ကိုရိုနာနှင့်ရွှေမြန်မာအပိုင်း(၂)

Source from Kelvin A. Power’s Facebook on February 28, 2020
ကိုရိုနာထက်အဆတစ်သိန်းကျော်အသေအပျောက်များခဲ့တဲ့၊ကပ်ရောဂါဆိုးကြီးကိုကာကွယ်ပေးခဲ့တဲ့ထူးခြားတဲ့သမိုင်းဝင်ဖြစ်ရပ်မှန်တစ်ခုကိုဘယ်လိုမှဖုံးကွယ်ထားလို့မဖြစ်နိုင်ပါဘူး။လောကမှာဘယ်အရာမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။မှန်တယ်လို့လူတိုင်းယူဆထားကြတဲ့သဘောတရားတွေမှာလဲချွင်းချက်တွေရှိနေကြပါတယ်။သဘာဝတရားမှာလူတွေမသိနိုင်တဲ့ထူးခြားမှု့တွေအများကြီးရှိနေပါတယ်။
သမိုင်းကိုလဲမလေ့လာ၊စာလဲသေချာမဖတ်ကြကတဲ့ဆရာဝန်တစ်ချို့က၊ဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့(Virus)တစ်မျိုးကိုလုံးဝ၊ကာကွယ်မပေးနိုင်ဘူးလို့လှေနှံဓါးထစ်မှတ်သားထားပြီး၊ကျွန်တော့်ကိုဝိုင်းပြီးဝေဖန်တိုက်ခိုက်ကြပါတယ်။အဆိုပါအယူအဆဟာမှားပါတယ်။
ဒါကြောင့်စာဖတ်ကြပါ။သမိုင်းကိုသေသေချာချာလေ့လာကြပါလို့မြန်မာတွေအားလုံးကိုပြောချင်ပါတယ်။သမိုင်းဆိုတာဖုံးကွယ်ထားလို့မရပါဘူး။ကျွန်တော့်ရဲ့ယူဆချက်မှန်သလားဝေဖန်နေတဲ့ဆရာဝန်တစ်ချို့ရဲ့လှေ့နှံဓါးထစ်ယူဆချက်မှန်သလားဆိုတာသမိုင်းကိုပြန်ကြည့်ကြတာပေါ့။
——–
(ZAWGYI Link)
——–
လူတွေကကာကွယ်ဆေး၊ကာကွယ်ဆေးဆိုပြီးတော့ပြောနေကြပါတယ်။လူတိုင်းလဲကူးစက်ရောဂါတစ်ခုဖြစ်လာပြီဆိုရင်ကာကွယ်ဆေးကိုပဲအားကိုးတကြီးပြေးရှာကြပါတယ်။တခြားမပြောပါ၊နဲ့အခု(coronavirus) စဖြစ်ကတည်းကလူတွေအားကိုးတကြီးစောင့်မျှော်နေတာကလဲကာကွယ်ဆေးပါဘဲ။ဒါပေမဲ့လူတွေဟာကာကွယ်ဆေးသာလိုချင်ကြတာပါ၊ကာကွယ်ဆေးဘယ်ကနေစဖြစ်ပေါ်လာပါသလဲဆိုတဲ့သမိုင်းကြောင်းကိုတော့ဘယ်သူကမှစိတ်မဝင်စားကြသလိုလေ့လဲမလေ့လာချင်ကြပါဘူး။
သာမန်လူတွေစာမဖတ်တာကိုကျွန်တော်မပြောလိုပါဘူး။ဆရာဝန်တစ်ယောက်ဖြစ်ရဲ့သားနဲ့ကာကွယ်ဆေးရဲ့ရာဇဝန်ကိုသေချာမဖတ်ပဲကျွန်တော့်ကိုမျက်စိမိတ်ပြီးထိုင်ဝေဖန်နေတာကတော့တော်တော်လေးကိုရှက်စရာကောင်းနေပါတယ်။ဝေဖန်လို့ရပါတယ်။ဒါပေမဲ့စာသေချာဖတ်ပြီးတော့မှဝေဖန်ပါ။မဟုတ်ရင်ကိုယ်ပဲအရှက်ကွဲပါလိမ့်မယ်။
ပြည်သူတွေရဲ့အသက်တွေကိုစောင့်ရှောက်ဖို့တာဝန်ယူထားရတဲ့ဆရာဝန်တွေကိုယ်တိုင်ကစာမဖတ်ဘူး၊မလေ့လာဘူးဆိုရင်တိုင်းပြည်နဲ့ပြည်သူတွေရဲ့အနာဂါတ်ကရင်လေးစရာပါပဲ။ဆရာဝန်အားလုံးကိုတော့မဆိုလိုပါဘူး။ကာကွယ်ဆေးရဲ့သမိုင်းကိုမလေ့လာပဲကျွန်တော့်ကိုဝေဖန်ရေးသားနေတဲ့ဆရာဝန်တစ်ချို့ကိုတဲ့ပြောနေတာပါ။
ဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့ဗိုင်းရပ်စ်တစ်မျိုးကိုလုံးဝမကာကွယ်ပေးနိုင်ဘူးဆိုတဲ့အယူအဆမှန်မမှန်သမိုင်းကိုပြန်ကြည့်ကြပါစို့။
(BC 10,000 )ခုနှစ်လောက်ကတည်းကစဖြစ်ခဲ့တဲ့ကမ္ဘာပေါ်အလွန်ကြောက်စရာကောင်းတဲ့ကျောက်ရောဂါကပ်ဆိုးကြီးနဲ့သွားယှဉ်ကြည့်လိုက်မယ်ဆိုရင်အခုဖြစ်နေတဲ့ဝူဟန်ရောဂါဟာရက်သား၊နို့တောင်မစို့တတ်သေးတဲ့ခလေးပေါက်စလေးလောက်ပဲအဆင့်ရှိပါတယ်။
အပိုတွေပြောနေတာမဟုတ်ပါဘူး၊ဝူဟန်နဲ့လူသေတာကမ္ဘာပေါ်မှာအခုထက်ထိသုံးထောင်မပြည့်သေးပါဘူး။ကမ္ဘာပေါ်မှာအလွန်ကြောက်စရာကောင်းတဲ့ကျောက်ရောဂါကပ်ဆိုးကြီးနဲ့လူတွေသေခဲ့ရတာဟာ(18th and 20th)ကာလအခိုက်အတန့်ကလေးမှာတင်လူပေါင်းသန်း(300)ကျော်သေခဲ့ပြီးပါပြီ။တစ်ကယ်တော့ကျောက်ရောဂါကြောင့်လူသေတာဟာဝူဟန်ကိုရိုနာကြောင့်သေတာထက်အဆပေါင်းတစ်သိန်းမကပိုများခဲ့တယ်ဆိုတာစာဖတ်တဲ့လူတိုင်းသိမှာပါ။
ဒါပေမဲ့အရင်တုံးကပဲသေခဲ့တာပါ။အခုခေတ်လူတွေကတော့ကျောက်ရောဂါကိုခွေးသန်းကိုက်တာလောက်တောင်အလေးမထားတော့ပါဘူး။ဒီခေတ်မှာကျောက်ရောဂါနဲ့သေတဲ့လူဆိုတာမရှိတော့ပါဘူး။ဘာကြောင့်လဲဆိုတာကိုခင်ဗျားတို့သိပါသလား?။
ကျောက်ရောဂါက၊ခေတ်မရှိတော့လို့၊စတန့်ထွင်လို့မရတော့လို၊အလိုလိုပျောက်သွားတယ်လို့ခင်ဗျားတို့ထင်နေကြသလား?။ဘာကြောင့်ကျောက်ရောဂါမဖြစ်တော့တာလဲဆိုတာကိုသေချာသိချင်ရင်သူများတွေကိုသွားမမေးပါနဲ့၊ကိုယ့်လက်မောင်းကလေးတွေကိုကိုယ်စီလှန်ကြည့်လိုက်ကြပါ။အမာရွတ်ကလေးတွေကိုသက်သေအဖြစ်တွေ့ကြပါလိမ့်မယ်။
ကျောက်ရောဂါဆိုတာအလိုလိုကမ္ဘာပေါ်ကနေပျောက်သွားတာမဟုတ်ဘူးဗျ။ခင်ဗျားတို့လက်မောင်းကအမာရွတ်ကလေးကခင်ဗျားတို့ရဲ့အသက်သခင်ပါပဲ။သူကကာကွယ်ပေးနေတာပါ။ကျောက်ရောဂါကာကွယ်ဆေးဟာလူတိုင်းအတွက်မရှိမဖြစ်အလွန်အရေးကြီးပါတယ်။သူကအရေးအကြီးဆုံးကာကွယ်ဆေးတစ်မျိုးဖြစ်နေလို့မရှိရင်အသက်ရှင်သန်ဖို့မလွယ်ပါဘူး။ဒီကာကွယ်ဆေးအရေးကြီးတယ်ဆိုတာလဲလူတိုင်းသိပြီးသားပါ။ဆရာဝန်တွေပိုသိမှာပါ။
ဒါပေမဲ့စာမဖတ်တဲ့တချို့ဆရာဝန်တွေမသိသေးတာကဒီခင်ဗျားတို့ကိုကာကွယ်ပေးနေတဲ့ကျောက်ရောဂါကာကွယ်ဆေး၊ဘယ်ကလာသလဲဆိုတာစာလေးဘာလေးဖတ်ပြီးလေ့လာကြည့်ကြဖူးသလား?။ဒီနေရာမှာဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့(Virus)တစ်မျိုးကိုလုံးဝ၊ကာကွယ်မပေးနိုင်ဘူးဆိုတဲ့အယူအဆကိုပြောပြီးကျွန်တော့်ကိုဝေဖန်နေတဲ့ဆရာဝန်ဟာမိမိစာဖတ်အားနည်းတယ်။လေ့လာမှု့မရှိပဲဆရာဝန်လုပ်နေတယ်ဆိုတာကိုတစ်ပြည်လုံးသိအောင်ကြော်ငြာလိုက်သလိုပါပဲ။
သမိုင်းကိုဆက်ပြောကြရအောင်။ခင်ဗျားတို့ထင်ထားတာကကျောက်ရောဂါကာကွယ်ဆေးကိုစတွေ့တာ၊သိပ္ပံပညာရှင်ကြီးတွေ၊နိုဘယ်လ်ဆုရှင်ကြီးတွေ၊ဆရာဝန်ကြီးတွေ၊ဓါတုဗေဒဓါတ်ခွဲခန်းကြီးတွေကျေးဇူးကြောင့်လို့ထင်နေကြလိမ့်မယ်။တစ်ကယ်တော့မဟုတ်ဘူးဗျ။အမှန်ပြောရရင်တော့ဟိုစာမဖတ်တပဲထိုင်ဝေဖန်နေတဲ့ဲ့ဆရာဝန်တစ်စုယုံမှာမဟုတ်ပါဘူး၊တောင်ဝေဖန်၊မြောက်ဝေဖန်လုပ်ဦးမယ်။မဝေဖန်ခင်စာတော့အရင်ဖတ်ကြပါဗျာ။စာမဖတ်ပဲဝေဖန်ရင်ရှက်စရာအလွန်ကောင်းပါတယ်။
ကမ္ဘာပေါ်မှာလူဦးရေသန်းပေါင်းရာချီထောင်ချီသေနိုင်တဲ့ကျောက်ရောဂါကြီးကိုကာကွယ်ပေးလိုက်တဲ့ကျေးဇူးရှင်ဆိုတာ၊အလွန်ဆင်းရဲပြီးနွားနို့ညှစ်ရောင်းစား၊အသက်မွေးရတဲ့နွားကျောင်းသူကလေးဗျ။ကာကွယ်ဆေးကသူ့ဆီကရတာပါ။ဆေးရုံကြီးတွေ၊ဆရာဝန်ကြီးတွေ၊သိပ္ပံပညာရှင်ကြီးတွေဆီကရခဲ့တာမဟုတ်ပါဘူး။ရှင်းတယ်နော်။
ဘဝကနုံခြာစုတ်ပြတ်နေပြီးတော့ဆင်းဆင်းရဲရဲနေခဲ့ရတဲ့နွားကျောင်းသမလေးတွေဆီကကမ္ဘာ့ပထမဦးဆုံးကာကွယ်ဆေးကိုရခဲ့တာပါ။မြန်မာပြည်မှာဘဝပေးအခြေအနေရအဆိုပါနွားကျောင်းသူလေးလိုဒူပေဒန်ပေခံပြီးဆင်းဆင်းရဲရဲဖြစ်သလိုဖြတ်သန်းကြီးပြင်းလာကြရတဲ့ရွှေမြန်မာဆင်းရဲသားတွေရဲ့ဘဝတွေကို၊ကိုယ်ကဆရာဝန်ဆိုပြီးတော့အထင်မသေးစေချင်ပါဘူး။အဲဒီဆင်းရဲသားတွေရဲ့သွေးတွေထဲမှာကမ္ဘာကြီးကိုကယ်တင်နိုင်မယ့်အစွမ်းသတ္တိတွေမရှိနိုင်ဘူးလို့ဘယ်သူမှအတတ်မပြောနိုင်ပါဘူး။
ဆရာဝန်တွေဖြစ်ပြီးကာကွယ်ဆေးရဲ့သမိုင်းကိုမသိတာအလွန်ရှက်စရာကောင်းပါတယ်။ကိုယ်ကဆရာဝန်ဆိုတော့ပိုက်ဆံလွယ်လွယ်ကူကူရှာလို့ရတော့ချမ်းသာတယ်ဆိုပြီးဆင်းရဲတဲ့လူတွေကိုအလကားပါ။ဒီကောင်တွေကျန်းမာရေးအတွက်ဘာမှအထောက်အကူပြုနိုင်မယ့်ကောင်တွေမဟုတ်ပါဘူးလို့တော့အထင်မသေးမိပါစေနှင့်၊ဆရာဝန်တိုင်းကိုတော့မပြောပါဘူး၊ကျွန်တော့်ကိုဝေဖန်နေတဲ့စာမဖတ်၊သမိုင်းကိုမလေ့လာတဲ့ဆရာဝန်တစ်စုကိုပဲဦးတည်ပြီးရေးနေတာပါ။မြန်မာပြည်မှာဂရုဏာတရားကြီးမားပြီးတစ်ကယ်လေ့လာတဲ့၊စာဖတ်တဲ့၊စေတနာရှင်ဆရာဝန်တွေအများကြီးရှိနေပါတယ်။သူတို့ကိုလုံးဝမရည်ရွယ်ပါဘူး။
သမိုင်းကိုပြန်သွားကြရအောင်၊ခရစ်သက္ကရာဇ်(1762-63)လောက်မှာယခုဝူဟန်ကိုရိုနာထက်(အဆတစ်သိန်းကျော်)လောက်အသေအပျောက်များခဲ့တဲ့ကျောက်ရောဂါဆိုးကြီးဟာအင်္ဂလန်နိုင်ငံမှာဖြစ်ပွားခဲ့ပြီးလူတွေအမြောက်အများသေကြေပျက်စီးခဲ့ရပါတယ်။လူတွေပက်ပက်စက်စက်သေနေတာကမှ၊မသာချပေးမဲ့လူတွေတောင်မရှိတော့ပါဘူး။လူနာကိုဆေးရုံပို့ပေးမဲ့လူနဲ့အလောင်းသယ်ပေးမဲ့လူတွေမရှိတော့ပါဘူး။အလောင်းနားကပ်ရင်ကပ်တဲ့လူရောဂါကူးပြီးသေတာပါပဲ။အားလုံးအိမ်ပြစ်ယာပြစ်ထွက်ပြေးနေကြရတဲ့အချိန်ဖြစ်ပါတယ်။
အဲဒီအချိန်မှာအလွန်ထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီဖြစ်စဉ်ကြောင့်ပဲယနေ့ကမ္ဘာပေါ်မှာလူဦးရေသန်းပေါင်းထောင်နဲ့ချီပြီးအသက်ဘေးကလွတ်မြောက်ခဲ့ရတာပါ။အဲဒီအသက်ပေးလွတ်မြောက်ခဲ့ရတဲ့လူတွေကတစ်ခြားလူတွေမဟုတ်ဘူးဗျ။လက်မောင်းတွေမှာတံဆိပ်ကိုယ်စီရိုက်ထားကြတဲ့ခင်ဗျာတို့ကျွန်တော်တို့တွေကိုပြောနေတာပါပဲ။စာမဖိတ်ပဲဖင်ပိတ်ထိုင်ဝေဖန်နေတဲ့ဟိုဆရာဝန်တစ်စုတွေလဲသမိုင်းကိုတာမလေ့လာတာပါဒီအခွင့်အရေးကိုတော့လူတိုင်းရလိုက်ကြတာပါပဲ။
အလွန်ထူးခြားတဲ့ဖြစ်စဉ်ဆိုတာကလူတွေသေလွန်းလို့အားလုံးကြောက်ရွှံသွေးပျက်နေချိန်မှာ၊နွားကျောင်းတဲ့ကောင်မလေးငယ်ငယ်ချောချောလေးတစ်ယောက်ကသူများမလုပ်ရဲတဲ့အလုပ်တွေကိုမကြောက်မရွှံစေတနာနဲ့လိုက်လုပ်ပေးနေပါတယ်။အလောင်းတင်ထားတဲ့လှည်းတွေကိုလိုက်တွန်းပေးပြီး၊အလောင်းတွေသယ်ပေးတယ်။သင်္ဂြိုလ်ပေးတယ်။လူနာတွေကိုလက်တွန်းလှည်းတွေပေါ်တင်တွန်းပြီးဆေးရုံပို့ပေးနေတယ်။လူသန်းရာနဲ့ချီသတ်ထားတဲ့ကျောက်ရောဂါကိုသူလုံးဝကိုမကြောက်ခဲ့ပါဘူး။
သူများတွေလူတိုင်းသေနေလို့ကြောက်ရွံ့တုံလှုပ်နေပေမယ့်၊ဒီကလေးမလေးကတော့အပြုံးမပျက်ပါဘူး။မျက်နှာပေါ်မှာကြောက်ရွံ့မှု့လဲလုံးဝမရှိပါဘူး။ထူးဆန်းတာကလူတိုင်းပက်ပက်စက်စက်သေနေရတဲ့ကျောက်ရောဂါဆိုးကြီးဟာဒီကလေးမလေးကိုလုံးဝ(လုံးဝ)မကူးစက်၊ဒုက္ခမပေးနိုင်ပါဘူး။
ခင်ဗျာတို့အခုသွေးပျက်နေကြတဲ့(ဝူဟန်)ထက်အဆတစ်သိန်းကျော်လောက်အသေအပျောက်များခဲ့တဲ့ကျောက်ရောဂါဆိုးကြီးဟာနွားနို့ညှစ်ရောင်းစားပြီးအသက်မွေးရတဲ့နွားကျောင်းသမလေးကိုရောဂါမကူးစက်နိုင်ဘူးဆိုတာဟာအလွန်ထူးဆန်းနေပါတယ်။ဒါဟာသမိုင်းပါ။ဖျောက်ပြစ်လို့မရပါဘူး။
အဲဒီခလေးမလေးကိုကျောက်ရောဂါဘာကြောင့်မကူးစက်လဲဆိုတာခင်ဗျားတို့သိလား?။ဒီမေးခွန်းကိုမေးလိုက်ရင်နိုင်ငံခြားကိုသိပ်အထင်ကြီးပြီးပြီးကိုယ့်မြန်မာဓလေ့ကိုလုံးဝအထင်မကြီးတဲ့ဟိုဆရာဝန်အုပ်စုတွေက၊(USA)ကလာတဲ့(Made in USA)ကာကွယ်ဆေးတွေများဒီခလေးမလေးကိုထိုးထားတာလား၊ဒါမှမဟုတ်၊ဂျာမနီကပဲဆေးဝါးတွေအဓိကထားထောက်ပံ့ပေးထားနေတာလား။ဒီကလေးမအိမ်မှာပဲ(WHO)ကလာပြီးဓါတ်ခွဲခန်းတွေဖွင့်ပြီးကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာလားလို့ဟိုထင်ချင်ထင်နေမိလိမ့်မယ်။အဲဒီလိုတွေးမိရင်တော့မှားသွားပြီဗျ။
ဒီနေရာသိပ်အရေးကြီးပါတယ်၊ရှင်းရှင်းလေးပဲပြောပါမယ်။ဒီကလေးမလေးဟာ၊ယခုခေတ်မြန်မာပြည်ကဆင်းရဲချို့တဲ့နေတဲ့လူတွေလိုပဲဆင်းရဲပါတယ်။နွားကျောင်းစားတယ်။နို့ညှစ်ရောင်းရတယ်။ဘဝကဖြစ်သလိုနေဖြစ်သလိုစားနဲ့ကြီးခဲ့ရတယ်။လမ်းဘေးကမြောင်းပုတ်ထဲနွားကျရင်လဲဆင်းမဆယ်လို့မရပါဘူး။ခြင်အကိုက်မခံလို့ကောရမလား။ခြင်ထောင်လဲမရှိဘူး။နွားချေးတွေနဲ့အမြဲပေလူးနေခဲ့ရတယ်။ယင်ကောင်အနားမခံလို့ကောရမလား၊နွားတွေနေမကောင်းမကျန်းမာရင်၊နွားတွေဆီကနေမိမိကိုရောဂါတွေမကူးစက်အောင်ဆိုပြီးနွားတွေကိုပြစ်ထားပြီးတခြားဝေးရာမှာသွားပြေးပုန်းနေလို့ကောရမလား။ထွက်ပြေးသွားရင်ထမင်းငတ်သွားမှာပေါ့။
ဘဝပေးအခြေအနေအရ၊ရွေမြန်မာအများစုတွေလိုပြစ်စလက်ခကြီးပြင်းလာခဲ့ရတဲ့နွားကျောင်းသူလေးဟာ၊နွားတွေကနေသူ့ဆီကိုရောဂါပေါင်းစုံကူးစက်ခံရတော့တာပါပဲ။နွားတွေကနေရောဂါပေါင်းစုံကူးစက်ခံလိုက်ရတဲ့အတွက်သူ့သွေးထဲမှာ(Anti Body)တွေအလိုလိုဖြစ်ပေါ်လာပါတော့တယ်။
နွားကျောင်းသမလေးရဲ့နွားတွေဆီကနေရလိုက်တဲ့(Anti Body)တွေဟာ့(ဝူဟန်ထက်အဆတစ်သိန်း)အသေအပျောက်များခဲ့တဲ့ကမ္ဘာ့ကျောက်ရောဂါဆိုးကြီးကိုကောင်းကောင်းကာကွယ်ပေးနိုင်ခဲ့ပါတယ်။ကမ္ဘာကဖိတ်ဖိတ်တုန်အောင်ကြောက်ခဲ့ရတဲ့ကျောက်ရောဂါဆိုးကြီးဟာဒီကလေးမလေးကိုခြင်ကိုက်ဖုလေးတစ်ဖုလောက်တောင်ယားအောင်ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ဒါသမိုင်းပါ။ဟိုဆရာဝန်တွေဒီကိစ္စဘယ်လိုဖြေရှင်းမလဲ?။သမိုင်းကိုမသိချင်ယောင်ဆောင်ပြီး၊ရူးချင်ယောင်ဆောင်နေလို့တော့မရဘူးနော်။
စာသေချာမဖတ်တဲ့ဟိုလူတွေကိုပြောချင်တာက၊အနောက်တိုင်းဓါတုဗေဒဆေးဝါးတွေ၊ကာကွယ်ဆေးတွေကိုစွတ်အထင်ကြီးပြီး။ဒူပေဒန်ပေပြစ်စလက်ခဗွက်တောထဲမှာကြီးပြင်းလာခဲ့ရတဲ့ကိုယ့်မြန်မာဓလေ့၊ကိုယ့်မြန်မာသွေးတွေကိုအထင်မသေးဖို့တော့ပြောချင်ပါတယ်။ရွှေမြန်မာတွေရဲ့သွေးကိုအထင်သေးတယ်ဆိုတာစာမဖတ်လို့ဗဟုသုတနည်းလို့ပါ။စာဖတ်တဲ့လူ၊ဗဟုသုတရှိတဲ့လူဟာရွှေမြန်မာတွေရဲ့သွေးကိုလျော့တွက်လို့မရပါဘူး။ဝူဟန်ကိုတိုက်တိုက်ဆိုင်ဆိုငမြန်မာသွေးကကာကွယ်ပေးနိုင်မယ်လို့အတတ်မပြောပါဘူး။အလွန်ဖြစ်နိုင်ချေနည်းပါတယ်။ဒါပေမဲ့လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။
သမိုင်းကိုဆက်သွားကြရအောင်၊ဘဝစုတ်ချာတဲ့နွားကျောင်းသမလေးကိုစိတ်ဝင်စားသွားကြပြီးကာကွယ်ဆေးထုတ်ချင်လို့ရှားရှားပါးပါးလာမေးတာဆိုလို့လူတစ်ယောက်ပဲရှိပါတယ်။ကျန်တဲ့လူတွေကလုံးဝကိုစိတ်မဝင်စားကြပါဘူး။ရိုင်းရိုင်းပြောရရင်တော့ဆင်းရဲတဲ့ဘဝဖြစ်နေလို့(တောက်)ထင်မကြီးဘူးပေါ့ဗျာ။ဒီလိုပါပဲမြန်မာနိုင်ငံဟာအလွန်ဆင်းရဲပါတယ်။ဆင်းရဲပေမဲ့ထူးချွန်တဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိနေပါတယ်။ဒါပေမယ့်ဘယ်နိုင်ငံကမှတောက်ထင်မကြီးပါဘူး။ဘာလို့တောက်မကြီးလဲဆိုတော့ဆင်းရဲတဲ့တိုင်းပြည်ဖြစ်နေလို့ပါပဲ။ရှင်းတယ်နော်။
ဒီလိုပါပဲ၊ဘဝစုတ်ချာတဲ့နွားကျောင်းသမလေးကိုဆင်းရဲလို့ဘယ်သူမှအထင်မကြီးပါဘူး။သူ့ကိုအထင်ကြီးပြီးကာကွယ်ဆေးထုတ်ချင်လို့ရှားရှားပါးပါးလာမေးတာဆိုလို့လူတစ်ယောက်ပဲရှိတယ်။ဘယ်သူလို့ခင်ဗျားတို့ထင်ပါသလဲ?။
ဆေးရုံအုပ်ဆရာဝန်ကြီးများလား၊ကျန်းမာရေးဌာနကအကြီးအကဲတွေထဲကတစ်ယောက်ယောက်များလား။ဆေးကုမ္မဏီပိုင်ရှင်သူဌေးကြီးတွေထဲကလား။(WHO)ကအကြီးအကဲတွေလား၊(CDC)ကဆရာကြီးတွေများလား၊ခင်ဗျားတို့ထင်တာတွေကိုစဉ်းစားနေကြလိမ့်မယ်။လုံးဝမဟုတ်ပါဘူး။
ရိုင်းရိုင်းပြောရရင်အခု၊ဟိုဆရာဝန်တွေကမြန်မာသွေးကို(တောက်)ထင်မကြီးသလိုပါပဲ၊ဘဝစုတ်ချာတဲ့နွားကျောင်းသမလေးရဲ့သွေးကိုဘယ်ဆရာဝန်၊ဘယ်ဒေါက်တာ၊ဘယ်ဆေးရုံ၊ဘယ်ဆေးကုမ္မဏီ၊ဘယ်ဆေးပညာရှင်ကမှစိတ်မဝင်စားကြပါဘူး။(တောက်)ထင်လဲမကြီးပါဘူး။
ဆင်းရဲတဲ့ဘဝကလာတာလို့၊ပြစ်စလက်ခကြီးပြင်းခဲ့ရတဲ့ဆင်းရဲသူကလေးမို့(တောက်)ဖက်လုပ်ပြီးလဲမလေ့လာချင်ကြဘူးပေါ့ဗျာ။ကိုယ်ကဆရာဝန်ကြီးတွေဆေးပညာရှင်ကြီးတွေဖြစ်နေတယ်လေ၊လမ်းဘေးကနွားကျောင်းသူလေးဆီကသွေးကိုအဖက်လုပ်ပြီးလေ့လာရမယ်ဆိုတော့သိက္ခများကျသွားမလားပေါ့။အဲဒီလိုအောက်တန်းကျတဲ့စိတ်ဓါတ်တချိုယခု့ဆရာဝန်တချို့တွေဆီမှာအခုထက်ထိရှိနေတာဟာရှက်စရာပါ။
ဘဝစုတ်ချာတဲ့နွားကျောင်းသမလေးကိုစိတ်ဝင်စားသွားပြီးရှားရှားပါးပါးကာကွယ်ဆေးထုတ်ချင်လို့လာမေးတဲ့လူဆိုလို့တခြားမထင်လိုက်ပါနဲ့၊လယ်တောမှာ၊ပြေးလွားကစားနေတဲ့(၁၃)နှစ်သား(Edward Jenner)ဆိုတော့ချာတိတ်ကလေးတစ်ယောက်ပါပဲ။ဒီလယ်တောထဲမှာပြေးလွားကစားနေတဲ့(၁၃)နှစ်သားကလေးပေါက်စက၊တစ်ကမ္ဘာလုံးကိုလူတွေသန်းရာနဲ့ချီပြီးသေကြေပျက်စီးနေတဲ့ကပ်ရောဂါဆိုးကြီးကိုကာကွယ်ဆေးထုတ်ပေးချင်တယ်ဆိုတော့၊ဘယ်သူကသွားပြီးယုံနိုင်မှာလဲ။ဖြစ်နိုင်မလား?။
လယ်တောမှာ၊ပြေးလွားကစားနေတဲ့(၁၃)နှစ်သားကလေးကိုတစ်ကမ္ဘာလုံးကကယ်တင်ရှင်အဖြစ်ဝိုင်းပြီးအားရပါးရအားကိုးလို့ရနိုင်မလား၊ဆိုတာခင်ဗျာတို့စဉ်းစားကြည့်လိုက်ကြပါ။အဲဒီအချိန်မှာဘယ်ဆရာဝန်ကြီးတွေကမှနွားကျောင်းသမလေးကိုတောက်ဖက်မလုပ်ပါဘူး။ကလေးပေါက်စလေးကပဲအဖက်လုပ်ခဲ့တာပါ။
လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။မဖြစ်သေးတာပဲရှိတာပါ။တချိန်က လယ်တောထဲမှာ၊ပြေးလွားကစားနေခဲ့တဲ့(၁၃)နှစ်သား(Edward Jenner)လေးဟာနောင်တချိန်မှာတစ်ကမ္ဘာလုံးကိုကပ်ရောဂါဆိုးကြီးဘေးကနေကာကွယ်ပေးနိုင်မယ့်ကယ်တင်ရှင်ကြီးဖြစ်လာမယ်လို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်ပါဘူး။ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ၊(Edward Jenner)လေးဟာကြီးလာတော့ကမ္ဘာ့ကာကွယ်ဆေးအားလုံးရဲ့ဖခင်ကြီးဖြစ်လာခဲ့ပါတယ်။
ယနေ့ကမ္ဘာပေါ်မှာလူအထင်ကြီးအောင်ကြီးကြီးကျယ်ကျယ်ဘိုလိုတွေနာမည်ပြောပြောပြီးဆရာဝန်တွေကခင်ဗျားတို့ကိုထိုးထိုးပေးနေတဲ့ကာကွယ်ဆေးတွေအားလုံးဟာ၊ဘဝစုတ်ပြတ်နေခဲ့ရတဲ့နွားကျောင်းသူလေးနဲ့လယ်တောမှာ၊ပြေးလွားကစားနေခဲ့တဲ့(၁၃)နှစ်သား(Edward Jenner)ကလေးဆတို့ဆီကနေစပြီးရခဲ့တာပါ။သမိုင်းကိုမေ့မထားကြပါနှင့်၊ဘဝကိုလဲမေ့မသွားကြပါနှင့်။
၁၃နှစ်သား(Edward Jenner)ကလေးဟာကမ္ဘာပေါ်မှာလူသားတွေရဲ့အသက်ကိုကာကွယ်ပေးမယ့်ကျောက်ရောဂါကာကွယ်ဆေးကိုထုတ်ပေးချင်လို့စာတွေကျိုးစားသင်ယူခဲ့ပြီးစေတနာဆရာဝန်ကြီးတစ်ယောက်ဖြစ်ခဲ့ရပါတယ်။စေတနာဆရာဝန်လို့ပြောတာနော်အသပြာဆရာဝန်တွေကိုမပြောဘူး။
ခရစ်သက္ကရာဇ်(1796)ခုနှစ်မှာ(Doctor Edward Jenner)ဟာကျောက်ရောဂါဆိုးကြီးအလိုလိုပြီးနေတဲ့နွားကျောင်းသူလေးကိုဥပမာယူပြီး၊ကမ္ဘာပေါ်မှာပထမဆုံးကာကွယ်ဆေးကိုထုတ်လုပ်ခဲ့ပါတယ်။ရောဂါတစ်ခုအတွက်ကြိုတင်ပြီးကာကွယ်ဆေးထုတ်လို့ရတယ်ဆိုတာအဲဒီတော့မှလူတွေစသိလာကြတာပါ။ပထမဆုံးကာကွယ်ဆေးဟာကျောက်ရောဂါကာကွယ်ဆေးဖြစ်ပြီး၊နောက်ပိုင်းထပ်ထုတ်တဲ့ရောဂါကာကွယ်ဆေးတွေအားလုံးဟာလဲမူလ(Edward Jenner)နဲ့နွားကျောင်းသူလေးတို့ဆီကရတဲ့သဘောသဘာဝကိုပဲအခြေခံထားပြီးဆေးအမျိုးမျိုးပြောင်းလဲထုတ်လုပ်ကြရတာပါ။
သမိုင်းဆိုတာအထင်အရှားရှိခဲ့ပါတယ်၊ကလေးပေါက်စလေးနဲ့ဆင်းရဲနွမ်းပါးတဲ့နွားကျောင်းသမလေးရဲ့ကျေးဇူးတွေလဲလူတိုင်းမှာရှိနေခဲ့ဖူးပါတယ်။လူဆိုတာကျေးဇူးကိုမမေ့ကောင်းပါဘူး။ဟိုဆရာဝန်တွေကိုပြောချင်တာကဘဝင်မြင့်ပြီးကျေးဇူးမေ့တော့မယ်ဆိုရင်တောင်ကိုယ့်လက်မောင်းကလေးကိုလှန်ကြည့်လိုက်ပါ။လက်မောင်းမှာဆင်းရဲနွမ်းပါးပြီးဘဝနုံချာခဲ့ရတဲ့နွားကျောင်းသမလေးရဲ့အခမဲ့မေတ္တာနဲ့ပေးထားတဲ့အသက်ကယ်ဆီးတံဆိပ်နှိပ်ရာတွေလူတိုင်းမှာကိုယ်စီရှိနေကြပါတယ်။ဒါကိုမြင်ရင်ကျေးဇူးကိုသတိရကြပါ။
အခုဆက်လက်ပြီး၊ဗိုင်းရပ်စ်တစ်မျိုးရဲ့(Anti-body)ဆိုတာ၊တစ်ခြားအမျိုးမတူတဲ့ဗိုင်းရပ်စ်တစ်မျိုးကိုလုံးဝမကာကွယ်ပေးနိုင်ဘူးဆိုတဲ့စာမဖတ်မလေ့လာတဲ့ဟိုဆရာဝန်တစ်စုရဲ့လှေနံဓါးထစ်အယူအဆကိုပြန်သွားကြပါစို့။
ဝူဟန်ထက်အဆတစ်သိန်းကျော်အသေအပျောက်များခဲ့တဲ့ကျောက်ရောဂါဆိုးကြီးကိုဖြစ်ပေါ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေဟာ၊နွားတွေမှာဖြစ်ခဲ့တဲ့(cowpox)ဆိုတဲ့ရောဂါကလေးနဲ့ရောဂါခြင်းတိတိကျကျလုံးဝကိုမတူသလို၊ဗိုင်းရပ်စ်ပိုးတွေရဲ့အသွင်အပြင်နဲ့မျိုးရိုးဗီဇလဲကွဲပြားခြားနားနေကြပါတယ်။
ဒါကြောင့်ဟိုဆရာဝန်တွေကိုမေးချင်တာကဒီနေရာမှာနွားတွေမှာဖြစ်ခဲ့တဲ့မဖြစ်စလောက်ရောဂါ(Cowpox)ကရတဲ့(Anti Body)ကလေးဟာလူတွေရဲ့အသက်သန်းပေါင်းရာနဲ့ချီသေစေနိုင်တဲ့ကျောက်ရောဂါဆိုးကြီးကိုကာကွယ်ပေးနိုင်ခဲ့တဲ့ကိစ္စခင်ဗျားတို့ဘယ်လိုဖြေရှင်းကြမလဲ?။သမိုင်းဆိုတာလူတွေသိကိုသိလာမှာပဲ။ခင်ဗျာတို့တွေရူးချင်ယောင်ဆောင်နေလို့မရပါဘူး။
အသွင်မတူတဲ့ဗိုင်းရပ်စ်တစ်မျိုးကရတဲ့(Anti Body)ဆိုတာတစ်ခြားအသွင်မတူတဲ့ဗိုင်းရပ်တစ်မျိုးမျိုးကိုမတော်တဆသွားပြီးကာကွယ်ပေးနိုင်တယ်ဆိုတာအလွန်အင်မတန်မှဖြစ်တောင့်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။အလွန်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးဆိုတာကတော့(လုံးဝ)မဟုတ်ပါဘူး။လူတွေရဲ့ကုသိုလ်ကံနှင့်လဲဆိုင်ချင်ဆိုင်နေပါလိမ့်မယ်။ဒါကျွန်တော့်ရဲ့ယုံကြည်ချက်ပါ။လူတိုင်းလွတ်လပ်စွာယုံကြည်လို့ရပါတယ်။
အခုလဲသမိုင်းကပြောနေပါပြီ၊လူတွေမှာပက်ပက်စက်စက်အသေဆိုးခဲ့တဲ့ကျောက်ရောဂါဆိုးကြီးကိုနွားတွေမှာဖြစ်နေတဲ့မတူညီပဲကွဲပြားနေတဲ့ရောဂါသေးသေးလေးတစ်ခုကရတဲ့(Anti Body)တစ်မျိုးကအပြည့်အဝကာကွယ်ပေးနိုင်တဲ့သမိုင်းကိုခင်ဗျားတို့ဖျောက်ဖျက်ပြစ်လို့မရနိုင်ပါဘူး။
ခင်ဗျားတို့ဒီကနေ့(Made in USA vaccine)တို့(Made in Germany Vaccine)တို့ဆိုပြီးအထင်တကြီးနဲ့အထိုးခံနေတဲ့ကာကွယ်ဆေးတွေရဲ့မိခင်ကြီးက(ဘဝပေးကြောင့်ယနေ့ရွှေမြန်မာတွေလိုပြစ်စလက်ခ၊ဖြစ်သလိုကြီးပြင်းလာခဲ့ရတဲ့နွားကျောင်းသမလေးဆီကရခဲ့တယ်ဆိုတာကိုတော့မေ့မသွားကြနဲ့ပေါ့ဗျာ။
အခုမှဓါတ်ခွဲခန်းကြီးတွေ၊ဆေးရုံကြီးတွေ၊(USA)ကြီးတွေ၊ဂျာမနီကြီးတွေလုပ်ပြီးအပိုတွေလုပ်ပြမနေပါနဲ့။သိပ်ရှက်စရာကောင်းပါတယ်။ကမ္ဘာမှာကာကွယ်ဆေးဆိုတာနွားကျောင်းသမလေးရဲ့သွေးကနေစခဲ့ရတာပါ။ဒါကြောင့်မြောင်းပုတ်နားမှာနေတယ်ဆိုပြီးတော့၊ရွှေမြန်မာတွေရဲ့သွေးတွေကိုလဲအထင်မသေးစေချင်ပါဘူး။
သာမန်လူတွေစာမဖတ်တာကသိပ်ကိစ္စမရှိပါဘူး၊တိုင်းပြည်ကအားကိုးအားထားရတဲ့ဆရာဝန်တွေစာမဖတ်ဘူးဆိုရင်တော့ပြည်သူတွေအတွက်ရင်လေးစရာပါပဲ။ဆရာဝန်ဆိုတာအလွန်ထူးချွန်တဲ့လူတန်းစားတွေပဲဖြစ်နိုင်တာပါ။တိုင်းပြည်ရဲ့အားအထားရဆုံးလူတန်းစားတစ်ရပ်ပါ။ဆရာဝန်တွေဟာအလွန်တာဝန်ကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ဆရာဝန်တွေရဲ့လက်ထဲကိုအပ်ထားရတဲ့ပြည်သူတွေရဲ့အသက်ဟာအစားပြန်မရနိုင်ဘူးဆိုတာကိုတော့နားလည်ဖို့လိုအပ်ပါတယ်။ဆရာဝန်တိုင်းကိုတော့မဆိုလိုပါဘူး။
ကျွန်တော်အမေရိကန်နိုင်ငံကိုရောက်နေတာနှစ်ပေါင်း(၂၀)လောက်ရှိနေပြီ။အမေရိကန်ဆိုတာကမ္ဘာမှာလူနေမှု့အဆင့်အမြင့်မားဆုံးနဲ့အချမ်းသာဆုံး၊ခေတ်အမှီဆုံး၊အတိုးတက်ဆုံးနိုင်ငံဆိုတာတော့မှန်ပါတယ်။ဒါပေမဲ့အမေရိကန်တိုးတက်နေပြီဆိုတာနဲ့မြန်မာတွေကိုတော့သွားအထင်သေးလို့မရပါဘူးဗျ။မြောင်းပုတ်တွေဘေးမှာခြင်ကိုက်ခံပြီးကြီးပြင်းလာရတဲ့မြန်မာတွေကလဲသူ့တန်ဖိုးနဲ့သူရှိနေတာပါပဲ။
တစ်ခါတစ်လေဒီလူတွေကနေရွှေဖြစ်ချင်ရင်လဲဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့(ရွှေမြန်မာ)လို့ကျွန်တော်တပ်ခေါ်လိုက်တာပါ။ရွှေကိုရွှေမှန်းမသိပဲ၊မစင်ကိုရွှေထင်၊ရွှေကိုမစင်လို့ထင်မိတဲ့ခင်ဗျားတို့လိုလူတွေကိုတော့ကျွန်တော်သိပ်သနားပါတယ်။ကျွန်တော်ကအမေရိကန်ရောက်နေပေမဲ့စာဖတ်တယ်၊လေ့လာတယ်၊သုတေသနတွေလေးလေးနက်နက်လုပ်တယ်။ဒီလိုလုပ်လေလေမြန်မာတွေကိုအထင်မသေးလေလေပါပဲ။
—–
ဒါပေမဲ့ရွှေမြန်မာတွေကိုကျွန်တော်အနူးအညွတ်မှာကြားချင်တာတစ်ခုတော့ရှိပါတယ်။ကမ္ဘာပေါ်မှာနိုင်ငံပေါင်း(၄၀)ကျော်အထိကူးစက်ပြန့်ပွားနေကြတဲ့ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်တဲ့ဝူဟန်ကိုရိုနာရောဂါဟာတရုတ်နိုင်ငံနဲ့ထိတွေ့ဆက်ဆံမှု့အများဆုံးဖြစ်တဲ့မြန်မာနိုင်ငံကိုဖေဖေါ်ဝါရီလကုန်အထိမကူးစက်၊မပြန့်ပွားသေးတာဟာအလွန်ထူးခြားတယ်ဆိုတာကတော့ဘယ်လိုမှငြင်းလို့မရနိုင်ပါဘူး။ဒါပေမဲ့ကံကိုယုံပြီးဆူးပုံကိုတက်မနှင်းမိဖို့တော့အထပ်ထပ်ပြောချင်ပါတယ်။
ဒါပေမဲ့ကျွန်တော့်ရဲ့(hypothesis)အရမြန်မာတွေရဲ့သွေးတွေထဲမှာဒီဗိုင်းရပ်စ်ပိုးကိုကာကွယ်ပေးနိုင်တဲ့(Anti Body)တခုခုဟာ၊အကြောင်းတစ်ခုခုကြောင့်များမတော်တဆရှိနှင့်နေတာလားဆိုတဲ့ထင်မြင်တွေးဆချက်အယူအဆကတော့ဘာသုသေသနအထောက်အထားမှအခိုင်အမာမရှိသေးပါဘူး။လူတစ်ယောက်ရဲ့သာမန်ထင်မြင်ယူဆချက်(hypothesis)တစ်ခုသက်သက်သာဖြစ်နေလို့၊ရွှေမြန်မာကိုယ်တော်တွေအမှန်တစ်ကယ်လို့ယူဆပြီးပေါ့ပေ့ါဆဆမနေကြဖို့ကျွန်တော့်အနေနဲ့ထပ်လောင်းအထူးသတိပေးပြောကြားချင်ပါတယ်။
ကျွန်တော်ရေးလိုက်တဲ့ဆောင်းပါးမှာပြောချင်တာကရွှေမြန်မာတွေ၊ဒီဗိုင်းရပ်စ်ကိုဂရုမစိုက်ကြနဲ့တော့၊ပေါ့ပေါ့ဆဆသာနေချင်သလိုနေလို့ရပြီ၊အေးဆေးပဲလို့ပြောချင်တာလုံးဝ(လုံးဝ)မဟုတ်ပါဘူး။ဖြစ်နိုင်ခြေ(hypothesis)တစ်ခုကိုချပြလိုက်ပြီး၊ဒီ(hypothesis)မှန်တယ်မှားတယ်ဆိုတာကိုအချိန်အတိုင်းအတာတစ်ခုအထိပေးပြီးစောင့်ကြည်သုတေသနပြုကြဖို့ပြောချင်တာပါ။ဒီ(hypothesis)မှန်မယ်မမှန်ဘူးဆိုတာဟာအချိန်အတိုင်းအတာတစ်ခုကသာလျှင်အဆုံးအဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။
ရေးခဲ့တဲ့အဆိုပါဆောင်းပါးဟာ၊ရွှေမြန်မာတွေအတွက်စိုးရိမ်သောကကင်းပြီးခန္ဓာကိုယ်မှာခုခံမှု့စနစ်တွေအားကောင်းလာအောင်ထိရောက်မှု့ရှိတဲ့ဆောင်းပါးတစ်ခုဆိုတာတော့မှန်ပါတယ်။စိုးရိမ်ကြောက်ရွှံမှု့တွေကိုခဏဘေးဖယ်ထားကြပြီးပျော်ပျော်နေတာဟာရောဂါတွေကိုခုခံဖို့်အတွက်၊မိမိခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်အတွက်အလွန်အကျိုးများတယ်ဆိုတာတစ်ကယ်မှန်နေပေမယ့်၊ပေါ့ပေါ့ဆဆနေဖို့တော့ပြောလိုက်တာမဟုတ်ပါဘူး။
စိုးရိမ်ပူပန်မှု့(Stress)တွေမလွန်ကဲအောင်နေတာနဲ့၊ပေါ့ပေါ့ဆဆပြစ်စလက်ခနေတာဟာအဓိပ္ပါယ်၊သဘောသဘာဝချင်းလုံးဝကိုမတူကြပါဘူး။ဒီဆောင်းပါးကြောင့်စိုးရိမ်မှု့တွေကင်းရှင်းသွားလို့ခင်ဗျားတို့တွေရဲ့ရောဂါခုခံမှု့စနစ်(Immune System)ကိုတဖက်တလမ်းကနေအထောက်အကူပြုပေးနိုင်တာကတော့အလွန်ကောင်းမွန်တဲ့အမှန်တရားပါပဲ။
ဒါပေမဲ့အထပ်ထပ်ပြောချင်တာက၊ရွှေသွေးရထားတဲ့ကိုရွှေမြန်မာတွေပီပီ၊ပြစ်စလက်ခ၊ပေါ့ပေါ့ဆဆ၊အေးဆေးပါဆိုပြီးနှပ်နေမှာကိုတော့ကျွန်တော်အရမ်းစိုးရိမ်မိပါတယ်။ခင်ဗျာတို့သွေးတွေဟာဒီရောဂါကိုကာကွယ်ပေးနိုင်မယ်။မပေးနိုင်ဘူးဆိုတာဆုံးဖြတ်ဖို့နဲနဲအချိန်စောနေပါသေးတယ်။
အစိုးရိမ်မလွန်ဖို့ပဲပြောတာပါ၊ဘဝင်မြင့်ပြီးတော့ပြစ်စလက်ခမနေကြပါနှင့်၊အချိန်အတိုင်းအတာအထိတော့ကျွန်တော်နဲ့အတူတူစောင့်ကြည့်ကြပါဦး။ခင်ဗျားတို့တစ်ကယ်ပျော်ရမယ့်အချိန်ရောက်လာတော့မှာပါ။ အောင်ပွဲခံရမယ့်အချိန်ရောက်လာရင်ကျွန်တော်ကြေငြာပေးပါမယ်။
အခုလောလောဆယ်တော့ညောင်သီးတော့စားကြပါ၊ဒါပေမဲ့လေးသံကိုလဲနားထောင်ကြပါဦး။လေးသံနားထောင်တယ်ဆိုတာကတစ်ခြားကိုပြောတာမဟုတ်ပါဘူး၊အောက်ပါအချက်(၄)ချက်ကိုလိုက်နာကြဖို့လူတိုင်းအကျိုးအတွက်တိုက်တွန်းပါရစေ။
ကျွန်တော့်ရဲ့ဝူဟန်ကူးစက်ရောဂါကာကွယ်နည်း(Protocol)ကိုရေးပေးပါမည်။လူတိုင်းမှတ်ရလွယ်အောင်(Hips-Protocol)လို့လဲခေါ်ဆိုနိုင်ပါတယ်။(Hips)ဆိုတဲ့အဓိပါယ်ကတော့အဆင့်(၄)ဆင့်ရှိပါတယ်။
H= Health = ကျန်းမာရေးကောင်းမွန်နေစေရန်။
I= Isolation = ရောဂါမကူးစက်ဖို့်သီးသန့်ခွဲခြားနေထိုင်ရန်။
P= Protection = ရောဂါကာကွယ်ရန်။
S= Supportive therapy =အထောက်အကူပြုကုသရန်။
အဲဒီလေးမျိုးကို(Hips)လို့အတိုကောက်မှတ်ရင်လွယ်ကူပြီးမှတ်မိရလွယ်ပါတယ်။
၎င်းအချက်(၄)ချက်ကိုနောက်မှအကျယ်ရေးပေးပါမယ်။အခုတော့စာရှည်လို့ဆိုပြီးရွှေကိုယ်တော်တွေမဖတ်မှာစိုးလို့ဒီလောက်ပါပဲ။
နောက်ဆုံးမှာချင်တာက၊စိတ်မပူကြပါနှင့်၊မကြောက်ရွှံကြပါနှင့်၊စိတ်ပူကြောက်ရွှံမှုဟာခုခံမှုု့အားကိုပက်ပက်စက်စက်၊ပြစ်ပြစ်နစ်နစ်ကြီးကိုကျဆင်းစေနိုင်ပါတယ်။အခြားတစ်ဖက်ကလဲ(လုံးဝ)လုံးဝမပေါ့ဆကြပါနှင့်၊အထက်ပါအချက်(၄)ချက်ကိုလိုက်နာပြီးရောဂါအတွက်အသင့်ပြင်ဆင်ထားလိုက်ကြပါ။
အချိန်တန်ရင်တော့ထူးခြားလာတာတွေထပ်ရေးပေးပါဦးမယ်။အခုတော့သတိနှင့်စောင့်ကြည့်တဲ့အဆင့်ပဲရှိပါသေးတယ်။
ရွှေအရိုင်းတွေအားလုံး၊ရွှေစင်တွေဖြစ်လာကြပါစေ။
ဆက်ရေးပေးပါဦးမည်။
Kelvin Albert Power
————————————–
References:
——————————–
(ZAWGYI Link)
————————–

 

 

Shopping Cart