Source from Kelvin A. Power’s Facebook on October 5, 2019
မေး။ကျနော်အသက်၅၅ ပါဆရာ။ အသက်၅၀ကျော်ရင် D3 သောက်ရင် K2 သောက်စရာမလိုဘူးလို့သိရပါတယ်ဆရာ။ မှန်မမှန်သိပါရစေခင်ဗျာ။
—————
(D3)သောက်ရင်(K2) သောက်ရမယ်လို့တော့မဟုတ်ပါဘူး။သောက်ရင်လဲရပါတယ်၊မသောက်ရင်လဲရပါတယ်။။အထူးသဖြင့်အမျိုးသမီးတွေ(၅၀)ကျော်သွေးဆုံးလို့အရိုးတွေဆွေးမှာစိုးလို့ကာကွယ်နိုင်မလားဆိုပြီးတော့(K2)သောက်ကြတာပါ။ဒါပေမဲ့ခက်တာကလူတွေကအသက်ကြီးရင်သွေးတွေပျစ်လာတတ်ကြပါတယ်။
—
သွေးပျစ်လာတော့သွေးကောင်းကောင်းမလည်ပါတ်နိုင်ဘူး။မလည်ပါတ်နိုင်တော့သွေးဖိအားတွေများပြီးသွေးတိုးရောဂါဖြစ်လာတယ်။နှလုံးကသွေးတွေကိုမနိုင်မနင်းတွန်းကန်ထုတ်ရတော့နှလုံးကြွက်သားတွေရောင်ပြီးနှလုံးကြီးလာတယ်။
—
(K1)ဆိုတာကသွေးကိုပျစ်ခဲစေပြီး(K2) ဆိုတာကသွေးကိုမပျစ်စေနိုင်ပါဘူး။(K2)ကအင်ဆူလင်အလွန်နည်းနေတဲ့(Ketosis)အခြေအနေမှာဆိုရင်(COQ10)နဲ့ပေါင်းပြီး၊(Ketone)တွေအကူအညီနဲ့သွေးကြောတွေကိုတောင်ရှင်းလင်းပေးနိုင်ပါတယ်။ (K1)ကတော့အသက်ကြီးလာသူတွေမှာသွေးခဲပြီးသွေးကြောတွေပိတ်စေနိုင်လို့(K2)နဲ့ဆန့်ဆန့်ကျင်ဖက်သဘောပါ။
—
(K1)ကသွေးကိုပျစ်စေတဲ့အတွက်အသက်ကြီးပြီးသွေးပျစ်နေသူတွေအတွက်သွေးကြောတွေကိုပိတ်စေနိုင်တယ်။လေဖြတ်နိုင်တယ်။နှလုံးသွေးကြောပိတ်သေနိုင်တယ်။ဦးနှောက်သွေးကြောပိတ်သေနိုင်တယ်။သွေးကြောထဲမှာသွေးခဲစေနိုင်တယ်။
—
ယောင်္ကျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ်အသက်(၅၀)ကျော်ရင်သွေးကအလိုလိုပျစ်လာတယ်။သွေးပျစ်လာလို့(K1)ဆေးသောက်ပေးစရာမလိုအပ်ဘူး။အစိမ်းရောင်ဟင်းသီးဟင်းရွက်စားပေးရင်(K1)ကလုံလောက်တာထက်ပိုနေပြီ။သွေးကျဲနေတဲ့လူငယ်တွေ(K1)သောက်တာပြသနာမရှိပါဘူး။
—
အသက်ကြီးပြီးသွေးပြီးပျစ်နေတဲ့လူတွေ(K1)သောက်တာဟာ၊အဆိပ်သောက်နေတာနဲ့အတူတူပါပဲ။(Vitamin K1)နဲ့(Vitamin K2)ဆိုတာပေါင်းပြီးကိုမထုတ်လုပ်သင့်ဘူး။
—
ဟင်းသီဟင်းရွက်လဲမကြိုက်၊သွေးလဲကျဲနေတဲ့ကလေးသူငယ်တွေမှာ၊ချော်လဲတာတို့၊ဒူးပြဲတာတို့၊လက်ဓါးထိတာတို့အစရှိတဲ့ထိခိုက်ဒဏ်ရာရရင်သွေးထွက်တယ်။အဲဒီသွေးတွေသိပ်အောင်၊ခဲသွားအောင်(K1)ကလုပ်ဆောင်ပေးတယ်ဆိုတော့လိုအပ်လှပါတယ်။
ဒါပေမဲ့သွေးပျစ်နေတဲ့လူကြီးတွေမှာကြတော့(K1)သွားသောက်ရင်သွေးကြောထဲမှာသွေးခဲတဲ့အန္တရာယ်ရှိတယ်။(K1)နဲ့(K2)တွဲထုတ်တဲ့ဆေးတွေကတစ်ကယ်တော့ရောင်းကောင်းအောင်အရင်းရှင်တွေကဂျင်းထည့်လိုက်တာ။ကောင်းကျိုးမပြုတဲ့အပြင်အန္တရာယ်တောင်ဖြစ်လာနိုင်ပါတယ်။
—
ဟင်းသီးဟင်းရွက်ကလာတဲ့သဘာဝ(K1)ကတော့လွန်တယ်များတယ်လို့မရှိပါဘူးခန္ဓာကိုယ်ကလိုရင်စုပ်ယူမယ်၊မလိုရင်စွန့်ထုတ်ပြစ်မှာပါပဲ။အန္တရယ်ရှိတာကအရှင်းရှင်တွေဓါတုဗေဒနည်းနဲ့လုပ်ထားတဲ့၊ (synthetic=လက်လုပ်ဖြစ်သော)(K1)ကိုပြောတာပါ။ဟင်းသီးဟင်းရွက်ကြိုက်သလောက်စားလို့ရပါတယ်။(synthetic)(K1)ကိုမသောက်ဖို့ပဲပြောတာပါ။
—
သာမှန်အားဖြင့်အသက်(၃၀)ကျော်ရင်တောင်(K1)မသောက်သင့်တော့ဘူး။(K2)ထဲ(K1)ရောထည့်လိုက်တာဟာ(K2)ကဈေးကြီးလို့ပေါတဲ့(K1)နဲ့ရောပြီးဂျင်းထည့်လိုက်တာပဲ။ဆန်ရောင်းတဲ့လူကဆန်ကိုပြည်ချိန်တိုးအောင်ပြည်ခိုးချင်လို့၊ဈေးကြီးတည့်ဆန်ထဲဈေးပေါတဲ့ဖွဲထည့်ပြီးရောင်းသလိုပါပဲ။(K1)ကိုရှောင်ကြပါ။အလွန်အန္တရာယ်ကြီးပါတယ်။မိမိခန္ဓာကိုယ်ထဲကသွေးကြောတခုခုပိတ်သွားရင်အစိတ်အပိုင်းတခုခုပျက်ဆီးသေဆုံးသွားရင်ဘယ်လိုမှပြန်မကောင်းနိုင်ပါဘူး။ပြန်ကောင်းအောင်ကုရာနတ္တိဆေးလဲမရှိပါဘူး။အသက်အန္တရာယ်လဲရှိပါတယ်။
–
ပြည်ချိန်တိုးအောင်ဆန်ထဲဖွဲထည့်ပြီးရောင်းသလို၊(K2)ထဲကို(K1)ရောထည့်ပြီးရောင်းရင်တော့လူကြီးတွေအတွက်ကောင်းကျိုးမရနိုင်ပဲဆိုးကျိုးသာလျှင်ပိုရရှိနိုင်ပါတယ်။ကလေးတွေ၊လူငယ်တွေအတွက်ကတော့(K1)နဲ့(K2)ရောထားတဲ့ဆေးသောက်လို့ရပါတယ်၊အန္တရာယ်ရှိနိုင်မယ်မထင်ပါဘူး။
—
ဘယ်အရင်းရှင်၊ဘယ်ကုမ္မဏီကိုမှရည်ရွယ်တိုက်ခိုက်ပြီးမပြောလိုပါဘူး။(Ingredients)အကြောင်းပဲပြောတာပါ။အသက်ကြီးလာတဲ့လူတွေ(K1)ကိုမသောက်သင့်ကြောင်းပဲပြောချင်တာပါ။
Kelvin Albert Power