American Best ဆေးတွေရန်ကုန်ရောက်လို့(အရမ်းပူရင်)ပျက်စီးနိုင်ပါသလား?။အန္တရာယ်ရှိနိုင်ပါသလား?။

Source from Kelvin A. Power’s Facebook on March 25, 2020
ကျွန်တော်တို့(American Best)ကပစ္စည်းတွေတင်မကပဲ၊အမေရိကန်ကနေမြန်မာပြည်ကိုပို့တဲ့မည်သည့်ဆေးတွေမဆိုဆေးတွေအားလုံးဟာ၊လေယာဉ်ပျံနဲ့ပို့ရတာတွေဖြစ်နေလို့၊ကုန်တင်လေယာဉ်ဖြစ်ဖြစ်၊ခရီးသည်တင်လေယာဉ်ဖြစ်ဖြစ်ဝမ်းဗိုက်ထဲကကုန်ပစ္စည်းထားတဲ့နေရာတွေမှာ(Aircondition)မထားပေးနိုင်လို့အလွန်ပူပါတယ်။
လမ်းမှာလဲ(Transit)တွေလုပ်ရတဲ့အခါမှာအလွန်ပူ လောင်တဲ့ကုန်ပစ္စည်းသိုလောင်ရုံတွေထဲမှာလည်း(၂)ရက်(၃)ရက်လောက်အထိကြာချင်ကြာနေနိုင်ပါတယ်။လေယာဉ်ပေါ်မှာနဲ့ကုန်လှောင်ရုံတွေရဲ့အပူချိန်ဟာ(120 ံF)လောက်အထိကိုမြင့်ချင်မြင့်တက်နိုင်ပါတယ်။ရန်ကုန်မှာဒီလောက်အထိပူတဲ့နေရာဆိုတာမရှိနိုင်ပါဘူး။
ဒါကြောင့်ကျွန်တော်တို့(American Best)ရဲ့ဆေးတွေကို၊(Probiotic Bacteria)တွေပါဝင်နေတဲ့ဆေးကလွဲပြီး၊တစ်ခြားဆေးတွေကိုရေဆူမှတ်အပူချိန်(212 ံF) အထိအပူခံနိုင်အောင်ပြုလုပ်ထားပါတယ်။ဆေးကရာသီဥတုအပူဒဏ်ကိုလုံးဝ(လုံးဝ)ဂရုမစိုက်ပါဘူး။မပျက်စီးနိုင်ပါဘူး။
(Probiotic Bacteria)တွေပါတဲ့ဆေးကလွဲပြီး၊တခြားဆေးတွေကိုရေနွေးပွက်ပွက်ဆူအောင်ပူတဲ့အပူချိန်မှာထားလဲမပျက်စီးနိုင်ပါဘူး။ဒါပေမယ့်ကျွန်တော်တို့ကြောက်တာကလေဝင်မှာနဲ့လေထဲကနေမမြင်ရတဲ့ရေခိုးရေငွေ့တွေဝင်မှာကိုပဲကြောက်တာပါ။ဒါကြောင့်ဆီးလ်(Seal)မပွင့်သေးတဲ့ဆေးဗူးအသစ်တွေဟာရေပွက်ပွက်ဆူအောင်ပူတဲ့အပူချိန်ကိုလဲဂရုမစိုက်ပါဘူး။
တစ်ကယ်လို့ကိုယ်ကအဖုံးအောက်၊အတွင်းမှာရှိနေတဲ့ဆီးလ်(Seal)ကိုဖွင့်ဖေါက်လိုက်ပြီးပြီဆိုရင်တော့အဲဒီဆေးကိုပူတဲ့နေရာမှာမထားပါတော့နဲ့။ဆီးလ်(Seal)ကိုပထမဦးဆုံးအကြိမ်စဖွင့်လိုက်ပြီဆိုတာနဲ့အောက်ဆီဂျင်နဲ့အတူမမြင်ရတဲ့ရေခိုးရေငွေ့တွေဝင်ပြီးသားဖြစ်သွားလို့ို့အေးသောနေရာ၊တတ်နိုင်ရင်ရေခဲသေတ္တအောက်ဖက်တွေမှာသိမ်းထားပေးပါ။ဆီးလ်(Seal)အသေပိတ်ထားတဲ့ဗူးအသစ်တွေကတော့ဘယ်လောက်ပူပူမပျက်စီးနိုင်လို့ကြိုက်တဲ့နေရာမှာထားလို့ရပါတယ်။
နေရောင်ခြည်နဲ့အလင်းရောင်။
နေရောင်ခြည်နဲ့အလင်းရောင်ကြောင့်ပျက်စီးနိုင်တဲ့(Ingredients)တစ်မျိုးမျိုးဆေးမှာပါနေရင်ကျွန်တော်တို့(American Best)ကဗူးအကြည်တွေမှာမထည့်ပဲ၊အနောက်တွေမှာပဲထည့်ပါတယ်။ဥပမာ(Vitamin C)ပါရင်ဗူးအကြည်နဲ့မထည့်ပါဘူး။နောက်ပြီးတော့ကျွန်တော်တို့သုံးတဲ့ဗူးတွေအားလုံးဟာ(UV Resistant)တွေနဲ့(BPA FREE)တွေဖြစ်ပါတယ်။အဲဒါကြောင့်နေရောင်ခြည်နဲ့အလင်းရောင်ကို လဲသိပ်စိုးရိမ်စရာမရှိပါဘူး။
တစ်ကယ်တော့အဆိုးဆုံးက(BPA)ပါပဲ။
အဓိကစိုးရိမ်ရမှာက၊သုံးထားတဲ့ဗူးအမျိုးအစားပါပဲ။ကျန်းမာချင်လို့ဖြည့်စွက်စာဆေးတွေဝယ်သောက်ပါတယ်။ဖြည့်စွက်စာဆေးဗူးတွေကြောင့်မျိုးပွားအင်္ဂါဆိုင်ရာကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။ဆေးကြောင့်ဖြစ်နိုင်တာတော့မဟုတ်ပါဘူးဗူးကြောင့်ဖြစ်နိုင်တာပါ။
အမေရိကန်မှာဆေးထုတ်လုပ်တဲ့ကုမ္မဏီတစ်ချို့ဟာ(BPA)ပါတဲ့ဗူးတွေကိုသုံးတတ်ကြပါတယ်။အမေရိကန်မှာ(BPA FREE)ဗူးတွေကပိုပြီးတော့ဈေးကြီးပါတယ်။ဒါကြောင့်ကုမ္မဏီတော်တော်များများကအမြတ်များများကျန်အောင်ဈေးအပေါစားတွေကိုပဲဝယ်သုံးတတ်ကြပါတယ်။
(BPA )ပါနေတဲ့ဖြည့်စွက်စာဗူးတွေဟာသာမာန်အေးနေတဲ့အချိန်၊ရာသီဥတုအလွန်အေးတဲ့တချို့နိုင်ငံတွေမှာဘာမှမဖြစ်နိုင်ပါဘူး။ဒါပေမယ့်အပူချိန်(100 ံ F)ကျော်ပြီဆိုတာနဲ့(BPA)မော်လီကျူးတွေကဗူးထဲကနေထွက်လာပြီးဆေးတွေထဲကိုဝင်ရောက်လာနိုင်ပါတယ်။မြန်မာပြည်ကိုပျံသန်းလာတဲ့လေယာဉ်တွေနဲ့၊လမ်းမှာလွဲပြောင်းရတဲ့ကုန်လှောင်ရုံတွေဟာ၊အပူချိန်(120 ံF)အထိကိုပူနိုင်ပါတယ်။ရန်ကုန်မှာလဲမကြာခဏအပူချိန်(100 ံF)ကိုကျော်တတ်ပါတယ်။မန္တလေးနဲ့၊အညာမှာဆိုရင်ပိုတောင်ဆိုးပါတယ်။
(BPA )ဟာကင်ဆာဖြစ်တယ်ဆိုပေမယ့်ကင်ဆာအားလုံးကိုဖြစ်စေတာတော့မဟုတ်ပါဘူး။ဟော်မုန်းဓါတ်ကိုပျက်စီးစေပြီးဟော်မုန်းနဲ့ပါတ်သက်တဲ့နေရာတွေမှာသာကင်ဆာဖြစ်တာပါ။အမျိုးသမီးတွေမှာဆိုရင်၊ရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊မျိုးဥအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊စသည်ဖြင့်မျိုးပွားအင်္ဂါတွေမှာသာဖြစ်ပွားစေနိုင်ပြီး၊အမျိုးသားတွေမှာကြတော့၊ဆီးကျိတ်ကင်ဆာ၊ဝှေးစေ့ကင်ဆာ၊စသည်တို့ကိုဖြစ်ပွားစေနိုင်ပါတယ်။
(BPA)ဆိုတာအလွန်အန္တရာယ်ရှိပါတယ်။ဒါပေမယ့်အလွန်ဝမ်းနည်းစရာကောင်းတာက(USA)မှာ(BPA)နဲ့ပါတ်သက်ပြီးဘာမထိန်းချုပ်မှ့ု ှ(FDA Regulation)တွေ(လုံးဝ)ကိုမရှိပါဘူး။ဘယ်ကုမ္မဏီကိုမှ(BPA Free)တွေပဲထုတ်ပေးရမယ်လို့ဥပဒေနဲ့မကန့်သတ်ထားပါဘူး။ကိုယ်ထုတ်ချင်သလိုထုတ်လို့ရပါတယ်။(FDA)ဟာအရင်းရှင်တွေအကြိုက်အမြတ်ရရင်ပြီးရော၊ကုန်ဈေးနုန်းတက်မလာရင်ပြီးရောဆိုပြီးလွှတ်ထားပေးတာတွေအများကြီးရှိနေပါတယ်။
(USA)မှာလူတော်တော်များများသောက်နေကြတဲ့တချို့သောက်ရေသန့်ဗူးတွေကအစ(BPA)တွေပါနေပါတယ်။။ (USA)မှာ(BPA FREE)ဆိုတဲ့အစားအသောက်တွေ၊ကော်ဖီပစ္စည်းတွေအလွန်ရှားပါတယ်။အထူးကဖြင့်(USA)ကလျှပ်စစ်ရေနွေးအိုးတွေရဲ့(90%)ကျော်ဟာ(BPA Free)တွေမဟုတ်လို့အဆိုပါဟော်မုန်းနဲ့ပါတ်သက်ပြီးြ့ဖစ်တဲ့ကင်ဆာဟာ(USA)မှာအများဆုံးဖြစ်နေကြပါတယ်။ (BPA)ဆိုတာအပူချိန်၊အေးရင်ပြဿနာမရှိပေမယ့်ပူလာရင်ဒုက္ခပေးတတ်ပါတယ်။
(BPA)ပါတဲ့ဗူးတွေဟာ၊ရာသီဥတုနည်းနည်းလေးပူတာနဲ့ဗူးတွေထဲကနေဆေးထဲကိုကင်ဆာရောဂါဖြစ်စေတတ်တဲ့ဓါတ်ပေါင်းတွေရောက်ရှိလာတတ်ပါတယ်။ဒီဓါတ်ပေါင်းဟာအဆိပ်ဖြစ်သလိုထဖြစ်ပြီးချက်ချင်းတော့သေတာတော့မဟုတ်ပါဘူး။အချိန်အတော်လေးကြာတော့မှဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာရောဂါအမျိုးမျိုးတွေဖြစ်လာတာပါ။
ဒီလိုအန္တရာယ်ဖြစ်ရင်(FDA)ကပေးရောင်းပါ့မလားလို့လာပြီးတော့စောဒကမတက်အောင်ကြိုပြောထားလိုက်ပါမယ်။(FDA)ဆိုတာဆေးတစ်ခုခု(သို့)အစားအသောက်တစ်ခုခုကိုအခုချက်ခြင်းစားပြီး၊စားစားချင်းအဆိပ်မိသေတယ်ဆိုရင်တော့အဆိပ်လို့သတ်မှတ်ပြီးတားမြစ်ပိတ်ပင်ပါတယ်၊ခွင့်မပြုပါဘူး။အခုစားပြီး၊အခုချက်ခြင်းအဆိပ်ဖြစ်မသေပဲနောက်နှစ်ပေါင်းများစွာကြာမှကင်ဆာဖြစ်ပြီးသေတယ်ဆိုရင်တော့(FDA)ကပိုက်ဆံရရင်လူတိုင်းကိုထုတ်ခွင့်ပေးပါတယ်။
ဥပမာပေးပါမယ်။စီးကရက်သောက်ရင်ဘယ်သူမှချက်ချင်းအဆိပ်ဖြစ်ပြီးမသေပါဘူး။နောက်နှစ်တော်တော်ကြာတော့မှအဆုတ်ကင်ဆာဖြစ်ပြီးသေပါတယ်။ဆေးလိပ်ဟာရေရှည်မှာအဆုတ်ကင်ဆာကိုဖြစ်စေတယ်ဆိုတာကို(FDA)ကကောင်းကောင်းသိပါတယ်။(USA)မှာစီးကရက်ကုမ္မဏီတွေအားလုံးဟာ(FDA)မသိအောင်ခိုးရောင်းနေကြတာမဟုတ်ပါဘူး။စီးကရက်ကုမ္မဏီတွေအားလုံးက(FDA)ရဲ့ထောက်ခံချက်၊ခွင့်ပြုချက်နဲ့ဖွင့်ထားကြတာပါ။
(FDA)ခွင့်ပြုထားတိုင်းအားလုံးကောင်းတယ်လို့တော့မထင်ကြပါနဲ့။စီးကရက်သောက်ရင်ဘယ်သူကမှချက်ချင်းပထမတလိပ်ထဲမှာတင်အဆိပ်ဖြစ်မသေပါဘူး။နောက်နှစ်တွေကြာမှကင်ဆာဖြစ်ပြီးသေပါတယ်။ဆေးလိပ်ကြောင့်အဆုတ်ကင်ဆာဖြစ်တယ်ဆိုတာလဲ(FDA)ကကောင်းကောင်းသိပါတယ်။သိပေမယ့်ပိုက်ဆံရရင်ခွင့်ပြုပါတယ်။စီးကရက်ကြော်ငြာလဲထည့်ခွင့်ပေးပါတယ်။ဒါရှင်းပါတယ်နော်။
ဒါကြောင့်(BPA)ဆိုတာအန္တရာယ်ရှိရင်(FDA)ကခွင့်ပြုပါ့မလားလို့လာမလုပ်ကြနဲ့။(BPA)ဟာဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာရောဂါတွေကိုဖြစ်စေတယ်ဆိုတာကိုယုံချင်ယုံ၊မယုံဘူးဆိုရင်လဲရပါတယ်။ဒါကတော့ကိုယ်ဖြစ်ကိုယ်ခံပါပဲ။သိတော့လူကတော့သတိပေးထားပြီးပြီလက်ခံတာလက်မခံတာကတော့ကိုယ့်အပိုင်းပါ။
တစ်ချို့သောဖြည့်စွက်စာထုတ်ရောင်းနေကြတဲ့၊အမေရိကန်ကုမ္မဏီတွေဟာ(BPA Free)ဗူးတွေမသုံးကြပါဘူး။(BPA)ဆိုတာကလဲအေးရင်ပြဿနာမရှိပေမယ့်၊နဲနဲလေးပူတာနဲ့ကိုဒုက္ခပေးတတ်ကြပါတယ်။မြန်မာပြည်ကကုန်သည်တွေကလဲအဲဒီဖြည့်စွက်စာတွေကိုပူတဲ့တိုင်းပြည်တွေဆီကို၊ပူတဲ့ကုန်တင်လေယာဉ်ကြီးတွေရဲ့ဝမ်းဗိုက်ထဲမှာထည့်ပြီး၊ပူတဲ့ကုန်လှောင်ရုံတွေကနေတဆင့်(Transit)လုပ်ယူသယ်ဆောင်လာကြပြီး၊အလွန်ပူတဲ့တိုင်းပြည်မှာပြန်ရောင်းနေကြပါတယ်။
အဲဒီဆေးတွေကိုပူရင်ပျက်စီးတတ်တယ်လို့ကျွန်တော်လုံးဝမဆိုလိုပါဘူး။(Probiotic)ဆေးကလွဲလို့ကျန်တဲ့ဆေးတွေကပူသော်လဲ၊ဆီးလ်(seal)တွေပိတ်ထားရင်ဘယ်ကုမ္မဏီကထုတ်ထုတ်ပျက်စီးဖို့မလွယ်ကူပါဘူး။အဆိုးဆုံးကနဲနဲလေးပူလာတာနဲ့တင်(BPA)ပါတဲ့ဗူးကထွက်လာတဲ့ကင်ဆာဖြစ်စေနိုင်တဲ့မော်လီကျုးလေးတွေဟာဆေးတွေ၊ဖြည့်စွက်စာတွေထဲကိုရောက်သွားတတ်ပါတယ်။ရောက်နေပြီလား၊မရောက်နေဘူးလားဆိုတာကိုတော့ဘာနဲ့မှတိုင်းတာကြည့်လို့မရနိုင်ပါဘူး။
ဖြည့်စွက်စာတွေကိုစားသုံးတာကျန်မာရေးအတွက်အလွန်အထောက်အကူပြုပေမယ့်၊ကိုယ့်တိုင်းပြည်က၊သူများတိုင်းပြည်တွေလိုမအေးပဲအရမ်းကိုပူနေတဲ့တိုင်းပြည်ဖြစ်နေပြန်ပါတယ်။ဒါကြောင့်(BPA Free)ဗူးတွေကိုရွေးချယ်သုံးစွဲတတ်ကြဖိုတော့လိုအပ်ပါတယ်။(BPA Free)ဗူးတွေဆိုရင်တော့၊အသစ်ဆီးလ်(Seal)ပိတ်ထားချိန်မှာရာသီဥတုပူတိုင်းလဲမပျက်စီးနိုင်ပါဘူး။
ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေကနေသူတို့(BPA)ပါတဲ့ဗူးတွေကိုလုံးဝ(လုံးဝ)မသုံးပါဘူးဆိုတဲ့(100%)ရာနုန်းပြည့်အာမခံချက်တွေကိုရယူထားဖို့တော့လိုအပ်ပါတယ်။အဲဒီလို(100%)အာမခံမပေးထားဘူးဆိုရင်တော့၊ဆေးတွေဖြည့်စွက်စာတွေကိုဝယ်သောက်တာမဟုတ်ပဲကင်ဆာရောဂါကိုဝယ်နေသလိုဖြစ်သွားပါလိမ့်မယ်။
ကျန်းမာချင်လို့ဖြည့်စွက်စာတွေကိုငွေအကုန်အကျခံပြီးဈေးကြီးပေးဝယ်သောက်နေကြတဲ့ကိုယ့်ပြည်သူတွေ၊ဖြည့်စွက်စာတွေကြောင့်ကင်ဆာမဖြစ်စေဖို့တော့အထူးလိုအပ်ပါတယ်။ဒါကြောင့်ကိုယ်ဝယ်သောက်တဲ့ကုမ္မဏီကသုံးတဲ့ဗူးအမျိုးအစားဟာ၊အတွင်းမှာပါတဲ့ဆေးတွေထက်တောင်ပိုပြီးတော့အရေးကြီးနေပါတယ်။
အရင်တစ်ခါတုန်းကကျွန်တော်တို့(American Best)ဆိုတာဗူးတောင်တရုတ်ပြည်က(BPA)ပါတဲ့ဗူး(လုံးဝ)မသုံးဘူး။အမေရိကန်လုပ်(BPA Free)ဗူး၊(UV Resistant)ဗူးတွေကိုပဲဈေးကြီးပေးဝယ်ပြီးသုံးပါတယ်ဆိုပြီးတော့ပို့စ်တင်ရေးလိုက်တော့၊ဟိုဖက်ရပ်ကွက်ကတချို့လူတွေကအမလေးကြီးကျယ်လိုက်တာ၊ဆေးကောင်းရင်တောြ်ပီပေါ့၊ဗူးကိုတော့အဲလောက်အထိဂရုစိုက်နေစရာမလိုပါဘူးဆိုပြီးတော့အတင်းချဖေါင်းထုကြတာတွေပြန်ကြားခဲ့ရပါတယ်။
မြန်မာပြည်ကလူတချို့ကအလွန်နားလည်ရခက်ပါတယ်။ဗူးကအရေးမကြီးဘူးဆိုရင်ကျွန်တော်ကဈေးကြီးပေးပြီး(BPA FREE)ဗူးတွေဝယ်သုံးရအောင်အရူးမှမဟုတ်တာ။တကယ်တော့ဗူးကလဲဆေးလောက်ကိုအရေးကြီးပါတယ်။ဒါကြောင့်ဈေးကြီးပေးပြီး(BPA Free)သုံးရတာပါ။
ကျွန်တော်တို့(American Best)ကထုတ်တဲ့ဗူးအားလုံး(100%)၊တစ်လုံးမကျန်(BPA Free)တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်အမြတ်ရဖို့ထက်၊ကိုယ့်ကိုယုံကြည်အားကိုးနေကြတဲ့လူတွေအန္တရာယ်ကင်းဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ဗူးသုံးတာတောင်အကောင်းစားမှသုံးတယ်တဲ့၊ကြီးကျယ်လိုက်တာဆိုပြီးတော့၊အတင်းချဖေါင်းထုနေတဲ့လူတွေကိုပြောချင်တာက၊အရာရာကိုအဆဲနဲ့တ့ုံပြန်မယ့်အစား၊စေတနာတရားရဲ့တန်ဖိုးကိုနားလည်ကြစေလိုပါတယ်။
ဖြည့်စွက်စာတွေဆိုတာကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။ဖြည့်စွက်စာရောင်းနေတဲ့လူအများစုကိုလုံးဝပုတ်ခတ်တာမဟုတ်ပါဘူး။ကျွန်တော်တို့(American Best)ကလဲတခြားလူတွေရဲ့ဈေးကွက်ကိုလုယူဖို့နဲ့၊တပြည်လုံးဈေးကွက်ကိုသိမ်းပိုက်ဖို့ဆိုတာစိတ်ကူးလေးတောင်ယောင်ပြီးမကူးမိပါဘူး။ကိုယ့်လူနဲ့ကိုယ်တောင်ဆေးတွေလုံလောက်အောင်မနည်းကျိုးစားထုတ်ပေးနေရတာပါ။ဒါကြောင့်တစ်ခြားလူတွေရဲ့ဈေးကွက်ကိုလုယူဖို့လုံးဝစိတ်မဝင်စားတဲ့အပြင်သူတို့တွေလုံလုံလောက်လောက်ရောင်းပေးနေတာကိုတောင်အထူးကျေးဇူးတင်ပါတယ်။
(American Best)ဟာလူတွေတောင်းဆိုမှု့ကြောင့်ဖြစ်လာရတာပါ။အမြတ်အစွန်းအတွက်လုပ်နေတာမဟုတ်ပဲကိုယ့်ကိုယုံကြည်သူတွေဆေးကောင်းဝါးကောင်းသုံးစွဲနိုင်အောင်အဓိကထားပြီးလုပ်နေတာပါ။တစ်ဖက်ကလဲ၊ပရဟိတနဲ့သုတေသနလုပ်ငန်းတွေကိုဆက်လုပ်ဖို့ရည်ရွယ်ထားလို့အမြတ်အစွန်းအနည်းငယ်တော့ယူပါတယ်။သို့သော်တခြားကုမ္မဏီကဖြည့်စွက်စာယူရောင်းတဲ့လူတွေကိုလဲမပုတ်ခတ်ပါဘူး။ဒါပေမယ့်ပြည်သူတွေအန္တရာယ်ကင်းရအောင်အခြားသောဖြည့်စွက်စာရောင်းသူတွေကို(BPA)ရဲ့ဆိုးကျိုးတွေကိုရေးပြီးအသိပညာပေးရခြင်းသာလျှင်ဖြစ်ပါတယ်။
ဖြည့်စွက်စာရောင်းနေတဲ့လူတွေအားလုံးဟာဒီအချက်ကိုသေချာနားလည်ထားဖို့တော့လိုအပ်ပါတယ်။အဆိုးဆုံးတစ်ခုကရောင်းနေတဲ့လူအများစုကိုမေးကြည့်လိုက်ရင်သူတို့တွေသယ်လာတဲ့ဆေးတွေကို(BPA Free)ဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုသိဖို့မပြောပါနှင့်၊(BPA)ဆိုတာဘာမှန်းတောင်တချို့တွေမသိမကြပါဘူး။တစ်ခါမှတောင်မကြားဖူးဘူးဖြစ်နေကြပါတယ်။ဒီအတိုင်းဆိုရင်တော့နောက်(၅)နှစ်(၁ဝ)နှစ်လောက်မှာအားလုံးဒုက္ခတွေရောက်ကုန်ကြတော့မှာပါပဲ။
အသိပညာပေးချင်တာက၊ဖြည့်စွက်စာဆိုတာကျန်းမာရေးအတွက်အလွန်အထောက်အကူပြုတဲ့ပစ္စည်းတွေဖြစ်လို့ဖြည့်စွက်စာရောင်းတဲ့လူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ဒါပေမယ့်ကိုယ်ရောင်းတဲ့ဖြည့်စွက်စာဟာ(BPA Free)ဖြစ်ဖို့တော့သေချာဂရုစိုက်ကြဖို့တော့အထူးလိုပါတယ်။အမေရိကန်မှာ(FDA)ဆိုတာ(BPA)နဲ့ပါတ်သက်လို့ဘာမှကန့်သတ်ချက်မထားရှိပါဘူး။ဒါကြောင့်ကမ္ဘာပေါ်မှာအမေရိကန်ဟာကင်ဆာအများဆုံးဖြစ်နေရတဲ့လူမျိုးပါ။ဒါပေမယ့်အဲဒီကင်ဆာတွေမြန်မာတွေမှာ(လုံးဝ)မဖြစ်စေချင်ပါဘူး။
နောက်သတိပေးချင်တာတစ်ခုကသင်္ဘောနဲ့ဖြည့်စွက်စာသယ်ပြီးရောင်းနေတဲ့လူတွေကိုပါ။သင်္ဘော(Container)ထဲမှာအပူချိန်(140 ံF)လောက်အထိကိုပူနိုင်ပါတယ်။ဆီးလ်(seal)ပိတ်ထားတဲ့ဆေးဗူးအသစ်တွေဟာဒီအပူချိန်မှာ(Probiotic)ဆေးတွေကလွဲရင်ကျန်တာတွေမပျက်စီးဘူးဆိုတာကိုတော့ကျွန်တော်လက်ခံပါတယ်။ဒါပေမယ့်သင်္ဘောနဲ့ပို့တဲ့ပစ္စည်းတွေဟာ(100% BPA FREE)ဖြစ်ဖို့တော့အလွန်အရေးကြီးပါတယ်။
(BPA)ဆိုတာဘာမှန်းမသိတဲ့လူတွေက(BPA)ပါတဲ့ပစ္စည်းတွေကို(140 ံF)လောက်အထိပူတဲ့သင်္ဘောတွေနဲ့ပို့နေတာဟာအလွန်အန္တရာယ်ရှိပါတယ်။သင်္ဘောနဲ့ပို့လို့မရဘူးလို့မပြောပါဘူး။(probiotic)ကလွဲလို့ကျန်တဲ့ဆေးတွေအားလုံးပို့လို့ရပါတယ်။ဒါပေမယ့်(BPA Free)ဖြစ်ကိုဖြစ်ရပါမယ်။
အနှစ်ချုပ်ပြောချင်တာက(probiotic)တွေကလွဲလို့(USA)ကလာတဲ့ဖြည့်စွက်စာဆေးတွေအားလုံးဟာ၊ဆီးလ်(seal)တွေပိတ်ထားတဲ့အသစ်ဖြစ်နေရင်၊မြန်မာပြည်ကရာသီဥတုဘယ်လောက်ပူပူလုံးဝကိုမပျက်စီးနိုင်ပါဘူး။ဒါပေမယ့်ပထမဆုံးအချိန်စပြီးသုံးစွဲလိုက်လို့၊အဖုံးအောက်ကအတွင်းဆီးလ်(Seal)ကိုဖွင့်ဖေါက်လိုက်ပြီဆိုတာနဲ့အေးပြီးခြောက်သွေ့တဲ့နေရာ၊တတ်နိုင်ရင်ရေခဲသေတ္တာအောက်ထပ်မှာထားပေးစေချင်ပါတယ်။
ဆီးလ်(Seal)မဖွင့်ရသေးတဲ့ဗူးအသစ်တွေကတော့ရေမစိုရင်ပြီးရောကြိုက်တဲ့နေရာမှာထားလို့ရပါတယ်။ရာသီဥတုပူလဲရပါတယ်။နောက်ဆုံးပြောချင်တာကတစ်ခုကအပူချိန်နည်းနည်းလေးမြင့်လာတာနဲ့ဗူးထဲကနေဆေးတောင့်တွေထဲကိုကူးစက်ဝင်ရောက်လာတတ်တဲ့(BPA)ဓါတ်ပေါင်းတွေဟာဟော်မုန်းနဲ့ပါတ်သက်တဲ့ကင်ဆာတွေအမျိုးမျိုးကိုဖြစ်တတ်လို့ဖြည့်စွက်စာဆေးတွေကိုသုံးသူတွေရော၊ရောင်းချပေးသူတွေပါအထူးဂရုစိုက်ကြဖို့တော့သတိပေးပြောကြားလိုပါတယ်။
ကျွန်တော်တို့(American Best)ကုမ္မဏီတစ်ခုအနေနဲ့ကတော့ကင်ဆာဖြစ်စေတတ်တဲ့(BPA)ပါဝင်တဲ့ဆေးဗူးတွေကို (လုံးဝ)မသုံးပါဘူးဆိုတာကိုတော့ရာနုန်းပြည့်အာမခံပါတယ်။ဆေးတွေကဆီးလ်(seal)ပိတ်ထားရင်ဘယ်လောက်ပူပူမကြောက်ပါနှင့်။(BPA)ကိုတော့ကြောက်ကြပါ။
Kelvin Albert Power
Shopping Cart