(COVID-19)ရောဂါပြင်းထန်မှု့အတိုင်းအတာနဲ့သေဆုံးမှု့နှန်းဟာသွေးထဲမှာရှိနေတဲ့(Vitamin D)အနည်းအများနဲ့ပြောင်းပြန်အချိုးကျနေပါတယ်။

Source from Kelvin A. Power’s Facebook on May 17, 2020
သုတေသနတွေအကြိမ်ကြိမ်လုပ်ပြီးအခုနောက်ဆုံးသေသေချာချာနားလည်လာတဲ့အဖြေမှန်တစ်ခုကတော့၊ဒီကမ္ဘာမှာ(Corona Virus)ရောဂါလွတ်ကင်းမဲ့နေရာနဲ့နိုင်ငံဆိုတာဘယ်လိုမှမရှိနိုင်တော့ပါဘူး။ဘယ်နိုင်ငံမှာပဲနေနေ၊ဘယ်လောက်ပဲဆေးပညာတွေတိုးတက်နေပါစေ၊ဘယ်လိုပဲ(Locked Down)လုပ်ပြီးတားဆီးထားကြပါစေ၊ယာယီပဲထိန်းချုပ်လို့ရပါမယ်။
ရေရှည်တသက်လုံးတော့(Locked Down)လုပ်ထားလို့မရနိုင်ပါဘူး။အခုဒီရောဂါကို(ယာယီ)ထိန်းချုပ်နိုင်ရင်တောင်နောင်တချိန်ပြန်ဖွင့်ရင်ပေါက်ကွဲလာမှာပါပဲ။တသက်လုံးမဖွင့်ပဲနဲ့လဲနေလို့မရပါဘူး။အမြဲ(Locked Down)လုပ်ထားရင်ရောဂါနဲ့မသေပဲအလုပ်အကိုင်စီးပွားရေးတွေပျက်စီးကုန်လို့ထမင်းငတ်သေကုန်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ဒီရောဂါဟာယာယီ၊ခဏတဖြုတ်ကလေးပဲဖြစ်ပြီးတော့ပြီးဆုံးသွားမည့်ဧည့်သည်ရောဂါတစ်ခုမဟုတ်တော့ပဲအမြဲရှိနေပြီးဒုက္ခထိုင်ပေးနေတော့မယ့်အိမ်ရှင်ရောဂါတစ်ခုဖြစ်လာပါပြီ။ဒါကြောင့်လူတိုင်းစေ့နီးပါးကိုကူးစက်လို့ပြီးသွားမှသာလျှင်ဒီကပ်ရောဂါကိုကျော်လွှားနိုင်ကြပါလိမ့်မယ်။လူတိုင်းစေ့နီးပါးကိုမကူးစက်နေသေးသရွေ့ကတော့ဒီကပ်ကိုကျော်လွားနိုင်ဖို့နည်းလမ်းမမြင်ပါဘူး။
ဆိုလိုတာက၊လူရယ်လို့အသက်ရှင်ဖြစ်တည်နေသရွေ့ကတော့အနှေးနဲ့အမြန်ပဲကွာချင်ကွာပါမယ်၊တစ်နေ့မှာတော့(Corona Virus)ရောဂါသေချာပေါက်အကူးစက်ခံကြရမှာပါပဲ။ရောဂါပြင်းထန်မှု့၊ပျော့ပြောင်းငြင်သာမှု့တွေပဲကွာချင်ကွာပါမယ်။ဒီရောဂါမကူးစက်ခံရပဲနဲ့လွတ်သွားမယ့်လူဆိုတာကတော့အလွန်ရှားပါလိမ့်မယ်။
ရောဂါမကူးအောင်လို့လကမ္ဘာပေါ်ကိုဒုံးပျံနဲ့တက်သွားပြီး(၃)နှစ်လောက်သွားရှောင်နေရင်လဲကမ္ဘာမြေပြင်ကိုပြန်လာတဲ့တစ်နေ့မှာဒီရောဂါကရှေ့ဆုံးကနေလာစောင့်ကြိုနေမှာပါပဲ။လွတ်စရာလမ်းတော့မမြင်ပါဘူး။ဒါကြောင့် အကောင်းဆုံး၊ဈေးအသက်သာဆုံးနဲ့အထိအခိုက်အနည်းဆုံး၊နည်းလမ်းနဲ့ရင်ဆိုင်နိုင်အောင်ကျိုးစားကြရပါလိမ့်မယ်။ရန်သူကိုတိုက်ရိုက်ရင်ဆိုင်နိုင်ဖို့အတွက်(Vitamin D)လို့ခေါ်တဲ့သံချပ်ကာလူတိုင်းဝပ်ဆင်ရပါတော့မယ်။
ဆိုလိုတာက(COVID)ကိုရှောင်လို့မရနိုင်ဘူးလူတိုင်းကိုတစ်နေ့ကူးစက်လာမှာပါပဲ။သို့သော်တချို့လူတွေကရောဂါဒဏ်ပြင်းပြင်းထန်ထန်ခံစားရပြီးအတွင်းအင်္ဂါအစိတ်အပိုင်းတွေအားလုံးပျက်စီးပြီးအသက်ဆုံးရှုံးနိုင်ပေမယ့်။တစ်ချို့ကတော့နှာစေးချောင်းဆိုးထက်မပိုပဲရောဂါပျောက်သွားမယ်။တစ်ချို့ကတော့ရောဂါဖြစ်မှန်း၊ကူးစက်ခံထားရမှန်းတောင်မသိလိုက်ပဲနဲ့ရောဂါပျောက်ကင်းသွားမယ်။အဲဒါတွေအားလုံးဟာသွေးထဲမှာရှိနေတဲ့(Vitamin D)ပမာဏအပေါ်မှာလဲအများကြီးမူတည်နေပါတယ်။
အလွန်ထူးခြားတဲ့သုတေသနအသစ်တွေ့ရှိချက်အရ(COVID-19)ရောဂါပြင်းထန်မှု့အတိုင်းအတာနဲ့သေဆုံးမှု့နှန်းဟာသွေးထဲမှာရှိနေတဲ့(Vitamin D)အနည်းအများနဲ့ပြောင်းပြန်အချိုးကျနေပါတယ်။
အထူးမှတ်ချက်။ဒီနေရာမှာ(vitamin D)တန်ဖိုး(ng/ml )နဲ့ပဲဆွေးနွေးသွားမှာပါ။ကိုယ်က(nmol/L)နဲ့တိုင်းထားရင်တော့(2.5)နဲ့စားလိုက်ရင်(ng/ml)ရရှိပါလိမ့်မယ်။
တချို့လူတွေဟာသွေးထဲမှာ(25-Hydroxy Vitamin D) (70ng/ml)ကနေ(100 ng/ml)အထိတောင်ရှိနေကြပါတယ်။အဲဒီလိုလူတွေ(COVID)အကူးစက်ခံရရင်သေဖို့ဆိုတာ(မဖြစ်နိုင်)လောက်အောင်ကိုခဲယဉ်းပါတယ်။ရောဂါလဲပြင်းထန်ဖို့မလွယ်ပါဘူး။(100 ng/ml)ကျော်သွားရင်အန္တရာယ်မရှိသေးပေမယ့်လဲဘာမှပိုပြီးတော့အကျိုးမရနိုင်ပါဘူး။သို့သော်(120 ng/ml)ကျော်သွားပြီဆိုရင်တော့အန္တရာယ်ရှိနိုင်ပါတယ်။
(Vitamin D, 70 ng/ml)ကျော်တဲ့သူတွေအတွက်(COVID)နဲ့သေဖို့မဖြစ်နိုင်အောင်ခဲယဉ်းတယ်ဆိုတဲ့အတိုင်းဆန့်ကျင်ဖက်အားဖြင့်(30 ng/ml)အောက်ပဲရှိတဲ့သူတွေအတွက်ကတော့ကံဆိုးပါတယ်။(30 ng/ml)အောက်ပဲရှိတယ်ဆိုရင်တော့ (COVID)ရောဂါဒဏ်အလူးအလဲခံရမယ်၊ပြီးတော့အသက်လဲဆုံးရှုံးသွားဖို့များပါတယ်။အဲဒီလူတွေကိုအသက်ကယ်ဖို့ဆိုတာဘယ်လောက်ပဲဆေးရုံတွေကျိုးစား၊ဘယ်လောက်ပဲဆေးပညာတိုးတက်ပါစေ၊သိပ်မလွယ်ကူလှပါဘူး။
ရှင်းရှင်းပြောရရင်(Covid-19)ကူးစက်ခံရတာခြင်းအတူတူ၊အကြမ်းအားဖြင့်(Vitamin D, 70 ng/ml)ကျော်တဲ့သူတွေကိုတော့(ရှင်)လူတွေလို့သတ်မှတ်ထားလို့ရသလို၊(Vitamin D, 30 ng/ml)အောက်ရောက်နေတဲ့လူတွေကိုတော့(သေ)လူတွေလို့ကြိုတင်ဟောကိန်းထုတ်ထားလို့ရပါတယ်။ကြားထဲမှာရှိတဲ့(Vitamin D, 30 ng/ml)ကိုကျော်ပြီး(Vitamin D, 70 ng/ml)အောက်ရောက်နေမယ်ဆိုရင်တော့ဘယ်လိုမှသေချာမပြောနိုင်ပါဘူး။တစ်ခြားသောအကြောင်းရင်းတွေအပေါ်လဲမူတည်နေပါတယ်။ဒါကြောင့်အသက်ရှင်မယ့်ဖက်ကိုသေချာအောင်လူတိုင်းကို(Vitamin D, 70 ng/ml)ကျော်နေစေချင်ပါတယ်။
ပိုက်ဆံမရှိလဲပူစရာမလိုပါဘူး၊မိခင်သဘာဝက(Vitamin D)တွေနေရောင်ခြည်ကနေအလကားပေးနေပါတယ်။ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။အသားဖြူရင်တော့၊ခဏလေးနေပူစာလှုံရုံနဲ့(Vitamin D)လုံလုံလောက်လောက်ရနိုင်ပေမယ့်၊အသားညိုရင်၊မဲရင်တော့အကြာကြီးနေရောင်ခံပေးရပါတယ်။နောက်တစ်ခုက၊အသားဖြူရင်နေရောင်ကြောင့်အရေပြားပျက်စီးမှု့၊အရေပြားကင်ဆာဖြစ်နိုင်မှု့များပေမယ့်၊အသားညိုသူ၊မဲသူတွေကြတော့နေရောင်ကိုပိုခံနိုင်ပြီးအရေပြားရောဂါဖြစ်နိုင်မှု့နည်းပြန်ပါတယ်။
ကိုယ်ကအသားဖြူသည်ဖြစ်စေ၊မဲသည်ဖြစ်စေ(D3)ဖြည့်စွက်စာစားလဲရပါတယ်။အသားအရေနဲ့တော့မဆိုင်တော့ပါဘူးကိုယ်သောက်တဲ့ပမာဏနဲ့ပဲဆိုင်ပါတော့မယ်။ (Vitamin D, 70 ng/ml)ကျော်နေလို့ကျမသွားရအောင်ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့တစ်နေ့ကို(5000 IU)သောက်ပြီးထိန်းထားလို့ရပါတယ်။
ကိုယ်က(70 ng/ml)မကျော်ပဲနဲ့(5000 IU)နေ့တိုင်းထိုင်သောက်နေလို့ကတော့(70 ng/ml) ကျော်လာဖို့မလွယ်ကူပါဘူး။စောင့်နေရင်အသက်သာကြီးသွားပါလိမ့်မယ်။နှစ်နဲ့ချီကြာသွားပါလိမ့်မယ်။ဒါကြောင့်(70 ng/ml)မကျော်သေးတဲ့လူတွေဟာတစ်နေ့ကို(10,000 IU)သောက်ဖို့လိုအပ်ပါတယ်။(70 ng/ml)ကျော်ပြီဆိုရင်တော့(Covid-19)သိပ်ကြောက်စရာမလိုတော့ပါဘူး။
Vitamin D3 က(100 ng/ml)ကျော်သွားလဲအကျိုးကတော့(70 ng/ml)ကျော်သမားထက်ဘာမှသိပ်ပိုမရပေမယ့်၊အန္တရာယ်လဲမရှိသေးပါဘူး။သို့သော်(120 ng/ml)ကိုကျော်ရင်တော့အန္တရာယ်ရှိသွားလို့မကျော်ဖို့တော့ဂရုစိုက်ကြရပါမယ်။ကိုယ်က(70 ng/ml)အောက်ဆိုရင်တစ်နေ့(10,000 IU)ခြောက်လလောက်ဆက်တိုက်ထိုင်သောက်လဲ၊(120 ng/ml)မကျော်နိုင်လို့အန္တရာယ်အလွန်နည်းပါတယ်။(၂)နှစ်လောက်နေ့စဉ်ဆက်တိုက်(10,000 IU)သောက်ရင်တော့ကျော်ချင်ကျော်သွားနိုင်ပါတယ်။
အထူးပြောချင်တာက၊(70 ng/ml)အောက်မှာရှိနေတဲ့လူတိုင်းနီးပါးဟာ(Covid 19, Pandemic)ကာလမှာ(Vitamin D3)ကိုနေ့စဉ်(10,000 IU)သောက်သင့်ပါတယ်။
(70 ng/ml)နဲ့(100 ng/ml)ကြားမှာရှိတဲ့လူတွေကြတော့(10,000 IU)သောက်လို့ရသလို၊(5000 IU)လဲနေ့စဉ်သောက်လို့ရပါတယ်။
(100 ng/ml)အထက်မှာရှိသူတွေကတော့ပြန်ကျ၊မသွားအောင်ထိန်းတဲ့အနေနဲ့(5000 IU)နေ့စဉ်သောက်ရင်ရပါပြီ။နေ့စဉ်(10,000 IU)သောက်ဖို့မလိုပါ။မသောက်ပါနဲ့။
(COVID-19 Positive)ဖြစ်ပြီဆိုတဲ့လူတွေကတော့ဒုက္ခမရောက်ချင်ရင်အနည်းဆုံး(20,000 IU)ကိုရောဂါမပျောက်မချင်းနေ့စဉ်သောက်ရပါမယ်။(COVID-19 Positive)သမားဟာ(Vitamin D)သုံးတာအလွန်များလို့ပြုတ်ကျသွားဖို့လဲအလွန်မြန်ပါတယ်။များများသောက်ပေးရပါမယ်။
နောက်ကောင်းတာတစ်ခုက(Vitamin D)ဆိုတာအသဲထဲမှာ(၂)ပါတ်လောက်သိမ်းဆည်းထားပေးနိုင်လို့နေ့တိုင်းသောက်စရာမလိုပါဘူး။
ဆိုလိုတာကတစ်ရက်(5000 IU)သောက်ရမယ့်လူက(၄)ရက်စာပေါင်းပြီး(20,000 IU)တစ်ကြိမ်သောက်လို့ရသလို၊(၁၀)ရက်စာပေါင်းပြီးလဲ(50,000 IU)တစ်ကြိမ်သောက်လို့လဲရပါတယ်။
(10,000 IU)နေ့စဉ်သောက်ရမယ့်သူက၊တစ်ပါတ်နေမှ(70,000 IU)သောက်လဲရတာပါပဲ။ ပေါင်းသောက်တာ(၁၀)ရက်ထက်တော့မကျော်စေချင်ဘူး။ရက်(၂၀)တစ်ကြိမ်ပေါင်းသောက်တာတို့၊တစ်လတစ်ကြိမ်ပေါင်းသောက်တာတို့တော့သိပ်အားမပေးဘူး။နေ့စဉ်သောက်နေတာနဲ့၊(၁၀)ရက်တစ်ခါပေါင်းသောက်တာနဲ့ကတော့အကျိုးကျေးဇူးခြင်းအတူတူပါပဲ။မထူးခြားပါဘူး။
တစ်ချို့လူတွေကစောဒကတက်ကြလိမ့်မယ်။အထူးသဖြင့်သုတေသနအားနည်းတဲ့၊စာသိပ်မဖတ်တဲ့ဆရာဝန်တွေက(Vitamin D Daily Value)ကပုံမှန်အားဖြင့်(800 IU)ပဲလိုအပ်တယ်လို့ပြောကြပါမယ်။သူတို့နားမလည်တာတစ်ခုကခန္ဓာကိုယ်ဆိုတာ(ကိန်းသေ)သတ်မှတ်ထားလို့ရတဲ့စက်ရုပ်မဟုတ်သလို၊ကားတွေ၊မော်တော်ဆိုင်ကယ်တွေမဟုတ်ဘူးဆိုတာပါပဲ။
စက်ရုပ်တွေ၊ကားတွေ၊ဆိုင်ကယ်တွေမှာဆိုရင်ဆီဘယ်လောက်ထည့်ထားရင်၊အင်ဂျင်ဝိုင်ဘယ်လောက်ထည့်ထားရင်၊ဓါတ်အားဘယ်လောက်သွင်းထားရင်၊ဘယ်နှစ်မိုင်မောင်းနိုင်တယ်။ဘယ်လောက်ကြာကြာခံတယ်ဆိုတာ(ကိန်းသေ) အနေနဲ့တိတိကျကျတွက်ထားလို့ရပါတယ်။လူ့ခန္ဓာကိုယ်မှာကိန်းသေလိုအပ်မှု့ဆိုတာမရှိပါဘူး။
သူတိုပြောတဲ့၊ပုံမှန်အားဖြင်ခန္ဓာကိုယ်က(Vitamin D 800 IU)ပဲနေ့စဉ်လိုတယ်ဆိုတာကအားလုံးကောင်းမွန်ပြည့်စုံနေတဲ့အခြေအနေ(Perfect condition)ကိုပြောတာပါ။ကမ္ဘာပေါ်မှာဘာရောဂါမှလဲရှိမနေဘူး။အစားအသောက်တွေကလဲသဘာဝကျပြီးအဟာရတွေပြည့်ဝ၊နေရောင်ခြည်ကလဲကောင်းကောင်းထိတွေ့မှု့ရှိ၊ရောဂါတွေကလဲကင်းလိုက်တာကမှ၊ဖျားနာတဲ့လူမရှိလို့ဆေးရုံဆေးခန်းတွေတောင်ပိတ်ပြစ်နေရတယ်ဆိုတဲ့အကောင်းဆုံးအခြေအနေတရပ်မှာဆိုရင်တော့(Vitamin D, 800 IU)ပဲနေ့စဉ်လိုအပ်တယ်ဆိုတာမှန်ပါတယ်။
ဒါပေမယ့်တချို့ဆေးပညာရှင်တွေမသိတာကခန္ဓာကိုယ်ရဲ့(Vitamin)လိုအပ်မှု့ဆိုတာဟာဖျားနာလာရင်၊ဖျားနာလာသလိုရောဂါအပေါ်မူတည်ပြီးဆယ်ဆလြဲဖစ်နိုင်သလို၊အဆတစ်ရာလဲဖြစ်နိုင်တာပါပဲ။ဘယ်ရောဂါကဘယ်နှစ်ဆပိုလိုမယ်လို့တိတိကျကျမပြောနိုင်ပေမယ့်။ခန္ဓာကိုယ်ရဲ့နေ့စဉ်လိုအပ်မှု့ဟာကိန်းသေမဟုတ်ဘူး။မကျန်းမာရင်၊မကျန်းမာသလိုအဆပေါင်းများစွာပိုပြီးလိုအပ်လာတယ်ဆိုတာကိုတော့ကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။
တခြားသွားမကြည့်ပါနဲ့၊မိမိအိမ်မှာမိသားစုတွေနေတယ်။အားလုံးကျန်းမာနေရင်စားသောက်စရိတ်တစ်လကိုတစ်သိန်း(ကျပ်)နဲ့လုံလောက်နေတဲ့မိသားစုတစ်စုဟာ၊တစ်မိသားစုလုံးမကျန်းမာတော့ဘူး၊ဆေးရုံတက်ကုရတော့မယ်၊ခွဲစိတ်ရမယ်၊ဈေးကြီးဆေးတွေဝယ်သောက်ရတော့မယ်ဆိုရင်၊အရင်ကစားသောက်နေတဲ့တစ်လတစ်သိန်း(ကျပ်)နဲ့လောက်မယ်လို့ထင်ပါသလား?။
မလောက်ပါဘူး၊(၁၀)ဆလောက်လဲပိုကုန်ချင်ကုန်ပါမယ်။အဆပေါင်း(၁၀၀)လဲကုန်ချင်ကုန်ပါမယ်။ဘယ်လောက်ပိုကုန်မယ်ဆိုတာဖြစ်လာတဲ့ရောဂါအပေါ်မှာပဲမူတည်နေပါတယ်။ဘယ်တော့မှငွေလိုအပ်မှု့ဆိုတာဟာကိန်းသေမဟုတ်ဘူး။ဒီသဘောကိုခလေးတွေတောင်နားလည်ပါတယ်။
ခန္ဓာကိုယ်ရဲ့(Vitamin)လိုအပ်မှု့ဆိုတာဟာဖျားနာလာရင်၊ဖျားနာသလိုရောဂါအပေါ်မူတည်ပြီးအဆပေါင်းများစွာပိုလိုအပ်တယ်ဆိုတာကိုဆရာဝန်တွေဖြစ်ပြီးနားမလည်ပဲဝေဖန်ကြမယ်ဆိုရင်တော့အလွန်သနားစရာကောင်းပါတယ်။လူတွေကသာအသက်ကြီးသွားပြီးဉာဏ်ရည်ဉာဏ်သွေးတွေကခလေးပေါက်စတွေလောက်ကိုမမှီတော့ဘူးဖြစ်သွားပါလိမ့်မယ်။
လက်တွေ့လောကမှာ၊နေရာတိုင်းကိုတစ်နေ့(800 IU)ဆိုပြီးလှေနံဓါးထစ်တွက်မရပါဘူး။ကိန်းသေဆိုတာစာအုပ်ထဲမှာပဲရှိတာပါ။လက်တွေ့မှာမရှိပါဘူး။အထူးသဖြင့်လူ့ခန္ဓာကိုယ်ရဲ့လိုအပ်မှု့ဆိုတာဘယ်တော့မှကိန်းသေတွက်လို့မရပါဘူး။အခြေအနေနဲ့အချိန်အခါအပေါ်မှာမူတည်နေပါတယ်။
သေချာတာက(Covid -19 Pandemic)ကာလမှာ(Vitamin D)များလို့သေသွားစရာတော့အကြောင်းမရှိပါဘူး။(COVID)ဖြစ်ပြီး(Vitamin D)ပေးတာများသွားလို့သေသွားတဲ့လူတွေလဲမကြားဖူးသေးပါဘူး။တွေ့ရင်တစ်ယောက်လောက်ပြပါ။ကျွန်တော်က(COVID)ဖြစ်ပြီး (Vitamin D)ချို့တဲ့လို့သေသွားတဲ့လူအယောက်(၁၀၀)ပြန်ပြပေးပါမယ်။
(Vitamin D)နည်းနေရင်သာ(Covid)သတ်လို့သေမှာပါ။ဒါကြောင့်ကျွန်တော်ပြောတာတွေကိုယုံချင်လဲယုံ၊မယုံချင်လဲရပါတယ်။သုတေသနတွေတိတိကျကျနဲ့ပြောနေတာဖြစ်တယ်။မယုံလဲဂရုမစိုက်ပါဘူး။ကိုယ်ဖြစ်ကိုယ်ခံပါပဲ။ရှင်းရှင်းလေး။
(COVID 19)ရောဂါဖြစ်လာမှတော့၊ကျွန်တော်(Vitamin D)ကိုမယုံလို့မသောက်မိခဲ့တာပါ။ဒီတစ်ခေါက်တော့ခွင့်လွတ်၊ချမ်းသာပေးပါ၊ဆိုပြီးတော့ထိုင်ကန်တော့တောင်းပန်လို့လဲချန်ထားခဲ့မှာတော့မဟုတ်ပါဘူး၊ခေါ်သွားမှာပါပဲ။သွေးထဲမှာ(D3)အလုံအလောက်ရှိနေရင်ရှိ၊မရှိနေရင်တော့ယုံတာမယုံတာထည့်မစဉ်းစားပဲ(COVID 19)ကနောင်ဘဝမှရမဲ့(နောင်တ)သင်ခန်းစာပေးမှာပါပဲ။ဆေးဝယ်သောက်ကြပါလို့ပြောနေတာမဟုတ်ပါဘူး။နေ့စဉ်နေပူစာလှုံပေးလဲရနိုင်ပါတယ်။လူတိုင်းအလကားရနိုင်တဲ့အရာပါ။
တစ်ချို့လူတွေကသွေးထဲမှာ(Vitamin D)တိုင်းထားတာမရှိလို့ဘယ်လောက်သောက်သင့်လဲမသိဘူးဖြစ်နေပါလိမ့်မယ်။တစ်ချို့ကကိုယ့်သွေးထဲမှာအလိုလိုနေရင်း၊မတော်တဆများ(70 ng/ml)ကျော်နေမလား၊(100 ng/ml)ကျော်နေမလားလို့ထင်ပြီးများများမသောက်ရဲဘူးဖြစ်နေကြလိမ့်မယ်။မစိုးရိမ်ကြပါနှင့်၊(Vitamin D)ဆိုတာနှစ်ပေါင်း၊လပေါင်းများစွာကျိုးစားပြီး(D3)သောက်မထားပဲနဲ့အလိုလိုနေရင်းတော့(70-100 ng/ml)ဘယ်တော့မှမကျော်နေနိုင်ပါဘူး၊စိတ်ချပါ။တမင်ကိုကြိုတင်ပြီး(D3)သောက်ကျိုးစားလုပ်ယူထားတော့မှသာလျှင်ကျော်နိုင်ပါတယ်။ဒါကြောင့်မတိုင်းရသေးလို့မသိဘူးဆိုတဲ့လူတွေ(COVID)ကာလမှာအနည်းဆုံးတစ်နေ့(10,000 IU)နေ့စဉ်သောက်ဖို့လိုအပ်ပါလိမ့်မယ်။
တစ်ခုတော့ကြိုတင်ပြောထားပါမယ်။သွေးထဲမှာရှိတဲ့(Vitamin D)အနည်းအများနဲ့၊(COVID-19)ပြင်းထန်မှု့နုန်း၊သေပျောက်မှု့နုန်းတွေအများကြီးဆက်စပ်နေတယ်ဆိုတာဟာခိုင်မာတဲ့သုတေသနတွေအများကြီးရှိလို့စေတနာနဲ့ရေးပေးနေတာပါ။ကယ်လ်ဗင်ပြောတာလက်မခံဘူး။သောက်ခိုင်းတာများတယ်ဆိုပြီးတော့အတင်းချဖေါင်းထုလဲဂရုမစိုက်ဘူး။မှားတယ်မှန်တယ်ဆိုတာ(COVID)ကအဆုံးအဖြတ်ပေးပါလိမ့်မယ်။ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
(Covid-19)ကတော့ပြေးမလွတ်ပါဘူး။မလွဲမသွေ၊အနှေးနဲ့အမြန်လူတိုင်းရင်ဆိုင်ကြရမှာပါပဲ။ရန်သူ(Covid-19)ကိုတိုက်ရိုက်ရင်ဆိုင်နိုင်ဖို့အတွက်(Vitamin D, 70 ng/ml)အထက်မှာရထားရင်၊ဓါးပြီး၊လှံပြီးတဲ့သံချပ်ကာဝပ်ဆင်ထားတာနဲ့အတူတူပါ။ဆေးဝယ်သောက်ရမယ်လို့မပြောပါဘူး။(Vitamin D)ဆိုတာလူတိုင်းအတွက်နေရောင်ခြည်ကနေလဲအလားကားရနိုင်တာပါပဲ။ဒါကြောင့်အကောင်းဆုံး၊ဈေးအသက်သာဆုံးနဲ့အထိရောက်ဆုံး၊နည်းလမ်းကိုရေးပေးလိုက်တာပါ။ယုံတာမယုံတာကတော့ကိုယ့်အပိုင်းပါပဲ။
(Vitamin D)နဲ့(Covid 19)ပြင်းထန်မှု့၊သေပျောက်မှု့ဘယ်လိုဆက်စပ်နေတယ်ဆိုတာအောက်မှာသုတေသနလင့်တွေပေးထားပါတယ်။အင်္ဂလိပ်လိုသုတေသနတွေမဖတ်ပဲနဲ့လာပြီးဝေဖန်ကဲ့ရဲ့မယ်ဆိုရင်တော့ကိုယ်စာမဖတ်တာ၊ပညာမတတ်တာကိုလူအများရှေ့မှာဖွင့်ပြလိုက်တာနဲ့အတူတူပါပဲ။
အနစ်ချုပ်မှတ်ရန်။အထူးအရေးပေါ်အခြေအနေတရပ်(Covid 19 pandemic)ကာလမှာ၊သွေးထဲမှာ(25-Hydroxy Vitamin D) (70 ng/ml)မကျော်သူတွေ(Vitamin D3)ကိုနေ့စဉ်(10,000 IU)သောက်ပေးပါ။(70 ng/ml)ကျော်နေရင်တော့လျှော့သောက်ပါ။(Covid 19 pandemic)ပြီးသွားပြီဆိုရင်လဲလျှော့သောက်ပါ။အရေးပေါ်အခြေအနေမှာ(Dosage)များဖို့လိုပါတယ်။(Dosage)များလို့မသေနိုင်ပါဘူး။(Covid-19)ကြောင့်သာသေစေနိုင်ပါတယ်။သွေးထဲမှာ(120 ng/ml)မကျော်ရင်တော့အန္တရာယ်မရှိပါဘူး။နေ့စဉ်(10,000 IU)သောက်ပြီး၊ရေတိုအတွင်း(120 ng/ml)ကျော်ဖို့မလွယ်ကူပါဘူး။ယုံတာမယုံတာကိုယ့်အပိုင်းပါ။ကိုယ်ဖြစ်ကိုယ်ခံပါပဲ။
ဒီနေ့တော့ဒီလောက်ပါပဲ။အားလုံးကျန်းမာ၍ဘေးရန်ကင်းကြပါစေ။
Kelvin Albert Power
မှတ်ချက်။အရင်ကတင်ခဲ့တဲ့(Post)အဟောင်းတစ်ခု၊(Myanmar Fact Check)ကလူတွေက(References) တွေကိုသေချာမဖတ်ကြည့်ပဲ၊မဟုတ်တာမမှန်တာရေးပါတယ်ဆိုပြီးအထောက်အထားမခိုင်လုံစွာနဲ့စွတ်စွဲလို၊ပြန်လည့်ခြေပတဲ့(Video)နဲ့ပညာပြန်ပေးထားလိုက်ရပါတယ်။အဲဒီ(Video)ကိုလဲ(link) ပေးထားပါတယ်။
References:
Perspective: improving vitamin D status in the management of COVID-19
COVID-19 and vitamin D—Is there a link and an opportunity for intervention?
The role of vitamin D in the prevention of coronavirus disease 2019 infection and mortality
Mechanism of the inflammatory response in associated comorbidities in COVID-19
Enhancing immunity in viral infections, with special emphasis on COVID-19: A review
First Data to be Published on COVID-19 Severity and Vitamin D Levels
Vitamin D levels appear to play a role in COVID-19 mortality rates
Study: Vitamin D supplementation a key factor in COVID-19 severity
Vitamin D Determines Severity in COVID-19: Researchers Urge Government to Change Advice
The role of Vitamin D in the prevention of Coronavirus Disease 2019 infection and mortality
COVID-19 and vitamin D: SoCal doctor explains the connection
Perspective: improving vitamin D status in the management of COVID-19
Vitamin D levels appear to play a role in COVID-19 mortality rates
Shopping Cart