Source from Kelvin A. Power’s Facebook on November 21, 2019
ဆရာခင်ဗျား ကျွန်တော်က ပါးစောင်ကင်ဆာဖြစ်လို့ ခွဲစိတ် ဆေးသွင်း ဓါတ်ကင် တာတွေလုပ်ပြီးပါပြီ ခုဓါတ်ကင်ပြီးတာရှစ်လကျော်ရှိပေမယ့် လျှာကအရသာမသိ တံတွေးကမထွက်သေးဘူးဖြစ်နေပါတယ် သောက်သင့်တဲ့ ဖြည့်စွက်စာလမ်းညွှန်ပေးပါလားဆရာ?။
—
Super antioxidant နဲ့ BioPerine သောက်ပါ။သူများတွေလိုဆေးအလုံးလိုက်မသောက်ပါနဲ့Super antioxidant(၆)လုံး နဲ့ BioPerine(၆)လုံးကိုရေသန့်(နှစ်လီတာ)လောက်နဲ့ဖျော်ထားလိုက်ပါ။တစ်နေကုန်အဲဒီရေကိုငုံလဲငုံပါ၊တစ်နေကုန်လဲသောက်ပါ။နေ့စဉ်(နှစ်လီတာ)ကုန်အောင်သောက်ပြီးနေ့တိုင်းထပ်အသစ်ဖျော်ပါ။
—
ဆေးပညာမှာသုသေသနဆိုတာနှစ်မျိုးရှိပါတယ်။ဖန်ပြွန်ထဲမှာဓါတုဗေဒနည်းတွေနဲ့စမ်းသပ်တာကို(Vitro=in glass study)လို့ခေါ်ပြီး။သက်ရှိခန္ဓာကိုယ်ထဲမှာစမ်းသတ်တာကို(Vivo=in life study)လို့ခေါ်ပါတယ်။တချို့ဆေးတွေကဖန်ပြွန်ထဲမှာတိုက်ရိုက်ထိတွေ့ရင်ကင်ဆာဆဲလ်တွေကိုသေစေနိုင်လို့အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာအလွန်အသုံးဝင်ပါတယ်။တချိုဆေးတွေကြတော့တိုက်ရိုက်ထိတွေ့ရင်အလုပ်မလုပ်ပဲခန္ဓာကိုယ်ထဲ၊သွေးထဲရောက်မှဓါတ်ပြောင်းပြီးအလုပ်လုပ်ကြပါတယ်။
—-
Bioperine နဲ့ Super antioxidant ထဲမှာပါဝင်နေတဲ့(Ingredients)တွေ့က(In Vivo)ရော(In Vitro)ရောသုသေသနနှစ်မျိုးလုံးမှာကင်ဆာဆဲလ်တွေကိုထိန်းချုပ်ပေးနိုင်လို့ရေဖျော်သောက်ခိုင်းတာပါ။ဆိုလိုတာက(Vivo)ဆိုတာသက်ရှိခန္ဓာကိုယ်ထဲမှာစမ်းသပ်တဲ့သုသေသနတွေကိုဖြစ်လို့ကင်ဆာဆဲလ်နဲ့တိုက်ရိုက်မထိတွေ့ပဲသွေးထဲကနေဓါတ်ပြု၊ဓါတ်ပေါင်းပြီးရောက်သွားတာ။(In Vitro)ဆိုတာကတော့ဖန်ပြွန်တွေထဲမှာစမ်းသပ်တာဆိုတော့ကင်ဆာဆဲလ်နဲ့ဆေးကို(အနာကိုဆေးလူးပေးသလိုမျိုး)တိုက်ရိုက်ထိတွေ့စေတဲ့စမ်းသပ်နည်းတွေပါ။ဥပမာအရေပြားကင်ဆာဖြစ်ရင်ဆေးကိုအရေပြားပေါ်မှာရေဖျော်ပြီးလိမ်းပေးရင်ပိုပြီးထိရောက်မှုရှိပါတယ်။
—
Super antioxidant နဲ့ BioPerine ဟာဖန်ပြွန်ထဲမှာစမ်းသပ်မှု့အရတိုက်ရိုက်ထိတွေ့ရင်ကင်ဆာဆဲလ်တွေကိုကျုံ့သွားစေနိုင်၊သေသွားစေနိုင်တဲ့အစွမ်းသတ္တိရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်အစာအိမ်ရဲ့အထက်ပိုင်း၊ပါးစပ်တို့လည်ချောင်းပြွန်တို့၊လည်ချောင်းတို့မှာဖြစ်ရင်(Capsules)ဖေါက်ပြီးရေဖျော်သောက်တာဟာ၊အနာနဲ့ဆေးတိုက်ရိုက်ထိတွေ့နိုင်ပါတယ်။အစာအိမ်ရဲ့အောက်ပိုင်းအူလမ်းကြောင်းတွေမှာကင်ဆာဖြစ်ရင်တော့ဆေးအတောင့်လိုက်သောက်သောက်၊အရည်ဖျော်ပြီးသောက်သောက်အတူတူပါပဲ။ဘာကြောင့်လဲဆိုတော့(Capsule)ကအစာအိမ်ထဲမှာပွင့်သွား၊ပျော်သွားမှာဆိုတော့၊အလုံးလိုက်သောက်သောက်ရေဖျော်ပြီးသောက်သောက်အူလမ်းကြောင်းထဲကိုရောက်ရင်အတူတူပါပဲ။
—-
တချို့ဆေးတွေကတော့တိုက်ရိုက်ထိတွေ့မှုနဲ့ကင်ဆာကိုမထိန်းချုပ်နိုင်ပါဘူး။သွေးထဲရောက်ပြီးမှဓါတ်ပြောင်းသွားတာပါ။ဓါတ်ပြောင်းပြီးတော့မှအကျိုးပေးနိုင်တာပါ။ဥပမာပြောရရင်(NAC+Vitamin C+ Zinc+Bioflavonoids)ပေါင်းသောက်ရင်၊ခန္ဓာကိုယ်ထဲရောက်တာနဲ့(glutathione, GSH)အဖြစ်ပြောင်းသွားပါတယ်။(glutathione, GSH)ဆိုတာခန္ဓာကိုယ်အတွင်းကထုတ်ယူရတဲ့နံပါတ်(၁)စွမ်းအားအကြီးမားဆုံး(Antioxidant)တစ်မျိုးပါပဲ။သူ၊မတိုက်နိုင်တဲ့ရောဂါ၊သူ၊မတိုက်နိုင်တဲ့(Free Radical)ဆိုတာမရှိပါဘူး။ဒါကြောင့်(NAC+Vitamin C+ Zinc+ Bioflavonoids)ဟာအလွန်အသုံးဝင်သော်လဲ၊ဆေးတောင့်ကိုဖေါက်သောက်စရာမလိုပါဘူး။ဖေါက်ပြီးရေဖျော်သောက်လို့လဲအကျိုးကျေးဇူးပိုမရပါဘူး။အလုံးလိုက်သောက်တာနဲ့ဖေါက်ပြီးရေဖျော်သောက်တာဘာမှထူးခြားမ့ှုမရှိပဲအကျိူးအတူတူပါပဲ။
—
တတ်နိုင်ရင်(NAC+Bio Zinc C)တစ်လုံးစီနှစ်မျိုးပေါင်းပြီး၊တစ်ရက်နှစ်ကြိမ်၊သုံးကြိမ်လောက်၊တွဲသောက်စေချင်ပါတယ်။(NAC ) )က(glutathione, GSH)အသစ်ထုတ်ပေးပြီး၊ (Bio Zinc C)ကတော့သုံးပြီးသား(glutathione, GSSG)တွေကိုပြန်ပြီး(Recycle)လုပ်ပြုပြင်ပေးပါတယ်။
တစ်ရက်ကိုသုံးကြိမ်သောက်ကြည့်ပါ။ဆေးများသွားရင်၊ဘေးထွက်ဆိုးကျိုးကဝမ်းသွားရုံလောက်ပါပဲ။ဝမ်းသွားရင်တော့ဆေးများနေတယ်ဆိုတာသိရလို့တစ်ရက်နှစ်ကြိမ်ပြန်လျှော့သောက်ပါ။ဝမ်းမသွားရင်တစ်ရက်သုံးကြိမ်ဆက်သောက်ပါ။ဒီနှစ်မျိုးကတော့အနာနဲ့ဆေးတိုက်ရိုက်ထိတွေ့စရာမလိုလို့ရေဖျော်သောက်စရာမလိုပါဘူး၊ဆေးအလုံးလိုက်သာသောက်ပါ။
—
(NAC+Bio Zinc C)ပေါင်းလိုက်ရင်(Antioxidants)အားလုံးရဲ့ဘုရင်(King of antioxidants)ဖြစ်တဲ့(glutathione,GSH)တွေကိုထုတ်ပေးနိုင်လို့ရောဂါအားလုံးကိုကာကွယ်ပေးနိုင်သလိုကုသရာမှာလဲအထောက်အကူပြုပေးနိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ထဲမှာ(glutathione,GSH)အပြည့်အဝလိုချင်လို့ရောဂါရှိရှိမရှိရှိလူတိုင်း(NAC+Bio Zinc C)ကိုသောက်သုံးသင့်ပါတယ်။(Glutathione supplement) တိုက်ရိုက်သောက်ရင်၊အလွန်ဈေးကြီးပြီး၊အစာအိမ်ထဲမှာ(Oxidize)ဖြစ်သွားပြီး(GSH)အနေအထားကနေ(GSSG)အနေအထားကိုပြောင်းသွားလို့သိပ်ပြီးအကျိုးကျေးဇူးမရနိုင်ပါဘူး။ဒါကြောင့်(NAC+Bio Zinc C)သောက်ခိုင်းတာကုန်ချောကိုလိုချင်လို့်ကုန်ကြမ်းပေးပြီးထုတ်ခိုင်းရတာပါ။သို့သော်(glutathione,GSH Supplement)တွေကိုပါးစပ်ကနေတိုက်ရိုက်သောက်ယူလို့သိပ်အကျိုးမရှိပေမဲ့၊အရေးပေါ်အခြေအနေမှာ(glutathione,GSH)နဲ့(Vitamin C)ကိုပေါင်းပြီး(IV)ပေးသွင်းရင်တော့အကျိုးကျေးဇူးရရှိနိုင်ပါတယ်။
—
Kelvin Albert Power
—
မှတ်ချက်။ (glutathione, GSH)တွေကိုမြန်မာလို(ဂလူတာသိုင်ရွန်)လို့အသံထွက်ပါတယ်။ဆန်တွေဂျုံတွေထဲမှာပါတဲ့၊ဆိုးကျိုးပေးတဲ့(Gluten)ဂလူတင်နဲ့အမှတ်မမှားပါစေနဲ့။
—
(glutathione, GSH)= glutathione reduced form
(glutathione, GSSG)= glutathione oxidized form
(NAC)= N-Acetyl Cysteine
(Bio Zinc C) = (Bioflavonoids + Zinc + Vitamin C)
—