အပိုင်း(၈)။( July 21, 2022)
ရန်သူ(Virus)ပိုးရဲ့ရည်ရွယ်ချက်နဲ့နည်းဗျူဟာကဘာဖြစ်မလဲ?။
–
(Virus)ပိုးရဲ့အဓိကပန်းတိုင်ကတော့(Antibody)တွေမရခင်မှာသွေးကြောတွေထဲကိုအမြန်ဆုံးဝင်ရောက်နိုင်ဖို့ပါပဲ။သွေးကြောတွေထဲကိုအမြန်ဆုံးဝင်ရောက်နိုင်တော့မှသာခန္ဓာကိုယ်တစ်ခုလုံးကိုကမောက်ကမဖြစ်အောင်လုပ်ပြီးဖျက်ဆီးပြစ်နိုင်ပါလိမ့်မယ်။
–
(Cytokine storm)တွေ(Bradykinin storm)တွေဖြစ်ပေါ်လာမှသာလျှင်၊သွေးဖိအားတွေကမောက်ကမဖြစ်၊သွေးတွေခဲ၊သွေးကြောတွေပိတ်၊သွေးကြောတွေပေါက်ဆိုတော့မှသာအဆုတ်ထဲလဲသွေးရည်ကြည်တွေဝင်လာပြီးပိတ်၊တစ်ခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေလဲအောက်ဆီဂျင်တွေပြတ်၊နောက်ဆုံးအားလုံးပျက်စီးသွားတော့မှရန်သူရဲ့ရည်မှန်းချက်အောင်မြင်မှာဖြစ်ပါတယ်။
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC8083217/
–
(Virus)ပိုးဟာအသက်ရူတိုင်း၊အသက်ရူလမ်းကြောင်းကနေအဆုတ်ထဲဝင်ဖို့ကြိုးစားပါတယ်။(mucous membrane)ကြောင့်ပိုးအများစုဟာအဆုတ်ထဲမရောက်ပဲအဖမ်းခံလိုက်ရပါတယ်။အနည်းငယ်လွတ်သွားပြန်တော့လဲအဆုတ်ရဲ့လေအိတ်တွေထဲက(Immune system cells)တွေနဲ့ရင်ဆိုင်ရပြန်တယ်။ဒီအတိုင်းဆိုရင်ရန်သူဟာအကျအဆုံးအလွန်များပြီးခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။
–
ဒါကိုရန်သူကနားလည်ပါတယ်။သူ့မှာလဲခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့သေနင်္ဂနည်းဗျူဟာတွေတိတိကျကျရှိပြီးသားပါ။ဒါကြောင့်ရန်သူဟာအကောင်းဆုံးတစ်နေရာရာမှာခြေကုပ်စခန်းရယူပြီး၊သူ့ရဲ့စစ်သည်အင်အားတွေကိုအဆပေါင်းများစွာတိုးချဲ့ဖို့ကြိုးစားရပါတယ်။စစ်အင်အားတိုးချဲ့ပြီးရင်၊အင်အားအလုံးအရင်းနဲ့ခန္ဓာကိုယ်ကိုအကြိမ်ပေါင်းများစွာမနားတမ်းဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားရပါတယ်။
–
ဒါကြောင့်ရန်သူဟာသူ့နည်းဗျူဟာအတိုင်း၊ယာယီစစ်စခန်းချဖို့နေရာကောင်းတစ်ခုကိုရွေးချယ်ရပါတယ်။ဒီလိုရွေးချယ်တဲ့နေရာမှာ၊အဓိကလိုအပ်ချက်နှစ်ခုပြည့်စုံတဲ့နေရာဖြစ်ဖို့သိပ်အရေးကြီးပါတယ်။ပထမတစ်ချက်က၊လမ်းကြောင်းနှစ်ကြောင်းခွဲတိုက်မယ့်ရန်သူဟာ၊အသက်ရူလမ်းကြောင်းနဲ့အစာအိမ်လမ်းကြောင်းနှစ်ခုလာပြီးဆုံတဲ့ဆုံမှတ်အနီးမှာသာစခန်းချရမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်က၊စစ်အင်အားပွားများဖို့၊လက်နက်ရိက္ခာ၊လူသူတွေလိုအပ်ပါတယ်။ဒါကြောင့်အပိုင်ဝင်စီးပြီးအသုံးချလို့ရမယ့်ရွာတွေနဲ့နီးစပ်တဲ့နေရာလဲဖြစ်ရပါမယ်။
–
ရွာတွေဆိုတာကတစ်ခြားမဟုတ်ပါဘူး။ရန်သူအတွက်(Host cells)တွေအဖြစ်ဝင်ရောက်စီးနင်းပြီး(Virus)ပိုးအသစ်တွေအဆပေါင်းများစွာမွေးထုတ်မျိုးပွားလို့ရတဲ့ဆဲလ်တွေကိုဆိုလိုတာပါပဲ။အဲဒါဘယ်နေရာလို့သင်ထင်ပါသလဲ?။
–
ကျွန်တော်တို့(Covid)ပိုးစစ်ရင်ဘယ်နေရာကနေ၊နမူနာ(swab)ယူရပါသလဲ?။ပါးစပ်နဲ့နှာခေါင်းအနောက်ဖက်၊အဆုတ်ကိုသွားတဲ့လေပြွန်နဲ့အစာအိမ်ကိုသွားတဲ့အစာပြွန်ဆုံမှတ်ရဲ့အပေါ်နားလေးမှာ(swab)ယူရပါတယ်။ဒီနေရာဟာခန္ဓာကိုယ်ထဲကိုဝင်လာတဲ့(Covid)ပိုးတွေရဲ့ပထမဆုံးအင်အားပွားများရတဲ့ဌာနချုပ်ပါပဲ။
–
ဒီရောဂါကူးစက်ခံရတဲ့လူကို၊ကူးစက်ခံရရချင်းသွေးစစ်ကြည့်မယ်ဆိုရင်၊သွေးထဲမှာ(Virus)ပိုးမတွေ့နိုင်သေးပါဘူး။သွေးထဲကိုမဝင်ရောက်နိုင်သေးခင်မှာ၊ဖျားတာ၊နာတာအစရှိတဲ့ရောဂါလက္ခဏာတွေလဲထင်ထင်ရှားရှားမပြသေးပါဘူး။ဒီ(Virus)ပိုးဟာခန္ဓာကိုယ်ကိုဝင်ရောက်လာပြီဆိုတာနဲ့ပိုးကောင်ရေအများစုဟာအဆုတ်ထဲ၊သွေးထဲကိုတိုက်ရိုက်မဝင်ရောက်နိုင်သေးပဲ၊အသက်ရူလမ်းကြောင်းနဲ့အစာအိမ်လမ်းကြောင်းနှစ်ခုလာဆုံတဲ့နေရာလည်ချောင်းပြွန်အတွင်းမှာယာယီစခန်းချပြီးအင်အားတိုးချဲ့ပွားများနေပါသေးတယ်။ဒါကြောင့်ဒီနေရာကို(Swab)ယူပြီးစမ်းသပ်မှသာလျှင်တိတိကျကျအဖြေသိနိုင်ပါတယ်။
—
လူတွေမှတ်သားထားရမယ့်၊ဒီ(Virus)ပိုးရဲ့အဓိကလှို့ဝှက်ချက်နည်းဗျူဟာကတော့၊ဝင်လာပြီဆိုတာနဲ့ပထမဦးဆုံးအနေနဲ့လည်ချောင်းမှာစခန်းချရပ်နားမယ်။ပြီးတော့မှလည်ချောင်းကဆဲလ်တွေကို(Host Cells)အဖြစ်အသုံးပြုပြီးအင်အားတွေအဆမတန်တိုးချဲ့ပွားများမယ်။အင်အားအလွန်တောင့်တင်းခိုင်မာလာပြီဆိုရင်ခန္ဓာကိုယ်ကိုစစ်ကြောင်းကြီးနှစ်ခုခွဲပြီးဝင်ရောက်တိုက်ခိုက်မယ်ဆိုတာပါပဲ။ဒီလှို့ဝှက်ချက်ကိုသိသွားတဲ့သူတွေကိုတော့ဒီပိုးဟာဘယ်တော့မှဒုက္ခမပေးနိုင်တော့ပါဘူး။
–
ဒီ(Virus)ပိုးရဲ့ပထမလမ်းကြောင်းကတော့အဆုတ်ကိုအဓိကပြစ်မှတ်ထားပြီးဝင်တိုက်မယ့်အသက်ရူလမ်းကြောင်းဖြစ်ပြီး၊ဒုတိယလမ်းကြောင်းကတော့အူတွေကိုအဓိကပစ်မှတ်ထားပြီးဝင်တိုက်မယ့်အစာအိမ်နဲ့အူလမ်းကြောင်းတွေပါပဲ။
–
နောက်အပိုင်းတွေမှာဘယ်လမ်းကြောင်းကတိုက်ခိုက်ရင်၊ရန်သူ့အားသာချက်အားနည်းချက်တွေဘယ်လိုရှိမယ်။ကိုယ့်အနေနဲ့လမ်းကြောင်းနှစ်ခုစလုံးကိုဘယ်လိုပိတ်ဆို့ကာကွယ်ရမယ်ဆိုတာကို၊မဟာဗျူဟာကျကျ၊သေသေချာချာသင်ကြားပေးမှာဖြစ်ပါတယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
———————————————————
အပိုင်း(၉)။( July 21, 2022)
အသက်ရူလမ်းကြောင်းကနေဝင်ပြီးအဆုတ်ကိုပြစ်မှတ်ထားတိုက်ခိုက်ရင်၊အားနည်းချက်၊အားသာချက်တွေကဘာတွေဖြစ်မလဲ?။
–
ဘယ်လမ်းကြောင်းကပဲဝင်ဝင်၊ဒီ(Virus)ပိုးရဲ့အဓိကရည်မှန်းချက်ကတော့(Antibody)မရခင်မှာသွေးထဲကိုအမြန်ဆုံးရောက်နိုင်ဖို့ပါပဲ။သွေးထဲကိုရောက်မှသာလျှင်၊အလုံးစုံပျက်စီးခြင်းကိုသူဆောင်ရွက်နိုင်မှာမဟုတ်ဘူးလား?။
–
လူတစ်ယောက်ဟာ(Virus)ပါတဲ့လေကိုရူရှိုက်မိပြီဆိုတာနဲ့ပိုးအနည်းငယ်လေးသာလျှင်အဆုတ်အတွင်းပိုင်းအထိတိုက်ရိုက်ဝင်ရောက်လာနိုင်လို့များသောအားဖြင့်ပိုးအကူးစက်ခံရပြီဆိုရင်၊ချက်ခြင်းရုတ်တရက်ကြီးမဖျားတတ်ကြပါဘူး။တစ်ကယ်လို့သာပထမတစ်ကြိမ်ရူရှိုက်လိုက်တာနဲ့သွေးကြောထဲချက်ခြင်းရောက်သွားမယ်ဆိုရင်လူနာဟာပထမရက်မှာတင်ချက်ခြင်းအဖျားဝင်ရမှာဖြစ်ပါတယ်။လက်တွေ့မှာချက်ခြင်းမဖျားသေးဘူးဆိုတာဟာအဆုတ်ထဲ၊သွေးကြောတွေထဲကိုချက်ချင်းမဝင်ရောက်နိုင်သေးလို့ပါပဲ။
-ပထမဦးဆုံးအနေနဲ့၊(Virus)ပိုးဟာအဆုတ်နဲ့အသက်ရူလမ်းကြောင်းကိုတိုက်ခိုက်တော့မယ်ဆိုပါစို့။ကွေ့ကောက်ပြီးဆံချည်မျှင်တွေလောက်အထိသေးငယ်သွားတဲ့အဆုတ်လေပြွန်အတွင်းပိုင်းက(mucous membrane)တွေကြောင့်ပိုးအများစုဟာအဆုတ်ထဲကိုမရောက်ပဲလမ်းမှာအဖမ်းခံလိုက်ရပါတယ်။ကံသိပ်ကောင်းပြီးလွတ်သွားတဲ့ပိုးအနည်းငယ်ကလဲ(Immune system cells)တွေနဲ့ရင်ဆိုင်ကြရပြန်ပါတယ်။
–
ရန်သူဟာဒီလောက်တောင်အကျအဆုံးများနေတဲ့လမ်းကြောင်းကိုတစ်ကြိမ်တစ်ခါလောက်တိုက်ခိုက်ပြီးလက်လျှော့လိုက်လို့တော့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ရက်အနည်းငယ်ကြာအောင်လည်ချောင်းအတွင်းမှာအင်အားတိုးချဲ့ပွားများနေပြီး၊လူတွေအသက်ရူသွင်းတိုင်းမှာလက်မလျှော့တမ်း၊အကြိမ်ကြိမ်၊အသက်ရူလမ်းကြောင်းကနေဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားရပါတော့တယ်။
–
အသက်တစ်ခါရူလိုက်တိုင်း၊ပိုးအနည်းငယ်သာလျှင်အဆုတ်လေအိတ်တွေထဲရောက်ပါတယ်။ရောက်လာတဲ့အင်အားအနည်းငယ်ကလည်း(Immune System)နဲ့ထိပ်တိုက်တွေ့ပါတယ်။အဆုတ်လေအိတ်တွေထဲကနေတစ်ဆင့်၊သွေးကြောတွေထဲကိုဝင်ရောက်ဖို့ဆိုတာလက်တွေ့မှာမလွယ်ကူပါဘူး။
–
(Virus)ရဲ့အဓိကပန်းတိုင်ကသွေးကြောတွေထဲကိုဝင်ရောက်ဖို့ပါ။သွေးကြောတွေထဲကိုအမြန်ဆုံးမဝင်ရောက်နိုင်ပဲ၊နည်းနည်းလေးခြင်းစီ၊မစွတ်မပွတ်ကလေးအဆုတ်ရဲ့လေအိတ်တွေထဲဝင်ပြီး(Immune System)နဲ့ အမြဲမပြတ်ထိပ်တိုက်ထိတွေ့နေရမယ်ဆိုရင်၊ရေရှည်မှာ(Immune System)ကို(Antibody)ထုတ်နိုင်ဖို့လေ့ကျင့်ပေးနေသလိုပါပဲ။
–
ဒီလောက်အင်အားလေးနဲ့၊နည်းနည်းချင်းအဆုတ်တစ်ခုလုံးပျက်စီးသွားအောင်တိုက်ခိုက်ပြစ်ဖို့ဆိုတာလက်တွေ့မှာမလွယ်ကူပါဘူး။အဆုတ်မှာအနည်းငယ်ပျက်စီးသွားတယ်ဆိုရင်တောင်ခန္ဓာကိုယ်ကိုပြန်ပြီးပြုပြင်နိုင်ပါတယ်။အသက်ရူလမ်းကြောင်းဟာရန်သူအတွက်ထင်သလောက်တော့မလွယ်ကူတဲ့အပြင်၊ရေရှည်မှာ (Antibody)တွေတောင်ရသွားနိုင်ပါတယ်။
–
ရန်သူဟာအတွင်းစည်းကိုတစ်ခြားလမ်းကြောင်းကနေထိုးဖေါက်ဝင်ရောက်နိုင်မှသာလျှင်အောင်မြင်မှု့ရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့စစ်ဗျူဟာကိုနှစ်ဖက်ဖွင့်ပြီး၊အခြားတစ်ဖက်ကနေပါညှပ်ပြီးဝင်ရောက်စီးနင်းဖို့ကြိုးစားရပါတော့တယ်။
–
ဒီနေရာမှာအဆုတ်ဟာရောဂါမကူးစက်နိုင်ဘူးလို့ကျွန်တော်ဆိုလိုနေတာမဟုတ်ပါဘူး။အဆုတ်ထဲကိုဝင်လာတဲ့ရောဂါပိုးဟာအင်အားနည်းနေရင်၊တစ်နည်းအားဖြင့်(Viral Load)နည်းနေရင်အဆုတ်အတွင်းမှာစနစ်တကျရှိနေတဲ့(mucous membrane)တွေနဲ့၊ခုခံမှု့စနစ်ဆဲလ်တွေကိုကျော်ဖြတ်ဖို့မလွယ်ဘူးလို့ဆိုလိုတာပါ။
–
ဝင်လာတဲ့ရောဂါပိုးဟာလည်ချောင်းမှာအလွယ်တကူပွားများနိုင်ပြီးအင်အားအလွန်များလာမယ်၊အဆပေါင်းများစွာ(Viral Load)တက်လာမယ်ဆိုရင်၊အသက်ရူသွင်းတိုင်း၊အင်အားအမြောက်အများနဲ့အသက်ရူလမ်းကြောင်းကိုအကြိမ်ကြိမ်အဆက်မပြတ်ဝင်ရောက်တိုက်ခိုက်နေမယ်ဆိုရင်တော့၊ရန်သူဟာအောင်မြင်သွားနိုင်ပါတယ်။ဒီလိုမအောင်မြင်အောင်ကိုယ်ကဘယ်လိုကာကွယ်ရမယ်ဆိုတာတွေနောက်အပိုင်းတွေမှာအသေးစိတ်သင်ပေးမှာပါ။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
Reference:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651
—————————————————–
အပိုင်း(၁၀)။( July 21, 2022)
အစာအိမ်နှင့်အူလမ်းကြောင်းကနေဝင်ပြီးအူသိမ်၊အူမတွေကိုပစ်မှတ်ထားတိုက်ခိုက်ရင်၊အားနည်းချက်၊အားသာချက်တွေကဘာတွေဖြစ်မလဲ?။
–
အသက်ရူလမ်းကြောင်းဟာရန်သူထိုးဖောက်ဝင်ရောက်ဖို့အတွက်ထင်သလောက်မလွယ်ကူဘူးဆိုတော့၊အခုတစ်ဖန်အစာအိမ်နဲ့အူလမ်းကြောင်းဖက်ကိုလေ့လာကြည့်ကြရအောင်။
–
အစာအိမ်အတွင်းမှာခုခံမှု့ဆဲလ်တွေမရှိသလို၊အဆုတ်လိုမျိုးရောဂါပိုးတွေ၊ဖုန်မှုန့်တွေကိုကော်စေးလို(mucous membrane)တွေနဲ့ဆွဲကပ်၊ဖမ်းချုပ်ထားပြီးလေအားပြင်းပြင်းနဲ့မှုတ်ထုတ်ပြစ်နိုင်တဲ့ချောင်းဆိုးခြင်း၊နှာချေခြင်းဆိုတဲ့ရောဂါကာကွယ်မှု့စနစ်မျိုးလဲမရှိပါဘူး။
–
သို့သော်အစာအိမ်ဖက်ကိုသွားမယ်ဆိုရင်တော့ကမ္ဘာဦးကတည်းကအစပြုလို့လူသားတွေရဲ့အစာအိမ်ထဲမှာရောဂါပိုးအမျိုးမျိုးကိုကာကွယ်နိုင်အောင်၊မိခင်သဘာဝတရားကြီးကပေးထားတဲ့ပြင်းထန်တဲ့အက်ဆစ်ဓါတ်တွေကိုတော့ရင်ဆိုင်ရပါလိမ့်မယ်။ဒီခေတ်ဆရာဝန်တွေပေးနေတဲ့အစာအိမ်အက်ဆစ်တွေကိုပျက်ပြယ်စေတဲ့(Anti-acid)ဆေးတွေသောက်နေတဲ့လူတွေတော့မပါဘူးပေါ့ဗျာ။အဲဒီလူတွေကတော့ဆေးကုမ္မဏီတွေရဲ့ဂျင်းမိထားတဲ့သူတွေဆိုတော့၊မိခင်သဘာဝကပေးတဲ့အကာအကွယ်တွေမရရှာပါဘူး။
–
ကမ္ဘာဦးကာလ၊မီးကိုရှာဖွေမတွေ့ရှိခင်အချိန်တုံးကလူသားတွေရဲ့အစာအိမ်ဟာအက်ဆစ်ဓါတ်အလွန်ပြင်းပါတယ်။ဘယ်လောက်တောင်ပြင်းသလဲဆိုရင်ကျားတွေ၊ခြင်္သေ့တွေလိုအသားစိမ်းတွေစားရင်တောင်ကောင်းကောင်းအစာကြေနိုင်ပါတယ်။စားသောက်ရင်းမတော်တဆတော်ရုံတန်ရုံငါးရိုး၊ကြက်ရိုးမျိုချမိရင်လဲအဲဒီအရိုးတွေကြေနိုင်ပါတယ်။ဒီ(Virus)လောက်တော့မမှု့ပါဘူး။အဲဒါကအရင်တုံးကပါ၊အခုမဟုတ်တော့ပါဘူး။
–
အခုခေတ်လူတွေဟာအသားစိမ်းတွေကိုစား၊အရိုးသေးလေးတွေကိုမျိုချဖို့မပြောပါနှင့်၊ထမင်းပျော့ပျော့လေးနဲ့၊ဟင်းသီးဟင်းရွက်နုနုကလေးတွေအစိမ်းစားမိရင်တောင်အစာမကြေပဲလေထနေတဲ့လူတွေအများကြီးရှိနေပါတယ်။အခုခေတ်လူတွေစားနေကြတဲ့အစားအသောက်နဲ့ဆေးဝါးတွေတော်တော်များများမှာအစာအိမ်ရဲ့အက်ဆစ်ထုတ်လုပ်မှု့စနစ်ကိုဖျက်ဆီးပြစ်နိုင်တဲ့ဓါတ်ပေါင်းတွေအများကြီးပါဝင်နေပါတယ်။ဒါကြောင့်အခုခေတ်လူအများစုဟာအစာအိမ်အက်ဆစ်ဓါတ်မကောင်းတော့ပါဘူး။ဒါလဲသဘာဝတရားကိုမယုံကြည်ပဲပြစ်ပါယ်ထားလို့ဖြစ်ရတဲ့ဆိုးကျိုးတစ်ခုပါပဲ။
—
ဥပမာပြောရရင်၊အစာစားပြီးလို့လေချဉ်တက်တဲ့လူတွေကို၊ဆရာဝန်ကအက်ဆစ်ဓါတ်များလို့ဆိုပြီးအက်ဆစ်ပျက်ပျယ်စေတဲ့ဆေးတွေပေးပါတယ်။ကြာတော့အဲဒီအစာအိမ်ဟာအက်ဆစ်ကောင်းကောင်းမထုတ်နိုင်တော့ပါဘူး။အစာမကြေလေချဉ်တက်တယ်ဆိုတာ၊လိုအပ်တဲ့အက်ဆစ်ဓါတ်(pH)တန်ဖိုးမပြည့်လို့၊အစာအိမ်နဲ့လည်ချောင်းပြွန်ကြားမှာရှိတဲ့(pH)တန်ဖိုးနဲ့ဆက်နွယ်ပြီးအလုပ်လုပ်ရတဲ့(pH sensitive bar)မပိတ်နိုင်လို့ဖြစ်ရတာပါ။အစာအိမ်ရဲ့အပေါ်နဲ့အောက်မှာရှိတဲ့(bar)တွေအားလုံးဟာ(pH)တန်ဖိုးအပြောင်းအလဲကိုမူတည်ပြီးအပိတ်အဖွင့်လုပ်ကြရတာတွေပါ။
—
အက်ဆစ်ဓါတ်ပျက်ပြယ်စေတဲ့ဆေးတွေကိုသောက်မိသူတိုင်းဟာရေတိုမှာလေအောင့်သက်သာသလိုလိုရှိပေမယ့်၊ရေရှည်မှာတော့ကြီးမားတဲ့ဆိုးကျိုးတွေခံစားရပါလိမ့်မယ်။ရောဂါပိုးအမျိုးမျိုးကိုမခုခံနိုင်ရုံတင်ဘယ်ကမှာလဲ၊အဟာရချို့တဲ့မှု့နဲ့နာတာရှည်ရောဂါအမျိုးမျိုးရဲ့မြစ်ဖျားခံဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းတရားဟာအစာအိမ်အက်ဆစ်ဓါတ်မလုံလောက်လို့ပါပဲ။
–
အစာထဲမှာပါလာတဲ့(Protein)တွေကို(Amino Acids)တွေအဖြစ်ကောင်းကောင်းမခြေဖျက်နိုင်ဘူးဆိုရင်ပြဿနာတက်တော့တာပါပဲ။(Autoimmune)ရောဂါတွေရဲ့မူလအရင်းအမြစ်တွေထဲကအရေးအကြီးဆုံးတစ်ခုဟာလဲအစာအိမ်အက်ဆစ်ဓါတ်လျှော့နည်းသွားလို့ပါပဲ။ အသက်အရွယ်ကြီးလာရင်လဲအစာအိမ်အက်ဆစ်ထုတ်လုပ်ပေးနိုင်မှု့ကျဆင်းလာတတ်ပါတယ်။
–
(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဘယ်လိုဆက်သွယ်ပါတ်သက်နေပါသလဲဆိုတဲ့သုတေသနတစ်ခုကိုကျွန်တော်တင်ပြပါရစေ။အသေးစိတ်သိချင်ရင်အောက်က(Link)မှာသွားဖတ်ကြည့်ပါ။
—
Reference: https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651
—
အထက်ပါသုတေသနကိုအကျဉ်းချုပ်ပြောရရင်၊သာမာန်အားဖြင့်လူ့အစာအိမ်ဟာ(pH)တန်ဖိုး(1.5)နဲ့(3.5)အကြားမှာပဲရှိတတ်ပါတယ်။(pH)တန်ဖိုးနည်းလေအက်ဆစ်ဓါတ်ပြင်းလေ၊(pH)တန်ဖိုးများလေအက်ဆစ်ဓါတ်ပျော့လေပါပဲ။(SARS-CoV virus)အမျိုးမျိုးတွေဟာအခွံ့ပါး(RNA Protein) တွေဖြစ်နေလို့အက်ဆစ်ဓါတ်နဲ့ထိတွေ့ရင်ပျက်စီးပါတယ်။တိတိကျကျပြောရရင်(pH < 3.0)အောက်လောက်မှာဒီပိုးတွေသေပါတယ်။
—
များသောအားဖြင့်(COVID)ရောဂါသယ်တွေဟာအစာအိမ်နဲ့အူလမ်းကြောင်းကိုလဲထိခိုက်ပျက်စီးစေတဲ့လက္ခဏာတွေတွေ့ရတတ်ပါတယ်။တစ်ကယ်လို့(COVID)ရောဂါသယ်တွေမှာအစာအိမ်နဲ့အူလမ်းကြောင်းကိုတိုက်ခိုက်ခံရလို့ဗိုက်နာတာတွေ၊ဝမ်းလျှောတာတွေဖြစ်လာပြီဆိုရင်ပိုပြီးတော့အန္တရာယ်များပါတယ်။ဒါဟာအစာအိမ်နဲ့အူလမ်းကြောင်းကိုအဓိကထားပြီးပိုးတွေဝင်ရောက်လာနေပြီဆိုတဲ့လက္ခဏာပါပဲ။အတွင်းစည်းပေါက်သွားပါပြီ။ဒီအခြေအနေဟာရောဂါပိုပြင်းထန်တတ်ပြီး၊ဆေးကုရတာပိုပြီးခက်ခဲပါတယ်။
–
အစာအိမ်မှာ(pH)တန်ဖိုးအမြဲတန်း(3.0)အောက်မှာပဲရှိနေမယ်ဆိုရင်၊ဒီပိုးတွေဟာအစာအိမ်နဲ့အူလမ်းကြောင်းကနေသွေးထဲကိုဝင်ရောက်လာနိုင်စရာအကြောင်းလုံးဝမရှိပါဘူး။လက်တွေ့မှာတော့(Virus)ပိုးတွေဟာအဆုတ်လမ်းကြောင်းတစ်ခုတည်းတင်မကပဲ၊အစာအိမ်နှင့်အူလမ်းကြောင်းကိုပါအဓိကထားပြီးဝင်ရောက်တိုက်ခိုက်ခြင်းကိုခံနေကြရပါတယ်။
—
(antacids)သို့(proton pump inhibitor)သုံးစွဲတဲ့လူတွေဟာအစာအိမ်အက်ဆစ်ဓါတ်ဟာ၊အစာမစားရသေးတဲ့အချိန်မှာ(pH=2.0)လောက်ရှိနေရာကနေ(PPI)ကြောင့် (pH=6.0)အထိကိုရောက်သွားတတ်ကြပါတယ်။(pH)တန်ဖိုးဆိုတာ(linear)တန်ဖိုးမဟုတ်ပဲ(Logarithm)တန်ဖိုးဖြစ်နေလို့(pH=2.0)နဲ့((pH=6.0)တို့ရဲ့အက်ဆစ်ဓါတ်ပြင်းအားဟာအဆ(10000)တစ်သောင်းလောက်လျှော့နည်းသွားပါတယ်။အထက်ပါသုတေသနကပြောတဲ့(PPI)ကြောင့်(pH=2.0)ကနေ(pH=6.0)ကိုတက်လာတယ်ဆိုတဲ့သဘောဟာ၊အက်ဆစ်ဓါတ်အဆတစ်သောင်းပုံမှာတစ်ပုံပဲကျန်တော့တယ်လို့ဆိုလိုချင်တာပါ။
—
သာမာန်လူတစ်ယောက်ဟာအစာမရှိတဲ့အချိန်မှာအက်ဆစ်ဓါတ်(pH=3.0)အောက်မှာပဲအမြဲရှိတတ်ပြီး။အစာစားထားတဲ့အချိန်မှာတော့(3.0)အပေါ်ကိုနာရီအနည်းငယ်ကြာအောင်ရောက်နေတတ်ပါတယ်။အစာအိမ်ထဲမှာအစာတွေကုန်သွားတော့မှ(3.0)အောက်ကိုပြန်ကျတတ်ပါတယ်။
—
တစ်ကယ်လို့သာလူတိုင်းဟာအစာအိမ်ရဲ့(pH)ကိုအမြဲတန်း(3.0)အောက်မှပဲထိန်းသိမ်းထားနိုင်မယ်ဆိုရင်(Corona Virus)ပိုးအပြင်၊အခြားသောဘယ်ရောဂါပိုးမျိုးမှမိမိအစာအိမ်နဲ့အူလမ်းကြောင်းကနေအစပြုပြီးဝင်ရောက်ဒုက္ခပေးနိုင်စရာအကြောင်းမရှိတော့ပါဘူး။
–
ဒါပေမယ့်ဒီပိုးဟာသိပ်ပြီးဉာဏ်များလွန်းပါတယ်။အစာအိမ်ကအက်ဆစ်ဓါတ်ကိုကျော်ဖြတ်ပြီး၊အူသိမ်တွေထဲကိုအင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ဖို့နည်းဗျူဟာတွေသူ့မှာရှိနေပါတယ်။အဲဒီနည်းဗျူဟာတွေကိုကိုယ်ကသေချာနားလည်ထားဖို့လိုပါတယ်။နောက်အပိုင်းမှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့(Virus)ပိုးရဲ့အစာအိမ်အက်ဆစ်ဓါတ်ကိုကျော်ဖြတ်သွားပုံနည်းဗျူဟာတွေကိုထပ်သင်ပေးပါဦးမယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7374651
———————————————————–
2 thoughts on “ဘယ်တော့မှ(Covid)နဲမသေနိုင်တဲ့၊တစ်သက်စာ(Covid)နိုင်နည်း။အပိုင်း(၈)။အပိုင်း(၉)။အပိုင်း(၁၀)။”
Comments are closed.
အခန်းဆက် ဝတ္တုရှည်/ဇာတ်လမ်းတွဲတွေကိုမဖတ်မကြည့်ခဲ့သမျှ ဆရာ့ Post နဲ့တွေ့တော့မှပဲ …
စိတ်ရှည်စွာစောင့်ဖတ်နေမိပါတော့တယ်၊ကျေးဇူး
တင်ပါတယ်ဆရာ။
ကျေးဇူးပါဆရာ
အလွန်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ဆရာရဲ့ သေသေချာချာ လူပိန်းနားလည်အောင်ရေးသားရှင်းပြမှူက စေတနာနဲ့ စိတ်ဓာတ်ကိုလေးစားပါတယ်။ ကျနော်တို့ကအသက် (64/) နဲ့ (68နှစ်)က (2012)မှာ သွေးကြိတ်ကင်ဆာနဲ့ ကီမိုဆေးသွင်ကုသထားသူပါ။(2020)ထိတော့ သွေးအထူးကုနဲ့(၃)သို့(၆)လတခါပြခဲ့ပါတယ်။အခုတော့ ဝင်ငွေနဲ့ချိန်ပြီးဆရာတို့ဆီက ဗဟုသုတတွေနဲ့ ကိုယ်တတ်နိုင်သလောက်ဝယ်သောက်နေပါပြီ။