Source from Kelvin A. Power’s Facebook on February 10, 2020
အများပြည်သူယုံကြည်ကိုးစားနေရတဲ့သတင်းစာတစ်ခုဖြစ်ပြီးမူရင်းသုတေသနကိုသေချာမဖတ်၊မလေ့လာပဲ၊(Website)တခုကပြန်ရေးထားတဲ့အမှားတွေကိုဘာသာပြန်ပြီးပြည်သူတွေကိုအထိတ်တလန့်ဖြစ်၊အကျိုးနစ်နာဆုံးရံှုးမှု့ဖြစ်အောင်မဟုတ်မမှန်သတင်းအမှားတွေကိုမရေးသင့်ပါဘူး။ဒီလိုရေးတာဟာတရားဥပဒေနဲ့လဲမညီညွတ်ပါဘူး။မူရင်းသုတေသန(Original Research)ကိုသေချာဖတ်ပြီးမှရေးသင့်ပါတယ်။
–
သတင်းစာထဲမှာဒီဆောင်းပါးကိုရေးသားထားသူက(https://medicalxpress.com)မှာဖေဖေါ်ဝါရီလ(၃)ရက်ကတင်ထားပါတယ်ဆိုပြီးပြောပါတယ်။(https://medicalxpress.com)ကိုသွားပြီး(Feb3,2020)မှာကျွန်တော်ရှာကြည့်တော့မတွေ့ပါဘူး။ကိုယ်တိုင်သွားပြီးရှာကြည့်လိုက်ပါ။(Feb3)မှာဒီ(Article)ကိုတွေ့ရင်ပြောကြပါ။သတင်းစာဖြစ်ပြီးဗြောင်လိမ်တာတော့မကောင်းပါဘူး။
—
ဒီ(Article)ဟာ(Feb3,2020)မှာရေးတဲ့(Article)မဟုတ်ပါဘူး။(Jan 31, 2018)တုံးကရေးထားခဲ့တဲ့(Long-term consumption of sunflower and fish oils damages the liver)ဆိုတဲ့ခေါင်းစဉ်နဲ့သုတေသနတစ်ခုကိုတလွဲအဓိပ္ပါယ်ပြန်ပြီးလိမ်ညာရေးသားထားတဲ့(Article)အမှားတစ်ခုဖြစ်ပါတယ်။မြန်မာသတင်းစာက(Feb3)မှာရေးထားတယ်လို့ပြောပါတယ်။ဒါပေမဲ့(Feb3)မှာရှာမတွေ့ပါဘူး။
—
မူရင်းသုတေသနကို(University of Granada, Spain)ကနေပြုလုပ်ထားတာပါ။ဒီမှာအသေးစိတ်သုတေသန(Links)တွေရှိပါတယ်။သေချာဖတ်ပါ။သတင်းစာထဲမှာရေးထားတဲ့အတိုင်းလုံးဝမဟုတ်ပါဘူး။သတင်းစာကပြည်သူတွေကိုလိမ်ညာခြိမ်းခြောက်ရေးထားတာပါ။မူရင်းသုတေသနတွေရဲ့(Links)တွေအောက်မှာပါ။
—
မူလသုတေသနရဲ့အနစ်ချုပ်ကဘာရေးထားသလဲဆိုတာကိုယ်တိုင်ဖတ်ကြည့်ပါ။
This is a unique study in which the effects on the liver of rats fed lifelong on three different dietary fat sources (virgin olive oil, sunflower oil, or fish oil), were examined. Although the liver is generally thought to respond well to aging, it was chosen for investigation as it well that dietary patterns affect the aging of this organ since it has key metabolic functions (2). Indeed, the prevalence of the nonalcoholic fatty liver disease, which may encompass simple nonalcoholic hepatic steatosis and may progress to more serious fibrosis, cirrhosis, certain cases, hepatocellular carcinoma, is age-related (3, 4). The current study builds on previous work indicating that there is a strong association between macronutrient manipulation and dietary fat source and oxidative stress in the liver through changes in the composition of the mitochondrial membrane resulting in altered function of the mitochondrial electron chain transport system and changes in mitochondrial DNA (5, 6). Therefore, in this study the effects of three different (common) dietary fat sources: virgin olive oil (high in monounsaturated fatty acids), sunflower oil (rich in n6 polyunsaturated fatty acids, and fish oil (high in n3 polyunsaturated fatty acids), were investigated. In this experiment rats in each group (12 per group), were fed a regular diet supplemented with either virgin olive oil, sunflower oil, or fish oil from weaning until either six months (young), or 24 months (old). The livers were then analyzed at six and 24 months to compare the organs in young and old animals.
–
အပေါ်ကစာကိုလိုရင်းတိုရှင်းအကျဉ်းချုပ်ဘာသာပြန်ရရင်၊ကြွက်တွေကို(၁၂)ကောင်စီအုပ်စု(၃)စုခွဲလိုက်တယ်။အုပ်စုတစ်ခုကို(Omega-9, Olive Oil)ကျွေးတယ်။နောက်အုပ်စုတစ်ခုကိုနေကြာဆီ(Omega6, sunflower oil)ကျွေးတယ်။နောက်ဆုံးအုပ်စုကို(Omega3, Fish Oil)ကြွေးတယ်။(၆)လလောက်အကြာကြွက်တွေနုပျိုစဉ်မှာအသဲတွေကိုတစ်ခါစစ်ဆေးတယ်။နောက်ပြီးတော့(၂၄)လအကြာကြွက်တွေအိုမင်းရင့်ရော်လာချိန်မှာတစ်ခါထပ်စစ်ဆေးတယ်။ဒါအကျဉ်းချုပ်ပါ။
————
ဆက်ဖတ်ကြရအောင်၊
The authors investigated a number of parameters ranging from simple weight and histopathological analyses to more involved molecular studies including microarray-based gene expression studies. The findings, as reported by the authors, are summarized as follows: 1) the weight of the livers at 24 months were higher for the fish oil group compared to the virgin olive oil and sunflower oil groups, 2) the liver mitochondrial fatty acid profile reflected the type of dietary fat; oleic acid was highest in the virgin olive oil group, linoleic acid highest in the sunflower oil group, and docohexaenoic acid highest in the fish oil group, 3) at 24 months significantly higher levels of fibrosis were observed by histopathology in the sunflower oil group, 4) the sunflower oil group displayed higher mitochondrial area and perimeter and lower mitochondrial density, 5) compared to young animals, higher expression of Tfam protein levels (associated with aging), were observed for the sunflower oil groups whereas, at 24 months the fish oil displayed lower expression level of Tfam compared to the virgin olive oil and sunflower groups, 6) at 24 months lowest levels of protein carbonyls (oxidative modification) were shown with virgin olive oil, 7) at 24 months lowest activity of mitochondrial transport electron chain complex 1 activity was observed with fish oil, 8) higher oxygen consumption ratio (indicator mitochondrial respiratory activity) in the virgin olive oil and sunflower oil groups compared with analogous groups of young animals, 9) at 24 months telomere length was greatest in the fish oil group, and 10) a comparison between analogous young and old groups indicated that gene expression changes were apparent in the fish oil (higher expression of seven genes in old rats, related to mitochondrial dysfunction (3), oxidative stress (2 including Keap1, a key component of the well-known Nrf2 antioxidant pathway), cell cycle (2), and telomere length (1, Xrcc1, important for genome stability)), and virgin olive oil (higher expression of eight genes in old rats, related to mitochondrial dysfunction (2), oxidative stress (4 including Keap 1), and telomere length (2, Xrcc1 and Xrcc6)). Overall the findings highlight the importance of dietary fat intake and effects on liver aging, with virgin olive oil and fish oil aiding age-related adaption through changes in gene expression. As indicated by the authors, when considering all of the data, virgin olive oil is appears to be the fat of choice for preserving liver function with age. Given the potential significance of this study with regards to dietary recommendations, it would be very beneficial to see this type of work extended to other organs and in vivo model systems.
–
အထက်ပါသုတေသနရဲ့တွေ့ရှိချက်တွေကိုအကျဉ်းချုပ်ဘာသာပြန်ရရင်၊
-နံပါတ်(၁)တွေ့ရှိချက်အရ(၂၄)လအကြာမှာငါးကြီးဆီကြွေးထားတဲ့ကြွက်တွေရဲ့အသဲကပိုပြီးကျစ်လစ်သိပ်သည်းပြီးအလေးချိန်အများဆုံးဖြစ်နေတာကိုတွေ့ရှိရတယ်။အသဲအလေးချိန်များတယ်ဆိုတာကအသဲအဆီဖုံးမှု့မရှိတာကိုပြောတာ။အသားကအဆီထက်ပိုကျစ်လစ်သိပ်သည်းလို့အဆီဖုံးရင်အလေးချိန်လျှော့တယ်။အဆီဖုံးမှု့မရှိရင်အလေးချိန်တိုးတယ်။ဒါရှင်းပါတယ်။
–
နံပါတ်(၂)အသဲရဲ့(mitochondrial fatty acid profile)ကိုစစ်ဆေးကြည့်တော့(Olive oil)ကြွေးထားတဲ့အုပ်စုက(oleic acid, omega9)အများဆုံးတွေ့ရပြီး၊(sunflower oil)ကြွေးထားတဲ့အုပ်စုက(linoleic acid, omega6)အများဆုံးတွေ့ရတယ်တဲ့။(Fish Oil) ကြွေးထားတဲ့အုပ်စုက(docohexaenoic, omega3)အများဆုံးတွေ့ရတယ်တဲ့။
– (omega9)ကျွေးထားခဲ့တဲ့အုပ်စုက(omega9)ပဲတွေ့ရမှာပေါ့၊(omega6)ကျွေးထားခဲ့တဲ့အုပ်စုကလဲ(omega6)ပဲတွေ့ရမှာပေါ့၊(omega3)ကျွေးထားခဲ့တဲ့အုပ်စုကလဲ(omega3)ပဲတွေ့ရမှာပေါ့၊ဒါသဘာဝပဲလေ၊မဆန်းပါဘူး။
–
နံပါတ်(၃)ကအလွန်အရေးကြီးပါတယ်။(၂၄)လအကြာမှာနေကြာဆီကျွေးထားတဲ့ကြွက်အိုကြီးတွေမှာအသဲတွေကိုအဆီဖုံးပြီးအသဲတွေခြောက်ပြီးပျက်စီးနေတာကိုတွေ့ရတယ်တဲ့။နေကြာဆီမကောင်းဘူးဆိုတာတော့မှန်ပါတယ်။ဒါပေမဲ့မြန်မာသတင်းစာမှာရေးထားတဲ့ငါးကြီးဆီကြောင့်အသဲပျက်စီးတယ်ကင်ဆာဖြစ်တယ်ဆိုတာ၊တစ်လုံးမှမပါပါဘူး။သတင်းစာဖြစ်ပြီးပြည်သူတွေကိုလိမ်ညာခြိမ်းခြောက်ရေးလိုက်တာပါ။
–
နံပါတ်(၄)က၊နေကြာဆီကျွေးထားတဲ့ကြွက်အိုကြီးတွေမှာအသဲထဲမှာရှိတဲ့(mitochondrial)နေရာဧရိယာတွေကျယ်ပြန့်နေပြီး၊(mitochondrial)အရည်အတွက်နဲ့သိပ်သည်းဆနည်းနေတယ်တဲ့။ဆိုလိုတာကနေကြာဆီကျွေးထားတဲ့ကြွက်တွေမှာ(mitochondrial)တွေတချို့ဆုံးရံှုးပျက်စီးသွားပြီဆိုတဲ့သဘောပါ။ငါးကြီးဆီကြောင့်ပျက်စီးတယ်လို့တစ်လုံးမှမပါဘူး။
–
နံပါတ်(၅)ကအသက်ငယ်တဲ့ကြွက်တွေနဲ့နှိုင်းယျဉ်ကြည့်ရင်၊အသက်ကြီးတဲ့ကြွက်တွေမှာ၊အသက်ကြီးတဲ့အမှတ်အသားဖြစ်တဲ့(Tfam protein levels)တွေမြင့်နေတတ်တယ်တဲ့။သို့သော်(fish oil)ကျွေးထားတဲ့ကြွက်တွေမှာအသက်ကြီးတဲ့သင်္ကေတဖြစ်တဲ့(Tfam protein levels)တွေဟာတခြားအုပ်စုနှစ်ခုထက်လျှော့နည်းနေတယ်တဲ့။ဒါဘာကိုဆိုလိုလဲဆိုတော့(Fish Oil)ဟာအသက်ကြီးရင့်မှု့ကိုနှေးကွေးစေတယ်၊နုပျိုစေတယ်။ရောဂါကင်းစေတယ်လို့ဆိုလိုတာ။ဒါလဲရှင်းပါတယ်။
–
နံပါတ်(၆)က (၂၄)လအကြာမှာ(virgin olive oil)ကျွေးထားတဲ့အုပ်စုမှာမှာ (Oxidative Stress)အနည်းဆုံးတွေ့ရှိရတယ်တဲ့။ဒါကလဲရှင်းပါတယ်။(Omega-9 Olive oil)က(Monounsaturated)ဖြစ်နေလို့(Oxidation)ဖြစ်ဖို့မလွယ်ကူပါဘူး။(Omega-6 နဲ့ Omega-3)တွေကြတော့(Polyunsaturated)ဖြစ်နေလို့(Lipid per oxidation)ဖြစ်ဖို့အလွန်လွယ်ကူပါတယ်။
–
နံပါတ်(၇)က (Fish Oil)အုပ်စုမှာ(၂၄)လအကြာမှာ(mitochondrial transport electron chain complex 1 activity)လုပ်ဆောင်မှုဟာအနည်းဆုံးဖြစ်နေတယ်တဲ့။ဆိုလိုတာက(ETC)မှာမျိုးရိုးဗီဇပြဌာန်းမှု(gene expression)ပြောင်းလဲသွားပြီး၊(complex 1 activity)လျှော့နည်းသွားသဖြင့်(mitochondrial)အတွင်းမှာ(Oxidative Stress)တွေအလိုလိုလျှော့နည်းသွားစေတာကိုပြောတာ။ဒါဟာ(Oxidative Stress)လျှော့နည်းပြီးအသက်ရှည်စေတဲ့အကြောင်းကောင်းတစ်ခုပါပဲ။
–
နံပါတ်(၈)က (olive oil and sunflower oil)ကျွေးထားတဲ့ကြွက်အိုတွေမှာအောက်ဆီဂျင်သုံးစွဲမှု့နုံးကအသက်ငယ်ကြွက်တွေနဲ့နိုင်းယှဉ်ရင်အချိုးအဆများနေတယ်တဲ့။
–
နံပါတ်(၉)က( at 24 months telomere length was greatest in the fish oil group) တဲ့။ငါးကြီးဆီကျွေးထားတဲ့ကြွက်တွေမှာ(telomere length)တွေအရှည်ဆုံးဖြစ်နေတယ်တဲ့။ဆိုလိုတာက(chromosome)တွေတိုမသွား၊ပျက်စီးမသွားနိုင်အောင်(telomere)တွေကကာကွယ်ပေးထားတယ်။အသက်ကြီးမှု့၊အိုမင်းရင့်ရော်မှု့နှေးကွေးပြီး၊ရောဂါကင်းစေတယ်လို့ဆိုလိုတာပါ။ဒါလဲအလွန်ကောင်းတာပါပဲ။
–
နံပါတ်(၁၀)မှာဆိုလိုတာက(fish oil)ကျွေးတဲ့ကြွက်တွေမှာ(mitochondrial dysfunction)တွေနဲ့(oxidative stress)တွေကြောင့်ထိခိုက်ပျက်စီးမှု့မရှိအောင်မျိုးရိုးဗီဇ(gene expression)(၇)မျိုးတိုးမြင့်ပြောင်းလဲသွားပြီး၊ (virgin olive oil)ကျွေးတဲ့ကြွက်တွေမှာကြတော့မျိုးရိုးဗီဇ(gene expression)(၈)မျိုးတိုးမြင့်ပြောင်းလဲသွားတယ်တဲ့။ဒါတွေကလဲအကောင်းတွေပါပဲ။
–
အားလုံးကိုခြုံကြည့်လိုက်ရင်၊(virgin olive oil) နဲ့ (fish oil)တွေဟာ၊(gene expression)ပြောင်းလဲပေးနိုင်ခြင်းဖြင့်အသဲ၏အသက်အရွယ်အိုမင်းပျက်စီးမှု့မရှိအောင်အထောက်အကူပြုအကာအကွယ်ပေးကြတယ်လို့သုတေသနကဆိုထားပါတယ်။
–
တစ်ကယ်တော့(virgin olive oil)ရော(Fish Oil)ပါအသဲအတွက်အလွန်ကောင်းပါတယ်။(Sunflower Oil)ကတော့အလွန်ဆိုးရွားပါတယ်။
–
ချွင်းချက်တစ်ခုတော့ရှိပါတယ်။(Fish Oil)ဆိုတာ(PUFA-3)အမျိုးအစားဖြစ်နေလို့(antioxidant)တစ်ခုခုနဲ့တွဲမစားရင်၊တွဲမပါလာဘူးဆိုရင်(Lipid per oxidation)ဖြစ်တတ်ပြီး(Oxidative Damage)ဖြစ်ရင်အန္တရာယ်ရှိနိုင်ပါတယ်။(virgin olive oil)ဆိုတာက(MUFA)ဖြစ်နေလို့(Oxidative Damage)ဖြစ်ဖို့ခဲယဉ်းပါတယ်။တစ်ကယ်တော့(Fish Oil)ကို(Antioxidant)တွေနဲ့တွဲသောက်ရင်တော့အကောင်းတကာ့အကောင်းဆုံးပါပဲ။
–
ဒီသုတေသနကိုငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်းတွေကဒီမှာပါ။
Funding Source of study: Grants, sponsors and funding sources: This work was supported by I+D grants from the Spanish Ministry of Education and Science (AGL2008-01057), the Government of Andalusia (AGR832) and CEI BioTic Granada (CEI2013-P-20). A. Varela-López and P. Peréz-López were recipients, respectively, of a fellowship of FPU and FPI programs from the Spanish Ministry of Education.
—
သေချာမူရင်းသုတေသနကိုအသေးစိတ်သုတေသနလုပ်ကြည့်လိုက်တော့၊
(1)မြန်မာသတင်းစာထဲမှာရေးထားတဲ့(ငါးကြီးဆီကိုစားသုံးရင်)အသဲထိခိုက်ပျက်စီးစေတယ်။(NASH)ရတတ်တယ်ဆိုတာမူရင်းသုတေသနမှာလုံးဝ(လုံးဝ)မပါရှိပါဘူး။လိမ်ညာထားတာပါ။နေကြာဆီကြောင့်အသဲပျက်စီးတယ်ဆိုတာတော့ပါပါတယ်။
–
(၂)မြန်မာသတင်းစာမှာရေးတဲ့လူက၊သုတေသနတွေ့ရှိချက်နံပါတ်(9)မှာပါတဲ့၊( at 24 months telomere length was greatest in the fish oil group)ဆိုတဲ့ရေးသားချက်အရ၊(၂၄)လအကြာမှာ(telomere)တွေရဲ့အလျားဟာအရှည်ဆုံးအကောင်းဆုံးဖြစ်တယ်ဆိုတာကို၊အကောင်းဖြစ်စဉ်တစ်ခုကိုအဆိုးဖြစ်စဉ်ဖြစ်အောင်ပြောင်းပြန်(telomere ဆိုတဲ့ဓါတ်ပေါင်းကိုပြောင်းလဲပေးတတ်ကြောင်း)ဆိုပြီးတော့အန္တရာယ်ရှိတဲ့ပုံစံမျိုးပြောင်းရေးပြီးပြည်သူတွေကိုလိမ်ညာခြိမ်းခြောက်လိုက်ပါတယ်။
–
တစ်ကယ်တော့(chromosome)တွေရဲ့အစွန်းတွေ၊တိုမသွား၊ပျက်စီးမသွားအောင်ကာကွယ်ပေးထားတဲ့(telomere)ဆိုတာအလျားရှည်လေကောင်းလေပါပဲ။ telomere)ရှည်တယ်ဆိုတာအိုမင်းရင့်ရော်မှု့ကိုနှေးကွေးစေပြီး၊အသက်အရွယ်ကြောင့်ဖြစ်သောရောဂါအားလုံးကိုကင်းဝေးစေပြီးကျန်းမာစေနိုင်တာပါ။အဲဒါကိုပြောင်းပြန်အန္တရာယ်ရှိပါတယ်။အသဲကင်ဆာဖြစ်နိုင်ပါတယ်လို့သတင်းစာထဲမှာပြောင်းပြန်လိမ်ညာရေးလိုက်ပါတယ်။
—
အဲဒါကိုသတင်းစာကနေ(at 24 months telomere length was greatest in the fish oil group)ဆိုတဲ့ရေးသားချက်ကို(အသဲရဲ့ telomere ဆိုတဲ့ဓါတ်ပေါင်းကိုပြောင်းလဲပေးတတ်)သောကြောင့်အန္တရာယ်ရှိတယ်လို့အဓိပ္ပါယ်ပြန်ရေးသားတာဟာ၊ဆေးပညာနဲ့၊(Biochemistry)ကိုလုံးဝနားမလည်တာလား၊ပြည်သူတွေကိုတမင်သက်သက်လိမ်ညာခြိမ်းခြောက်ချင်တာလားဆိုတာစာရေးသူပဲသိမှာပါ။
–
(၃)ငါးကြီးဆီကိုရေရှည်စားသုံးရင်၊အသဲကင်ဆာဖြစ်ပေါ်စေနိုင်တယ်ဆိုတာလဲမူရင်းသုတေသနမှာလုံးဝ(လုံးဝ)ကိုမပါရှိပါဘူး။သတင်းစာဖြစ်ပြီးပြည်သူတွေထိတ်လန့်ကြောက်ရွှံအောလိမ်ညာရေးတာကိုး၊တရားစွဲဆိုဖို့ကောင်းပါတယ်။
–
တစ်ကယ်တော့မူရင်းသုတေသနကို (https://medicalxpress.com/)ကမဟုတ်မမှန်အဓိပ္ပါယ်ပြန်ပြီးရေးသားလိုက်ပါတယ်။ဒီလိုမဟုတ်မှန်ရေးသားတဲ့ဆောင်းပါးကိုမြန်မာသတင်းစာကမူရင်းသုတေသန(Original Research)ကိုလုံးဝမလေ့လာပဲ၊သတင်းစာထဲမှာဘာသာပြန်ရေးသားလိုက်တာဟာအလွန်ရှက်စရာကောင်းပါတယ်။ပြည်သူကိုလိမ်ညာခြိမ်းခြောက်ရာလဲကျပါတယ်။
မူရင်းသုတေသန(link)တွေကဒီမှာပါ/ကိုယ်တိုင်သေချာသွားဖတ်ကြည့်လိုက်ပါ။
–
တစ်ကယ်တော့(https://medicalxpress.com/)က၊မူရင်းသုတေသနတွေကိုမဟုတ်မမှန်လုပ်ကြံပြီးအဓိပ္ပါယ်ပြန်ပြီးရေးသားလိုက်တဲ့လင့်ကဒီမှာပါ။အောက်ကလင့်ကမူရင်းသုတေသနကိုအဓိပ္ပါယ်တလွဲပြန်ပြီးကလိမ်ကကျစ်လုပ်ထားတဲ့(Link)ပါ။
–
ဒီလိုမဟုတ်မမှန်ပဲရေးသားထားတဲ့ဆောင်းပါးကိုမူရင်းသုတေသနကိုမလေ့လာပဲသတင်းစာထဲမှာအမှားတွေလိမ်ညာပြီးထည့်ရေးလိုက်တာဟာအလွန်ဂုဏ်သိက္ခာမဲ့ပါတယ်။
–
Kelvin Albert Power