(Antioxidant Network)ခေါ်၊ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ(သို့)ကွန်ရက်။

Source from Kelvin A. Power’s Facebook on September 3, 2020
(Antioxidant Network)ခေါ်၊ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ(သို့)ကွန်ရက်။
ဆရာမကြီးရဲ့စာဖတ်ပရိသတ်တွေကျွန်တော့်ဆီကိုအမျိုးသမီးကနေတဆင့်ရောက်လာပြီးမေးနေကြတာတော်တော်လေးကိုများနေပါပြီ။ဖြည့်စွက်စာရောင်းသမားတွေပြောနေကြတဲ့၊ဆရာမကြီးညွန်တဲ့ကုမ္မဏီက(Antioxidant Network)ဆိုတဲ့ (တံဆိပ်)ဖြည့်စွက်စာကိုအလွန်သောက်ချင်ကြပါတယ်တဲ့။ဒါပေမယ့်အဲဒီတံဆိပ်ကဈေးကြီးလွန်းတော့ငွေကြေးမတတ်နိုင်ကြဘူးတဲ့။အဲဒီလိုဆေးမျိုး(American Best)အနေနဲ့ထုတ်ပေးဖို့အစီအစဉ်မရှိဘူးလားတဲ့?။အလားတူမေးခွန်းတွေ၊အခုတလောများနေပါတယ်လို့ပြန်ကြားနေရပါတယ်။။
သူတို့ပြောနေတဲ့တံဆိပ်ကိုပုံပြပါလို့ကျွန်တော်ပြန်မေးကြည့်ခိုင်းလိုက်တော့(CanPrev, Canada)ကုမ္မဏီကထုတ်တဲ့(Antioxidant Network™)ပုလင်းကိုလာပြီးထောင်ပြကြပါတယ်တဲ့။သူတို့ပြောပုံအတိုင်းဆိုရင်ဆေးအလုံးရေ(၆၀)ကို၊(၄၀၀၀၀)ကျပ်နဲ့(၅၀၀၀၀)ကျပ်၊အကြားမှာရှိတယ်လို့ပြောကြပါတယ်။ကျွန်တော်လဲတိတိကျကျတော့မသိပါဘူး။
သူတို့ပြောတာလဲမှန်ပါတယ်လေ။ရောဂါကာကွယ်ချင်သူဆိုရင်တစ်ရက်ကို(၁)လုံးသောက်လို့ရပေမယ့်၊ရောဂါရှိသူဆိုရင်တစ်ရက်ကိုအနည်းဆုံး(၂)လုံးသောက်ရတော့မယ်။အလုံး(၆၀)ဆိုရင်တစ်လနဲ့တင်၊ဆေးတစ်မျိုးတည်းကိုလေးသောင်းနဲ့ငါးသောင်းကြားလောက်ငွေထွက်ပြီဆိုတော့လဲမြန်မာပြည်မှာလူတိုင်းကချမ်းသာတာမှမဟုတ်ကြတာ။ဈေးသိပ်ကြီးရင်ဘယ်လိုတတ်နိုင်ကြမှာလဲ၊ကျွန်တော်လဲကိုယ်ချင်းစာမိပါတယ်။
ဖြည့်စွက်စာရောင်းသူတွေက၊ဆရာမကြီးညွန်ပြတဲ့တံဆိပ်ဆိုပြီးတော့ပြောရောင်းနေကြတယ်လို့ကျွန်တော်ပြန်ကြားလိုက်ရတော့၊ကျွန်တော်လဲမယုံလို့(Antioxidant Network)အကြောင်းရေးထားတဲ့ဆရာမကြီးစာတွေကိုရှာဖတ်ကြည့်မိလိုက်ပါတယ်။ကျွန်တော်ဖတ်ကြည့်ပြီးသိရသလောက်ကတော့၊ဆရာမကြီးကဒီဈေးကြီးတဲ့တံဆိပ်ကိုဝယ်သောက်ရမယ်လို့ညွန်ပေးနေတာမဟုတ်ဘူးဗျ။ဆရာမကြီးစာကိုသေချာဖတ်ကြည့်လိုက်ရင်၊သူညွန်တာအမှတ်တံဆိပ်မဟုတ်ဘူး၊ပါဝင်ပစ္စည်း၊ (Ingredients) ဓါတ်ပေါင်းတွေကိုဆိုလိုတယ်ဆိုတာဟာသိသာထင်ရှားပါတယ်။
ဆရာမကြီးစာအရဆိုရင်၊ဆရာမကြီးပြောထားတဲ့(Antioxidant Network)ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ဆိုတာ၊ကမ္ဘာပေါ်မှာရှိတဲ့(Antioxidants)တွေအမျိုးမျိုးကို၊ကွန်ခြာ၊ကွန်ယက်သဖွယ်၊အချိုးကျပေါင်းစပ်ထားတဲ့သဘောကိုဆိုလိုတယ်လို့ပဲကျွန်တော့်အနေနဲ့နားလည်ပါတယ်။မြန်မာလိုပြောရရင်(ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ၊ကွန်ရက်)ဆိုတဲ့သဘောပါပဲ။သူဆိုလိုချင်တဲ့သဘောက(Antioxidants)တွေဆိုတာအမျိုးအမယ်စုံလေလေ၊ပိုပြီးကောင်းလေလေ၊အမျိုးအမယ်စုံစုံလင်လင်ကိုစုပေါင်းပြီးသောက်နိုင်မယ်ဆိုရင်ကျန်းမာရေးအတွက်အလွန်သင့်လျော်မယ်လို့ရေးထားတာပါ။
အဲဒီတံဆိပ်က၊ဈေးကြီးလို့၊ငွေကြေးမတတ်နိုင်လို့လူတိုင်း၊ဝယ်မသောက်နိုင်ကြတာလဲမှန်ပါတယ်။အဲဒါကိုဖြည့်စွက်စာရောင်းသူတွေကပရဟိတလုပ်နေတဲ့ဆရာမကြီးရဲ့နာမည်သုံးပြီးဈေးကြီးတဲ့တံဆိပ်တစ်ခုကိုညွန်ပြီးပရိုမိုးရှင်းလုပ်ပေးနေသလို၊ဘယ်လိုလက်တစ်လုံးခြားလှည့်ပါတ်ပြောဆိုလိုက်လို့အဓိပ္ပါယ်ပြောင်းသွားသလဲတော့ကျွန်တော်လဲမသိဘူးဗျ။
ဆရာမကြီးကအဲဒီတံဆိပ်တစ်ခုကိုညွန်ပြပြီးသောက်ခိုင်းရအောင်၊အဲဒီကုမ္မဏီက၊ပရိုမိုးရှင်းလုပ်နေတဲ့အရောင်းဝန်ထမ်းမှမဟုတ်တာ။ပရဟိတလုပ်နေတဲ့ဆရာမကြီးက၊တံဆိပ်မညွန်ပါဘူး။ဒါကြောင့်ဆရာမကြီးစာရဲ့အဓိပ္ပါယ်ကိုသေသေချာချာ(ဃ၊ဂ၊ဏ၊န)နားလည်အောင်မဖတ်ကြပဲ၊မပြစ်မှားကြပါနှင့်။အထူးသဖြင့်ဖြည့်စွက်စာရောင်းသမားတွေအနေနဲ့ဆရာမကြီးနာမည်ကိုအလွဲသုံးစားမလုပ်ကြပါနှင့်။
ဆရာမကြီးတင်မကပဲ၊အားလုံးသော(Functional Medicine)သမားတွေသုံးနေကြတဲ့(Antioxidant Network)ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ဟာ၊ကုမ္မဏီတစ်ခုရဲ့အမှတ်တံဆိပ်တစ်ခုကိုဆိုလိုချင်တာမဟုတ်ပဲ၊(Antioxidants)တွေအမျိုးမျိုးကိုစုံလင်စွာပေါင်းစုထားတဲ့၊အပေါင်းအစုဆိုတဲ့သဘောကိုလူတိုင်းနားလည်ကြစေချင်ပါတယ်။
ဥပမာပေးရရင်(Vitamin A, Carotenoid, NAC(N-Acetyl-Cysteine), Alpha-lipoic Acid, COQ10, Magnesium, Vitamin E(Tocopherols), Vitamin C, Magnesium Ascorbate, Selenium, Zinc, Copper, Green Tea(EGCG), Glutathione(GSH), Proanthocyanidins, Polyphenols, Piperine, Catechins, etc…)အစရှိတဲ့(Antioxidants)တွေအမျိုးပေါင်းစုံလင်အောင်ပေါင်းစပ်ထားတာကို(Antioxidant Network)ဆိုပြီးစကားလုံးတစ်ခုနဲ့နာမ်စားသုံးကြ၊ပြောဆိုကြတာပါ။
ခက်တာက၊အရင်းရှင်အမြတ်ကြီးစားတွေဆိုတာကလဲကိုယ်ကျိုးရှာဖို့ပဲစောင့်နေကြတာမဟုတ်လား၊အဲဒီ(Antioxidant Network)ဆိုတဲ့လူတိုင်းသုံးစွဲပြောဆိုနေကြတဲ့(အများပိုင်)စကားလုံးတစ်ခုကိုအရင်းရှင်ကုမ္မဏီတစ်ခုဖြစ်တဲ့(CanPrew)ကုမ္မဏီကပိုက်ဆံပေး၊မောင်ပိုင်စီးပြီးတော့၊တစ်ဦးတည်းမူပိုင်ခွင့်(Trademark)လုပ်ချလိုက်ပါလေရော။မူပိုင်ခွင့်လုပ်ချလိုက်တော့(Antioxidant Network TM)ဆိုပြီးတော့(အများပိုင်စကား)ဟာတစ်ဦးပိုင်အလိုလိုဖြစ်သွားပါလေရော။
အရင်းရှင်တွေဆိုတာလူလည်ကျရမယ်၊ကိုယ်ကျိုးရှာရမယ်ဆိုရင်အလွန်ဉာဏ်ပြေးတာဗျ။အရင်းရှင်နိုင်ငံတွေဆိုတာကလဲပိုက်ဆံပေးနိုင်ရင်အကုန်လုပ်တိုင်းဖြစ်နေတာကိုး။အခုလဲကြည့်လေ၊(Functional Medicine)သမားတိုင်းက(Antioxidant)တွေအမျိုးစုံအောင်ပေါင်းပြီးသောက်ခိုင်းတာကို၊(Antioxidant Network)သောက်တာကောင်းတယ်လို့နာမ်စားသုံးပြီးပြောနေကျပဲလေ။
အဲဒါကိုအကွက်သမားတွေကပိုက်ဆံပေးနိုင်တယ်ဆိုပြီးတော့၊အခွင့်ကောင်းယူပြီး၊လူတိုင်းသုံးနေတဲ့အများပိုင်စကားကိုတစ်ဦးပိုင်အဖြစ်နဲ့လူလယ်ကျ၊မောင်ပိုင်စီး၊လုယူထားလိုက်တော့၊(Functional Medicine)သမားတွေက(Antioxidants)အမျိုးမျိုးပေါင်းစပ်ပြီးသောက်ရတဲ့၊(Antioxidant Network)သောက်တာကောင်းတယ်လို့နာမ်စားသုံးပြီးပြောလိုက်တိုင်း၊အလိုလိုနေရင်း၊သူတို့တံဆိပ်ကိုလမ်းညွန်ပေးလိုက်သလို၊ကြေငြာပေးလိုက်သလိုဖြစ်သွားပါလေရော။အရင်းရှင်များကြောက်စရာကောင်းချက်။
ဒီထက်ရှင်းအောင်၊ဥပမာပေးပြောရရင်၊မြန်မာပြည်မှာမြန်မာလူမျိုးတိုင်းဟာကိုယ့်ဖခင်ကိုကန်တော့ရင်(မွေးသဖခင်ကျေးဇူးရှင်)ကိုရှိခိုးကန်တော့ပါ၏လို့လူတိုင်းပါးစပ်ကနေပြောဆိုကန်တော့ကြတယ်မဟုတ်လား။အဲဒါကိုအခွင့်ကောင်းယူပြီး၊မြန်မာတွေကိုကြောချင်တဲ့နိုင်ငံခြားသားတစ်ယောက်ကအစိုးရကိုပိုက်ဆံလာပုံပေးပြီး(မွေးသဖခင်ကျေးဇူးရှင်)ဆိုတဲ့နာမည်ကိုသူတစ်ဦးတည်းမူပိုင်ခွင့်၊တင်လိုက်လို့၊အစိုးရကခွင့်ပြုလိုက်မယ်ဆိုရင်၊ကိုယ့်အဖေကိုကန်တော့တာတောင်၊ကောင်းကောင်းမကန်တော့ရတော့ပဲ၊အဖေကိုကန်တော့တဲ့လူတွေအားလုံးအဲဒီလူကိုအလိုလိုအဖေအဖြစ်(တရားဝင်)ထိုင်ရှစ်ခိုးကန်တော့လိုက်သလိုဖြစ်သွားပါလေရော။နားလည်အောင်ဥပမာပေးပြောတာပါ။မြန်မာအစိုးရကလဲဒီလိုနာမည်မျိုးကိုဘယ်သူ့ကိုမှတစ်ဦးတည်းမူပိုင်ခွင့်မပေးပါဘူး။
နောက်ပြီး၊အဲဒီဆေးမျိုးဆရာတို့(American Best)ကမထုတ်ပေးဘူးလား?။ဆိုတဲ့မေးခွန်းကိစ္စ။
ဒီမေးခွန်းကိုအဓိပ္ပါယ်ပြန်ရင်၊လူတွေက(Antioxidants)တွေအမျိုးမျိုးပေါင်းထားတဲ့အကောင်းဆုံး(Antioxidants Network)ဆေးတစ်မျိုးကို၊ပိုလဲကောင်းရမယ်၊ဈေးလဲပိုသက်သက်သာသာနဲ့သောက်ချင်ကြတယ်၊အဲဒီအတွက်(Kelvin)ဘာလုပ်ပေးနိုင်မလဲဆိုတဲ့သဘောပါပဲ။
အရင်တုံးကလဲအလားတူကိစ္စတစ်ခုဖြစ်ခဲ့ဖူးပါတယ်။(Magnesium, D3, K2)ကိစ္စပါပဲ။(Magnesium, D3, K2)ဘာကြောင့်ပေါင်းထုတ်ပေးရတယ်ဆိုတဲ့ကိစ္စကိုအရင်ကကျွန်တော်မပြောပြခဲ့ဖူးပါဘူး။အခုမှသေချာပြောပြပါ့မယ်။
အဲဒါလဲဖြည့်စွက်စာရောင်းတဲ့လူတွေကနေစလာတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ။(Covid 19)ဖြစ်လာတော့၊ဗီတာမင်(D3)ဟာခုခံအားကောင်းဖို့မရှိမဖြစ်လိုအပ်တယ်ဆိုတာလူတိုင်းသိရှိနားလည်လာကြပါတယ်။ဒါကြောင့်လူအများစုက(D3)ကိုစပြီးဝယ်သောက်ကြပါတယ်။
အဲဒီ(D3)ဝယ်သောက်တဲ့လူတွေကိုလဲ၊ဖြည့်စွက်စာရောင်းသူတချို့တွေက၊ဈေးကြီးတဲ့(K2)ပါတွဲသောက်ရမယ်၊တွဲမသောက်ရင်ဘာအန္တရာယ်ဖြစ်မယ်၊ညာအန္တရယ်ဖြစ်မယ်ဆိုပြီးခြိမ်းခြောက်ကြပြန်တယ်တဲ့။အဲဒီနှစ်ခုတွဲဝယ်ပြန်တော့လဲ(Magnesium)မပါရင်၊မကောင်းပြန်ဘူး၊ဘာညာဆိုပြီးတော့၊(၃)မျိုးလုံးတစ်ခါတည်းရောင်းရအောင်ကြံကြပါလေရော။
ခက်တာကငွေကြေးလဲမတတ်နိုင်၊(Covid)လဲကြောက်လို့(D3)လေးဝယ်သောက်မိပါတယ်။ဖြဲခြောက်လိုက်တာ၊ကြောက်လို့(K2)နဲ့(Magnesium)တွေပါဝယ်လိုက်ရတော့တာပေါ့၊အဲဒီ(3)မျိုးလုံးတစ်ခုစီဝယ်လိုက်ရတာ၊ငွေပြန်တွက်ကြည့်လိုက်တော့၊ငါးသောင်းကျော်၊ခြောက်သောင်းနီးပါးလောက်ထွက်သွားပါလေရော၊အဲဒီကိစ္စကိုလဲကျွန်တော့်အမျိုးသမီးကနေတဆင့်လာပြီးငြီးပြကြတော့၊ကျွန်တော်ကလဲငွေကြေးမတတ်နိုင်သူတွေဆိုရင်သနားတတ်တယ်၊အမျိုးသမီးကလဲပေါင်းထုတ်ပေးဖို့တိုက်တွန်းအကြံပြုပြန်တယ်။
ဒါကြောင့်(Magnesium Citrate, D3, K2)ကိုသုံးမျိုးပေါင်းထုတ်ပေးပြီး၊ (၂၉၅၀၀)ကျပ်နဲ့ဈေးချရောင်းပေးလိုက်ရတာဖြစ်ပါတယ်။သုံးမျိုးပေါင်းကိုတစ်မျိုးစီဝယ်သောက်ရမယ်ဆိုရင်၊ကျပ်ငါးသောင်းကျော်ခြောက်သောင်းနီးပါးလောက်ကုန်မယ်မတတ်နိုင်ဘူးဆိုတဲ့၊လူတွေကိုကိုယ်ချင်းစာစိတ်နဲ့တမင်ထုတ်လုပ်ပေးပြီး၊ဈေးချရောင်းပေးရတာဖြစ်လို့၊မမြတ်ပါဘူး၊အရံှုးခံထုတ်တာပါ။
(Mg, D3, K2)ကိုသုံးမျိုးပေါင်းပြီးအောက်ဈေးနဲ့ချရောင်းပေးလိုက်တော့၊လူအများစုကဈေးနှုန်းရုတ်တရက်ကြီးပြန်တက်သွားမှာကြောက်ပြီးဆေးမရလိုက်မှာကြောက်လို့၊အသည်းအသန်အလုအယက်ဝယ်နေကြပြန်ပါတယ်။အဲဒါကိုမစိုးရိမ်ပါနဲ့၊လောလောဆယ်၊ဈေးချက်ခြင်းပြန်တက်ဖို့ကျွန်တော့်မှာအစီအစဉ်မရှိသေးပါဘူး။အောက်ဈေးနဲ့တော်တော်ကြာကြာချရောင်းပေးဦးမှာပါလို့သတင်းကောင်းပြောချင်ပါတယ်။
ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။အဆိုပါသုံးမျိုးပေါင်းကို၊ပိုပြီးကောင်းသွားအောင်နောက်ထပ်ဈေးကြီးတဲ့(Ingredients)တွေထပ်ထည့်ပေးပြီး(၄)မျိုးစပ်၊(၅)မျိုးစပ်လုပ်လိုက်မယ်ဆိုရင်တော့မကိုက်တော့လို့၊အရံှုးအလွန်မများရအောင်ဈေးအနည်းငယ်တော့တက်ချင်တက်ပါလိမ့်မယ်။ဒါပေမယ့်၊ဒီအတိုင်း(၃)မျိုးစပ်ကတော့လူတိုင်းဝယ်နိုင်အောင်၊ပရဟိတစိတ်ဓါတ်နဲ့ထုတ်ပေးတဲ့ပစ္စည်းဖြစ်နေလို့ဈေးပြန်မတက်ပါဘူး။ဒါကြောင့်အလုအယက်ဝယ်နေစရာလဲမလိုပါဘူး။ဖြေးဖြေးလုပ်ကြပါ။အားလုံးရကြမှာပါ။
(Antioxidant Network)အကြောင်းပြန်သွားမယ်ဗျာ။ကျွန်တော်တို့(American Best)အနေနဲ့လဲ၊အရည်အသွေးလဲပိုကောင်း၊ဈေးလဲပိုသက်သာတဲ့(Antioxidant Network)ဆေးအသစ်ကိုမကြာခင်မှာထုတ်ပေးနိုင်ဖို့ကျိုးစားပေးပါမယ်။
သို့သော်(CanPrew)ကုမ္မဏီက(Antioxidant Network TM)ဆိုတဲ့နာမည်ကို၊တစ်ဦးတည်းမူပိုင်ခွင့်(Trademark)ယူထားတော့၊အဲဒီနာမည်နဲ့ထုတ်ပေးလို့မရနိုင်ပါဘူး၊အဲဒီနာမည်နဲ့ထုတ်လိုက်ရင်တရားစွဲခံရပါမယ်။
ဒီတော့ကျွန်တော်တို့်(American Best)ကနာမည်အသစ်(Network Antioxidants)ဆိုတဲ့အမည်နဲ့ဆေးအသစ်ထုတ်ပေးပါမယ်။(CanPrew)ကုမ္မဏီက(Antioxidant Network TM)ကဓါတ်ပေါင်း(၇)မျိုးပဲပါဝင်ပြီး၊တခြားအရေးကြီးတဲ့ပစ္စည်းတစ်ချို့တွေမပါပဲကျန်နေပါတယ်။
ကျွန်တော်တို့ကပိုအာနိသင်ကောင်းပြီး၊ရောဂါတစ်ကယ်သက်သာပျောက်ကင်းအောင်၊နဂိုမူရင်းသူ့ (Ingredients)(၇)မျိုးအပြင်၊နောက်ထပ်လိုအပ်တဲ့အမျိုးအစားပေါင်း(၅)မျိုးပါအပိုထပ်ထည့်ပေးပြီး၊စုစုပေါင်း(၁၂)မျိုးတောင်ထည့်သွင်းပြီးထုတ်လုပ်ပေးပါမယ်။သူ့ထက်(၅)မျိုးအပိုပါမယ်ဆိုပေမယ့်လဲသူ့ထက်ဈေးပိုမတောင်းပါဘူး။ဈေးပိုပြီးတောင်သက်သာစွာရောင်းပေးနိုင်ဖို့အတွက်ကျိုးစားနေပါတယ်။
ပါဝင်ပစ္စည်းတွေလဲအမျိုးအစားပိုများသလို၊ဆေးအရည်အသွေးလဲပိုကောင်းပေမယ့်ဈေးပိုမတင်ပဲ၊ဈေးချရောင်းပေးမယ်ဆိုတာဟာငွေကြေးမတတ်နိုင်သူတွေအတွက်အဓိကထားပြီး၊ပရဟိတစိတ်ဓါတ်နဲ့တမင်အရံှုးခံထုတ်ပေးရမှာဖြစ်လို့စိတ်ရှည်ရှည်နဲ့တော့စောင့်ဆိုင်းပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်။ကြိုတင်မှာထားတာတွေကိုလဲလက်မခံပါ။ဆေးထွက်လာတော့မှ(Group)မှာကြေငြာပေးပါ့မယ်။အခုလောလောဆယ်၊ဆေးထွက်မလာသေးဘူးဖြစ်နေလို့ကိုပြည်ဟိန်းထက်ဆီကိုသွားပြီးအကြိမ်ကြိမ်၊နားပူနားဆာမလုပ်ကြဖို့လဲမေတ္တာရပ်ခံအပ်ပါတယ်။
——
(CanPrev)ကုမ္မဏီကထုတ်တဲ့ Antioxidant Network
မှာပါဝင်တဲ့ပစ္စည်း(၇)မျိုးကတော့။
(၁)N-acetyl-L-cysteine(200 mg)
(၂)Mixed tocopherols, Vitamin E(150 mg)
(၃)Coenzyme Q10 Ubiquinone(100 mg)
(၄)DL-Alpha-lipoic-acid(100 mg)
(၅)Green tea extract(60 mg)
(၆)Zinc as Zinc Citrate(5.5mg)
(၇)Selenium as Selenium Yeast(100 mcg)
တို့ဖြစ်ကြပါတယ်။
———-
ကျွန်တော်တို့(American Best)ကထုတ်လုပ်ပေးမယ့်၊
Network Antioxidants မှာပါဝင်မယ့်ပစ္စည်းတွေကတော့၊
(၁)N-acetyl-L-cysteine(200 mg)
(၂)Mixed tocopherols, Vitamin E (150 mg)
(၃)Coenzyme Q10 Ubiquinone(100 mg)
(၄)DL-Alpha-lipoic-acid(100 mg)
(၅)Green tea extract(60 mg)
(၆)Zinc as Zinc Citrate(5.5mg)
(၇)Selenium as Selenium Yeast(100 mcg)
(၈)Vitamin A as Retinyl Palmitate( 7,350 IU)
(၉)Vitamin C as Magnesium Ascorbate(150 mg )
(၁၀)Magnesium as Magnesium Ascorbate & Carbonate(25 mg)
(၁၁)Black Pepper Extract (Standardized to 95% Piperine)(5 mg) (၁၂)Riboflavin (50 mg )
တို့ဖြစ်ကြပါတယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ကပ်ဘေးမှလည်းကျော်လွှားနိုင်ကြပါစေ။
Kelvin Albert Power

1 thought on “(Antioxidant Network)ခေါ်၊ဓါတ်တိုးတုန့်ပြန်မှု့စနစ်၏ကွန်ခြာ(သို့)ကွန်ရက်။”

  1. Super antioxidant သောက်ရင် network antioxidant သောက်ဖို့လိုသေးလားသိချင်ပါတယ်၂မျိုးလုံးပေါင်းသောက်လို့ရလား

Comments are closed.

Shopping Cart