Source from Kelvin A. Power’s Facebook on May 1, 2020
လူသတ်တရားခံ၊ရောင်ရမ်းမှု့(Inflammation)
သုတေသနတွေရဲ့အကျိုးကျေးဇူးကြောင့်၊နာတာရှည်ရောဂါအားလုံးအပါအဝင်အရွယ်မတိုင်မှီသေဆုံးနေကြရတဲ့ရောဂါအမျိုးမျိုးရဲ့တရားခံဟာရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)ဆိုတာကိုစာဖတ်တဲ့လူအချို့သိလာကြပါပြီ။
—
ကင်ဆာရောဂါအပါအဝင်၊နှလုံး၊သွေးတိုး၊ဆီးချို၊အသဲအဆီဖုံး၊အော်တိုအင်မြူး၊ဦးနှောက်၊ကျောက်ကပ်၊အဆုတ်၊လေဖြတ်၊နှလုံးသွေးကြောကျဉ်းစတဲ့လူတွေအများဆုံးသေနေကြရတဲ့နာတာရှည်ရောဂါများမှာတင်မကတော့ပဲ၊ (Virus)ကြောင့်ဖြစ်ပြီး၊ကူးစက်တတ်တဲ့(ကိုဗစ်)ခေါ်ကပ်ရောဂါနဲ့သေတဲ့လူတွေကိုကြည့်လိုက်ရင်လဲ(Inflammation)ကြောင့်ဖြစ်နေတာဟာအလွန်အံ့သြစရာပါပဲ။
—
လူတစ်ယောက်ဟာ(Corona Virus)အကူးစက်ခံရတာခြင်းအတူတူ(Inflammation) သို့မဟုတ်၊(Inflammation)နဲ့ပါတ်သက်တဲ့ရောဂါအခံတစ်မျိုးမျိုးရှိနေရင်ဘာဆေးနဲ့မှကုသဖို့မလွယ်ကူတော့ပဲအသက်ဆုံးရှုံးရလွယ်ကူသလို၊ကူးစက်ခံရသူဟာ(Inflammation)မဖြစ်ရင်တော့ရောဂါလက္ခဏာတောင်မသိလိုက်ပဲအလိုလိုပျောက်ကင်းသွားတာတွေအများကြီးကြုံတွေ့နေရပါတယ်။
—
တစ်ကယ်တော့လူတွေအလွန်ကြောက်လန့်နေကြတဲ့(Corona Virus)ရောဂါဆိုတာဟာတချို့လူတွေအတွက်ကြတော့ဘာရောဂါဝေဒနာကလေးကိုမှမဖြစ်ပေါ်စေပဲအသာလေးပျောက်ကင်းသွားနိုင်ပေမယ့်၊တခြားလူတွေအတွက်ကတော့သေမင်းတမန်ပါပဲ။ဒါကြောင့်ဒီ(Virus)ဟာအလွန်မျက်နှာလိုက်နေသလိုဖြစ်နေပါတော့တယ်။တစ်ကယ်တော့(Virus)ကမျက်နာလိုက်တာမဟုတ်ပါဘူး။ကူးစက်ခံရသူရဲ့(Inflammation)အခြေအနေကြောင့်ပါ။
—
ဒါကြောင့်အကူးစက်ခံရတာခြင်းအတူတူ(Inflammation)သို့မဟုတ်၊(Inflammation) နဲ့ပါတ်သက်တဲ့ရောဂါအခံတစ်မျိုးမျိုးရှိနေရင်ဘာဆေးနဲ့မှကုသဖို့မလွယ်ကူတော့ပဲအသက်ဆုံးရှုံးရလွယ်ကူသလို၊(Inflammation)ဖြစ်မှု့အလွန်နည်းတဲ့လူဆိုရင်လဲဘာမှကိုမဖြစ်လိုက်ပဲရောဂါပျောက်ကင်းသွားတတ်ကြပါတယ်။
—
တစ်ကယ်တော့ဒီ(Virus)ဟာလူတိုင်းကိုမသေစေနိုင်ပါဘူး။လူတွေဟာ(Corona Virus)ကြောင့်သေနေတာမဟုတ်ပါဘူး။ဒီ(Virus)ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်(Cytokine Strom)ကြောင့်သေနေကြရတာပါ။(Cytokine Strom)ဆိုတာတစ်ကယ်တော့(Inflammation)ပါပဲ။ဒါကြောင့်လူတစ်ယောက်ဒီရောဂါနဲ့သေမယ်ရှင်မယ်ဆိုတာဟာရောဂါဖြစ်တဲ့လူရဲ့(Inflammation Status)အပေါ်မှာအဓိကမူတည်နေပါတော့တယ်။
—-
(cytokine storm)ဆိုတာဘာလဲဆိုတော့၊ပထမကတော့(Corona Virus)ကအဆုတ်ဆဲလ်တစ်ချို့ကိုစတင်တိုက်ခိုက်ဖျက်ဆီးပြစ်ပါတယ်။အဲဒီပျက်စီးသွားတဲ့ဆဲလ်တွေကထွက်လာတဲ့ပရိုတိန်းဓါတ်တစ်မျိုးကြောင့်ခန္ဓာကိုယ်ရဲ့ခုခံမှု့ဆဲလ်တွေဟာရန်သူ(Virus)တွေကိုပြန်လည်တိုက်ခိုက်ဖို့ထကြွအသက်ဝင်လာစေပါတယ်။အဲဒီအချိန်မှာ(Inflammation)အနည်းငယ်စဖြစ်လာပြီး(Immune cells)တွေဟာ(Free Radical)တွေထုတ်လုပ်ကြပြီး(Virus)တွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်ပါတော့တယ်။
—
သို့သော်(Virus)တွေလျှော့နည်းသွားသည်နှင့်အမျှခန္ဓာကိုယ်က(Inflammation)ကိုပြန်လည်လျော့နည်းစေဖို့(Inti-inflammatory)ဓါတ်ပေါင်းတွေနဲ့ပြန်ဖြေဖျောက်ရပါတယ်။ကျန်နေတဲ့(Free Radical)တွေကိုလဲ(Antioxidants)တွေနဲ့ပြန်လည်ထိန်းသိမ်းပေးဖို့လိုလာပါတယ်။
—
တစ်ကယ်လို့သာ(Inflammation)ကိုပြန်လည်မလျော့နည်းမပြေပျောက်စေ နိုင်ဘူးဆိုရင်တော့အဆုတ်နဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုဗိုင်းရပ်စ်ကဖျက်ဆီးပြစ်တာကနည်းနည်း(Inflammation)ကြောင့်မိမိရဲ့ခုခံမှု့စနစ်နှင့်(Free radicals)အဆိပ်အတောက်တွေဖျက်ဆီးတာကများများဖြစ်လာပြီး၊ဗိုင်းရပ်စ်ကိုယ်တိုင်ဖျက်ဆီးနိုင်တာထက်ကိုအဆပေါင်းများစွာပိုပြီးတော့ပျက်စီးသွားစေပါတော့တယ်။
—
ဥပမာပေးရရင်၊မြို့ထဲကိုသူပုန်တွေလေးငါးယောက်လောက်ဝင်လာလို့စစ်တပ်ကပြန်ပြစ်တယ်ဆိုရင်ကြောက်အားလန့်အားနဲ့မဲမဲမြင်ရာလိုက်ပြစ်နေလို့မရပဲနည်းဗြူဟာကျကျနဲ့စနစ်တကျတုံ့ပြန်တတ်ရပါတယ်။တစ်ကယ်လို့သာသူပုန်တွေအားလုံးအကုန်သေကုန်ပြီးနောက်၊စစ်တပ်ကတပ်လှန့်သွားပြီး၊အပြစ်အခတ်မရပ်နားတော့ပဲ၊မဲမဲမြင်ရာအရပ်ရှစ်မျက်နာကိုတစ်ညလုံးလက်နက်ကြီးတွေနဲ့လျှောက်ပြစ်နေမယ်ဆိုရင်တော့မနက်လင်းလာတာနဲ့တစ်မြိုလုံးမီးလောင်ပြာကျသွားပါလိမ့်မယ်။ဒီနေရာမှာမြို့ကိုဖျက်ဆီးလိုက်သူတွေဟာသူပုန်မဟုတ်တော့ပဲစစ်တပ်ဖြစ်သွားပါလိမ့်မယ်။နိုင်ငံရေးမပါ၊ဥပမာသာလျှင်ဖြစ်ပါသည်။
—
ဒီဥပမာလိုပါပဲ၊ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ဟာ(Inflammation)ကြောင့်အလွန်ရန်လိုဖေါက်ပြန်ပျက်စီးသွားပြီး(Free radicals)တွေကိုလိုအပ်သည်ထက်ပိုမိုထုတ်လုပ်ကာ(cytokine storm)ဖြစ်ပေါ်လာစေပြီးအဆုတ်အပါအဝင်သွေးကြောတွေ၊ခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကို(Virus)တွေဖျက်ဆီးတာထက်အဆပေါင်းများစွာပြန်၍ဖျက်ဆီးပြစ်ပါတော့တယ်။
—
(cytokine storm)ဟာသွေးကြောတွေကနေတစ်ဆင့်တစ်ကိုယ်လုံးကိုပျံနှံ့သွားပြီးတစ်ကိုယ်လုံးမှာ(systemic inflammation)တွေဖြစ်ပြီးတော့သွေးကြောနံရံတွေကိုပါဖျက်ဆီးပြစ်ပြီးသွေးကြောတွေကိုပေါက်ပြဲယိုစိမ့်စေတဲ့အပြင်(Septic Shock)ကိုပါဖြစ်ပေါ်လာစေပါတော့တယ်။
—
သွေးကြောအတွင်းတွေမှာယိုစိမ့်မှု့ကြောင့်(vessel dilation)တွေဖြစ်လာပြီး၊သွေးပေါင်ချိန်ကျဆင်းသွားပါတော့တယ်။ဒါကြောင့်လိုအပ်တဲ့သွေးပေါင်ပြန်တက်လာဖို့အတွက်နှလုံးအလွန်အလုပ်လုပ်ပေးရလို့နှလုံးခုန်မြန်လာပေမယ့်သွေးကြောတွေပေါက်ပြဲကုန်ပြီးသွေးတွေဘေးကိုယိုစီးထွက်နေလို့(vessel resistance)တွေကျဆင်းနေပြီးဘယ်လိုမှသွေးပေါင်ပြန်တက်မလာနိုင်တော့ပါဘူး။
—
အဆုတ်ဆဲလ်တွေအားလုံးပျက်စီးသွားပြီးအဆုတ်ထဲသွေးရည်ကြည်တွေဝင်ရောက်ပိတ်ဆို့လာ လို့(ARDS)ထပ်ရပါတယ်။ဒါကြောင့်အသက်ရူလို့မရတော့ပဲတစ်ကိုယ်လုံးကအင်္ဂါအစိတ်အပိုင်းတွေမှာအောက်ဆီဂျင်တွေပြတ်လာပါတော့တယ်။
—
အဆုတ်ပျက်စီးသွားပြီးသွေးဖိအားပြုတ်ကျသွားလို့နှလုံးဟာအောက်ဆီဂျင်မရပဲနဲ့၊နှလုံးခုန်နုှန်းအဆပေါင်းများစွာတက်လာပြီးကျိုးစားအလုပ်လုပ်ရရှာတော့၊နှလုံးကြွက်သားတွေသေဆုံးကုန်ပါတော့တယ်။ကျန်တဲ့ဦးနှောက်အပါအဝင်ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလဲအောက်ဆီဂျင်ပြတ်ပြီးသေဆုံးကုန်ပါတော့တယ်။
—
(Inflammation)တစ်ခုကနေစလိုက်ပြီးအဆင့်ဆင့်ပိုဆိုးလာတာဟာနောက်ဆုံးတော့(Multiple organs failure)ဆိုတဲ့အတိုင်းတစ်ကိုယ်လုံးမှာရှိနေတဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးပျက်စီးသွားပြီးတော့လူနာသေပါတော့တယ်။ဒီအချိန်မှာဆရာဝန်တွေ၊ဆေးရုံတွေမပြောပါနဲ့သကြားမင်းဆင်းကယ်ရင်တောင်အသက်ရှင်ဖို့မဖြစ်နိုင်တော့ပါဘူး။
—
(COVID-19)နဲ့သေတဲ့ရောဂါသယ်တွေအားလုံးရဲ့အလောင်းတွေကိုပြန်လည်ခွဲစိတ်ကြည့်တဲ့အခါမှကိုယ်အင်္ဂါအစိတ်အပိုင်းတွေအားလုံးနီးပါးရစရာမရှိအောင်ပျက်စီးနေတာကိုတွေ့ရှိရပါတော့တယ်။တစ်ကယ်တော့တစ်ကိုယ်လုံးကအင်္ဂါတွေအားလုံးနီးပါးပျက်စီးနေတာဟာ၊ပိုးတစ်ခုတည်းကြောင့်မဟုတ်ပဲ(inflammation)ကအစပြုလိုက်တဲ့(Cytokine Storm)ကြောင့်ပျက်စီးသွားရတာပါပဲ။
—
(Inflammation)ဆိုတာဘာပါလိမ့်?။(Inflammation)လို့ပြောလိုက်ရင်ဆရာဝန်တော်တော်များများက(anti-inflammatory drug)တွေဖြစ်တဲ့(Steroid)တွေနဲ့(NSAID)တွေကိုမျက်စိထဲသွားပြီးမြင်မိကြတတ်ပါတယ်။တချို့တွေက(IL-6 Blocker)တွေကိုသွားအားကိုးနေမိကြပါတယ်။
—
ဒီနေရာမှာပြောချင်တာက(Inflammation)ဆိုတာကို(anti-inflammatory drug)တွေနဲ့တားဆီးပေးတယ်ဆိုတာဟာ၊ယာယီသဘောသာဖြစ်လို့ဘာမှအသုံးမဝင်လှပါဘူး။ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီ(anti-inflammatory)သဘောမဟုတ်ပါဘူး။အခြေခံကျကျသဘာဝနည်းအတိုင်းဖြေရှင်းပေးနိုင်တဲ့(Resolution of Inflammation)သာလျှင်ဖြစ်ပါတယ်။
—
နားလည်အောင်ဥပမာပေးရရင်၊(anti-inflammatory drug)တွေဆိုတဲ့သဘောဟာသူပုန်နဲ့အစိုးရစစ်တပ်တွေကြားမှာယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်နဲ့သွားတူနေပါတယ်။တစ်ကယ်တော့ကျွန်တော်တို့ိုချင်နေတဲ့ပြည်တွင်းငြိမ်းချမ်းရေးဆိုတာဟာယာယီအပြစ်အခတ်ရပ်စဲရေးအလံဖြူစနစ်တစ်ခုမဟုတ်ပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေပြုထည့်သွင်းပြီးရေးဆွဲထားပြီး၊ဆင်းသက်လာရတဲ့အခြေခံကျပြီးခိုင်မာတည်တံ့တဲ့ပြည်တွင်းငြိမ်းချမ်းရေးအနှစ်သာရအစစ်ပါ။လူတိုင်းနားလည်လွယ်အောင်ဥပမာပေးနေတာပါ။နိုင်ငံရေးပြောနေတာ(လုံးဝ)မဟုတ်ပါဘူး။
—
(Resolution of Inflammation)ဆိုတာဟာချက်ချင်းလက်ပူတိုက်ဓါတုဗေဒဆေးတွေကောက်သောက်လိုက်လို့ရတဲ့တပွဲတိုးယာယီလုပ်ငန်းမဟုတ်ပဲ၊ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဆဲလ်တွေအားလုံးတစ်ခုချင်းဆီကနေဆင်းသက်လာတဲ့၊အလွန်လေးနက်အကျိုးများတဲ့မိခင်သဘာဝတရားကသာရရှိနိုင်တဲ့အနှစ်သာရတစ်ခုဖြစ်နေလို့၊ဒီသဘောကိုပေးစွမ်းနိုင်တဲ့ဓါတုဗေဒဆေးဝါး(drug)ဆိုတာဟာကမ္ဘာမှာမရှိသေးသလိုနောင်လဲမရှိလာနိုင်ပါဘူး။
—
ဒီခေတ်မှာဆရာဝန်တွေကိုယ်တိုင်တောင်(anti-inflammatory)ဆိုတဲ့သေးသိမ်တဲ့သဘောတရားတစ်ခုနဲ့၊(Resolution of Inflammation)ဆိုတဲ့အလွန်နက်နဲတဲ့သဘောတရားနှစ်ခုလုံးဝမတူဘူးဆိုတာကိုသေချာကွဲကွဲပြားပြားမသိလို့်နာတာရှည်ရောဂါတွေကိုခံစားနေပြီးအရွယ်မတိုင်ခင်သေဆုံးကြရတာတွေဟာလုံးဝမဖြစ်သင့်တော့ပါဘူး။ဒါကိုသေချာနားလည်ရင်နာတာရှည်ရောဂါတွေဆိုတာမဖြစ်လာတော့ပါဘူး။စာဖတ်ကြဖို့နဲ့သုတေသနတွေသေချာလုပ်ကြဖို့အထူးလိုအပ်နေပါပြီ။
—
အနှစ်ချုပ်ပြောရရင်၊လူတိုင်းတစ်သက်လုံးကျန်းမာပြီးအသက်ရှည်နေဖို့၊နာတာရှည်ရောဂါတွေအားလုံးမဖြစ်နိုင်ဖို့၊ကူးစက်ရောဂါတွေနဲ့မသေနိုင်ဖို့အတွက်ကျွန်တော်တို့တစ်ကယ်လိုအပ်နေတဲ့(Resolution of Inflammation)သဘောဆိုတာဟာဆေးကုမ္မဏီတွေကိုယ်ကျိုးအတွက်မူပိုင်ထုတ်လုပ်ထားတဲ့(anti-inflammatory drug)တွေကနေမရနိုင်ပဲ၊ဘယ်သူကမှမူပိုင်လုပ်ခွင့်မရရှိနိုင်မိခင်တဲ့သဘာဝကပေးတဲ့(Nutrition)ဓါတ်ပေါင်းတွေကနေသာလျှင်ရရှိနိုင်ပါတယ်။
—
အနစ်ချုပ်ပြောရရင်၊ကျွန်တော်ပြောချင်တာက(Corona Virus)ကြောင့်ဖြစ်နေတဲ့ရောဂါအကြောင်းတစ်ခုတည်းအဓိကမဟုတ်ပါဘူး။သူ့ကိုဥပမာပေးပြီးပြောရတာဆိုေျပမယ့်၊တစ်ကယ်တော့(Inflammation)ဆိုတာရောဂါအားလုံးနဲ့သက်ဆိုင်နေလို့အလွန်ကျယ်ပြန့်ပါတယ်။
—
(Corona Virus)ကြောင့်ဖြစ်တဲ့ကပ်ရောဂါဆိုတာခဏတာအခိုက်အတန့်လေးတစ်ခုသာရင်ဆိုင်ကြရမှာပါ။ကာကွယ်ဆေးပေါ်လာရင်ပြီးဆုံးသွားနိုင်သလို၊မပေါ်လာရင်လဲအချိန်တန်ရင်သူ့အလိုလိုပြီးဆုံးသွားမှာပါပဲ။(Inflammation)မဖြစ်တဲ့လူတွေကိုလဲဒီကပ်ရောဂါကဘာမှအကြီးအကျယ်ဒုက္ခမပေးနိုင်ပါဘူး။
—
သို့သော်၊ကျွန်တော်တို့တွေအားလုံးအတွက်မပြီးဆုံးသေးပဲသေတဲ့အထိဆက်ပြီးတစ်သက်လုံးတိုက်ပွဲဝင်ကြရမယ့်ရောဂါဟာ(ကိုဗစ်)မဟုတ်ပါဘူး၊(Inflammation)ပါပဲ။(Inflammation)အကြောင်းကိုသေချာနားမလည်ရင်၊မရှောင်လွဲ၊မကုစားနိုင်ရင်အနာဂါတ်မှာရောဂါတွေအမျိုးမျိုးဖြစ်နေကြဦးမှာပါပဲ။
—
နောက်အချိန်ရရင်(Resolution of Inflammation)အကြောင်းအသေးစိတ်ကိုနာက်ပိုင်းမှာသုသေတနတွေကိုအခြေခံပြီးရေးပေးပါမယ်။အခုလောလောဆယ်တော့အကြမ်းသဘောနဲ့ပဲ(Inflammation)ကိုကောင်းကောင်းနိုင်နင်းတဲ့(Nutrition)တွေထဲကအစွမ်းအထက်ဆုံးတစ်ချို့ကိုအောက်မှာရေးပေးထားပါတယ်။
—
(Inflammation)ကိုကောင်းကောင်းနိုင်နင်းတဲ့(Nutrition)တွေထဲကအစွမ်းအထက်ဆုံးတစ်ချို့တွေကတော့
(1) Curcunonoids
(2) Omega 3
(3) Bioperine
(4) Gamma Linolic Acid (GLA)
(5) Super antioxidants တွေနဲ့ Antioxidants ဓါတ်ပေါင်းအမျိုးမျိုးတွေပါပဲ။
—
နောက်အချိန်ရတော့မှတစ်ခုခြင်းစီရဲ့အကြောင်းကိုသုတေသနတွေနဲ့ခိုင်ခိုင်မာမာထပ်ပြီးတင်ပြပေးသွားပါမယ်။
—
အားလုံးဘေးရန်ကင်းရှင်း၍ကျန်းမာကြပါစေ။
–
Kelvin Albert Power
–
References: