောင်းနေပြီဆိုတာကိုအားလုံးသတိထားကြဖို့လိုလာပါပြီ။ပေါ့ပေ့ါဆဆမတွက်ကြပါနှင့်။အလွန်အန္တရာယ်ရှိပါသည်။အပိုတွေပြောပြီး၊ခြိမ်းခြောက်နေတာ(လုံးဝ)လုံးဝမဟုတ်ပါ။ဒီရောဂါဟာမကြာခင်အချိန်အတွင်းမှာသေချာပေါက်နည်းပါး၊တစ်ကမ္ဘာလုံးကိုကူးစက်လာနိုင်ပါတယ်။မြန်မာပြည်ကလဲချွင်းချက်အဖြစ်ကျန်နေမှာတော့မဟုတ်ပါဘူး။အဲဒါကိုလူတိုင်းနားလည်ကြပါ။ – ဒါတောင်တရုတ်ကစာရင်းအမှန်မပြပဲနဲ့၊စာရင်းတွေအများကြီးလျှော့ပြီးပြတယ်လို့တော်တော်များများကသံသယရှိနေကြတယ်။တရုတ်ပြည်မှာသေပျောက်နုန်း(၂၀)ရာခိုင်နုန်းလောက်ရှိတယ်ဆိုပြီးမြန်မာပြည်ရောက်လာရင်၊တရုတ်လောက်ပဲသေပျောက်မယ်လို့တော့အသေမတွက်မိကြပါစေနှင့်။ – ဘာကြောင့်လဲဆိုတော့မြန်မာပြည်နှင့်တရုတ်ပြည်သည်ဆေးပညာ၊ဆေးသုတေသန၊ဆေးရုံ၊ဆေးခန်း၊သုံးစွဲနိုင်သောစက်ပစ္စည်း၊အထောက်အကူပစ္စည်းများ၏အဆင့်အတန်းမှာအင်မတန်ကွာခြားလှပါသည်။တရုတ်ဆေးပညာ၊ဆေးသုတေသနများနှင့်ဆေးပစ္စည်းစက်ကိရိယာသုံးစွဲနိုင်မှု့အဆင့်အတန်းသည်အမေရိကန်ပြီးရင်ကမ္ဘာမှာဒုတိယလောက်လိုက်နေပါသည်။တရုတ်ပြည်မှာသေပျောက်နုန်းနည်းလျှင်သော်လည်း။မြန်မာပြည်မှာသေပျောက်နုန်းမြင့်မားနိုင်ပါသည်။ဒီအချက်ကိုအထူးထည့်သွင်းစဉ်းစားကြဖို့အထူးပြောကြားလိုပါသည်။ – ဒါကြောင့်အခုပဲသုတေသနတွေကိုအခြေခံတဲ့၊ကျွန်တော့်ရဲ့ကူးစက်ရောဂါကာကွယ်ကုသနည်း(Protocol)ကိုရေးပေးပါမည်။လူတိုင်းမှတ်ရလွယ်အောင်(Hips Protocol)လို့လဲခေါ်ဆိုနိုင်ပါတယ်။(Hips)ဆိုတဲ့အဓိပါယ်ကတော့အဆင့်(၄)ဆင့်ရှိပါတယ်။ – H= Health = ကျန်းမာရေးကောင်းမွန်နေစေရန်။ I= Isolation = ရောဂါမကူးစက်ဖို့်သီးသန့်ခွဲခြားနေထိုင်ရန်။ P= Protection = ရောဂါကာကွယ်ရန်။ S= Supportive therapy =အထောက်အကူပြုကုသရန်။ အဲဒီလေးမျိုးကို(Hips)လို့အတိုကောက်မှတ်ရင်လွယ်ကူပြီးမှတ်မိရလွယ်ပါတယ်။ — ၎င်းအချက်(၄)ချက်ကိုအကျယ်ရေးပေးပါမည်။ — …

အချက်(၄)ချက်ပါ၊(Wuhan COVID-19)ကူးစက်ရောဂါကာကွယ်ကုသနည်း(Protocol) Read More »

သွေးကင်ဆာရောဂါသည်ကို(Vitamin C high dose)နဲ့အသက်ရှင်အောင်ကုသနိုင်ခဲ့ပါတယ်။

Source from Kelvin A. Power’s Facebook on February 12, 2020   နောက်ဆုံးတွေ့ရှိချက်၊(New Zealand research)တစ်ခုက၊ ကုရာနတ္တိဆေးမရှိပဲ(၈)ပါတ်အတွင်းသေကိုသေရမယ့်၊သေလူလို့သတ်မှတ်လိုက်တဲ့သွေးကင်ဆာရောဂါသည်ကို(Vitamin C high dose)နဲ့အသက်ရှင်အောင်ကုသနိုင်ခဲ့ပါတယ်။ဒီကိစ္စကိုဘယ်ဆေးကုမ္မဏီဘယ်ဆရာဝန်ကမှမပြောပဲဖုံးဖိထားကြပါတယ်။ဘာကြောင့်လဲဆိုတော့(Vitamin C)နဲ့ကုလို့သွေးကင်ဆာပျောက်ကင်းသွားရင်အရင်းရှင်တွေဆေးရုံကြီးတွေရဲ့စီးပွားရေးအကြီးအကျယ်ထိခိုက်သွားနိုင်တယ်လေ။လူနာသေတာမသေတာသူတို့ဂရုမစိုက်ကြပါဘူး။သူတို့ဂရုစိုက်တာက(money)ပါပဲ။ဒီခောတ်ဆေးပညာ၊သိပ်ကြောက်စရာကောင်းနေပြီ။  

(Bio Zinc C)ဆိုတာခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့အောက်ပါ(ingredients)လေးမျိုးကိုအချိုးကျပေါင်းစပ်ထားတာပါ။

Source from Kelvin A. Power’s Facebook on February 10, 2020 တခြားလူတွေလဲဒီလိုဆင်တူတဲ့မေးခွန်းမျိုးတွေမေးလေ့၊မေးထရှိလို့အများသိအောင်တစ်ခါတည်းဖြေပေးလိုက်ပါမယ်။ – (Bio Zinc C)ဆိုတာခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့အောက်ပါ(ingredients)လေးမျိုးကိုအချိုးကျပေါင်းစပ်ထားတာပါ။ – (1)Vitamin C (Ascorbic Acid) (2)Rose Hips (3)Citrus Bioflavonoids (4)Zinc – ဒီလေးမျိုးပေါင်းစပ်ထားတဲ့(Bio Zinc C)ကိုစတင်မထုတ်လုပ်မှီနှစ်ပေါင်းများစွာကတည်းကဒီလေးမျိုးပေါင်းဟာအစွမ်းထက်တယ်ဆိုတာကိုသိလို့၊ကျွန်တော်ကိုယ်တိုင်ရောကျွန်တော့်မိသားစုပါဒီ(ingredients)လေးမျိုးကိုအချိုးကျပေါင်းစပ်ပြီးနှစ်ပေါင်းများစွာသုံးစွဲခဲ့ပြီးပါပြီ။ – လွန်ခဲ့တဲ့(၁၀)နှစ်လောက်ကတည်းကအခုအချိန်အထိ၊ကျွန်တော်တို့မှာ(Flu)ရာသီရောက်တိုင်းကာကွယ်ဆေးတွေကိုအယုံအကြည်မရှိလို့လုံးဝမထိုးပါဘူး။ရောဂါရလာတိုင်းလဲ(Antiobatic)တွေလုံးဝမသုံးစွဲပါဘူး။ဒီလေးမျိုးကို၊ဒီအချိုးအတိုင်းပေါင်းစပ်ပြီးနှစ်ပေါင်းများစွာသုံးစွဲခဲ့ကြတာပါ။ – ထိုလေးမျိုးပေါင်းစပ်ပြီး(Bio Zinc C)တမျိုးတည်းအဖြစ်ပေါင်းထုတ်လုပ်လိုက်တော့ကျွန်တော်တို့မိသားစုတင်မကပဲလူတိုင်းအတွက်ပိုပြီးအဆင်ပြေသွားပါတယ်။မနှစ်ကကျွန်တော်ကိုယ်တိုင်(Flu)ကူးစက်ခံရတဲ့အချိန်မှာ၊တစ်ရက်ကို(၂)နာရီစီခြားပြီး(၁၀)လုံးအထိသောက်ခဲ့ဖူးပါတယ်။ -အလွန်ရောဂါဆိုးဝါးရင်၊တစ်နာရီစီခြားပြီးတစ်ရက်ကိုအလုံး(၂၀)ကနေ(၂၄)လုံးအထိသောက်လို့ရပေမဲ့တော့ကျွန်တော်တစ်ခါမှတော့အဲဒီလောက်သောက်စရာမလိုသေးပါဘူး။နှစ်နာရီစီခြားပြီးတစ်ရက်(၁၀)လုံးအထိသောက်တာနဲ့ကိုဘာ(Antibiotic)မှမလိုပဲ(Flu)တုတ်ကွေးရောဂါတွေကတစ်ရက်၊နှစ်ရက်အတွင်းသက်သာပျောက်ကင်းသွားပါတယ်။ – Rose Hips, Bioflavonoids တွေဆိုတာကများသွားလို့အန္တရာယ်မရှိနိုင်ပါဘူး။ (Rose Hips)တစ်ရက်ကို(2000mg)လောက်အထိအန္တရာယ်မရှိပါ။(Rose Hip 2000mg)ကျော်ဖို့က(Bio Zinc C)အလုံး(၂၀၀)ကျော်အထိသောက်မှသာကျော်ပါလိမ့်မယ်။ဘယ်သူကမှတစ်ရက်အလုံး(၂၀၀)သောက်ဖို့မလိုအပ်ပါဘူး။ – Bioflavonoids)ဆိုတာကတော့ကျန်းမာတယ်ဆိုတဲ့ဟင်းသီးဟင်းရွက်တွေမှာပါဝင်နေတဲ့လူ့အကျိုးပြု၊ကင်ဆာအပါအဝင်ရောဂါအမျိုးမျိုးကိုကာကွယ်ပေးနိုင်တဲ့ဓါတ်ပေါင်းဖြစ်နေပြီးများလေကောင်းလေ၊ရောဂါကင်းလေပါပဲ။များသွားရင်ကင်ဆာတောင်မဖြစ်နိုင်ပါဘူး။(Bioflavonoids)များလို့အဆိပ်ဖြစ်တယ်ဆိုတာလဲတစ်ခါမှမကြားဖူးသေးပါဘူး။ – အဓိကအရေးကြီးသတိထားရမှာက(Zinc)တစ်ခုပါပဲ။(Zinc)ဆိုတာမဖျားမနာပဲနေကောင်းနေတဲ့လူတိုင်းအတွက်တစ်ရက်ကိုအနည်းဆုံး(10mg)ကနေ၊အများဆုံး(30mg)အထိပဲလိုအပ်ပါတယ်။ဖျားနာနေပြီဆိုရင်တော့၊ရောဂါအပေါ်မှာမူတည်ပြီး(100mg)ကနေ(150mg)အထိအရေးပေါ်အခြေအနေမှာတိုးပြီးသောက်လို့အန္တရယ်မဖြစ်ပဲရောဂါသက်သာစေပါတယ်။ – (Zinc)ကိုနေ့စဉ်ပုံမှန်တစ်သက်လုံးသောက်မယ်ဆိုရင်တော့တစ်နေ့ကို(30mg)အထိတစ်သက်လုံးအန္တရာယ်ကင်းစွာသောက်လို့ရပါတယ်။တစ်ချို့လူတွေကနေ့စဉ်ပုံမှန်(50mg)လောက်သောက်နေကြပါတယ်။(50mg)ဟာအဆိပ်အတောက်မဖြစ်နိုင်ပေမဲ့အချိန်ကြာလာရင်(Copper)ဓါတ်ချို့တဲ့လာတတ်ပါတယ်။ – (Bio …

(Bio Zinc C)ဆိုတာခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့အောက်ပါ(ingredients)လေးမျိုးကိုအချိုးကျပေါင်းစပ်ထားတာပါ။ Read More »

အများပြည်သူယုံကြည်ကိုးစားနေရတဲ့သတင်းစာတစ်ခုဖြစ်ပြီးမူရင်းသုတေသနကိုသေချာမဖတ်၊မလေ့လာပဲ၊(Website)တခုကပြန်ရေးထားတဲ့အမှား

Source from Kelvin A. Power’s Facebook on February 10, 2020 အများပြည်သူယုံကြည်ကိုးစားနေရတဲ့သတင်းစာတစ်ခုဖြစ်ပြီးမူရင်းသုတေသနကိုသေချာမဖတ်၊မလေ့လာပဲ၊(Website)တခုကပြန်ရေးထားတဲ့အမှားတွေကိုဘာသာပြန်ပြီးပြည်သူတွေကိုအထိတ်တလန့်ဖြစ်၊အကျိုးနစ်နာဆုံးရံှုးမှု့ဖြစ်အောင်မဟုတ်မမှန်သတင်းအမှားတွေကိုမရေးသင့်ပါဘူး။ဒီလိုရေးတာဟာတရားဥပဒေနဲ့လဲမညီညွတ်ပါဘူး။မူရင်းသုတေသန(Original Research)ကိုသေချာဖတ်ပြီးမှရေးသင့်ပါတယ်။ – သတင်းစာထဲမှာဒီဆောင်းပါးကိုရေးသားထားသူက(https://medicalxpress.com)မှာဖေဖေါ်ဝါရီလ(၃)ရက်ကတင်ထားပါတယ်ဆိုပြီးပြောပါတယ်။(https://medicalxpress.com)ကိုသွားပြီး(Feb3,2020)မှာကျွန်တော်ရှာကြည့်တော့မတွေ့ပါဘူး။ကိုယ်တိုင်သွားပြီးရှာကြည့်လိုက်ပါ။(Feb3)မှာဒီ(Article)ကိုတွေ့ရင်ပြောကြပါ။သတင်းစာဖြစ်ပြီးဗြောင်လိမ်တာတော့မကောင်းပါဘူး။ — ဒီ(Article)ဟာ(Feb3,2020)မှာရေးတဲ့(Article)မဟုတ်ပါဘူး။(Jan 31, 2018)တုံးကရေးထားခဲ့တဲ့(Long-term consumption of sunflower and fish oils damages the liver)ဆိုတဲ့ခေါင်းစဉ်နဲ့သုတေသနတစ်ခုကိုတလွဲအဓိပ္ပါယ်ပြန်ပြီးလိမ်ညာရေးသားထားတဲ့(Article)အမှားတစ်ခုဖြစ်ပါတယ်။မြန်မာသတင်းစာက(Feb3)မှာရေးထားတယ်လို့ပြောပါတယ်။ဒါပေမဲ့(Feb3)မှာရှာမတွေ့ပါဘူး။ — မူရင်းသုတေသနကို(University of Granada, Spain)ကနေပြုလုပ်ထားတာပါ။ဒီမှာအသေးစိတ်သုတေသန(Links)တွေရှိပါတယ်။သေချာဖတ်ပါ။သတင်းစာထဲမှာရေးထားတဲ့အတိုင်းလုံးဝမဟုတ်ပါဘူး။သတင်းစာကပြည်သူတွေကိုလိမ်ညာခြိမ်းခြောက်ရေးထားတာပါ။မူရင်းသုတေသနတွေရဲ့(Links)တွေအောက်မှာပါ။ https://mccordresearch.com.au/gene-pathways-associated…/ https://mccordresearch.com.au/…/29_Varela-Lopez_Olive… https://www.sciencedirect.com/…/pii/S095528631730400X… — မူလသုတေသနရဲ့အနစ်ချုပ်ကဘာရေးထားသလဲဆိုတာကိုယ်တိုင်ဖတ်ကြည့်ပါ။ This is a unique study in which the effects on the liver of rats fed lifelong on three …

အများပြည်သူယုံကြည်ကိုးစားနေရတဲ့သတင်းစာတစ်ခုဖြစ်ပြီးမူရင်းသုတေသနကိုသေချာမဖတ်၊မလေ့လာပဲ၊(Website)တခုကပြန်ရေးထားတဲ့အမှား Read More »

(Wuhan)ထက်အသေအပျောက်နုန်းပိုများသော(Nipah Virus)ဘင်္ဂလားဒေ့ရှ်မှာဖြစ်ပေါ်ကူးစက်နေပြန်ပါသည်။

Source from Kelvin A. Power’s Facebook on February 3, 2020 (Wuhan)ထက်အသေအပျောက်နုန်းပိုများသော(Nipah Virus)ဘင်္ဂလားဒေ့ရှ်မှာဖြစ်ပေါ်ကူးစက်နေပြန်ပါသည်။လင်းနို့ကနေကူးစက်ပြီး၊သေပျောက်နုန်း(75%)အထိရှိတဲ့အတွက်(Wuhan Coronavirus)ထက်သေပျောက်နုန်းပိုမြင့်မားပါတယ်။ယခု(၆)ရောက်ကူးစက်ပြီး(၄)ယောက်သေပါသည်။သူကလဲအလွန်အန္တရာယ်ရှိပါတယ်။ဆေးမရှိသေးပါဘူး။မိမိတို့ခုခံအားကောင်းမွန်အောင်လူတိုင်းကြိုတင်ပြင်ဆင်ထားကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။လင်းနို့စားထားသောသစ်သီးအပုတ်များမစားကြပါရန်။ Kelvin A Power – http://outbreaknewstoday.com/nipah-virus-bangladesh…/

(Bio Zinc C )တွင်ပါဝင်သော(Ingredients)လေးမျိုး

Source from Kelvin A. Power’s Facebook on February 1, 2020 (Bio Zinc C )တွင်ပါဝင်နေသော(Ingredients)လေးမျိုးအနက်မှ၊တစ်မျိုးဖြစ်သော(Rose Hips)ဓါတ်ပေါင်းသည်နွားများတွင်ဖြစ်ပွားခဲ့သော(bovine coronavirus)ပိုးများကိုထိန်းချုပ်နိုင်သည်ဟု၊(၁၉၉၅)ခုနှစ်တွင်ပြုလုပ်ခဲ့သောသုသေသနစာတန်းတစ်ခုတွင်တွေ့ရှိကြောင်း(nih.gov)မှာရှာဖွေတွေ့ရှိလိုက်ရပါသည်။ – ၎င်းတွေ့ရှိချက်သည်တိရိစ္ဆာန်များတွင်ဖြစ်ခဲ့ပြီး၊ယခုလူသားများတွင်ကူးစက်နေသော(Wuhan Coronavirus)အတွက်(Rose Hips)တစ်မျိုးတည်းဖြင့်ရာနုန်းပြည့်ကာကွယ်နိုင်မည်ဟုတော့အာမ၊မခံနိုင်ပါ။ – သို့သော်တဖက်ကပြန်စဉ်းစားကြည့်လျှင်(Wuhan Coronavirus)သည်လဲနဂိုမှုလပထမတွင်တိရိစ္ဆာန်များမှစတင်ကူးစက်လာသောတိရိစ္ဆာန်များကိုအခြေပြုသည့်(Virus)တစ်မျိုးသာလျှင်ဖြစ်နေပြန်ပါသည်။ – ထို့ကြာင့်နွားများတွင်ဖြစ်ပွားခဲ့သော(Coronavirus)ကိုတားဆီးနိုင်သော(Rose Hips)သည်ယခုတိရိစ္ဆာန်များမှတဆင့်လူသားများထံသို့ကူးစက်လာသည့်၊(Wuhan Coronavirus)ကိုထိန်းချုပ်ဟန့်တားနိုင်ရန်အကျိုးသက်ရောက်မှုရှိကောင်းရှိနိုင်ပါသည်။ – (Rose Hips)တစ်မျိုးတည်းဖြင့်(Wuhan Coronavirus)ကိုထိန်းချုပ်ဟန့်တားနိုင်မည်ဟုရာနုန်းပြည့်တော့အာမ၊မခံနိုင်ပါ။ထို့ကြောင့်အောက်ပါသုသေသနကိုကိုယ်တိုင်လေ့လာ၍မိမိကိုယ်တိုင်ဉာဏ်ရှိသလိုကိုယ်တိုင်ဆုံးဖြတ်ကြပါရန်တင်ပြအပ်ပါသည်။ – References: https://www.ncbi.nlm.nih.gov/pmc/articles/PMC5485961/ “The antiviral effect of rosehip has been less investigated, but some interesting research has also been performed in this field. In …

(Bio Zinc C )တွင်ပါဝင်သော(Ingredients)လေးမျိုး Read More »

(Vitamin C)နှင့်(Bio Zinc C)တို့နှင့်ပါတ်သက်သောမေးခွန်းများ

Source from Kelvin A. Power’s Facebook on January 31, 2020 (Vitamin C)နှင့်(Bio Zinc C)တို့နှင့်ပါတ်သက်သောမေးခွန်းများ။ မေးခွန်း(၁)။(Vitamin C)သောက်ရင်ဘယ်အမျိုးအစားသောက်သင့်ပါသလဲ?။(Acid)လား?။(Non-Acid)လား?။ဘာကြောင့်ပါလဲ။? – (Functional medicine)သမားတွေဆိုတာအရင်းရှင်၊ဆေးကုမ္မဏီကြီးတွေရဲ့လမ်းညွန်ချက်တွေမှာလမ်းဆုံးမသွားပဲ၊ကျွန်တော်တို့တွေကိုကမ္ဘာပေါ်မှာအသက်ရှင်ရပ်တည်ရှင်သန်နိုင်ခွင့်ရအောင်မွေးထုတ်ပေးလိုက်တဲ့မိခင်သဘာဝတရားကိုပိုပြီးအလေးထားဖို့လိုအပ်ပါတယ်။ – ကျွန်တော်တို့မှာအစစအရာရာတိုင်းကိုဆုံးဖြတ်ဖို့အခြေခံအားဖြင့်မူနှစ်ခုရှိပါတယ်။နံပါတ်(၁)ကတော့မိခင်သဘာဝကပေးတဲ့သဘောတရားတွေနဲ့ကိုက်ညီမှု့ရှိမရှိ။နံပါတ်(၂)ကတော့ခိုင်မာပြီးစိတ်ချရတဲ့သုတေသနအထောက်အထားတွေရှိမရှိဆိုတာကိုအဓိကထားစဉ်းစားရပါတယ်။ – (Vitamin C)သောက်ရင်ဘယ်လိုအမျိုးအစားသောက်သင့်ပါသလဲလို့မေးလာရင်၊(Vitamin C)ကိုမိခင်သဘာဝအားဖြင့်ဘယ်လိုအမျိုးအစားတွေအဖြစ်၊ဘယ်လိုအခြေအနေတွေအဖြစ်အများဆုံးတွေ့ရပါသလဲဆိုတာကိုအဓိကထားလေ့လာကြဖို့လိုအပ်ပါတယ်။ – (Vitamin C)ဆိုတာဟင်းသီးဟင်းရွက်၊သစ်သီးသစ်ဥ၊အသီးအနှံတွေတော်တော်များများတွေမှာအများဆုံးပါဝင်ကြပါတယ်။ဒါပေမဲ့အချဉ်ဓါတ်အရသာများတဲ့(citrus fruits)အုပ်စုအသီးတွေဖြစ်တဲ့၊သံပရာသီး၊သံပုရိုသီး၊ရှောက်သီး၊လိမ္မော်သီးတို့အုပ်စုမှာပိုပြီးအမြောက်အများပါဝင်နေပါတယ်။ – ဒီနေရာမှာထူးခြားတဲ့အချက်နှစ်ချက်က – နံပါတ်(၁)(Vitamin C)ကိုမိခင်သဘာဝမှာ(Ascorbic Acid)အဖြစ်သာအများဆုံးတွေ့ရှိရတဲ့အတွက်(Ascorbic Acid)ဟာမိခင်သဘာဝကပေးတဲ့(Vitamin C)အမျိုးအစားဖြစ်ပါတယ်။ – နံပါတ်(၂)ပိုပြီးထူးခြားတဲ့အချက်က၊များသောအားဖြင့်၊မိခင်သဘာဝမှာ(Vitamin C)တစ်ခုတည်းသီးသန့်မတွေ့ရှိရပဲ၊(Bioflavonoids)တွေတစ်မျိုးမျိုးနဲ့အမြဲတွဲတွဲပြီး၊ပေါင်းစည်းပြီးတွ့ရှိရတတ်ပါတယ်။ဒီအချက်ကတော့အထူးသတိထားရမယ့်အချက်ပါ။ – (Vitamin C)တစ်ခုတည်းကို(Bioflavonoids)မပါပဲသောက်ရင်မိခင်သဘာဝတရားနဲ့မကိုက်ညီလို့ရေရှည်မှာအကျိုးအပြစ်ဘာဖြစ်မယ်ဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူး။သို့သော်(Bioflavonoids)နှင့်တွဲသောက်မယ်ဆိုရင်တော့မိခင်သဘာဝတရားနဲ့ကိုက်ညီမျှတနေလို့ဆိုးကျိုးတွေမရှိနိုင်ဘူးဆိုတဲ့အချက်ဟာအလွန်ရှင်းလင်းပြတ်သားပါတယ်။ – ဒီလိုမိခင်သဘာဝတရားရဲ့အလွန်ထူးခြားတဲ့အချက်ကြောင့်၊သဘာဝကပေးတဲ့(Vitamin C)မျိုးဖြစ်သွားစေချင်လို့(Bio Zinc C)မှာ(ascorbic acid)ကို(Citrus Bioflavonoids)နဲ့ပေါင်းစပ်ထားရခြင်းဖြစ်ပါတယ်။သို့သော်(Bio Zinc C)မှာ(Bioflavonoids)တင်မကပဲအခြားအရေးကြီးတဲ့ဓါတ်ပေါင်းနှစ်မျိုးထပ်ပြီးပါဝင်နေပါသေးတယ်။ ———————————————– မေးခွန်း(၂)။(Vitamin C)ကိုရေရှည်သောက်ရင်ကျောက်ကပ်ကျောက်တည်ပျက်စီးနိုင်သလား။အစာအိမ်ပျက်စီးနိုင်သလား။အန္တရာယ်ရှိနိုင်သလား။? …

(Vitamin C)နှင့်(Bio Zinc C)တို့နှင့်ပါတ်သက်သောမေးခွန်းများ Read More »

နောက်ဆုံး(Wuhan)ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဟာအဆုတ်ပျက်စီးသွားတာပါပဲ။

Source from Kelvin A. Power’s Facebook on January 30, 2020 နောက်ဆုံးတက်လာတဲ့သတင်းတွေအရ၊(Wuhan)ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဟာအဆုတ်ပျက်စီးသွားတာပါပဲ။ – ရောဂါလက္ခဏာကလဲ(Invasive pneumococcal disease)ဖြစ်တဲ့ (Pneumonia)နဲ့လက္ခဏာတူနေတယ်ဆိုတဲ့ကျွန်တော်စောစောတုံးကရေးသားခဲ့တဲ့အချက်ကလဲမှန်နေပြန်ပါတယ်။ – ဆိုလိုတာက(Bacteria)ကြောင့်မဟုတ်ပဲ(Virus)ကြောင့်ဖြစ်တဲ့(Pneumonia)တစ်ခုပါပဲ။(Bacteria)ကြောင့်မဟုတ်တဲ့အတွက်(Antibiotic))လုံးဝသုံးလို့မရနိုင်ပါဘူး။ — ဒီရောဂါရဲ့တခြားအဖျားတွေ၊တုတ်ကွေးတွေနဲ့မတူတဲ့ထူးခြားတဲ့လက္ခဏာကတော့၊အဆုတ်လေပြွန်တွေမှာ(Elastic fibers)တွေတိုက်ခိုက်ခံရလို့ပျက်စီးသွားတဲ့အတွက်အသက်ရှူသွင်းပြီး၊လေပြန်ထုတ်တဲ့အချိန်မှာ၊အဆုတ်လေပြွန်တွေဟာအတွင်းပိုင်းကိုချုံ့ပြီးကျဉ်းမြောင်းသွားပိတ်ဆို့ကြပါတယ်။ – ယနေ့(NASA)မှာသုံးနေတဲ့(Rocket Science)ကိုပြန်လေ့လာကြည့်တော့(Bernoulli’s principle)ရဲ့အကျိုးသက်ရောက်မှု့ကိုတွေ့ရှိရပါတယ်။ – ဆိုလိုတာက(Rocket Science)မှာအသုံးပြုတဲ့(Bernoulli’s principle)အရ(flow speed)တက်လာတိုင်း(internal pressure)ပြုတ်ကျသွားတယ်ဆိုတဲ့အချက်ဟာဒီနေရာမှာအလွန်အရေးကြီးပါတယ်။ – လူတစ်ယောက်ဟာဖျားနာလာပြီဆိုရင်၊ဒီရောဂါဖြစ်တာလား၊တခြားတုတ်ကွေးဖြစ်တာလားဆိုတာ(Bernoulli’s principle)အရကောင်းကောင်းခွဲခြားလို့ရသွားပါပြီ။ – ဆိုလိုတာကအသက်ကိုရှူသွင်းလိုက်ချိန်မှာလမ်းကြောင်းပွင့်နေပေမယ့်၊အသက်ကိုအလျှင်အမြန်ပြန်ရှူထုတ်တဲ့အခါမှာ(Flow Speed)တိုးလာလို့(Elastic fibers)တွေပျက်စီးနေတဲ့လေပြွန်ထဲမှာဖိအားနည်းလာပြီးအတွင်းကိုကျုံ့ပြီးပိတ်ဆို့သွားတတ်ပါတယ်။ – ဆိုလိုတာကဒီရောဂါနဲ့ဖျားနာလာတဲ့လူဟာသူများနဲ့မတူတဲ့အချက်က၊အသက်ကိုအဆုတ်ထဲမှာပြည့်အောင်ရှူပြီးရုတ်တရက်ပြန်ပြီးမှုတ်ထုတ်လို့မရနိုင်တာ။လေအဝင်မှာမဟုတ်ပဲ၊လေအထွက်မှာပိတ်တယ်လို့ခေါ်ပါတယ်။ – နာမကျန်းတဲ့လူဟာအသက်ကိုဝအောင်ရှူပြီး၊ရှူထားတဲ့လေတွေကိုတစ်စက္ကန့်ခွဲအချိန်တိုအတွင်းမှာအကုန်ပြန်ရှူထုတ်ကြည့်လို့ရနိုင်ရင်ဒီရောဂါမဟုတ်ပါဘူး။ရိုးရိုးအဖျား၊တုတ်ကွေးပါပဲ။ – တစ်စက္ကန့်ခွဲအချိန်တိုအတွင်းမှာအကုန်ပြန်ရှူထုတ်လို့မရနိုင်ဘူးဆိုရင်တော့သေချာပါပြီ။ဆေးရုံကိုပြေးပါတော့၊အသက်ရှူအထောက်အကူပြုစက်တွေလိုလာပါတော့မယ်။ – မိမိမြို့မှာရောဂါကူးစက်နေချိန်ကိုယ်ကမသေချာပဲနဲ့ရိုးရိုးဖျားနာတဲ့လူကဆေးရုံကိုသွားမိရင်ဆေးရုံကနေရောဂါကူးစက်ခံရနိုင်ပါတယ်။ – နောက်ထူးခြားတာတစ်ခုကကျွန်တော်အစောကြီးကတည်းကကြိုတင်ရေးသားခဲ့သလို(ARDS, Acute respiratory distress syndrome )ပါဆိုတဲ့အတိုင်းအခုတော့သူတို့လဲနားလည်လာကြပါပြီ။ – (ARDS)ဆိုတာနောက်ဆုံးမှာအသက်ရှူလမ်းကြောင်းရေဝင်ပျက်စီးပိတ်ဆို့ပြီးအသက်ဆုံးရှူံးကြရတာပါပဲ။ခုခံအားကောင်းနေရင်တော့ဘာမှမဖြစ်ပါဘူး။အဆုတ်ရောဂါ၊ရင်ကြပ်ရောဂါအခံရှိရင်ပိုဂရုစိုက်ဖို့လိုပါတယ်။ …

နောက်ဆုံး(Wuhan)ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဟာအဆုတ်ပျက်စီးသွားတာပါပဲ။ Read More »

(၁) Vitamin D3 10,000 IU (၂) N Acetyl Cysteine, (NAC) (၃) Bio Zinc C

Source from Kelvin A. Power’s Facebook on January 30, 2020 ခင်ဗျားတို့တွေကတော့ကိုယ်ယုံကြည်ရာကိုယ်လုပ်လို့ရပါတယ်။ကျွန်တော့်အတွက်ကတော့နောက်ဆုံးဘာမှမရနိုင်ဘူးဆိုရင်တောင်၊ (၁) Vitamin D3 10,000 IU (၂) N Acetyl Cysteine, (NAC) (၃) Bio Zinc C သုံးမျိုးထဲပဲလက်ထဲမှာလုံလုံလောက်လောက်ရှိနေမယ်ဆိုရင်(ဝူဟန်)မပြောပါနဲ့(ဝူဟန်)ဘိုးအေတောင်မကြောက်ပါဘူး။နောက်မှ(Protocol)အသေးစိတ်ရေးပေးပါမယ်။ https://www.facebook.com/kelvin.power.1675/posts/177406640202418

အထူးအရေးပေါ်အခြေအနေတစ်ရပ်အတွက်(Vitamin C)နဲ့(Vitamin D3)ကို(High Dose)သောက်ခိုင်း

Source from Kelvin A. Power’s Facebook on January 29, 2020 အထူးအရေးပေါ်အခြေအနေတစ်ရပ်အတွက်(Vitamin C)နဲ့(Vitamin D3)ကို(High Dose)သောက်ခိုင်းလိုက်လို့တချို့လူတွေကကျွန်တော့်ကိုဝိုင်းပြီးဆဲဆိုအပုတ်ချကြပါတယ်။ဘယ်လိုပဲဆဲဆိုအပုတ်ချကြပါစေ၊အသက်ပေါင်းများစွာမဆုံးရံှုးစေချင်တဲ့စေတနာကြောင့်အဆဲအဆိုခံ၊အမုန်းခံပြီးဆက်ရေးပေးပါဦးမယ်။ – ကူးစက်ရောဂါတစ်ခုခုဝင်ရောက်လာပြီဆိုရင်၊ရောဂါအမျိုးအစားအပေါ်မှာမူတည်ပြီး(Vitamin C)လိုအပ်ချက်ဟာပုံမှန်ထက်အဆပေါင်းများစွာပိုပြီးလိုအပ်တယ်ဆိုတဲ့အလွန်ထူးခြားတဲ့အချက်ကိုစတင်တွေ့ရှိခဲ့တဲ့ပညာရှင်ကတော့ကမ္ဘာပေါ်မှာနိုဘယ်ဆုကို(၂)ကြိမ်တိုင်တိုင်ဆွတ်ခူးရရှိခဲ့ဖူးတဲ့(Linus Pauling)ပါပဲ။ – (Double Nobel prizes)ဆုရှင်(Pauling)ဟာ၊ခန္ဓာကိုယ်ကနေ(Vitamin C)ကိုလိုအပ်ရင်လိုအပ်သလို၊ထုတ်လုပ်ပေးနိုင်ကြတဲ့တိရိစ္ဆာန်တွေအားလုံးဟာ၊ကျန်းမာနေစဉ်မှာအနည်းငယ်သာထုတ်လုပ်ပေးသော်လဲ၊ရောဂါတွေကူးစက်လာတဲ့အခါမှာ၊ပုံမှန်ထုတ်လုပ်နေတာထက်အဆပေါင်းများစွာသဘာဝအလျောက်ထုတ်လုပ်ပေးကြတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ – နောက်ထပ်စိတ်မကောင်းစရာထူးခြားတဲ့တွေ့ရှိချက်တစ်ခုကတော့လူတွေရဲ့မျိုးရိုးဗီဇမှာကြတော့(Vitamin C)ကိုထုတ်လုပ်ပေးနိုင်တဲ့ (L-Gulonolactone Oxidase)အင်ဇိုင်းလုံးဝပါမလာတာပါပဲ။ဒီအလွန်အရေးကြီးတဲ့အင်ဇိုင်းတစ်ခုလူတွေရဲ့မျိုးရိုးဗီဇမှာပျောက်ဆုံးနေတာဟာလူတွေအတွက်အလွန်ကံဆိုးတဲ့အားနည်းချက်တစ်ခုဖြစ်နေပါတော့တယ်။ – ကမ္ဘာဦးကတည်းကစလို့အခုချိန်အထိ၊တောရိုင်းတိရိစ္ဆာန်တွေမှာရောဂါကူးစက်လာပြီဆိုရင်ကာကွယ်ဆေးမရှိခဲ့သလို(Antibiotic)တွေလဲမရနိုင်ခဲ့ပါဘူး။တောရိုင်းတိရိစ္ဆာန်အများစုတွေဟာမကျန်းမာတဲ့အခြေအနေမှာ(Vit-C)ကိုပုံမှန်ထက်အဆပေါင်းများစွာထုတ်လုပ်နိုင်တယ်ဆိုတာဟာအလွန်ထူးခြားတဲ့မိခင်သဘာဝကပေးခဲ့တဲ့ရောဂါအမျိုးမျိုးကိုကာကွယ်ကုသနိုင်တဲ့သဘာဝဆေးဝါးတစ်ခုပါပဲ။ – (Double Nobel prizes)ဆုရှင်(Pauling)ရဲ့အဆိုအရဆိုရင်၊ နံပါတ်(၁)က၊လူ့ခန္ဓာကိုယ်မှာရောဂါတခုခုကူးစက်လာတဲ့အခါမှာ(Vitamin C)လိုအပ်မှု့ဟာ၊ရောဂါအမျိုးအစားအပေါ်မူတည်ပြီး၊ပုံမှန်နေ့စဉ်လိုအပ်မှု့ထက်အဆပေါင်းများစွာပိုများနေတယ်ဆိုတာသိရပါတယ်။ – နံပါတ်(၂)ကတော့၊လူတွေရဲ့မျိုးရိုးဗီဇမှာ(Vitamin C)ကိုထုတ်လုပ်ပေးနိုင်တဲ့အရေးကြီးတဲ့အင်ဇိုင်းတစ်ခုလုံးဝပါမလာပါဘူး။ – ဒီအလွန်ထူးခြားတဲ့အချက်နှစ်ချက်ဟာ၊အရင်းရှင်ကြီးတွေ၊ဆေးကုမ္မဏီကြီးတွေ ကိုတော်တော်လေးကြောက်လှန့်တုန်လှုပ်စေခဲ့ပါတယ်။တကယ်လို့သာဒီအချက်တွေကိုလူတွေအားလုံးသိရှိသွားရင်ရောဂါတွေကင်းရှင်းပြီးကျန်းမာလာကြမယ်။ – ဒီလိုသာလူတွေလွယ်လွယ်လေး၊ကုန်ကျစရိတ်နည်းနည်းလေးနဲ့ကျန်းမာသွားရင်ငွေတွေအများကြီးရင်းနှီးမြုပ်နှံထားတဲ့ဆေးကုမ္ပဏီကြီးတွေစီးပွားပျက်ပြီးဒေဝါလီခံကြရမယ်ဆိုတာအရင်းရှင်ကြီးတွေကကြိုသိနေတော့၊မီဒီယာတွေသုံး၊မရိုးသားတဲ့ကလိမ်ကကျစ်သုတေသနတွေလုပ်၊အစိုးရအာဏာပိုင်တွေကိုပိုက်ဆံတွေပုံပေးပြီးဒီကိစ္စကိုလူမသိအောင်ဖုံးဖိထားခဲ့ကြပါတယ်။ – မီဒီယာအားတွေ၊ငွေအားတွေသုံးပြီးငွေသိပ်ကြိုက်တဲ့အစိုးရအာဏာပိုင်တွေ၊ကျန်းမာရေးပညာရှင်တွေကိုလက်ကိုင်တုတ်လုပ်ပြီးတော့(Vitamin C)ရဲ့အဆိုးသတင်းတွေ(Side effects)တွေကိုအကြီးအကျယ်ဝါဒဖြန့်ပါတော့တယ်။ဒီကိစ္စကိုဖေါ်ထုတ်ပေးခဲ့တဲ့(Double Nobel prizes)ဆုရှင်(Pauling)ကိုလဲဝိုင်းပြီးဝေဖန်၊ကဲ့ရဲ့အပုတ်ချ၊တိုက်ခိုက်တာတွေဟာအခုထက်ထိရှိနေပါသေးတယ်။ – ဒီအကြောင်းကို၊မီဒီယာတွေ၊အစိုးရအာဏာပိုင်တွေ၊ကျန်းမာရေးဌာနတွေကိုယ်တိုင်ကလိုက်ပြီးဖုံးကွယ်ထားတဲ့အမှန်တရားဖြစ်နေလို့တော်ရုံတန်ရုံစာဖတ်လေ့လာမှု့လောက်နဲ့တော့အမှန်ကိုမသိရှိနိုင်ပါဘူး။ထဲထဲဝင်ဝင်သေချာအသေးစိတ်သုတေသနလုပ်ကြည့်တော့မှသာသိရှိနိုင်ပါတယ်။ – ဒါဆိုရင်ခန္ဓာကိုယ်ကနေ(Vitamin C)လုံးဝမထုတ်လုပ်နိုင်တဲ့လူသားတွေဟာ၊ကာကွယ်ဆေးတွေ၊ကုသဆေးတွေမပေါ်သေးတဲ့ကူးစက်ရောဂါအသစ်တွေနဲ့၊ကပ်ရောဂါအသစ်တွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြရမလဲ?။လို့စဉ်းစားစရာရှိလာပါတယ်။ …

အထူးအရေးပေါ်အခြေအနေတစ်ရပ်အတွက်(Vitamin C)နဲ့(Vitamin D3)ကို(High Dose)သောက်ခိုင်း Read More »

(Wuhan coronavirus)ပြဿနာမဖြစ်ပေါ်ခင်ကတည်းက

Source from Kelvin A. Power’s Facebook on January 28, 2020 သတင်းထူးတစ်ခုက၊(The New York Times)မှာဒီကနေ့(Jan,28)က(Author, David Quammen)ကရေးသားထားတာကိုဖတ်ကြည့်တော့(Wuhan coronavirus)ပြဿနာမဖြစ်ပေါ်ခင်ကတည်းကတရုတ်ပြည်(Wuhan)မြို့ကဓါတ်ခွဲခန်းတစ်ခု(Wuhan Institute of Virology)မှာ(coronavirus)နဲ့ပါတ်သက်ပြီး(scientist Ms. Zheng-Li Shi)ကစမ်းသပ်မှု့တွေပြုလုပ်နေခဲ့ဖူးပုံရတယ်လို့သံသယရှိဖွယ်ကိုတွေ့ရှိရပါတယ်။ – https://www.nytimes.com/…/opinion/coronavirus-china.html – (Wuhan)မြို့ရဲ့အနောက်တောင်မိုင်ပေါင်းထောင်ချီဝေးတဲ့(Yunnan)ပြည်နယ်ကကျောက်လိုဏ်ဂူကြီးအတွင်းကလင်းနို့တွေဆီကနေတရုတ်သုတေသနပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ပြီး၊စမ်းသပ်ခန်းထဲကိုသယ်ဆောင်ယူလာကြနိုင်တယ်လို့ရေးထားတာတွေ့ရပါတယ်။ – (Yunnan)ပြည်နယ်ကကျောက်လိုဏ်ဂူကြီးအတွင်းကလင်းနို့တွေဆီကနေရထားတဲ့ဗိုင်းရပ်စ်လို့ယူဆလို့ရတဲ့(nCoV-2019)ဗိုင်းရပ်စ်ဟာ၊အရင်ကဖြစ်ခဲ့တဲ့(SARS)နဲ့မျိုးရိုးဗီဇ(၇၉.၅%)တူညီနေတယ်လို့လဲ(scientist Zheng-Li Shi)ရဲ့သုတေသနစာတန်းမူကြမ်းမှာရေးသားထားတာဖတ်လိုက်ရပါတယ်။ https://www.biorxiv.org/content/10.1101/2020.01.22.914952v1 https://science.sciencemag.org/content/310/5748/676.long – တရုတ်သုတေသနပညာရှင်တွေက(nCoV-2019)ဗိုင်းရပ်စ်ကိုဘာကြောင့်(Wuhan)မြို့ ကိုယူဆောင်လာသလဲဆိုတာကတော့ဘယ်သူမှမပြောနိုင်ပါဘူး၊ဇီဝလက်နက်လုပ်ဖို့လိုေ့တာ့တချို့ကထင်ကြေးပေးကြပါတယ်။တရုတ်အစိုးရကတော့မဟုတ်ဘူးလို့ငြင်းဆိုနေပါတယ်။ – https://www.nytimes.com/…/opinion/coronavirus-china.html – ပထမဦးဆုံးရောဂါကူးစက်ပြီးသေဆုံးသူတွေထဲကတစ်ချို့ဟာရောဂါစတင်ကူးစက်တယ်လို့သတ်မှတ်ထားတဲ့(seafood market)နဲ့လုံးဝမပါတ်သက်တဲ့လူတွေလဲပါဝင်နေတယ်လို့သတင်းတွေကြားနေရပါတယ်။ – ဒီလူတွေဟာ(coronavirus)နဲ့ပါတ်သက်ပြီးစမ်းသပ်မှု့တွေပြုလုပ်နေတဲ့ဓါတ်ခွဲခန်းကလူတွေများလား?။(Wuhan coronavirus)ဟာတရုတ်ဓါတ်ခွဲခန်းကနေဇီဝလက်နက်(biological weapon)ထုတ်လုပ်ဖို့စမ်းသပ်ရင်းနဲ့မတော်တဆပေါက်ထွက်လာတာများလားဆိုတာကိုတော့သိပ္ပံပညာရှင်တွေသံသယရှိနေပါတယ်။ Reference: https://metro.co.uk/…/us-warned-virus-escape-lab-near…/ https://www.washingtontimes.com/…/virus-hit-wuhan-has…/ https://meaww.com/wuhan-coronavirus-warned-2017-lab-wuhan… — ဒါပေမဲ့ဒီအဖြေကိုတော့တရုတ်အစိုးရပဲသိမှာပါ။ဟုတ်နေရင်တောင်ဘယ်တော့မှတရုတ်အစိုးရကဝန်ခံမှာတော့မဟုတ်ပါဘူး။ဝန်ခံလိုက်ရင်တကမ္ဘာလုံးကဝိုင်းပြီးတရားစွဲတာခံရနိုင်သလို၊တရုတ်ပြည်သူလူထုဆူပူအုံကြွလို့တိုင်းပြည်ပျက်သွားနိုင်ပါတယ်။ဒါတွေကိုတော့ကျွန်တော်တို့တွေဘယ်လိုမှတိတိကျကျမသိရှိနိုင်သေးပါဘူး။တရုတ်အစိုးရကတော့မဟုတ်ပါဘူးလို့ငြင်းဆိုပါတယ်။ https://www.politifact.com/…/no-evidence-chinese…/ — နောက်ထူးခြားတဲ့အချက်က၊တရုတ်ပြည်မှာ(Wuhan coronavirus)ပြဿနာမဖြစ်ပေါ်မှီတစ်လခွဲလောက်အလို(October …

(Wuhan coronavirus)ပြဿနာမဖြစ်ပေါ်ခင်ကတည်းက Read More »

(High Dose Vitamin C & D)အားလုံးဖတ်ပါ။မှတ်ပါ။ပညာယူပါ။

Source from Kelvin A. Power’s Facebook on January 27, 2020 (High Dose Vitamin C & D)အားလုံးဖတ်ပါ။မှတ်ပါ။ပညာယူပါ။ပြန်ရှယ်ကြပါ။ကိုနေဦးရဲ့အလွန်အထောက်အထားခိုင်လုံသောတင်ပြချက်ဖြစ်ပါသည်။အားလုံးဖတ်ပါ။မှတ်ပါ။ပညာယူပါ။ပြန်ရှယ်ကျပါ။ကိုနေဦးရဲ့အလွန်အထောက်အထားခိုင်လုံသောတင်ပြချက်ဖြစ်ပါသည်။ https://www.facebook.com/permalink.php?story_fbid=1291071771082149&id=100005380156327

Shopping Cart