Triglyceride များတာမကောင်းပါဘူး။

Source from Kelvin A. Power’s Facebook on August 16, 2019

Triglyceride များတာမကောင်းပါဘူး။အသဲအဆီစတက်နေပြီဆိုတဲ့သဘောပဲ။
Triglyceride ကိုလဲကျစေတယ်။အသဲထဲကအဆီတွေကိုလဲ
လဲစွမ်းအင်အဖြစ်လောင်ကျွမ်းမှုဖြစ်စေတယ်ဆိုတဲ့
(Ingredients)တွေရှာသောက်ပါ။ကာဗိုဟိုက်ဒရိတ်လဲလျော့ပါ။
——
အသဲကအဆီတွေရော၊သွေးကြောထဲကအဆီ(Triglyceride) တွေကိုရောစွမ်းအင်အဖြစ်အမြန်ဆုံးပြောင်းပြီးလောင်ကျွမ်းနိုင်တဲ့အထူး(Ingredients)ပါ။
——
CLA တခုတည်းသက်သက်လာရင်ဝယ်မသောက်ပါနဲ့။ CLA ကTrans fat တမျိုးဖြစ်လို့အောက်က(ingredients)တွေနဲ့တွဲမထုတ်ထားရင်(Oxidize) ဖြစ်ပြီးအန္တရာယ်ရှိနိုင်ပါတယ်။

တံဆိပ်အကြောင်းမပြောဘူး၊(Ingredients)အကြောင်းပဲပြောနေတာ။ဘာတံဆိပ်ပဲဖြစ်ဖြစ်အရေးမကြီးပါဘူး။ဘာတွေပါလဲပဲအရေးကြီးတာပါ။ကြိုက်တဲ့တံဆိပ်ဝယ်ပါ။အဲဒါတွေပါဖို့ပဲလိုတယ်။သကြားနဲ့၊ကာဗိုဟိုက်ဒရိတ်လဲလျော့စားကြပါ။
—-
Ingredients တွေအကြောင်းနဲနဲလေးရေးပေးမယ်။

CLA (Conjugated Linolic Acid) ဖြစ်ပါတယ်။
သဘာဝအားဖြင့်မြက်ရိုင်းစားတဲ့သတ္တဝါတွေရဲ့နို့မှာ(Omega 3) နဲ့အတူ
တွဲပြီးအနည်းငယ်သာပါဝင်နေတဲ့ကောင်းမွန်တန်ဖိုးရှိတဲ့အဆီတမျိုး
ဖြစ်ပါတယ်။(CLA)ဆိုတဲ့အဆီဟာတခြားအဆီတွေလိုမဟုတ်ပါဘူး။
ခန္ဒာကိုယ်အတွင်း၊သွေးကြောအတွင်းတွေမှာသူ့ကိုသိုလှောင်မထား
နိုင်တဲ့အပြင်ခန္ဒာကိုယ်အတွင်းရှိအခြားသောမကောင်းတဲ့အဆီတွေကို
ပါသူကဖျော်ချဖျက်ဆီးပေးပြီးစွမ်းအင်အဖြစ်သုံးစွဲနိုင်အောင်ကူညီပေး
ပါတယ်။မကောင်းတဲ့အဆီတွေကိုဖျော်ချပေးနိုင်တဲ့အကျိုးပြုအဆီတ
မျိုးဖြစ်ပါတယ်။(CLA)၏ခန္ဒာကိုယ်ကိုမဝအောင်ထိန်းသိမ်းပေးခြင်း၊
အဝလွန်ခြင်း၊အသဲအဆီဖုံးခြင်းသွေးကျောများ
အတွင်းအဆီများခြင်းကိုလောင်ကျွမ်းပေးပါတယ်။ CLA တခုတည်းသက်သက်လာရင်
တော့CLA ကTrans fat တမျိုးဖြစ်လို့အောက်က(ingredients)တွေနဲ့တွဲမထုတ်ထားရင်
(Oxidize) ဖြစ်ပြီးအန္တရာယ်ရှိနိုင်ပါတယ်။ Epigallocatechin gallate က (CLA)ကို
(Oxidize)မဖြစ်အောင်ထိန်းထားပေးပါတယ်။
————
Guarana ဆိုသည်မှာတောင်အမေရိကတိုက်ရှိအမေဇုန်သစ်တောမှရှားပါးတဲ့အ
ပင်တစ်မျိုးရဲ့အစေ့ဖြစ်ပါတယ်။(Guarana)သည်ကိုယ်တွင်းအဆီများ၊အသဲ၊နှလုံးအဆီများ
ကိုဖျော်ချပေးပြီးစွမ်းအင်အဖြစ်အသုံးပြုနိုင်ရန်ကူညီပေးသည့်အတွက်
အဝလွန်သူများခန္ဒာကိုယ်ဝိတ်ကျစေခြင်း၊အားကစားသမားများအ
တွက်ဖြတ်လတ်သန်စွမ်းစေနိုင်ခြင်း၊စိတ်နှင့်ခန္ဒာကိုယ်လေးလံထိုင်း
မှိုင်းမှု့များကိုထိရောက်စွာအချိန်တိုအတွင်းလျော့ချပေးနိုင်ခြင်း၊ဦး
နောက်နှင့်အာရုံကြောများဖွံဖြိုးစေနိုင်ပြီးအာရုံပိုစိုက်လာနိုင်ခြင်း၊အာရုံ
ခံစားမှု့ကိုတိုးတက်ကောင်းမွန်လာစေခြင်း၊မှတ်ဉာဏ်ကောင်းမွန်လာစေခြင်း၊ ကာလရှည်ကြာစွာဖြစ်နေသောဝမ်းချုပ်ရောဂါကိုပျောက်ကင်း
သက်သာစေနိုင်ခြင်းတို့အပြင်၊အသဲနှင့်နှလုံးနဲ့သွေးလည်ပါတ်မှုစနစ်ကိုလဲ
ကောင်းမွန်လာစေနိုင်ပါသည်၊ခန္ဒာကိုယ်နာကျင်ကိုက်ခဲမု့ှကို
လဲပျောက်ကင်းသက်သာစေသည့်အပြင်အသားအရေကိုလဲကြည်
လင်တောက်ပလာစေနိုင်ပါသည်။
——
Green tea extract
ကတော့ခန္ဒာကိုယ်အတွက်အရေးကြီးးသော ANTIOXIDANT တမျိုး
ဖြစ်သော(catechins)ပါဝင်ခြင်းကြောင့်ခန္ဒာကိုယ်အတွက်အထူးလို
အပ်သောစွမ်းအင်များကိုရရှိစေပါသည်၊အထူးသဖြင့်စိတ်ဓါတ်ကျဆင်း
မှု့ကြောင့်ဖြစ်ပေါ်စေသောအခြားနောက်ဆက်တွဲကျန်းမာရေးပြသာ
နာများကိုလဲကာကွယ်ပေးနိုင်ပါသည်၊Green tea extract မှာပါတဲ့
Epigallocatechin gallate (EGCG) လို့ခေါ်တဲ့ (ANTIOXIDANT)
ဓါတ်သတ္တိကြောင့်ခန္ဒာကိုယ်အတွင်းမကောင်းသောအဆီများကိုကျ
ဆင်းစေပြီးသွယ်လျလှပလာစေပါသည်။အသဲရဲ့(ANTIOXIDANT
SYSTEM)မှာအလွန်အဓိကကျပါတယ်။(PUFAs)ကဖြစ်တဲ့
(oxidative stress)ကိုကာကွယ်နိုင်ပါတယ်။ကင်ဆာရောဂါများကိုလဲ
ကာကွယ်ပေးပါတယ်။ဆီးချိုရောဂါကိုလဲကာကွယ်ပေးပါတယ်။
————–
L-carnitine
ကတောအဆီကိုစွမ်းအင်အ
ဖြစ်အသုံးပြုနိုင်ရရန်ဆောင်ရွက်ပေးပါတယ်။(L-carnitine) ကစား
သောက်လိုက်သောအဆီများ၊ခန္ဒာကိုယ်အတွင်းပိုင်းမှအဆီများ၊အား
လုံးကိုဖျော်ချပေးပြီးထိုအဆီ(fatty acids) များကိုခန္ဒာကိုယ်အတွင်း
သွေးကြောများမှတဆင့်ခန္ဒာကိုယ်အစိတ်အပိုင်းအားလုံးရှိ(cell)များ၏
အတွင်းပိုင်းစွမ်းအင်ထုတ်လုပ်သောနေရာ(mitochondria)များအထိ
အဆီကိုစွမ်းအင်အဖြစ်အသုံးပြုနိုင်ရန်နင့်ဆဲလ်နံရံ (cell wall) များကို
ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ရန်ပို့ဆောင်ပေးပါတယ်။
(L-carnitine)ရဲ့အကူအညီကြောင့်၊အဆီ( fatty acid)မှစွမ်းအင် (energy)အဖြစ်လွယ်လွယ်ကူကူပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။
————-
Hoodia Gordonii ကတော့သဘာဝတရားကပေးသောခန္ဒာကိုယ်အဆီ
ပိုများကျစေရန်
တွက်တန်ဘိုးမဖြတ်နိုင်သောအစွမ်းသတ္တိနှုင့်ပြည့်စုံသောအထူးလက်
ဆောင်ဆေးတလက်ဖြစ်ပါတယ်၊ရှေးအခါကအာဖရိကတိုက်မှမုဆိုးများ
အမဲလိုက်စဉ်အတွင်းမှထမင်းမစားပဲအဆာခံနိုင်အောင်၊အစာမစားပဲ
နေသော်လဲ၊စွမ်းအင်မလျှော့နဲသွားပဲခန္ဒာကိုယ်တွင်းအဆီမှစွမ်းအင်အ
ဖြစ်သုံးစွဲနိုင်အောင်အသုံးပြုခဲ့ဲကြပါတယ်။ခန္ဒာကိုယ်အဝလွန်ခြင်းနှင့်အ
တူ၊အသဲအဆီဖုံးဆီးချိုနဲ့ဆက်နွယ်နေသောရောဂါများကိုလွန်ခဲ့သော
ရာစုနှစ်တွေထဲ
ကပင်ကုသနိုင်သောသဘာဝတရားကြီးကပေးသောဆေးဝါးဖြစ်ပါသ
ည်၊အခုအခါမှာ၎င်းကိုဆီးချိုနှင့်ဆက်နွယ်သောရောဂါများကာကွယ်ရန်
နှင့်မိမိတို့စားသုံးလိုက်တဲ့မကောင်းသောအဆီများကိုပျော်ကျစေပြီးခနွာ
ကိုယ်ဝိတ်ကျစေရန်အတွက်ဆေးဝါးအဖြစ်အသုံးပြုနေကြပါသည်။
Hoodia Gordonii ကခန္ဒာကိုမှသကြားအချိုဓါတ်အားတောင့်တမှု၊
အချိုစားသုံးလိုမှုအလိုဆန္ဒကိုလဲလျှော့ချပေးနိုင်ပါတယ်။
—-
နောက်အချိန်ရတော့မှဘာကြောင့်အဲဒီ(Ingredients)တွေအချိုးကျပေါင်းစပ်ထားရင်ကောင်းတယ်၊အသဲနဲ့သွေးကျောတွေထဲကအဆီရော၊ခန္ဓာကိုယ်ကအဆီတွေရောဘယ်လိုလောင်ကျွမ်းစေတယ်ဆိုတာ၊သုတေသနအထောက်အထားနဲ့ရေးပေးပါမယ်။အခုတော့အကြမ်းလောက်ပဲသိရရင်ရပါပြီ။
——
သကြားနဲ့၊ကာဗိုဟိုက်ဒရိတ်တော့လုံးဝလျော့ရပါမယ်။

Shopping Cart