Source from Kelvin A. Power’s Facebook on December 26, 2020
မြန်မာလူမျိုးအများစုရဲ့အဆိုးဆုံးအကျင့်စရိုက်တစ်ခုကတော့စာဖတ်ပျင်းကြတာပါပဲ။အထူးသဖြင့်ကျန်းမာရေးပညာပေးတွေနဲ့ပါတ်သက်တဲ့စာတွေ၊အနှစ်သာရတွေပါပြီးနည်းနည်းလေးရှည်ပြီဆိုရင်မဖတ်ချင်ကြတော့ဘူး။စာရဲ့တန်ဖိုးဆိုတာရှည်တာ၊တိုတာနဲ့မဆိုင်ဘူးဗျ။အနှစ်သာရဘယ်လောက်ပါသလဲဆိုတာကပိုပြီးတော့အရေးကြီးပါတယ်။
—
စာတိုတိုနဲ့အနှစ်သာရများများပါအောင်တော့ရေးချင်တာပေါ့ဗျာ။ဒါပေမယ့်ခက်ခဲနက်နဲတဲ့ဆေးပညာနဲ့(Biochemistry)တွေကိုစာလေးနှစ်ကြောင်း၊သုံးကြောင်းလောက်နဲ့နားလည်အောင်ဘယ်လိုမှရေးလို့မရဘူးဗျ။တစ်ခါတစ်လေကြတော့လဲတစ်ခေါက်တည်းနဲ့နားမလည်နိုင်ပဲအခေါက်ခေါက်ပြန်ပြန်ပြီးဖတ်သင့်ရင်ဖတ်ရပါတယ်။တစ်ခေါက်ဖတ်ပြီးနားမလည်လို့ပြစ်ထားလိုက်တဲ့လူဟာဘယ်တော့မှဉာဏ်ပညာတိုးတက်မလာတော့ဘူး။ဗမာတွေအတွက်ဗမာလိုရေးထားတာ၊နားမလည်၊လည်အောင်အကြိမ်ကြိမ်ကြိုးစားဖတ်ရတာလဲမခဲယှဉ်းလှပါဘူး။
—
လူရယ်လို့ဖြစ်လာပြီဆိုရင်တိရိစ္ဆာန်နဲ့မတူတော့ပါဘူး၊နိုင်းယှဉ်လို့မရလောက်အောင်ကိုသာသွားပါပြီ။ဘာတွေသာသွားတာလဲဆိုတော့လူတွေဟာကိုယ့်ထက်အဆမတန်အင်အားကြီးမားတဲ့ကျွဲ၊နွား၊ဆင်၊မြင်းတွေကိုနှာဖါးကျိုးထိုး၊ချွန်းအုပ်ပြီးကျွန်တွေလိုခိုင်းစေနေကြတာ၊ဘာကြောင့်ခိုင်းလို့ရတာလဲ။ဉာဏ်ပညာသာလို့ခိုင်းလို့ရတာပေါ့။ဉာဏ်မရှိဘူးဆိုရင်လူနဲ့တိရိစ္ဆာန်ဘာမှမကွာတော့ဘူး။လူကတောင်အင်အားနည်းနေသေးတယ်။
—
တိရိစ္ဆာန်ကိုလူကခိုင်းစားတယ်ဆိုတာဉာဏ်ပညာရှိသူကဉာဏ်ပညာမဲ့သူတွေကိုခိုင်းစားတာပဲလို့ဆိုရင်လုံးဝမမှားပါဘူး။ဒီအတိုင်းဆိုရင်၊လောကမှာဉာဏ်ပညာရှိသူတွေကသာသခင်နေရာရကြပြီး၊ဉာဏ်ပညာမဲ့သူတွေကတော့အမြဲတန်းကျွန်ခံနေကြရတာမဟုတ်ဘူးလား။
—
ဉာဏ်ပညာဗဟုသုတဆိုတာကလဲမွေးကတည်းကပါလာတဲ့အရာတော့မဟုတ်ဘူးဗျ။လူတိုင်းဟာဒီလိုပဲတစ်သက်လုံးလေ့လာသင်ယူခဲ့ရတာမဟုတ်ဘူးလား။ဒီလိုလေ့လာသင်ယူဖို့ဆိုတာ၊စာဖတ်ပျင်းတဲ့လူတွေအတွက်ဖြစ်နိုင်ပါ့မလား?။လောကမှာဉာဏ်ပညာရှိသူတွေကသာသခင်ဖြစ်ပြီး၊ဉာဏ်ပညာမဲ့တဲ့လူတွေကကျွန်ဖြစ်ရတယ်ဆိုတော့၊ရေရှည်မှာစာဖတ်တဲ့လူကသူများကိုဦးဆောင်ရတဲ့သခင်နေရာကိုရမယ်။စာမဖတ်တဲ့သူကတော့သူများခိုင်းစေတာကိုခံရမယ့်ကျွန်နေရာကိုရောက်ရမယ်ဆိုတာဟာအကျိုးအကြောင်းညီညွတ်နေလို့အလွန်သဘာဝကြပါတယ်။
—
ကိုယ်ကကျွန်ဘဝမှာပျော်တယ်။ကျွန်ဘဝကိုနှစ်သက်တယ်။ကျွန်ခံရတာကိုကောင်းတယ်လို့ထင်နေတယ်ဆိုရင်တော့စာမဖတ်ကြနဲ့ပေါ့ဗျာ။သူများရဲ့အရှင်သခင်ဖြစ်ချင်ရင်တော့စာဖတ်မှရနိုင်ပါတယ်။စာရှည်ပြီးအနှစ်သာရပါလေလေပိုပြီးအကျိုးရှိလေပဲမဟုတ်ဘူးလား။အဲဒီလိုအနှစ်သာရပါတဲ့စာတွေကိုမှသခင်စာလို့ခေါ်တာ။
—
အနှစ်သာရမပါတဲ့(ဟာသတွေ၊ကပျက်ကချော်ရေးထားတာတွေ၊သူများကိုပုတ်ခတ်စော်ကားတာတွေ၊ဆဲရေးတိုင်းထွာတာတွေကို)အစရှိတဲ့စာတိုလေးတွေကိုပဲရွေးဖတ်နေတဲ့လူတွေကိုတော့စာဖတ်တယ်လို့မခေါ်ဘူးဗျ။အဲဒါတွေကကျွန်စာတွေ၊သူများကျွန်ဖြစ်မယ့်စာတွေ။
—
ကျွန်တော်မြန်မာပြည်အလည်ပြန်တုံးကမိဘမဲ့၊တစ်ကောင်ကြွက်ခလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ဖူးပါတယ်။ဒီခလေးဆယ်တန်းနှစ်မှာဘယ်သူမှအားပေးပြီးအထောက်အကူပြုမယ့်သူမရှိတော့အားငယ်နေရှာတယ်။ဆယ်တန်းဖြေရမှာတောင်မဝံ့မရဲဖြစ်နေရှာတယ်။
—
အဲဒီကလေးကျွန်တော်နဲ့တွေ့တော့ကျွန်တော်ကသား၊မင်းနာမည်ဘယ်လိုခေါ်လဲလို့မေးတော့၊သူ့နာမည်က(မောင်သုည)ပါတဲ့။ဒါပေမယ့်သူများပေးထားတာမဟုတ်ဘူးတဲ့။သူ့ကိုသူ၊ဘာမှတန်ဖိုးမရှိတဲ့သူတစ်ယောက်လို့ယူဆပြီးတော့မောင်သုညလို့ပေးလိုက်တာတဲ့၊သုညဆိုတာဘာမှတန်ဖိုးမရှိဘူးမဟုတ်လားလို့သူကပြန်ရှင်းပြတယ်။
—
ကျွန်တော်ကမေးတယ်။မင်းမှာပိုက်ဆံဘယ်လောက်ရှိလဲလို့။သူကပြောတယ်ကျွန်တော်ကဆင်းရဲလို့ဆယ်တန်းကိုကျူရှင်တောင်မတက်နိုင်ဘူး။မောင်သုညပါဆို၊ပိုက်ဆံဘယ်လိုလုပ်ပြီးသွားရှိမှာလဲ။တစ်ပြားမှကိုမရှိဘူး(သုည)ပဲလို့ပြန်ဖြေခဲ့ပါတယ်။
—
ဒါဆိုဦးလေးထပ်မေးဦးမယ်။သားမင်းမှာတစ်ပြားမှမရှိတဲ့သုညကိုငွေတစ်သန်းဖြစ်သွားဖို့ဆိုရင်လွယ်မလားလို့မေးတော့သူက၊သုညကနေတစ်သန်းဖြစ်ဖို့ဆိုတာနောက်ထပ်တစ်သန်းတောင်ထပ်ရှာရဦးမယ်။ကျွန်တော့်ဘဝနဲ့ကဘယ်လိုမှမဖြစ်နိုင်ပါဘူးဗျာလို့ဖြေပြန်တယ်။
—
ကျွန်တော်ကသူ့ကို၊မဟုတ်သေးဘူးကွလို့၊သုညသမားဟာတစ်သန်းဖြစ်ချင်တယ်ဆိုရင်၊တစ်သန်းရှာစရာမလိုဘူးကွလို့၊(တစ်)ပဲရှာဖို့လိုတယ်လို့ပြောလိုက်တယ်။ဘာလို့လဲဆိုတော့မင်းမှာမွေးကတည်းကအလိုလို(၉၉၉၉၉၉)ရှိနေပြီးသားဖြစ်နေလို့ပဲလို့ပြန်ပြောလိုက်တော့။
—
သူကအသံတိတ်သွားတယ်၊မျက်စိလည်သွားတယ်။ပြီးတော့မှ၊ဟာဦးလေးကလဲဗျာမနောက်ပါနဲ့တဲ့အဲဒီ(ကိုးသိန်း၊ကိုးသောင်း)ကျော်ကျွန့်တော့်မှာဘယ်လိုလို့မွေးကတည်းကရှိနေနိုင်မှာလဲတဲ့။မိဘမဲ့ပါဆိုဘယ်သူကအဲဒီပိုက်ဆံအမွေလာပေးမှာလဲတဲ့။
—
ကျွန်တော်ကဆက်မေးတေယ်၊သား၊ဒါဆိုမင်းတစ်သန်းဆိုတဲ့ဂဏန်းကိုမှန်အောင်ရေးတတ်ရဲ့လားဆိုတော့၊ဟာကျွန်တော့်ကိုအဲဒီလောက်အထင်တော့မသေးပါနဲ့ဗျာတဲ့။ဒါလောက်တော့ကျွန်တော်ရေးတတ်ပါတယ်ဗျဆိုပြီးတော့စာရွက်တရွက်ပေါ်မှာ(၁၀၀၀၀၀၀)ဆိုပြီး၊(၁)နောက်ကနေ(သုည)ခြောက်လုံးတတ်ပြီးသူရေးပြခဲ့ပါတယ်။
—
ကျွန်တော်ကထပ်မေးတယ်။အဲဒီ(၁)နောက်မှာရှိတဲ့၊မင်းပြောတဲ့ဘာမှတန်ဖိုးမရှိတဲ့(သုည)တွေအားလုံးကိုဖျက်ပြစ်လိုက်ကွာဆိုပြီးတော့ဖျက်ခိုင်းလိုက်တယ်။ပြီးတော့အဲဒီတစ်သန်းဘာဖြစ်သွားသလဲလို့ပြန်မေးတော့။သူက၊ဘာမှတန်ဖိုးမရှိတော့ဘူး(၁)တစ်လုံးပဲကျန်တော့တယ်လို့ပြန်ဖြေတယ်။
—
ဒါဆိုကောင်းပြီငါ့တူ၊မင်းအစကပြောတော့(သုည)ဆိုတာဟာဘာမှတန်ဖိုးမရှိဘူးဆို။အခုတန်ဖိုးမရှိတဲ့သုညလေးတွေကြီးပဲရွေးပြီးဖျက်ပစ်လိုက်တာဟာ၊ဘာကြောင့်တစ်သန်းတန်တဲ့တန်ဖိုးတစ်ခုကနေ၊တန်ဖိုးအလွန်နည်းတဲ့(၁)ဖြစ်သွားရတာလဲဆိုပြီးထပ်မေးလိုက်တော့။
—
ဒီခလေးကခဏလေးငြိမ်ကျသွားပြီးစဉ်းစားနေတယ်။ပြီးတော့မှဘာပြန်ပြောသလဲဆိုတော့၊သားဖြုတ်လိုက်တာဘာမှတန်ကြေးမရှိတဲ့သုညတွေကြီးကြီးပဲဆိုတာတော့မှန်ပါတယ်တဲ့။ဒါပေမယ့်ဒီတန်ဖိုးလုံးဝမရှိတဲ့သုညတွေဖြုတတ်နုတ်တ်လိုက်တာဟာ၊မူလဂဏန်းမှာတန်ဖိုး(၉၉၉၉၉၉)ကြီးများတောင်လျှော့နည်းသွားပါလား၊ကျွန်တော်အလွန်အံ့သြမိတယ်လို့ပြန်ပြောပါတယ်။
—
နောက်ပြီးတော့သူကအသံထွက်ပြီးကောက်ချက်ချ၊ရေရွတ်လိုက်တာကတော့(တစ်ကယ်တော့သုညဆိုတာဟာတ်ဖို့းမဲ့မဟုတ်ပဲ၊မမြင်နိုင်တဲ့တန်ဖိုး(၉၉၉၉၉၉)တောင်ရှိနေပါလား)တဲ့။အဲဒါအမှန်ပဲဗျ။သဘောတရားအစစ်ကိုဒီခလေးသေသေချာချာသဘောပေါက်သွားပုံရတယ်ဗျ။အဲဒီနေ့ဟာသူ့ဘဝတိုးတက်ဖို့အတွက်အဖိုးမဖြတ်နိုင်တဲ့ပထမဆုံးသောနေ့သစ်တစ်နေ့ဖြစ်သွားခဲ့ရပါပြီ။
—
ခင်ဗျားမယုံရင်(Equation)ချကြည့်လိုက်လေ။တစ်သန်းထဲကတစ်စုံတစ်ခုကိုနုတ်ပါယ်ပြစ်လိုက်တယ်ဆိုကြပါစို့။ဒီလိုနုတ်လိုက်လို့ကျန်နေတဲ့တန်ဖိုးဟာ(၁)ဖြစ်သွားခဲ့မယ်ဆိုရင်၊အဲဒီတစ်စုံတစ်ခုဆိုတာကြီးက(၉၉၉၉၉၉)ဖြစ်မနေဘူးလား?။Equation အရဆိုရင်(1000000-x=1)ဖြစ်ခဲ့မယ်ဆိုရင်၊(x=999999)ပဲလေ။
—
နောက်ပြီးသူကသေချာထပ်ပြောသေးတယ်။သားမှာရှိတဲ့သုညတွေဟာတစ်ကယ်တော့တန်ဖိုးမရှိတဲ့သုညတွေမဟုတ်ဘူးတဲ့ဗျ၊တန်ဖိုးဖြတ်လို့မရတဲ့သုညတွေဖြစ်နေပါတယ်တဲ့။ပြီးတော့သူကထပ်မေးပြန်တယ်၊သားမှာ(သုည) တွေတော့အများကြီးရှိနေပါတယ်ဆိုပါစို့၊ဒါပေမယ့်(၁)တစ်လုံး၊လုံးဝမရှိဘူးဆိုရင်ကောဘာများအသုံးဝင်မှာလဲတဲ့?။
—
သူကဆက်ပြီး၊သားမှာရှိနေတဲ့သုညတွေအများကြီးကိုအသက်သွင်းနိုင်ဖို့သား(၁)တစ်လုံးမရရအောင်ရှာချင်ပါတယ်တဲ့။အဲဒီ(၁)ကိုသားဘယ်မှာသွားရှာလို့ရနိုင်မလဲလို့သူကစိတ်အားထက်သန်စွာနဲ့ပြန်မေးလာပါတယ်။ကျွန်တော်ကပြန်ဖြေလိုက်တယ်။လွယ်လွယ်လေးပါကွာလို့၊အဲဒီမင်းလိုချင်တဲ့(၁)ဆိုတာဟာစာအုပ်ထဲမှာပဲရှိတယ်ကွလို့။စာအုပ်ထဲမှာသွားရှာပါလို့ပြောလိုက်ပါတယ်။
—
ဒီခလေးဟာအကင်းအလွန်ပါးတယ်ဗျ။သူ့ကိုစာဖတ်ခိုင်းလိုက်တယ်ဆိုတာကိုကောင်းကောင်းနားလည်သဘောပေါက်သွားပါတယ်။စာဖတ်တယ်ဆိုတာ(သုည)ကနေအလိုလိုနေရင်းနဲ့တစ်သိန်း၊တစ်သန်းဖြစ်စေနိုင်တယ်ဆိုတာဒီခလေးတောင်နားလည်သေးတာဒီစာကိုဖတ်နေသူအားလုံးလဲနားလည်သဘောပေါက်လောက်ပါပြီ။
—
တစ်ကယ်တန်းပြောရမယ်ဆိုရင်၊ဒီခလေးတစ်ယောက်တည်းကသာမောင်သုညမဟုတ်ပါဘူး။ခင်ဗျားတို့ကျွန်တော်တို့တွေအားလုံးလဲမွေးလာခါစတုံးကခေါင်းထဲမှာဘာပညာဗဟုသုတတွေမှမွေးရာပါအနေနဲ့ပါမလာကြပါဘူး။အားလုံးဟာမွေးရာပါ(မောင်သုည၊မသုညတွေပဲ)မဟုတ်ဘူးလား?။
—
ဒီနေရာမှာလူအဖြစ်မွေးလာတာနဲ့တိရိစ္ဆာန်အဖြစ်မွေးလာတာဟာဘာကွာပါသလဲလို့ထပ်မေးချင်ပါတယ်။လူအဖြစ်နဲ့မွေးလာတဲ့သူရောနဲ့တိရိစ္ဆာန်အဖြစ်နဲ့မွေးလာတဲ့လူရောနှစ်ဦးစလုံးဟာခေါင်းထဲမှာမွေးရာပါ၊ဘာပညာ၊ဗဟုသုတတွေမှအလိုလိုပါမလာကြပါဘူး။အားလုံးဟာမောင်သုည၊မသုည၊လူသုည၊ခွေးသုည၊နွားသုညတွေကြီးအတူတူပဲမဟုတ်လား။
—
ဒါပေမယ့်တစ်ခုတော့ကွာခြားပါတယ်။ကျွန်တော်တို့လူတွေမှာအဲဒီပါလာတဲ့သုညတွေကို(တစ်ဆယ်၊တစ်ရာ၊တစ်ထောင်၊တစ်သိန်း၊တစ်သန်း၊တစ်ကုဋေ)မကအောင်၊ရေတွက်နလို့မရနိုင်တဲ့တန်ဖိုးတွေဖြစ်သွားနိုင်အောင်အသက်သွင်းပေးနိုင်တဲ့အခွင့်အလမ်းတွေရှိနေကြပါတယ်။တိရိစ္ဆာန်တွေကြတော့အဲဒီအခွင့်အရေးမရရှိကြရှာပါဘူး။မွေးသုည၊သေသုညပါပဲ။
—
ကျွန်တော်တို့တွေမွေးရာပါ၊ပါလာတဲ့သုညတွေကို၊စာဖတ်ခြင်း၊အသိပညာသင်ယူခြင်း၊စူးစမ်းလေ့လာခြင်းဆိုတဲ့နည်းစနစ်တွေနဲ့အသက်သွင်းပေးနိုင်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့တွေဟာတန်ဖိုးမဖြတ်နိုင်တဲ့လူသားအစစ်တွေဖြစ်သွားကြပြီ။စာမဖတ်ချင်ဘူး၊တနည်းအားဖြင့်ခေါင်းထဲကသုညတွေကိုလဲအသက်သွင်းနိုင်တဲ့အခွင့်အလမ်းတွေရှိရက်နဲ့အသက်မသွင်းချင်ဘူး၊ပျင်းနေတယ်ဆိုတဲ့လူသားဟာ၊သူ့ဘဝဆုံးရံှုးသွားပါပြီ။အဲဒီလူဟာခွေးတွေတိရိစ္ဆာန်တွေနဲ့ဘာမှကွာမခြားတော့ပါဘူး။သူလဲတိရိစ္ဆာန်တွေလိုမွေးသုည၊သေသုညအတူတူပဲအဟုတ်ဘူးလား?။
—
လောကမှာလူပဲဖြစ်ဖြစ်၊တိရိစ္ဆာန်ပဲဖြစ်ဖြစ်ရေရှည်မှာ၊ဉာဏ်ပညာဗဟုသုတများတဲ့လူက၊ဉာဏ်ပညာဗဟုသုတနည်းတဲ့လူကိုဦးဆောင်သွားတာဟာသဘာဝပဲမဟုတ်လား။ကမ္ဘာမှာအမေရိကန်ကဦးဆောင်နေတယ်ဆိုကြပါစို့။ဘာကြောင့်ဦးဆောင်နေတာလဲလို့မေးရင်၊ဉာဏ်များလို့ပါပဲ။တစ်ကယ်လို့သာတရုတ်ကဉာဏ်ပိုများလာတဲ့တစ်နေ့မှာကမ္ဘာကိုတရုတ်ကဦးဆောင်သွားမှာပါပဲ။
—
ဒီအတိုင်းပါပဲ၊တစ်ကယ်လို့တစ်နေ့မှာမြန်မာလူမျိုးတွေကတစ်ခြားလူမျိုးတွေထက်ဉာဏ်ပညာဗဟုသုတတွေများလာပြီဆိုရင်တော့ကမ္ဘာကိုမြန်မာကဦးဆောင်သွားနိုင်မှာပါပဲ။မြန်မာတွေဒါကိုနားမလည်သေးပဲစာဖတ်ဖို့ပျင်းနေဦးမယ်ဆိုရင်တော့တစ်နေ့သူများကျွန်ထပ်ပြီးဖြစ်ဦးမှာပါပဲ။သူများကျွန်ဖြစ်တာကနောက်မှပါ။လောလောဆယ်ကိုယ့်လူမျိုးခြင်းမှာတောင်စာဖတ်သူတွေကသခင်ဖြစ်ပြီး၊စာမဖတ်သူတွေကတော့ကျွန်ဖြစ်နေကြဦးမှာပါပဲ။
—
အနှစ်ချုပ်ပြောရရင်ဉာဏ်ပညာဗဟုသုတဆိုတာလူရော၊တိရိစ္ဆာန်ရော၊မွေးကတည်းကဘယ်သူမှပါလာတာမဟုတ်ပါဘူး၊အားလုံးက(သုည)နဲ့မွေးလာကြတာပဲမဟုတ်လား?။လေ့လာဆည်းပူးမှစာဖတ်မှသာလျှင်အဲဒီသုညတွေဟာအသက်ဝင်လာပြီး၊ဘဝမှာတန်ဖိုးမဖြတ်နိုင်အောင်အောင်မြင်သွားကြတာမဟုတ်ဘူးလား။စာမဖတ်သူကတော့လူနဲ့တိရိစ္ဆာန်အသိဉာဏ်ချင်းသိပ်ပြီးကွာနိုင်မယ်မထင်ပါဘူး။
—
အားလုံးစာဖတ်မပျင်းသူများဖြစ်ကြပြီးမိမိတို့ရဲ့အသက်နှင့်ခန္ဓာကိုယ်ကို၊ကိုယ်ပိုင်ဉာဏ်ပညာ၊ဗဟုသုတများဖြင့်စောင့်ရှောက်နိုင်ကြပါစေ။
—
Kelvin Albert Power