(Pandemic)ကာလမှာကူးစက်ရောဂါဖြစ်လာရင်ပြင်းထန်မှု့နဲ့သေဆုံးမှု့နည်းအောင်ကျွန်တော်(Vitamin D)နဲ့(Vitamin C)ကို(High Dose)သောက်ခိုင်းတဲ့ကိစ္စ

Source from Kelvin A. Power’s Facebook on May 20, 2020

 

(Pandemic)အချိန်ကာလမှာကူးစက်ရောဂါဖြစ်လာရင်ပြင်းထန်မှု့နဲ့သေဆုံးမှု့နည်းအောင်လူတွေကိုကျွန်တော်(Vitamin D)နဲ့(Vitamin C)ကို(High Dose)သောက်ခိုင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး၊(WHO)ကတောင်မသောက်ခိုင်းပဲနဲ့ကယ်လ်ဗင်ကသောက်ခိုင်းနေတာဟာလူတွေဒုက္ခရောက်အောင်လုပ်နေပါတယ်။တစ်ကယ်ဆိုရင်လူတစ်ယောက်ဟာတစ်နေ့ကို(Vitamin D 800 IU)နဲ့(Vitamin C 150 mg)လောက်ပဲလိုပါတယ်လို့ဆိုပြီး၊အတင်းချဖေါင်းထုနေကြတဲ့လူတွေရှိနေသလို၊ကြောက်လို့ကွန်မန့်ဖွင့်မထားပေးရဲဘူးဆိုပြီးတော့လဲဖေါင်းထုဝေဖန်နေတာတွေတွေ့လိုက်ရပါတယ်။

အဲဒီလိုဖေါင်းထုကြတဲ့(အမှိုက်တွေ)ကိုတော့နောက်ထပ်ကျွန်တော့်စာဘယ်တော့မှဖတ်ခွင့်မရအောင်လို့တသက်စာအတွက်(Block)ပေးလိုက်ပါတယ်။ဒီလိုဖြေရှင်းချက်ရေးနေတာဟာ(အမှိုက်တွေ)ကိုအရေးစိုက်နေလို့တော့မဟုတ်ပါဘူး။လူတိုင်းကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတန်ဖိုးရှိတဲ့အသိပညာတစ်ခုအသစ်ရအောင်ပြန်ရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။

Unicode Link: https://www.facebook.com/kelvin.power.1675/posts/248804046396010

လူ့ခန္ဓာကိုယ်ဟာကျန်းမာနေတဲ့အချိန်နဲ့ကပ်ရောဂါဆိုးတစ်ခုကိုရင်ဆိုင်ရတော့မယ့်အချိန်တွေမှာ(Vitamins)လိုအပ်မှု့ပမာဏဟာလုံးဝမတူညီတော့ပဲ၊အဆပေါင်းများစွာကွဲပြားခြားနားမှု့ရှိလာပါတော့တယ်။ဒီကိစ္စကိုလူတိုင်း၊နားလည်အောင်ခုခံမှု့စနစ်(Immune System Cells)တွေရဲ့အလုပ်လုပ်ပုံ(Biochemistry)ကိုအနည်းငယ်နားလည်ဖို့တော့လိုအပ်ပါတယ်။

(Biochemistry)ဆိုတဲ့ပညာရပ်ဟာရိုးရိုးဆေးပညာထက်ပိုလေးနက်ပြီးအလွန်အသေးစိတ်ပါတယ်။လူ့ခန္ဓာကိုယ်ထဲမှာဆဲလ်အမျိုးအစားပေါင်းသန်းနဲ့ချီရှိနေပါတယ်။မျိုးရိုး၊ဗီဇ(DNA/RNA)အမျိုးအစားပေါင်းလဲသန်းနဲ့ချီရှိနေပါတယ်။ဓါတုဗေဒဓါတ်ပြုမှု့ဖြစ်စဉ်တွေနဲ့ဇီဝဗေဒဆိုင်ရာဖြစ်ပျက်မှု့တွေကလဲနေ့စဉ်သန်းနဲ့ချီဖြစ်ပျက်နေပါတယ်။

အဲဒီသန်းနဲ့ချီနေတဲ့ဆဲလ်တစ်လုံးချင်းစီရဲ့အတွင်းမှာဘယ်လိုဖြစ်နေတယ်၊အပြင်မှာဘယ်လိုဖြစ်နေတယ်ဆိုတာအသေးစိတ်အတိအကျနဲ့၊(DNA/RNA)အမျိုးအစားပေါင်းအသေးစိတ်နဲ့၊ဓါတုဇီဝဖြစ်စဉ်အသေးစိတ်တစ်ခုခြင်းစီကိုဘယ်ဆရာဝန်ကမှတိတိကျကျအကုန်မသိပါဘူး။သိထားဖို့လဲမလိုအပ်ပါဘူး။ဆရာဝန်တွေကသာ၊အသေးစိတ်သိထားဖို့မလိုအပ်ပေမယ့်၊(Biochemist)တွေကြတော့အသေးစိတ်သိထားဖို့လိုအပ်ပါတယ်။

ဆိုလိုချင်တာက၊ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်(Immune System)အလုပ်လုပ်ပုံ(Biochemistry)အသေးစိတ်ကိုကျွန်တော်ရေးပေးမယ်ဆိုရင်ဘယ်သူမှကျွန်တော့်စာကိုစိတ်ဝင်တစားနဲ့ဆက်ဖတ်မှာမဟုတ်တော့ပါဘူး။အချိန်ကုန်ခံရေးပြီးဘယ်သူမှမဖတ်ကြရင်အချိန်ကုန်ပြီးအကျိုးမဲ့ရုံပါပဲ။

ဒါကြောင့်ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်(Immune System)အလုပ်လုပ်ပုံ(Biochemistry)ကိုစာအုပ်ကြီးအတိုင်းခက်အောင်မရေးပဲ၊ခလေးကစလို့လူတိုင်းနားလည်နိုင်အောင်ဥပမာပေးပြီးအလွယ်နည်းလေးနဲ့ရေးပေးပါမယ်။

ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်(Immune System)ဆိုတာဟာပြင်ပကနေကျူးကျော်ဝင်ရောက်လာတဲ့ရောဂါပိုးမွှားတွေရန်ကနေကာကွယ်ပေးပြီး၊တန်ပြန်ပြီးတိုက်ခိုက်ပေးနိုင်လို့ဘာနဲ့သွားတူနေသလဲဆိုတော့၊တိုင်းပြည်တစ်ပြည်ကိုပြည်ပကျူးကျော်ရန်ကနေကာကွယ်ပေးနေတဲ့စစ်တပ်နဲ့သွားတူနေပါတယ်။

ခန္ဓာကိုယ်ရဲ့ခုခံမှု့ဆဲလ်တွေရဲ့(Biochemistry)ကိုလေ့လာကြည်လိုက့်မယ်ဆိုရင်လဲထူးခြားနေတာတစ်ခုက၊ခုခံမှု့ဆဲလ်အားလုံးနီးပါးမှာ(vitamin D)ကိုလက်နက်ကိရိယာအဖြစ်ကိုင်တွယ်အသုံးပြုရမယ့်လက်တံ(Vitamin D receptor)တွေကိုယ်စီပါဝင်နေကြတာကိုတွေ့ရှိရပါတယ်။ဆိုလိုတာကရန်သူကိုတိုက်ခိုက်မယ့်ခုခံမှု့ဆဲလ်တွေဟာ(Vitamin D )ကိုလက်နက်သဖွယ်ကိုင်တွယ်အသုံးမပြုပဲနဲ့အလုပ်မလုပ်နိုင်ကြပါဘူး။(Vitamin D)ဆိုတာကလဲ(Vitamin C)အလုံအလောက်ရရှိတော့မှသာနှစ်မျိုးတွဲစပ်ပြီးထက်ထက်မြက်မြက်အလုပ်လုပ်နိုင်ကြတာပါ။

ဒီသဘောတရားကိုလူတိုင်းနားလည်အောင်ဥပမာပေးပြောရရင်၊ခုခံမှု့စနစ်(Immune System)ဆိုတာဟာစစ်တိုက်ရမယ့်စစ်သားတွေနဲ့တူနေသလို၊(Vitamin D)ဆိုတာကလဲစစ်သားတွေအသုံးပြုဖို့လိုအပ်နေတဲ့သေနတ်တို့အမြှောက်တို့လိုစစ်လက်နက်ပစ္စည်းတွေနဲ့သဘောသဘာဝခြင်းသွားတူနေကြပါတယ်။၊(vitamin C)ဆိုတဲ့သဘောတရားကတော့သေနတ်တွေအမြှောက်တွေထဲမှာထည့်ပြီးပြစ်ရမယ့်၊ကျည်ဆံတွေ၊ခဲယမ်းတွေ၊အမြှောက်ဆံတွေနဲ့သွားတူနေပါတော့တယ်။

ဥပမာတစ်ခုပေးပါမယ်။အလွန်ငြိမ်းချမ်းနေပြီးရန်သူမရှိ၊သူပုန်၊လူဆိုး၊သူခိုးတွေလဲမရှိတဲ့နိုင်ငံငယ်လေးတစ်ခုမှာစစ်တပ်အင်အား(၁၅၀၀)လောက်ရှိနေတယ်ဆိုကြပါစို့။ဒီအခြေအနေမှာစစ်သား(၁၅၀၀)လုံးသေနတ်ကိုင်ထားဖို့မလိုအပ်သလို၊သေနတ်အလက်(၈၀၀)လောက်ရှိနေရင်လဲလိုအပ်တာထက်တောင်ပိုနေပါပြီ။ကျန်တဲ့သေနတ်မကိုင်ထားတဲ့စစ်သားတစ်ဝက်လောက်ကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာအလုပ်လုပ်နေလို့လဲရပါတယ်။စစ်သားတချို့တွေသေနတ်ကိုင်ထားတယ်ဆိုတာကလဲလူရှိန်အောင်ဟန်ပြသဘောမျိုးဖြစ်ပြီး၊ကျဉ်တစ်တောင့်မှပြစ်ဖို့မလိုအပ်တဲ့အခြေအနေတရပ်မှာကျဉ်ဆံဆိုတာကလဲအတောင့်(၁၅၀)လောက်ရှိရင်ရပါပြီ။

သို့သော်အဲဒီ်ငြိမ်းချမ်းနေတဲ့နိုင်ငံတစ်နိုင်ငံကိုပြည်ပကရန်သူအင်အားကြီးတွေကျူးကျော်စစ်ပြုလာပြီဆိုရင်၊ချက်ခြင်းအရေးပေါ်စစ်သားစုဆောင်းပြီးစစ်အင်အားတိုးချဲ့ဖို့လိုအပ်လာပါတော့တယ်။ရန်သူကိုခုခံဖို့စစ်သားတွေစုဆောင်းပြီးစစ်အင်အားတိုးချဲ့လာလိုက်တာ၊စစ်သားအရေအတွက်(တစ်သိန်း)ကျော်တောင်ရရှိသွားတယ်ဆိုကြပါစို့။စစ်သားတစ်သိန်းကျော်တောင်ဖြစ်သွားပေမယ့်လဲလက်နက်တွေကိုတော့ထပ်ဝယ်မပေးပဲနဂိုမူလအတိုင်းသေနတ်အလက်(၈၀၀)နဲ့ကျည်ဆံအတောင့်(၁၅၀)ပဲရှိနေမယ်ဆိုရင်တော့အင်အားကြီးတဲ့ရန်သူကိုတွန်းလှန်တိုက်ခိုက်နိုင်မယ်လို့ခင်ဗျားတို့ထင်ပါသလား?။

ဒီဥပမာလိုပါပဲ၊အစားအသောက်တွေကလဲအဟာရတွေပြည့်ဝ၊နေရောင်ခြည်ကလဲကောင်းကောင်းထိတွေ့မှု့ရှိ၊ရောဂါတွေကလဲကင်းလိုက်တာကမှ၊ဖျားနာတဲ့လူမရှိလို့ဆေးရုံဆေးခန်းတွေပိတ်ပြစ်နေရဆိုတဲ့အားလုံးကောင်းမွန်ပြည့်စုံ၊ကျန်းမာနေတဲ့အခြေအနေ(Perfect condition)မှာလူ့ခန္ဓာကိုယ်က(Vitamin D, 800 IU)နဲ့(Vitamin C, 1500mg)ပဲလိုအပ်တယ်ဆိုတာမှန်ချင်မှန်ပါလိမ့်မယ်။

သို့သော်တစ်ကမ္ဘာလုံး(Pandemic)တွေဖြစ်ပြီး၊(Covid-19)လိုကပ်ရောဂါတွေကူးစက်ခံလာရတဲ့အချိန်အခါမျိုးမှာကပ်ရောဂါကြီးကိုပြန်လည်ခုခံတိုက်ခိုက်နိုင်ဖို့စစ်သည်တွေနဲ့ဆင်တူတဲ့ခန္ဓာကိုယ်ရဲ့ခုခံမှု့ဆဲလ်တွေဟာအင်အားအဆပေါင်းများစွာတိုးချဲ့ဖို့ထုတ်လုပ်ပေးဖို့လိုအပ်လာပါတော့တယ်။ရန်သူကိုခုခံဖို့စစ်သားတွေစုဆောင်းပြီးစစ်အင်အားကိုအဆပေါင်းတစ်ထောင်လောက်တိုးချဲ့လာလိုက်တာ၊လိုအပ်တဲ့စစ်သည်အင်အားတွေရရှိသွားပြီဆိုကြပါစို့။စစ်သည်တွေလုံလောက်သွားပေမယ့်၊လက်နက်တွေနဲ့တူတဲ့(Vitamin D)တွေနဲ့၊ခဲယမ်း၊ကျဉ်ဆံတွေနဲ့တူတဲ့(Vitamin C)တွေကိုတော့ထပ်ဖြည့်မပေးပဲအရင်ကလိုပဲ၊(Vitamin D, 800 IU)နဲ့(Vitamin C, 1500mg)ထားရှိနေမယ်ဆိုရင်တော့(Covid-19)ကိုတွန်းလှန်တိုက်ခိုက်နိုင်မယ်လို့ခင်ဗျားတို့ထင်ပါသလား?။မနိုင်ပါဘူး။ကျဆုံးသွားမှာပါပဲ။

တစ်ကယ်တော့စစ်သည်အင်အားတွေကိုပဲတိုးမြှင့်လိုက်ပြီး၊ကိုယ့်စစ်သားတွေကိုလက်နက်ကျဉ်ဆံတွေလုံလောက်အောင်တပ်ဆင်မပေးပဲနဲ့၊လက်နက်မဲ့ကြီးရှေ့တန်းထွက်ပြီးစစ်တိုက်ခိုင်းလိုက်မယ်ဆိုရင်တော့ဘယ်လောက်စစ်သည်အင်အားများနေပါစေ၊ကိုယ့်စစ်သားတွေစစ်ရှုံးပြီးစစ်သည်အလောင်းတွေပဲထပ်သွားမှာပါပဲ။စစ်သည်နဲ့တူတဲ့(Immune System Cells)တွေကိုတိုးချဲ့လိုက်ပြီးတဲ့အချိန်မှာ၊လက်နက်နဲ့တူတဲ့(Vitamin D)၊ကျဉ်ဆံ၊ခဲယမ်းနဲ့တူတဲ့(Vitamin C)တွေကိုအဆပေါင်းများစွာလုံလောက်အောင်မပေးနိုင်ဘူးဆိုရင်တော့၊ဝမ်းနည်းစရာနာရေးသတင်းတွေပဲကြားနေရတော့မှာပါပဲ။ဒီထက်ရှင်းတာမရှိတော့ပါဘူး။

(WHO)ကလူတွေနဲ့၊မြန်မာပြည်ကတချို့ငပိန်းတွေထင်ထားသလို၊ကျန်းမာနေရင်လဲတစ်နေ့(Vitamin D, 800 IU)နဲ့(Vitamin C, 150 mg)ပဲလိုတယ်။၊မကျန်းမာတော့ပဲ(Covid 19)ကူးစက်ခံရပြီဆိုရင်လဲ၊ထုံးစံအတိုင်း(Vitamin D, 800 IU)နဲ့(Vitamin C, 150 mg)လောက်ပဲလိုတယ်၊(High dose)ပေးစရာမလိုဘူးဆိုရင်ဒီရောဂါကိုတွန်းလှန်နိုင်မလား၊လူနာအသက်ဆုံးရှုံးမလား?။ဖြေကြည့်လိုက်ပါ။

(WHO)ရဲ့(Protocol)အတိုင်းဆေးရုံမှာလူနာကိုတင်၊အောက်ဆီဂျင်စက်တပ်ပေးထားပြီး၊ခုခံမှု့စနစ်က၊လက်နက်မဲ့၊ကျဉ်ဆံမဲ့၊နဲ့ရောဂါကိုပြန်လည်တိုက်ခိုက်လာမယ့်တစ်နေ့ကိုလက်နက်အထောက်အကူပေးလို့ရရဲ့သားနဲ့မပေးပဲထိုင်စောင့်နေမယ်ဆိုရင်တော့အဖြေကဝမ်းနည်းစရာသိပ်ကောင်းတဲ့အဖြေတစ်ခုပဲရလာပါလိမ့်မယ်။ဒါလဲရှင်းပါတယ်။

(covid 19)နဲ့သေသွားတဲ့လူတွေကိုကြည့်လိုက်ပါ။(cytokines strom)တွေဖြစ်ပေါ်လာလို့သေကြရတယ်ဆိုတာဟာလူတိုင်းသိပြီးသားပါ။တစ်ကယ်တော့(cytokines strom)တွေဆိုတာကိုယ့်ရဲ့ဆဲလ်တွေပျက်စီးသွားလို့ဖြစ်ပေါ်လာတဲ့ဓာတ်ပေါင်းတစ်မျိုးကြောင့်ဖြစ်ပေါ်လာရတာပါပဲ။

ဥပမာပေးရရင်(cytokines strom)တွေဆိုတာတခြားမဟုတ်ပါဘူး၊ရန်သူကိုလက်နက်မဲ့ခုခံတိုက်ခိုက်ရင်းနဲ့ကျဆုံးသွားရတဲ့ကိုယ့်စစ်သည်တွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကထွက်ပေါ်လာကြတဲ့ဓါတ်တမျိုးပါပဲ။ဘာကြောင့်ကျဆုံးကြရတာလဲဆိုတော့(Vitamin C)နဲ့(Vitamin D)ဆိုတဲ့လက်နက်မလုံလောက်ပဲနဲ့လက်နက်မဲ့တိုက်ခိုက်လိုက်ရလို့ပါ။ရှင်းရှင်းလေးပါ။

စစ်တပ်ဆိုတာ၊စစ်သားတစ်သိန်းပဲရှိရှိ၊တစ်သန်းပဲရှိရှိလက်နက်နဲ့ကျည်ဆံမရှိဘူးဆိုရင်ကိုယ့်စစ်သားတွေအားလုံးကျဆုံးကုန်တာကလွဲလို့ဘာမှအသုံးမဝင်ပါဘူး။ဒါဆိုရင်ကိုယ့်စစ်သားတွေကိုလက်နက်နဲ့ကျည်ဆံမပေးပဲနဲ့လက်နက်မဲ့ရှေ့တန်းထွက်ပြီးစစ်တိုက်ခိုင်းတဲ့စစ်ခေါင်းဆောင်အကြီးအကဲဆိုတာဟာပညာရှိဖြစ်မလား၊ကိုယ့်လူတွေကို၊ကိုယ်ပြန်သတ်တဲ့လူသတ်သမားဖြစ်သွားမလား?။

ဒီဥပမာလိုပါပဲ၊လက်နက်နဲ့တူတဲ့(vitamin D)ကိုလဲမသုံး၊ကျည်ဆံနဲ့တူတဲ့(vitamin C)ကိုလဲမသုံးပဲနဲ့ခုခံမှု့စနစ်ကိုလက်နက်မဲ့စစ်တိုက်ခိုင်းနေတဲ့(WHO)ကလူတွေရဲ့နည်းလမ်း(protocol)အတိုင်းလိုက်နာပြီး(Covid-19)ကိုကုသနေမယ်ဆိုရင်ကော၊အဲဒီကုသနေတဲ့ဆရာဝန်တွေဟာ၊လူတွေကိုကယ်တင်နေတာလား၊သတ်နေတာလား?။ခလေးတွေတောင်နားလည်နိုင်ပါတယ်။

ကျည်တစ်တောင့်မှပြစ်စရာမလိုပဲတိုင်းပြည်အေးချမ်းနေတဲ့အချိန်ကာလမှာစစ်သား(၁၅၀၀)၊သေနတ်အလက်(၈၀၀)၊ကျည်ဆံ(၁၅၀)ရှိမယ်ဆိုရင်အဆင်ပြေနေပေမယ့်၊ပြည်ပကကျူးကျော်သူ(Covid 19)ဝင်လာတဲ့အခါမှာစစ်သားအဆတစ်ရာတိုးရင်၊လက်နက်အဆနှစ်ရာတိုးဖို့လိုပါမယ်။ကျဉ်ဆံကတော့အဆတစ်ထောင်လောက်တိုးချဲ့ဖို့လိုပါလိမ့်မယ်။

စစ်သားတစ်သိန်းတိုးချဲ့လိုက်ပေမယ့်သေနတ်(800)နဲ့ကျည်ဆံ့(150)ကနေမတိုးပဲဆက်ပေးထားမယ်ဆိုရင်တော့အဖြေကသေမှာပါပဲ။(WHO)ကတိုးသောက်ဖို့ဘာမှမပြောလို့၊(D 800IU)နဲ့(C 150 mg)၊ရှိရင်ရပြီ(High dose)တိုးသောက်စရာမလိုဘူးလို့ယူဆနေမယ်ဆိုရင်တော့၊ဒီထက် လူ့အသက်အဆပေါင်းများစွာထပ်ပြီးပေးဆပ်ကြရပါလိမ့်မယ်။

ထိုင်ဝမ်ကိုလက်တွေ့ကြည့်လိုက်ပါ။ထိုင်ဝမ်ဆိုတာတခြားသောတိုင်းပြည်အများစုတွေထက်အရင်(Covid-19)ကူးစက်ခံရတာပါ။ပညာရှင်တွေက(ထိုင်ဝမ်)ဟာ(WHO)အဖွဲ့ဝင်မဟုတ်သလို၊(WHO)ရဲ့လမ်းညွှန်မှု့၊အကူအညီတွေမရနိုင်လို့ကမ္ဘာပေါ်မှာအထိခိုက်ဆုံးနဲ့အသေအပျောက်အများဆုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ကြိုတင်ဟောကိန်းထုတ်ခဲ့ပေမယ့်၊အဲဒီထင်ကြေးဟာပြောင်းပြန်လွဲမှားသွားပါတော့တယ်။

(WHO)အဖွဲ့ဝင်မဟုတ်သလို၊(WHO)ရဲ့အကူအညီ၊ညွန်ကြားမှု့တွေကိုလိုက်နာစရာမလိုတဲ့ထိုင်ဝမ်ဟာရောဂါအရင်ဦးဆုံးအကူးစက်ခံရပေမယ့်၊(၁၀)ယောက်ထက်ပိုမသေပါဘူး။(WHO)အဖွဲ့ဝင်ဖြစ်နေပြီး၊(WHO)ရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာနေရတဲ့နိုင်ငံတွေမှာပဲလူတွေသိန်းနဲ့ချီပြီးသေနေကြရတာပါ။

တစ်ကယ်တော့လူတွေကို(Covid-19)ကသတ်လိုက်တာမဟုတ်ပါဘူး၊(WHO)ကသတ်လိုက်တာပါ။(Covid 19)ကသတ်ရင်ထိုင်ဝမ်တွေအများဆုံးသေကြရမှာပါ။ထိုင်ဝမ်မှာမသေပဲ၊ထိုင်ဝမ်ကလွဲပြီးတခြားနိုင်ငံတွေမှာအများဆုံးသေနေတာဟာ(Covid19)ကြောင့်မဟုတ်ပဲ(WHO)ကြောင့်ဆိုတာဟာအလွန်ထင်ရှားပါတယ်။

(WHO)ညွှန်ကြားခဲ့တဲ့အမှားတွေဟာ(၁၀)ခုထက်မနည်းပါဘူး။ရောဂါကတရုတ်ပြည်ကနေအပြင်ကိုကူးစက်လာစရာအကြောင်းမရှိလာနိုင်လို့တရုတ်ပြည်ကိုခရီးသွားတွေမဖြတ်တောက်ကြပါနှင့်လို့ပြောတာ(WHO)ပါ။(Mask)မလိုဘူးလို့ပြောခဲ့တာလဲသူပါပဲ။ရောဂါပိုးက(တစ်မီတာ)ထက်ပိုပြီးမသွားနိုင်ဘူးလို့ပြောခဲ့တာလဲသူပါပဲ။လေထဲကနေမကူးစက်နိုင်ဘူးလို့ပြောခဲ့တာလဲသူပါပဲ။

ဒါတွေဟာငြင်းမရပါဘူး။(Video)သက်သေအထောက်အထားတွေ(youtube)မှာအများကြီးရှိနေပါသေးတယ်။ရှာကြည့်လိုက်ကြပါ။(WHO)ကိုဦးဆောင်နေတဲ့လူရဲ့သမိုင်းကြောင်းကိုလဲအားကိုးလို့ရသလားမရဘူးလားဆိုတာကိုသေချာလေ့လာကြည့်လိုက်ကြပါဦး။

လူတိုင်းလူတိုင်း၊ရောဂါဖြစ်ဖြစ်မဖြစ်ဖြစ်အချိန်တိုင်းမှာ(Vitamin D 800 IU)နဲ့(Vitamin C 150 mg)ပဲကိန်းသေပဲလိုပါတယ်ဆိုပြီးလှေနံဓါးထစ်အသေမှတ်ပြီး၊(Vitamin D)နဲ့(Vitamin C)ဆိုတာဟာ(Pandemic)အချိန်ကာလမှာကူးစက်ရောဂါဖြစ်လာရင်ပြင်းထန်မှု့နဲ့သေဆုံးမှု့နည်းအောင်အထောက်အကူမပေးနိုင်ပါဘူး၊သတင်းမှားတွေပါဆိုပြီးတော့ကျွန်တော့်ကိုဖေါင်းထုဝေဖန်ပြောဆိုနေတဲ့လူတွေဆိုတာဆရာဝန်ဖြစ်ဖြစ်၊ရိုးရိုးလူဖြစ်ဖြစ်၊ဘာကောင်ကြီးပဲဖြစ်ဖြစ်၊အဲဒီလိုလူမျိုးကိုငပိန်း၊သို့မဟုတ်ထမင်းစားပြီးဉာဏ်မတိုးပဲမစင်တွေပဲဖြစ်သွားတဲ့လူစားမျိုးတွေလို့ခေါ်ပါတယ်။

လူတွေဟာနေ့တိုင်းထမင်းစားပြီးကြီးပြင်းလာသလို၊ခွေးတွေ၊ကြောင်တွေကိုလဲထမင်းကျွေးရင်စားကြပါတယ်။သို့သော့်၊ထမင်းစားတာချင်းတူပေမယ့်၊ခွေးတွေထမင်းစားတာနဲ့လူတွေထမင်းစားတာကွဲပြားခြားနားပါတယ်။လူဆိုတာထမင်းတနပ်စားပြီးတိုင်း၊စားပြီးတိုင်းမှာမနေ့ကနဲ့ဒီနေ့အသိဉာဏ်ဗဟုသုတတွေမတူတော့သလို၊ဒီနေ့နဲ့မနက်ဖြန်လဲမတူတော့ပဲအသိဉာဏ်တွေတဆင့်ပြီးတဆင့်တိုးတက်ဖွံ့ဖြိုးလာကြပါတယ်။ခွေးတွေ၊တိရိစ္ဆာန်တွေကြတော့ထမင်းဘယ်လောက်စားစား၊ဘယ်နှစ်နပ်ပဲစားစား၊စားလိုက်တဲ့ထမင်းကမစင်တွေဖြစ်သွားရုံကလွဲလို့ဘာမှအသိဉာဏ်တိုးတက်မလာပါဘူး။ခွေးကိုတစ်နှစ်ပါတ်လုံးထမင်းကျွေးထားလဲလူတွေလိုအသိဉာဏ်တိုးတက်မလာပါဘူး၊ခွေးကခွေးပါပဲ။

တချို့သောလူတွေမှာလဲခွေးတွေလိုပါပဲထမင်းစားပြီးအသိဉာဏ်တိုးတက်မလာပဲ၊စားသမျှထမင်းတွေအားလုံးအိမ်သာထဲကိုပဲရောက်ရောက်သွားကြတဲ့(ထမင်းစားမစင်ဖြစ်)ဆိုတဲ့လူစားမျိုးတွေရှိနေပါတယ်။ရှင်းရှင်းပြောရရင်ထမင်းစားပြီးလောကကြီးအတွက်ဘာမှအကျိုးမပြုနိုင်တဲ့လူတွေကို(အမှိုက်သရိုက်တွေ)လို့လဲခေါ်ပါတယ်။အမှိုက်သရိုက်တွေကိုကျွန်တော့်ဝေါပေါ်မှာ(Comments)ရေးခွင့်ပေးရအောင်ကျွန်တော့်ဝေါကအမှိုက်ထည့်ဖို့ထောင်ထားတဲ့စည်ပင်ကအမှိုက်ပုံးကြီးတစ်ခုမဟုတ်ပါဘူး။ကြောက်လို့(Comments)ပိတ်ထားတာတော့မဟုတ်ပါဘူး။ရွံံလို့ပါ။

အမှိုက်သရိုက်တွေနဲ့ဖက်ပြိုင်မပြောချင်ဘူး၊(Comments)လက်မခံဘူးဆိုတော့ကြီးကျယ်တယ်လို့တော့မထင်လိုက်ကြပါနဲ့။မကြီးကျယ်ပါဘူး။ဒီလူတွေအတွက်သာအချိန်မပေးနိုင်ပေမယ့်၊တစ်ကယ်ဒုက္ခရောက်နေပြီး၊ရောဂါဝေဒနာတွေခံစားနေရတဲ့လူနာတွေလာမေးတာတွေ့ရင်တော့အချိန်မရှိတဲ့ကြားထဲကနေရတဲ့အချိန်လေးထဲကနေဖဲ့ပေးပြီးစိတ်ရှည်လက်ရှည်ဖြေကြားကူညီပေးတတ်ပါတယ်။

ခင်ဗျားတို့ပဲစဉ်းစားကြည့်လိုက်ပါ။အမှိုက်သရိုက်တွေနဲ့(ထမင်းစားမစင်ဖြစ်)လူစားမျိုးတွေကို(Comments)ဖွင့်ပေးပြီးဖက်ပြိုင်ပြောရမယ့်အချိန်အတိုင်းအတာတစ်ခုကို၊မကျန်းမာတဲ့လူနာတွေ၊အသည်းအသန်ဖြစ်နေတဲ့လူနာတွေကိုမေးခွန်းတွေဖြေပေးပြီးအများကြီးကူညီအကျိုးပြုပေးနိုင်သလို၊လူပေါင်းထောင်နဲ့ချီပြီး၊ကျန်းမာရေးဗဟုသုတရနိုင်ဖို့(Post)ကောင်းကောင်းတစ်ခုရေးတင်ပေးလိုက်မယ်ဆိုရင်ပိုပြီးအကျိုးရှိမသွားနိုင်ဘူးလား?။

အမှိုက်သရိုက်တွေတက်ရေးမယ့်(Comments)တွေ၊အဆဲအဆိုတွေကိုပြန်ဖြေရှင်းငြင်းခုန်ဖို့လဲကျွန်တော်အချိန်မပေးနိုင်သလို၊ပညာအဆင့်အတန်းခြင်းလဲမတူလို့မငြင်းခုန်သင့်တဲ့အပြင်၊ဘေးကနေမြင်နေရတဲ့လူတွေကိုလဲစိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ပညာရှင်တွေအချင်းချင်းငြင်းခုန်ကြမယ်ဆိုရင်တော့ဘေးကနေထိုင်ကြည့်နေတဲ့လူတွေအတွက်ပညာတွေအများကြီးရနိုင်ပါတယ်။

ကမ္ဘာ့ချန်ပီယံဘောလုံးအသင်းကိုရပ်ကွက်ထဲကဘောလုံးအသင်းကစိန်ခေါ်ကြည့်လိုက်ပါ။ဟိုကလာမကန်ပါဘူး။ကြောက်လို့တော့မဟုတ်ပါဘူး၊ခြေမတူလို့ပါ။ယှဉ်ပြိုင်ချင်တယ်ဆိုရင်အရည်အချင်းခြင်းတူအောင်အရင်ကျိုးစားလိုက်ပါ။(Biochemistry)နဲ့(USA)လိုနိုင်ငံမျိုးမှာအနည်းဆုံး(Ph. D) တစ်ခုလောက်အရင်လာယူလိုက်ပါ။ပြီးရင်ရပြီလားဆိုတော့မရသေးဘူး။သုတေသနတွေကိုသေချာနားလည်ကျွမ်းကျင်အောင်(NIH-Gov)လိုဌာနမျိုးမှာ(၅)နှစ်လောက်အတွေ့အကြုံရအောင်ဝင်လုပ်ကြည့်လိုက်ပါဦး။

အဲဒီအဆင့်လောက်အနည်းဆုံးရတော့မှလက်ခံဆွေးနွေးသင့်မသင့်စပြီးစဉ်းစားပေးပါမယ်။ရှင်းတယ်နော်။ခြင်္သေ့ဆိုတာခွေးနဲ့ပြိုင်မကိုက်ကြဘူး။ကြောက်လို့မဟုတ်ပါဘူး၊မတန်လို့ပါ။အမှိုက်သရိုက်တွေအတွက်(Comments)တွေပိတ်ထားတာလဲကြောက်လို့မဟုတ်ပါဘူး၊တန်းခြင်းမတူလို့ပါပဲ။

အနှစ်ချုပ်လိုက်ရင်။(WHO)ဆိုတာဘာမှတာဝန်ယူမှု့၊တာဝန်ခံမှု့မရှိသလို၊ယုံကြည်လို့မရတဲ့အဖွဲ့ဖြစ်နေပါတယ်။ကယ်လ်ဗင်ရဲ့အကောင့်ဆိုတာဟာလဲအမှိုက်တွေလာထည့်ဖို့စည်ပင်ကထောင်ပေးထားတဲ့အမိုက်ပုံးကြီးမဟုတ်ပါဘူး။စစ်သားနဲ့တူတဲ့(Immune’s cells)တွေဆိုတာဟာလဲပြင်ပကရောဂါတစ်ခုခုဝင်ရောက်လာရင်၊လက်နက်နဲ့တူတဲ့(Vitamin D)ပုံမှန်လိုအပ်တာထက်အဆပေါင်းများစွာအလုံအလောက်မရပဲနဲ့အလုပ်မလုပ်နိုင်သလို၊ကျဉ်ဆံ၊ခဲယမ်းနဲ့တူတဲ့(Vitamin C)ပုံမှန်ထက်အဆပေါင်းများစွာမရရှိပဲနဲ့အလုပ်မပြီးမြောက်နိုင်ပါဘူး။

ဒီအသိပညာထူးဟာ(Covid-19)တစ်ခုတည်းအတွက်အသုံးဝင်တာမဟုတ်ပဲ၊တစ်သက်လုံးကြုံတွေ့နေရမယ့်ကူးစက်ရောဂါတွေအားလုံးကိုကာကွယ်တွန်းလှန်ဖို့အတွက်ရွှေထက်ပိုပြီးအဖိုးတန်သွားပါတယ်။

ဒီအချက်ကိုကောင်းကောင်းနားလည်ထားရင်ဘာရောဂါဖြစ်ဖြစ်၊ရောဂါတမျိုးမျိုးဖြစ်လာပြီဆိုရင်၊အမည်သိစရာမလိုသလို၊ပိုးသတ်ဆေး(Antibiotics)တွေလဲမလိုပါဘူး။လူတိုင်းမှာရောဂါကိုကာကွယ်နိုင်တဲ့စစ်တပ်နဲ့တူတဲ့(Immune System)ရှိနေပါတယ်။ကိုယ်လုပ်ရမှာကတစ်ခုတည်းပဲရှိပါတယ်။စစ်တပ်ကိုလက်နက်နဲ့ကျဉ်ဆံသာအလုံအလောက်ပေးလိုက်မယ်ဆိုရင်တိုက်လို့မရနိုင်တဲ့ရန်သူဆိုတာမရှိပါဘူး။(Vitamin D)နဲ့(Vitamin C)ကိုလုံလောက်အောင်သာများများပေးလိုက်ပါ။မခုခံနိုင်တဲ့ရောဂါဆိုတာမရှိပါဘူး။

ကမ္ဘာပေါ်မှာရှိသမျှတောရိုင်းတိရိစ္ဆာန်အမျိုးမျိုးတွေဟာကမ္ဘာဦးကတည်းကစလို့အခုချိန်အထိမျိုးတုံးမသွားပဲကူးစက်ရောဂါတွေကိုကာကွယ်ခုခံလာနိုင်ခဲ့တာကာကွယ်ဆေးကြောင့်မဟုတ်သလို၊(Antibiotics)တွေကြောင့်လဲမဟုတ်ပါဘူး။သဘာဝကပေးတဲ့နေရောင်ခြည်ကရရှိတဲ့(Vitmin D)နဲ့၊တိရိစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ကနေရောဂါဖြစ်လာလို့၊လိုအပ်လာရင်၊လိုအပ်သလို(Vitamin C)ကိုသာမာန်ထက်အဆပေါင်းများစွာတိုးမြင့်ထုတ်လုပ်ပေးနိုင်တဲ့စွမ်းအားတွေကြောင့်ပါပဲ။ဒီအချက်ကိုတွေ့ရှိခဲ့တာကျွန်တော်မဟုတ်ပါဘူး။နိုဗယ်လ်ဆု(၂)ခုပိုင်ရှင်(Linus Pauling)ပါပဲ။

ဝမ်းနည်းစရာကောင်းတာတစ်ခုကလူတွေရဲ့ခန္ဓာကိုယ်ဟာတိရိစ္ဆာန်တွေလို(Vitamin C)လုံးဝကိုထုတ်မပေးနိုင်ကြပါဘူး။ဒါကြောင့်မကျန်းမာရင်အဆပေါင်းများစွာတိုးမြင့်သောက်ပေးရပါတယ်။နေပူစာလှုံပေးရပါတယ်။ကျွန်တော်တို့ကိုယ်တွင်းမှာခုခံမှု့စနစ်ကစစ်သည်တွေနဲ့တူတဲ့ခုခံမှု့ဆဲလ်တွေကိုလိုသလောက်ထုတ်ပေးနိုင်ပါတယ်။ဒါကြောင့်လက်နက်နဲ့ကျဉ်ဆံရရင်ပွဲပြီးပါတယ်။ယုံချင်ယုံ၊မယုံလို့ဖေါင်းထု၊အတင်းချလဲကယ်လ်ဗင်က(လုံးဝ၊လုံးဝ)ဂရုမစိုက်ပါဘူး။ဉာဏ်ပညာရှိသူတွေအတွက်အကျိုးရှိရင်ရပြီ။လူမိုက်တွေကတော့လူမိုက်လမ်းပဲသွားကြမှာပါ။

အားလုံးဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power.
—-

References:
Vitamin D and 1,25(OH)2D Regulation of T cells
https://www.ncbi.nlm.nih.gov/pmc/articles/PMC4425186/
Modulation of the Immune Response to Respiratory Viruses by Vitamin D
https://www.ncbi.nlm.nih.gov/pmc/articles/PMC4488782/
Vitamin D and Respiratory Tract Infections: A Systematic Review and Meta-Analysis of Randomized Controlled Trials
https://www.ncbi.nlm.nih.gov/pmc/articles/PMC3686844/
https://pubmed.ncbi.nlm.nih.gov/23840373/
Randomized Trial of Vitamin D Supplementation to Prevent Seasonal Influenza A in Schoolchildren
https://academic.oup.com/ajcn/article/91/5/1255/4597253
https://pubmed.ncbi.nlm.nih.gov/20219962/
Vitamin D (25(OH)D) in patients with chronic kidney disease stages 2-5
https://www.ncbi.nlm.nih.gov/pmc/articles/PMC5091275/
https://www.ncbi.nlm.nih.gov/pmc/articles/PMC7130971/
The relation between serum vitamin D levels, viral infections, and severity of attacks in children with recurrent wheezing

Perspective: improving vitamin D status in the management of COVID-19
https://www.ncbi.nlm.nih.gov/pmc/articles/PMC7216123/

COVID-19 and vitamin D—Is there a link and an opportunity for intervention?
https://www.ncbi.nlm.nih.gov/pmc/articles/PMC7191631/

The role of vitamin D in the prevention of coronavirus disease 2019 infection and mortality
https://www.ncbi.nlm.nih.gov/pmc/articles/PMC7202265/

Mechanism of the inflammatory response in associated comorbidities in COVID-19
https://www.ncbi.nlm.nih.gov/pmc/articles/PMC7215143/

Enhancing immunity in viral infections, with special emphasis on COVID-19: A review
https://www.ncbi.nlm.nih.gov/pmc/articles/PMC7161532/

First Data to be Published on COVID-19 Severity and Vitamin D Levels
https://www.grassrootshealth.net/…/first-data…/

Vitamin D levels appear to play a role in COVID-19 mortality rates
https://www.sciencedaily.com/rel…/2020/05/200507121353.htm

https://www.grassrootshealth.net/…/Grant-GRH-Covid…


Study: Vitamin D supplementation a key factor in COVID-19 severity
https://www.nutraingredients.com/…/Study-Vitamin-D…

Vitamin D Determines Severity in COVID-19: Researchers Urge Government to Change Advice
https://scitechdaily.com/vitamin-d-determines-severity…/

The role of Vitamin D in the prevention of Coronavirus Disease 2019 infection and mortality
https://www.researchsquare.com/article/rs-21211/v1

COVID-19 and vitamin D: SoCal doctor explains the connection
https://abc7.com/vitamin-d-and-coronavirus…/6182232/

Perspective: improving vitamin D status in the management of COVID-19
https://www.nature.com/articles/s41430-020-0661-0

Vitamin D levels appear to play a role in COVID-19 mortality rates
https://neurosciencenews.com/vitamin-d-coronavirus…/

https://patch.com/…/first-data-published-covid-19…

Shopping Cart