အမှတ်(၂)ဆီးချိုရောဂါ

Source from Kelvin A. Power’s Facebook on August 13, 2019

ဆီးချိုရောဂါဖြစ်လာရင်ပျောက်ချင်လို့ဘာဆေးတွေသောက်သင့်ပါသလဲဆိုတဲ့မေးခွန်းကိုကျွန်တော်စိတ်အပျက်ဆုံးပါ။
——
အမှတ်(၂)ဆီးချိုရောဂါသည်ဆေးသောက်လို့ပျောက်မည့်ရောဂါလုံးဝလုံးဝမဟုတ်ပါ။ဆေးဝါးများကိုသာအားကိုးနေလျင်ပို၍ဆိုးလာမည်မှာလဲသေချာလှပါသည်။အနေအထိုင်အစားအသောက်များအားပြုပြင်ပြောင်းလဲမှသာလျှင်ကောင်းသွားနိုင်ပါမည်။ဆေးများကိုအားကိုးနေသေးလျှင်ဘယ်တော့မှပြန်ကောင်းမလာနိုင်ပဲအဆိုးဖက်ပိုသာဦးတည်သွားမည်ဖြစ်ပါသည်။သောက်နေသောဆေးများကိုချက်ခြင်းဖြတ်ပြစ်ရန်နှင့်ရပ်ဆိုင်းပြစ်ရန်ဟုဆိုလိုခြင်း(လုံးဝ)လုံးဝမဟုတ်ပါ။လာလောဆယ်အသုံးပြုနေသောဆေးများအားချက်ချင်းကြီးမရပ်ပြစ်ပဲယာယီအားဖြင့်ဆက်လက်၍သုံးစွဲနေရမည်ဖြစ်သော်လည်းရေရှည်တွင်သဘာဝအတိုင်းကျန်းမာလာအောင်နေထိုင်စားသောက်ပြီးဆေးများအားတဖြည်းဖြည်းချင်းလျှော့ချပြစ်ရမည်ဖြစ်ပါသည်။နောက်ဆုံးတွင်မည်သည့်ဆေးကိုမှသုံးစွဲစရာမလိုတော့ပဲပုံမှန်အခြေအနေပြန်လည်ရရှိလာအောင်ကျိုးစားကြရမည်ဖြစ်ပါသည်။ထို့ကြောင့်သာဤရောဂါအကြောင်းကိုအပိုင်းဆက်များခွဲခြား၍အကျယ်ချဲ့အသေးစိတ်ရေးသားပေးနေရခြင်းဖြစ်ပါသည်။

Shopping Cart