(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဆက်သွယ်ပါတ်သက်တဲ့သုတေသန

Source from Kelvin A. Power’s Facebook on November 18, 2020
လူအများစုသိထားတာက(COVID-19)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ဆိုတာအဆုတ်တစ်ခုတည်းကိုပဲတိုက်ခိုက်တယ်။အဆုတ်ထဲမှာပဲအများဆုံးပွားများနိုင်တယ်လို့ထင်ထားကြတာဟာတစ်ကယ်တော့မမှန်ကန်ပါဘူး။ဘာကြောင့်လဲဆိုတော့၊ဒီပိုးတွယ်ကပ်နိုင်တဲ့(ACE2 Receptor)တွေဆိုတာ့အဆုတ်တစ်ခုတည်းမှာပဲရှိနေတာတော့မဟုတ်ပါဘူး၊တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာလဲရှိနေပြန်ပါတယ်။
အဆုတ်ကိုတိုက်ခိုက်နိုင်သလို၊တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလဲတိုက်ခိုက်ခံရပါတယ်။အဆုတ်ထဲမှာပွားများနိုင်သလို၊တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလဲပွားများနိုင်တာပါပဲ။ဒီ(Virus)ပိုးဟာအဆုတ်အပြင်အစာအိမ်နဲ့အူလမ်းကြောင်းမှာလဲအခြေပြုပြီးအဓိကပွားများနိုင်တယ်ဆိုတဲ့အချက်ဟာမေ့ထားလို့မရပဲထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါပဲ။
သဘာဝအားဖြင့်လူ့ခန္ဓာကိုယ်မှာအဆုတ်ဆိုတာ၊ရောဂါပိုးအနည်းငယ်လောက်လွယ်လွယ်နဲ့ဝင်လာပြီးဒုက္ခအလွယ်တကူပေးနိုင်တဲ့အင်္ဂါတစ်ခုတော့မဟုတ်ပါဘူး။ကြီးရာကနေသေးသွားတဲ့အဆင့်ဆင့်သောအဆုတ်လေပြွန်နံရံတွေမှာရှိတဲ့ချွဲသလိပ်တွေဆိုတာကလဲပြင်ပကဝင်လာတဲ့ရောဂါပိုးတွေကိုဖမ်းပြီးစစ်ထုတ်ပေးနိုင်တဲ့သဘောရှိပါတယ်။ချောင်းဆိုး၊နှာချေတယ်ဆိုတာကလဲပြင်ပကဝင်လာတဲ့ရောဂါပိုးတွေနဲ့ဖုန်မှုန့်တွေကိုလေအားပြင်းနဲ့မှုတ်ထုတ်ပြစ်တဲ့သဘာဝကာကွယ်ရေးစနစ်ပါပဲ။အဆုတ်ထဲမှာရှိတဲ့လေအိပ်ငယ်လေးတွေတစ်ခုခြင်းစီအတွင်းမှာလဲ၊အသက်ရူရင်ပါလာတဲ့ရောဂါပိုးတွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်ဖို့(Immune Cells)အမျိုးမျိုးတွေအများကြီးစနစ်တကျရှိနေပါတယ်။
အဆုတ်ဟာရောဂါမကူးစက်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။အဆုတ်ထဲကိုဝင်လာတဲ့ရောဂါပိုးဟာအင်အားနည်းရင်၊(Viral Load)နည်းရင်အဆုတ်အတွင်းမှာစနစ်တကျရှိတဲ့ခုခံမှု့စနစ်ကခုခံတွန်းလှန်ပြစ်နိုင်တယ်လို့ဆိုလိုချင်တာပါ။ဝင်လာတဲ့ရောဂါပိုးဟာအင်အားအလွန်များတယ်၊(Viral Load)များတယ်ဆိုရင်တော့ဒုက္ခပေးနိုင်ပါတယ်။
ကိုယ်က(COVID)ရောဂါကိုဖြစ်စေတဲ့(Virus)ပါတဲ့လေကိုရူသွင်းမိသည်ပဲထားဦးတော့၊များသောအားဖြင့်(Viral Load)များတာကိုမရူသွင်းမိတတ်ပါဘူး။ဒါကြောင့်(COVID-19)ရောဂါကိုဖြစ်ပေါ်စေတဲ့(SARS COV-2 Virus)ပိုးအကူးစက်ခံရပြီဆိုရင်၊ချက်ခြင်းရုတ်တရက်ကြီးမဖျားတတ်ကြပါဘူး။ရက်အနည်းငယ်ကြာအောင်အရှိန်ယူရပါတယ်။အဲဒါဟာ(Viral Load)နည်းလို့ဖြစ်ရတာပါ။
လူတစ်ယောက်ဟာဒီ(Virus)ပါတဲ့လေကိုရူရှိက်မိပြီဆိုတာနဲ့လေထဲမှာပါလာတဲ့(Virus)ပိုးအကောင်ရေတွေရဲ့ရာခိုင်နုန်းအနည်းငယ်လေးသာလျှင်အဆုတ်အတွင်းပိုင်းအထိတိုက်ရိုက်ဝင်ရောက်လာနိုင်ပါတယ်။(Immune System)ရဲ့ခုခံမှု့တွေကြောင့်အဆုတ်ထဲကနေသွေးကြောတွေထဲကိုချက်ခြင်းကြီးဝင်ရောက်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။တစ်ကယ်လို့သာပထမတစ်ကြိမ်ရူရှိုက်လိုက်တာနဲ့သွေးကြောထဲချက်ခြင်းရောက်သွားမယ်ဆိုရင်လူနာဟာပထမရက်မှာတင်ချက်ခြင်းလက္ခဏာတွေပြပြီး၊အဖျားဝင်ရမှာဖြစ်ပါတယ်။လက်တွေ့မှာဘာလက္ခဏာမှချက်ခြင်းမပြပါဘူး။ချက်ခြင်းမဖျားသေးပါဘူး။
ဒီရောဂါကူးစက်ခံရတဲ့လူကို၊ကူးစက်ခံရရချင်းသွေးစစ်ကြည့်လို့သွေးထဲမှာ(Virus)ပိုးစတွေ့ဖို့မသေချာပါဘူး။ဒီ(Virus)ပိုးဟာခန္ဓာကိုယ်ကိုဝင်ရောက်လာပြီဆိုတာနဲ့ပိုးကောင်ရေအများစုဟာအဆုတ်ထဲကိုတိုက်ရိုက်မဝင်ရောက်နိုင်သေးပဲ၊နှာခေါင်းအတွင်းပိုင်း၊အာခေါင်အနောက်ဖက်၊ပါးစပ်အပေါ်ဖက်၊အဆုတ်ကိုသွားတဲ့လေပြွန်နဲ့အစာအိမ်ကိုသွားတဲ့အစာပြွန်ဆုံမှတ်ရဲ့အပေါ်နားလေး(Swab နမူနာယူရတဲ့)နေရာမှာယာယီစခန်းချပြီးတွယ်ကပ်နေတတ်ပါတယ်။အဲဒီနေရာကို(Swab)ယူပြီးစမ်းသပ်မှသာလျှင်တိတိကျကျအဖြေသိနိုင်ပါတယ်။နေရာလွဲရင်လဲ(False Negative)ပြနိုင်ပါတယ်။
ဆိုလိုတာကဒီ(Virus)ပိုးဟာ(Swab နမူနာယူရတဲ့)နေရာမှာယာယီစခန်းချပြီးတွယ်ကပ်နေတတ်ပြီးအကြီးအကျယ်အကောင်ရေတွေပွားများနေပါတော့တယ်။လည်ချောင်းပြွန်၊လေပြွန်ဆုံမှတ်အပေါ်ဒေသတဝိုက်မှာရှိနေတဲ့(Cells)တွေကို(host cells)တွေအဖြစ်အသုံးပြုပြီးအကောင်ရေသန်းပေါင်းများစွာအရင်အင်အားတိုးချဲ့ပွားများရပါတယ်။ဒီနေရာမှာယာယီစခန်းချပြီးအင်အားတိုးချဲ့ပွားများပြီး၊လိုအပ်တဲ့(Viral Load)တွေရရှိလာပြီဆိုတော့မှခန္ဓာကိုယ်ကိုကောင်းကောင်းဒုက္ခပေးတော့တာပါပဲ။အဲဒီလိုအင်နဲ့အားနဲ့ဝင်တိုက်ခိုက်တော့မှသာရောဂါလက္ခဏာတွေပေါ်လာပြီးဖျားနာလာရတာပါပဲ။
(Swab) နမူနာယူရတဲ့နေရာမှာအင်အားတိုးချဲ့ပွားများပြီးအင်အားပြည့်လာရင်၊ခန္ဓာကိုယ်ကိုလမ်းကြောင်းနှစ်ခုခွဲပြီးတိုက်ခိုက်တော့တာပါပဲ။သာမှန်ကျန်းမာနေသူတစ်ယောက်ရဲ့အဆုတ်လမ်းကြောင်းဖက်ကိုဝင်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့၊အဆုတ်ကိုစောင့်ကြပ်နေတဲ့အင်အားကြီးတဲ့(Immune System)ဆဲလ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။အစာအိမ်ကိုဖက်ကိုသွားမယ်ဆိုရင်တော့၊ (Immune System)ဆဲလ်တွေစောင့်ကြပ်မှု့နည်းပေမယ့်အလွန်ပြင်းထန်တဲ့အက်ဆစ်ဓါတ်ကိုရင်ဆိုင်ရပါလိမ့်မယ်။
အဆုတ်ထဲကိုဝင်တိုက်ရိုက်ရောက်တိုက်ခိုက်တဲ့လမ်းကြောင်းကိုတော့လူတိုင်းနားလည်ပြီးသားဖြစ်နေလို့ဒီ(Post)မှာထပ်ပြီးမဆွေးနွေးလိုတော့ပါဘူး။အစာအိမ်ထဲကိုဝင်ရောက်လာမယ့်ပိုးတစ်ဝက်လောက်အကြောင်းကိုပဲအဓိကထားပြီးဆွေးနွေးရေးသားပေးပါမယ်။
အစာအိမ်အတွင်းမှာခုခံမှု့ဆဲလ်တွေမရှိသလို၊အဆုတ်လိုမျိုးရောဂါပိုးတွေဖုန်မုန့်တွေကိုလေအားပြင်းပြင်းနဲ့မှုတ်ထုတ်ပြစ်နိုင်တဲ့ချောင်းဆိုးခြင်း၊နှာချေခြင်းဆိုတဲ့ရောဂါကာကွယ်မှု့စနစ်မျိုးလဲမရှိပါဘူး။သို့သော်ကမ္ဘာဦးကတည်းကအစပြုလို့လူသားတွေရဲ့အစာအိမ်ထဲမှာရောဂါပိုးအမျိုးမျိုးကိုကာကွယ်နိုင်ဖို့မိခင်သဘာဝတရားကြီးကပေးထားတဲ့ပြင်းထန်တဲ့အက်ဆစ်ဓါတ်တွေအလိုလိုပါလာပြီးသားဖြစ်ပါတယ်။
ကမ္ဘာဦးကာလ၊မီးကိုရှာဖွေမတွေ့ရှိခင်အချိန်တုံးကလူသားတွေရဲ့အစာအိမ်ဟာအက်ဆစ်ဓါတ်အလွန်ပြင်းပါတယ်။ဘယ်လောက်တောင်ပြင်းသလဲဆိုရင်ကျားတွေ၊ခြင်္သေ့တွေလိုအသားစိမ်းတွေစားရင်တောင်ကောင်းကောင်းအစာကြေနိုင်ပါတယ်။စားသောက်ရင်းမတော်တဆတော်ရုံတန်ရုံငါးရိုး၊ကြက်ရိုးမျိုချမိရင်လဲအဲဒီအရိုးတွေကြေနိုင်ပါတယ်။အဲဒါကအရင်တုံးကပါ၊အခုမဟုတ်တော့ပါဘူး။
အခုခေတ်လူတွေဟာအသားစိမ်းတွေကိုစား၊အရိုးသေးလေးတွေကိုမျိုချဖို့မပြောပါနှင့်၊ထမင်းပျော့ပျော့လေးနဲ့၊ဟင်းသီးဟင်းရွက်နုနုကလေးတွေအစိမ်းစားမိရင်တောင်အစာမကျေပဲလေထနေတဲ့လူတွေအများကြီးရှိနေပါတယ်။အခုခေတ်လူတွေစားနေကြတဲ့အစားအသောက်နဲ့ဆေးဝါးတွေတော်တော်များများမှာအစာအိမ်ရဲ့အက်ဆစ်ထုတ်လုပ်မှု့စနစ်ကိုဖျက်ဆီးပြစ်နိုင်တဲ့ဓါတ်ပေါင်းတွေအများကြီးပါဝင်နေပါတယ်။ဒါကြောင့်အခုခေတ်လူအများစုဟာအစာအိမ်အက်ဆစ်ဓါတ်မကောင်းတော့ပါဘူး။
ဥပမာပြောရရင်၊အစာစားပြီးလို့လေချဉ်တက်တဲ့လူတွေကို၊ဆရာဝန်ကအက်ဆစ်ဓါတ်များလို့ဆိုပြီးအက်ဆစ်ပျက်ပျယ်စေတဲ့ဆေးတွေပေးပါတယ်။ကြာတော့အဲဒီအစာအိမ်ဟာအက်ဆစ်ကောင်းကောင်းမထုတ်နိုင်တော့ပါဘူး။အစာမကြေလေချဉ်တက်တယ်ဆိုတာ၊လိုအပ်တဲ့အက်ဆစ်ဓါတ်(pH)တန်ဖိုးမပြည့်လို့၊အစာအိမ်နဲ့လည်ချောင်းပြွန်ကြားမှာရှိတဲ့(pH)တန်ဖိုးနဲ့ဆက်နွယ်ပြီးအလုပ်လုပ်ရတဲ့(pH sensitive bar)မပိတ်နိုင်လို့ဖြစ်ရတာပါ။အစာအိမ်ရဲ့အပေါ်နဲ့အောက်မှာရှိတဲ့(bar)တွေအားလုံးဟာ(pH)တန်ဖိုးအပြောင်းအလဲကိုမူတည်ပြီးအပိတ်အဖွင့်လုပ်ကြရတာတွေကြီးပါပဲ။
အက်ဆစ်ဓါတ်ပျက်ပြယ်တဲ့ဆေးတွေကိုသောက်မိသူတိုင်းဟာရေတိုမှာလေအောင့်သက်သာသလိုလိုရှိပေမယ့်၊ရေရှည်မှာတော့ကြီးမားတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ရောဂါပိုးအမျိုးမျိုးကိုမခုခံနိုင်ရုံတင်မကပဲ၊အဟာရချို့တဲ့မှု့နဲ့နာတာရှည်ရောဂါအမျိုးမျိုးရဲ့မြစ်ဖျားခံဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းတရားဟာအစာအိမ်အက်ဆစ်ဓါတ်မလုံလောက်လို့ပါပဲ။အသက်အရွယ်ကြီးလာရင်လဲအစာအိမ်အက်ဆစ်ထုတ်လုပ်ပေးနိုင်မှု့ကျဆင်းလာတတ်ပါတယ်။
(COVID-19)ကိုဖြစ်ပေါ်စေတဲ့(SARS COV-1, COV-2, MERS Virus)တွေနဲ့(အစာအိမ်အက်ဆစ်ဓါတ်)အနည်းအများဆက်သွယ်ပါတ်သက်တဲ့သုတေသနတစ်ခုကိုကျွန်တော်တင်ပြပါရစေ။အသေးစိတ်သိချင်ရင်အောက်က(Link)မှာသွားဖတ်ကြည့်ပါ။
အထက်ပါသုတေသနကိုအကျဉ်းချုပ်ပြောရရင်၊သာမာန်အားဖြင့်လူ့အစာအိမ်ဟာ(pH)တန်ဖိုး(1.5)နဲ့(3.5)အကြားမှာပဲရှိတတ်ပါတယ်။(pH)တန်ဖိုးနည်းလေအက်ဆစ်ဓါတ်ပြင်းလေ၊(pH)တန်ဖိုးများလေအက်ဆစ်ဓါတ်ပျော့လေပါပဲ။(SARS-CoV virus)အမျိုးမျိုးတွေဟာအခွံ့ပါး(RNA Protein) တွေဖြစ်နေလို့အက်ဆစ်ဓါတ်နဲ့ထိတွေ့ရင်ပျက်စီးပါတယ်။တိတိကျကျပြောရရင်(pH < 3.0)လောက်မှာဒီပိုးတွေသေပါတယ်။
များသောအားဖြင့်(COVID)ရောဂါသယ်တွေဟာအစာအိမ်နဲ့အူလမ်းကြောင်းမှာလဲထိခိုက်ပျက်စီးမှု့က္ခဏာတွေတွေ့ရှိရတတ်ပါတယ်။အစာအိမ်မှာ(pH)တန်ဖိုးအမြဲတန်း(3.0)အောက်မှာပဲရှိနေမယ်ဆိုရင်၊ဒီပိုးတွေဟာအစာအိမ်နဲ့အူလမ်းကြောင်းကနေသွေးထဲကိုဝင်ရောက်လာနိုင်စရာအကြောင်းမရှိပါဘူး။လက်တွေ့မှာတော့(Virus)ပိုးတွေဟာအဆုတ်လမ်းကြောင်းတင်မကပဲ၊အစာအိမ်နှင့်အူလမ်းကြောင်းကိုပါအဓိကထားပြီးဝင်ရောက်တိုက်ခိုက်ခြင်းခံရတာဖြစ်ပါတယ်။
(antacids)သို့(proton pump inhibitor)သုံးစွဲတဲ့လူတွေဟာအစာအိမ်အက်ဆစ်ဓါတ်ဟာ၊ပုံမှန်(pH=2.0)လောက်ရှိနေရာကနေ(pH6.0)အထိကိုရောက်လာတတ်ကြပါတယ်။(pH)တန်ဖိုးဆိုတာ(linear)တန်ဖိုးမဟုတ်ပဲ(Logarithm)တန်ဖိုးဖြစ်နေလို့(pH=2.0)နဲ့((pH=6.0)တို့ရဲ့အက်ဆစ်ဓါတ်ပြင်းအားဟာအဆ(10000)တစ်သောင်းလောက်ကွာပါတယ်။အထက်ပါသုတေသနကပြောတဲ့(PPI)ကြောင့်(pH=2.0)ကနေ(pH=6.0)ကိုတက်လာတယ်ဆိုတဲ့သဘောဟာ၊အက်ဆစ်ဓါတ်အဆတစ်သောင်းပုံမှာတစ်ပုံပဲကျန်တော့တယ်လို့ဆိုလိုချင်တာပါ။
သာမာန်လူတစ်ယောက်ဟာအစာမရှိတဲ့အချိန်မှာအက်ဆစ်ဓါတ်(pH=3.0)အောက်မှာပဲအမြဲရှိတတ်ပြီး။အစာစားထားတဲ့အချိန်မှာတော့(3.0)အပေါ်ကိုနာရီအနည်းငယ်ကြာအောင်ရောက်နေတတ်ပါတယ်။အစာအိမ်ထဲမှာအစာတွေကုန်သွားတော့မှ(3.0)အောက်ကိုပြန်ကျတတ်ပါတယ်။
တစ်ကယ်လို့သာလူတိုင်းဟာအစာအိမ်ရဲ့(pH)ကိုအမြဲတန်း(3.0)အောက်မှထိန်းသိမ်းထားနိုင်မယ်ဆိုရင်(Corona Virus)ပိုးအပြင်၊အခြားသောဘယ်ရောဂါပိုးမျိုးမှမိမိအစာအိမ်နဲ့အူလမ်းကြောင်းကနေအစပြုဝင်ရောက်ပြီးဒုက္ခမပေးနိုင်တော့ပါဘူး။ကပ်ညှိစရာချွဲသလိပ်ထောင်ခြောက်တွေနဲ့အတူ၊ခုခံမှု့ဆဲလ်တွေစောင့်ကြပ်ပြည့်နှက်နေတဲ့အဆုတ်လမ်းကြောင်းတစ်ခုတည်းကနေဝင်ရောက်ရမယ်ဆိုရင်၊ဒီပိုးတွေအတွက်အလွန်အင်အားလျော့နည်းသွားနိုင်ပါတယ်။
ကမ္ဘာဦးကတည်းကမိခင်သဘာဝကပေးတဲ့အစာအိမ်အက်ဆစ်ဓါတ်ကိုအသုံးပြုပြီးရန်သူအင်အားစုကြီးကိုရာနှုန်းပြည့်မခြေမှုန်းနိုင်ရင်တောင်၊လမ်းကြောင်းနှစ်ခုထဲက၊တစ်ခုကိုဝင်ရောက်လာတဲ့၊တဝက်လောက်ကိုအက်ဆစ်ဓါတ်နဲ့ကောင်းကောင်းခြေမှုန်းဖျက်ဆီးပြစ်နိုင်မယ်ဆိုရင်လည်းနည်းတဲ့အကျိုးကျေးဇူးတော့မဟုတ်ပါဘူး။
ခန္ဓာကိုယ်ထဲကို(Virus)ပိုးလုံးဝမဝင်နိုင်ဘူးလို့မဆိုလိုပါ။ဝင်လာတဲ့ရန်သူရဲ့အင်အားတစ်ဝက်ကျော်လောက်ကိုအစာအိမ်အက်ဆစ်နဲ့ဖျက်ဆီးပြစ်နိုင်မယ်ဆိုရင်တော့၊ဒီစစ်ပွဲမှာမိမိဖက်ကအသာစီးရသွားပါပြီ။ကျဆုံးစရာအကြောင်းတရားအလွန်နည်းသွားပါပြီ။
နောက်ဆုံးမှာချင်တာက၊သာမာန်ကျန်းမာနေသူတစ်ယောက်အတွက်၊သာမာန်အချိန်မှာအစာအိမ်အက်ဆစ်ဓါတ်က(pH)တန်ဖိုး(3.0)အောက်မှာရှိနေတတ်ပြီးအစာစားထားတဲ့အချိန်မှာသာအက်ဆစ်ဓါတ်ပြုတ်ကျသွားစေနိုင်လို့၊အစာစားပြီးတိုင်းအစာအိမ်ထဲမှာအက်ဆစ်ဓါတ်(pH 3.0)အောက်ရှိနေအောင်ကျိုးစားကြပါ။ဒါဟာအကောင်းဆုံးနဲ့ရောဂါကို(50%)လောက်ခုခံပေးနိုင်တဲ့အလွယ်ဆုံးနည်းပါပဲ။
အစာအိမ်အက်ဆစ်ဓါတ်(3.0)အောက်မှာအမြဲရှိနေအောင်လုပ်တဲ့အလွယ်ဆုံးနည်းကတော့(Apple Cider Vinegar)ပါပဲ။ထမင်းစားတဲ့အခါတိုင်းအစားမစားမှီ(၁၀)မိနစ်အလိုမှာ(625 mg Capsules)နှစ်လုံး=1250mg,(သို့မဟုတ်)သုံးလုံး=1875mg၊ကိုရေအနည်းငယ်ဖြင့်သောက်ပေးပါ။ရေအများကြီးမသောက်ပါနှင့်။
(Apple Cider Vinegar)အရည်ကိုလဲသောက်လို့တော့ရပါတယ်။ဒါပေမယ့်အရည်ထက်(Capsules)ကအားသာချက်တွေအများကြီးရှိနေပါတယ်။
(၁)(Apple Cider Vinegar)အရည်သောက်ပါများလာလျှင်၊ရေရှည်မှာအက်ဆစ်ဓါတ်ကြောင့်သွားများကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၂)အဲဒီထက်ပိုဆိုးတာကအစာမြိုရတဲ့လည်ချောင်းပြွန်အက်ဆစ်ဓါတ်ကြောင့်ထိခိုက်လောင်ကျွမ်းပျက်စီးနိုင်ပါသည်။အစာအိမ်ဆိုတာအက်ဆစ်ဓါတ်ခံနိုင်ရည်ရှိပေမယ့်လည်ချောင်းပြွန်ကအက်ဆစ်ဒဏ်မခံနိုင်လို့ထိခိုက်ပျက်စီးတတ်ပါတယ်။အရည်ကိုရေတိုသောက်သုံးရင်တော့အန္တရာယ်နည်းပေမယ့်ရေရှည်စွဲသုံးရင်တော့လည်ချောင်းကင်ဆာဖြစ်နိုင်သလား၊မဖြစ်နိုင်ဘူးဆိုတာဘယ်သူမှအတတ်မပြောနိုင်သေးပါ။ရေရှည်မှာလည်ချောင်းပြွန်နဲ့ပါတ်သက်လို့၊တခြားမလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေမဖြစ်ဘူးလို့ဘယ်သူမှအာမခံချက်မပေးနိုင်သေးပါ။
(၃)Apple Cider Vinegar အရည်ကိုအက်ဆစ်ဓါတ်ပျော့သွားအောင်ရေများများရောပြီးသောက်ပြန်တော့လဲ၊အက်ဆစ်အားပျော့သွားတတ်ပြီးလိုအပ်တဲ့အက်ဆစ်ဓါတ်ပမာဏပြည့်ပြည့်ဝဝမရရှိနိုင်တော့ပဲ၊ရောဂါပိုးတွေကိုမကာကွယ်ပေးနိုင်ပြန်ပါဘူး။
(၄) Apple Cider Vinegar အရည်ကိုသောက်လျှင်အနံ့၊အရသာပြင်းပြီးသောက်ရင်းနဲ့မတော်တဆနင်နိုင်၊သီးနိုင်ပြီးအန္တရာယ်ရှိလို့အထူးဂရုစိုက်သောက်မှရပါမယ်။သောက်နေစဉ်လုံးဝ၊စကားမပြောရ၊မရယ်မောရပါ။
(၅) Apple Cider Vinegar အရည်ပုလင်းကိုခရီးသွားလျှင်သောက်သုံးရန်အတွက်သယ်ဆောင်ယူသွားရန်အဆင်မပြေနိုင်ပါ။လေးလဲလေးပါတယ်။ကျကွဲ၊ဖိတ်စင်ပြန်ရင်လဲအသုံးအဆောင်ပစ္စည်းတွေထိခိုက်ပျက်စီးနိုင်ပြီး၊အနံ့လဲအလွန်ဆိုးပါတယ်။သို့သော်(Apple Cider Vinegar Capsule)ဆေးတောင့်တွေကတော့သွားလေရာကိုအလွယ်တကူပေါ့ပေါ့ပါးပါးသယ်ဆောင်သွားနိုင်ပါတယ်။
(Apple Cider Vinegar)အရည်ကိုသောက်ချင်ရင်သောက်လို့ရပေမယ့်၊(Capsule)ကတော့အထက်ပါအားသာချက်တွေရှိနေပါတယ်။သို့သော်ဘာကိုသောက်ရမယ်လို့တော့အတင်းမတိုက်တွန်းပါ။မိမိကြိုက်နှစ်သက်ရာကိုဉာဏ်ရှိသလိုရွေးချယ်သုံးဆောင်နိုင်ပါတယ်။
(Apple Cider Vinegar)ဟာပြင်ပကဝင်လာတဲ့ရောဂါပိုးတွေကိုကာကွယ်ပေးနိုင်တဲ့အကျိုးပြုအက်ဆစ်ဓါတ်ဖြစ်တဲ့အပြင်၊သဘာဝ(probiotics)တစ်မျိုးလဲဖြစ်နေတာကြောင့်၊ရင်ပူခြင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အစာမကြေခြင်းတို့ကိုလည်းသက်သာပျောက်ကင်းစေပြီးအစာကိုအလွယ်တကူကြေစေနိုင်ပါတယ်။
သွေးတွင်းသကြားဓါတ်ကိုလျှော့ချစေပြီးအင်ဆူလင်တ့ုံံပြန်နိုင်မှု့ကိုလဲကောင်းမွန်စေနိုင်ပါတယ်။အအေးမိခြင်းနှင့်လည်ချောင်းနာခြင်းကိုလည်းသက်သာပျောက်ကင်းစေပါသည်။ဝမ်းဗိုက်မှာရှိသောဆိုးကျိုးပေးသောအဆီများကိုလည်းလျှော့ချပေးနိုင်ပါသည်။ကိုလက်စထရောကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်။သွေးဖိအားကျစေပြီးနှလုံးကျန်းမာရေးကိုလည်းတိုးတက်စေပါသည်။
ခန္ဓာကိုယ်တွင်းရှိသွေး(pH)တန်ဖိုးကိုမျှတစေခြင်းကြောင့်ကင်ဆာနှင့်နာတာရှည်ရောဂါများဖြစ်နိုင်ချေကိုလျော့ချပေးနိုင်ပြီး၊ကင်ဆာဆဲ(လ်)များ၏ကြီးထွားမှု့များကိုလည်းနှေးကွေးစေနိုင်ပါသည်။ခန္ဓာကိုယ်တွင်းရှိချွဲသလိပ်တို့ကိုပြိုပျက်စေနိုင်ပါသည်။ခုခံအားစနစ်ကိုလည်းကောင်းမွန်စေပြီးအသက်ရှူလမ်းကြောင်းကိုလည်းရှင်းလင်းစေနိုင်ပါသည်။သည်းခြေအိပ်၊သည်းခြေပြွန်လမ်းကြောင်းနှင့်၊ကျောက်ကပ်ကျောက်တည်ခြင်းကိုလဲကာကွယ်ပေးနိုင်ပါတယ်။အစာချေစနစ်များကိုတိုးတက်ကောင်းမွန်စေသောကြောင့်အသဲကိုလည်းအကျိုးပြုပါသည်။
(Apple Cider Vinegar)အကြောင်းချဲ့ရေးရင်မကုန်နိုင်ပါဘူး။ကျန်းမာရေးအတွက်အဖက်ဖက်မှအထောက်အကူပြုတယ်လို့အကြမ်းသိထားရင်ရပါပြီ။
အားလုံးကျန်းမာ၍ဘေးရန်ကင်းကြပါစေ။
Kelvin Albert Power
References:
Shopping Cart