admin

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၁၁)။အပိုင်း(၁၂)။အပိုင်း(၁၃)။အပိုင်း(၁၄)နိဂုံး။

အပိုင်း(၁၁)။( July 22, 2022) (Virus)ပိုးဟာကိုယ့်ရဲ့အစာအိမ်အက်ဆစ်ဓါတ်ကိုကျော်ဖြတ်နိုင်တဲ့လှို့ဝှက်နည်းဗျူဟာဆိုတာဘာတွေဖြစ်မလဲ?။ – ကိုဗစ်(Virus)ဟာအစာအိမ်နဲ့အူလမ်းကြောင်းကိုအဓိကထားပြီးဝင်ရောက်တိုက်ခိုက်တဲ့နေရာမှာသူလိုချင်တဲ့ပန်းတိုင်ကအသက်ရှင်လျှက်အစာအိမ်ရဲ့အက်ဆစ်ဓါတ်ကိုကျော်ဖြတ်နိုင်ပြီး၊အူတွေထဲကိုရောက်ရှိသွားနိုင်ဖို့ပါပဲ။အူတွေထဲကိုရောက်သွားရင်သူ့ကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ – အူတွေထဲမှာသူ့ကိုဝိုင်းပြီးထိန်းချုပ်ပေးနိုင်တာဆိုလို့ကိုယ်တိုင်(Acid)ဓါတ်ထုတ်ပေးနိုင်တဲ့အကျိုးပြု(Probiotic)ပိုးမွှားလေးတွေပဲရှိပါတော့တယ်။ဒါပေမယ့်ဒီပိုးတွေဟာလဲအစာအိမ်လောက်တော့ပြင်းထန်တဲ့အက်ဆစ်ဓါတ်မထုတ်နိုင်လို့အပြည့်အဝအကူအညီမပေးနိုင်တော့ပါဘူး။(Probiotics)ကို(Cranberry)နဲ့တွဲထားပေးမယ်ဆိုရင်တော့အနည်းငယ်အက်ဆစ်ဓါတ်ပိုများနိုင်ပါတယ်။ဒါပေမယ့်ဒီလိုအခြေအနေမျိုးအထိအရောက်ခံလို့လုံးဝကိုမဖြစ်နိုင်ပါဘူး။ – ဒီပိုးကိုဘယ်လိုနည်းနဲ့မှအသက်ရှင်လျှက်နဲ့အစာအိမ်ကိုဖြတ်ကျော်ခွင့်ပြုလို့မရပါဘူး။အစာအိမ်ကိုမကျော်ခင်မှာနိုင်အောင်သတ်ဖို့အထူးလိုအပ်ပါတယ်။အစာမစားထားခင်၊ရေမသောက်ထားခင်မှာ၊အစာအိမ်ရဲ့အက်ဆစ်(pH)တန်ဖိုးဟာ(3.0)အောက်မှာပဲရှိလို့ပြင်းထန်တဲ့(acid)နဲ့တွေ့ရင်(Virus)ပိုးတွေအကုန်သေပါတယ်။ – လည်ချောင်းမှာကိုဗစ်(Virus)တွေပွားများနေကြတဲ့အချိန်မှာ၊တံတွေးမျိုချလိုက်တိုင်းမှာ(Virus)ပိုးတွေ သန်းနဲ့ချီပြီးအစာအိမ်ထဲကိုအရှင်လတ်လတ်ရောက်ရှိသွားကြပါတယ်။ဒါပေမယ့်တစ်ခုကံကောင်းတာက၊တံတွေးလေးမျိုချလိုက်ရုံနဲ့တော့အစာအိမ်အက်ဆစ်ဓါတ်ဟာသိသိသာသာလျှော့နည်းမသွားနိုင်ပါဘူး။တံတွေးနဲ့မျောပါသွားကြတဲ့(Virus)ပိုးတွေအားလုံးဟာအစာအိမ်အက်ဆစ်ဓါတ်ကြောင့်သေကြေပျက်စီးသွားဖို့များပါတယ်။ – ဒါပေမယ့်ခက်တာကအစာအိမ်ကို(24)နာရီ(pH)တန်ဖိုး(3.0)အောက်မှာပဲရှိနေအောင်အမြဲတန်းထားလို့မရနိုင်ပါဘူး။အထူးသဖြင့်အစာအိမ်ဆိုတာအစာစားလိုက်ရင်(သို့မဟုတ်)ရေသောက်လိုက်ရင်အစာအိမ်ပြည့်လာပြီးအက်ဆစ်ဓါတ်ဟာသိသိသာသာလျှော့နည်းသွားပါတယ်။ – (Virus)ပိုးတွေရဲ့အဓိကအကျဆုံးနည်းဗျူဟာကတော့၊ကျွန်တော်တို့အစာစားလိုက်တဲ့အချိန်နဲ့ရေသောက်လိုက်လို့အစာအိမ်အက်ဆစ်ဓါတ်လျှော့နည်းနေစဉ်မှာသန်းပေါင်းများစွာသော(Virus)ပိုးတွေဟာအစာနဲ့ရေကိုအကာအကွယ်ယူ၊အစာကြားမှာပုံးခိုပြီး၊အသက်ရှင်လျှက်နဲ့အစာအိမ်ကိုဖြတ်ကျော်ပြီးအူလမ်းကြောင်းထဲကိုအလွယ်တကူဝင်သွားလို့ရနိုင်ပါတယ်။ – အစာအိမ်ကိုဖြတ်ကျော်သွားပြီးတဲ့(Virus)တွေကိုကျွန်တော်တို့ဘယ်လိုမှလိုက်သတ်လို့မရနိုင်တော့ပါဘူး။ ဒီတော့ကျွန်တော်တို့ဘာလုပ်ကြမလဲ၊အစာမစားပဲနေလို့ရမလား?။အစာမစားပဲနေလို့ရတယ်ပဲထားပါဦး၊ရေမသောက်ပဲနေလို့တော့မရနိုင်ပါဘူး။ – ဒါကြောင့်လည်ချောင်းမှာအမြဲနိုင်အောင်ပိုးသတ်ပေးကြဖို့အကြိမ်ကြိမ်သတိပေးချင်ပါတယ်။အထူးသဖြင့်အစာစားခါနီးတိုင်းနဲ့ရေသောက်ခါနီးတိုင်းမှာပိုးအရင်သတ်ပေးဖို့(အထူး)လိုအပ်ပါတယ်။လည်ချောင်းမှာပိုးမသတ်မိပဲ၊အစာတစ်ခုခုစားမိရင်၊ရေသောက်မိရင်၊ဒီပိုးကိုဘယ်လိုမှမတားဆီးနိုင်တော့လို့၊ဒီအမှားလေးကိုအမှတ်တမဲ့နဲ့တောင်မလုပ်မိကြဖို့အထူးသတိပေးချင်ပါတယ်။ – အကောင်းဆုံးကတော့လည်ချောင်းမှာပိုးရှိနေတာကိုကိုယ်ကသိသည်ဖြစ်စေ၊မသိဘူးဖြစ်စေ၊(Covid)ကာလမှာအစာစားခါနီးတိုင်း၊ရေသောက်ခါနီးတိုင်းလည်ချောင်းမှာပိုးသေချာသတ်ပြီးမှစားဖို့၊သောက်ဖို့(အထူး)လိုအပ်ပါတယ်။အထူးသဖြင့်မနက်အိပ်ရာကထထခြင်းအစာမစားခင်၊ရေမသောက်ခင်မှာလည်ချောင်းကပိုးကိုအရင်သတ်ပေးရပါမယ်။ – လည်ချောင်းမှာပိုးသတ်ပြီးသွားပြီးမှသာလျှင်အစာစားမယ်၊ရေသောက်မယ်ဆိုရင်တော့လည်ချောင်းမှာရှိတဲ့ပိုးအသေတွေသာလျှင်၊အစာ(သို့မဟုတ်)ရေနဲ့အတူမြောပါပြီးအစာအိမ်ထဲကိုရောက်သွားနိုင်ပါလိမ့်မယ်။အစာအိမ်ထဲကိုရောက်သွားတဲ့ပိုးတွေဟာလည်ချောင်းမှာကိုယ်သတ်ထားပြီးသားပိုးအသေတွေဖြစ်နေလို့အစာအိမ်အက်ဆစ်ဓါတ်လျှော့နည်းသွားမှာကိုလဲစိုးရိမ်နေစရာမလိုတော့ပါဘူး။ – နောက်အရေးအကြီးဆုံးမှာချင်တာကတော့(Covid)ကာလတွေမှာ၊ညအချိန်အိပ်နေရင်းနဲ့မမျှော်လင့်ပဲလည်ချောင်းစပြီးနာချင်သလိုလိုဖြစ်လာတတ်ပါတယ်။အဲဒီလိုဖြစ်လာရင်ချက်ခြင်းထပြီးပိုးသတ်ပြစ်လိုက်ပါ။ဒီအချိန်မှာ(လုံးဝ)မပျင်းပါနှင့်၊မိုးလင်းတဲ့အထိမစောင့်ပါနှင့်။မိုးလင်းမှသတ်မယ်ဆိုတဲ့စိတ်နဲ့ပေပြီးဆက်အိပ်နေမယ်ဆိုရင်ပိုးတွေပွားများဖို့အချိန်တွေအများကြီးရသွားပါလိမ့်မယ်။လည်ချောင်းကို(လုံးဝ)အနာခံ၍မရပါ။အနည်းငယ်လေးမသိမသာနာတယ်ဆိုရင်တောင်ချက်ခြင်းလက်ဦးမှု့အရယူကြပါ။ – အခုလောက်ဆိုရင်တော့၊စာဖတ်သူတိုင်းဟာဒီပိုးရဲ့သဘာဝလှို့ဝှက်ချက်တွေကိုကောင်းကောင်းနားလည်နေလောက်ပါပြီ။လည်ချောင်းမှာပိုးသတ်ရမယ်ဆိုတာကိုသေချာနားလည်သွားပြီဆိုတော့နောက်အပိုင်းတွေမှာ၊အကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်မယ့်ပိုးသတ်နည်းတွေကိုရှာကြပါစို့။ – အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ Kelvin Albert Power References: https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651 ——————————————— ———————————————– အပိုင်း(၁၂)။( July 22, 2022) ဒီပိုးဟာဘာနဲ့သတ်ရင်သေမလဲ?။ဘာနဲ့သတ်ရင်အန္တရာယ်အကင်းဆုံးဖြစ်မလဲ?။လူကိုအန္တရာယ်မရှိပဲပိုးသတ်နိုင်တဲ့နည်း၊ဆင်းရဲချမ်းသာမရွေးလူတိုင်းအလွယ်တစ်ကူရရှိနိုင်တဲ့သဘာဝပိုးသတ်ဆေးတွေဟာဘာလဲ?။ – ကျွန်တော်တို့တွေဟာဒီမေးခွန်းတွေကိုမှန်မှန်ကန်ကန်ဖြေနိုင်ဖို့အတွက်အောက်က(Links)တွေကိုသေချာလေ့လာပြီးသုတေသနတွေလုပ်ကြရပါလိမ့်မယ်။ – https://www.ncbi.nlm.nih.gov/pmc/articles/PMC7112912/ https://www.researchgate.net/publication/8362562_Inactivation_of_the_coronavirus_that_induces_severe_acute_respiratory_syndrome_SARS-CoV https://www.ncbi.nlm.nih.gov/pmc/articles/PMC7187162/ https://virologyj.biomedcentral.com/articles/10.1186/s12985-020-01418-7 https://www.thelancet.com/journals/lanmic/article/PIIS2666-5247(20)30003-3/fulltext https://www.ncbi.nlm.nih.gov/pmc/articles/PMC7201869/ https://www.ncbi.nlm.nih.gov/pmc/articles/PMC7361064 …

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၁၁)။အပိုင်း(၁၂)။အပိုင်း(၁၃)။အပိုင်း(၁၄)နိဂုံး။ Read More »

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၈)။အပိုင်း(၉)။အပိုင်း(၁၀)။

အပိုင်း(၈)။( July 21, 2022) ရန်သူ(Virus)ပိုးရဲ့ရည်ရွယ်ချက်နဲ့နည်းဗျူဟာကဘာဖြစ်မလဲ?။ – (Virus)ပိုးရဲ့အဓိကပန်းတိုင်ကတော့(Antibody)တွေမရခင်မှာသွေးကြောတွေထဲကိုအမြန်ဆုံးဝင်ရောက်နိုင်ဖို့ပါပဲ။သွေးကြောတွေထဲကိုအမြန်ဆုံးဝင်ရောက်နိုင်တော့မှသာခန္ဓာကိုယ်တစ်ခုလုံးကိုကမောက်ကမဖြစ်အောင်လုပ်ပြီးဖျက်ဆီးပြစ်နိုင်ပါလိမ့်မယ်။ – (Cytokine storm)တွေ(Bradykinin storm)တွေဖြစ်ပေါ်လာမှသာလျှင်၊သွေးဖိအားတွေကမောက်ကမဖြစ်၊သွေးတွေခဲ၊သွေးကြောတွေပိတ်၊သွေးကြောတွေပေါက်ဆိုတော့မှသာအဆုတ်ထဲလဲသွေးရည်ကြည်တွေဝင်လာပြီးပိတ်၊တစ်ခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေလဲအောက်ဆီဂျင်တွေပြတ်၊နောက်ဆုံးအားလုံးပျက်စီးသွားတော့မှရန်သူရဲ့ရည်မှန်းချက်အောင်မြင်မှာဖြစ်ပါတယ်။ References: https://www.ncbi.nlm.nih.gov/pmc/articles/PMC8083217/ – (Virus)ပိုးဟာအသက်ရူတိုင်း၊အသက်ရူလမ်းကြောင်းကနေအဆုတ်ထဲဝင်ဖို့ကြိုးစားပါတယ်။(mucous membrane)ကြောင့်ပိုးအများစုဟာအဆုတ်ထဲမရောက်ပဲအဖမ်းခံလိုက်ရပါတယ်။အနည်းငယ်လွတ်သွားပြန်တော့လဲအဆုတ်ရဲ့လေအိတ်တွေထဲက(Immune system cells)တွေနဲ့ရင်ဆိုင်ရပြန်တယ်။ဒီအတိုင်းဆိုရင်ရန်သူဟာအကျအဆုံးအလွန်များပြီးခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။ – ဒါကိုရန်သူကနားလည်ပါတယ်။သူ့မှာလဲခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့သေနင်္ဂနည်းဗျူဟာတွေတိတိကျကျရှိပြီးသားပါ။ဒါကြောင့်ရန်သူဟာအကောင်းဆုံးတစ်နေရာရာမှာခြေကုပ်စခန်းရယူပြီး၊သူ့ရဲ့စစ်သည်အင်အားတွေကိုအဆပေါင်းများစွာတိုးချဲ့ဖို့ကြိုးစားရပါတယ်။စစ်အင်အားတိုးချဲ့ပြီးရင်၊အင်အားအလုံးအရင်းနဲ့ခန္ဓာကိုယ်ကိုအကြိမ်ပေါင်းများစွာမနားတမ်းဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားရပါတယ်။ – ဒါကြောင့်ရန်သူဟာသူ့နည်းဗျူဟာအတိုင်း၊ယာယီစစ်စခန်းချဖို့နေရာကောင်းတစ်ခုကိုရွေးချယ်ရပါတယ်။ဒီလိုရွေးချယ်တဲ့နေရာမှာ၊အဓိကလိုအပ်ချက်နှစ်ခုပြည့်စုံတဲ့နေရာဖြစ်ဖို့သိပ်အရေးကြီးပါတယ်။ပထမတစ်ချက်က၊လမ်းကြောင်းနှစ်ကြောင်းခွဲတိုက်မယ့်ရန်သူဟာ၊အသက်ရူလမ်းကြောင်းနဲ့အစာအိမ်လမ်းကြောင်းနှစ်ခုလာပြီးဆုံတဲ့ဆုံမှတ်အနီးမှာသာစခန်းချရမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်က၊စစ်အင်အားပွားများဖို့၊လက်နက်ရိက္ခာ၊လူသူတွေလိုအပ်ပါတယ်။ဒါကြောင့်အပိုင်ဝင်စီးပြီးအသုံးချလို့ရမယ့်ရွာတွေနဲ့နီးစပ်တဲ့နေရာလဲဖြစ်ရပါမယ်။ – ရွာတွေဆိုတာကတစ်ခြားမဟုတ်ပါဘူး။ရန်သူအတွက်(Host cells)တွေအဖြစ်ဝင်ရောက်စီးနင်းပြီး(Virus)ပိုးအသစ်တွေအဆပေါင်းများစွာမွေးထုတ်မျိုးပွားလို့ရတဲ့ဆဲလ်တွေကိုဆိုလိုတာပါပဲ။အဲဒါဘယ်နေရာလို့သင်ထင်ပါသလဲ?။ – ကျွန်တော်တို့(Covid)ပိုးစစ်ရင်ဘယ်နေရာကနေ၊နမူနာ(swab)ယူရပါသလဲ?။ပါးစပ်နဲ့နှာခေါင်းအနောက်ဖက်၊အဆုတ်ကိုသွားတဲ့လေပြွန်နဲ့အစာအိမ်ကိုသွားတဲ့အစာပြွန်ဆုံမှတ်ရဲ့အပေါ်နားလေးမှာ(swab)ယူရပါတယ်။ဒီနေရာဟာခန္ဓာကိုယ်ထဲကိုဝင်လာတဲ့(Covid)ပိုးတွေရဲ့ပထမဆုံးအင်အားပွားများရတဲ့ဌာနချုပ်ပါပဲ။ – ဒီရောဂါကူးစက်ခံရတဲ့လူကို၊ကူးစက်ခံရရချင်းသွေးစစ်ကြည့်မယ်ဆိုရင်၊သွေးထဲမှာ(Virus)ပိုးမတွေ့နိုင်သေးပါဘူး။သွေးထဲကိုမဝင်ရောက်နိုင်သေးခင်မှာ၊ဖျားတာ၊နာတာအစရှိတဲ့ရောဂါလက္ခဏာတွေလဲထင်ထင်ရှားရှားမပြသေးပါဘူး။ဒီ(Virus)ပိုးဟာခန္ဓာကိုယ်ကိုဝင်ရောက်လာပြီဆိုတာနဲ့ပိုးကောင်ရေအများစုဟာအဆုတ်ထဲ၊သွေးထဲကိုတိုက်ရိုက်မဝင်ရောက်နိုင်သေးပဲ၊အသက်ရူလမ်းကြောင်းနဲ့အစာအိမ်လမ်းကြောင်းနှစ်ခုလာဆုံတဲ့နေရာလည်ချောင်းပြွန်အတွင်းမှာယာယီစခန်းချပြီးအင်အားတိုးချဲ့ပွားများနေပါသေးတယ်။ဒါကြောင့်ဒီနေရာကို(Swab)ယူပြီးစမ်းသပ်မှသာလျှင်တိတိကျကျအဖြေသိနိုင်ပါတယ်။ — လူတွေမှတ်သားထားရမယ့်၊ဒီ(Virus)ပိုးရဲ့အဓိကလှို့ဝှက်ချက်နည်းဗျူဟာကတော့၊ဝင်လာပြီဆိုတာနဲ့ပထမဦးဆုံးအနေနဲ့လည်ချောင်းမှာစခန်းချရပ်နားမယ်။ပြီးတော့မှလည်ချောင်းကဆဲလ်တွေကို(Host Cells)အဖြစ်အသုံးပြုပြီးအင်အားတွေအဆမတန်တိုးချဲ့ပွားများမယ်။အင်အားအလွန်တောင့်တင်းခိုင်မာလာပြီဆိုရင်ခန္ဓာကိုယ်ကိုစစ်ကြောင်းကြီးနှစ်ခုခွဲပြီးဝင်ရောက်တိုက်ခိုက်မယ်ဆိုတာပါပဲ။ဒီလှို့ဝှက်ချက်ကိုသိသွားတဲ့သူတွေကိုတော့ဒီပိုးဟာဘယ်တော့မှဒုက္ခမပေးနိုင်တော့ပါဘူး။ – ဒီ(Virus)ပိုးရဲ့ပထမလမ်းကြောင်းကတော့အဆုတ်ကိုအဓိကပြစ်မှတ်ထားပြီးဝင်တိုက်မယ့်အသက်ရူလမ်းကြောင်းဖြစ်ပြီး၊ဒုတိယလမ်းကြောင်းကတော့အူတွေကိုအဓိကပစ်မှတ်ထားပြီးဝင်တိုက်မယ့်အစာအိမ်နဲ့အူလမ်းကြောင်းတွေပါပဲ။ – နောက်အပိုင်းတွေမှာဘယ်လမ်းကြောင်းကတိုက်ခိုက်ရင်၊ရန်သူ့အားသာချက်အားနည်းချက်တွေဘယ်လိုရှိမယ်။ကိုယ့်အနေနဲ့လမ်းကြောင်းနှစ်ခုစလုံးကိုဘယ်လိုပိတ်ဆို့ကာကွယ်ရမယ်ဆိုတာကို၊မဟာဗျူဟာကျကျ၊သေသေချာချာသင်ကြားပေးမှာဖြစ်ပါတယ်။ – အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ Kelvin Albert Power ——————————————————— အပိုင်း(၉)။( July 21, 2022) အသက်ရူလမ်းကြောင်းကနေဝင်ပြီးအဆုတ်ကိုပြစ်မှတ်ထားတိုက်ခိုက်ရင်၊အားနည်းချက်၊အားသာချက်တွေကဘာတွေဖြစ်မလဲ?။ – ဘယ်လမ်းကြောင်းကပဲဝင်ဝင်၊ဒီ(Virus)ပိုးရဲ့အဓိကရည်မှန်းချက်ကတော့(Antibody)မရခင်မှာသွေးထဲကိုအမြန်ဆုံးရောက်နိုင်ဖို့ပါပဲ။သွေးထဲကိုရောက်မှသာလျှင်၊အလုံးစုံပျက်စီးခြင်းကိုသူဆောင်ရွက်နိုင်မှာမဟုတ်ဘူးလား?။ – လူတစ်ယောက်ဟာ(Virus)ပါတဲ့လေကိုရူရှိုက်မိပြီဆိုတာနဲ့ပိုးအနည်းငယ်လေးသာလျှင်အဆုတ်အတွင်းပိုင်းအထိတိုက်ရိုက်ဝင်ရောက်လာနိုင်လို့များသောအားဖြင့်ပိုးအကူးစက်ခံရပြီဆိုရင်၊ချက်ခြင်းရုတ်တရက်ကြီးမဖျားတတ်ကြပါဘူး။တစ်ကယ်လို့သာပထမတစ်ကြိမ်ရူရှိုက်လိုက်တာနဲ့သွေးကြောထဲချက်ခြင်းရောက်သွားမယ်ဆိုရင်လူနာဟာပထမရက်မှာတင်ချက်ခြင်းအဖျားဝင်ရမှာဖြစ်ပါတယ်။လက်တွေ့မှာချက်ခြင်းမဖျားသေးဘူးဆိုတာဟာအဆုတ်ထဲ၊သွေးကြောတွေထဲကိုချက်ချင်းမဝင်ရောက်နိုင်သေးလို့ပါပဲ။ -ပထမဦးဆုံးအနေနဲ့၊(Virus)ပိုးဟာအဆုတ်နဲ့အသက်ရူလမ်းကြောင်းကိုတိုက်ခိုက်တော့မယ်ဆိုပါစို့။ကွေ့ကောက်ပြီးဆံချည်မျှင်တွေလောက်အထိသေးငယ်သွားတဲ့အဆုတ်လေပြွန်အတွင်းပိုင်းက(mucous membrane)တွေကြောင့်ပိုးအများစုဟာအဆုတ်ထဲကိုမရောက်ပဲလမ်းမှာအဖမ်းခံလိုက်ရပါတယ်။ကံသိပ်ကောင်းပြီးလွတ်သွားတဲ့ပိုးအနည်းငယ်ကလဲ(Immune system cells)တွေနဲ့ရင်ဆိုင်ကြရပြန်ပါတယ်။ …

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၈)။အပိုင်း(၉)။အပိုင်း(၁၀)။ Read More »

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၅)။အပိုင်း(၆)။အပိုင်း(၇)။

အပိုင်း(၅)။( July 19, 2022) ဒီနည်းကို၊ကျွန်တော်ကိုယ်တိုင်ရောကိုယ်တွေ့စမ်းသပ်ပြီးသွားပြီလား?။ – ကျွန်တော်လဲဒီနည်းလမ်းကိုမသိခင်အရင်တုံးက၊ကိုဗစ်ပိုးကိုကြောက်ခဲ့ရတာပါပဲ။အမေရိကန်မှာကိုဗစ်လှိုင်း ပေါင်းများစွာဝင်သွားပါတယ်။အပြင်မကြာခဏမထွက်ရဲခဲ့ဘူး။(Mask)မချွတ်ရဲခဲ့ဘူး။ကိုယ့်(Immune System)ကောင်းအောင်လုပ်ထားရတယ်။ပထမဆုံးလှိုင်းတုံးကအသည်းအသန်ဖျားနာတာမရှိခဲ့ပေမယ့်၊နှာစေးချောင်းဆိုး၊လည်ချောင်းနာတာလောက်တော့ဖြစ်ခဲ့ပါတယ်။ကာကွယ်ဆေးတော့(လုံးဝ)ကိုမထိုးပါဘူး။ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မထိုးတာပါ။ – နောက်တော့သုတေသနတွေလုပ်ရင်းနဲ့ဒီပိုးအကြောင်းကိုကျွန်တော်ကောင်းကောင်းနားလည်သွားပါတယ်။ဒီပိုးဟာဘယ်နေရာမှာအဓိကပွားပြီးအင်အားစုတယ်၊ခန္ဓာကိုယ်ကိုဘယ်လိုတိုက်ခိုက်တယ်၊ဘာတွေကိုကြောက်တယ်၊ဘယ်လိုသတ်ရင်သေတယ်ဆိုတာကို၊ကိုယ်တွေ့အဖြစ်နဲ့ကောင်းကောင်းနားလည်လာပါတော့တယ်။သူ့ကို(Immune System)နဲ့ပေးမတွေ့ခင်အပြတ်ရှင်းနိုင်တဲ့နည်းလမ်းကိုလည်းသိလာပါတယ်။လက်တွေ့စမ်းသပ်ကျင့်သုံးကြည့်တော့လည်းအောင်မြင်ခဲ့ပါတယ်။ – စမ်းသပ်တဲ့အနေနဲ့(Delta)မှာစသုံးကြည့်တယ်။နောက်ပြီး(Omicron)မှာလဲသုံးကြည့်တယ်။နောက်ပိုင်းကိုဗစ်အချိန်တွေမှာအပြင်မကြာခဏထွက်တယ်။(Mask)မတပ်ဘူး။ဘာကြောင့်လဲဆိုတော့ပိုးအကူးခံကြည့်ချင်လို့။ပိုးကကူးလာတယ်။အိမ်မှာကိုယ့်နည်းနဲ့ကိုယ်ပိုးသတ်ပြစ်တယ်။နောက်နေ့မှာပိုးမရှိတော့ဘူး။ – ဒီလိုပဲအပြင်ထွက်တိုင်းအမြဲတန်းလိုလိုထပ်ပြီးကူးလာပြန်တယ်။ကိုယ့်နည်းနဲ့ကိုယ်သတ်တယ်။ပြန်ပျောက်သွားတယ်။အတော်လေးကြာမှ(Antibody)ရလာတယ်။(Version)အသစ်ဝင်လာရင်(Antibody)ကအလုပ်မလုပ်ပြန်ဘူး။ကိုယ်နည်းကိုယ်ဟန်ပဲပြန်သုံးရပါတယ်။ – သဘာဝပိုးသတ်နည်းကိုလေ့လာကျင့်သုံးပြီးအကြိမ်ကြိမ်အောင်မြင်ခဲ့ပြီးတဲ့နောက်ပိုင်းကျွန်တော်ကိုဗစ်ကိုမကြောက်တော့ပါဘူး။အခုဆိုရင်တော့ထမင်းစားရေသောက်ဖြစ်သွားပါပြီ။ကိုဗစ်အသစ်ဘယ်နှစ်လှိုင်းလာလာ၊ဘယ်လောက်(Version)ပြောင်းပြောင်းမကြောက်တော့ပါဘူး။ကာကွယ်ဆေးဆိုတာလဲကျွန်တော့်အတွက်မလိုအပ်တော့ပါဘူး။ကျွန်တော့်မှာနည်းလမ်းကောင်းရှိနေပါပြီ။ – စာဖတ်သူတွေကိုကျွန်တော့်လိုကိုဗစ်အချိန်မှာ(Mask)မတပ်ဘဲအပြင်မကြာခဏထွက်ပြီးတမင်ပိုးအကူးခံဖို့သင်ပေးနေတာမဟုတ်ပါဘူး။ကျွန်တော်စမ်းသပ်ဖူးခဲ့တဲ့ကျွန်တော့်အတွေ့အကြုံကိုပဲပြောပြတာပါ။လိုက်တုကြဖို့ပြောနေတာမဟုတ်ပါဘူး။လိုက်လုပ်ရမယ့်အရာလဲမဟုတ်ပါဘူး။ – ဒါပေမယ့်အရေးအကြီးဆုံးတစ်ခုတော့မှာချင်ပါတယ်။ကျွန်တော်သင်ပေးမယ့်နည်းလမ်းကသိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ဒါပေမယ့်သတိ၊ဝိရိယနဲ့ယုံကြည်ချက်တော့ရှိဖို့အထူးလိုအပ်ပါတယ်။ပိုးအကြောင်းနဲ့၊နည်းလမ်းအကြောင်းချက်ခြင်းမရေးပဲဘာကြောင့်(Intro)တွေဝင်ပြီးဒီလောက်စာအရှည်ကြီးကိုလက်ညောင်းခံရေးနေရသလဲဆိုတော့ဒီနည်းလမ်းကိုတန်ဖိုးထားပြီးယုံယုံကြည်ကြည်နဲ့တိတိကျကျလိုက်နာကျင့်သုံးကြဖို့ဖြစ်ပါတယ်။ – အကျိုး၊အကြောင်းတွေကိုကိုယ်တိုင်သေချာသိရှိနားလည်မထားဘူးဆိုရင်၊ယုံကြည်မှု့အားနည်းနေပါလိမ့်မယ်။ဒါမှမဟုတ်သိပ်လွယ်တယ်ဆိုပြီးအထင်သေးပေါ့ဆမိပါလိမ့်မယ်။ဒီနည်းလမ်းရဲ့တန်ဖိုးကိုအမှန်တစ်ကယ်နားလည်ပြီးလေးလေးနက်နက်လိုက်နာကျင့်သုံးမှု့မရှိဘူးဆိုရင်နည်းဘယ်လောက်ကောင်းကောင်းအောင်မြင်မှာမဟုတ်ပါဘူး။ – နောက်တစ်ခုပြောချင်တာကဒီနည်းဟာကိုဗစ်(Version)တစ်ခုတည်းကိုနိုင်တာမဟုတ်ပါဘူး။(Version)ဘယ်လောက်ပြောင်းပြောင်းနည်းလမ်းမပြောင်းပါဘူး။ကိုဗစ်နေရာမှာတစ်ခြား(လေကနေကူးစက်တတ်တဲ့)ရောဂါပိုးတွေရောက်လာလဲနည်းမပြောင်းပါဘူး။ – လောကမှာအသက်လောက်တန်ဖိုးရှိတဲ့အရာဘာမှမရှိပါဘူး။တန်ဖိုးရှိတဲ့အရာတိုင်းဟာလဲဘာမှအလကားမရပါဘူး။ကိုယ့်ဖက်ကဝိရိယအချိန်တွေအနည်းငယ်တော့စိုက်ထုတ်ပေးရပါမယ်။ငွေများများလဲမကုန်၊ဘေးထွက်ဆိုးကျိုးလဲမရှိပဲ၊တစ်သက်လုံးလဲကိုဗစ်ကိုနိုင်တဲ့သဘာဝနည်းကိုသိချင်ရင်တော့စာဖတ်ပျင်းလို့မရပါဘူး။ – ကိုဗစ်ပိုးရဲ့သဘောသဘာဝကိုအကျိုးနဲ့အကြောင်း(ဃဂဏန)အရင်နားလည်အောင်သင်ပေးမယ်။ပြီးရင်သဘာဝနည်းနဲ့စနစ်တကျပိုးသတ်နည်းလဲသင်ပေးရမယ်။ဒါကြောင့်စာရှည်ချင်ရှည်ပါမယ်။စာရှည်ပေမယ့်၊နားလည်အောင်အချိန်ပေးပြီးဖတ်ရင်ကိုယ့်အတွက်အကျိုးကျေးဇူးတွေမနည်းပါဘူး။စာဖတ်ပျင်းရင်တော့ဘာအကျိုးမှမရနိုင်ပါဘူး။ – နံပါတ်(၁)အနေနဲ့Covid ပိုးရဲ့သဘောသဘာဝ၊အမူအကျင့်ကို(ဃ၊ဂ၊ဏ၊န)သိအောင်သင်ပေးချင်ပါတယ်။ နံပါတ်(၂)အနေနဲ့ကတော့ခန္ဓာကိုယ်ထဲရောက်လာတဲ့ဒီ(Covid)ပိုးကိုသဘာဝအတိုင်းသတ်လို့ရတဲ့စနစ်တကျပိုးသတ်နည်းကိုဆက်ပြီးသင်ပေးပါမယ်။ – ဒီပိုးရဲ့သဘောသဘာဝကိုသေချာနားလည်လာပြီး၊ထိရောက်တဲ့သဘာဝနည်းလမ်းကိုယုံယုံကြည်ကြည်နဲ့တန်ဖိုးထားပြီးလိုက်နာကျင့်သုံးကြမယ်ဆိုရင်ကိုယ့်တစ်ယောက်ထဲအတွက်မဟုတ်ပဲကိုယ့်မိသားစုနဲ့ကိုယ့်ပါတ်ဝန်းကျင်တစ်ခုလုံးကိုပါ(Covid)ဘေးကနေရာသက်ပန်ကာကွယ်စောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။ – အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ Kelvin Albert Power —————————————————————– အပိုင်း(၆)။( July 19, 2022) (Covid)ပိုးရဲ့သဘာဝဟာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်နိုင်တာလား။ဒါဆိုရင်(Covid)ပိုးပါတဲ့လေကိုရူမိရင်၊လေထဲမှာပါလာတဲ့(Covid)ပိုးရဲ့ရာခိုင်နှုန်းဘယ်လောက်အဆုတ်ထဲကိုတိုက်ရိုက်ဝင်သွားနိုင်မလဲ?။ – ဒီနေရာမှာလူအများသိထားတာက(COVID)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ဆိုတာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်တယ်လို့ထင်ထားကြပါတယ်။ဒါဟာလုံးဝမမှန်ကန်ပါဘူး။ဘာကြောင့်လဲဆိုတော့၊ဒီပိုးတွယ်ကပ်နိုင်တဲ့(ACE2 Receptor)တွေဆိုတာအဆုတ်တစ်ခုတည်းမှာပဲရှိနေတာမဟုတ်ပါဘူး၊တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအတော်များများမှာလဲရှိနေပါတယ်။အထူးသဖြင့်လည်ချောင်းမှာလဲရှိပါတယ်။ — ဒါကြောင့်ဒီ(Virus)ပိုးဟာအဆုတ်ကိုတိုက်ခိုက်နိုင်သလို၊တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလဲတိုက်ခိုက်နိုင်ပါတယ်။ဒီ(Virus)ဟာအဓိကစစ်ကြောင်းကြီးနှစ်ခုခွဲပြီးအသက်ရူလမ်းကြောင်းအပြင်၊အစာအိမ်နဲ့အူလမ်းကြောင်းကိုပါဝင်ရောက်ပြီးတိုက်ခိုက်နိုင်ပါတယ်။(COVID)ရောဂါသယ်တွေမှာအစာအိမ်နဲ့အူလမ်းကြောင်းကိုတိုက်ခိုက်ခံရလို့ဗိုက်နာတာတွေ၊ဝမ်းသွားတာတွေဖြစ်လာပြီဆိုရင်ပိုပြီးအန္တရာယ်ပိုများပါတယ်။ – …

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၅)။အပိုင်း(၆)။အပိုင်း(၇)။ Read More »

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၁)။အပိုင်း(၂)။အပိုင်း(၃)။အပိုင်း(၄)။

အပိုင်း(၁)။        ( July 16, 2022) ကိုဗစ်ဟာသဘာဝကလာတဲ့(Virus)ဟုတ်လို့လား?။လွယ်လွယ်လေးနဲ့အလိုလိုပျောက်သွားမှာလား?။မကြာခဏတစ် လှိုင်း ပြီးတစ် လှိုင်း အကြိမ်ကြိမ်ပြန်ဖြစ်နေဦးမှာလား?။ – အမှန်အတိုင်းပြောရရင်တော့(Covid)ပိုးဟာသဘာဝမဟုတ်ပါဘူး။(Gain of Function Research)အတိုင်းလူလုပ်ထားတဲ့သဘောပါပဲ။(Gain of Function Research)ဆိုတာ၊နဂိုကသဘာဝအတိုင်းတိရိစ္ဆာန်တွေမှာပဲရှိနေပြီး၊လူတွေကိုမတွယ်ကပ်ဒုက္ခမပေးနိုင်တဲ့ဒီ(Virus)ပိုးကို၊လူတွေကိုကူးစက်၊ဒုက္ခပေးလာနိုင်အောင်မျိုးရိုးဗီဇပြောင်းလဲပေးလိုက်တဲ့လုပ်ငန်းကိုခေါ်တာပါပဲ။ – (Gain of Function Research)လုပ်ငန်းကိုတရုတ်ပြည်ဝူဟန်မှာလုပ်ခဲ့တယ်ဆိုပေမယ့်၊တရုတ်တစ်နိုင်ငံတည်းလုပ်တာတော့မဟုတ်ပါဘူး။တရုတ်ကိုဒီ(Research)ခေါင်းစဉ်အောက်မှာငွေထုတ်ပေးပြီးလုပ်ခိုင်းတဲ့နိုင်ငံကြီးတစ်နိုင်ငံလဲပါဝင်နေပါတယ်။ဒီ(Post)ကိုရေးနေရတာကလဲ၊ဘယ်သူဘယ်ဝါလုပ်တယ်ဆိုပြီးတော့လက်ညိုးထိုးအပြစ်ပြောဖို့မဟုတ်ပါ။ပြောလဲမပြောရဲပါ။ – အဓိကပြောချင်တာက၊ဒီကိုဗစ်ဟာသဘာဝအတိုင်းရောက်လာတဲ့(Virus)မျိုးမဟုတ်ဘူး။လူတွေလုပ်ထားတာဖြစ်နေလို့လွယ်လွယ်ကူူကူနဲ့သဘာဝအတိုင်းပြန်ပျောက်သွားမှာ၊ပြီးဆုံးသွားမှာမဟုတ်ဘူး။နောက်ထပ်မကြာခဏ၊တစ်လှိုင်းပြီးတစ်လှိုင်းဝင်လာနေဦးမှာပဲဆိုတာကိုတော့လူတွေသေချာနားလည်စေချင်လို့ရေးနေရခြင်းဖြစ်ပါတယ်။ – အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ ။ Kelvin Albert Power Reference: https://www.ncbi.nlm.nih.gov/pmc/articles/PMC4996883/ ————————————————————————————– အပိုင်း(၂)။    ( July 16, 2022) ဒီပိုးအကြောင်းကိုသေချာ(ဃဂဏန)သိအောင်မလေ့လာရင်(သို့)ကိုယ့်နည်းကိုယ့်ဟန်နဲ့ပိုးသတ်နိုင်တဲ့နည်းလမ်းကိုရှာမထားရင်၊ကိုယ်နဲ့ကိုယ့်မိသားစုအတွက်အသက်အာမခံချက်ဆိုတာရှိနိုင်ပါ့မလား?။ – (Covid)ရဲ့ရာဇဝင်ကိုပြန်ကြည့်လိုက်ကြပါ။ပထမလှိုင်းမှာလူအချို့ကိုခေါ်သွားတယ်။ပထမလှိုင်း မှာပပါမသွားဘူးဆိုရင်ဒုတိယတစ်ခေါက်မှာလာပြန်ခေါ်တယ်။ဒုတိယလှိုင်း မှာပါမသွားပြန်ဘူးဆိုရင်လဲတတိယတစ်ခေါက်လာပြန်ခေါ်တယ်။တတိယရထားမမှီသူတွေအတွက်ကလဲစတုတ္တရထားဆိုက်လာပြန်တယ်။ဒီလိုပဲသေမင်းတမန်ရထားတွေကတစ်စင်းပြီးတစ်စင်းမဆုံးတန်းဆိုက်နေဦးမှာပါပဲ။ – ပထမလှိုင်းမှာလွတ်သွားတဲ့လူကငါမသေတော့ဘူးဆိုပြီးပျော်နေရှာမှာပေါ့။ဒါပေမယ့်ဒုတိယရထားဟာသူစီးရမယ့်ရထားဆိုတာကြိုမသိခဲ့ရှာဘူး။ဒုတိယရထားလွတ်သွားတဲ့လူတွေကလဲငါမသေနိုင်တော့ဘူးဆိုပြီးပျော်နေပြန်တယ်။ဒါပေမယ့်တတိယရထားကသူ့ရထားဖြစ်သွားပြန်တယ်။ – ဒီလိုတာ(Version)တစ်မျိုးပြီးတစ်မျိုးပြောင်းပြီး၊တစ်လှိုင်းပြီးတစ်လှိုင်း၊တစ်သက်လုံးမနားတန်းဝင်လာနေမယ်ဆိုရင်၊ကိုယ့်အသက်ကဘယ်လိုလုပ်အာမခံချက်ရှိနိုင်တော့မှာလဲ။တစ်လှိုင်းမဟုတ်၊တစ်လှိုင်းမှာကိုယ်ပါသွားနိုင်တာပါပဲမဟုတ်ဘူးလား။ – ချိန်းခြောက်နေတာမဟုတ်ပါဘူး။ဒါဟာလက်တွေ့ကြုံနေရတဲ့တစ်ကယ့်အမှန်တရားပါပဲ။(Covid)ကာလမှာလူ့ဘဝတွေဆိုတာရေဗွက်ပမာ၊နေ့မြင်၊ညပျောက်ပါပဲ။မျှော်လင့်မထားပဲလူတွေတဖြုတ်ဖြုတ်သေသွားကြတာလူတိုင်းကိုယ်တွေ့ပါပဲ။အရင်ရထားတွေနဲ့ပါသွားခဲရတဲ့လူတွေခမျာမှာလဲ၊သူတို့သေမယ်လို့ကြိုတင်ပြီးမသိခဲ့ရှာပါဘူး။ဒါဆိုရင်၊ကိုယ်လဲနောက်လာမယ့်ဘယ်ရထားဟာကိုယ့်ရထားဖြစ်မယ်ဆိုတာကြိုသိနိုင်ပါ့မလား။ – …

ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၁)။အပိုင်း(၂)။အပိုင်း(၃)။အပိုင်း(၄)။ Read More »

ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။

Source from Kelvin A. Power’s Facebook on March 31, 2020 ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။ — အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်၊မာယာမီမြို့က၊အသက်(၄၀)အရွယ်၊ကျန်းကျန်းမာမာ၊သန်သန်စွမ်းစွမ်း၊လူသန်ကြီး(Israel Carrera)ဆိုသူလူတစ်ယောက်လဲ(COVID-19)ကြောင့်သေဆုံးသွားခဲ့ရပါတယ်။သ့ူ့မှာဘာရောဂါအခံမှမရှိပါဘူးတဲ့။ — ဆေးရုံကဆေးဝါးတွေနဲ့အသက်ရူစက်ပစ္စည်းတွေမလုံလောက်လို့လဲမဟုတ်ပါဘူး။ဆေးရုံရောက်ပြီးဆရာဝန်တွေ၊ဆရာဝန်မတွေဝိုင်းရံပြီး၊အသက်ရူစက်ပစ္စည်းတွေ၊အောက်ဆီဂျင်တွေအလုံအလောက်နဲ့ကမ္ဘာမှာအဆင့်အမြင့်ဆုံး၊အမေရိကန်အနောက်တိုင်းဆေးပညာတွေနဲ့အစွမ်းကုန်ကုသပေးခဲ့ရက်သားနဲ့သူသေဆုံးသွားရတာပါ။ — ဘာကြောင့်သေလဲသိပါသလား?။အဲဒါကို(Inflammation)လို့ခေါ်ပါတယ်။ဘယ်လောက်ကျန်းမာသန်စွမ်းနေပါစေ၊အတွင်းမှာ(Inflammation)ဖြစ်နေရင်ဘာလက္ခဏာမှမပြပါဘူး။ရောဂါဖြစ်လာတော့ဘယ်လောက်ပဲသန်စွမ်းနေပါစေ၊ဘယ်လောက်ပဲခေတ်မှီတိုးတက်တဲ့အနောက်တိုင်းဆေးပညာနဲ့၊ဘယ်လိုပဲကုသပေးနိုင်ပါစေ၊သေတာပါပဲ။ — (Inflammation)ဆိုတာဘာပါလိမ့်?။(Inflammation)လို့ပြောလိုက်ရင်ဆရာဝန်တော်တော်များများက(anti-inflammatory drug)တွေဖြစ်တဲ့(Steroid)တွေနဲ့(NSAID)တွေကိုမျက်စိထဲသွားပြီးမြင်မိကြတတ်ပါတယ်။တချို့တွေက(IL-6 Blocker)တွေကိုသွားအားကိုးနေမိကြပါတယ်။ — ဒီနေရာမှာပြောချင်တာက(Inflammation)ဆိုတာကို(anti-inflammatory drug)တွေနဲ့တားဆီးပေးတယ်ဆိုတာဟာ၊ယာယီသဘောသာဖြစ်လို့ဘာမှအသုံးမဝင်လှပါဘူး။ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီ(anti-inflammatory)သဘောမဟုတ်ပါဘူး။အခြေခံကျကျဖြေရှင်းပေးနိုင်တဲ့(Resolution of Inflammation)သာလျှင်ဖြစ်ပါတယ်။ — (Resolution of Inflammation)ဆိုတာအလွန်လေးနက်တဲ့သဘောသဘာဝတစ်ခုပါ။ဒီသဘောသဘာဝကိုပေးစွမ်းနိုင်တဲ့ဓါတုဗေဒဆေးဝါး(drug)ဆိုတာကမ္ဘာမှာမရှိသေးပါဘူး။နောက်လဲဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။မိခင်သဘာဝတရားကပဲရရှိနိုင်တဲ့အနှစ်သာရတစ်ခုပါ။ — ဒီခေတ်မှာဆရာဝန်တွေကိုယ်တိုင်တောင်နာတာရှည်ရောဂါတွေကိုခံစားနေရတာဟာ(anti-inflammatory)ဆိုတဲ့သေးသိမ်တဲ့သဘောတရားတစ်ခုနဲ့၊(Resolution of Inflammation)ဆိုတဲ့အလွန်နက်နဲတဲ့သဘောတရားနှစ်ခုလုံးဝမတူဘူးဆိုတာကိုသေချာကွဲကွဲပြားပြားမသိလို့ပါပဲ။သိရင်နာတာရှည်ရောဂါတွေဆိုတာမဖြစ်လာတော့ပါဘူး။ — နားလည်အောင်ဥပမာပေးရရင်၊(anti-inflammatory drug)တွေဆိုတဲ့သဘောဟာသူပုန်နဲ့အစိုးရစစ်တပ်တွေကြားမှာယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်နဲ့သွားတူနေပါတယ်။ဒါပေမယ့်ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်မဟုတ်ပါဘူး။အခြေခံကျပြီးခိုင်မာတည်တန့်တဲ့ပြည်တွင်းငြိမ်းချမ်းရေးအနှစ်သာရပါ။ — ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ၊နှစ်ဦးခေတ္တသဘောတူထားတဲ့အလံဖြူစာချုပ်တစ်စောင်မဟုတ်ပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေပြုထည့်သွင်းပြီးရေးဆွဲထားရတဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု့အခြေခံဥပဒေတစ်ခုပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကနေဆင်းသက်လာရတဲ့အခြေခံကျပြီးခိုင်မာတည်တန့်တဲ့ငြိမ်းချမ်းရေးအနှစ်သာရအစစ်ပါ။နိုင်ငံရေးပြောနေတာ(လုံးဝ)မဟုတ်ပါဘူး။လူတိုင်းနားလည်လွယ်အောင်ဥပမာပေးနေတာပါ။ — (Resolution of Inflammation)ဆိုတာဟာလဲဒီသဘောမျိုးပါပဲ။(Inflammation)ကို(Drug)တွေနဲ့ယာယီကလေး၊အလံဖြူထောင်ပြပြီးအပြစ်အခတ်ရပ်စဲထားတာမဟုတ်ပဲ၊ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဆဲလ်တွေအားလုံးတစ်ခုချင်းဆီကနေဆင်းသက်လာတဲ့မိခင်သဘာဝကပေးတဲ့အခြေခံကျလှတဲ့သဘောဝသဘောတရားတစ်ခုကိုသာဆိုလိုခြင်းဖြစ်ပါတယ်။အဲဒီသဘာဝသဘောတရားကိုဘယ်ဓါတုဗေဒဆေးတွေနဲ့မှဖန်တီးယူလို့မရရှိနိုင်ပါဘူး။မိခင်သဘာဝကနေပဲရရှိနိုင်ပါတယ်။ — မာယာမီမြို့က၊ကျန်းမာသန်စွမ်းတဲ့လူသန်ကြီးသေတာဟာ(Virus)တွေ(mutation)ဖြစ်သွားလို့တော့မဟုတ်ပါဘူး။(Inflammation)ကြောင့်သေရတာပါ။ဆေးပညာတွေဘယ်လောက်ခေတ်မှီတိုးတက်နေပါစေ(Inflammation)ဆိုတာကိုဘယ်(Drug)နဲ့မှတားဆီးလို့မရနိုင်လို့လူ့အသက်တွေကို(သဘာဝတရားကိုဘေးဖယ်ထားပြီးတော့)ဘယ်လိုမှကယ်တင်မပေးနိုင်ပါဘူး။ — အနှစ်ချုပ်ပြောရရင်၊လူတိုင်းတစ်သက်လုံးကျန်းမာပြီးအသက်ရှည်နေဖို့၊နာတာရှည်ရောဂါတွေအားလုံးမဖြစ်နိုင်ဖို့၊ကူးစက်ရောဂါတွေနဲ့မသေနိုင်ဖို့အတွက်ကျွန်တော်တို့တစ်ကယ်လိုအပ်နေတာဟာဆေးကုမ္မဏီတွေကထုတ်ပေးတဲ့(anti-inflammatory drug)တွေလုံးဝမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့မိခင်သဘာဝတရားတစ်ခုတည်းကပဲရရှိနိုင်တဲ့(Resolution of Inflammation)သဘောသဘာဝတစ်ခုပါ။အဲဒါကို(Drug)တွေကနေမရနိုင်ပဲသဘာဝကပေးတဲ့(Nutrition)တွေကနေသာရရှိနိုင်ပါတယ်။ — လူသားအားလုံးဘေးကင်းကြပါစေ။ Kelvin Albert …

ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။ Read More »

ကိုရိုနာနှင့်ကြောင်ရွှေဝါ။

Source from Kelvin A. Power’s Facebook on March 30, 2020 ကိုရိုနာနှင့်ကြောင်ရွှေဝါ။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မှန်၊ကြောင်ကပေးသောအရေးကြီးတဲ့သင်ခန်းစာတစ်ခုဟာလူတွေကို၊ကိုရိုနာဘေးကနေကယ်တင်ပေးနိုင်တေ့ာမလား?။လက်တွေ့အတွေ့အကြုံနှင့်ခိုင်မှာသောသုတေသနကိုအခြေခံ၍ရေးခြင်းဖြစ်သည်။(April fools)လုံးဝမဟုတ်ပါ။ဒီလိုသေရေးရှင်ရေးအချိန်အခါမျိုးမှာလုံးဝမနှောက်မပြောင်ကြပါနှင့်။ — ကိုရိုနာဗိုင်းရပ်စ်ဆိုတာဟာအစတုံးက(SARS)တို့(MERS)တို့မှာလဲဖြစ်ခဲ့ဖူးပေမယ့်လူသိနည်းနေပြီး၊တရုတ်ပြည်က(ဝူဟန်)စဖြစ်လာတော့မှလူသိများလာကြရတာပါ။ — အထူးသဖြင့်(ကိုရိုနာဗိုင်းရပ်စ်)ရောဂါတွေဆိုတာအရင်တုံးကတည်းကမြန်မာပြည်အပါအဝင်၊တစ်ကမ္ဘာလုံးကကြောင်လေးတွေမှာအမြဲတန်းလိုလိုအိမ်ရှင်ရောဂါတစ်မျိုးအဖြစ်နဲ့ရာသီမရွေးဖြစ်ပေါ်နေခဲ့တယ်ဆိုတာကိုဘယ်သူမှသတိထားမိခဲ့ပုံမရပါဘူး။ — ကြောင်တွေမှာအမြဲဖြစ်နေကြတဲ့(Feline coronavirus)လို့ခေါ်တဲ့(FCoV)ဗိုင်းရပ်စ်တစ်မျိုးဟာ၊လူတွေကို(လုံးဝ)ဒုက္ခမပေးနိုင်တာကလွဲလို့၊လူတွေမှာဖြစ်ဖူးတဲ့(SARS, MERS, COVID-19)တွေလိုပဲ(Coronaviridae)မျိုးနွယ်ဝင်တွေဖြစ်ကြပြီး၊(single-stranded enveloped, positive RNA viruses)အမျိုးအစားတွေဖြစ်နေတဲ့အပြင်၊မျိုးရိုးဗီဇ(viral genome)တွေဟာလဲ( 26 kilobases)ကနေ(32 kilobases)အတွင်းမှာသာရှိနေကြလို့အလွန်ဆင်တူနေကြပါတယ်။ — ထူးခြားမှု့တစ်ခုက၊ဒီကြောင်တွေမှာသာဖြစ်တတ်တဲ့(ဖီလိုင်း-ကိုရိုနာဗိုင်းရပ်စ်)ဟာလူတွေမှာဖြစ်တဲ့(SARS, MERS, COVID-19)တွေနဲ့အမျိုးနွယ်ချင်းဆင်တူနေပေမယ့်ကြောင်တွေကနေလူတွေဆီကိုတစ်ခါမှကူးစက်မလာဖူးသေးပါဘူး။ဒါကြောင့်ကြောင်တွေမှာလူတွေကိုကူးလာနိုင်တဲ့ကိုရိုနာဗိုင်းရပ်စ်ရှိတယ်ဆိုပြီးတော့အထင်အမြင်လွဲမှားပြီးကြောင်တွေကိုသွားပြီးရန်မရှာမိကြဖို့အတွက်တော့ပထမဦးဆုံးအနေနဲ့အထူးအသိပေးပြောကြားလိုပါတယ်။ — ကြောင်တွေဆီကကိုရိုနာဗိုင်းရပ်စ်တွေဟာလူတွေကိုတစ်ခါမှဒုက္ခမပေးခဲ့ဖူးတဲ့အပြင်၊ကိုရိုနာဗိုင်းရပ်စ်အကြောင်းကိုသေချာသိရှိနားလည်နိုင်ဖို့အတွက်ကြောင်တွေမှာအန္တရာယ်ကင်းကင်းနဲ့သုတေသနပြုစမ်းသပ်လို့ရနိုင်လို့၊လူတွေမှာဖြစ်တဲ့အလားတူ၊မျိုးနွယ်ဝင်ဗိုင်းရပ်စ်တွေကိုထိန်းချုပ်နိုင်ဖို့နည်းလမ်းကောင်းတွေတောင်ရရှိနိုင်လို့အကျိုးကျေးဇူးတွေတောင်ရနိုင်ပါသေးတယ်။ — မြန်မာပြည်မှာကြောင်မွေးထားတဲ့လူတိုင်းဟာကိုယ့်ကြောင်တွေသေဆုံးခဲ့ရတာတွေ၊ပြန်ကုသပေးလိုက်လို့ကောင်းသွားတာတွေကြုံတွေ့ခဲ့ရဖူးပေမယ့်အမှတ်တမဲ့ကလေးနဲ့သာထားလိုက်ပြီး၊ဒါဟာ(ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူး။ — ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့်၊လူတိုင်းအထိတ်တလန့်ဖြစ်နေရတဲ့အခုလိုအချိန်မျိုးမှာ၊ကျွန်တော့်အနေနဲ့အလွန်တန်ဖိုးရှိပြီး၊လူတွေအတွက်အသုံးဝင်လာနိုင်တဲ့၊လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းကကြုံတွေ့ခဲ့ရတဲ့၊ကိုယ်တွေ့၊အဖြစ်အပျက်လေးတစ်ခုကိုအားလုံးအကျိုးအတွက်ပြန်လည်ပြီးမျှဝေပေးပါရစေ။ — လွန်ခဲ့တဲ့(၃)နှစ်လောက်တုန်းက၊အမေရိကန်နိုင်ငံမှာရှိတဲ့ကျွန်တော့်သူငယ်ချင်းအမေရိကန်လူမျိုးတစ်ယောက်ရဲ့အိမ်မှာကြောင်လေး(၃)ကောင်မွေးထားပါတယ်။မြန်မာပြည်ကနေအစပြုလာတဲ့မြန်မာမျိုးနွယ်ဝင်ကြောင်အမျိုးအစားတွေဖြစ်နေလို့၊(Burmese Cat)တွေလို့လဲခေါ်ကြပါတယ်။(Burmese Cat)နဲ့(Burmese Python)ဆိုတာဟာကမ္ဘာမှာနာမည်ကြီးတဲ့အိမ်မွေးတိရိစ္ဆာန်တွေပါပဲ။ — တစ်နေ့မှာတော့သူ့အိမ်ကကြောင်ကလေးတစ်ကောင်ဟာနေမကောင်း၊မကျန်းမာဖြစ်လာပါတော့တယ်။သူကတိရိစ္ဆာန်ဆရာဝန်ကိုသွားပြတော့၊(Feline coronavirus)ကြောင့်ဖြစ်တယ်လို့ဆိုတာကိုသိလိုက်ရပြီးဆေးတွေထိုးပေး၊တိုက်ပေးလိုက်ပါတယ်။ — ဆရာဝန်ကအဲဒီကြောင်လေးကိုတစ်ခြားကြောင်တွေနဲ့ခွဲပြီး(quarantine)လုပ်ထားခိုင်းပါတယ်။ဆရာဝန်ပေးတဲ့ဆေးတွေနဲ့ကုသပေးပြီး၊အဲဒီကြောင်လေးကိုသူ့အမျိုးအိမ်တစ်အိမ်မှာသီးသန့်ခွဲခြားထားလိုက်ပါတယ်။ဒါပေမဲ့တိရိစ္ဆာန်ဆရာဝန်ပေးလိုက်တဲ့ဆေးတွေနဲ့ကုသလို့မရနိုင်ပဲ၊ရက်အနည်းငယ်အတွင်းမှာကြောင်ကလေးသေဆုံးသွားပါတော့တယ်။ — ပိုင်ရှင်ကအလွန်စိတ်မကောင်းဖြစ်နေတဲ့အချိန်၊မကြာခင်မှာပဲ၊သူ့အိမ်မှာရှိနေတဲ့နောက်ထပ်ကြောင်တစ်ကောင်ကပထမကြောင်အတိုင်း၊ပုံစံတူထပ်ပြီးနေမကောင်းဖြစ်လာပါတော့တယ်။ပထမသေသွားတဲ့ကြောင်ကိုတစ်ခြားအိမ်မှာခွဲပြီး(quarantine)လုပ်ထားလိုက်ပေမယ့်၊ပထမကြောင်မသွားခင်၊ရောဂါလက္ခဏာမပြခင်ကတည်းကတခြားကြောင်တွေကို(ကိုရိုနာဗိုင်းရပ်စ်)ကူးစက်နေခဲ့တာလဲဖြစ်နိုင်ပါတယ်။ — ဒုတိယကြောင်နေမကောင်းဖြစ်ပြန်တော့ကျွန်တော့်သူငယ်ချင်းဟာတိရိစ္ဆာန်ဆရာဝန်ကိုသိပ်မယုံကြည်တော့ပဲ၊ကျွန်တော့်ကိုဖုံးခေါ်ပြီးလှမ်းမေးလာပါတယ်။မင်းကမြန်မာနိုင်ငံကလာတဲ့လူဆိုတော့(Burmese …

ကိုရိုနာနှင့်ကြောင်ရွှေဝါ။ Read More »

(COVID-19 virus)စွဲကပ်လာပြီဆိုရင်

Source from Kelvin A. Power’s Facebook on March 28, 2020 (COVID-19 virus)စွဲကပ်လာပြီဆိုရင်၊(80%)ရာခိုင်နုှန်းကဘာရောဂါမှမခံစားရပဲနှာစေးချောင်းဆိုးလောက်နဲ့ရောဂါပျောက်ကင်းသွားနိုင်ပေမယ့်ကျန်တဲ့(20%)ရာခိုင်နုှန်းကတော့ဆေးရုံတင်ရပြီးအရေးပေါ်အသက်ရူစက်တွေလိုအပ်နိုင်ပါတယ်။ — သူများနိုင်ငံတွေမှာ၊ဆေးဝါးနဲ့အသက်ရူစက်တွေ၊ဆရာဝန်တွေအလုံအလောက်ရှိနေမယ်ဆိုရင်တော့အဲဒီ(20%)ကအကုန်မသေပဲ၊(3%)ကနေ(5%)လောက်အထိပဲသေနိုင်ပါတယ်။သို့သော်ကိုယ့်မြန်မာနိုင်ငံမှာတစ်ပြိုင်တည်းဖြစ်လာလို့လူဦးရေအားလုံးအတွက်ဆေးရုံမှာပစ္စည်းတွေအလုံအလောက်ရှိမနေဘူးဆိုရင်တော့(20%)ထဲကအများစုဟာအသက်ဆုံးရံှုးနိုင်ပါတယ်။ — ဒါကြောင့်ဆေးဝါးတွေနဲ့အသက်ရူစက်တွေမပြည့်စုံတဲ့မြန်မာနိုင်ငံမှာကတော့အထက်ကပြောခဲ့တဲ့(20%)စလုံးကိုသေလူတွေအဖြစ်သတ်မှတ်ထားလိုက်ပြီးတော့အဲဒီသေလူ(20%)ထဲကိုယ်ပါမသွားဖို့အထူးကျိုးစားရပါလိမ့်မယ်။ — ဒါ့အပြင်အထူးသတိပေးချင်တာကဒီရောဂါကိုမကူးစက်နိုင်အောင်ထိန်းချုပ်ရမယ်ဆိုတာကအစိုးရနဲ့ကျန်းမာရေးဌာနတွေတင်မကပဲလူတိုင်းတစ်ဦးချင်းစီလုပ်ကိုလုပ်ရမယ့်တာဝန်ပါ။သို့သော်ရောဂါကိုထိန်းချုပ်တယ်ဆိုတာပါးစပ်နဲ့ပြောရတာလွယ်သလောက်လက်တွေ့မှာ၊နည်းပညာကောင်းကောင်းနဲ့ပိုက်ဆံအလုံအလောက်မရှိရင်အလွန်ခက်ခဲပါတယ်။ — နည်းပညာမှာထိပ်ဆုံးရောက်နေတဲ့အပြင်၊အမေရိကန်ဒေါ်လာသန်းပေါင်းနှစ်သန်း(USD-2T)တောင်သုံးစွဲနိုင်တဲ့အမေရိကန်နိုင်ငံတင်မကပဲ၊အီတလီအပါအဝင်ဥရောပမှာအတိုးတက်ဆုံးနိုင်ငံတွေအများစုတွေတောင်၊ဒီရောဂါကိုမပြန့်ပွားအောင်မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတော့၊မြန်မာနိုင်ငံအနေနဲ့သူတို့လိုဒေါ်လာသန်းပေါင်းနှစ်သန်းထက်ပိုလဲထုတ်ပြီးမသုံးစွဲနိုင်သလို၊သူတို့တွေထက်လဲနည်းပညာတွေပိုကောင်းပြီးထိန်းချုပ်မပေးနိုင်ပါဘူး။ — မြန်မာနိုင်ငံအနေနဲ့ကိုယ်တတ်နိုင်သလောက်လေးမိုးကြိုးပြစ်နေတာကိုထန်းလက်နဲ့ကာကြည့်နေကြတာပါ။ဒါကြောင့်ဘယ်လိုပဲထန်းလက်နဲ့အသာလေးကာပေးထားပါစေအချိန်တန်ရင်တော့အနှေးနဲ့အမြန်ကူးစက်လာနိုငပါတယ်။အရေးအကြီးဆုံးကသေနိုင်တဲ့(20%)ထဲကိုကိုယ်ရောက်မသွားပဲ၊လွယ်လွယ်နဲ့ရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာရှိနေအောင်ဘယ်လိုလုပ်ရမလဲဆိုတာလူတိုင်းသိရှိနားလည်နိုင်ဖို့ရေးပေးနေရခြင်းဖြစ်ပါတယ်။ — လောကမှာအကြောင်းရှိမှသာလျှင်အကျိုးဆိုတာဖြစ်လာရတာဖြစ်လို့ဒီရောဂါကူးစက်ခံရတဲ့လူတွေဟာအောက်ပါအကြောင်းတရား(၅)ပါးအပေါ်မှာအခြေခံပြီးတစ်ချို့ကသေနိုင်သလို၊တချို့ကဘာမှကိုမဖြစ်လိုက်ပဲရောဂါပျောက်ကင်းသွားစေနိုင်ပါတယ်။ — (1) Immunity. ရောဂါခုခံမှု့အားကောင်းမွန်နေစေရန်။ – (2) Viral Load (or) infectious dose. ရောဂါပိုးထိတွေ့မှု့တစ်ကြိမ်တစ်ခါထဲနဲ့အကောင်အရေအတွက်မများစေရန်။ – (3) Hyperinflammation. အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာအတွင်းရောင်ရမ်းမှု့အလွန်အကျွံမဖြစ်စေရန်။ – (4) Oxidative Stress အဆုတ်အပါအဝင်ကိုယ်တွင်းအင်္ဂါအားလုံးမှာဓါတ်တိုးမှု့ကြောင့်တိုက်ခိုက်ခံရခြင်းမရှိနေစေရန်။ – (5) Time of infection. မဖြစ်မနေလူတိုင်းကိုရောဂါကူးစက်ခံရပြီဆိုရင်တောင်၊ချက်ချင်းကူးစက်မခံရပဲနဲ့ရောဂါကိုထိန်းချုပ်နိုင်ပြီဆိုတဲ့အချိန်ကြမှသာလျှင်နောက်ဆုံးမှ၊သာမဖြစ်မနေမိမိကိုကူးစက်ခံရနိုင်စေရန်။ — 1.(Immunity) ရောဂါခုခံမှု့အားကောင်းမွန်နေစေရန်။ ခန္ဓာကိုယ်ရဲ့ရောဂါခုခံမှု့စနစ်အလွန်ကောင်းနေမယ်ဆိုရင်ဒီရောဂါဟာနှာစေးချောင်းဆိုးလောက်ကလွဲပြီးဘာမကိုမဖြစ်ပဲပျောက်ကင်းသွားနိုင်ပေမယ့်၊ရောဂါခုခံမှု့စနစ်မကောင်းရင်တော့အသက်ပါသေစေနိုင်ပါတယ်။ဒီနေရာမှာခုခံမှု့စနစ်ကောင်းတယ်ဆိုတာဘာကိုဆိုလိုသလဲဆိုတာကိုတော့သေချာနားလည်ဖို့လိုအပ်ပါတယ်။ …

(COVID-19 virus)စွဲကပ်လာပြီဆိုရင် Read More »

(COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။

Source from Kelvin A. Power’s Facebook on March 27, 2020 80%-20% ? (COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။ သေမယ့်ထဲကိုယ်မပါအောင်ဘာတွေကြိုတင်ပြီးလုပ်ထားလို့ရနိုင်မလဲ?။ — (COVID-19 virus)စွဲကပ်လာပြီဆိုရင်၊(80%)ရာခိုင်နုှန်းကဘာမှကိုရောဂါမခံစားရပဲနဲ့နားစေးချောင်းဆိုးလောက်နဲ့လဲရောဂါပျောက်ကင်းသွားနိုင်ပါတယ်။ကျန်တဲ့(20%)ရာခိုင်နှန်းကတောာ့အဆုတ်တွေထိခိုက်ပျက်စီးသွားပြီးဆေးရုံ၊အရေးပေါ်ရောက်၊အသက်ရူစက်တွေလိုအပ်နိုင်ပါတယ်။ — တစ်ကယ်လို့သာကိုယ်ကဆေးရုံတက်ကုရမယ့်(20%)ထဲကိုပါသွားပြီးတော့၊ကိုယ့်တိုင်းပြည်ကလဲခေတ်မှီ၊ကိုယ်ကလဲတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့(VIP)တယောက်ဆိုရင်တော့၊ဆေးရုံမှာကိုယ့်အတွက်ဆေးပစ္စည်းတွေအပြည့်အစုံ၊ကုတင်အဆင်သင့်၊အသက်ရူစက်တွေအဆင်သင်၊အောက်ဆီဂျင်တွေအပြည့်အဝနဲ့ဆေးကုသပေးဖိုဆရာဝန်၊ဆရာဝန်မတွေဝိုင်းပြီးအဆင်သင့်ထိုင်စောင့်ကုသပေးနေမယ်ဆိုရင်တော့၊အဲဒီဆေးရုံရောက်လာတဲ့(20%)အကုန်လုံးတော့မသေနိုင်ပါဘူး။ဆေးရုံရောက်တဲ့(20%)ထဲမှာမှတချို့တွေပဲသေစေနိုင်ပြီးအသေအပျောက်နည်းနိုင်ပါတယ်။ — ကိုယ်ကတိုင်းပြည်အတွက်အလွန်အရေးကြီးတဲ့(VIP)လဲမဟုတ်၊ကိုယ့်တိုင်းပြည်ကလဲဆေးပစ္စည်းတွေ၊အသက်ရူစက်တွေအလုံအလောက်မရှိ၊ဆရာဝန်တွေ၊ဆရာမတွေကလဲမစုံညီဘူးဆိုရင်တော့ကိုယ်ကအဲဒီ(20%)ထဲကိုကံဆိုးစွာနဲ့မတော်တဆပါသွားမယ်ဆိုရင်တော့မတွေးရဲစရာပါပဲ။ — အထူးသဖြင့်အသက်ရူစက်တွေလုံလောက်အောင်မပေးနိုင်တဲ့မြန်မာနိုင်ငံမှာဆိုရင်လူတိုင်းရောဂါဖြစ်ပြီးဆေးဝါးစက်ပစ္စည်းတွေမလုံမလောက်ဖြစ်နေတဲ့အချိန်အခါမှာကိုယ်ကအဲဒီအဖြစ်ဆိုးမယ့်(20%)ထဲကိုပါသွားပြီဆိုရင်တော့သေလူလို့သာကြိုတင်ပြီးသတ်မှတ်ထားလို့ရနိုင်ပါတယ်။ — ရောဂါကတော့တစ်ကမ္ဘာလုံးကိုလူကြီးလူငယ်၊ဆင်းရဲချမ်းသာ၊ယောင်္ကျားမိန်းမ၊ရာထူးအာဏာ၊အဆင့်အတန်း၊လူမျိုး၊ဘာသာမရွေးလူတိုင်းကိုအနှေးနဲ့အမြန်ကူးလာနိုင်တာပါပဲ။ — အထူးသဖြင့်မြန်မာနိုင်ငံလိုအသက်ရူစက်တွေဆေးဝါးပစ္စည်းတွေမရှိတဲ့နေရာကိုရောဂါကူးလာခဲ့ပြီဆိုရင်၊ကိုယ်ကသေနိုင်တဲ့(20%)ရာခိုင်နုန်းအုပ်စုထဲပါမသွားပဲ၊နှာစေးချောင်းဆိုးလောက်လေးသာဖြစ်ပြီးအေးအေးဆေးဆေးအသာလေးရောဂါပျောက်သွားမယ့်(80%)အုပ်စုထဲမှာကျန်ရှိနေဖို့တော့အထူးလိုအပ်လှပါတယ်။ — ကိုယ်ကအသက်ရူစက်တွေဆေးဝါးပစ္စည်းတွေမပြည့်စုံလို့သေနိုင်တယ့့််(20%)ထဲကိုရောက်သွားမလား၊ရောဂါကူးစက်ခံရပေမယ့်နှာစေးချောင်းဆိုးလောက်နဲ့အသာလေး၊ပျောက်သွားမယ့်(80%)အဖွဲ့ထဲကိုရောက်သွားမလားဆိုတာကတော့၊(COVID-19 Virus)ကနေပြီးမဲနိုက်ပြီးဆုံးဖြတ်ပေးမှာမဟုတ်သလို၊သေမင်းကိုယ်တိုင်ရောက်လာပြီးသူလိုချင်တဲ့လူတွေကိုနံကြားထောက်ရွေးချယ်ထုတ်သွားမှာလဲမဟုတ်ပါဘူး။ဆရာဝန်တွေ၊ဆရာမတွေ၊ဆေးရုံတွေ၊အစိုးရတွေကလဲမဲနိုက်ပြီးရွေးချယ်ခွဲခြားပေးနိုင်တာမဟုတ်ပါဘူး။ဘယ်သူကသာရွေးချယ်ရမယ်လို့ထင်မြင်ကြပါသလဲ?။ — သေနိုင်တဲ့(20%)ရာခိုင်နုန်းထဲကိုလိုက်သွားမလား၊နှာစေးချောင်းဆိုးလောက်နဲ့အသာလေး၊ပျောက်သွားမယ့်(80%)ရာခိုင်နုန်းထဲမှာနေခဲ့ကြမလားဆိုတာကတော့ကိုယ်တိုင်မျက်စိမှိတ်ပြီး၊မျက်ကန်းရွေးနည်းနဲ့ရွေးချယ်ရမယ့်လမ်းကြောင်းပါ။သေမလား၊အသာလေးပျောက်သွားမလားဆိုတာကိုယ်တိုင်ရွေးချယ်ကြရမှာပါ။ဒီလိုရွေးချယ်တဲ့နေရာမှာလူတိုင်းအတွက်မျက်စိမှိတ်ပြီးမရွေးချယ်ကြပဲနဲ့၊ပညာဉာဏ်မျက်စိကလေးဖွင့်ထားပြီးတော့လမ်းမှန်ဖက်ကိုရွေးချယ်တတ်ဖို့တော့သင်ကြားပေးထားချင်ပါတယ်။ — ကျွန်တော့်စကားကိုယုံတာမယုံတာကတော့ကိုယ့်အပိုင်းပါ။လမ်းမှားရင်လဲ(အမှား)ထဲလိုက်သွားကြပေါ့။ယုံကြည်တဲ့လူတွေအတွက်လမ်းမှားမလိုက်မိပဲ(လမ်းမှန်)ထဲမှာကျန်နေဖို့အတွက်လမ်းမှားမလိုက်မိဖို့ရွေးချယ်နည်း(၅)နည်းကိုသင်ပေးလိုက်ပါမယ်။ — ဒီရောဂါမကူးစက်လာအောင်တော့ဘယ်ကာကွယ်ဆေးမှထိုးပေးလို့မရသလို၊ဘယ်လိုမှတားဆီးလို့မရနိုင်ပါဘူး။အနှေးနဲ့အမြန်တော့ကူးစက်လာပါလိမ့်မယ်။တစ်ခုသိထားရမှာကရောဂါကူးစက်လာရင်သေနိုင်တဲ့(20%)ထဲကိုကိုယ်ရောက်မသွားပဲ၊အသာလေးဘာမှမဖြစ်လိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားမယ့်(80%)ထဲမှာကိုယ်ကျန်နေရအောင်အောက်ပါအချက်(၅)ချက်ကိုသချာနားလည်ထားဖို့တော့လိုအပ်နေပါတယ်။ — (1) Immunity ကောင်းဖို့။ (2) Viral Load မများဖို့။ (3) Inflammation မဖြစ်ဖို့။ (4) Oxidative Stress မရှိနေဖို့။ (5) Time of …

(COVID-19)ဖြစ်လာရင်ဘယ်လိုလူတွေသေမလဲ?။ ဘယ်လိုလူတွေမသေပဲအသာလေးရောဂါဖြစ်ပြီးပျောက်ကင်းသွားနိုင်မလဲ?။ Read More »

American Best ဆေးတွေရန်ကုန်ရောက်လို့(အရမ်းပူရင်)ပျက်စီးနိုင်ပါသလား?။အန္တရာယ်ရှိနိုင်ပါသလား?။

Source from Kelvin A. Power’s Facebook on March 25, 2020 ကျွန်တော်တို့(American Best)ကပစ္စည်းတွေတင်မကပဲ၊အမေရိကန်ကနေမြန်မာပြည်ကိုပို့တဲ့မည်သည့်ဆေးတွေမဆိုဆေးတွေအားလုံးဟာ၊လေယာဉ်ပျံနဲ့ပို့ရတာတွေဖြစ်နေလို့၊ကုန်တင်လေယာဉ်ဖြစ်ဖြစ်၊ခရီးသည်တင်လေယာဉ်ဖြစ်ဖြစ်ဝမ်းဗိုက်ထဲကကုန်ပစ္စည်းထားတဲ့နေရာတွေမှာ(Aircondition)မထားပေးနိုင်လို့အလွန်ပူပါတယ်။ — လမ်းမှာလဲ(Transit)တွေလုပ်ရတဲ့အခါမှာအလွန်ပူ လောင်တဲ့ကုန်ပစ္စည်းသိုလောင်ရုံတွေထဲမှာလည်း(၂)ရက်(၃)ရက်လောက်အထိကြာချင်ကြာနေနိုင်ပါတယ်။လေယာဉ်ပေါ်မှာနဲ့ကုန်လှောင်ရုံတွေရဲ့အပူချိန်ဟာ(120 ံF)လောက်အထိကိုမြင့်ချင်မြင့်တက်နိုင်ပါတယ်။ရန်ကုန်မှာဒီလောက်အထိပူတဲ့နေရာဆိုတာမရှိနိုင်ပါဘူး။ — ဒါကြောင့်ကျွန်တော်တို့(American Best)ရဲ့ဆေးတွေကို၊(Probiotic Bacteria)တွေပါဝင်နေတဲ့ဆေးကလွဲပြီး၊တစ်ခြားဆေးတွေကိုရေဆူမှတ်အပူချိန်(212 ံF) အထိအပူခံနိုင်အောင်ပြုလုပ်ထားပါတယ်။ဆေးကရာသီဥတုအပူဒဏ်ကိုလုံးဝ(လုံးဝ)ဂရုမစိုက်ပါဘူး။မပျက်စီးနိုင်ပါဘူး။ — (Probiotic Bacteria)တွေပါတဲ့ဆေးကလွဲပြီး၊တခြားဆေးတွေကိုရေနွေးပွက်ပွက်ဆူအောင်ပူတဲ့အပူချိန်မှာထားလဲမပျက်စီးနိုင်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့ကြောက်တာကလေဝင်မှာနဲ့လေထဲကနေမမြင်ရတဲ့ရေခိုးရေငွေ့တွေဝင်မှာကိုပဲကြောက်တာပါ။ဒါကြောင့်ဆီးလ်(Seal)မပွင့်သေးတဲ့ဆေးဗူးအသစ်တွေဟာရေပွက်ပွက်ဆူအောင်ပူတဲ့အပူချိန်ကိုလဲဂရုမစိုက်ပါဘူး။ — တစ်ကယ်လို့ကိုယ်ကအဖုံးအောက်၊အတွင်းမှာရှိနေတဲ့ဆီးလ်(Seal)ကိုဖွင့်ဖေါက်လိုက်ပြီးပြီဆိုရင်တော့အဲဒီဆေးကိုပူတဲ့နေရာမှာမထားပါတော့နဲ့။ဆီးလ်(Seal)ကိုပထမဦးဆုံးအကြိမ်စဖွင့်လိုက်ပြီဆိုတာနဲ့အောက်ဆီဂျင်နဲ့အတူမမြင်ရတဲ့ရေခိုးရေငွေ့တွေဝင်ပြီးသားဖြစ်သွားလို့ို့အေးသောနေရာ၊တတ်နိုင်ရင်ရေခဲသေတ္တအောက်ဖက်တွေမှာသိမ်းထားပေးပါ။ဆီးလ်(Seal)အသေပိတ်ထားတဲ့ဗူးအသစ်တွေကတော့ဘယ်လောက်ပူပူမပျက်စီးနိုင်လို့ကြိုက်တဲ့နေရာမှာထားလို့ရပါတယ်။ — နေရောင်ခြည်နဲ့အလင်းရောင်။ နေရောင်ခြည်နဲ့အလင်းရောင်ကြောင့်ပျက်စီးနိုင်တဲ့(Ingredients)တစ်မျိုးမျိုးဆေးမှာပါနေရင်ကျွန်တော်တို့(American Best)ကဗူးအကြည်တွေမှာမထည့်ပဲ၊အနောက်တွေမှာပဲထည့်ပါတယ်။ဥပမာ(Vitamin C)ပါရင်ဗူးအကြည်နဲ့မထည့်ပါဘူး။နောက်ပြီးတော့ကျွန်တော်တို့သုံးတဲ့ဗူးတွေအားလုံးဟာ(UV Resistant)တွေနဲ့(BPA FREE)တွေဖြစ်ပါတယ်။အဲဒါကြောင့်နေရောင်ခြည်နဲ့အလင်းရောင်ကို လဲသိပ်စိုးရိမ်စရာမရှိပါဘူး။ — တစ်ကယ်တော့အဆိုးဆုံးက(BPA)ပါပဲ။ အဓိကစိုးရိမ်ရမှာက၊သုံးထားတဲ့ဗူးအမျိုးအစားပါပဲ။ကျန်းမာချင်လို့ဖြည့်စွက်စာဆေးတွေဝယ်သောက်ပါတယ်။ဖြည့်စွက်စာဆေးဗူးတွေကြောင့်မျိုးပွားအင်္ဂါဆိုင်ရာကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။ဆေးကြောင့်ဖြစ်နိုင်တာတော့မဟုတ်ပါဘူးဗူးကြောင့်ဖြစ်နိုင်တာပါ။ — အမေရိကန်မှာဆေးထုတ်လုပ်တဲ့ကုမ္မဏီတစ်ချို့ဟာ(BPA)ပါတဲ့ဗူးတွေကိုသုံးတတ်ကြပါတယ်။အမေရိကန်မှာ(BPA FREE)ဗူးတွေကပိုပြီးတော့ဈေးကြီးပါတယ်။ဒါကြောင့်ကုမ္မဏီတော်တော်များများကအမြတ်များများကျန်အောင်ဈေးအပေါစားတွေကိုပဲဝယ်သုံးတတ်ကြပါတယ်။ — (BPA )ပါနေတဲ့ဖြည့်စွက်စာဗူးတွေဟာသာမာန်အေးနေတဲ့အချိန်၊ရာသီဥတုအလွန်အေးတဲ့တချို့နိုင်ငံတွေမှာဘာမှမဖြစ်နိုင်ပါဘူး။ဒါပေမယ့်အပူချိန်(100 ံ F)ကျော်ပြီဆိုတာနဲ့(BPA)မော်လီကျူးတွေကဗူးထဲကနေထွက်လာပြီးဆေးတွေထဲကိုဝင်ရောက်လာနိုင်ပါတယ်။မြန်မာပြည်ကိုပျံသန်းလာတဲ့လေယာဉ်တွေနဲ့၊လမ်းမှာလွဲပြောင်းရတဲ့ကုန်လှောင်ရုံတွေဟာ၊အပူချိန်(120 ံF)အထိကိုပူနိုင်ပါတယ်။ရန်ကုန်မှာလဲမကြာခဏအပူချိန်(100 ံF)ကိုကျော်တတ်ပါတယ်။မန္တလေးနဲ့၊အညာမှာဆိုရင်ပိုတောင်ဆိုးပါတယ်။ — (BPA )ဟာကင်ဆာဖြစ်တယ်ဆိုပေမယ့်ကင်ဆာအားလုံးကိုဖြစ်စေတာတော့မဟုတ်ပါဘူး။ဟော်မုန်းဓါတ်ကိုပျက်စီးစေပြီးဟော်မုန်းနဲ့ပါတ်သက်တဲ့နေရာတွေမှာသာကင်ဆာဖြစ်တာပါ။အမျိုးသမီးတွေမှာဆိုရင်၊ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊မျိုးဥအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊စသည်ဖြင့်မျိုးပွားအင်္ဂါတွေမှာသာဖြစ်ပွားစေနိုင်ပြီး၊အမျိုးသားတွေမှာကြတော့၊ဆီးကျိတ်ကင်ဆာ၊ဝှေးစေ့ကင်ဆာ၊စသည်တို့ကိုဖြစ်ပွားစေနိုင်ပါတယ်။ — (BPA)ဆိုတာအလွန်အန္တရာယ်ရှိပါတယ်။ဒါပေမယ့်အလွန်ဝမ်းနည်းစရာကောင်းတာက(USA)မှာ(BPA)နဲ့ပါတ်သက်ပြီးဘာမထိန်းချုပ်မှ့ု ှ(FDA Regulation)တွေ(လုံးဝ)ကိုမရှိပါဘူး။ဘယ်ကုမ္မဏီကိုမှ(BPA …

American Best ဆေးတွေရန်ကုန်ရောက်လို့(အရမ်းပူရင်)ပျက်စီးနိုင်ပါသလား?။အန္တရာယ်ရှိနိုင်ပါသလား?။ Read More »

ကမ္ဘာမှာ(COVID-19) ဗိုင်းရပ်စ်ကိုတားဆီးနိုင်ဖို့ရိုးရာတော့မပျက်ကြစေနဲ့ပေါ့ဗျာ။

Source from Kelvin A. Power’s Facebook on March 22, 2020 ရိုးရာတော့မပျက်ကြစေနဲ့ပေါ့ဗျာ။ တနိုင်ငံလုံးကိုပြောချင်တာကတော့၊ကမ္ဘာမှာ(COVID-19) ဗိုင်းရပ်စ်ကိုတားဆီးနိုင်ဖို့တစ်ကြောင်းတည်းသောနည်းလမ်းဖြစ်တဲ့ဗိုင်းရပ်စ်ရဲ့(3CL-Pro)အင်ဇိုင်းကိုဖျက်ပြစ်ဆီးပြစ်လို့ပဲရမယ်။ဒီအင်ဇိုင်းကိုဖျက်ဆီးဖို့(SARS COV)ဖြစ်ပြီးချိန်မှာ၊သိပ္ပံပညာရှင်တွေဟာဓါတုဗေဒဆေးဝါးအမျိုးအစားဓါတ်ပေါင်းတွေ(720)ကျော်အောင်စမ်းသပ်ပြီးသုတေသနတွေလဲလုပ်ခဲ့ပါတယ်။ဓါတုဗေဒဆေးတစ်ခုမှအဲဒီအင်ဇိုင်းကိုအောင်မြင်အောင်မဖျက်ဆီးနိုင်ခဲ့ပါဘူး။ — နောက်ဆုံးသဘာဝကပေးတဲ့အပင်ထွက်ပစ္စည်းတွေမှာရှာတော့(Bioflavonoids)အမျိုးပေါင်းရာနဲ့ချီထဲက(၄)မျိုးကိုတွေ့ရပါတယ်။ (၁)Theaflavin-3,3′- digallate(TF3)(မြန်မာလက်ဖက်) (၂)Herbacetin (၃)Pectolinarin (၄)Rhiofolin ဆိုတဲ့ဓါတ်ပေါင်း(၄)မျိုးက(COVID-19)ရဲ့(3CL-Pro)အင်ဇိုင်းကိုကောင်းကောင်းဖျက်ဆီးပြစ်နိုင်ပါတယ်။ — နောက်တစ်ခုပြောချင်တာက၊အရင်းရှင်တွေဆိုတာဘယ်သူသေသေ၊ငတေမာရင်ပြီးရောဆိုတဲ့အတိုင်းကိုယ်အကျိုးမရှိဘူး၊အမြတ်အစွန်းမရနိုင်ဘူး၊မိခင်သဘာဝကနေလူတိုင်းရနိုင်တဲ့ဓါတ်ပေါင်းဖြစ်နေလို့၊၊တစ်ဦးတည်းမူူပိုင်ခွင့်မရနိုင်ဘူးဆိုရင်၊ဘယ်လောက်ကောင်းကောင်းအဲဒီဓါတ်ပေါင်းတွေကနေဘယ်တော့မှဆေးထုတ်ဖို့မကျိုးစားကြတော့ဘူး။ကိုယ့်အကျိုးအမြတ်မရနိုင်တဲ့သဘာဝပစ္စည်းဆိုရင်အသာလေးဖုံးဖိထားလိုက်ကြတယ်။ရှင်းရှင်းပြောရရင်အရင်းရှင်ဆိုတာအသက်ကယ်ဖို့ပရဟိတလုပ်ငန်းတွေလုပ်နေတာမဟုတ်ပဲ။ငွေများများရဖို့နဲ့ခေါင်းပုံဖြတ်ဖို့ပဲလုပ်နေကြတာပါ။ — ကမ္ဘာမှာ(COVID-19)ကိုသတ်နိုင်ဖို့တစ်ကြောင်းတည်းသောနည်းလမ်းဖြစ်တဲ့(3CLPro)အင်ဇိုင်းကိုဖျက်ဆီးပြစ်နိုင်တာဟာအထက်မှာဖေါ်ပြထားတဲ့ဓါတ်ပေါင်းလေးမျိုးပဲရှိပါတယ်။တခြားဘယ်ဓါတုဗေဒအနောက်တိုင်းဆေးကမှ(3CLPro)အင်ဇိုင်းကိုမဖျက်ဆီးပြစ်နိုင်ပါဘူး။ဒီဓါတ်ပေါင်းတွေလေးမျိုးကိုဘယ်မှာအများဆုံးတွေ့နိုင်တယ်လို့ခင်ဗျားတို့ထင်ပါသလဲ? — အဲဒီဓါတ်ပေါင်းလေးမျိုးတွေဘယ်မှာပါနေသလဲဆိုတော့။ — (၁)(TF3)ခေါ်(Theaflavin-3,3′-digallate)တစ်မျိုးကမြန်မာလက်ဖက်ထဲမှာပဲပါတယ်။တရုတ်(Olong Tea)၊ထိုင်း(Jasmine Tea)၊ဂျပန်(Green Tea)တွေမှာလုံးဝမပါဝင်ပါ။မြန်မာစစ်စစ်နှပ်ထားတဲ့လဖက်စို၊လဖက်ခါး၊နဲ့လက်ဖက်ခြောက်တွေမှာပဲပါနေပါတယ်။မြန်မာ၊မစစ်ပဲတခြားနိုင်ငံကလာတဲ့လက်ဖက်ဆိုရင်လုံးဝကိုမပါပါဘူး။(Fermented Black Tea)ဖြစ်ရပါမယ်။ — ရိုးရိုးနိုင်ငံခြားကလာတဲ့(Black Tea, Green Tea, Jasmine Tea)တွေမရဘူး။လက်ဖက်ချာဉ်မရဘူး။မြန်မာလက်ဖက်စစ်ရမယ်။မြန်မာပြည်က၊လုပ်တဲ့လူကလက်ဖက်သန့်တာ၊မသန့်တာ၊ဆေးဆိုးတာ၊မဆိုးတာတော့ကျွန်တော်နဲ့မဆိုင်ဘူး။ — (၂)နောက်တမျိုး(Herbacetin)ကနှမ်းကြပ်စေ့ခေါ်(Flax Seed)မှာအများဆုံးပါပါတယ်။ — (၃) နောက်တမျိုး(Pectolinarin)ကပုံမှာပြထားတဲ့မြန်မာနိုင်ငံလမ်းဘေးမှာပေါက်တဲ့၊ဝတ်ရည်စုတ်ရင်ချိုပြီး၊အသီးအနက်၊အလုံးအသေးလေးတွေသီးတဲ့ခြုံပင်တစ်မျိုးမှာပါတယ်။ — (၄)နောက်ဆုံးတစ်မျိုး(Rhiofolin)က(Citrus Bioflavonoids)တွေမှာပါတယ်။(Citrus Bioflavonoids)ဆိုတာ(Citrus Peel)လိမ္မော်ခွံတွေ၊သံပုရာခွံတွေမှာပါတယ်။(Bio Zinc C)မှာလဲနည်းနည်းပါတယ်။ …

ကမ္ဘာမှာ(COVID-19) ဗိုင်းရပ်စ်ကိုတားဆီးနိုင်ဖို့ရိုးရာတော့မပျက်ကြစေနဲ့ပေါ့ဗျာ။ Read More »

အပိုင်း(၁)။(covid-19)

Source from Kelvin A. Power’s Facebook on March 19, 2020 အပိုင်း(၁)။အရေးတကြီး၊တစ်ကမ္ဘာလုံးပက်ပက်စက်စက်သေနေကြပေမယ့်၊ဒီ(virus)အကြောင်းကို(ဃ၊ဂ၊ဏ၊န)သိထားရင်တော့ကိုယ်မသေနိုင်ပါဘူး။ — ယနေ့ကမ္ဘာမှာ(covid-19)ဆိုတာနဂိုကထင်ထားတာထက်တောင်ပိုပြီးအသေအပျောက်များနေတာမျက်မြင်ကိုယ်တွေ့ပါ။ဒါဟာ(first wave)ပထမလှိုင်းပဲရှိပါသေးတယ်။များသောအားဖြင့်(pandemic)ဖြစ်ပြီဆိုရင်(first wave)တင်မကပဲအဆမတန်ပိုပြီးပြင်းထန်တဲ့(second wave)တွေ(third wave)တွေထပ်ထပ်ပြီးဆက်တိုက်ကြုံတွေ့လာရတတ်ပါတယ်။ — လူသန်းပေါင်း(၅၀)ကျော်လောက်သေခဲ့ကြရတဲ့(1918, flu pandemic)ကိုပြန်ကြည့်မယ်ဆိုရင်ပထမဆုံးတစ်ကြိမ်(first wave)ဆိုတာ(virus)ကပထမပိုင်းမှာအားပျော့လို့ဘာမှကြောက်စရာမကောင်းသေးပါဘူး။ — ပထမပိုင်းမှာခန္ဓာကိုယ်ကလည်းကောင်းကောင်းပြန်လည်ခုခံနိုင်ပါသေးတယ်။နဂိုပထမ(virus)ဟာမျိုးရီုးဗီဇပြောင်းလဲမှ့ု(mutation)တွေဖြစ်သွားပြီးတော့၊ဒုတိယအကြိမ်(second wave, third wave)တွေထပ်ပြီးထိလိုက်တော့မှလူတွေပက်ပက်စက်စက်သေကြရတာပါ။ — နောက်ဆုံးအနေနဲ့မျိုးရီုးဗီဇပြောင်းလဲမှ့ုဖြစ်သွားပြီးထပ်ထိတဲ့(third wave)ဟာအဆိုးဆုံးအကြိမ်ပါပဲ။နောက်ဆုံး(တတိယအကြိမ်)ဟာဘယ်လောက်တောင်ဆိုးသလဲဆိုရင်ခုခံအားအလွန်ကောင်းမွန်နေကြတဲ့အသက်(၂၀)ကျော်ပါတ်ဝန်းကျင်လူငယ်လေးတွေတောင်ပက်ပက်စက်စက်သေဆုံးခဲ့ကြရတာသမိုင်းမှာရှိခဲ့ဖူးပါတယ်။ — အခုစဖြစ်လာတဲ့(covid-19)ဟာလဲအခုအခြေအနေဟာအပျော့ဆုံးအခြေအနေ(first wave)ပဲရှိပါသေးတယ်။ဒီဗိုင်းရပ်စ်ဟာနောက်ထပ်မျိုးရီုးဗီဇပြောင်းလဲမှ့ု(virus mutation)တွေထပ်ဖြစ်လာနိုင်ပြီး(second wave, third wave)တွေထပ်ထိမယ်ဆိုရင်တော့်ဒီထက်အဆပေါင်းများစွာအသေအပျောက်များနိုင်ပါသေးတယ်။ — ဒါဟာချိန်းခြောက်နေတာမဟုတ်ပါဘူး၊(1918, H1N1, flu pandemic)သမိုင်းကိုသေချာပြန်လေ့လာကြည့်ကြပါ။ဒီ(covid-19 virus)ဆိုတာဟာလဲ(DNA virus)တွေမဟုတ်ပဲ၊(1918)မှာဖြစ်ခဲ့တဲ့(H1N1)လိုပဲ(RNA Virus)တွေဖြစ်နေကြပါတယ်။(RNA Virus)တွေဆိုတာဟာအမြဲတန်းမကြာခဏမျိုးရီုးဗီဇပြောင်းလဲမှ့ု (Mutation)တွေအမြဲတန်းဖြစ်ပေါ်နေတတ်ကြပါတယ်။(Mutation)ဖြစ်တိုင်းဖြစ်တိုင်းပိုပြီးတော့ပြင်းထန်ဆိုးဝါးလာတတ်ကြပါတယ်။ — အခုတလောကာကွယ်ဆေးကိစ္စနဲ့ပါတ်သက်ပြီးလဲအားလုံး(ငွေ)အလိမ်ခံမထိကြဖို့တော့အထူးသတိပေးချင်ပါတယ်။ကာကွယ်ဆေးထုတ်လုပ်ဖို့ဆိုတာအဆင့်တွေအများကြီးရှိပါတယ်။ဒါကြောင့်အနည်းဆုံးတစ်နှစ်လောက်ကြာပါဦးမယ်။ဒီထက်မြန်အောင်ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ဒီထက်ပိုကြာရင်လဲကြာနိုင်ပါတယ်။အဆင့်ကျော်လုပ်ရင်လဲဥပဒေနဲညီညွတ်မှု့မရှိသလိုအန္တရာယ်လဲဖြစ်နိုင်ပါတယ်။ — တောမီးလောင်၊တောကြောင်လက်ခမောင်းခတ်ဆိုတဲ့အတိုင်း၊(USA)ကကုမ္မဏီတချို့တွေဟာမီဒီယာတွေသုံးပြီးတော့(USA)မှာကာကွယ်ဆေးတွေပေါ်နေပြီဆိုတဲ့သတင်းမှားတွေကိုဖြန့်ဝေကြပြီး၊ထွက်လာမယ့်ကာကွယ်ဆေးကအရေအတွက်နည်းနေသေးလို့လက်ရှိလူဦးရေနှင့်မလုံလောက်ဘူးဖြစ်နေတဲ့အတွက်ကိုယ်ကဦးစားပေးအဖြစ်ဆေးလိုချင်ရင်၊ဆေးဖိုးစရံငွေပေးထားပြီးကြိုတင်စာရင်းပေးထားဖို့ငွေသွင်းခိုင်တာတို့ပိုက်ဆံလွဲခိုင်းတာတို့လုပ်လာပြီဆိုရင်တော့ကိုယ်အလိမ်ခံရပြီဆိုတာကိုနားလည်လိုက်ကြပါ။အခုတလောလူလိမ်တွေကိုအထူးသတိထားကြပါ။ — နောက်တစ်ခုက(COVID 19 VIRUS)ဟာ(DNA)ဗိုင်းရပ်စ်မဟုတ်ပဲ(RNA …

အပိုင်း(၁)။(covid-19) Read More »

ကျွန်တော်(NAC)ဘာကြောင့်သောက်နေရတာလဲ?

Source from Kelvin A. Power’s Facebook on March 16, 2020 ကျွန်တော်(NAC)ဘာကြောင့်သောက်နေရတာလဲ?လို့မေးနေတဲ့လူတွေရှိနေလို့တင်ပေးလိုက်ပါတယ်။ — (COVID-19)ဆိုတာ(1918)ခုနှစ်ကဖြစ်ပွားခဲ့တဲ့(H1N1 Flu Pandemic)နှင့်နှိုင်းယှဉ်ကြည့်လိုက်ရင်ခလေးပေါက်စလောက်ပဲရှိပါသေးတယ်။(1918 H1N1 Flu Pandemic)ကလူသန်းပေါင်း(၅၀)လောက်သေပျောက်ခဲ့ရပါတယ်။များသောအားဖြင့်ခုခံအားကောင်းတဲ့အသက်(၂၀)နှင့်(၄၀)ကြားအရွယ်တွေပါသေခဲ့ကြရပါတယ်။ — (H1N1)တစ်ခုတည်းကဆိုးတယ်လို့တော့မထင်လိုက်ကြပါနဲ့။(H5N1)တို့(H3N2)တို့ဆိုတာတွေကလဲပိုတောင်ဆိုးနေပါသေးတယ်။ — အလွန်ပြင်းထန်ကြောက်စရာကောင်းပြီးအဆုတ်ကိုပျက်စီးစေနိုင်တတ်တဲ့(highly pathogenic H5N1 influenza A virus)ကို(antioxidant)ဖြစ်တဲ့(N-acetyl-cysteine)(NAC)ပေးပြီးကုတာကောင်းကောင်းအောင်မြင်တဲ့အထောက်အထားသုတေသနတွေအများကြီးရှိနေပါတယ်။ — စာဖတ်ပျင်းတဲ့လူတွေအတွက်၊သုတေသနခပ်တိုတိုလေးတစ်ခုလေးပဲတင်ပေးလိုက်ပါတယ်။ကိုယ်တိုင်သေချာဖတ်ကြည့်ကြပါ။(N-acetyl-cysteine, NAC)ကအဆုတ်ကိုဒုက္ခပေးနိုင်တဲ့ဗိုင်းရပ်စ်အမျိုးပေါင်းများစွာကိုမပွားများနိုင်အောင်နှင့်အဆုတ်ကိုဒုက္ခမပေးနိုင်အောင်ကောင်းကောင်းတားဆီးပေးနိုင်ပါတယ်။ — အင်္ဂလိပ်စာတိုတိုလေးပါ၊သေချာတော့ဖတ်ကြည့်လိုက်ကြပါဗျာ။အချိန်ပေးရကျိုးနှပ်ပါတယ်။အကျိုးကျေးဇူးရရှိနိုင်ပါတယ်။(COVID-19)ကိုရင်ဆိုင်ဖို့အတွက်အသိပညာ၊လက်နက်အသစ်တစ်ခုရတာပေါ့ဗျာ။ — N-acetyl-L-cysteine (NAC) inhibits virus replication and expression of pro-inflammatory molecules in A549 cells infected with highly pathogenic H5N1 influenza A virus. – …

ကျွန်တော်(NAC)ဘာကြောင့်သောက်နေရတာလဲ? Read More »

(Anti-viral Immune Responses)မှာ(Vitamin C)ဘယ်လောက်အရေးကြီးလဲ

Source from Kelvin A. Power’s Facebook on March 16, 2020 (Anti-viral Immune Responses)မှာ(Vitamin C)ဘယ်လောက်အရေးကြီးလဲဆိုတာလူတိုင်းဖတ်သင့်ပါတယ်။အထူးသဖြင့်၊ဗီတာမင်စီ(High Dose)သောက်ခိုင်းလို့ကျွန်တော့်ကိုဝိုင်းဆဲကြတဲ့ဆရာဝန်တွေအားလုံးအောက်ကသုတေသနကိုသေချာစွာဖတ်ကြည့်စေချင်ပါတယ်။ Vitamin C Is an Essential Factor on the Anti-viral Immune Responses through the Production of Interferon-α/β at the Initial Stage of Influenza A Virus (H3N2) Infection. – L-ascorbic acid (vitamin C) is one of the well-known anti-viral agents, especially to …

(Anti-viral Immune Responses)မှာ(Vitamin C)ဘယ်လောက်အရေးကြီးလဲ Read More »

(Hypothesis)ဆိုတာဘာလဲ?။

Source from Kelvin A. Power’s Facebook on February 29, 2020 ဒီမိုကရေစီခေတ်ကြီးမှာလူတိုင်းလူတိုင်းဟာ၊ဘယ်သူ့ကိုမှပုဂ္ဂိုလ်ရေးအရအမုန်းစကားပြောပြီးဆဲဆိုနေတာမဟုတ်ပဲကိုယ့်အမြင်ကိုတင်ပြကြမယ်ဆိုရင်လွတ်လွတ်လပ်လပ်ဖေါ်ပြပိုင်ခွင့်ရှိပါတယ်။ဒါဟာလူ့အခွင့်အရေးတစ်ခုပါပဲ။ကိုယ်မကြိုက်ရင်မဖတ်ပဲကျော်သွားလို့ရပါတယ်။ – အုပ်စုဖွဲ့ပြီးယုတ်ယုတ်မာမာ(Report)ဝိုင်းထုကြတယ်ဆိုတဲ့အောက်တန်းကျတဲ့စိတ်ဓါတ်ဟာဆရာဝန်တွေနဲ့ဆေးကျောင်းသားတွေမှာမရှိသင့်ဘူးလို့မြင်ပါတယ်။ဆရာဝန်တွေဆိုတာမြင့်မြတ်တဲ့စိတ်ဓါတ်နဲ့သမားဂုဏ်တွေပြည့်ဝနေရမယ့်ပညာရှင်လူတန်းစားတစ်ရပ်ဖြစ်နေလို့တစ်ချို့လူငယ်တွေမှာဒီလိုအောက်တန်းကျတဲ့စိတ်ဓါတ်တွေရှိနေတာဟာ၊တိုင်းပြည်အနာဂါတ်အတွက်ရင်လေးစရာပါ။ – ကျွန်တော့်မှာ(Kelvin Power)အကောင့်နှစ်ခုရှိတာလူတော်တော်များများသိပါတယ်။တစ်ခုက(Report)အထုခံရလို့ကျသွားပါပြီ။ဘယ်သူတွေဦးဆောင်ပြီး(Report)ထုကြတယ်ဆိုတာနာမည်နဲ့တိတိကျကျကျွန်တော်သိပါတယ်။သူတို့တွေရဲ့ဂုဏ်သိက္ခာနဲ့တခြားဆရာဝန်တွေအားလုံးရဲ့ဂုဏ်သိက္ခာကိုငဲ့ကွက်ပြီးနာမည်နဲ့ကျွန်တော်ထုတ်မပြောသေးပါဘူး။ — (Hypothesis)ဆိုတာက(Debate Statement)တစ်ခုမဟုတ်သလို(argument)တစ်ခုလဲမဟုတ်ပါဘူး။ (Hypothesis)ဆိုတာတစ်ယောက်နဲ့တစ်ယောက်ဝေဖန်၊ကဲ့ရဲ့၊ဆဲဆို၊အုပ်စုဖွဲ့ပြီးဝိုင်း(Rport)ထုတိုက်ခိုက်ကြဖို့မဟုတ်ဘူးဆိုတာကိုပညာရှင်တွေအားလုံးနားလည်ကြပါတယ်။ — မြန်မာပြည်ကဆရာဝန်လေးတွေအားလုံးကိုတိုင်းပြည်မှာပညာအတော်ဆုံးနဲ့ဗဟုသုတအကြွယ်ဝဆုံးလူတန်းစားတစ်ရပ်အဖြစ်ပဲကျွန်တော်မြင်ချင်ပါတယ်။ဖြစ်လဲဖြစ်သင့်ပါတယ်။မြင့်မြတ်တဲ့စိတ်ဓါတ်ပိုင်ရှင်တွေဖြစ်ပြီးသမားဂုဏ်ဆိုတာကိုလဲနားလည်စေချင်ပါတယ်။(Hypothesis)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုဆရာဝန်တစ်ချို့တွေနားမလည်လို့လိုက်ရှင်းပြရတာဟာနိုင်ငံတကာနဲ့နိုင်းယှဉ်ကြည့်လိုက်ရင်တော်တော်လေးကိုသိက္ခာကြတဲ့အလုပ်တစ်ခုပါ။ – ဘာကြောင့်လဲဆိုတော့အမေရိကန်မှာ(Hypothesis)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုမူလတန်းကလေးတွေကအစအားလုံးနားလည်နေကြပါတယ်။အမေရိကန်မှာမှမဟုတ်ပါဘူး၊ဒီခေတ်မှာမြန်မာပြည်ကဆရာဝန်မဟုတ်တဲ့သာမှန်လူတော်တော်များများတောင်ဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုကောင်းကောင်းနားလည်နေကြပါပြီ။ — ပညာရှင်တစ်ယောက်ကထူးခြားပြီးလူတွေအားလုံးအတွက်အကျိုးရှိနိုင်တဲ့အကြောင်းအရာတစ်ခုခုကို(Hypothesis)တစ်ခုအနေနဲ့ချပေးလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်က၊အဲဒီအကြောင်းအရာဟုတ်မဟုတ်၊မှန်မမှန်တစ်ခြားစိတ်ဝင်စားတဲ့ပညာရှင်တွေကဝိုင်းဝန်းပြီးသုတေသနလုပ်ကြည့်ကြဖို့၊အဖြေရှာကြည့်ကြဖို့အကြံပြုတိုက်တွန်းလိုက်တဲ့သဘောပါ။ကိုယ်ကစိတ်မဝင်စားရင်အသာလေးကျော်သွားလို့ရပါတယ်။ – စိတ်ဝင်စားပြီးကိုယ်တိုင်သုတေသနလုပ်ကြည့်လိုက်မယ်ဆိုရင်ရလာတဲ့အဖြေဟာချပေးထားတဲ့(Hypothesis)နဲ့တိုက်ဆိုင်မှု့ရှိချင်ရှိမယ်၊မရှိချင်မရှိပါဘူး။တိုက်ဆိုင်မှု့ရှိရင်ယူထားပြီးမတိုက်ဆိုင်ရင်ပါယ်ပြစ်လိုက်လို့ရပါတယ်။ဘာမှသုတေသနမလုပ်ပဲ(Hypothesis)ချပေးတဲ့လူကိုဝိုင်းဆဲတာတို့၊(report)ဝိုင်းထုတာတို့ကတော့တော်တော်လေးကိုအောက်တန်းကျတဲ့စိတ်ဓါတ်ဖြစ်မနေဘူးလား?။အထူးသဖြင့်ပြည်သူကိုအကျိုးပြုမယ့်ဆရာဝန်တွေနဲ့ဆေးကျောင်းသားတွေမှာဒီလိုစိတ်ဓါတ်မျိုးရှိသင့်ရဲ့လား?။ — (Hypothesis)ဆိုတာပိုပြီးနားလည်အောင်ဥပမာတစ်ခုပေးရရင်၊သစ်ပင်တွေနဲ့၊သစ်ဥသစ်ဖုတွေအကြောင်းဘာမှမသိနားမလည်ထားတဲ့သူငယ်ချင်းသုံးလေးယောက်တောထဲကိုသစ်ဥသစ်ဖုအရှာထွက်ကြတယ်။ပထမဆုံးလူတစ်ယောက်ကသစ်ပင်တပင်ကိုလက်ညှိးထိုးပြပြီး၊ဒီသစ်ပင်ကိုတူးကြည့်လိုက်ရင်သစ်ဥတစ်မျိုးမျိုးရချင်ရနိုင်မယ်လို့သူထင်တာတစ်ခုကိုပြောလိုက်ရင်၊တစ်ခြားသူငယ်ချင်းတွေကသူပြောတာကိုစိတ်မဝင်စားဘူးဆိုရင်ကျော်သွားလို့ရပါတယ်။ — သူပြောတာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဟုတ်မဟုတ်သူပြတဲ့အပင်အောက်ကမြေကြီးကိုတူးဖေါ်ကြည့်လို့လဲရပါတယ်။သူထင်သလိုသစ်ဥတွေရှိချင်လဲရှိနေမယ်။မရှိချင်လဲမရှိနေပါဘူး။ဒါပေမဲ့တူးကြည့်ချင်းအားဖြင့်တော့မှန်ကန်တဲ့အဖြေတစ်ခုတော့သေချာပေါက်ရလာပါလိမ့်မယ်။ – ရှေ့ဆုံးကလူကဒီအပင်အောက်မှာသစ်ဥတစ်မျိုးမျိုးရှိချင်ရှိနိုင်တယ်လို့ပြောတာကို၊နောက်ကလူတွေကဒီကောင်စောက်ရူးပါ၊စောက်ပေါပါ၊အလကားကောင်၊ဒီကောင့်ကိုဝိုင်းဆော်ကြကွာ၊ဆိုပြီးအုပ်စုဖွဲ့ပြီးဝိုင်းတိုက်ခိုက်ကြရမယ့်သဘောသဘာဝမျိုးမဖြစ်သင့်ပါဘူး။အဲဒီလိုအပြုအမူတွေဆိုတာဦးနှောက်ကောင်းနေတဲ့လူကောင်းတွေလုပ်လေ့မရှိပါဘူး။ — ကမ္ဘာပေါ်မှာ၊လူသားအကျိုးပြုတဲ့သိပ္ပံဆိုင်ရာနည်းပညာ၊သီအိုရီအသစ်တွေကိုပညာရှင်တွေအမျိုးမျိုးကရှာဖွေတွေ့ရှိခဲ့ကြလို့ကမ္ဘာကြီးတိုးတက်နေရတာပါ။အဲဒါတွေအားလုံးကပညာရှင်တစ်ယောက်တည်းကလုပ်ခဲ့တာမဟုတ်ပဲအားလုံး၊တစ်ယောက်နဲ့တစ်ယောက်လက်ဆင့်ကမ်းပြီးတစ်ဆင့်ပြီးတစ်ဆင့်၊တိုးတက်အောင်ပူးပေါင်းပြီးကျိုးစားသုတေသနလုပ်လာခဲ့လို့ရလာတဲ့စည်းလုံးညီညွတ်မှု့ရဲ့ရလဒ်တစ်ခုပါ။ — ပထမတစ်ယောက်က၊လူသားတွေအတွက်အကျိုးရှိနိုင်မယ့် (Hypothesis)တစ်ခုကိုချပြလိုက်တာကိုနောက်လူတွေကမှန်မမှန်သေချာလက်တွေ့သုတေသနတွေလုပ်ကြည့်လို့မှန်တယ်ဆိုရင်သီအိုရီတစ်ခုဖြစ်လာပါတယ်။မမှန်ရင်ပါယ်လိုက်ကြပါတယ်။မြန်မာလူငယ်တွေပညာရှင်တွေကိုဒီလိုပဲဖြစ်စေချင်တာပါ။ဒီနေရာမှာဆဲဆိုပြီးအကောင့်(Report)ဝိုင်းထုတယ်ဆိုတာ၊ကမ္ဘာမှာဘယ်နိုင်ငံ၊ဘယ်လူမျိုးတွေမှမလုပ်ပါဘူး။မြန်မာလူမျိုးတွေပဲလုပ်ပါတယ်။ဆရာဝန်တွေလုပ်တာဟာပိုပြီးရှက်စရာကောင်းပါတယ်။ — တရုတ်နဲ့အနီးစပ်ဆုံးဆက်ဆံမှု့ရှိနေတဲ့မြန်မာနိုင်ငံကိုရောဂါမကူးစက်နိုင်သေးတာဟာအလွန်ထူးခြားနေလို့ြ့မန်မာလူမျိုးတွေရဲ့သွေးတွေထဲမှာ(Dengue)ကလာတဲ့(Anti Bodies)တွေများရှိနေလို့(COVID-19)ကိုတိုက်တိုက်ဆိုင်ဆိုင်သွားပြီးကာကွယ်ပေးနေတာများလားဆိုတဲ့(Hypothesis)တစ်ခုကိုကျွန်တော်ကချပေးလိုက်တာပါ။ – ဒီထူးခြားနေတဲ့ကိစ္စကိုစိတ်ဝင်စားရင်ဟုတ်မဟုတ်မြန်မာပညာရှင်တွေ၊ဆရာဝန်တွေအားလုံးတစ်ညီတစ်ညွတ်တည်းဝိုင်းပြီးသုတေသနလုပ်သင့်တယ်ဆိုတဲ့အကြောင်းအကြံပြုလိုက်တာပါ။လူငယ်တွေဆိုတာဒီလိုပဲဖြစ်သင့်ပါတယ်။ဒါမှနိုင်ငံနဲ့လူမျိုးအတွက်အကျိုးရှိမှာပါ။ကိုယ်ကစိတ်မဝင်စားရင်တော့ကျော်သွားလို့ရပါတယ်။ — ဒီကိစ္စကိုမကျေနပ်ဘူးလက်မခံနိုင်ဘူးဆိုရင်လဲသုတေသနတွေအရင်လုပ်ကြည့်လိုက်ပါ။သုတေသနလုပ်ကြည့်လို့မကိုက်ညီဘူး၊ငြင်းချက်ထုတ်ချင်တယ်ဆိုရင်အထောက်အထားတွေနဲ့ခိုင်ခိုင်မာမာ(Reference)တွေပြပြီးငြင်းပါ။အဲဒီလိုမလုပ်ပဲတစ်ယောက်နဲ့တစ်ယောက်(Mention)တွေလုပ်၊စစ်ကူတွေခေါ်ပီးတော့၊ဆဲဆို၊အုပ်စုဖွဲ့ကြပြီးကျွန်တော့်အကောင့်တွေကို(Report)ထုတိုက်ခိုက်ကြတယ်ဆိုတာဟာပညာရှင်မပီသတဲ့အပြင်၊ယောင်္ကျားပါမပီသတဲ့သိမ်ဖျင်းတဲ့လုပ်ရပ်တစ်ခုပါ။ဆရာဝန်ငယ်တွေအားလုံးကိုမဆိုလိုပါဘူး၊လုပ်တဲ့လူကိုယ့်ဟာကိုယ်သိမှာပါ။ — နာမည်ရှေ့က(Dr)ဆိုတာလူတစ်ဦးတစ်ယောက်ထဲကိုကိုယ်စားပြုနေတာမဟုတ်ပဲဂုဏ်သရေရှိတဲ့ပညာရှင်လူတန်းစားတစ်ရပ်လုံးကိုကိုယ်စားပြုနေတာဖြစ်နေလို့ဆရာဝန်တွေပညာရှင်တွေဆိုတာသာမာန်လူတစ်ယောက်ထက်ပိုပြီးဆင်ခြင်၊ဂုဏ်သိက္ခာစောင့်ထိန်းရပါတယ်။နာမည်ရှေ့မှာအများပိုင်တဲ့(Dr)တပ်ပြီး၊ပြည်သူ့အကျိုးပြုအကောင့်တွေကိုခိုးကြောင်ခိုးဝှက်(Report)ထုဖျက်ဆီးပြစ်နေတာဟာတစ်ခြားသမားဂုဏ်မြောက်တဲ့ဆရာဝန်တွေအားလုံးရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေနိုင်ပါတယ်။ —- တကယ့်ပညာရှင်အစစ်၊သမားဂုဏ်မြောက်တဲ့ဆရာဝန်ဆိုတာဘယ်လိုလူမျိုးလဲဆိုတာကျွန်တော်ဥပမာတစ်ခုယှာဉ်ပြပါ့မယ်။ကိုမောင်မောင်ဦးရဲ့(Post)ကိုအောက်ကလင့်မှာဖတ်ကြည့်လိုက်ကြပါ။ https://www.facebook.com/drmaungm…/posts/10156546710461707 — ကျွန်တော်ရေးတဲ့(Hypothesis)ကိုသူဖတ်လိုက်ရပါတယ်။သူစိတ်မဝင်စားဘူးဆိုရင်ကျော်သွားလို့ရပါတယ်။သူစိတ်ဝင်စားတယ်ဆိုရင်တော့သူကိုယ်တိုင်ဟုတ်မဟုတ်သုတေသနလုပ်ကြည့်လို့ရပါတယ်။သူကစိတ်ဝင်စားသွားတော့(မြတ်စွာဘုရားဟောကာလမသုတ်အတိုင်း)သူကိုယ်တိုင်သုတေသနလုပ်ကြည်လိုက်တော့တိုက်ဆိုင်မှု့အဖြေတစ်ခုရလာပါတယ်။ — ဘာတိုက်ဆိုင်မှု့လဲဆိုတော့ကျွန်တော့်ရဲ့(Hypothesis)အတိုင်းပါပဲကမ္ဘာပေါ်မှာ(Dengue)ခေါ်တဲ့သွေးလွန်တုတ်ကွေးအဖြစ်များတဲ့တိုင်းပြည်တိုင်းမှာ(COVID-19)ကူးစက်မှု့နည်းပြီး၊(dengue)တုတ်ကွေးအဖြစ်နည်းတဲ့တိုင်းပြည်တွေမှာ(COVID-19)ကူးစက်မှု့တွေများနေတာကိုတွေ့ရှိလိုက်ရပါတယ်။ …

(Hypothesis)ဆိုတာဘာလဲ?။ Read More »

ကိုရိုနာနှင့်ရွှေမြန်မာအပိုင်း(၂)

Source from Kelvin A. Power’s Facebook on February 28, 2020 ကိုရိုနာထက်အဆတစ်သိန်းကျော်အသေအပျောက်များခဲ့တဲ့၊ကပ်ရောဂါဆိုးကြီးကိုကာကွယ်ပေးခဲ့တဲ့ထူးခြားတဲ့သမိုင်းဝင်ဖြစ်ရပ်မှန်တစ်ခုကိုဘယ်လိုမှဖုံးကွယ်ထားလို့မဖြစ်နိုင်ပါဘူး။လောကမှာဘယ်အရာမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။မှန်တယ်လို့လူတိုင်းယူဆထားကြတဲ့သဘောတရားတွေမှာလဲချွင်းချက်တွေရှိနေကြပါတယ်။သဘာဝတရားမှာလူတွေမသိနိုင်တဲ့ထူးခြားမှု့တွေအများကြီးရှိနေပါတယ်။ — သမိုင်းကိုလဲမလေ့လာ၊စာလဲသေချာမဖတ်ကြကတဲ့ဆရာဝန်တစ်ချို့က၊ဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့(Virus)တစ်မျိုးကိုလုံးဝ၊ကာကွယ်မပေးနိုင်ဘူးလို့လှေနှံဓါးထစ်မှတ်သားထားပြီး၊ကျွန်တော့်ကိုဝိုင်းပြီးဝေဖန်တိုက်ခိုက်ကြပါတယ်။အဆိုပါအယူအဆဟာမှားပါတယ်။ — ဒါကြောင့်စာဖတ်ကြပါ။သမိုင်းကိုသေသေချာချာလေ့လာကြပါလို့မြန်မာတွေအားလုံးကိုပြောချင်ပါတယ်။သမိုင်းဆိုတာဖုံးကွယ်ထားလို့မရပါဘူး။ကျွန်တော့်ရဲ့ယူဆချက်မှန်သလားဝေဖန်နေတဲ့ဆရာဝန်တစ်ချို့ရဲ့လှေ့နှံဓါးထစ်ယူဆချက်မှန်သလားဆိုတာသမိုင်းကိုပြန်ကြည့်ကြတာပေါ့။ ——– (ZAWGYI Link) https://www.facebook.com/kelvin.power.1675/posts/195999018343180 ——– လူတွေကကာကွယ်ဆေး၊ကာကွယ်ဆေးဆိုပြီးတော့ပြောနေကြပါတယ်။လူတိုင်းလဲကူးစက်ရောဂါတစ်ခုဖြစ်လာပြီဆိုရင်ကာကွယ်ဆေးကိုပဲအားကိုးတကြီးပြေးရှာကြပါတယ်။တခြားမပြောပါ၊နဲ့အခု(coronavirus) စဖြစ်ကတည်းကလူတွေအားကိုးတကြီးစောင့်မျှော်နေတာကလဲကာကွယ်ဆေးပါဘဲ။ဒါပေမဲ့လူတွေဟာကာကွယ်ဆေးသာလိုချင်ကြတာပါ၊ကာကွယ်ဆေးဘယ်ကနေစဖြစ်ပေါ်လာပါသလဲဆိုတဲ့သမိုင်းကြောင်းကိုတော့ဘယ်သူကမှစိတ်မဝင်စားကြသလိုလေ့လဲမလေ့လာချင်ကြပါဘူး။ – သာမန်လူတွေစာမဖတ်တာကိုကျွန်တော်မပြောလိုပါဘူး။ဆရာဝန်တစ်ယောက်ဖြစ်ရဲ့သားနဲ့ကာကွယ်ဆေးရဲ့ရာဇဝန်ကိုသေချာမဖတ်ပဲကျွန်တော့်ကိုမျက်စိမိတ်ပြီးထိုင်ဝေဖန်နေတာကတော့တော်တော်လေးကိုရှက်စရာကောင်းနေပါတယ်။ဝေဖန်လို့ရပါတယ်။ဒါပေမဲ့စာသေချာဖတ်ပြီးတော့မှဝေဖန်ပါ။မဟုတ်ရင်ကိုယ်ပဲအရှက်ကွဲပါလိမ့်မယ်။ — ပြည်သူတွေရဲ့အသက်တွေကိုစောင့်ရှောက်ဖို့တာဝန်ယူထားရတဲ့ဆရာဝန်တွေကိုယ်တိုင်ကစာမဖတ်ဘူး၊မလေ့လာဘူးဆိုရင်တိုင်းပြည်နဲ့ပြည်သူတွေရဲ့အနာဂါတ်ကရင်လေးစရာပါပဲ။ဆရာဝန်အားလုံးကိုတော့မဆိုလိုပါဘူး။ကာကွယ်ဆေးရဲ့သမိုင်းကိုမလေ့လာပဲကျွန်တော့်ကိုဝေဖန်ရေးသားနေတဲ့ဆရာဝန်တစ်ချို့ကိုတဲ့ပြောနေတာပါ။ — ဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့ဗိုင်းရပ်စ်တစ်မျိုးကိုလုံးဝမကာကွယ်ပေးနိုင်ဘူးဆိုတဲ့အယူအဆမှန်မမှန်သမိုင်းကိုပြန်ကြည့်ကြပါစို့။ — (BC 10,000 )ခုနှစ်လောက်ကတည်းကစဖြစ်ခဲ့တဲ့ကမ္ဘာပေါ်အလွန်ကြောက်စရာကောင်းတဲ့ကျောက်ရောဂါကပ်ဆိုးကြီးနဲ့သွားယှဉ်ကြည့်လိုက်မယ်ဆိုရင်အခုဖြစ်နေတဲ့ဝူဟန်ရောဂါဟာရက်သား၊နို့တောင်မစို့တတ်သေးတဲ့ခလေးပေါက်စလေးလောက်ပဲအဆင့်ရှိပါတယ်။ — အပိုတွေပြောနေတာမဟုတ်ပါဘူး၊ဝူဟန်နဲ့လူသေတာကမ္ဘာပေါ်မှာအခုထက်ထိသုံးထောင်မပြည့်သေးပါဘူး။ကမ္ဘာပေါ်မှာအလွန်ကြောက်စရာကောင်းတဲ့ကျောက်ရောဂါကပ်ဆိုးကြီးနဲ့လူတွေသေခဲ့ရတာဟာ(18th and 20th)ကာလအခိုက်အတန့်ကလေးမှာတင်လူပေါင်းသန်း(300)ကျော်သေခဲ့ပြီးပါပြီ။တစ်ကယ်တော့ကျောက်ရောဂါကြောင့်လူသေတာဟာဝူဟန်ကိုရိုနာကြောင့်သေတာထက်အဆပေါင်းတစ်သိန်းမကပိုများခဲ့တယ်ဆိုတာစာဖတ်တဲ့လူတိုင်းသိမှာပါ။ — ဒါပေမဲ့အရင်တုံးကပဲသေခဲ့တာပါ။အခုခေတ်လူတွေကတော့ကျောက်ရောဂါကိုခွေးသန်းကိုက်တာလောက်တောင်အလေးမထားတော့ပါဘူး။ဒီခေတ်မှာကျောက်ရောဂါနဲ့သေတဲ့လူဆိုတာမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတာကိုခင်ဗျားတို့သိပါသလား?။ — ကျောက်ရောဂါက၊ခေတ်မရှိတော့လို့၊စတန့်ထွင်လို့မရတော့လို၊အလိုလိုပျောက်သွားတယ်လို့ခင်ဗျားတို့ထင်နေကြသလား?။ဘာကြောင့်ကျောက်ရောဂါမဖြစ်တော့တာလဲဆိုတာကိုသေချာသိချင်ရင်သူများတွေကိုသွားမမေးပါနဲ့၊ကိုယ့်လက်မောင်းကလေးတွေကိုကိုယ်စီလှန်ကြည့်လိုက်ကြပါ။အမာရွတ်ကလေးတွေကိုသက်သေအဖြစ်တွေ့ကြပါလိမ့်မယ်။ – ကျောက်ရောဂါဆိုတာအလိုလိုကမ္ဘာပေါ်ကနေပျောက်သွားတာမဟုတ်ဘူးဗျ။ခင်ဗျားတို့လက်မောင်းကအမာရွတ်ကလေးကခင်ဗျားတို့ရဲ့အသက်သခင်ပါပဲ။သူကကာကွယ်ပေးနေတာပါ။ကျောက်ရောဂါကာကွယ်ဆေးဟာလူတိုင်းအတွက်မရှိမဖြစ်အလွန်အရေးကြီးပါတယ်။သူကအရေးအကြီးဆုံးကာကွယ်ဆေးတစ်မျိုးဖြစ်နေလို့မရှိရင်အသက်ရှင်သန်ဖို့မလွယ်ပါဘူး။ဒီကာကွယ်ဆေးအရေးကြီးတယ်ဆိုတာလဲလူတိုင်းသိပြီးသားပါ။ဆရာဝန်တွေပိုသိမှာပါ။ — ဒါပေမဲ့စာမဖတ်တဲ့တချို့ဆရာဝန်တွေမသိသေးတာကဒီခင်ဗျားတို့ကိုကာကွယ်ပေးနေတဲ့ကျောက်ရောဂါကာကွယ်ဆေး၊ဘယ်ကလာသလဲဆိုတာစာလေးဘာလေးဖတ်ပြီးလေ့လာကြည့်ကြဖူးသလား?။ဒီနေရာမှာဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့(Virus)တစ်မျိုးကိုလုံးဝ၊ကာကွယ်မပေးနိုင်ဘူးဆိုတဲ့အယူအဆကိုပြောပြီးကျွန်တော့်ကိုဝေဖန်နေတဲ့ဆရာဝန်ဟာမိမိစာဖတ်အားနည်းတယ်။လေ့လာမှု့မရှိပဲဆရာဝန်လုပ်နေတယ်ဆိုတာကိုတစ်ပြည်လုံးသိအောင်ကြော်ငြာလိုက်သလိုပါပဲ။ — သမိုင်းကိုဆက်ပြောကြရအောင်။ခင်ဗျားတို့ထင်ထားတာကကျောက်ရောဂါကာကွယ်ဆေးကိုစတွေ့တာ၊သိပ္ပံပညာရှင်ကြီးတွေ၊နိုဘယ်လ်ဆုရှင်ကြီးတွေ၊ဆရာဝန်ကြီးတွေ၊ဓါတုဗေဒဓါတ်ခွဲခန်းကြီးတွေကျေးဇူးကြောင့်လို့ထင်နေကြလိမ့်မယ်။တစ်ကယ်တော့မဟုတ်ဘူးဗျ။အမှန်ပြောရရင်တော့ဟိုစာမဖတ်တပဲထိုင်ဝေဖန်နေတဲ့ဲ့ဆရာဝန်တစ်စုယုံမှာမဟုတ်ပါဘူး၊တောင်ဝေဖန်၊မြောက်ဝေဖန်လုပ်ဦးမယ်။မဝေဖန်ခင်စာတော့အရင်ဖတ်ကြပါဗျာ။စာမဖတ်ပဲဝေဖန်ရင်ရှက်စရာအလွန်ကောင်းပါတယ်။ — ကမ္ဘာပေါ်မှာလူဦးရေသန်းပေါင်းရာချီထောင်ချီသေနိုင်တဲ့ကျောက်ရောဂါကြီးကိုကာကွယ်ပေးလိုက်တဲ့ကျေးဇူးရှင်ဆိုတာ၊အလွန်ဆင်းရဲပြီးနွားနို့ညှစ်ရောင်းစား၊အသက်မွေးရတဲ့နွားကျောင်းသူကလေးဗျ။ကာကွယ်ဆေးကသူ့ဆီကရတာပါ။ဆေးရုံကြီးတွေ၊ဆရာဝန်ကြီးတွေ၊သိပ္ပံပညာရှင်ကြီးတွေဆီကရခဲ့တာမဟုတ်ပါဘူး။ရှင်းတယ်နော်။ — ဘဝကနုံခြာစုတ်ပြတ်နေပြီးတော့ဆင်းဆင်းရဲရဲနေခဲ့ရတဲ့နွားကျောင်းသမလေးတွေဆီကကမ္ဘာ့ပထမဦးဆုံးကာကွယ်ဆေးကိုရခဲ့တာပါ။မြန်မာပြည်မှာဘဝပေးအခြေအနေရအဆိုပါနွားကျောင်းသူလေးလိုဒူပေဒန်ပေခံပြီးဆင်းဆင်းရဲရဲဖြစ်သလိုဖြတ်သန်းကြီးပြင်းလာကြရတဲ့ရွှေမြန်မာဆင်းရဲသားတွေရဲ့ဘဝတွေကို၊ကိုယ်ကဆရာဝန်ဆိုပြီးတော့အထင်မသေးစေချင်ပါဘူး။အဲဒီဆင်းရဲသားတွေရဲ့သွေးတွေထဲမှာကမ္ဘာကြီးကိုကယ်တင်နိုင်မယ့်အစွမ်းသတ္တိတွေမရှိနိုင်ဘူးလို့ဘယ်သူမှအတတ်မပြောနိုင်ပါဘူး။ — ဆရာဝန်တွေဖြစ်ပြီးကာကွယ်ဆေးရဲ့သမိုင်းကိုမသိတာအလွန်ရှက်စရာကောင်းပါတယ်။ကိုယ်ကဆရာဝန်ဆိုတော့ပိုက်ဆံလွယ်လွယ်ကူကူရှာလို့ရတော့ချမ်းသာတယ်ဆိုပြီးဆင်းရဲတဲ့လူတွေကိုအလကားပါ။ဒီကောင်တွေကျန်းမာရေးအတွက်ဘာမှအထောက်အကူပြုနိုင်မယ့်ကောင်တွေမဟုတ်ပါဘူးလို့တော့အထင်မသေးမိပါစေနှင့်၊ဆရာဝန်တိုင်းကိုတော့မပြောပါဘူး၊ကျွန်တော့်ကိုဝေဖန်နေတဲ့စာမဖတ်၊သမိုင်းကိုမလေ့လာတဲ့ဆရာဝန်တစ်စုကိုပဲဦးတည်ပြီးရေးနေတာပါ။မြန်မာပြည်မှာဂရုဏာတရားကြီးမားပြီးတစ်ကယ်လေ့လာတဲ့၊စာဖတ်တဲ့၊စေတနာရှင်ဆရာဝန်တွေအများကြီးရှိနေပါတယ်။သူတို့ကိုလုံးဝမရည်ရွယ်ပါဘူး။ — သမိုင်းကိုပြန်သွားကြရအောင်၊ခရစ်သက္ကရာဇ်(1762-63)လောက်မှာယခုဝူဟန်ကိုရိုနာထက်(အဆတစ်သိန်းကျော်)လောက်အသေအပျောက်များခဲ့တဲ့ကျောက်ရောဂါဆိုးကြီးဟာအင်္ဂလန်နိုင်ငံမှာဖြစ်ပွားခဲ့ပြီးလူတွေအမြောက်အများသေကြေပျက်စီးခဲ့ရပါတယ်။လူတွေပက်ပက်စက်စက်သေနေတာကမှ၊မသာချပေးမဲ့လူတွေတောင်မရှိတော့ပါဘူး။လူနာကိုဆေးရုံပို့ပေးမဲ့လူနဲ့အလောင်းသယ်ပေးမဲ့လူတွေမရှိတော့ပါဘူး။အလောင်းနားကပ်ရင်ကပ်တဲ့လူရောဂါကူးပြီးသေတာပါပဲ။အားလုံးအိမ်ပြစ်ယာပြစ်ထွက်ပြေးနေကြရတဲ့အချိန်ဖြစ်ပါတယ်။ — …

ကိုရိုနာနှင့်ရွှေမြန်မာအပိုင်း(၂) Read More »

Shopping Cart