(Vitamin E, Tocopherol)အမျိုးအစားအကြောင်းအတိုချုပ်

Source from Kelvin A. Power’s Facebook on September 21, 2019

လူတိုင်းက(PUFA, Polyunsaturated fatty acid)စားတော့၊အသဲထဲမှာရော၊သွေးကြောတွေ၊ဆဲလ်တွေထဲမှာရော၊(lipid peroxidation)ဆိုတဲ့ဆီချေးတက်အဆိပ်ဖြစ်မှု့လူတိုင်းမှာဖြစ်နေပါတယ်။နာတာရှည်ရောဂါအားလုံးရဲ့တရားခံလက်သည်ကလဲ(PUFA)နဲ့(lipid peroxidation)ပါပဲ။

အဲဒီဆီချေးအဆိပ်တွေမတက်ရအောင်ရှင်းပေးနိုင်တဲ့အဓိက(antioxidant)ကတော့(Vitamin E, Tocopherol)အမျိုးအစား(၈)မျိုးထဲကတစ်မျိုးပါပဲ။ကျန်တဲ့ခုနှစ်မျိုးကတော့ထိထိရောက်ရောက်မရှင်းပေးနိုင်တဲ့အပြင်တချို့ကအန္တရာယ်တောင်ဖြစ်စေနိုင်ပါတယ်။

Vitamin E ဆိုတာကနားလည်ပြီးအမျိုးအစားရွေးချယ်တတ်ရင်ရောဂါတော်တော်များများကိုကာကွယ်ပေးနိုင်သလို၊နားမလည်ပဲအမျိုးအစားမရွေးတတ်ရင်၊ဆိုးကျိုးအန္တရာယ်တွေတောင်ရရှိနိုင်ပါတယ်။

ကျွန်တော်ပြောချင်တဲ့(Tocopherol)ဆိုတဲ့(Vitamin E)ရှစ်မျိုးမှာ၊မိခင်သဘာဝမှာလုံးဝမရှိတဲ့၊လူတွေဓါတ်ခွဲခန်းထဲမှာဓါတုဗေဒတွေနဲ့ဓါတ်ပေါင်းပြီးလုပ်ထားတဲ့။(synthetic vitamin E)ဆိုတာ(၄)မျိုးရှိပါတယ်။ဒီနေရာမှာဆင်တက်တစ်(synthetic)ဆိုတဲ့အဓိပ္ပါယ်ကသဘာဝကိုပြိုင်ပြီးအတုလုပ်ယူတယ်၊(သဘာဝကိုလိုက်တုထားတဲ့လက်လုပ်အတုအပ)လို့ဆိုချင်ပါတယ်။မြန်မာအဘိဓာန်ကြည့်အဓိပ္ပာယ်ပြန်ရင်တော့(synthetic)ဆိုတာ(လက်လုပ်)လို့အဓိပ္ပာယ်ဖွင့်ထားပါတယ်။

အရင်းရှင်တွေကသဘာဝကနေထုတ်ယူရင်၊သဘာဝအစစ်ကဈေးကြီးတော့အမြတ်သိပ်မကျန်ပါဘူး။သဘာဝကိုတုပြိုင်ပြီးအတုလုပ်လိုက်တော့ဈေးသက်သာပြီးအမြတ်ပိုကျန်တာပေါ့။တရားဝင်အတုလုပ်နေတာပါ။(FDA)ကလဲခွင့်ပြုထားပါတယ်။တံဆိပ်(Brand)တစ်ခုကိုအတုလုပ်တာမဟုတ်ပဲ၊သဘာဝကိုတုတာဆိုတော့ဘယ်သူမှလာပြီးတရားမစွဲပါဘူး၊ခွင့်ပြုထားပါတယ်။တချို့ပစ္စည်းတွေကသဘာဝနဲ့လက်လုပ်တထပ်တည်းတူချင်တူနိုင်ပါတယ်။ဗီတာမင်(E)ကတော့လုံးဝမတူပါဘူး။

သဘာဝကိုပြိုင်ပြီးအတုလုပ်ထားတဲ့(synthetic Tocopherol Vitamin E)အမျိုးအစား(၄)မျိုးရှိပါတယ်။
အဲဒါတွေကတော့
(1)DL-alpha-tocopherol Vitamin E,
(2) DL-beta-tocopherol Vitamin E,
(3)DL- gamma-tocopherol Vitamin E,
(5)DL-delta-tocopherol Vitamin E
တို့ဖြစ်ပါတယ်။သဘာဝမဟုတ်တဲ့(Vitamin E)တွေအားလုံးဟာသဘာဝ(Vitamin E)နဲ့လုံးဝကိုမတူပါဘူး။မတူတော့ကောင်းကျိုးမပေးပဲဆိုးကျိုးတွေပဲပေးပါမယ်။အရင်းရှင်တွေဓါတ်ခွဲခန်းမှာလိုသလောက်ထုတ်ယူလို့ရလို့ဈေးသိပ်ပေါတဲ့အညံ့စားအဆိပ်အတောက်တွေပါပဲ။

မိခင်သဘာဝအသီးအနံ၊အပင်၊အစေ့၊အဆံတွေကနေထုတ်ယူထားတဲ့(Natural Tocopherol Vitamin E)အမျိုးအစား(၄)မျိုးရှိပါတယ်။
အဲဒါတွေကတော့
(1) D-alpha-tocopherol Vitamin E,
(2) D-beta-tocopherol Vitamin E,
(3) D- gamma-tocopherol Vitamin E,
(5) D-delta-tocopherol Vitamin E
တို့ဖြစ်ကြပါတယ်။သဘာဝကလာတဲ့အဲဒီ(Vitamin E)လေးမျိုးလုံးဟာမိမိကိုကောင်းကျိုးပြုပါတယ်။

ဒါပေမဲ့ဒီနေရာမှာချွင်းချက်တစ်ခုရှိနေပြန်ပါတယ်။(PUFA)အဆီတွေအောက်ဆီဒိုက်ဖြစ်ရင်(Free Radical)ဆိုတာထွက်လာတတ်ပါတယ်။သဘာဝ(vitamin E)တွေဟာအဲဒီ(Free Radical)တွေကိုတိုက်ခိုက်ဖယ်ရှားရင်းနဲ့မိမိကိုယ်တိုင်အဆိပ်မိပျက်စီးပြီးမိမိကိုယ်တိုင်(Free Radical)တွေဖြစ်လာနိုင်ပြန်ပါတယ်။(Vitamin E)ကဖြစ်လာတဲ့(Free Radical)တွေကလဲခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်ပြန်ပါတယ်။

ရန်သူအောက်ဆီဒိုက်အဆိပ်တွေနဲ့တိုက်ခိုက်ပြီးမိမိကိုယ်တိုင်အဆိပ်သင့်ပျက်စီးပြီးဒဏ်ရာရလာတဲ့(Vitamin E)အပျက်အစီးတွေကအန္တရာယ်ပြန်ပေးနိုင်လို့(Vitamin C)ကအပျက်အစီးတွေကိုပြန်လည်ကောင်းမွန်လာအောင်ဆေးကုသပြုပြင်ပေးရပါတယ်။(Vitamin C)တွေအောက်ဆီဒိုက်ဖြစ်ပြီးမပျက်စီးသွားအောင်လို့(Zinc)၊(bioflavonoids)နဲ့(Rose Hips)တွေကတခါပြန်ပြီးကာကွယ်ပေးထားရပြန်ပါတယ်။

ခန္ဓာကိုယ်ရဲ့အဆိပ်ဖြေမှု့စနစ်ကရန်သူကိုတစ်ယောက်ထဲနဲ့မတိုက်နိုင်ပါဘူး။စနစ်တကျဖွဲ့စည်းထားပြီးစည်းစည်းလုံးလုံး၊ညီညီညွတ်ညွတ်နဲ့တခုနဲ့တခုချိတ်တက်ပြီးတိုက်ခိုက်ကာကွယ်ရတာပါ။အဲဒါကိုနားလည်ရင်၊လိုက်နာရင်ဖြည့်ဆည်းပေးရင်၊ဘာနာတာရှည်ရောဂါမှမဖြစ်ပါဘူး။

(Natural Vitamin E)ဆိုတာကပုံမှာပြထားတဲ့(Nature made)တံဆိပ်က(Vitamin E)ကိုပြောတာ(လုံးဝ)မဟုတ်ပါဘူး။(Nature made)တင်မကပါဘူး။တခြားအရင်းရှင်တွေလဲသဘာဝကိုအတုလုပ်ထားတဲ့လက်လုပ်၊သဘာဝတု၊အပေါစားဈေးအပေါဆုံး၊နဲ့အမြတ်အများဆုံးရမယ့်(synthetic Vitamin E)ကိုပဲသုံးထားကြပါတယ်။ဂျင်းမမိဖို့ပြောချင်တာက(Nature Made)ဆိုတိုင်း(သဘာဝကလာတာ)လုံးဝမဟုတ်ပါဘူး။

(Nature Made)ဆိုတာကကုမ္မဏီနာမည်သက်သက်ပါပဲ။ပစ္စည်းကတော့အမြတ်ကောင်းကောင်းကျန်မယ့်သဘာဝတုလက်လုပ်(ဆင်တက်တစ်)(synthetic)တွေသာများပါတယ်။ကုမ္မဏီအမည်ကို(Nature Made)လို့ပေးလိုက်တော့မသိတဲ့လူတွေကသဘာဝပစ္စည်းအစစ်တွေများလားလို့ထင်ယောင်ထင်မှားဖြစ်ပြီး(ဂျင်း)မမိအောင်လို့သေချာဥပမာပုံပြပေးထားပါတယ်။(Nature Made)တခုတည်းကိုမပြောပါဘူး။များသောအားဖြင့်၊သဘာဝမကျတဲ့လက်လုပ်ဆင်တက်တစ်(synthetic)တွေပါပဲ။

(Ingredients)တွေကိုသေချာစွာဖတ်ပါ။

တကယ်လို့(DL-alpha-tocopherol)ဆိုရင်တော့ဘေးအန္တရာယ်ဖြစ်နိုင်တဲ့အရင်းရှင်တွေလုပ်တဲ့၊ဆင်တက်တစ်လက်လုပ်(ဂျင်း)သက်သက်ပါပဲ။ရှေ့ဆုံးမှာ(D)နဲ့စတာနဲ့(DL)နဲ့စတာပဲကွာခြားပါတယ်။ကျန်တာအကုန်ဆင်တူပါပဲ။မသိရင်မခွဲခြားတတ်နိုင်ပါ။အားလုံးဟာသဘာဝ(Vitamin E)နဲ့လုံးဝကိုမတူပါဘူး။မတူတော့ကောင်းကျိုးမပေးပဲဆိုးကျိုးတွေပဲပေးပါမယ်။အရင်းရှင်တွေဓါတ်ခွဲခန်းမှာလိုသလောက်ထုတ်ယူလို့ရလို့ဈေးသိပ်ပေါတဲ့အညံ့စားအဆိပ်အတောက်တွေပါပဲ။

နောက်တမျိုးက(D-alpha-tocopherol)လို့ခေါ်ပါတယ်။မိခင်သဘာဝကပေးတဲ့ခန္ဓာကိုယ်အတွက်ရွှေထက်ပိုပြီးတန်ဖိုးရှိတဲ့အလွန်အရေးကြီးပြီးအကျိုးပြုနိုင်တဲ့(Natural Vitamin E)အမျိုးအစားပါပဲ။ဈေးပိုကြီးတဲ့(Vitamin E)အစစ်ပါ။ဒီ(Vitamin E)ကို(400 IU)နေ့စဉ်သောက်ရင်လုံလောက်ပါတယ်။(1000 IU)မလိုအပ်ပါဘူး။သိပ်များပါတယ်။

အရှင်းရှင်တွေဆိုတာ(Vitamin E)စားသုံးသူတွေဘာဖြစ်ဖြစ်၊သေသေဂရုမစိုက်ပါဘူး။သူတို့လိုချင်တာကအမြတ်များများကျန်ဖို့အဓိကပါပဲ။ဒါကြောင့်အမေရိကန်ကလာတဲ့ဈေးကွက်ပေါ်မှာရှိတဲ့(Vitamin E)တွေရဲ့(95%)ရာခိုင်နုန်းဟာ၊အပေါစားလူလုပ်တားတဲ့(Synthetic)လက်လုပ်တွေပါပဲ။သဘာဝနဲ့လုံးဝမတူပါဘူး။ သဘာဝ(Vitamin E)ကရှာရတာအလွန်ခက်ခဲပါတယ်။

ကျွန်တော်ကတော့၊မိမိအမြတ်အစွန်းကိုမကြည့်ပဲ၊မိမိကိုယုံကြည်ပြီးသုံးစွဲသူတွေရဲ့ကျန်းမာရေး၊အန္တရာယ်နဲ့အကျိုးစီးပွားကိုအဓိကထားတယ်ဆိုတော့ဘယ်တော့မှ၊သဘာဝမဟုတ်တဲ့လက်လုပ်(Synthetic Vitamin E)မထုတ်ရောင်းပါဘူး။ဈေးကြီးလို့အမြတ်တပြားမှမကျန်ချင်နေပါစေလူတွေကျန်းမာဖို့အန္တရာယ်မဖြစ်ဖို့အရေးကြီးပါတယ်။(Natural Vitamin E)ကိုပဲထုတ်လုပ်ပေးပါတယ်။

ဒီအကြောင်းကိုဘာမှမပြောပဲနဲ့ဗီတာမင်(E)လူတိုင်းသောက်သင့်တယ်ဆိုပြီး၊ဈေးသိပ်ပေါတဲ့လက်လုပ်(Synthetic Vitamin E)ကိုဂျင်းထည့်ရောင်းရင်အမြတ်အများကြီးပိုကျန်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့က(ဂျင်း)လုံးဝမရောင်းပါဘူး။အဲဒါကိုစေတနာမှန်တယ်လို့ခေါ်ပါတယ်။

ကျွန်တော့်(Brand)သာလျင်ကောင်းပါတယ်လို့(လုံးဝ)မပြောပါဘူး။ကြိုက်တဲ့(Brand)ကိုရွေးချယ်ရှာဝယ်ပါ။အရေးကြီးတာက(D)အမျိုးအစားသာပါပြီးတခြားဘာမှမရောစပ်ထားတဲ့၊(100% Natural non-synthetic Vitamin E)ဖြစ်ဖို့ပဲအရေးကြီးပါတယ်။(DL )ဆိုရင်တော့ဝေးဝေးကရှောင်ကြပါ။(Natural Vitamin E)ဟာအလွန်အစွမ်းထက်မြက်တဲ့အတွက်(400 IU)ထက်တော့ပိုမသောက်ကြပါနဲ့။

Kelvin Albert Power

Shopping Cart