Source from Kelvin A. Power’s Facebook on July 10, 2019
လာမယ့်နှစ်(၂၀)မှာလူတိုင်းနီးပါးဖြစ်လာမယ့်(Autoimmune Diseases)ခေါ်ရောဂါဆိုးများ။
စာရှည်တယ်ဆိုပြီးတော့ကျော်မသွားကြပါနဲ့၊အစအဆုံးနားလည်အောင်သေချာဖတ်ပါ၊ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတကတနေ့ခင်ဗျားတို့အသက်ကိုကယ်တင်ပေးလိမ့်မယ်။
ကျော်သွားရင်တော့တနေ့နောင်တရလိမ့်မယ်။အသိနောက်ကျသွားရင်ခင်ဗျားတို့အသက်ကိုဘယ်သူမှမကယ်နိုင်ဘူး။ကင်ဆာရောဂါအကြောင်းကိုတော့လူတိုင်းသိပြီးသား၊ကင်ဆာဖြစ်မှာလဲလူတိုင်းကြောက်ကြပြီးသားပါ။ဒါပေမဲ့ဒီနေ့ကမ္ဘာမှာကင်ဆာထက်ပိုကြောက်စရာကောင်းတဲ့အမည်ဖေါ်မပြနိုင်သေးတဲ့ရောဂါဆန်းတွေအမျိုးမျိုးဖြစ်နေတာကိုတော့လူတွေစိတ်ဝင်စားပုံမရဘူး၊လေ့လာပုံလဲမရဘူး။မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်းကြောက်လဲမကြောက်တတ်ကြဘူး၊ဘယ်ကြောက်မှာလဲသိမှမသိကြတာ။ဘယ်သိမှာလဲလေ့မှမလေ့လာကြတာ။မြန်မာလူမျိုးဆိုတာကလဲသိပ်ခက်တယ်၊ရောဂါတမျိုးမျိုးဖြစ်လာရင်ဆရာဝန်တွေဆီသွားပြီးမိမိကိုယ်ကိုပုံအပ်လိုက်ရင်ကောင်းသွားမယ်လို့တထစ်ချယုံကြည်ထားကြတာ။ဒါပေမဲ့ခက်တာကယနေ့ခေတ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါ(Chronic-Diseases)တွေဆိုတာကမြန်မာပြည်ကလိုဆရာဝန်တွေမပြောပါနဲ့ကမ္ဘာ့ဆေးပညာမှာထိပ်ဆုံးရောက်နေတဲ့အမေရိကန်ကဆရာဝန်တွေ၊ဆေးရုံတွေတောင်ကုသလို့မပျောက်ကင်းနိုင်သေးပါဘူး။အမေရိကန်ကဆရာဝန်တွေကိုယ်တိုင်သူများကိုကုပေးဖို့မပြောပါနဲ့၊သူတို့ကိုယ်တိုင်တောင်အဲဒီရောဂါဆိုးတွေနဲ့ပဲနေ့တိုင်းသေနေကြရပါတယ်။အသက်ဆိုတာဉာဏ်စောင့်ပါတယ်။မိမိမှာရောဂါဆိုးတွေမဖြစ်လာဖို့ကဆရာဝန်တွေရဲ့တာဝန်မဟုတ်ဘူး၊မိမိရဲ့တာဝန်ဆိုတာလူတိုင်းနားလည်ဖို့လိုနေပါပြီ။ဆရာဝန်တွေကိုပဲထိုင်အားကိုးနေရင်တော့ဘယ်တော့မှအသက်မရှည်နိုင်ဘူး။ရောဂါဝေဒနာဆိုးတွေနှိပ်စက်မှု့ကိုလဲမသေခင်အလူးအလဲခံစားရဦးမယ်။ခင်ဗျားတို့အသက်ရှည်ကျန်းမာဖို့အသက်ရှည်ဖို့ကဆရာဝန်တွေဆီမှာတာဝန်မရှိပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။ဆရာဝန်အများစုကတော့ခင်ဗျားတို့ကျန်းမာဖို့ထက်သူ့မိသားစုကျန်းမာဖို့၊သူ့မိသားစုပိုက်ဆံဖေါဖေါသီသီသုံးနိုင်အောင်ငွေများများရှာပေးနိုင်ဖို့တာဝန်ကပိုပြီးအရေးကြီးနေတယ်ဗျ။ဒီလောက်ပြောရင်သဘောပေါက်ကြမှာပါ။
အခုခေတ်မှာအလွန်ကြောက်စရာကောင်းပြီးကုလို့မရတဲ့၊ရောဂါဆိုးပေါင်းရာနဲ့ချီဖြစ်နေကြပါတယ်။တချို့ကိုတော့အမည်တပ်ပြောနိုင်တယ်။တချို့ကိုတော့ဘာရောဂါမှန်းကိုမသိလို့အမည်တပ်မပြောနိုင်သေးဘူး။အားလုံးကိုခြုံပြီးပြောလိုက်ရင်(Autoimmune Diseases)ဆိုရင်မမှားပါဘူး။(Autoimmune Diseases)ဆိုတာကတမျိုးတည်းလဲမဟုတ်ပါဘူး၊အမျိုးပေါင်းရာနဲ့ချီဖြစ်နေကြတာပါ။မိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်တိုက်ခိုက်မှုစနစ်(Immune System)ကဖောက်ပြန်ပျက်စီးသွားပြီး၊ရောဂါတွေကိုခုခံတိုက်ခိုက်ရမဲ့အစားမိမိခန္ဓာကိုယ်ကအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်ပြန်လည်တိုက်ခိုက်လာတာပါ။
မြန်မာလိုဆိုရင်တော့(ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွား)တဲ့ရောဂါတွေပေါ့ဗျာ။ယနေ့ကမ္ဘာမှာ(Autoimmune Diseases)အမျိုးပေါင်းအမည်တပ်လို့ရတာက(၈၀)ကျော်၊အမည်တပ်လို့မရနိုင်သေးတာတွေနဲ့ပေါင်းလိုက်ရင်ရာနဲ့ချီဖြစ်နေကြပြီ။အဲဒီရောဂါတွေကိုတမျိုးစီအမည်တပ်နေတာကလဲ၊ခန္ဓာကိုယ်ကဘယ်လိုအစိတ်အပိုင်းကိုပြန်တိုက်ခိုက်ဖျက်ဆီးရင်ဘာရောဂါ၊ဘာလက္ခဏာရှိရင်ဘာရောဂါဆိုပြီးအမည်တပ်ပြောနေကြတာပါပဲ။ဦးနှောဏ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊ပန်ကရိယကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆစ်အမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊သိုင်းရိုက်ကိုတိုက်ခိုက်ဖျက်ဆီးနေတာလား၊စသည်ဖြင့်ဘယ်အင်္ဂါအစိတ်အပိုင်းကိုတိုက်ခိုက်ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်ပြီးအမည်အမျိုးမျိုးပေးနေရင်တော့ကုန်မှာမဟုတ်ပါဘူး။ဒီလိုရာနဲ့ချီရှိတဲ့ရောဂါတွေကိုနာမည်လိုက်ပေးနေမဲ့အစား၊ရောဂါတွေစဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားဇစ်မြစ်ကိုသိဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါဆိုရင်ရောဂါတခုတည်းတင်မဟုတ်ဘူး၊ရာနဲ့ချီနေတဲ့ရောဂါအားလုံးကနေတပြိုင်တည်းကာကွယ်ပြီးသားဖြစ်မှာပေါ့။
ခင်ဗျားတို့ခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးအမျိုးမျိုးတွေကနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတယ်။ဒါပေမဲ့ခင်ဗျားတို့နေ့တိုင်းရောဂါတွေမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)ကအချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းခင်ဗျားတို့ကိုခုခံကာကွယ်ပေးနေလို့ပါ။ရောဂါခုခံမှုစနစ်(Immune System)ကပိုးမွှားတွေသိပ်ပွားများတာမြန်လွန်းလို့မနိုင်တော့ပဲစစ်ကူတောင်းရင်ခင်ဗျားတို့က(antibiotics)လို့ခေါ်တဲ့ပိုးသတ်ဆေးတွေနဲ့(Immune System)ကိုစစ်ကူပေးလိုက်ရင်မကြာခင်ရောဂါတွေပျောက်ကင်းသွားတာပါပဲ။
ခင်ဗျားတို့ခန္ဓာကိုယ်မှာနေ့စဉ်သန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အဟောင်းတွေသေဆုံးနေကြပြီးသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေမွေးဖွားပေါက်ပွားနေကြတယ်။ဒီလိုသန်းထောင်နဲ့ချီနေတဲ့ဆဲလ်အသစ်တွေထုတ်လုပ်နေတာဟာဘယ်လိုလုပ်ပြီးရာနုန်းပြည့်မှန်ကန်စွာထုတ်လုပ်နိုင်မှာလဲ။အနည်းငယ်မှားယွင်းမှု၊ပျက်စီးမှု့ရှိတယ်ဆိုတာသဘာဝတရားပဲလေ။နေ့စဉ်နေ့တိုင်းသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေထဲမှာမှထောင်ပေါင်းများစွာဟာ(DNA)လို့ခေါ်တဲ့မျိုးရိုးဗီဇမှားယွင်းပျက်စီးနေတဲ့ကင်ဆာဆဲလ်တွေမှားယွင်းပြီးပွားများထုတ်လုပ်မိနေတယ်ဗျ။ဒါမေမဲ့လူတိုင်းနေ့တိုင်းကင်ဆာလို့သတ်မှတ်နိုင်တဲ့အဖုအကြိတ်ကြီးတွေထွက်လာပြီးကင်ဆာရောဂါဖြစ်ပြီးသေမသွားကြဘူး၊ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)က အချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းစောင့်ကြည့်နေပြီးမှားယွင်းထုတ်လုပ်မိနေတဲ့ကင်ဆာဆဲလ်တွေကိုမပွားနိုင်ခင်၊ချက်ချင်းသတ်ဖြတ်ဖျက်ဆီးပြစ်နိုင်လို့ပါ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတခုခုမှားယွင်းသွားပြီး၊ ရောဂါခုခံမှုစနစ်(Immune System)ကဖျက်ဆီးပြစ်နိုင်လောက်တဲ့အရေအတွက်ထက်အဆပေါင်းများစွာပိုများတဲ့ကင်ဆာဆဲလ်တွေကိုမှားပြီးထုတ်လုပ်မိမယ်ဆိုရင်တော့အဖုအကြိတ်တွေထွက်ပေါ်လာပြီးကင်ဆာရောဂါစဖြစ်လာရတော့တာပေါ့။ကင်ဆာရောဂါကိုလဲအမျိးမျိုးကုသနေကြပါတယ်။ဓါတ်ရောင်ခြည်နဲ့ကုတာ(Radiation Therapy)တို့၊ကီမိုသရဖီ(Chemotherapy)စသည်တို့ပေါ့၊တခုမှမအောင်မြင်ကြပါဘူး။နောက်ပိုင်းမှာတော့ရောဂါခုခံမှုစနစ်(Immune System)ကိုအားကောင်းအောင်လုပ်ပေးပြီးကုသတဲ့(Immunotherapy)ဆိုတာကပိုပြီးတော့ထိရောက်ပါတယ်။ဒါပေမဲ့ခက်တာကဈေးအလွန်ကြီးပါတယ်။
ဒီနေရာမှာအဓိကပြောချင်တာကခုခံအားစနစ်(Immune System)ဆိုတာကပြင်ပကရောဂါတွေဝင်လာရင်လဲခုခံတိုက်ခိုက်ပေးနိုင်သလို၊သူအားကောင်းရင်လဲကောင်းသလိုကင်ဆာဆဲလ်တွေကိုလဲတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့အဆိုးဆုံးအခြေအနေတခုကအဲဒီပြင်ပကရောဂါတွေ၊ကင်ဆာရောဂါတွေကိုကာကွယ်တိုက်ခိုက်ပေးနေတဲ့
ခင်ဗျားတို့ရဲ့ခုခံအားစနစ်(Immune System)ကတခြားရောဂါတွေရန်က၊နေကာကွယ်ပေးနေမဲ့အစားခင်ဗျာခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလာပြီဆိုရင်တော့၊ခင်ဗျာသိပ်ကံဆိုးသွားပြီ၊ဒါဘယ်လိုမှကုမရတော့ဘူး။တခြားရောဂါတွေဖြစ်ရင်၊ဒါမှမဟုတ်ကင်ဆာဖြစ်ရင်၊ခုခံအားစနစ်(Immune System)ကကာကွယ်တိုက်ခိုက်ပေးနိုင်တယ်။သူကိုယ်တိုင်ဖေါက်ပြန်ပျက်စီးသွားပြီးကိုယ့်ကိုပြန်ပြီးတိုက်ခိုက်လာရင်တော့ဘယ်သူကကာကွယ်ပေးနိုင်တော့မှာလဲ။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောတာပေါ့။ဥပမာတစ်ခုပြောရရင်မိမိခုခံအားစနစ်ကမိမိရဲ့အဆုတ်ကိုမှားယွင်းပြီးတိုက်ခိုက်လို့အဆုတ်၊လေအိတ်တွေအတွင်းနံရံမှာအမာရွတ်တွေတက်လာတဲ့ရောဂါဖြစ်ပြီဆိုရင်သေတာပဲ။ဒီခေတ်ဆေးပညာနဲ့လဲဘယ်လိုမှကုလို့မရဘူး။အမေရိကန်မှာတော့အဲဒီရောဂါဖြစ်လာရင်ဆရာဝန်တွေကသားတွေသမီးတွေဆွေမျိုးတွေကိုမှာစရာရှိတာမှာကြားထားပြီးတော့၊သုသာန်မှာမိမိအတွက်မြေနေရာကြိုတင်ဝယ်ထားဖို့ပဲအကြံပေးပါတယ်။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့်ပြာနေတာပေါ့။ပြင်ပကရောဂါပိုးမွှားတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုရင်ပိုးသတ်ဆေး(Antibiotics)တွေနဲ့ကုသလို့ပျောက်ကင်းနိုင်ပါတယ်။မိမိရဲ့ရောဂါခုခံမှုစနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနေပြီဆိုရင်တော့ဘယ်ရောဂါပိုးသတ်ဆေး(Antibiotic )တွေနဲ့မှလဲကုသလို့မရပါဘူး။ကုရာနတ္တိဆေးမရှိပါ။အဆိုးဆုံးကခုခံမှုစနစ်ရဲ့ဆဲလ်တစ်ခုစီတွေထဲမှာမှတ်ဉာဏ်စနစ်(Memory)ပါနေတာပါပဲ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုတခါတလေလောက်မှားယွင်းတိုက်ခိုက်ခဲ့ဖူးရင်မှတ်ဉာဏ်တွေမှာအမှားကိုအမှန်အဖြစ်အသေမှတ်ထားလိုက်တော့နောက်ပိုင်းမှာမှတ်ထားတဲ့အတိုင်းမိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေအမျိုးမျိုးကိုဆက်ပြီးတိုက်ခိုက်နေတော့တာပါပဲ။ဒီလိုဆိုတော့ဒီရောဂါမျိုးဖြစ်လာပြီဆိုရင်ဘယ်လိုကုမှာလဲ?ခုခံမှုဆဲလ်တလုံးခြင်းဆီကမှတ်ဉာဏ်အမှားကြီးတွေကိုဘယ်လိုလိုက်ပြီးဖျက်ပြစ်လို့ရနိုင်မှာလဲ?ဒီဆဲလ်တွေသက်တန်းစေ့လို့သေသွားရင်လဲနောက်မျိုးဆက်သစ်ဆဲလ်အသစ်တွေကိုထပ်ပြီးမှတ်ဉာဏ်အမှားကြီးတွေလက်ဆင့်ကမ်းခဲ့ကြသေးတယ်။မိမိခုခံမှုဆဲလ်တွေကိုပိုးသတ်ဆေးတွေနဲ့အကုန်သတ်ပြစ်လို့ကောရနိုင်မှာတဲ့လား?အဲဒါဆိုရင်တော့မိမိကခုခံမှုစနစ်မရှိတော့ပဲ(AIDS)သို့(HIV)ရောဂါသယ်တွေထက်ပိုဆိုးသွားလိမ့်မယ်၊ဘာရောဂါဝင်လာဝင်လာမကာကွယ်နိုင်တော့ဘူး၊သေမှာပဲ။(Autoimmune Diseases)ဆိုတာကကုရာနတ္တိဆေးမရှိပါ။အမေရိကန်မှာလဲမရှိပါဘူး၊ကမ္ဘာပေါ်မှာလဲမရှိပါဘူးနောက်လဲဘယ်တော့မှရှိလာမယ်မထင်ပါဘူး။အကောင်းဆုံးနည်းကတော့ကြိုတင်ကာကွယ်ဖို့ပဲရှိပါတယ်။ဘယ်လိုကာကွယ်ရမှာလဲ?ဒီအဖြေကသိရင်လွယ်လွယ်လေးပါ၊ဒါဟာလူတိုင်းအတွက်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အသိထူးပါ။
အရင်ဦးဆုံးဘာကြောင့်မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ရောဂါ(Autoimmune Diseases)ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားအစစ်အမှန်ကိုသိဖို့တော့လိုအပ်ပါတယ်။ဒါမှကာကွယ်နိုင်မှာလေ။
ဘာကြောင့်ဒီလိုမိမိရဲ့ခုခံမှုစနစ်ကဖောက်ပြန်သွားပြီးမိမိကိုလွဲမှားတိုက်ခိုက်မှု(Immune system malfunction)ဖြစ်ရသလဲလို့မေးရင်အကြောင်းရင်းအမှန်ကတော့(Inflammation)လို့ခေါ်တဲ့ကိုယ်အတွင်းပိုင်းရောင်ရမ်းမှုကြောင့်ပါပဲ။ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ယောင်ကိုင်းလာတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ယောင်ရမ်းတယ်ဆိုတာဆံခြည်မျှင်သွေးကြောနံရံမှာရှိတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဒာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲမှာရောင်ရမ်းတာ(Cellular level inflammation)ကိုဆိုလိုတာပါ။ဒီနေရာမှာမိမိခြေတွေလက်တွေဖေါသွတ်ယောင်ကိုင်းမှုမရှိတာကိုကြည့်ပြီးတော့ကိုယ်ကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆလိုက်မိဖို့အလွန်အရေးကြီးပါတယ်။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းအကုန်လုံးယောင်ရမ်းမှု(Inflamation)ဖြစ်နေကြတာကြီးပါပဲ။မဖြစ်တဲ့လူဆိုတာတစ်ယောက်မှကိုမရှိပါဘူး။သိတာနဲ့မသိတာပဲကွာတာပါ။လူတိုင်း၊လူတိုင်းမှာရောင်ရမ်းမှု(Inflammation)တွေဆက်တိုက်၊ဆက်တိုက်နေ့စဉ်ဖြစ်နေတာပါပဲ။ဘာကြောင့်လဲဆိုတော့(Inflammation)ဆိုတာက(Immune system)ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းတခုပဲလေ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ကိုဝင်ရောက်တိုက်ခိုက်ရင်မိမိခန္ဓာကိုယ်ကပထမဆုံးတုန်ြ့ပန်တာကယောင်ရမ်းမှုပါပဲ။ယောင်ရမ်းပြီဆိုတော့မှမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။ဒီလိုသဘာဝအတိုင်းရောဂါခုခံကာကွယ်ဖို့ယောင်ရမ်းတာကိုယာယီယောင်ရမ်းမှု(Acute Inflammation)လို့ခေါ်ပါတယ်။အန္တရာယ်မရှိတဲ့သဘာဝရောဂါခုခံမှုစနစ်ပါ။ဒီလိုယာယီယောင်ရမ်းမှုမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဆိုးတာကတစ်ပါတ်၊နှစ်ပါတ်လောက်ကြာရင်အဲဒီယောင်ရမ်းမှုတွေကပပျောက်သွားရမှာမပျောက်သွားပဲဆက်ကျန်ရှိနေတာကအဆိုးဆုံးပါပဲ။အဲဒါကိုအလွန်ကြောက်စရာကောင်းတဲ့ရေရှည်ယောင်ရမ်းးမှု(Chronic Inflammation)လို့ခေါ်ပါတယ်။ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာအရောင်ကျသွားရမှာမကျပဲဆက်ယောင်နေတော့(Immune System)ကရောဂါပိုးတွေတိုက်စရာမရှိတော့လို့မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပေါ့။မိမိ၏ခုခံမှုစနစ်ကမိမိအင်္ဂါအစိတ်အပိုင်းတွေကိုဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်တာကြိမ်ဖန်များလာတော့ခုခံမှုစနစ်ရဲ့မှတ်ဉာဏ်စနစ်တွေထဲမှာမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူတွေလို့မှားယွင်းပြီးအသေမြုတ်နှံမှတ်သားထားလိုက်ကြပါတယ်။နောင်အခါမှာမိမိအင်္ဂါအစိတ်အပိုင်းလား၊ပြင်ပကဝင်လာတဲ့ပိုးမွှားလားဆိုတာကောင်းကောင်းမခွဲခြားတတ်တော့ဘူးပေါ့။နောက်ပိုင်းမှာရေရှည်ရောင်ကိုင်းမှု(Chronic Inflammation)ကြောင့်ခုခံမှုစနစ်(Immuse System)ဟာဖေါက်ပြန်ပျက်စီးးသွားပြီး၊ရောဂါပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်လိုက်ပြီးတိုက်ခိုက်၊ဒုက္ခပေးနေတော့တာပါပဲ။အဲဒီလိုဆိုတော့မိမိမှာအမည်မဖေါ်နိုင်တဲ့ရောဂါဆန်းတွေတခုပြီးတခုအဆက်မပြတ်ဖြစ်နေတော့တာပေါ့။
ခက်တာကဒီလိုအလွန်ကြောက်စရာကောင်းပြီးကုသလို့မရနိုင်တဲ့အမျိုးပေါင်းရာနဲ့ချီတဲ့(Autoimmune Diseases)ကဒီ(၂၁)ရာစုခေတ်မှာကြိုတင်မကာကွယ်ထားတဲ့လူတိုင်းမှာတနေ့ဖြစ်ကိုဖြစ်လာရမှာရာနုန်းပြည့်နီးပါးကိုသေချာနေပါတယ်
။ခြိမ်းခြောက်နေတာလုံးဝမဟုတ်ပါဘူး၊အမှန်တရားပါ။ကြိုတင်ကာကွယ်ထားတဲ့လူအနည်းစုလေးကလွဲရင်လူတိုင်းလူတိုင်းမှာရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ကိုယ်တွင်းယောင်ရမ်းမှုလက္ခဏာ(inflammation marker)ကလူတွေအားလုံးနီးပါးမှာတွေ့နေရပါပြီ။ခင်ဗျားတို့မယုံရင်(hs-CRP-blood-test)လုပ်ကြည့်နိုင်ပါတယ်။တကယ်လို့(hs-CRP)တန်ဖိုး(1.0)အောက်ရောက်နေရင်တော့ခင်ဗျားတို့ကိုယ်မှာ(Inflammation)မဖြစ်ပါဘူးလို့ဆိုချင်ဆိုနိုင်ပါတယ်။ဒါပေမဲ့(hs-CRP)တန်ဖိုးဆိုတာကတမင်ကြိုတင်မကာကွယ်၊မလုပ်ယူထားပဲနဲ့(1.0)အောက်ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ကိုရှားပါးလှပါတယ်။လူတိုင်းလူတိုင်းက(1.0)ထက်များနေကြတာပါပဲ။တချို့(Inflammation)အမျိုးအစားတွေက(hs-CRP-marker)မှာမပေါ်လို့တိုင်းတာလို့မရသေးပါဘူး။အကောင်းဆုံးတိုင်းတာနည်းကတော့အိုမီဂါ(၆)နဲ့အိုမီဂါ(၃)အချိုးအစား(Omega6 to Omega3 ratio)ကိုတိုင်းကြည့်ရင်ပိုပြီးသေချာသိနိုင်ပါတယ်။(OMG-6 to OMG-3 ratio)ဟာ(3.0)အောက်မှာပဲရှိနေမယ်ဆိုရင်တော့ခင်ဗျာ(inflammation)မဖြစ်သလို(autoimmune diseases)လဲမဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့ဒီခေတ်ကြီးမှာတမင်မကာကွယ်၊မလုပ်ယူထားပဲနဲ့အဲဒီလိုလူမျိုးဆိုတာလူတစ်သောင်းမှာတယောက်တောင်မရှိနိုင်ပါဘူး၊အလွန်ရှားပါးပါတယ်။အဟာရပညာ(Nutrition knowledge)တွေအလွန်ထွန်းကားတိုးတက်နေတဲ့အမေရိကန်လိုတိုးတက်တဲ့နိုင်ငံကြီးမှာတောင်ပျှမ်းမျှအားဖြင့်(OMG-6 to OMG-3 ratio)ဟာ(15)ကနေ (25)လောက်အထိကိုမြင့်တက်နေကြပါပြီ။မြန်မာပြည်ဆိုရင်တော့ပိုဆိုးမှာပေါ့။အခုချိန်အထိလဲမြန်မာပြည်မှာ(OMG-6 to OMG-3 ratio)ဆိုတာကိုဆရာဝန်တွေအားလုံးတောင်မသိကြ၊သတိမထားမိကြသေးပါဘူး၊သေချာလဲနားမလည်ကြသေးပါဘူး။တိုင်းပေးနိုင်တဲ့ဓါတ်ခွဲခန်း
လဲရှိပုံမရသေးပါဘူး။စိတ်မကောင်းစရာပါ။
အဆိုးဆုံးကကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ဆီတွေ၊အကြော်၊အချက်တွေအားလုံးထဲမှာ(OMG-6)တွေပဲ(90%)ကျော်လောက်အဓိကပါဝင်နေပြီး၊(OMG-3)ကြတော့(1%)တောင်မပါဘူးဖြစ်နေတယ်။အဲဒီတော့(OMG-6 to OMG-3 ratio)ကကြာလေမြင့်တက်လာလေဖြစ်တော့တာပေါ့။တိုတိုနဲ့လိုရင်းပြောရရင်တော့(OMG-6)ကယောင်ရမ်းမှု(Inflammation)ဖြစ်စေတဲ့အဓိကတရားခံပါပဲ။တဖက်မှာတော့(OMG-3)ကတော့ယောင်ရမ်းမှု့ကိုပပျောက်စေပါတယ်။ပိုနားလည်လွယ်အောင်ပြောရရင်(OMG-6)ကမိမိခုခံမှုစနစ်ကမိမိကိုပြန်မတိုက်တိုက်အောင်၊ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွားအောင်ပြုလုပ်ပေးတယ်။(OMG-3)ကကြတော့မိမိခုခံမှုစနစ်ကမိမိကိုပြန်မတိုက်အောင်ရောဂါပိုးတွေကိုပဲတိုက်ခိုက်အောင်ထိန်းသိမ်းပေးတယ်။ယနေ့(Supermarkets)တွေကဆီတွေရဲ့(99%)က(OMG-6)တွေပဲအဓိကပါဝင်နေကြတာပါ။(OMG-3)ဆိုတာမရှိသလောက်ရှားသွားပါပြီ။(OMG-3)ကိုလိုချင်ရင်ငါးကြီးဆီသောက်မှကိုရမှာ။ဒါကိုနားမလည်လို့မသောက်ရင်တော့မကြာခင်(Autoimmune Disease)တခုခုကိုကိုယ်ပိုင်ရောဂါအဖြစ်နဲ့ပိုင်ဆိုင်လာပါလိမ့်မယ်။ခက်တာက
မြန်မာပြည်ကဆိုင်တွေမှာရောင်းနေတဲ့ငါးကြီးဆီတော်တော်များများကလဲအာရုံကြောစနစ်ကိုအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပြဒါးဓါတ်(Mercury)သန့်စင်မထားကြပါဘူး။ (Mercury) မသန့်စင်ထားရင်တော့ဦးဏှောက်နှင့်အာရုံကြောစနစ်အတွက်အလွန်အန္တရာယ်ကြီးမားပါတယ်။ငါးကြီးဆီဝယ်ရင်(Mercury)ထုတ်ထားပြီးသားဖြစ်ရပါမယ်။တချို့သေချာနားမလည်တဲ့လူတွေကရှိသေးတယ်။(Omega-3-6-9)ဆိုတဲ့ဆေးကို(၃)မျိုးတောင်ပါတော့ပိုကောင်းတာပေါ့ကွာဆိုပြီးတော့ဝယ်စားကြတဲ့လူပိန်းတွေကရှိသေးတယ်။ဘာကြောင့်လဲဆိုတော့သူများကသောက်ဆိုလို့တာလိုက်သောက်နေကြတာသူတို့ကိုယ်တိုင်ဘာကြောင့်(Omega-3)ခေါ်ငါးကြီးဆီကိုဘာလို့၊ဘာကြောင့်သောက်တာလဲဆိုတာသေချာနားမလည်ကြဘူးဖြစ်နေကြတယ်။(Omega-3)ခေါ်ငါးကြီးဆီကိုသောက်တာမိမိခန္ဓာကိုယ်ထဲမှာအလွန်ကြောက်စရာကောင်းတဲ့(Omega-6)သိပ်များနေလို့(OMG-6)ကို(OMG-3)နဲ့ပြန်ပြီးချေပပြစ်ချင်လို့သောက်နေရတာပါ။အဲဒါကိုနားမလည်ပဲ(OMG-3)တခုတည်းပါတဲ့ငါးကြီးဆီကိုမသောက်ပဲ(OMG-3-6-9)ပါတဲ့ပစ္စည်းတွေကိုဝယ်သောက်မှတော့သွားပြီးပေါ့ဗျာ။မစင်ကြောက်ပါတယ်ဆိုပြီး၊မစင်ကိုပဲပြန်ဝယ်စားသလိုဖြစ်မနေဘူးလား?။ခင်ဗျားတို့ကိုယ်မှာဒီလိုရောဂါဆိုးတွေမဖြစ်စေချင်ရင်အိုမီဂါ(6)ကိုတတ်နိုင်သလောက်လျှော့ချပြီးတော့၊အိုမီဂါ(3)ကိုပိုပြီးတော့စားပေးဖို့လိုတာပေါ့။
Omega-3 က(inflammation)အပြင်တစ်ခြားအရာတွေအတွက်လဲအလွန်ကောင်းပါတယ်။မိမိခန္ဓာကိုယ်၏ရောဂါခုခံကာကွယ်မှုစနစ်ကမှားယွင်းဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်မှုရောဂါ( Autoimmune diseases) အမျိုးမျိူးမှအကာအကွယ်ပေးရုံတင်မကပါဘူး၊ခန္ဓာကိုယ်၏ရောဂါခုခံအားစနစ်ကိုအားကောင်းစေပြီးကူးစက်ရောဂါအမျိုးမျိူးမှလဲအကာအကွယ်ပေးပါတယ်၊အကယ်၍ဝင်ရောက်လာရင်လဲရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းစေနိုင်တယ်။ဦးဏှောက်နင့်အာရုံကြောစနစ်ကိုအထောက်အပံ့ပေးတယ်။အသိဉာဏ်ဆုတ်ယုတ်လာမှုနှင့်ဦးဏှောက်ကြုံ့ခြငိး၊ဦးဏှောက်သိပ်ဖျင်းသွားခြင်းမေ့လျှော့ခြင်းရောဂါတို့မှလဲအကာအကွယ်ပေးတယ်။မှတ်ဉာဏ်ကိုလဲပိုမိုကောင်းမွန်လာစေတယ်။စိတ်ဓါတ်ကျဆင်းမှု့(Depression)နှင့်အခြားသောစိတ်ရောဂါများမဖြစ်အောင်အကာအကွယ်ပေးတယ်။အလိုလိုနေရင်းစိတ်ဓါတ်ကျဆင်းမှု၊စိတ်အားငယ်ကြောက်ရွံ့မှု၊စိတ်ဖိစီးမှု့နှင့်စိုးရိမ်ပူပန်မှု(Stress)များလျှော့နည်းသွားအောင်လဲဆောင်ရွက်ပေးတယ်။အာရုံကြောအားနည်း၍ကိုယ်လက်အင်္ဂါထိမ်းမရသောအရုံကြောရောဂါအမျိုးမျိုးမှလည်းအကာအကွယ်ပေးတယ်။နှလုံးနှင့်သွေးလည်ပါတ်မှုစနစ်ကိုကောင်းမွန်စေပြီး၊နှလုံးရောဂါမဖြစ်စေရန်၊နှလုံးသွေးကြောများမရောင်ရမ်းမပိတ်ဆို့စေရန်၊ရုတ်တရက်နှလုံးသွေးကြောပိတ်ပြီးမသေဆုံးနိုင်စေရန်အကာကွယ်အကွယ်ပေးတယ်။အဆုတ်၏ပုံမှန်အလုပ်လုပ်မှုကိုကောင်းမွန်စေတယ်၊အဆုတ်အမာရွတ်တက်ခြင်းရောဂါမှလဲအကာအကွယ်ပေးတယ်။ကင်ဆာရောဂါဆိုးအမျိုးမျိုးမဖြစ်ပွားအောင်လဲအကာအကွယ်ပေးနိုင်တယ်။သွေးကြောများကိုအတွင်းပိုင်းမှမပိတ်ဆို့စေရန်တိုးချဲ့ပေးတယ့်အတွက်သွေးတိုးရောဂါကိုသက်သာပျောက်ကင်းစေနိုင်တယ့်အပြင်၊ဦးဏှောက်သွေးကြောပိတ်ကာလေဖြတ်ခြင်းနှင့်ဦးနှောက်သွေးကြောပြတ်ပြီးရုတ်တရက်သေဆုံးမှုအန္တရာယ်မှလဲအကာအကွယ်ပေးတယ်။ယနေ့ကမ္ဘာတွင်အလွန်ကြောက်စရာကောင်းသောခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါများယောင်ရမ်းခြင်း၊နှလုံးသွေးကြော၊ဦးဏှောက်သွေးကြောများမှစ၍ခန္ဓာကိုယ်အစိတ်အပိုင်းများရှိသွေးကြောအားလုံးအတွင်းပိုင်းယောင်ရမ်းပိတ်ဆို့ချင်း၊အစရှိတယ့်ရေရှည်ယောင်ရမ်းခြင်း(Chronic Inflammation)အန္တရာယ်ဆိုးများမှလဲအကာအကွယ်ပေးတယ်။လူကြီးများတွင်သာမကပဲကလေးသူငယ်များအားလဲဦးဏှောက်နင့်အာရုံကြောစနစ်ကောင်းမွန်စေရန်၊ပုံမှန်ကြီးထွားစေရန်၊သန်မာဖြတ်လတ်စေရန်နှင့်ရောဂါအမျိုးမျိုးကင်းရှင်းစေရန်အထောက်အကူပြုပေးတယ်။ကိုယ်ဝန်ဆောင်မိခင်များအားလဲ၊သန္ဓေသားရောမိခင်ပါကျန်းမာသန်စွမ်းပြီးရောဂါကင်းရှင်းရန်၊မွေးဖွားရလွယ်ကူရန်အထူးအထောက်အကူပြုပါတယ်။အဝလွန်သူများကိုလဲဝိတ်ကျဖို့ကူညီပေးတဲ့အပြင်၊အသဲအဆီဖုံးခြင်းရောဂါမှလဲအကာအကွယ်ပေးပါတယ်။
Kelvin Albert Power
(Nutrition Specialist, Florida, USA)