(COVID)ကာလမှာတစ်ကယ်လိုအပ်နေတဲ့သံဃာတော်တွေကိုဒီလိုလှူဒါန်းတာဟာအလွန်အကျိုးများပါတယ်။

Source from Kelvin A. Power’s Facebook on October 31, 2020
(COVID)ကာလမှာတစ်ကယ်လိုအပ်နေတဲ့သံဃာတော်တွေကိုဒီလိုလှူဒါန်းတာဟာအလွန်အကျိုးများပါတယ်။
ကျွန်တော်အပိုမပြောပါဘူး။ဒီအလှူဟာအမြတ်ဆုံးအလှူ(၃)မျိုးပေါင်းပြီး(၃)ထပ်လှူလိုက်သလိုဖြစ်နေလို့၊(သုံး၊သုံးလီ၊ကိုး)ဆိုတဲ့အတိုင်း၊အလွန်ထူးခြားလှပါတယ်။
အမြတ်ဆုံးအလှူ(၃)မျိုးပေါင်းပြီးလှူရတယ်ဆိုတဲ့သဘောကတော့ဒီလိုပါ။
(၁)ပထမအနေနဲ့၊ပစ္စည်းလေးပါးထဲမှာလည်းပါဝင်နေတဲ့(ဆေး)ဖြစ်နေလို့ပစ္စည်းလေးပါးအလှူမြောက်သွားပါတယ်။
(၂)ဒုတိယအနေနဲ့တစ်ကယ်လိုအပ်နေတဲ့အချိန်မှာလှူလိုက်ရလို့(ကာလဒါန)လဲမြောက်သွားပြန်ပါတယ်။
(၃)တတိယအနေနဲ့၊ကပ်ရောဂါကာလမှာ(Vitamin D)ဆိုတာအသက်တွေကိုကောင်းကောင်းကယ်တင်နိုင်တဲ့အသက်ကယ်ဆေးတစ်ခုဖြစ်နေလို့(ဇီဝိတဒါန)လဲမြောက်သွားပြန်ပါတယ်။
ဒီလိုတစ်ခါတည်းနဲ့အမြတ်ဆုံးအလှူ(၃)မျိုးပေါင်းပြီးလှူလိုက်သလိုဖြစ်နေလို့၊အလှူရှင်ရလိုက်တဲ့ကုသိုလ်ဟာဘယ်လောက်အကျိုးကျေးဇူးကြီးမားမယ်ဆိုတာကိုယ်တိုင်ခန့်မှန်းကြည့်လိုက်ပါ၊ပြောမပြတတ်ပါဘူး။
——
နောက်တစ်ခု၊(သုံး)ထပ်လှူလိုက်သလိုဖြစ်နေတယ်ဆိုတာကတော့ဒီလိုပါ။
ဒီအလှူဟာကြုံကြိုက်ခဲလှတဲ့အကြောင်းတရားသုံးပါးတစ်ထပ်တည်းကျသွားတဲ့အလှူလဲဖြစ်သွားပြန်ပါတယ်။အကြောင်းတရား(၃)မျိုးတစ်ထပ်တည်းကျတဲ့အလှူကိုလှူခွင့်ရဖို့ဆိုတာတစ်သက်မှာတစ်ခါတောင်ကြုံရခဲပါတယ်။အလွန်အခွင့်ထူးတဲ့အခွင့်အရေးပါပဲ။
ဒါလဲအပိုပြောတာမဟုတ်ဘူးဗျ။လူတိုင်းကိုယ်ပိုင်ဉာဏ်နဲ့သေချာစဉ်းစားကြည့်လိုက်ပါ။
နံပါတ်(၁)အနေနဲ့၊ဝိနည်းတော်နဲ့ညီညွတ်တဲ့အလှူဆိုတဲ့အကြောင်းတရားညီညွတ်ရဦးမယ်။ဝိနည်းတော်နဲ့မညီတဲ့အလှူဆိုအကျိုးမရပြန်ပါဘူး။ဆေးအလှူဟာဝိနည်းတော်နဲ့ညီညွတ်တယ်ဆိုတဲ့အကြောင်းညီညွတ်မှု့မရှိဘူးလား?။
နံပါတ်(၂)သာမာန်ဆေးလှူတဲ့အချိန်တိုင်းမှာ၊ဝိနည်းတော်နဲ့ညီတဲ့အလှူတွေဖြစ်သွားပြီပဲထားပါအုံး။ဒီလိုအလွန်လိုအပ်နေတဲ့ကပ်ဆိုးဆိုက်ရောက်နေတဲ့အချိန်ကာလတိုက်တိုက်ဆိုင်ဆိုင်ကြုံတွေ့ဖို့ဆိုတာအလွန်ခက်ခဲပြန်ပါတယ်။နှစ်တစ်ရာလောက်မှတစ်ခါကြုံတွေ့ရတတ်တဲ့(ကမ္ဘာ့ကပ်ကာလ)ဖြစ်နေလို့၊တစ်သက်မှာတစ်ခါကြုံဖို့တောင်မလွယ်ပြန်ပါဘူး။
နံပါတ်(၃)ဆေးလဲလှူခွင့်ရတယ်၊ကပ်ရောဂါကာလနဲ့လဲကြုံတွေ့တယ်ဆိုဦးတော့။ကိုယ်လှူလိုက်တဲ့ဆေးကအကျိုးကျေးဇူးကြီးတဲ့ဆေးအစွမ်းထက်မြက်တဲ့ဆေးတစ်မျိုးဖြစ်ဖို့ဆိုတာကလဲအလွန်ကြုံကြိုက်ခဲလှပြန်ပါတယ်။သောက်သုံးသူအတွက်အကျိုးနည်းတဲ့ဆေးဆိုရင်လဲမဖြစ်ရပြန်ပါဘူး။အလွန်ခိုင်မာတဲ့သုတေသနအထောက်အထားတွေအရ၊ဒီအချိန်မှာ(Vitamin D)ဆိုတာဟာသေရမယ့်လူကိုမသေတော့အောင်ကယ်တင်နိုင်တဲ့အစွမ်းထက်(အသက်ကယ်)ဆေးတစ်ခုဖြစ်မနေပြန်ဘူးလား?။
ဒါဆိုရင်အလွန်ကြုံကြိုက်ခဲလှတဲ့ကုသိုလ်ဖြစ်ကြောင်း၊အကြောင်းတရားတွေတစ်ထပ်တည်းကျနေပြန်တယ်လို့ကျွန်တော်ဆိုတာမမှန်ဘူးလား?။
ဒီလိုအလှူ(၃)မျိုးပေါင်းပြီး၊ကြုံကြိုက်ခဲလှတဲ့အကြောင်းတရားတွေ(၃)ထပ်၊တစ်ပြိုင်တည်းထပ်တူကျနေတဲ့အချိန်အခါမှာလှူလိုက်ရတဲ့အလှူဟာမြတ်စွာဘုရားသက်တော်ထင်ရှားရှိနေတဲ့အချိန်မှာလှူလိုက်ရတဲ့ကုသိုလ်ထူးတစ်ခုလိုဖြစ်နေလို့အကျိုးဘယ်လောက်ကြီးမယ်ဆိုတာဘယ်သူမှမခန့်မှန်းနိုင်ပါဘူး။
ဒါကြောင့်ဒီလိုအလှူမျိုးကိုဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်ခွင့်ရတာကိုအလွန်ဂုဏ်ယူလို့မဆုံးနိုင်ပါဘူး။
သာဓု၊သာဓု၊သာဓု၊သုံးကြိမ်ခေါ်ဆိုပါတယ်။
နောက်လဲဒီအလှူမျိုးလှူဒါန်းနိုင်ပါစေ။တစ်ခြားလူတွေလဲဒီလိုအလှူမျိုးလှူဒါန်းနိုင်ကြပါစေ။
Kelvin Albert Power
Shopping Cart