Source from Kelvin A. Power’s Facebook on February 13, 2020
အချက်(၄)ချက်ပါ၊(Wuhan COVID-19)ကူးစက်ရောဂါကာကွယ်ကုသနည်း(Protocol)
–
တစ်ချို့လူတွေကပြောကြတယ်။အရင်ဖြစ်ပေါ်သွားခဲ့တဲ့(SARS) တုံးကသေပျောက်နုန်း(၁၁)ရာခိုင်နုန်းလောက်တောင်ရှိခဲ့တယ်။အခု(Feb13,2020)တရုတ်ထုတ်ပြန်တဲ့စာရင်းအရရောဂါကူးစက်ခံရသူ(ခြောက်သောင်း)နီးပါးရှိနေပြီး၊သေဆုံးသူ(ထောင့်လေးရာ)နီးပါးလောက်ပဲရှိတာကိုကြည့်ပြီးတော့၊(၁၄၀၀)ကို(ခြောက်သောင်း)နဲ့အချိုးချပြီးတော့၊သေပျောက်မှု့နုန်း(၂.၃)ရာခိုင်နုန်းလောက်ပဲရှိတယ်ဆိုပြီးတော့လျှော့ပြီးမတွက်မိကြဖို့အထူးလိုအပ်ပါတယ်။
–
ဒီနေရာမှာတရုတ်ထုတ်ပြန်ချက်စာရင်းအရသေချာဂရုစိုက်ရမယ့်နံပါတ်(၃)မျိုးရှိပါတယ်။ရောဂါကူးစက်ခံရသူ(ခြောက်သောင်း)နီးပါးရှိနေပြီး၊သေဆုံးသူ(၁၄၀၀)နီးပါးပဲရှိသေးတယ်ဆိုတာဟာမှန်ပေမဲ့၊အမှန်တစ်ကယ်ရောဂါပျောက်ကင်းသွားတဲ့လူက(ခြောက်ထောင်)လောက်လေးပဲရှိပါသေးတယ်။ဒီနေရာမှာ(ခြောက်သောင်း)ရောဂါဖြစ်နေတယ်(၁၄၀၀)ပဲသေတယ်လို့တွက်လို့မရနိုင်ဘူး။
–
သေချာတွက်ရမှာက(ခြောက်သောင်း)ရောဂါဖြစ်နေတာတော့မှန်တယ်။ပြန်ကောင်းတဲ့လူက(ခြောက်ထောင်)လောက်လေးပဲရှိသေးတယ်။သေတဲ့လူက(၁၄၀၀)တောင်ရှိနေပြီဆိုတဲ့သဘောကဘာလဲဆိုတော့၊(ခြောက်သောင်း)ထဲကနေ(ခြောက်ထောင်)နဲ့(ထောင့်လေးရာ)ကိုနုတ်ကြည့်လိုက်။အဖြေကလူပေါင်း(ငါးသောင်းနှစ်ထောင့်ခြောက်ရာ)တောင်ဆေးရုံပေါ်မှာရှိနေသေးတယ်။အဲဒီလူပေါင်း(၅၂၆၀၀)ထဲကနေဘယ်နှစ်ယောက်ထပ်သေဦးမယ်ဆိုတာဘယ်သူမှမပြောနိုင်သေဘူး။
–
အမှန်တစ်ကယ်တွက်ရမှာက(ခြောက်ထောင်)ရောဂါပျောက်ကင်းသွားတယ်။(ထောင့်လေးရာသေတယ်)လို့တွက်ရမှာဖြစ်ပါတယ်။ဒီလိုတွက်လိုက်ရင်ရလဒ်ကလူ(၇၄၀၀)ယောက်ရောဂါကူးစက်ခံရရင်(၁၄၀၀)သေတယ်။(ခြောက်ထောင်)ရောဂါပျောက်ကင်းသွားတယ်ဆိုတာထင်ရှားနေပြီ။ကျန်တဲ့ဆေးရုံပေါ်မှာရောက်နေတဲ့၊သေမယ်ရှင်မယ်မသိသေးတဲ့လူ(၅၂၆၀၀)ယောက်ကိုထည့်တွက်စရာမလိုတော့ဘူး။
–
ဒီနည်းအတိုင်းဆိုရင်ရောဂါကူးစက်ခံရတဲ့လူ(၅)ယောက်မှာ(၁)ယောက်သေတယ်၊(၄)ယောက်ပြန်ကောင်းသွားတယ်ဆိုတာရှင်းသွားပြီ။ငါးယောက်မှာတစ်ယောက်သေတယ်ဆိုတော့သေပျောက်နုန်းအစစ်ဟာ(၂၀)ရာခိုင်နုန်းတောင်ရှိနေတယ်။
–
ဒီပုံစံအတိုင်းဆိုရင်၊ (Wuhan COVID-19)ဟာ(SARS)ထက်နှစ်ဆလောက်ပိုပြီးကြောက်စရာကောင်းနေပြီဆိုတာကိုအားလုံးသတိထားကြဖို့လိုလာပါပြီ။ပေါ့ပေ့ါဆဆမတွက်ကြပါနှင့်။အလွန်အန္တရာယ်ရှိပါသည်။အပိုတွေပြောပြီး၊ခြိမ်းခြောက်နေတာ(လုံးဝ)လုံးဝမဟုတ်ပါ။ဒီရောဂါဟာမကြာခင်အချိန်အတွင်းမှာသေချာပေါက်နည်းပါး၊တစ်ကမ္ဘာလုံးကိုကူးစက်လာနိုင်ပါတယ်။မြန်မာပြည်ကလဲချွင်းချက်အဖြစ်ကျန်နေမှာတော့မဟုတ်ပါဘူး။အဲဒါကိုလူတိုင်းနားလည်ကြပါ။
–
ဒါတောင်တရုတ်ကစာရင်းအမှန်မပြပဲနဲ့၊စာရင်းတွေအများကြီးလျှော့ပြီးပြတယ်လို့တော်တော်များများကသံသယရှိနေကြတယ်။တရုတ်ပြည်မှာသေပျောက်နုန်း(၂၀)ရာခိုင်နုန်းလောက်ရှိတယ်ဆိုပြီးမြန်မာပြည်ရောက်လာရင်၊တရုတ်လောက်ပဲသေပျောက်မယ်လို့တော့အသေမတွက်မိကြပါစေနှင့်။
–
ဘာကြောင့်လဲဆိုတော့မြန်မာပြည်နှင့်တရုတ်ပြည်သည်ဆေးပညာ၊ဆေးသုတေသန၊ဆေးရုံ၊ဆေးခန်း၊သုံးစွဲနိုင်သောစက်ပစ္စည်း၊အထောက်အကူပစ္စည်းများ၏အဆင့်အတန်းမှာအင်မတန်ကွာခြားလှပါသည်။တရုတ်ဆေးပညာ၊ဆေးသုတေသနများနှင့်ဆေးပစ္စည်းစက်ကိရိယာသုံးစွဲနိုင်မှု့အဆင့်အတန်းသည်အမေရိကန်ပြီးရင်ကမ္ဘာမှာဒုတိယလောက်လိုက်နေပါသည်။တရုတ်ပြည်မှာသေပျောက်နုန်းနည်းလျှင်သော်လည်း။မြန်မာပြည်မှာသေပျောက်နုန်းမြင့်မားနိုင်ပါသည်။ဒီအချက်ကိုအထူးထည့်သွင်းစဉ်းစားကြဖို့အထူးပြောကြားလိုပါသည်။
–
ဒါကြောင့်အခုပဲသုတေသနတွေကိုအခြေခံတဲ့၊ကျွန်တော့်ရဲ့ကူးစက်ရောဂါကာကွယ်ကုသနည်း(Protocol)ကိုရေးပေးပါမည်။လူတိုင်းမှတ်ရလွယ်အောင်(Hips Protocol)လို့လဲခေါ်ဆိုနိုင်ပါတယ်။(Hips)ဆိုတဲ့အဓိပါယ်ကတော့အဆင့်(၄)ဆင့်ရှိပါတယ်။
–
H= Health = ကျန်းမာရေးကောင်းမွန်နေစေရန်။
I= Isolation = ရောဂါမကူးစက်ဖို့်သီးသန့်ခွဲခြားနေထိုင်ရန်။
P= Protection = ရောဂါကာကွယ်ရန်။
S= Supportive therapy =အထောက်အကူပြုကုသရန်။
အဲဒီလေးမျိုးကို(Hips)လို့အတိုကောက်မှတ်ရင်လွယ်ကူပြီးမှတ်မိရလွယ်ပါတယ်။
—
၎င်းအချက်(၄)ချက်ကိုအကျယ်ရေးပေးပါမည်။
—
(၁) (H= Health)=ကျန်းမာရေးကောင်းမွန်နေစေရန်။
(Coronavirus)ရောဂါမိမိနေရာသို့ကူးစက်မလာမှီ၊မိမိကျန်းမာရေးနှင့်ခုခံအားကောင်းမွန်နေအောင်ကြိုတင်ကျိုးစားပြင်ဆင်ထားရန်ဆိုလိုခြင်းဖြစ်ပါသည်။
–
ပထမဆုံးအနေနဲ့ခုခံအားကောင်းမွန်ရန်အရေးကြီးဆုံးအချက်မှာအိပ်ရေးဝဝအိပ်ကြဖို့လိုပါသည်။စုစုပေါင်းအိပ်ချိန်(၈)နာရီ(၉)နာရီခန့်လိုအပ်ပါသည်။ခုခံမှု့စနစ်ကိုပြန်လည်ပြုပြင်သောအချိန်အကန့်အသတ်ဖြစ်သည့်ည(၁၀)နာရီနှင့်မနက်(၁)နာရီအချိန်ကိုမိမိရရအိပ်စက်မိဖို့လိုပါသည်။
–
စိတ်မပူပဲ၊စိတ်ဖိစီးမှု့တွေလျော့ချပြီးအိပ်ရေးဝဝအိပ်ပါ။တတ်နိုင်ရင်ကမ္မဌာန်းထိုင်ပါ။မေတ္တာပွားပါ။မေတ္တာစိတ်သည်ခန္ဓာကိုယ်ရဲ့ခုခံမှု့စနစ်ကိုအထူးကောင်းမွန်ပြီးအင်အားပြည့်စေနိုင်ပါသည်။စိတ်ဖိစီးမှု့သည်ခုခံမှု့စနစ်ကိုပျက်စီးစေနိုင်ပါသည်။စိတ်ဖိစီးမှ့ုမရှိအောင်နေပါ။
–
မနက်ဘာမှမစားခင်ရေနှစ်ခွက်၊သုံးခွက်အဝသောက်ပါ။လေ့ကျင့်ခန်းလုပ်ပါ။လမ်းလျှောက်ပါ။လေကောင်းလေသန့်ရူရှိုက်ပါ။ဆေးလိပ်ဖြတ်ပါ။အရက်ခဏဖြတ်ပါ။အဆုတ်အဓိကကျန်းမာရန်လိုအပ်သဖြင့်၊ဆေးလိပ်သောက်ရင်တော့ဒီရောဂါကြောင့်အသက်အန္တရာယ်ရှိနိုင်ပါသည်။
–
သကြားဓါတ်နှင့်ကာဗိုဟိုက်ဒရိတ်ကိုလျော့စားပါ။ရောင်ကိုင်းမှု့ကိုဖြစ်ပေါ်စေတတ်သော(Omega-6)အမျိုးအစား(polyunsaturated Fat)ခေါ်(PUFA)အဆီများကိုလျော့စားပါ။ရောင်ကိုင်းမှု့ပပျောက်သောငါးကြီးဆီ(Omega-3)အမျိုးအစားကိုပိုစားပါ။
–
ကျန်းမာရေးနှင့်ညီမျှသောဟင်းသီးဟင်းရွက်များနှင့်၊အသားဓါတ်၊(Omega3)ကြွယ်ဝသောငါးများများစားပေးပါ။(Organic)အစားအသောက်များစားပါ။ထမင်းကိုလျှော့စားပြီးကန်ဇွန်းဥနှင့်မုန်လာဥနီများများစားပေးပါ။ကန်ဇွန်းဥနှင့်မုန်လာဥနီတွင်ပါဝင်သော(Vitamin A)သည်ရောဂါကိုကာကွယ်ပေးနိုင်ပါသည်။(Vitamin A)ကိုဆေးသောက်ပါက၊များသွားလျှင်အန္တရာယ်ရှိနိုင်ပါသည်။အစားအသောက်ကရလျှင်တော့အန္တရာယ်ကင်းပါသည်။
–
ကျန်းမာ၍ခုခံမှု့အားကောင်းမွန်ရန်ကြိုတင်၍အောက်ပါအဟာရများ၊ဖြည့်စွက်စားများ၊ဗီတာမင်နှင့်သတ္တုဓါတ်များစားသုံးလျှင်အထောက်အကူပြုနိုင်ပါသည်။(Multivitamins Tablet(or)Multivitamins Gummy, Vitamin B Complex, Omega3 Fish oil, Apple Cider Vinegar Capsule, Vitamin D3, Bioperine, Vitamin C (or) Bio Zinc C, Natural Vitamin E, Zinc, Bioflavonoid, Rose Hips, (NAC) N-Acetyl-Cystine, COQ10, Magnesium, Selenium)စသည်တို့ဖြစ်ပါသည်။
–
အားလုံးမဖြစ်မနေသောက်ရမည်ဟုမဆိုလိုပါ။မိမိတို့တတ်နိုင်သလောက်သောက်ထားလျှင်ကျန်းမာရေးနှင့်ခုခံမှု့စနစ်အတွက်အထောက်အကူပြုကြောင်းအကြံပြုခြင်းသာဖြစ်ပါသည်။အတင်းမတိုက်တွန်းပါ။
———————-
(I= Isolation)=ရောဂါမကူးစက်ရန်သီးသန့်ခွဲခြားနေထိုင်ရန်။
ကူးစက်ရောဂါမိမိ၏မြို့သို့ကူးစက်ပြန့်ပွားလာပါက၊လူအများနှင့်ထိတွေ့ဆက်ဆံမှု့အားလုံးကိုလျော့ချပြီး၊မိမိ၏မိသားစုကိုလူအများနှင့်မရောနှောတော့ပဲသီးသန့်ခွဲခြားနေထိုင်ကြရန်ဖြစ်ပါသည်။
–
လူများသောနေရာများသို့တတ်နိုင်လျှင်မသွားပါနှင့်။လူအများနှင့်တွေ့ဆုံခြင်း။စုရုံးစကားပြောခြင်းများမလုပ်ပါနှင့်၊တတ်နိုင်လျှင်အလုပ်နှင့်ကျောင်းများကိုခွင့်ယူ၍တောရွာမိဘနေရပ်များသို့ခေတ္တထွက်ခွာအနားယူပါ။
–
တောရွာသို့မသွားနိုင်ပဲမြို့ပေါ်တွင်နေထိုင်ရမည်ဆိုပါက၊တာရှည်ခံပြီးကျန်းမာရေးနှင့်ညီညွတ်သောစားစရာသောက်စရာများ၊ဆန်ဆီ၊ကုန်ခြောက်များ၊ရေသန့်များ၊ဗူးသွတ်အစားအစာများ၊စက္ကူနှင့်ဆေးဝါး၊အသုံးအဆောင်ပစ္စည်းများနှစ်ပါတ်သုံးပါတ်စာဝယ်ယူထားပြီးအိမ်ထဲတွင်နေထိုင်၍၊အိမ်တံခါးကိုသော့ခတ်ထားပါ။ဧည့်သည်အဝင်မခံပါနှင့်၊လူစိမ်းအိမ်ပေါ်သို့အတက်မခံပါနှင့်၊ရောဂါသယ်ယူလာတတ်ပါသည်။
–
စားနပ်ရိက္ခာစုဆောင်းထားပြီး၊အိမ်တံခါးပိတ်၍အများနှင့်မဆက်ဆံပဲနေထိုင်ခြင်းဖြင့်(Isolation Protocol)ကိုပြီးပြည့်စုံစေနိုင်ပါသည်။
———————–
(P= Protection)= ရောဂါကာကွယ်ရန်။
ကူးစက်ရောဂါမိမိနေသောနေရပ်သို့ကူးစက်ပြန့်ပွားလာပါကမိမိကိုရောဂါမကူးစက်နိုင်အောင်ကာကွြယ်ခင်းကိုဆိုလိုပါသည်။၊ရောဂါမိမိထံသို့ကူးစက်ပြန့်ပွားလာနိုင်သည့်အဓိကနည်းလမ်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
–
(၁)ရောဂါပိုးများနှင့်ထိတွေ့ထားသောလက်နှစ်ဖက်မှတဆင့်၊မျက်နှာ၊မျက်စိ၊နှာခေါင်းတို့ကိုမတော်တဆ၊အမှတ်တမဲ့ကိုင်တွယ်မိ၍ကူးစက်ပြန့်ပွားနိုင်ခြင်း။
–
(၂)ရောဂါရှိသူချောင်းဆိုးလိုက်သော၊နှာချေလိုက်သောရေမှုံများတိုက်ရိုက်မျက်စိ၊နား၊နာခေါင်း၊ပါးစပ်ထဲသို့ဝင်လာ၍ကူးစက်နိုင်ခြင်း။
–
(၃)ရောဂါရှိသူနှင့်တခန်းထဲတွင်နေထိုင်မိ၍၊ရောဂါရှိသူနှာချေ၊ချောင်းဆိုးစကားပြောရာမှအခန်းထဲတွင်ပျံ့နှံ့နေသောဗိုင်းရပ်(စ်)ပိုးများကိုရူသွင်းမိ၍ကူးစက်နိုင်ခြင်း။
–
(၄)ရောဂါရှိသူ၏အသုံးအဆောင်၊သို့မဟုတ်ရောဂါပိုးပြန့်ပွားနေသောအသုံးအဆောင်ပစ္စည်းများကိုကိုင်တွယ်မိ၍လက်မှတဆင့်၊မျက်နှာ၊နှာခေါင်း၊ပါးစပ်များသို့ကူးစက်နိုင်ခြင်း။
စသည်တို့ဖြစ်ကြပါသည်။
—
ရောဂါရှိသူကနှာချေလို့ပဲဖြစ်ဖြစ်၊ချောင်းဆိုးလို့ပဲဖြစ်ဖြစ်အပြင်ကိုရောက်ရှိပြန့်န့ှံလာတဲ့ဗိုင်းရပ်စ်ပိုးတွေဟာပါတ်ဝန်းကျင်မှာသေဆုံးမသွားပဲ(၅)ရက်လောက်အထိအသက်ရှင်သန်နေနိုင်ပါသည်။
–
ရောဂါပိုးဟာပြင်ပပါတ်ဝန်းကျင်မှာ(၅)ရက်လောက်အထိရှင်သန်ကူးစက်နိုင်သဖြင့်၊လွန်ခဲ့တဲ့(၅)ရက်အတွင်းကရောဂါရှိတဲ့လူတွေ၊ချောင်းဆိုးနှာချေမိသွားတဲ့နေရာ၊အခန်း၊ခန်းမ(သို့မဟုတ်)ကိုင်မိသွားတဲ့တံခါးလက်ကိုင်တွေ၊တံခါးဘောင်တွေ၊လက်ရန်းတွေ၊ကုလားထိုင်တွေ၊ဓါတ်လှေကားအတက်အဆင်းခလုတ်တွေ၊(Shopping Cart)တွေနဲ့အမျိုးမျိုးသောလူ့အသုံးအဆောင်ပစ္စည်းတွေကိုလဲမိမိမကိုင်မိဖို့လိုပါတယ်။
–
မလွဲသာလို့ကိုင်တွယ်ရရင်လဲအရက်ပျံစွတ်ထားတဲ့တစ်ရူးစက္ကူခံပြီးမှကိုင်တွယ်စေချင်ပါတယ်။(Hand Sanitizer)ဆောင်ထားရင်အကောင်းဆုံးပါ။မရှိပါကတစ်ရူးစက္ကူတွေကိုအရက်ပျံဆွတ်ပြီးလေလုံတဲ့ဗူးလေးတစ်ခုတွင်ထည့်၍ဆောင်ထားပါ။သို့မဟုတ်သံပုရာသီးကိုသေချာခြေပြီးဓါးနဲ့မွမ်းပြီးဆောင်ထားပါ။တစ်ခုခုကိုမလွဲသာမရှောင်သာကိုင်မိရင်၊လက်ကိုဆပ်ပြာနဲ့ချက်ချင်းစင်ကြယ်အောင်ပြန်ဆေးပါ။ရေနဲ့ဆပ်ပြာမရနိုင်လျှင်၊အရက်ပျံနှင့်ပြန်သုတ်ပါ။
—
အရက်ပျံမရနိုင်လျှင်သုံပုရာရည်နှင့်သုတ်ပါ။သံပုရာရည်စစ်စစ်သည်(pH=3.0)ခန့်ရှိသဖြင့်(Virus)ကိုသေစေနိုင်သောအက်ဆစ်အာနိသင်ရှိပါသည်။ရေပြန်ရရှိလျှင်လက်ကိုသေချာပြန်လည်ဆေးကြောပါ။မျက်နှာကိုလက်နှင့်မတော်တဆကိုင်မိလျှင်လက်ကိုသေချာစင်ကြယ်အောင်ဆေး၍မျက်နာချက်ခြင်းသစ်ပြစ်ပါ။
—
အပြင်လူများသောနေရာများသို့သွားပါကနှာခေါင်းနဲ့ပါးစပ်ကို(Mask)ပိတ်ထားရုံနဲ့တင်မရပါ။မျက်လုံးကနေလဲကူးစက်ပြန့်ပွားနိုင်ပြန်ပါတယ်။မျက်လုံးမှာလဲရေကူးရာမှာအသုံးပြုတဲ့(swimming goggles glasses)အလုံပိတ်မျက်မှန်ကလေးတွေတပ်ဆင်ထားရပါမယ်။အလုံပိတ်ရေကူးမျက်မှန်မရလျှင်ရိုးရိုးမျက်မှန်တပ်ဆင်ပါ။
–
စိတ်ချရသော(N95-Mask)ရလျှင်ပိုကောင်းပါသည်။(N95 Mask)မရလျှင်လဲရိုးရိုး(Mask)တတ်ပါ။ ရိုးရိုး(Mask)တောင်ဝယ်မရလျှင်၊လက်ကိုင်ပဝါကိုဒေါင့်ဖြတ်ခေါက်၍ နှစ်ထပ်လုပ်ပြီးနာခေါင်းနှင့်မျက်နှာတွင်စည်းပါ။
–
ရိုးရိုး(Mask)၊ရိုးရိုးမျက်မှန်နှင့်လက်ကိုင်ပဝါနှစ်ထပ်သည်၊ရောဂါပိုးကိုတိုက်ရိုက်ရူရိုက်မိမှု့ကို(N95-Mask)နှင့်အလုံပိတ်ရေကူးမျက်မှန်ကဲ့သို့မကာကွယ်ပေးနိုင်သော်လည်းရောဂါရှိသူ၏၊နှာချေခြင်း၊ချောင်းဆိုးခြင်းတို့မှထွက်လာသောရေမှုံများမိမိကိုတိုက်ရိုက်မထိတွေ့နိုင်အောင်အခိုက်အတန့်အားဖြင့်တားဆီးပေးနိုင်ပါသည်။ထို့အပြင်မိမိလက်နှင့်မျက်နှာ၊နှာခေါင်းနှင့်မျက်လုံးများအားမတော်တဆတိုက်ရိုက်မထိမိ၊မကိုင်မိအောင်ကာကွယ်ပေးနိုင်ပါသည်။
–
အဆိုးဆုံးအချက်ကတော့ပိုက်ဆံပါပဲ။မြန်မာပြည်မှာကပိုက်ဆံစက္ကူတွေကိုလူပေါင်းစုံကိုင်သုံးနေတော့မိမိကိုင်သုံးမိရင်လဲရောဂါကူးစက်နိုင်ပါတယ်။လွန်ခဲ့တဲ့ငါးရက်အတွင်းကရောဂါရှိသူကိုင်ထားခဲ့တဲ့ပိုက်ဆံစက္ကူကိုမိမိကကိုင်မိရင်လဲကူးစက်နိုင်ပါတယ်။ပိုက်ဆံကိုင်ရင်လက်အိတ်အမြဲစွတ်ပြီးမှကိုင်ကြရပါမည်။ပြန်အမ်းငွေများကိုအိပ်ကပ်ထဲမထည့်ပါနှင့်။အလုံပိတ်ပလတ်စတစ်(Zip Lock)အိပ်များဖြင့်ထည့်ထားရပါမည်။
–
အဓိကအရေးကြီးဆုံးအချက်ကမျက်နှာ၊နှာခေါင်း၊ပါးစပ်တွေကိုလက်နဲ့လုံးဝ(လုံးဝ)မထိမိ၊မကိုင်မိဖို့နှင့်လက်တွေကိုမကြာခဏစင်ကြယ်အောင်သေသေချာချာဆေးကြောဖို့လိုအပ်ပါသည်။
–
ကူးစက်ရောဂါမိမိတို့နေထိုင်သောပါတ်ဝန်းကျင်သို့ရောက်ရှိလာသောအခါရောဂါကာကွယ်နိုင်ရန်နှင့်ခုခံအားကောင်းမွန်အောင်ဖြည့်စွက်စာဆေးဝါးများကိုပုံမှန်ထက်ပို၍သောက်သုံးဖို့လိုအပ်ပါသည်။
–
ကျွန်တော်ဆိုရင်တော့၊(Health Protocol)တွင်ဖေါ်ပြခဲ့ပြီးသောအထက်ပါဖြည့်စွက်စာများကိုပုံမှန်အတိုင်းသောက်သုံးနေသည့်အပြင်၊အရေးပေါ်အခြေအနေတစ်ရပ်မှာမှာအောက်ပါဖြည့်စွက်စာများကိုပုံမှန်ထက်ပို၍သောက်သုံးပါမည်။
ကူးစက်ရောဂါကာကွယ်ရန်အခြေအနေတရပ်တွင်ငါးကြီးဆီ(Omega3)ကိုမနက်(၂)လုံး။နေ့လည်(၂)လုံး၊ည(၂)လုံးတိုး၍စုစုပေါင်းတစ်ရက်(၆)လုံးသောက်ပါမည်။
–
ကူးစက်ရောဂါကာကွယ်ရန်အခြေအနေတရပ်တွင်(NAC= N Acetyl Cysteine)ကိုလဲ၊ မနက်(၂)လုံး၊နေ့လည်(၂)လုံး၊ည(၂)လုံးတိုး၍စုစုပေါင်းတစ်ရက်(၆)လုံးသောက်ပါမည်။
–
ကူးစက်ရောဂါကာကွယ်ရန်အခြေအနေတရပ်တွင်(Super Antioxidant)ကိုလဲ၊ မနက်(၂)လုံး၊နေ့လည်(၂)လုံး၊ည(၂)လုံးတိုး၍စုစုပေါင်း(၆)လုံးသောက်ပါမည်။
—
(Bio Zinc C)ကိုပုံမှန်အားဖြင့်တစ်ရက်ကို(နှစ်လုံး)မနက်ညနစ်ကြိမ်ခွဲ၍တစ်လုံးစီပဲသောက်သော်လည်း။ကူးစက်ရောဂါကာကွယ်ရန်အခြေအနေတရပ်တွင်လေးကြိမ်ခွဲ၍တစ်ရက်(၄)လုံးအထိသောက်ပါမည်။
–
ပုံမှန်အားဖြင့်(Vitamin D3)တစ်ရက်ကိုငါးထောင်(5000IU)သာသောက်သော်လဲ၊ကူးစက်ရောဂါကာကွယ်ရန်အခြေအနေတရပ်တွင်တစ်ရက်ကိုတစ်သောင်း(10000 IU)အထိတိုး၍သောက်ပါမည်။
–
ခင်ဗျားတို့တော့ကိုယ်ယုံကြည်ရာကိုယ်လုပ်ပါ။ဒါကကျွန်တော်လုပ်မှာကိုပြောတာ၊ကျွန်တော်ပြောတဲ့အတိုင်းတသွေမသိမ်းလိုက်လုပ်ရမယ်လို့မဆိုလိုပါ။ဉာဏ်ရှိသလိုဆုံးဖြတ်ပါ။အသက်ဉာဏ်စောင့်ပါသည်။
——————-
(S= Supportive therapy)= အထောက်အကူပြုကုသရန်။
ကူးစက်ရောဂါမိမိခန္ဓာကိုယ်သို့ကူးစက်ဖြစ်ပွားလာပြီဆိုပါက၊ဗိုင်းရပ်(စ်)ပိုးကိုတိုက်ရိုက်သတ်ဖြတ်ခြင်းဖြင့်မကုသနိုင်သော်လည်းအထောက်အကူပြုကုသနည်းများဖြင့်ကုသ၍အကျိုးကျေးဇူးရရှိနိုင်ပါသည်။
–
ရောဂါကိုတိုက်ရိုက်ကုသလို့မရသလို၊ရောဂါပျောက်ဆေး၊ပိုးသတ်ဆေးလဲမရှိ၊ကာကွယ်ဆေးလဲမရှိသေးပါဘူး။အကောင်းဆုံးကုနည်းကတော့မိမိရဲ့ခုခံမှု့စနစ်(Immune System)အားကောင်းအောင်၊မိမိ၏အဆုတ်တွေ၊အသည်းတွေ၊ကျောက်ကပ်တွေကောင်းနေအောင်၊အထောက်အကူပြုကုသနည်းတွေပဲရှိပါတယ်။
—
ကျွန်တော်ဆိုရင်တော့၊အကယ်၍ကျွန်တော့်ခန္ဓာကိုယ်ကိုရောဂါကူးစက်လာပြီးဖျားနာလာပါက၊အထက်ပါဖြည့်စွက်စာတွေ၊ဆေးတွေ၊အားလုံးကိုခေတ္တခဏရပ်ထားလိုက်ပြီး။အောက်ပါ(၄)မျိုးပဲသောက်ပါမည်။
(1) Vitamin D3
(2) Electrolyte (သို့မဟုတ်)ဓါတ်ဆားပျော်ရည်
(3) Bio Zinc C
(4) NAC (N-Acetyl Cysteine)
–
စဖျားဖျားခြင်းပထမရက်နှင့်ဒုတိယရက်မှာ၊တစ်ရက်ကို(Vitamin D3)နှစ်သောင်း(20000 IU), တစ်ရက်ကို(Electrolyte)ဓါတ်ဆားရည်တစ်ထုပ်ကိုရေနှစ်လီတာနှင့်ဖျော်၍သောက်ပါမည်။(Bio Zinc C) ကိုနှစ်နာရီခြားတစ်လုံးစီတစ်ရက်ကို(10)လုံးအထိသောက်ပါမည်။(NAC)ကိုလဲနှစ်နာရီခြားတစ်လုံးစီတစ်ရက်ကို(10)လုံးအထိသောက်ပါမည်။
—
ပထမနှင့်ဒုတိယနှစ်ရက်လောက်မှာမှရောဂါမသက်သာလျှင်နောက်ရက်များတွင်၊(Vitamin D3)တစ်ရက်ကိုသုံးသောင်း(30000 IU)တိုး၍သောက်ပြီး၊(Electrolyte)ဓါတ်ဆားရည်တစ်ထုပ်ကိုရေနှစ်လီတာနှင့်ပုံမှန်ဖျော်၍သောက်ပါမည်။(Bio Zinc C) ကိုတစ်နာရီခြားတစ်လုံးစီတစ်ရက်ကိုအလုံး(၂၀)အထိတိုး၍သောက်ပါမည်။(NAC)ကိုလဲတစ်နာရီခြားတစ်လုံးစီတစ်ရက်ကိုအလုံး(၂၀)အထိတိုး၍သောက်ပါမည်။
—
နေ့စဉ်ပုံမှန်သောက်သော(Dose)လုံးဝမဟုတ်ပါ။ကူးစက်ရောဂါဗိုင်းရပ်စ်မိမိခန္ဓာကိုယ်သို့ကူးစက်လာ၍ဖျားနာနေချိန်အရေးပေါ်သေရေးရှင်ရေးအခြေအနေမှာသောက်ခြင်းဖြစ်သဖြင့်အလွန်မြင့်မားသော(High Dose)ဖြစ်ပါသည်။ထိုအခြေအနေတွင်ကျွန်တော်သောက်မည်ကိုဆိုလိုခြင်းဖြစ်ပါသည်။လိုက်သောက်ရမည်လို့မဆိုလိုပါ။ကိုယ်တိုင်ဉာဏ်ရှိသလိုဆုံးဖြတ်ပါ။အသက်ကိုဉာဏ်စောင့်ပါသည်။လိုက်နာရမည်လို့အတင်းမတိုက်တွန်းလိုပါ။ကိုယ်ယုံကြည်ရာကိုယ်လုပ်နိုင်ပါသည်။
—
(Vitamin C or Bio Zinc C)ကို(Very High Dose)သောက်ခိုင်းသဖြင့်မြန်မာပြည်မှာကဲ့ရဲ့ဆဲဆိုအတင်းပြောမည့်သူများရှိပါသည်။ကျွန်တော့်နည်းမဟုတ်ပါ။နိုဘယ်လ်ဆုနှစ်ခု (Double Nobel prizes)ပိုင်ရှင်( (Linus Pauling)ရဲ့နည်းဖြစ်ပါသည်။
—
အလွန်ထူးခြားတဲ့အချက်က၊ကူးစက်ရောဂါအမျိုးအစားတစ်ခုခုဟာ၊အဆုတ်ကိုပြစ်မှတ်ထားပြီးဒုက္ခပေးနိုင်တဲ့(Pneumonia)လိုရောဂါလက္ခဏာမျိုးဆိုရင်တော့(Vitamin C)တစ်ရက်ကိုတစ်သိန်း(mg)သို့မဟုတ်(100g)အထိပေးပြီးကုသတဲ့နေရာမှာခန္ဓာကိုယ်အတွက်ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘူးဆိုတာကိုနိုဘယ်လ်ဆုနှစ်ခုပိုင်ရှင်(Linus Pauling)ကတွေ့ရှိထားတာရုံတင်မကပဲ၊ထိပ်တန်းသုတေသနပညာရှင်တွေအားလုံးကပါသဘောတူတွေ့ရှိထားကြပါတယ်။
မယုံရင်အောက်ကလင့်ခ်မှာခိုင်မာတဲ့သုတေသန(Reference)တွေတိတိကျကျရှိနေပါတယ်၊ဖတ်ကြည့်လိုက်ပါ။
–
“it has been stated that patients with pneumonia can take up to 100 g/day of vitamin C without developing diarrhea, possibly because of the changes in vitamin C metabolism caused by the severe infection. Finally, in a recent pharmacokinetic study, participants were administered up to 100 g of vitamin C intravenously within a few hours without any reported adverse effects, indicating the safety of such a high dose in people”
–
ကျွန်တော့်ကတော့၊ခိုင်မာတိကျပြီးသုတေသနအထောက်အထားတွေအများကြီးအပေါ်မှာလက်ကိုင်ထားတဲ့(Hips Protocol)နဲ့(High Dose)ကုသနည်းတွေရှိနေသဖြင့်(Wuhan Coronavirus)တင်မကပဲမည်သည့်ကူးစက်ကပ်ရောဂါကိုမှမကြောက်ပါ။စာဖတ်သူများလိုက်နာရမည်လို့မဆိုလိုပါ။ကိုယ်ယုံကြည်ရာကိုယ်လုပ်ပါ။ဆုံးဖြတ်ချက်မှန်လျှင်မည်သည့်ကူးစက်ရောဂါဖြစ်ပါစေ၊အသက်ဘေးကလွတ်မြောက်နိုင်ပါသည်။
—
မြန်မာနိုင်ငံသားအားလုံး၊လုံးဝ၊(လုံးဝ)မပေါ့ဆကြပါနှင့်၊အားလုံးဘေးကင်းကြပါစေ။
Kelvin Albert Power