Source from Kelvin A. Power’s Facebook on December 23, 2020
Covid 19 Vaccines
အရင်ဆုံးထွက်လာတဲ့(Moderna)နဲ့(Pfizer)ဆိုတဲ့(COVID-19 Vaccines)နှစ်ခုရှိနေပေမယ့်၊မြန်မာပြည်အတွက်တော့(Pfizer)အကြောင်းမဆွေးနွေးပဲ(Moderna)အကြောင်းပဲဆွေးနွေးလိုပါတယ်။
—
နှစ်ခုစလုံးကတော့(Virus)ပိုးရဲ့အပေါ်ယံမျက်နှာပြင်ပေါ်မှာရှိတဲ့(Spike Protein)နဲုပုံစံတူတဲ့(Protein)တွေကိုထုတ်လုပ်နိုင်တဲ့(mRNA Vaccines)တွေဖြစ်ပြီးထူးမခြားနားပါပဲ။နှစ်ခုလုံးက(95%)ရာခိုင်နှုန်းနီးပါးအကျိုးသက်ရောက်မှု့ရှိတယ်ဆိုတော့ဒါဟာလဲသိပ်မကွာခြားပါဘူး။။
—
(Pfizer)အကြောင်းမဆွေးနွေးဘူးဆိုတာက၊ရေခဲမှတ်အောက်အလွန်နိမ့်တဲ့အပူချိန်မှာထားသိုရမှာဖြစ်လို့မြန်မာပြည်အနေနဲ့အဲဒီဆေးကိုစနစ်တကျထားသိုသိမ်းဆည်းနိုင်တဲ့အခြေအနေမရှိသေးပါဘူး။ဒါကြောင့်(Pfizer)ကိုမေ့ထားလိုက်တာပဲကောင်းပါတယ်။
—
(Moderna)ကတော့မြန်မာပြည်ကိုတစ်နေ့တော့ရောက်လာမှာပါ။ဒါပေမယ့်ဘယ်လောက်ကြာမလဲဆိုတာတော့ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ကျွန်တော့်အထင်တော့(2021)နှစ်အကုန်လောက်ဆိုရင်တော့ရောက်လာနိုင်ပါတယ်။
—
(Moderna)ဟာပထမတစ်ကြိမ်နှင့်ဒုတိယအကြိမ်(၂၈)ရက်ခြားပြီးနှစ်ကြိမ်ထိုးရမှာဖြစ်ပြီး၊(94%-95%)ရာခိုင်နှုန်းနီးပါးအကျိုးသက်ရောက်မှု့ရှိတယ်လို့ဆိုပါတယ်။(95%)အကျိုးသက်ရောက်မှု့ရှိတယ်ဆိုတာကတော့ကာကွယ်ဆေးထိုးထားတဲ့လူတွေမှာ(90%)ရာခိုင်နှုန်းကျော်လောက်ကလုံးဝရောဂါမကူးစက်နိုင်ဘူးလို့မဆိုလိုသလို၊သေပျောက်နှုန်းမရှိနိုင်ဘူးလို့လဲအဓိပ္ပါယ်မရပါဘူး။
—
နားလည်အောင်ဥပမာပေးရှင်းပြရရင်၊လူ(30,000)လောက်ကို(randomized double-blind study)လုပ်တယ်ဆိုပါစို့၊အဲဒီအထဲကရောဂါအပြင်းထန်ဆုံးလူ(196)ယောက်ကိုရွေးထုတ်လိုက်တယ်ဆိုပါစို့၊အဲဒီ(196)ယောက်ထဲက(185)ယောက်ဟာကာကွယ်ဆေးမထိုးထားတဲ့သူတွေဖြစ်ပြီး၊ကာကွယ်ဆေးထိုးထားတဲ့သူကတော့(11)ယောက်ပဲပါနေတယ်ဆိုကြပါစို့။
—
(185)ကို(196)နဲ့စားပြီးရာခိုင်နှုန်းဖွဲ့လိုက်ရင်(94%)နဲ့(95%)ကြားလောက်အဖြေထွက်မလာဘူးလား။(94%-95%)လောက်အကျိုးသက်ရောက်မှု့ရှိတယ်ဆိုတာဟာဒီသဘောကိုပြောတာပါ။အဓိကဆိုလိုချင်တာကကာကွယ်ဆေးထိုးထားရင်(COVID-19)ကူးစက်မှု့နှုန်း(95%)လောက်ကျဆင်းသွားတယ်လို့မပြောထားဘူး။သေပျောက်နှုန်းလုံးဝမရှိနိုင်ဘူးလို့လဲအာမခံချက်မပေးနိုင်သေးဘူး။
—
လူတိုင်းအလွယ်မှတ်သားလို့ရအောင်၊ကျွန်တော့်အနေနဲ့(vaccine efficacy=94%-95%)လောက်ဆိုတဲ့သဘောကိုအနီးစပ်ဆုံးအဓိပ္ပါယ်ဖွင့်ပြရမယ်ဆိုရင်ဘာကိုဆိုလိုသလဲဆိုတော့(ဒီကာကွယ်ဆေးဟာရောဂါပြင်းထန်မှု့နှုန်း(94%-95%)ကျော်လောက်ကျဆင်းသွားမယ်ဆို)တဲ့သဘောသာသက်ရောက်နေပါတယ်။
—
ရောဂါပြင်းထန်မှု့နှုန်း(94%-95%)ကျော်လောက်ကျဆင်းသွားမယ်ဆိုတာဟာလဲမနည်းလှပါဘူး။ဒါဟာကောင်းမွန်တဲ့အောင်မြင်မှု့တစ်ခုပါပဲ။ဒါပေမယ့်ဘေးထွက်ဆိုးကျိုးတွေက၊ဘာတွေရှိလာမလဲဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုနေပါသေးတယ်။
—
ဘေးထွက်ဆိုးကျိုးဆိုတာ၊ကာကွယ်ဆေးထိုးလိုက်လို့နာတာ၊ကျင်တာ၊ဖျားနာတာ၊ရောဂါလက္ခဏာတစ်ခုခုယာယီအားဖြင့်ခံစားရတာကိုမဆိုလိုပါဘူး။အဲဒါကတော့ကာကွယ်ဆေးတိုင်းဖြစ်တတ်ပါတယ်။(Immune System)အလုပ်လုပ်ပြီဆိုရင်အဆိုပါရောဂါလက္ခဏာတစ်ခုခုကတော့ပြမှာဖြစ်ပါတယ်။အဲဒါကိုရောဂါရဲ့ဆိုးကျိုးလို့ယူဆလို့မရနိုင်ပါဘူး။
—
ကျွန်တော်ဆိုလိုတဲ့ဘေးထွက်ဆိုးကျိုးဆိုတာ၊ရေရှည်ခံစားရမယ့်ဆိုးကျိုးတွေကိုပြောတာပါ။လောလောဆယ်တော့(Moderna)ဟာယာယီလက္ခဏာလေးတွေကလွဲလို့ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမတွေ့ရသေးဘူးလို့ဆိုပါတယ်။ဒါပေမယ့်ရေရှည်ဆိုးကျိုးဆိုတာချက်ခြင်းပြောလို့မရလို့တစ်နှစ်တန်သည်၊နှစ်နှစ်တန်သည်တော့စောင့်ကြည့်ဖို့လိုဦးမယ်လို့ထင်ပါတယ်။လောလောဆယ်တော့(OK)နေပါသေးတယ်။
—
ဒါပေမယ့်တစ်ခုပြောချင်တာကတော့ကာကွယ်ဆေးနဲ့ပါတ်သက်လို့(mRNA Vaccines)ဆိုတာ၊ဒါပထမဦးဆုံးနည်းပညာအသစ်တစ်ခုဖြစ်တဲ့အပြင်၊အချိန်တိုအတွင်းအောင်မြင်စွာပေါ်ထွက်လာတာဟာလဲဂုဏ်ယူစရာပါပဲ။ဈေးနှုန်းကလဲသင့်ပါတယ်။ရိုက်စားကုမ္မဏီ(Gilead)ကထုတ်ပြီးအလွန်ဘေးထွက်ဆိုးကျိုးများတဲ့(Remdesivir)လို့ခေါ်တဲ့(ဂျင်း)လိုလဲဈေးမကြီးလှပါဘူး။(Remdesivir)ကတော့(Gilead)ရဲ့ရိုက်စားဂျင်းပါပဲ။
—
ဒါပေမယ့်ဒီကာကွယ်ဆေးရဲ့အားနဲချက်တွေလဲအများကြီးရှိနေပါသေးတယ်။ပထမတစ်ချက်ကဒီကာကွယ်ဆေးနှစ်လုံးကိုဆက်တိုက်ထိုးပြီးရင်ဘယ်လောက်ကြာကြာတာရှည်ခံမယ်ဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါဘူး။တစ်နှစ်တစ်ခါလောက်ထပ်ထိုးဖို့လိုသလားခြောက်လတစ်ခါလောက်အကြိမ်ကြိမ်ထိုးဖို့လိုမလားဆိုတာသေချာဘာမှကိုမပြောနိုင်သေးပါဘူး။
—
နောက်တစ်ခုက(SARS-COV-2)ဟာ(mutation)ထပ်ဖြစ်နေဦးမယ်ဆိုရင်၊အထူးသဖြင့်(Spike Protein)နေရာတွေမှာ(mutation)တွေဖြစ်သွားမယ်ဆိုရင်တော့လက်ရှိကာကွယ်ဆေးတွေအလုပ်ဆက်လုပ်မယ်၊မလုပ်ဘူးဆိုတာကိုတော့ဘယ်သူမှအတိအကျမသိနိုင်သေးဘူး။အခုတောင်(UK)မှာ(mutation)တွေထပ်ဖြစ်နေပြီ။ကာကွယ်ဆေးသက်ရောက်မှု့ရှိမယ်မရှိဘူးဆိုတာဘယ်သူမှတိတိကျကျမပြောနိုင်သေးပါ။
—
သတင်းဆိုးတစ်ခုကအဲဒီကာကွယ်ဆေးဟာမြန်မာပြည်ကိုရောက်လာဖို့ဆိုရင်အနည်းဆုံးနောက်ထပ်တစ်နစ်ကျော်လောက်ကြာနိုင်ပါတယ်။ဆိုလိုတာကကာကွယ်ဆေးမြန်မာပြည်ကိုရောက်လို့လူတိုင်းကိုထိုးပေးနိုင်တဲ့အချိန်မှာ၊သေတဲ့လူတွေလဲသေပြီးကုန်ကြပြီ၊(COVID-19)ဖြစ်ပြီးလို့သဘာဝခုခံမှု့(Antibody)တွေရပြီး(COVID)ပြီးသွားတဲ့လူတွေလဲပြီးနေကြပြီ။
—
ဆိုလိုတာကကာကွယ်ဆေးရတဲ့အချိန်ဟာသိပ်ကိုနောက်ကျသွားနိုင်ပါတယ်။ဒါပေမယ့်ကောင်းတာတစ်ခုကတော့ကာကွယ်ဆေးထိုးလို့ရေရှည်ဘေးထွက်ဆိုးကျိုးဖြစ်မယ်ဆိုရင်မြန်မာပြည်ကလူတွေအတွက်တော့လွတ်ကင်းနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့၊ကာကွယ်ဆေးတစ်ခုကိုတစ်နှစ်ကျော်၊နှစ်နှစ်လောက်စောင့်ကြည့်ပြီးမှသုံးကြရတယ်ဆိုတော့ဘေးထွက်ဆိုးကျိုးရှိမရှိကောင်းကောင်းသိနေပြီဆိုတော့အန္တရာယ်တော့ကင်းနိုင်ပါတယ်။
—
ဒါပေမယ့်ဘယ်အခြေအနေမှာပဲဖြစ်ဖြစ်မိခင်သဘာဝကပေးထားတဲ့အကောင်းဆုံးအားကိုးရာတစ်ခုကတော့ရှိနေဆဲပါ။။ကျွန်တော်တို့ရဲ့(Fighter)ကြီးဖြစ်တဲ့(Vitamin D)ကတော့(Forever Hero)ပါပဲ။စပိန်သုတေသနကိုကြည့်ရင်၊သူကလဲရောဂါပြင်းထန်မှု့ကို(99%-100%)နီးပါးတောင်လျှော့ကျစေနိုင်တဲ့အပြင်၊(COVID-19)ကူးစက်မှု့ကိုပါလျှော့နည်းစေပါတယ်။သေဆုံးမှု့နှုန်းကလဲ(99%-100%)နီးပါးလျှော့နည်းစေနိုင်ပါတယ်။
—
ဟိုတစ်နေ့ကအလွန်ထူးခြားတဲ့သတင်းကောင်းတစ်ခုတက်လာပြန်ပါတယ်။သတင်းခေါင်းစဉ်ကဘာလဲဆိုတော့(Experts send Vitamin D and Covid-19 open letter to world’s governments)တဲ့၊(Dec 21)ရက်နေ့က၊သတင်းတစ်ခုမှာကမ္ဘာ့နာမည်ကြီးဆေးပညာရှင်တွေ၊သိပ္ပံပညာရှင်တွေအယောက်(၁၂၀)လောက်စုပေါင်းဦးဆောင်လက်မှတ်ထိုးပြီးကမ္ဘာ့ခေါင်းဆောင်တွေဆီကိုအိပ်ဖွင့်ပေးစာပို့ကြတယ်ဆိုပဲ။
—
—
တစ်ကယ်ဆိုရင်(COVID-19)ဟာဘယ်လောက်မျိုးရိုးဗီဇပြောင်းသွားပါစေ၊(Vitamin D)ကိုကျော်ပြီးဒုက္ခမပေးနိုင်ပါဘူး။ဆိုလိုတာက(COVID)ဘာအမျိုးအစားပဲလာလာ၊ဘယ်လိုပဲမျိုးရိုးဗီဇပြောင်းပြောင်း၊ဘာကာကွယ်ဆေးပဲပေါ်လာပါစေ၊(Vitamin D)ကတော့အမြဲတန်းစင်ပေါ်မှာရှိနေဆဲပါပဲ။ဒါကြောင့်နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေစုပေါင်းပြီး(COVID-19)အတွက်(Vitamin D)ဟာဒီလောက်အစွမ်းထက်နေတာကိုသိရက်နဲ့ဘာကြောင့်ကမ္ဘာ့ခေါင်းဆောင်တွေလူသိရှင်ကြားဖွင့်ပြောဖို့နှောင့်နှေးကြန့်ကြာ၊ပျက်ကွက်နေရတာလဲဆိုတဲ့သဘောဖြစ်ပါလိမ့်မယ်။
—
ဘာကာကွယ်ဆေးပဲပေါ်ပေါ်၊ဘာ(Mutation)တွေပဲဖြစ်ဖြစ်(Vitamin D)လောက်(COVID-19)အပေါ်အကျိုးသက်ရောက်မှု့ရှိတဲ့ပစ္စည်းကမ္ဘာပေါ်မှာမရှိသေးပါဘူး။ကမ္ဘာ့ထိပ်သီးသိပ္ပံပညာရှင်တွေနဲ့ဆေးပညာရှင်တွေ(120)ကျော်စုပေါင်းလက်မှတ်ထိုးပြီးကမ္ဘာ့လူသားတွေကောင်းကျိုးအတွက်(Vitamin D)နဲ့ပါတ်သက်လို့အမှန်အတိုင်းဖွင့်ပြောကြဖို့အိပ်ဖွင့်ပေးစာပေးပြီးပြောကြတဲ့လုပ်ရပ်ဟာ၊အလွန်ဂုဏ်ယူစရာကောင်းတဲ့အလုပ်တစ်ခုပါပဲ။
—
သတင်းကောင်းတစ်ခုကကျွန်တော့်စကားလဲနားထောင်လိုက်နာကြပြီး၊(Vitamin D)တွေလဲသေချာသောက်နေတဲ့ကျွန်တော့်ရဲ့(Fam)တွေထဲမှာတော့(COVID-19)နဲ့ပါတ်သက်ပြီးအသေအပျောက်မကြားရသလောက်ပါပဲ။(Virus Mutation)ဖြစ်သွားလဲကျွန်တော့်(Family)တွေအားလုံးအတွက်တော့အထူးထပ်ပြီးကြောက်နေစရာမလိုပါဘူး။အားလုံးအတွက်(Keep taking D)ပါပဲ။
—
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
–