Soluble Fiber=(SF)သောက်ရင်

Source from Kelvin A. Power’s Facebook on August 15, 2019

Soluble Fiber=(SF)သောက်ရင်အစာမစားခင်(၁၅)မိနစ်အလိုလောက်မှာကြိုသောက်ရမှာဖြစ်ပါတယ်။သောက်ရတဲ့ရည်ရွယ်ချက်က
——
(၁)(SF)ကထုထည်ပွလာပြီးထမင်းအများကြီးမစားနိုင်အောင်အစာအိမ်မှာကြိုတင်နေရာယူထားဖို့ဖြစ်ပါတယ်။ဒါမှကယ်လိုရီကိုထိန်းပြီးသားဖြစ်ပါမယ်။
—————
(၂)အစာမကျေညက်တာတွေစားမိရင်လဲအစာအိမ်နံရံကိုမထိခိုက်မိအောင်၊(SF)ကအချွဲဓါတ်တွေနဲ့အစာအိမ်နံရံကိုကြိုတင်ကာကွယ်ပေးဖို့ဖြစ်ပါတယ်။
————
(၃) (SF)ကိုကြိုတင်ပြီးအစာအိမ်ထဲအစာမစားခင်ထည့်ထားတော့မှ၊အစာကပါလာတဲ့သကြားဓါတ်ကိုကြိုတင်ပြီးစုတ်ယူထားနိုင်၊ထိန်းပေးနိုင်မှာဖြစ်ပါတယ်။
————–
(၄)(SF)ကိုအစာစားပြီးသောက်ပါကမည်သည့်ကောင်းကျိုးများမှမရရှိသည့်အပြင်၊ရင်ပြည့်ရင်ကယ်ခြင်း၊အစာမကျေခြင်း၊ဝမ်းဖေါဝမ်းရောင်ဖြစ်ခြင်းတို့သာလျှင်ခံစားရပါမယ်။
———————————————
မြန်မာလူမျိုးတိုင်းမှာအလွန်ဆိုးဝါးသောအကျင့်ဆိုးတစ်ခုရှိပါသည်။ထိုအကျင့်ဆိုးမှာအစာစားပြီးမှဆေးသောက်ခြင်းပင်ဖြစ်ပါသည်။အစာနှင့်သောက်ရမည်ဟုညွန်းဆိုသောမည်သည့်ဆေးကိုမဆို၊အစာရှေ့တွင်သာသောက်ရမည်ဖြစ်ပါသည်။အစာစားပြီးဆေးသောက်ခြင်းသည်ကျန်းမာရေးကိုဆိုးဆိုးရွားရွားသေချာပေါက်ရာနုန်းပြည့်ထိခိုက်ပါသည်။အစာမစားခင်(၁၅)မိနစ်လောက်အလိုတွင်ဆေးနှင့်အတူရေများများရောသောက်ထားရပါမည်။အစာအိမ်သည်ရေဓါတ်ရှရှိ၍အူစိုလာပြီးအစာချေနိုင်ရန်လိုအပ်သောအက်ဆစ်ပမာဏရရှိဖို့ရန်အဆင်သင့်ဖြစ်နေရပါမည်။
———-
အစာအိမ်သည်အစာစားလိုက်သောအခါမိမိအစာမစားခင်ကသောက်ထားသောရေပမာဏ၊သောက်လိုက်သောဆေး၏အက်ဆစ်ဓါတ်ပါဝင်နုန်း၊စားလိုက်သောအစာပမာဏနှင့်၊အစာတွင်ပါဝင်သောအက်ဆစ်ဓါတ်အနည်းအများ၊အစာ၏စုစုပေါင်း(PH)တန်ဖိုး၊စသည်တို့ကိုတိတိကျကျသေချာစွာတွက်ချက်တိုင်းတာ၍လိုအပ်သော(PH)တန်ဖိုးရရှိစေရန်တိကျသေချာစွာအစာချေအက်ဆစ်ဓါတ်များထုတ်လုပ်ပေးရမည်ဖြစ်ပါသည်။အက်ဆစ်ဓါတ်ပိုထုတ်မိလျှင်လဲအန္တရာယ်ဖြစ်နိုင်သလို၊လျှော့ထုတ်မိလျင်လဲအန္တရာယ်ရှိပါသည်။တိတိကျကျထုတ်နိုင်ဖို့ဘာတွေကိုဘယ်လောက်ချေရမလဲဆိုတာအစာအိမ်ကကြိုတင်သိရှိထားဖို့လိုအပ်ပါသည်။
—————–
အက်ဆစ်ဓါတ်အလွန်ပြင်းထန်သောဆေးဝါးများဖြစ်စေကာမှု၊ရေများများဖြင့်အစာမစားခင်စားခါနီးမှာသာလျင်သောက်ရပါမည်။ရေများများနှင့်သောက်ခြင်းဖြစ်သဖြင့်အစာအိမ်ထဲတွင်အစာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ၊ထိုအက်ဆစ်ဓါတ်၏(PH)တန်ဖိုးသည်မည်သည့်နည်းနှင့်မှ(1.5)အောက်မရောက်နိုင်သဖြင့်အစာအိမ်ကိုအန္တရာယ်မပေးနိုင်ပါ။ဆေးများကိုအစာနှင့်အတူသောက်ခိုင်းခြင်းမှာအက်စစ်ပါဝင်မှု၊မပါဝင်မှုကအဓိကမဟုတ်ပါ။အဆီတွင်သာပျော်ဝင်နိုင်သောဓါတ်ပေါင်းများပါရှိသဖြင့်၊အစာစားမှသာလျှင်လိုအပ်သောအဆီရရှိနိုင်မည်ဖြစ်သဖြင့်၊အစာနှင့်သောက်ရခြင်းဖြစ်ပါသည်။
——-
အစာအိမ်၏သဘာဝအစာကောင်းကောင်းချေနိုင်သော(PH)သည်(1.5)အောက်မှာရှိရပါမည်။ဆိုလိုသည်မှာအစာအိမ်သည်(ph)တန်ထိုး(1.5)အောက်တွင်မပျက်စီးနိုင်ခံနိုင်ရည်ရှိသည်ဆိုသည်မှာကမ္ဘာဦးကတည်းကစခဲ့သောသဘာဝတရားပင်ဖြစ်ပါသည်။ကမ္ဘာပေါ်တွင်အက်ဆစ်ဓါတ်အပြင်းဆုံးဆေးတောင်မှ၊ရေတစ်ဖန်ခွက်အပြည့်နှင့်သောက်လျင်(PH)တန်ဖိုး(1.5) အောက်ရောက်ရန်အလွန်ခက်ခဲပါသည်။ဆေး၏အက်စစ်ဓါတ်သည်အစာအိမ်အားဒုက္ခပေးနိုင်သည်ဟူသောအယူအဆသည်အလွန်ခေတ်နောက်ကျနေပြီးသုသေသနအထောက်အထားမရှိသောအရပ်စကားဖြစ်ပါသည်။မိသည့်ဆေးမဆို၊မည်မျှအက်စစ်ပြင်းပြင်း၊ရေများများနှင့်သောက်လျင်(ph)တန်ဖို့(1.5)အောက်ကိုမည်သည့်နည်းနှင့်မှမရောက်နိုင်သဖြင့်၊မည်သည့်အက်စစ်ပါဝင်သောဆေးမှအစာအိမ်ကိုဒုက္ခမပေးနိုင်ပါ။
———-
အစာစားပြီးမှဆေးသို့မဟုတ်ရေသောက်ခြင်းသည်မိမိအစာအိမ်ကိုထိုင်သတ်နေခြင်းပင်ဖြစ်ပါသည်။မိမိအစာအိမ်ကမိမိစားလိုက်သောအစာနှင့်ချိန်ဆ၍သင့်တော်မည့်အက်ဆစ်ပမာဏကိုထုတ်ပေးပြီးသွားချိန်မှာမှထပ်မံ၍အစာအိမ်ထဲသို့ရေလောင်းထည့်လိုက်ခြင်း၊ဆေးထပ်ထည့်လိုက်ခြင်းသည်၊အဆိုးတကာအဆိုးဆုံးအကျင့်ဆိုးလုပ်ရပ်ဖြစ်ပါသည်။အစာအိမ်သည်အသစ်ဝင်လာသောရေနှင့်ဆေးကိုကြည့်၍အက်ဆစ်ဓါတ်နှစ်ကြိမ်သုံးကြိမ်ထပ်မံ၍ထုတ်လုပ်ပေးလိမ့်မည်မဟုတ်ပေ။
ဤအပြုအမှုသည်ရေရှည်တွင်မိမိ၏အစာခြေစနစ်ကြီးတခုလုံးပျက်စီးဆုံးရှုံးသွားစေခြင်းဖြစ်ပါသည်။အစာခြေစနစ်ပျက်စီးဆူံးရှုံးခြင်းသည်ရောဂါအားလုံး၏ဖြစ်ပွားအစပြုရာအကြောင်းတရားပင်ဖြစ်ပါသည်။အစာချေစနှစ်သာကောင်းမွန်ပါကမည်သည့်ရောဂါမှမဖြစ်ပွားနိုင်ပါ။ဝမ်းတလုံးကောင်းလျင်ခေါင်းတောင်မခဲနိုင်ပါ။
———–
မြန်မာလူမျိုးတိုင်းတွင်ရှိနေသောထမင်းစားပြီးဆေးသောက်ခြင်း၊ရေသောက်ခြင်းအကျင့်ဆိုးကိုရှောင်ရပါမည်။ထမင်းမစားခင်(၁၅)မိနစ်အလိုတွင်ထိုကိစ္စများကိုကြိုတင်ဆောင်ရွက်ထားပါ။သို့မှသာကျန်းမာနိုင်ပါမည်။
———
Kelvin Albert Power
(Nutrition Specialist, Florida, USA)

Shopping Cart