အပိုင်း(၁)။ ( July 16, 2022)
ကိုဗစ်ဟာသဘာဝကလာတဲ့(Virus)ဟုတ်လို့လား?။လွယ်လွယ်လေးနဲ့အလိုလိုပျောက်သွားမှာလား?။မကြာခဏတစ် လှိုင်း ပြီးတစ် လှိုင်း အကြိမ်ကြိမ်ပြန်ဖြစ်နေဦးမှာလား?။
–
အမှန်အတိုင်းပြောရရင်တော့(Covid)ပိုးဟာသဘာဝမဟုတ်ပါဘူး။(Gain of Function Research)အတိုင်းလူလုပ်ထားတဲ့သဘောပါပဲ။(Gain of Function Research)ဆိုတာ၊နဂိုကသဘာဝအတိုင်းတိရိစ္ဆာန်တွေမှာပဲရှိနေပြီး၊လူတွေကိုမတွယ်ကပ်ဒုက္ခမပေးနိုင်တဲ့ဒီ(Virus)ပိုးကို၊လူတွေကိုကူးစက်၊ဒုက္ခပေးလာနိုင်အောင်မျိုးရိုးဗီဇပြောင်းလဲပေးလိုက်တဲ့လုပ်ငန်းကိုခေါ်တာပါပဲ။
–
(Gain of Function Research)လုပ်ငန်းကိုတရုတ်ပြည်ဝူဟန်မှာလုပ်ခဲ့တယ်ဆိုပေမယ့်၊တရုတ်တစ်နိုင်ငံတည်းလုပ်တာတော့မဟုတ်ပါဘူး။တရုတ်ကိုဒီ(Research)ခေါင်းစဉ်အောက်မှာငွေထုတ်ပေးပြီးလုပ်ခိုင်းတဲ့နိုင်ငံကြီးတစ်နိုင်ငံလဲပါဝင်နေပါတယ်။ဒီ(Post)ကိုရေးနေရတာကလဲ၊ဘယ်သူဘယ်ဝါလုပ်တယ်ဆိုပြီးတော့လက်ညိုးထိုးအပြစ်ပြောဖို့မဟုတ်ပါ။ပြောလဲမပြောရဲပါ။
–
အဓိကပြောချင်တာက၊ဒီကိုဗစ်ဟာသဘာဝအတိုင်းရောက်လာတဲ့(Virus)မျိုးမဟုတ်ဘူး။လူတွေလုပ်ထားတာဖြစ်နေလို့လွယ်လွယ်ကူူကူနဲ့သဘာဝအတိုင်းပြန်ပျောက်သွားမှာ၊ပြီးဆုံးသွားမှာမဟုတ်ဘူး။နောက်ထပ်မကြာခဏ၊တစ်လှိုင်းပြီးတစ်လှိုင်းဝင်လာနေဦးမှာပဲဆိုတာကိုတော့လူတွေသေချာနားလည်စေချင်လို့ရေးနေရခြင်းဖြစ်ပါတယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။ ။
Kelvin Albert Power
Reference: https://www.ncbi.nlm.nih.gov/pmc/articles/PMC4996883/
————————————————————————————–
အပိုင်း(၂)။ ( July 16, 2022)
ဒီပိုးအကြောင်းကိုသေချာ(ဃဂဏန)သိအောင်မလေ့လာရင်(သို့)ကိုယ့်နည်းကိုယ့်ဟန်နဲ့ပိုးသတ်နိုင်တဲ့နည်းလမ်းကိုရှာမထားရင်၊ကိုယ်နဲ့ကိုယ့်မိသားစုအတွက်အသက်အာမခံချက်ဆိုတာရှိနိုင်ပါ့မလား?။
–
(Covid)ရဲ့ရာဇဝင်ကိုပြန်ကြည့်လိုက်ကြပါ။ပထမလှိုင်းမှာလူအချို့ကိုခေါ်သွားတယ်။ပထမလှိုင်း မှာပပါမသွားဘူးဆိုရင်ဒုတိယတစ်ခေါက်မှာလာပြန်ခေါ်တယ်။ဒုတိယလှိုင်း မှာပါမသွားပြန်ဘူးဆိုရင်လဲတတိယတစ်ခေါက်လာပြန်ခေါ်တယ်။တတိယရထားမမှီသူတွေအတွက်ကလဲစတုတ္တရထားဆိုက်လာပြန်တယ်။ဒီလိုပဲသေမင်းတမန်ရထားတွေကတစ်စင်းပြီးတစ်စင်းမဆုံးတန်းဆိုက်နေဦးမှာပါပဲ။
–
ပထမလှိုင်းမှာလွတ်သွားတဲ့လူကငါမသေတော့ဘူးဆိုပြီးပျော်နေရှာမှာပေါ့။ဒါပေမယ့်ဒုတိယရထားဟာသူစီးရမယ့်ရထားဆိုတာကြိုမသိခဲ့ရှာဘူး။ဒုတိယရထားလွတ်သွားတဲ့လူတွေကလဲငါမသေနိုင်တော့ဘူးဆိုပြီးပျော်နေပြန်တယ်။ဒါပေမယ့်တတိယရထားကသူ့ရထားဖြစ်သွားပြန်တယ်။
–
ဒီလိုတာ(Version)တစ်မျိုးပြီးတစ်မျိုးပြောင်းပြီး၊တစ်လှိုင်းပြီးတစ်လှိုင်း၊တစ်သက်လုံးမနားတန်းဝင်လာနေမယ်ဆိုရင်၊ကိုယ့်အသက်ကဘယ်လိုလုပ်အာမခံချက်ရှိနိုင်တော့မှာလဲ။တစ်လှိုင်းမဟုတ်၊တစ်လှိုင်းမှာကိုယ်ပါသွားနိုင်တာပါပဲမဟုတ်ဘူးလား။
–
ချိန်းခြောက်နေတာမဟုတ်ပါဘူး။ဒါဟာလက်တွေ့ကြုံနေရတဲ့တစ်ကယ့်အမှန်တရားပါပဲ။(Covid)ကာလမှာလူ့ဘဝတွေဆိုတာရေဗွက်ပမာ၊နေ့မြင်၊ညပျောက်ပါပဲ။မျှော်လင့်မထားပဲလူတွေတဖြုတ်ဖြုတ်သေသွားကြတာလူတိုင်းကိုယ်တွေ့ပါပဲ။အရင်ရထားတွေနဲ့ပါသွားခဲရတဲ့လူတွေခမျာမှာလဲ၊သူတို့သေမယ်လို့ကြိုတင်ပြီးမသိခဲ့ရှာပါဘူး။ဒါဆိုရင်၊ကိုယ်လဲနောက်လာမယ့်ဘယ်ရထားဟာကိုယ့်ရထားဖြစ်မယ်ဆိုတာကြိုသိနိုင်ပါ့မလား။
–
ကိုဗစ်လှိုင်းပေါင်း(၁၀)လှိုင်းတောင်လွတ်သွားလို့လဲဝမ်းမသာနိုင်တဲ့ဘဝပါ။ဘာကြောင့်လဲဆိုတော့(၁၁)လှိုင်း မြောက်ဟာကိုယ်စီးရမယ့်ရထားဖြစ်နေနိုင်တာပါပဲ။ဖြစ်ချင်ရာဖြစ်(ကံ)ပဲကွာလို့လွတ်ထားပြန်ရင်ကောဘဝဟာလူဖြစ်ရတာဘာထူးမှာလဲ။အသက်ကိုကံစောင့်တာမှမဟုတ်တာ။အသက်ကိုဉာဏ်စောင့်တာပါ။
–
ကျွန်တော်တို့ဒီအဖြစ်ကိုဘာမှမတုန့်ပြန်ပဲ၊ကံကိုသာပုံချနေလို့မရပါဘူး။နည်းလမ်းကောင်းတစ်ခုတော့ရှာဖို့လိုအပ်နေပါပြီ။ဒီပိုးအကြောင်းကိုကိုယ်တိုင်သေချာသိအောင်မလေ့လာဘူးဆိုရင်၊ကိုယ့်နည်းကိုယ့်ဟန်နဲ့လဲပိုးမသတ်နိုင်ဘူးဆိုရင်၊ဒီတစ်သက်မှာကိုယ်ရော၊ကိုယ့်မိသားစုတွေအားလုံးပါဒီပိုးကြောင့်အသက်အာမခံချက်ဆိုတာမရှိနိုင်တော့ပါဘူး။တစ်နေ့မှာသူ့ရဲ့သားကောင်အဖြစ်နဲ့ကိုယ့်အလှည့်ရောက်လာပြီးလည်စဉ်းခံကြရတော့မယ့်သဘောမျိုးချိန်းခြောက်ခံနေရပါပြီ။
–
(Covid)ကိုဘယ်လိုကာကွယ်ရင်ဆိုင်ကြမယ်၊အကျိုးအကြောင်းညီညွတ်ပြီး၊ထိရောက်တဲ့ဘယ်လိုနည်းလမ်းတွေရှိတယ်ဆိုတာကိုရေးပေးချင်ပေမယ့်(Facebook)ကရေးခွင့်မပြုပဲ(Post)ဖြုတ်ချတာခံရနိုင်ပါတယ်။ဒီစာကိုကျွန်တော်တို့ကိုယ်ပိုင်(Website)ကနေရေးပေးနေရခြင်းကလဲဒီနည်းလမ်းတွေကိုလူတွေသိဖို့အတွက်အမြန်ဆုံးဖြန့်ဝေပေးဖို့လိုအပ်နေလို့ပါပဲ။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC8129964/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7405836/
———————————————————-
အပိုင်း(၃)။ ( July 17, 2022)
ဒီပိုးဟာ(Version)ပြောင်းပြီးတစ်ခါတစ်လေသေပျောက်နှုန်းနည်းတယ်။တစ်ခါတစ်လေသေပျောက်နှုန်းများတယ်။အမြဲ(Version)ပြောင်းနေတဲ့ပိုးကိုမှီအောင်ကာကွယ်ဆေးဘယ်လိုထုတ်မှာလဲ။
–
ဒီ(Covid)ပိုးဟာမရိုးတန်း(Version)အသစ်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းပြီး၊နေက်ထပ်အကြိမ်ပေါင်းများစွာဒုက္ခဆက်ပေးနေဦးမှာပါပဲ။တစ်ခါတစ်လေလဲသေပျောက်နှုန်းနည်းပြီးပျော့ပြောင်းတဲ့(Version) တွေရှိနိုင်သလို၊တစ်ခါတစ်လေမှာလဲသေပျောက်နှုန်းများပြီးပြင်းထန်တဲ့(Version) တွေကိုလဲကြုံတွေ့နိုင်တာပါပဲ။ဘယ်အခါပြင်းထန်မယ်၊ဘယ်အခါပျော့ပြောင်းမယ်ဆိုတာကတော့ဘယ်သူမှကြိုတင်သိနိုင်တဲ့အရာမဟုတ်ပါဘူး။
–
နှစ်လတစ်ခါလောက်မနားတမ်း၊မျိုးရိုးဗီဇပြောင်းလဲနေတဲ့ဒီကိုဗစ်ပိုးကို၊(Version)အသစ်တွေထွက်လာတိုင်းကာကွယ်ဆေးအသစ်တွေဘယ်လိုလုပ်ပြီးအမှီလိုက်ထုတ်နိုင်မှာလဲ။ကာကွယ်ဆေးထုတ်တယ်ဆိုတာနှစ်နဲ့ချီကြာပါတယ်။ပိုးအသစ်အတွက်ဆေးအသစ်ထပရလာတဲ့အချိန်မှာအဲဒီပိုးကမရှိတော့ပါဘူး။ပိုးနောက်တမျိုးအသစ်ပြောင်းသွားပါပြီ။
–
နှစ်လတစ်ခါလောက်ပြောင်းနေတဲ့ပိုးကိုနှစ်နဲ့ချီကြာတဲ့ကာကွယ်ဆေးကဘယ်လိုလုပ်ပြီးအမှီလိုက်နိုင်မှာလဲ။လေယျာဉ်ပျံကိုနွားလှည်းနဲ့လိုက်သလိုဖြစ်နေပြီ။ကြာလေဝေးလေပါပဲ။ကာကွယ်ဆေးကိုထိုင်အားကိုးနေလို့တော့လုံးဝမဖြစ်နိုင်ပါဘူး။အရေးအကြီးဆုံးကဘယ်လို(Version)မျိုးပဲလာလာ၊ဘယ်လောက်ပဲသေပျောက်နှုန်းများပါစေ၊ကိုယ်နဲ့ကိုယ့်မိသားစုကို(Covid)ရဲ့ဓါးစာခံဘဝကနေအမြဲတမ်းလွတ်မြောက်နေဖို့အတွက်မဟာဗျူဟာကျတဲ့ကိုယ်ပိုင်နည်းလမ်းလေးတစ်ခုတော့လိုအပ်နေပါပြီ။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC8540924/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8492600/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8941872/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8920968/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7843029/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8311925/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8054487/
——————————————————————————
အပိုင်း(၄)။ ( July 18, 2022)
ကိုယ့်ရဲ့(Immune System)တစ်ခုတည်းကိုအားကိုးပြီးမနိုင်ဝန်ထမ်းခိုင်းတော့မှာလား။ကိုယ်ကသူ့ကိုကူညီပြီးဝန်ကူမထမ်းပေးနိုင်ဘူးလား။(Immune System)မနိုင်တဲ့(ပိုးပမာဏ)ကိုကိုယ်ကကူညီပြီးဝိုင်းသတ်ပေးလို့မရနိုင်ဘူးလား?။
–
ဒါဟာသိပ်ကောင်းပြီးသိပ်သဘာဝကျတဲ့အချက်ပါ။ကျွန်တော်ဒီအချက်ကိုအရင်ကတည်းကသေချာစဉ်းစားမိခဲ့ပါတယ်။ဒါကြောင့်အချိန်တွေပေးပြီးဒီပိုးအကြောင်းကို(ဃဂဏန)သိအောင်လေ့လာခဲ့တာပါ။အဓိကလေ့လာတာက၊ဒီပိုးရဲ့သဘောသဘာဝနဲ့ဘယ်နေရာမှာအဓိကပြန့်ပွားနိုင်သလဲ၊ခန္ဓာကိုယ်ကိုဘယ်လိုပုံစံမျိုးနဲ့တိုက်ခိုက်နိုင်သလဲ၊သူဘာကိုကြောက်သလဲ၊သူ့ကိုဘာနဲ့သတ်လို့ရလဲ၊ဘယ်အချိန်မှာသတ်လို့ရသလဲ။ကိုယ့်ရဲ့(Immune System)ကိုဘယ်လိုဝင်ပြီးကူညီပေးလို့ရသလဲဆိုတဲ့နည်းလမ်းတွေကိုမနားမနေရှာဖွေခဲ့ရပါတယ်။
–
ဘယ်လိုရောဂါပိုးမျိုးဝင်လာပါစေကိုယ့်ရဲ့(Immune System)ကိုသာအားကိုးပါလို့ပြောရင်သီအိုရီအရကတော့သိပ်မှန်ပါတယ်။ဒါပေမယ့်ခက်တာက၊ကိုယ့်ရဲ့(Immune System)ကောင်းနေတယ်၊မကောင်းနေဘူးဆိုတာကိုဘယ်လိုလုပ်ပြီးတိတိကျကျသိနိုင်မှာလဲ။
–
(Immune System)ဟာအရေးမကြီးဘူးလို့ကျွန်တော်(လုံးဝ)မဆိုလိုပါဘူး။သိပ်ကိုအရေးကြီးပါတယ်။ဒါပေမယ့်နောက်ထွက်လာတဲ့ပိုးအသစ်တွေကိုကိုယ့်ရဲ့(Immune System)တစ်ခုတည်းကဘယ်လောက်အတိုင်းအတာအထိပဲအကာအကွယ်ပေးနိုင်မယ်၊ဘယ်လောက်အတိုင်းအတာအထိဆိုရင်တော့အကာအကွယ်မပေးနိုင်ဘူးဆိုတာဘယ်လိုလုပ်ပြီးတိတိကျကျကြိုသိနိုင်မှာလဲ။
–
ဒီလိုမရေရာ၊မသေချာတဲ့ကိစ္စမျိုးမှာအသက်နဲ့ရင်းပြီးလောင်းကြေးထပ်လို့မရပါဘူး။ဒီထက်ပိုပြီး၊ပြီးပြည့်စုံအောင်ကြိုတင်စီမံထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့(Immune System)ဟာဘယ်လောက်(Viral Load)ကိုခံနိုင်တယ်၊ဘယ်လောက်ကဆိုရင်တော့မနိုင်တော့ဘူးဆိုတာဘယ်သူမှတိတိကျကျကြိုမသိနိုင်ပါဘူး။(Immune System)တစ်ခုတည်းလွှတ်မထားပဲကိုယ်ကဝင်ပြီးအထောက်အကူပြုနိုင်တဲ့နည်းလမ်းကောင်းတွေရှာရပါလိမ့်မယ်။
–
ကိုယ်ရဲ့(Immune System)ကောင်းတယ်ပဲထားဦးတော့၊ဘယ်လောက်ကောင်းကောင်းသူသတ်နိုင်တဲ့ပိုးပမာဏ(Viral Load)ဆိုတာကအတိုင်းအတာတစ်ခုအထိပဲရှိပါတယ်။မနိုင်တဲ့ဝန်ထုတ်ဝန်ပိုးနဲ့တွေ့ရင်တော့မရပါဘူး။။ဥပမာပေးရရင်ဘယ်လောက်သန်မာတဲ့ဗလမောင်ကြီးဖြစ်နေပါစေ၊သူနိုင်တဲ့ဝိတ်တန်းကအကန့်အသန့်တစ်ခုအတွင်းမှာပဲရှိနေပါတယ်။ဆိုလိုတာကပေါင်တစ်ရာနိုင်တဲ့ဝိတ်သမားတစ်ယောက်ကိုတန်တစ်ရာရှိတဲ့ကျောက်တုံးနဲ့ဖိသတ်ရင်သေမှာပါပဲ။
–
ဒီရောဂါကူးစက်ခံရတဲ့အချိန်မှာကိုယ့်ခန္ဓာကိုယ်ထဲကိုတစ်ကြိမ်တည်းနဲ့(Viral Load)ဘယ်လောက်ဝင်လာမယ်။ဘယ်နေရာကနေဝင်လာမယ်။ကိုယ့်(Immune System)ဟာ(Viral Load)ဘယ်လောက်ပမာဏနဲ့ရင်ဆိုင်ရမယ်ဆိုတာဘာတစ်ခုမှတိတိကျကျကြိုမသိနိုင်ပါဘူး။ကံကောင်းလို့(Immune System)နိုင်တဲ့ဝန်နဲ့တွေ့ရင်တော့ကိုယ်မသေနိုင်ပါဘူး။ကံဆိုးလို့(Immune System)မနိုင်တဲ့ဝန်နဲ့တွေ့ရင်တော့၊ဒီတစ်ခေါက်ရထားဟာကိုယ့်ရထားဖြစ်သွားနိုင်ပါတယ်။
–
ဒါကြောင့်မိမိကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားပါ။ကိုယ့်မှာဉာဏ်ရှိပါတယ်။ကိုယ်မှာနည်းလမ်းလဲရှိပါတယ်။ကိုယ်ရဲ့(Immune System)ဆိုတာလေးကိုပဲဝန်တွေအားလုံးပုံပြီးထမ်းခိုင်းလို့မဖြစ်နိုင်ပါဘူး။ကိုယ်ကတစ်စိတ်တစ်ဒေသပါဝင်ပြီးဝန်ကူထမ်းပေးဖို့ကြိုးစားကြရတော့မယ်။
–
ဥပမာဆိုကြပါစို့၊ပိုးကောင်ရေတစ်သောင်းကိုယ့်ကိုယ်ထဲဝင်လာတယ်။(Immune System)ကဘယ်လောက်အထိသတ်နိုင်မယ်ဆိုတာသေချာမသိဘူး။ကိုယ်ကပိုးကောင်ရေ (၉)ထောင်ကိုအရင်သတ်ပေးလိုက်တယ်။ကိုယ်ရဲ့(Imune System)ကိုတော့ပိုးကောင်ရေတစ်ထောင်လောက်နဲ့ပဲထိတွေ့ခွင့်ပေးလိုက်တယ်ဆိုရင်၊ကိုယ့်ရဲ့အသက်ရှင်သန်ဖို့အခွင့်အရေးဟာ(၁၀)ဆတောင်တိုးမလာနိုင်ဘူးလား။ဒီအချက်ကိုအလေးအနက်စဉ်းစားကြစေချင်ပါတယ်။
–
ဒီနေရာမှာပြောချင်တာကကိုယ့်ရဲ့(Immune System)ကပိုးကောင်ရေတစ်သောင်းလုံးသူတစ်ယောက်တည်းမသတ်နိုင်ဘူးလို့မဆိုလိုပါဘူး။နိုင်ချင်နိုင်မယ်။မနိုင်ချင်မနိုင်ဘူးပေါ့။ဒီကိစ္စကဘယ်သူမှတိတိကျကျကြိုတင်ပြီးသိရှိနိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်၊ဝင်လာတဲ့ပိုးတွေကိုကိုယ့်ရဲ့(Immune System)နဲ့မတွေ့ခင်မှာ(Viral Load)လျှော့နည်းသွားအောင်လျှော့ချပြစ်လို့ရတဲ့နည်းလမ်းတွေကျွန်တော်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
–
(Immune System)နဲ့မတွေ့ခင်ပိုးရဲ့(90%)လောက်ကိုကိုယ်ကဝင်ပြီးကူသတ်ပေးနိုင်မယ်ဆိုရင်တော့နည်းတဲ့အကျိုးအမြတ်မဟုတ်ပါဘူး။ဒီလိုပိုးကူသတ်ပေးနိုင်တဲ့သဘာဝနည်းလမ်းဟာလွယ်ကူပြီး၊ဘာမှဘေးထွက်ဆိုးကျိုးမရှိပါဘူး။
–
ဒီနည်းလမ်းကိုအသုံးပြုဖို့ပထမဆုံးပိုးရဲ့သဘောသဘာဝကိုသေချာနားလည်ထားရပါမယ်။အနည်းငယ်တော့သတိ၊ဝိရိယတွေစိုက်ထုတ်ပေးရပါမယ်။အဓိကပြောချင်တာကတော့ဒီနည်းလမ်းကိုယုံယုံကြည်ကြည်နဲ့တန်ဖိုးထားပြီးတစ်ကယ်လိုက်နာကျင့်သုံးကြဖို့တော့အထူးလိုအပ်ပါတယ်။
–
အားလုံးကျန်းမာ၍၊ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။
Kelvin Albert Power
References:
https://www.ncbi.nlm.nih.gov/pmc/articles/PMC7885626/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8755404/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7803150/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7805468/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8841511/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8427766/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8749477/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8926507/
https://www.ncbi.nlm.nih.gov/pmc/articles/PMC8291003/
—————————————–
နောက်လာမည့်အပိုင်းများကိုစောင့်မျှော်နေပါတယ်ဆရာ
ကျေးဇူးကြီးလှပါတယ် ဆရာ။ ၂၀၂၀ နှစ်ဆန်း
ကတည်းက ဆရာ့ ပို့စ်တွေကိုဖတ်ရှုလေ့လာခဲ့တဲ့
အကျိုးက ဒီနေ့ထိကိုဗစ်ကာကွယ်ဆေးမထိုးပဲ
အသက်ရှင်နေထိုင်နိုင်ခြင်းပါ၊နီးစပ်သူတိုင်းကို
ဆရာသောက်ခိုင်းတဲ့ဆေးနည်းနဲ့ဗဟုသုတတွေ
ဝေမျှခဲ့ပေမဲ့ယုံသူရှိသလိုမယုံသူလည်းရှိပါတယ်
ဆရာပြောသလိုကိုယ်ဖြစ်ကိုယ်ခံပါပဲ၊ကိုယ်တွေ့ပြောရရင်ကိုဗစ်ကြောင့်မဟုတ်ပဲချောင်းဆိုးရင်ကြပ်ဖြစ်နေတဲ့ကျနော် Vit C&D3 သောက်ပေး
တဲ့အခါမှာရင်ကြပ်ချောင်းဆိုး၉၀%လောက်သက်
သာသွားတာပါပဲ၊ကိုဗစ်ဒုတိယလှိုင်းခံထားရသူနဲ့အနီးကပ်နေရပေမဲ့ကျနော်ဘာမှမဖြစ်ခဲ့ပါဘူး၊Vit
C-500 mg , Vit D3-5000 IU နေ့စဉ်သောက်ခဲ့
တဲ့အကျိုးပါ၊ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
သိပ်ကောင်းပါတယ်။ဆက်ပါဗျာ။အားပေးနေပါတယ်။ကျတော် ကတော့ ခန္ဓာကိုယ် ကို inflammation နည်းနိုင်သမျှနည်းအောင် နေထိုင်စားသောက်ပါတယ်ဗျား။ဒီလိုနေထိုင်စားသောက်တတ်လာအောင်လမ်းညွှန်မှုအများဆုံးရရှိခဲ့တာက ဆရာ့ဆောင်းပါးတွေကြောင့်ပါ။
အားပေးလျှက်
ဆန်းညွန့်ဦး
ကျေးဇူးတင်ပါတယ်
မေတ္တာ ရှေ့ထား ပညာပေးနေမှု
လေးစားပါတယ်
အခုလို ဂဃဏန စူးစမ်းလေ့လာပြီး၊တွေ့ရှိချက်တွေကို၊ စေတနာပါပါဖြင့်၊ ရေးပြအသိပေးမှုများကို၊ ဝမ်းသာစွာကြိုဆိုပါတယ်။ ဆရာ့လိုလူမျိုး များများရှိလေ၊ အကောင်းဆုံးအကျိုးရှိလေပါပဲ။