Source from Kelvin A. Power’s Facebook on January 25, 2020
(Wuhan Coronavirus)ကူးစက်ရောဂါနှင့်ပါတ်သက်သောအလွန်ထူးခြားသောတွေ့ရှိချက်။(UNICODE)
တရုတ်နိုင်ငံ(Wuhan)မြို့မှာဖြစ်ပေါ်နေတဲ့ကူးစက်ရောဂါဟာလူပေါင်းထောင်နဲ့ချီသို့ကူးစက်ဖြစ်ပွားနေကြပါပြီ။
–
အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်နေပြီးမြန်မာနိုင်ငံကိုအချိန်မရွေးကူးစက်ပြန့်ပွားလာနိုင်လို့်အထူးဂရုစိုက်ကြဖို့မှာကြားလိုပါတယ်။
–
ဒီရောဂါဟာအလွန်ပြင်းထန်တဲ့အဆုတ်ရောင်ဖျားတစ်မျိုးဖြစ်ပြီးအဆုတ်ထဲမှာရေဝင်ပြီးတော့အသက်ရူကြပ်ပြီးသေဆုံးရတာဖြစ်ပါတယ်။
–
ဒီရောဂါဟာ(coronavirus)အမည်ရှိတဲ့(Virus)တစ်မျိုးကနေဖြစ်ပြီး၊အရင်တုံးကတည်းကတရုတ်ပြည်(2003)မှာဖြစ်ပွားခဲ့တဲ့(Severe Acute Respiratory Syndrome, SARS)ရောဂါနဲ့အလားသဏ္ဍန်တူနေပါတယ်။
–
ထပ်ပြီး(Middle East, 2012)မှာဖြစ်ခဲ့ဖူးတဲ့ (Middle East Respiratory Syndrome, MERS)နဲ့လဲအလားသဏ္ဍန်တူနေပြန်ပါတယ်။
–
(1) ဒီရောဂါဟာကူးစက်ပြန့်ပွားလွယ်တယ်။
(2) အသက်ရှူလမ်းကြောင်းကနေအဓိကကူးစက်ပြန့်ပွားလာတယ်။
(3) ကာကွယ်ဆေးလုံးဝမရှိပါ။
(4) ကုသဖို့ဆေးလဲလုံးဝမရှိသေးပါ။
(5) အဆုတ်ကိုအဓိကထိခိုက်တယ်။အဆုတ်ရောင်ဖျားနဲ့လက္ခဏာဆင်တူတယ်။
(6) အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။
–
(7)ဒီရောဂါကိုကာကွယ်ဖို့နဲ့ကုသဖို့နည်းလမ်းတစ်ခုပဲရှိပါတယ်။အဲဒါကတော့မိမိတို့ရဲ့ခုခံမှု့စနစ်(Immune System)အားကောင်းအောင်လုပ်ကြရပါမယ်။
–
ဒီရောဂါကိုသေချာစွာသုသေသနလုပ်ကြည့်လိုက်တော့အလွန်ထူးခြားတဲ့တွေ့ရှိချက်နှစ်ခုတွေ့ရပါတယ်။
–
ဒီရောဂါပိုးတွေဟာနို့တိုက်သတ္တဝါအမျိုးအစားဖြစ်တဲ့လင်းနို့ကနေစတင်ပြီး၊ (weasel-like mammals)လို့ခေါ်တဲ့(Capybara)နဲ့(guinea pigs)မျိုးနွယ်ဝင်တောကြောင်ကဲ့သို့သောသတ္တဝါတမျိုး(masked palm civets)တွေကိုကူးစက်ပါတယ်။ပြီးတော့လူသားတွေဆီကိုကူးစက်ပြန့်ပွားပါတယ်။
—
တရုတ်ပြည်မှာဖြစ်တော့လဲလင်းနို့(bats)ကနေကူးစက်တယ်။(Middle East)မှာဖြစ်တုံးကလဲအီဂျစ်လင်းနို့(Egyptian tomb bats)ကနေပဲကူးစက်တယ်။ပြီးတော့(Capybara)နဲ့(guinea pigs)မျိုးနွယ်ဝင်(weasel-like mammals)တွေကိုကူးစက်ပြန်တယ်။ပြီးရင်လူကိုကူးစက်ပြန်တယ်။
–
ဒီသတ္တဝါ(၃)မျိုးမှာဒီရောဂါတွေအဓိကဖြစ်ပွားရတာဟာအလွန်ထူးခြားပါတယ်။ကျွန်တော်က(လင်းနို့၊ weasel-like mammals၊နဲ့လူတွေရဲ့(Genetic)တွေကိုစိတ်ဝင်စားသွားပြီးသုသေသနလုပ်ကြည့်လိုက်တော့အလွန်ထူးခြားတာတစ်ခုသွားတွေ့ရပါတယ်။
–
ကြောရိုးရှိသတ္တဝါတွေမှာရော၊နို့တိုက်သတ္တဝါတွေမှာရော၊သတ္တဝါအားလုံးအမျိုးအစားတွေရဲ့ခန္ဓာကိုယ်ကနေကူးစက်ရောဂါတွေဖြစ်ပေါ်လာတဲ့အခါမှာ(Vitamin C)တွေကိုလိုအပ်သလောက်ပမာဏမြောက်များစွာထုတ်လုပ်ပေးနိုင်ကြပါတယ်။
–
ခွေးတွေ၊ဝက်တွေ၊ကြောင်တွေ၊နွားတွေ၊ကျွဲတွေ၊ဆိပ်တွေဟာ(Glucose)ကနေသူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်ဇိုင်းတစ်မျိုးကိုသုံးပြီး(Vitamin C)တွေပမာဏများစွာထုတ်လုပ်ပေးနိုင်ပါတယ်။
–
ဥပမာပြောရရင်ဆိတ်ကလေးတစ်ကောင်ဟာကူးစက်ရောဂါတခုခုဝင်လာပြီဆိုရင်(Vitamin C 13,000 mg)လောက်အထိနေ့စဉ်ထုတ်လုပ်ပေးနိုင်ပါတယ်။
–
အလွန်ထူးခြားတဲ့ပထမတွေ့ရှိချက်တစ်ခုအဲဒီ(Vitamin C)မထုတ်လုပ်ပေးနိုင်တဲ့သတ္တဝါသုံးမျိုးဟာဘာတွေလဲဆိုတာကိုသိလိုက်ရင်ခင်ဗျားတို့တော်တော်အံ့သြသွားကြပါလိမ့်မယ်။*********
–
လူအပါအဝင်အဆိုပါရောဂါကူးစက်ခံရတဲ့နို့တိုက်သတ္တဝါအမျိုးအစားအုပ်စု(၃)မျိူးဟာ(Vitamin C)ကိုခန္ဓာကိုယ်ကနေလုံးဝကိုမထုတ်လုပ်ပေးနိုင်ကြပါဘူး။
–
အဲဒါတွေကတော့လူအပါအဝင်(Primate)မျိုးနွယ်ဝင်တွေရယ်၊လင်းနို့(bat)မျိုးနွယ်ဝင်တွေရယ်၊(Geineu pigs)မျိုးနွယ်ဝင်နို့တိုက်သတ္တဝါကလေးတွေပါပဲ။
–
ဒီသတ္တဝါသုံးမျိုးရဲ့မျိုးရိုးဗီဇ(Genetic)တွေကိုလေ့လာကြည့်လိုက်တော့အားလုံးမှာ(L-gulono-γ-lactone oxidase (GLO) gene)တွေဟာကမ္ဘာဦးကတည်းက(mutations)ဖြစ်ပြီးပျက်စီးဆုံးရှုံးနေတာကိုတွေ့ရှိရပါတယ်။
–
ဒါကြောင့်ဒီသတ္တဝါသုံးမျိုးဟာ(Vitamin C)ကိုအစားအသောက်ကနေပဲရရှိနိုင်ပြီးရောဂါကူးစက်ခံရတဲ့အခါ(Vitamin C)ကိုခန္ဓာကိုယ်ကနေအများအပြားထုတ်လုပ်ပေးနိုင်တဲ့အင်ဇိုင်းတွေမျိုးရိုးဗီဇမှာကိုကပါမလာကြပါဘူး။
–
ဒီအချက်အတွက်၊ဒီမှာသုသေသနအခိုင်အမာရှိပါတယ်။
The Genetics of Vitamin C Loss in Vertebrates
—
နောက်ထပ်ပြီးဒီရောဂါတွေကိုဖြစ်ပွားစေတဲ့(Virus)ပိုးတွေရဲ့(DNA)နဲ့(RNA)တွေကိုလေ့လာကြည့်တော့၊သူတို့ရဲ့( DNA/RNA) တွေကိုကူးယူပြီးမျိုးပွားရတဲ့(Viral RNA Synthesis)အဆင့်တွေမှာ၊(Coronavirus Replication and Transcription)ဖြစ်ပေါ်စေဖို့ (Viral and Cellular Proteins Binding to the 5’ and 3’) အဆင့်တွေကို(Ascorbic acid)ကတားဆီး(inhabit)လုပ်နိုင်လိမ့်မယ်လို့်ခန့်မှန်းယူဆလို့ရပါတယ်။
–
ဒီအချက်အတွက်၊ဒီမှာသုသေသနအခိုင်အမာရှိပါတယ်။
The Structure and Functions of Coronavirus Genomic 3’ and 5’ Ends
–
ဒါတွေကိုအနှစ်ချုပ်လိုက်ရင်(SARS နဲ့ MARS)အပါအဝင်(Coronavirus Virus)ကြောင့်ဖြစ်တဲ့ကူးစက်ရောဂါဆိုးတွေဟာခန္ဓာကိုယ်က(Vitamin C)အလုံအလောက်မထုတ်ပေးနိုင်တဲ့သတ္တဝါအုပ်စု(၃)မျိုးမှာသာအဓိကအများဆုံးဖြစ်ပွားလာတာကိုတွေ့ရှိရပြီး၊ဒီ(Virus)ပိုးတွေရဲ့(DNA/RNA Synthesis)တွေကို(Vitamin C)က(inhabit) လုပ်နိုင်လိမ့်မယ်လို့်ခန့်မှန်းနိုင်ပါတယ်။
–
ဒီအချက်နှစ်ချက်ကိုထောက်ရှုခြင်းအားဖြင့်ဒီရောဂါပိုးဟာ(Vitamin C)အလွန်ကြွယ်ဝနေတဲ့လူကိုကူးစက်ဖို့မလွယ်ကူနိုင်သလို၊တစ်ကယ်လို့ကူးစက်ခံရရင်လဲ(Vitamin C)ပမာဏများစွာ(High dose)တိုးမြုင့်ပေးရင်အသက်ကယ်တင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။အတိအကျတော့သေချာမပြောနိုင်သေးပါ။
—
နောက်တစ်ချက်ကဒီရောဂါတွေဖြစ်ပွားလာတဲ့အချိန်ဟာ(Vitamin D)အချို့တဲ့ဆုံးဆောင်းရာသီလတွေမှာသာဖြစ်ပွားပြီးနွေရာသီကျရင်သူ့အလိုလိုပျောက်သွားပြန်ပါတယ်။ြ
–
ပီးတော့ဒီရောဂါစတင်ဖြစ်ပွားတဲ့(Middle East)နဲ့တရုတ်ပြည်တွေဟာကမ္ဘာပေါ်မှာ(Vitamin D)အချို့တဲ့ဆုံးသောနိုင်ငံ၊ဒေသတွေဖြစ်နေပြန်ပါတယ်။
–
ဒါကြောင့်(Vitamin D)ချို့တည့်တဲ့ရာသီအချိန်ခါနဲ့(Vitamin D)အချို့တဲ့ဆုံးဒေသတွေမှာအများဆုံးဖြစ်ပွားတတ်တာဟာ၊မတော်တဆတိုက်ဆိုင်မှု့တစ်ခုကြောင့်လား၊ဒီရောဂါကူးစက်မှု့ဟာ(Vitamin D)ချိုု့တဲ့မှု့နဲ့ပဲတိုက်ရိုက်ပါတ်သက်နေတာလားဆိုတာကိုတော့ပြောရခက်နေပြန်ပါတယ်။
–
ဘာပဲဖြစ်ဖြစ်(Vitamin D)ပြည့်ဝနေမယ်ဆိုရင်တော့အကျိုးမယုတ်နိုင်ပါဘူး။။
—
အနှစ်ချုပ်ပြောရရင်ဒီရောဂါဟာကူးစက်ပြန့်ပွားမြန်တယ်။အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တယ်။ ကမ္ဘာမှာကာကွယ်ဖို့ဆေးနဲ့ကုသဖို့ဆေးနှစ်မျိုးစလုံး၊လုံးဝမရှိသေးပါဘူး။ဒီရောဂါဟာပြင်းထန်တဲ့အဆုတ်ရောင်ဖျားနာတစ်မျိုးဖြစ်ပြီးအဆုတ်ထဲမှာရေဝင်ပြီးတော့အသက်ရူကြပ်ပြီးသေဆုံးရတာဖြစ်ပါတယ်။
–
ဒီရောဂါကိုကာကွယ်ဖို့နဲ့ကုသဖို့နည်းလမ်းတစ်ခုပဲရှိပါတယ်။အဲဒါကတော့မိမိတို့ရဲ့ခုခံမှု့စနစ်(Immune System)ပါပဲ။ခုခံမှု့စနစ်အားကောင်းအောင်လုပ်ကြရပါမယ်။
–
အဆုပ်ရောင်တဲ့အခါမှာလဲမရောင်အောင်။အဆုတ်ထဲရေတွေဝင်ပြီးမပိတ်ဆို့နိုင်အောင်၊အဆုတ်အတွင်းပိုင်းမှာလိုက်ပြီးပြုပြင်ထိန်းသိမ်းပေးတဲ့(Antioxidants)တွေရဲ့အရှင်သခင်ဂလူတာသိုင်ရွန်(Glutathione,GSH)ဓါတ်တွေများနေအောင်လဲလုပ်ဆောင်ကြရပါမယ်။
–
(Glutathione)ဟာ(Virus)ပိုးကြောင့်အဆုတ်မရောင်အောင်၊အဆုတ်မထိခိုက်အောင်၊အဆုတ်ထဲရေမဝင်အောင်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်စွမ်းရှိပါတယ်။
—
ရောဂါမကူးစက်ရအောင်ဘာတွေလုပ်ရမလဲ။
–
ကူးစက်ရောဂါဖြစ်နေလို့၊လက်တွေ့ကနေကူးစက်ပြီး၊လက်ကိုနှာခေါင်းနဲ့ထိမိရှုရှိုက်မိလိုက်ရင်အသက်ရှုလမ်းကြောင်းထဲရောက်သွားနိုင်လို့လက်ကိုမကြာခဏသေချာစင်အောင်ဆေးပါ။
–
လူများတဲ့နေရာတွေကိုတတ်နိုင်ရင်မသွားပါနဲ့၊နှာခေါင်းပိတ်(Mask)တွေသေချာအုပ်ပြီးမှအပြင်သွားကြပါ။
–
တခြားလူတစ်ယောက်ယောက်ကိုတို့ထိကိုင်တွယ်မယ်ဆိုရင်လက်အိပ်တွေဝတ်ဆင်ပါ။
–
လူများတဲ့နေရာဒေသတွေကပြန်လာရင်အဝတ်အစားတွေသေချာစွာလျှော်ဖွတ်ပါ။
–
အဆုတ်ရောင်ဖျားနဲ့တူတဲ့လက္ခဏာမျိုးဖြစ်လာပြီဆိုရင်ဆေးရုံကိုချက်ချင်းသွားပါ။ချက်ချင်းစစ်ဆေးခိုင်းပါ။
—
ဘယ်လိုပဲတားဆီး၊တားဆီးကိုယ့်ပါတ်ဝန်းကျင်ကိုကူးစက်လာပြီဆိုရင်ဘာလုပ်ရမလဲ?။
–
ဒီရောဂါဟာကိုယ့်ပါတ်ဝန်းကျင်၊သို့မဟုတ်ကိုယ့်ကိုကူးစက်လာပြီဆိုတဲ့အရေးပေါ်အခြေအနေတရပ်မှာ၊ကာကွယ်နိုင်ဖို့ခုခံအားကောင်းမွန်နေစေရန်၊(အနည်းဆုံး)မရှိမဖြစ်၊နှစ်ပါတ်ကနေတစ်လလောက်ကြာသည်အထိဆက်တိုက်သောက်ပေးရမဲ့ဆေးနဲ့ဖြည့်စွက်စာတွေကတော့၊
——————–
နပါတ်(၁)Vitamin D3,(5,000 IU ကနေ 10,000 IU) နေ့စဉ်သောက်ပေးပါ။
————————
နံပါတ်(၂) Ascorbic acid (Vit C 2000mg ကနေ 4000mg) နေ့စဉ်သောက်ပေးပါ။
Bioflavonoids (100mg-ကနေ-200mg) နေ့စဉ်သောက်ပေးပါ။
Zinc (10mg ကနေ 20mg) နေ့စဉ်သောက်ပေးပါ။ Zinc ကို 25mg ထက်မကျော်ပါနှင့်(Copper)ချို့တဲ့တတ်သည်။
Rose Hips (fruit Extract) 20mg ကနေ 40mg) နေ့စဉ်သောက်ပေးပါ။
အဲဒီလေးမျိုးလုံးက(Bio Zinc C)မှာအားလုံးပါဝင်နေပါတယ်။(Bio Zinc C)တစ်ရက်(၂)လုံးကနေ(၄)လုံးအထိသောက်ပေးနိုင်ပါသည်။
———————————
နံပါတ်(၃)Omega-3, Fish oil(3000mg ကနေ 6000mg) နေ့စဉ်သောက်ပေးပါ။
Omega-3, Fish oil သည်မာကြူရီသန့်စင်ထားပြီးသားငါးကြီးဆီဖြစ်ဖို့လိုအပ်ပါတယ်။မာကြူရီသန့်စင်မထားလျှင်အန္တရာယ်ရှိပါသည်။
——————————–
နံပါတ်(၄)အဆုတ်ကိုကြိုတင်ကာကွယ်နိုင်ရန်၊ဂလူတာသိုင်ရွန်(Glutathione)ထုတ်လုပ်ပေးနိုင်အောင်(NAC 700mg)တစ်ရက်ကို(၄)လုံးကနေ(၆)လုံးအထိသောက်ပေးပါ။
–
(Glutathione)တိုက်ရိုက်သောက်ရင်အောက်ဆီဒိုက်ဖြစ်လွယ်လို့သိပ်အကျိုးမရှိနိုင်ပါ။ဒါကြောင့်(NAC 700mg)သောက်ပေးရတာပါ။
——————————
သာမာန်အားဖြင့်ပေးထားသော(Low dose)သောက်၍ရသော်လည်း၊အကယ်၍ကူးစက်ရောဂါမိမိပါတ်ဝန်းကျင်သို့ရောက်လာပြီဆိုပါက၊သို့မဟုတ်မိမိတွင်စတင်ဖြစ်ပွားလာပါကထိုဆေးများကို(High dose)တိုး၍သောက်ပေးနိုင်ပါသည်။
—
ဒီရောဂါပိုးတွေရဲ့(DNA/RNA)တွေကိုသေချာသုသေသနလုပ်ပြီးမှအကြံပေးချင်တာကတော့(Bio Zinc C, Vitamin D3, Fish Oil, NAC )(၄)မျိုးလုံလောက်အောင်သောက်ထားရင်ဒီရောဂါကြောင့်မသေနိုင်ပါဘူး။
–
သုသေသနတွေသေချာလုပ်ပြီးမှအကြံပေးတာဆိုတော့ယုံချင်လဲယုံ၊မယုံချင်ရင်လဲရပါတယ်။ယုံရင်တော့အကျိုးရှိနိုင်သလို၊မယုံဘူးဆိုရင်လဲကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။
–
အားလုံးကျန်းမာကြပါစေ။
Kelvin Albert Power
—
The Genetics of Vitamin C Loss in Vertebrates
—
The Structure and Functions of Coronavirus Genomic 3’ and 5’ Ends
—
What Have We Learned About Middle East Respiratory Syndrome Coronavirus Emergence in Humans? A Systematic Literature Review
—————–