(ကီမိုသရဖီ)နဲ့(ဓါတ်ကင်)တာတို့ဟာကင်ဆာရောဂါကိုပျောက်အောင်မကုသနိုင်သေးတဲ့အပြင်အလွန်ဆိုးရွားလှတဲ့ဆိုးကျိုးအပြစ်တွေကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ်

Source from Kelvin A. Power’s Facebook on October 26, 2019

ကျွန်တော်လဲအရေးကြီးတဲ့ကင်ဆာနဲ့ပါတ်သက်တဲ့သုတေသနတွေလုပ်နေရတာနဲ့(Post)အသစ်တွေတောင်မရေးဖြစ်တာကြာနေပြီ။ကျွန်တော့်ကိုယုံကြည်အားကိုးနေကြတဲ့လူတွေထဲမှာတချို့ဆိုရင်အလွန်ဆိုးရွားပြီးကြောက်စရာကောင်းလှတဲ့ကင်ဆာရောဂါတွေ(၃)(၄)မျိုးလောက်ဖြစ်နေရတဲ့လူတွေရော၊ကင်ဆာဆဲလ်တွေတကိုယ်လုံးပြန့်ပွားနေတဲ့လူတွေရော၊မိမိကိုယ်မိမိသေလူအဖြစ်သတ်မှတ်ထားခံရတဲ့ကင်ဆာရောဂါသယ်တွေရောပါဝင်နေကြပါတယ်။

ဒီခောတ်ဆေးပညာအရ(ကီမိုသရဖီ)နဲ့ကုတာတို့(ဓါတ်ကင်)တာတို့ဟာကင်ဆာရောဂါကိုပျောက်အောင်မကုသနိုင်သေးတဲ့အပြင်အလွန်ဆိုးရွားလှတဲ့ဆိုးကျိုးအပြစ်တွေကိုပါဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒီခောတ်ကုသနည်းတွေဟာဈေးလဲကြီး၊ထိရောက်မှု့လဲမရှိတဲ့အပြင်၊ဘေးထွက်ဆိုးကျိုးတွေကြောင့်ခန္ဓာကိုယ်၏(ခုခံအားစနစ်)ပျက်စီးသွားပြီး၊ရောဂါသယ်တွေကိုမသေမချင်းအလွန်ပြင်းထန်တဲ့ဝေဒနာဆိုးတွေနဲ့ပါနှိပ်စက်သတ်ဖြတ်နိုင်ပါသေးတယ်။

ဈေးနုန်းကလဲချိုသာပြီး၊ကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့၊သက်သာစေနိုင်ဖို့အထောက်အကူပြုမဲ့ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့သဘာဝဆေးတွေကတော့လိုအပ်နေပါပြီ။ကျွန်တော်လဲအစွမ်းရှိသလောက်တော့ကျွန့်တော့်ကိုယုံကြည်အားကိုးနေသူတွေအတွက်ဆေးကောင်းဝါးကောင်းတွေထုတ်လုပ်ပေးနိုင်ဖို့ကျိုးစားပြီးသုသေသနတွေလုပ်နေပါတယ်။အလုပ်မလုပ်ပဲပျောက်နေတာတော့မဟုတ်ပါဘူး။လူတွေအတွက်အလွန်ထိရောက်ပြီးအကျိုးတကယ်ရရှိစေမဲ့ဆေးဝါးမျိုးထုတ်လုပ်ပေးနိုင်ဖို့သုသေသနပေါင်းရာထောင်ချီပြီးစီစစ်လေ့လာနေရပါတယ်။

မြန်မာပြည်ဟာတိုင်းပြည်ဆင်းရဲသလောက်၊ကင်ဆာရောဂါဖြစ်တဲ့လူတွေအလွန်များပြားနေပါတယ်။အရင်တုံးကကင်ဆာရောဂါသယ်ဆိုတာသိပ်ကိုရှားပါးပါတယ်။အခုကတော့နေရာတိုင်းမှာငယ်ငယ်ရွယ်ရွယ်နဲ့ကင်ဆာရောဂါကြောင့်အသက်ဆုံးရံှုးကြရတဲ့လူတွေနေ့စဉ်နေ့တိုင်းတွေ့နေကြားနေရလို့မထူးဆန်းတော့ပါဘူး။နောင်နှစ်(၂၀)လောက်မှာလူ(၅)ယောက်မှာ(၄)ယောက်လောက်ကကင်ဆာအမျိုးမျိုးထဲကတမျိုးမျိုးဖြစ်လာဖို့သေချာသလောက်ကိုရှိနေပါပြီ။

ကျွန်တော်ဆိုလိုချင်တာကကင်ဆာရောဂါဆိုတာလူတိုင်းနဲ့ဆိုင်တဲ့ပြဿနာဖြစ်နေပါပြီ။။မိမိမှာမဖြစ်သေးဘူး(သို့မဟုတ်)မိမိဖြစ်နေတာကိုမသိရသေးဘူးဆိုပြီးတော့ပေါ့ပေါ့ဆဆမနေသင့်တော့ပါဘူး။ဘယ်လိုကြိုတင်ကာကွယ်ထားရမယ်၊ဖြစ်လာရင်ဘယ်လိုကုသရမယ်ဆိုတာကြိုတင်ဆုံးဖြတ်ထားဖို့အထူးလိုအပ်နေပါပြီ။

ကင်ဆာအမျိုးမျိုးထဲကတမျိုးမှမဖြစ်အောင်ကာကွယ်နိုင်ဖို့၊ဖြစ်နေရင်လဲပျောက်အောင်ကုသနိုင်ဖို့၊မိခင်သဘာဝကပေးတဲ့အလွန်ထိရောက်ပြီးဘေးထွက်ဆိုးကျိုးမရှိတဲ့သဘာဝပစ္စည်းတွေရှိနေပါတယ်။ဒါပေမဲ့ဒီခောတ်ဆေးကုမ္ပဏီကြီးတွေကအဲဒီလိုဆေးပစ္စည်းတွေကိုလူတွေမသိအောင်မသုံးနိုင်အောင်လိုက်ပြီးတော့ဖုံးဖိဖျက်ဆီးပြီးသတင်းအမှန်အချက်အလက်တွေကိုဖျောက်ဖျက်ထားကြပါတယ်။

တကယ်လို့သာမိခင်သဘာဝကပေးတဲ့ဘေးထွက်ဆိုးကျိုးမရှိတဲ့သဘာဝပစ္စည်းတစ်ခုခုကကင်ဆာရောဂါအမျိုးမျိုးကိုပျောက်အောင်ကုနိုင်မယ်ဆိုရင်၊အရင်းရှင်တွေဒေါ်လာသန်းထောင်နဲ့ချီ၊ရင်းနှီးမြုတ်နှံထားတဲ့ဈေးကြီးပြီးသုံးမရတဲ့အန္တရာယ်အလွန်များတဲ့ကီမိုတို့၊ဓါတ်ကင်တာတို့ဟာအကြီးအကျယ်အရံှုးပေါ်နိုင်ပါတယ်။

အရင်းရှင်တွေရဲ့ကင်ဆာကုသနည်းဟာရင်းနှီးမြုတ်နှံမှု့အလွန်များပြီးအကျိုးအမြတ်လဲအလွန်များပါတယ်။(၂၀၁၇)မှာကင်ဆာရောဂါသယ်တွေဆီကဝင်ငွေအမေရိကန်ဒေါ်လာသန်းထောင်ပေါင်း ($121 billion) ရရှိထားပြီး။(၂၀၁၈)မှာဆိုရင်($147 billion)ဝင်ငွေရရှိနေပါတယ်။အရင်းရှင်တွေက(၂၀၂၂)မှာ($172.6 billion)ရရှိဖို့ရင်းနှီးမြုတ်နှံထားပါတယ်။ကင်ဆာတစ်ကယ်ကုနိုင်တဲ့ဆေးကိုရှာတွေ့သွားရင်အရင်းရှင်တွေဆုံးရှုံးသွားမှာဖြစ်လို့တမင်ကိုမရှာဖွေကြတာပါ။တွေ့ရှိထားတာတွေကိုလဲဖုံးဖိထားကြတာပါ။သဘာဝဆေးကကင်ဆာတွေကိုပျောက်နိုင်ပါတယ်လို့အမှန်အတိုင်းထုတ်ပြောလိုက်ရင်နှစ်စဉ်ဝင်ငွေဒေါ်လာသန်းထောင်ပေါင်းရာနဲ့ချီပြီးဆေုံးရှုံးနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာဆရာဝန်ကသေပြီဆိုပြီးလက်လျှော့လိုက်ရလို့မိမိကိုယ်ကိုသဘာဝဆေးတွေနဲ့ကုသလိုက်လို့ပျောက်ကင်းသွားပြီး၊မိမိကိုယ်ကိုကင်ဆာရောဂါပျောက်အောင်သဘာဝဆေးတွေသုံးပြီးကုသလို့သူများကိုလဲလမ်းညွန်ပေးလို့ထောင်ကျသွားတဲ့လူတွေလဲအများကြီးရှိနေပါတယ်။အမေရိကားမှာဒီဆေး၊ဒီဆေးဟာကင်ဆာပျောက်တယ်။ကင်ဆာကိုပျောက်အောင်ကုသလို့ရတယ်လို့ပြောရင်ဥပဒေအရထောင်ကျနိုင်ပါတယ်။ဒီဆေး၊ဒီဆေးဟာကင်ဆာရောဂါသယ်တွေအတွက်အထောက်အကူပြုနိုင်တယ်။သက်သာစေနိုင်ပါတယ်လို့ပြောရင်တော့ဥပဒေအရဖမ်းဆီးထောင်ချလို့မရပါဘူး။လွတ်ကင်းပါတယ်။ဒါကြောင့်ကင်ဆာကိုပျောက်အောင်ကုနိုင်တယ်ဆိုတဲ့စကားမျိုးကိုကျွန်တော်တို့တွေလဲရှောင်ရှားပြီးသုံးရပါလိမ့်မယ်။

တချို့လူတွေက(Vitamin B17)လို့ခေါ်တဲ့ (Amygdalin)ဓါတ်ပေါင်းကကင်ဆာဆဲလ်တွေကိုသေစေနိုင်တယ်လို့ပြောဆိုနေကြပါတယ်၊ကင်ဆာရောဂါကိုပျောက်အောင်ကုသနိုင်တယ်လို့လဲပြောနေကြပါတယ်။သုသေသနလုပ်ကြည့်လိုက်တော့၊(Amygdalin)ဟာကင်ဆာဆဲလ်တွေကိုသေစေနိုင်တယ်ဆိုတာဖန်ပေါင်းချောင်ထဲမှာထည့်ပြီးစမ်းသပ်ကြည့်ရင်တော့မှန်ပါတယ်။ဒါပေမဲ့လက်တွေ့မှာလူ့ခန္ဓာကိုယ်ထဲထည့်ပေးလိုက်ရင်တော့ကင်ဆာဆဲလ်တွေကိုသေစေနိုင်သလိုကောင်းမွန်စွာအလုပ်လုပ်နေတဲ့ဆဲလ်အကောင်းတွေကိုလဲသေစေနိုင်ပါတယ်။ပြင်းထန်စွာ(cyanide poisoning)အဆိပ်ဖြစ်ပြီးအသက်ပါသေစေနိုင်လို့(USA)မှာတော့(FDA)ကပိတ်ထားပါတယ်။

B17 ဟာကင်ဆာဆဲလ်တွေကိုသေစေနိုင်သလို။လူ့ခန္ဓာကပုံမှန်ဆဲလ်တွေကိုလဲအဆိပ်သင့်ပြီးသေစေနိုင်လို့အသက်အန္တရာယ်ရှိပါတယ်။ကင်ဆာရောဂါနဲ့မသေရအောင်လို့ကင်ဆာဆဲလ်သေချင်သေ၊မသေရင်လဲကိုယ်သေဆိုပြီးတော့အဆိပ်သောက်ပြီးကုသရတဲ့စွန့်စားမှု့မျိုးဖြစ်လို့မှန်ကန်တဲ့ကုသနည်းလုံးဝမဟုတ်သလိုကျွန်တော်လဲအားမပေးချင်ပါဘူး။

ဘေးထွက်ဆိုးကျိုးလုံးဝမရှိပဲတကယ်ကောင်းပြီးထိရောက်တဲ့သဘာဝဓါတ်ပေါင်းတွေကျွန်တော်ရှာဖွေတွေ့ရှိထားပါတယ်။ဒါပေမဲ့ကင်ဆာပျောက်တယ်ဆိုတဲ့စကားကိုမသုံးသင့်လို့ကျွန်တော်မသုံးပါဘူး။ကင်ဆာရောဂါအတွက်အထောက်အကူပြုတယ်လို့ပဲနောက်ပိုင်းသုံးစွဲပါရစေ။

ကျွန်တော်တို့(American Best)ကနောက်ထုတ်တဲ့(Super Antioxidant)မှာပါတဲ့အန်တိုင်အောက်ဆီဒိုက်ဓါတ်ပေါင်းတွေထဲကတမျိုးတည်းတောင်မှသားအိမ်ခေါင်းကင်ဆာအဖုအကြိတ်ကြီးကိုကြုံ့သွားသေးငယ်သွားစေတာတွေ့ရပါတယ်။ပုံမှာပြထားတဲ့သုသေသနကယူထားတဲ့ပုံဟာအမေရိကန်အစိုးရအသိအမှတ်ပြုထားတဲ့သုသေသနတခုကနေကူးယူထားတာဖြစ်ပါတယ်။

ကျွန်တော်တို့အသစ်စထုတ်တဲ့(Super Antioxidant)မှာပါတဲ့ဓါတ်ပေါင်းတွေများစွာထဲမှာမှတစ်မျိုးထဲတောင်မှ(Antioxidant)စွမ်းအားဟာ(Natural Vitamin E)ထက်အဆ(၂၀)လောက်ပိုပြီးပြင်းထန်စွမ်းအားကြီးမားပြီးတော့၊(Vitamin C)ထက်အဆပေါင်း(၅၀)လောက်ပိုပြီးပြင်းထန်စွမ်းအားကြီးမားတယ်လို့သိပ္ပံပညာရှင်တွေရှာဖွေစမ်းသပ်တွေ့ရှိထားပါတယ်။ဒီလိုပြင်းထန်တဲ့အန်တိုင်အောက်ဆီဒိုက်စွမ်းအားကြောင့်တခြားရောဂါသေးသေးမွားမွားတွေကိုမဆိုထားနဲ့သားအိမ်ခေါင်းကင်ဆာရဲ့ကင်ဆာဆဲလ်တွေကိုသေစေနိုင်လို့ကျူမာအရွယ်အစားကိုတောင်(၃၉)ရက်အတွင်းမှာမှုလနုန်းအတိုင်းမကြီးထွားမပွားများနိင်ပဲ((ငါးပုံတစ်ပုံ)လောက်အထိသေးငယ်သွားစေနိုင်ပါတယ်။

ဒီဆေးထဲမှာပါတဲ့ဓါတ်ပေါင်းများစွာရဲ့အထွေထွေရောဂါတွေကိုကာကွယ်ကုသနိုင်တဲ့အကျိုးအာနိသင်တွေများပြားလွန်းလို့သုသေသနအထောက်အထားပေါင်းရာနဲ့ချီကိုလဲရှိနေပါတယ်။ဘာရောဂါတွေကိုဘယ်လိုပျောက်ကင်းစေနိုင်တယ်၊ကာကွယ်ပေးနိုင်တယ်ဆိုတာနောက်မှသုတေသနအထောက်အထားတွေတခုချင်းတင်ပြပြီးဆက်ရေးပေးပါမယ်။အခုတော့အချိန်မရလို့ဒီလောက်ပါပဲ။နောက်ပို့စ်တွေကြရင်တော့သုသေသနတွေကိုကိုယ်တိုင်လေ့လာနိုင်အောင်သေချာ(References)လင့်တွေပါချပေးပါမယ်။အခုတော့မြန်မာတွေအတွက်ကြိုတင်ပြီးသတင်းကောင်းပေးလိုက်တဲ့သဘောမျိုးပါပဲ။

အားလုံးကိုကျန်းမာစေလိုသောဆန္ဒဖြင့်၊
Kelvin Albert Power
(Nutrition Specialist, Florida, USA)

Shopping Cart