Source from Kelvin A. Power’s Facebook on December 12, 2020
ဒီခေတ်လူတွေမှာအမည်မဖေါ်နိုင်တဲ့ရောဂါအမျိုးမျိုးတွေဖြစ်နေကြရပြီး၊အရေးကြီးတဲ့အချက်တစ်ခုကိုမသိထားရင်၊ထပ်ပြီးလူအများဒုက္ခရောက်စေနိုင်လို့၊လူတိုင်းသေချာသိရှိနားလည်ထားကြရအောင်၊နွားနဲ့ပါတ်သက်တဲ့၊အမဲသား၊နွားနို့၊ထောပါတ်၊ဒိန်ချဉ်၊ဒိန်ခဲ၊နို့မှုန့်၊(Protein)၊(Collagen)အစရှိတဲ့ပစ္စည်းတွေအကြောင်းကိုအထူးသတိပေးရေးသားချင်ပါတယ်။
—
နွားနဲ့ပါတ်သက်တဲ့ပစ္စည်းတွေကိုကိုယ်ကစားသုံးတော့မယ်ဆိုရင်မြက်စားနွား(Grass Fed Cows)တွေဖြစ်ဖို့လိုအပ်ပါတယ်။ဒီလိုပြောလိုက်တာကိုနားမလည်သူလူတစ်ချို့ကဆရာကယ်လ်ဗင်ဘာတွေလျှောက်ရေးနေတာလဲ၊နွားပါဆိုမှမြက်မစားရင်ဘာသွားစားမှာလဲလို့ဝေဖန်နေမယ်ဆိုရင်အဲဒီလူဟာအလွန်ဗဟုသုတနည်းလို့ပါပဲ။
—
နွားတွေဟာသဘာဝကိုကမြက်ကိုပဲအဓိကစားတယ်ဆိုတာကျွန်တော်တို့ဘိုးစဉ်ဘောင်ဆက်သိခဲ့ရပြီး၊အခုထက်ထိတိုင်ခလေးကအစသိထားတဲ့အရာတစ်ခုပါ။နွားတွေမြက်စားတယ်ဆိုတာအထူးအဆန်းမဟုတ်ခဲ့ပါဘူး။နွားလို့ပြောလိုက်ရင်လူတိုင်းမျက်စိထဲမှာစိမ်းလမ်းစိုပြေနေတဲ့မြက်ခင်းပြင်ကြီးတွေရဲ့အလည်မှာလွတ်ကြောင်းထားပြီးမြက်စားနေကြတဲ့နွားတွေကိုသွားမြင်မိပါလိမ့်မယ်။အဲဒါအရင်တုံးကရှိခဲ့တဲ့ကောင်းမွန်တဲ့သဘာဝကလေးတစ်ခုပါ။အခုရှားသွားပါပြီ။အထူးသဖြင့်(USA)မှာအလွန်ကိုရှားသွားပါပြီ။
—
လောဘအလွန်ကြီးလာတဲ့အရင်းရှင်ကြီးတွေကြီးစိုးလာတဲ့ခေတ်ကြီးမှာ၊ဝမ်းနည်းစရာအလွန်ကောင်းတာကအမေရိကန်လိုခေတ်မှီတိုးတက်တဲ့ကမ္ဘာနိုင်ငံတော်တော်များများမှာ၊နွားတွေကိုမြက်လုံးဝမကျွေးကြတော့ပါဘူး။နွားတွေရဲ့(95%)ကျော်ဟာမျိုးရိုးဗီဇပြောင်းလဲထားတဲ့(GMO)လို့ခေါ်တဲ့အသီးအနှံတွေ၊ကြက်ခြံကရတဲ့စွန့်ပြစ်ပစ္စည်းတွေ၊ကြက်ချေးတွေ၊အသားပုတ်တွေ၊အစရှိသဖြင့်မသင့်လျှော်တဲ့အရာတွေကျွေးပြီးမွေးမြူကြတော့တာပါပဲ။
—
နွားတွေကိုမြက်ခင်းမှာကျောင်းပြီးမွေးမြူရင်နို့အထွက်နည်းမယ်၊အသားအထွက်နည်းမယ်၊အသားရဖို့အကြာကြီးစောင့်ရမယ်။နွားတွေကိုလွတ်ကျောင်းလို့(ကယ်လိုရီတွေ)ဖြုန်းတီးသလိုဖြစ်ပြီး၊အဆီတွေကျသွားမယ်။ဒါကြောင့်လောဘကြီးတဲ့အရင်းရှင်တွေဟာအမြတ်တွေပိုရအောင်တိုးပွားဟော်မုန်းဓါတ်တွေနဲ့(Antibiotics)တွေရောနှောထားပြီးမျိုးရိုးဗီဇပြောင်းလဲထားတဲ့(GMO Carbohydrate)တွေကိုပဲအလေးထားကျွေးမွေးကြပါတော့တယ်။
—
(GMO)တွေဆိုတာအလွန်ဆိုးပါတယ်။သဘာဝသီးနှံမဟုတ်ပဲ၊လူလုပ်ထားတဲ့သီးနှံတွေဖြစ်နေလို့၊လူ့ခန္ဓာကိုယ်ကဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာဘယ်လိုမှမသိနိုင်သလို၊ကမ္ဘာဦးကတည်းကလူ့ခန္ဓာမှာရှိနေတဲ့အင်ဇိုင်းတွေကလဲဒီပစ္စည်းတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာမသိနိုင်ပါဘူး။နောက်ဆုံးရလဒ်ကအမည်ဖေါ်ပြလို့မဆုံးနိုင်တဲ့ရောဂါအမျိုးမျိုးနဲ့ကင်ဆာအမျိုးမျိုးဖြစ်ရတော့တာပါပဲ။
—
(GMO)ဆိုတာ(Genetically modified organism)တွေပါပဲ။ဥပမာပြောရရင်၊နဂိုကဆီကြိတ်လို့မလွယ်တဲ့ပြောင်းဖူးကိုဆီတွေအများကြီးထွက်အောင်မျိုးရိုဗီဇပြောင်းပြစ်လိုက်မယ်။တစ်ပင်မှာငါးဖူးထက်ပိုပြီးမသီးတဲ့ပြောင်းဖူးကို၊အဖူး(၁၀၀)ထွက်အောင်လုပ်မယ်။ပိုးကိုက်လို့သေသွားမဲ့အပင်ကို၊ပိုးကိုက်ရင်အပင်မသေပဲပိုးတွေပဲသေသွားအောင်မျိုးရိုးဗီဇမှာပိုးသတ်ဆေးထည့်သွင်းပေးထားလိုက်မယ်။သြဇာဓါတ်လုံးဝမရှိတဲ့မြေရိုင်းမှာရှင်သန်နိုင်အောင်ဓါတုဗေဒဓါတ်မြေသြဇာတွေမျိုးရိုးဗီဇမှာထည့်သွင်းထားလိုက်မယ်။ဒီသဘောတွေကိုပြောတာပါ။
—
ဒါတွေဟာအရင်းရှင်တွေလောဘတကြီးနဲ့သဘာဝကိုဆန့်ကျင်ဖျက်ဆီးပြစ်တဲ့နည်းတွေပါပဲ။အန္တရာယ်ကတော့ကြိုတင်တွက်ဆထားလို့မရနိုင်အောင်များပါတယ်။ဒီအသီးနှံတွေဟာမျိုးရိုဗီဇမှာကိုကပိုးသတ်ဆေးပါပြီးသားဖြစ်နေလို့ပိုးမဖျက်ဆီးနိုင်သလို၊ဓါတုဗေဒဆေးတွေပါပြီးသားဖြစ်နေလို့မြေသြဇာလဲမလိုပဲကောင်းကောင်းအထွက်တိုးပါတော့တယ်။ဘယ်လိုစိုက်စိုက်အထွက်တိုးတော့ဈေးလဲအလွန်ပေါတာပေါ့။ဥပမာ(GMO)ပြောင်းဖူးဆိုတာမြက်ထက်အလွန်ဈေးပေါလို့နွားတွေကိုမြက်မကျွေးတော့ပဲ(GMO)ပြောင်းဖူးတွေကျွေးတာပေါ့ဗျာ။
—
နွားကလဲအကြီးမြန်တယ်။သဘာဝမြက်စားနွားကတစ်ခါပေါ်ဖို့(၂)နှစ်လောက်စောင့်ရမယ်ဆိုရင်၊(GMO)နွားတွေကလပိုင်းနဲ့ပေါ်လို့ရတယ်ပေါ့။သဘာဝနွားကတစ်ရက်ကိုနို့(၁)ဂါလံထွက်ရင်၊(GMO)နွားက(၁၀)ဂါလံထွက်အောင်ညှစ်ယူလို့ရတယ်ဆိုတော့၊လောဘသမားတွေတွက်ခြေကိုက်ပြီပေါ့ဗျာ။
—
အဆိုးဆုံးကတော့နွားတွေကိုအသားတိုးတဲ့ဟော်မုန်း၊နို့ထွက်ကောင်းတဲ့ဟော်မုန်းဓါတ်တွေထိုးကြတယ်ကျွေးကြပြန်တယ်။နွားဆိုတာကမြက်ခင်းပြင်ပေါ်မှာနေရောင်ခြည်ရရှိပြီးသဘာဝကပေးတဲ့မြက်ကိုစားရမှကျန်းမာကြတာဗျ။မြက်မကျွေး၊နေရောင်မရတော့ရောဂါအမျိုးမျိုးဖြစ်တော့တာပေါ့၊ဒါကြောင့်ရောဂါကာကွယ်နိုင်အောင်(Antibiotic)ဆေးအမျိုးမျိုးတွေနေ့တိုင်းထိုးပေးရ၊ကျွေးကြရတော့တာပေါ့။ရှင်းရှင်းပြောရရင်နွားတွေတစ်ကောင်မှမကျန်းမာကြတော့ဘူး။ရောဂါသယ်နွားတွေဖြစ်နေကြပြီး(Antibiotics)တွေ၊ဟော်မုန်းတွေနဲ့အသက်ဆက်ထားရတာပေါ့ဗျာ။
—
ဝက်တွေလိုသဘာဝအားဖြင့်(Carbohydrate)စားတတ်တဲ့သတ္တဝါကို(Carbohydrate)ကျွေးတာသိပ်ပြဿနာမရှိပေမယ့်၊သဘာဝအားဖြင့်အရွက်စိမ်းပဲစားတတ်တဲ့သတ္တဝါကို(Carbohydrate)ကျွေးရင်ကျန်းမာရေးချို့တဲ့တတ်တာဟာလဲအဆန်းမဟုတ်ပါဘူး။ဒီလို(Antibiotics)တွေနဲ့အသက်ဆက်ထားရတဲ့၊ကြီးထွားဟော်မုန်းတွေအလွန်အကျွံသုံးထားတဲ့နွားထွက်ပစ္စည်းတွေကိုစားသုံးမိတဲ့လူတွေဟာပထမဦးဆုံးအစာအိမ်နဲ့အူလမ်းကြောင်းမှာရှိတဲ့အကျိုးပြုပိုးမွှားလေးတွေကိုပျက်စီးဆုံးရံှုးစေပါတယ်။နောက်တော့(Autoimmune Diseases)တွေ၊ကင်ဆာရောဂါအမျိုးမျိုးတွေနဲ့အမည်မသိရောဂါဆန်းတွေဖြစ်လာကြတော့တာပါပဲ။
—
ဒါကြောင့်နွားထွက်ပစ္စည်းအမဲသား၊နွားနို့၊ထောပါတ်၊ဒိန်ချည်၊ဒိန်ခဲ၊နို့မှုန့်၊(Protein)၊(Collagen)အစရှိတဲ့ပစ္စည်းတွေကိုစားသုံးမယ်ဆိုရင်မြက်ကြွေးနွား(Grass Fed Cows)တွေဖြစ်ဖို့၊ကိုယ်ကဗဟုသူတရှိပြီး(Grass Fed)ပစ္စည်းတွေကိုရွေးချယ်တတ်ဖို့အထူးလိုအပ်လှပါတယ်။
—
ဥပမာပြောရရင်(Grass Fed)နို့ထွက်ပစ္စည်းတွေနဲ့(Grass Fed)ထောပါတ်တွေဟာလူ့ခန္ဓာကျန်းမာရေးအတွက်ကောင်းကျိုးအလွန်များပါတယ်။ဒါပေမယ့်(GMO Fed) နို့ထွက်ပစ္စည်းတွေနဲ့(GMO)ကျွေးနွားထောပါတ်တွေဟာအလွန်ဆိုးကျိုးများပါတယ်။မြန်မာပြည်မှာတော့ကံကောင်းစွာနဲ့မြက်စားနွားတွေတော်တော်များများရှိနေသေးပေမယ့်။အမေရိကန်လိုနိုင်ငံမျိုးတွေမှာတော့(95%)ကျော်ဟာမြက်မကျွေးပဲ(GMO)တွေပဲကျွေးနေပါပြီ။
—
အမေရိကန်နိုင်ငံကလာတဲ့နွားထွက်ပစ္စည်းတွေဆိုရင်သတိထားကြပါ။အထူးသတိထားရမဲ့အမေရိကန်ကလာတဲ(GMO)ကျွေးနွားထွက်ပစ္စည်းကတော့(Ensure)နို့မှုန့်ပါပဲ။(Ensure)ဟာ(Grass Fed)လုံးဝမဟုတ်ပါ။(GMO)တွေ၊ဟော်မုန်းတွေ၊(Antiobiotic)တွေကျွေးပြီးထုတ်တဲ့နွားတွေကရတာပါပဲ။မယုံကြည်လို့စားမယ်ဆိုရင်လဲ၊နောက်တချိန်ရောဂါဖြစ်လာရင်ကိုယ်ဖြစ်ကိုယ်ခံပါပဲ။(Ensure)သောက်မယ့်အတူတူကိုယ့်ရွာထဲနွားခြံတစ်ခုခုကနေရတဲ့ပြည်တွင်းဖြစ်နွားနို့ဆိုရင်တောင်ပိုအန္တရာယ်ကင်းပြီးအကျိုးရှိနိုင်ပါလိမ့်မယ်။
—
အမေရိကန်မှာတစ်ခုကောင်းတာကကြက်တွေကိုဟော်မုန်းဓါတ်တွေမကျွေးရတော့ဘူး။ကြက်တွေကိုကျန်းမာနေရက်နဲ့(Antibiotic)မကျွေးရဘူးဆိုတဲ့ဥပဒေရှိပေမယ့်နွားတွေမှာတော့မရှိသေးပါဘူး။ကြက်တွေကိုမကျန်းမာရင်တော့ဆေးကုသတဲ့အနေနဲ့(Antibiotic)တွေပေးလို့ရပါတယ်။ပုံမှန်ပေးတာမျိုးမဟုတ်လို့အန္တရာယ်မရှိလှပါဘူး။နွားတွေကိုတော့ပုံမှန်အမြဲဟော်မုန်းနဲ့(Antibiotic)တွေပေးပြီးမွေးကြရပါတယ်။
—
ကြက်တွေကိုဟော်မုန်းနဲ့(Antibiotic)တွေပုံမှန်ကျွေးလို့မရပေမယ့်(GMO)သီးနှံတွေတော့ကျွေးလို့ရပါတယ်။ဒါပေမယ့်(Organic)လို့စကားလုံးပါနေရင်တော့(GMO)လုံးဝကျွေးလို့မရပါဘူး။(Organic)ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ဟာ(GMO FREE)ဆိုတဲ့သဘောအလိုလိုဖြစ်ပြီးသားဆိုတာကိုတော့နားလည်ထားဖို့လိုပါတယ်။ဒါကြောင့်နွားဆိုရင်(Grass Fed)ဖြစ်ဖို့လိုအပ်သလို၊ကြက်နဲ့ဝက်တွေဆိုရင်တော့(Organic)တွေဖြစ်ဖို့လိုအပ်ပါတယ်။
—
အမေရိကန်လိုနိုင်ငံကြီးတွေမှာနေတဲ့လူတွေပိုပြီးသတိထားရှောင်ကြည်ရမှာဖြစ်ပါတယ်။ပိုက်ဆံနှမြောလို့ဖြစ်သလိုစားသောက်နေမယ်ဆိုရင်တော့၊ရောဂါဖြစ်လာလို့ဆေးကုသရရင်အဆပေါင်းရာထောင်ချီကုန်ကျပါလိမ့်မယ်။အစားအသောက်မှာတစ်ဒေါ်လာလောက်ချွေတာလိုက်ရင်တစ်ချိန်မှာတစ်ဒေါ်လာတိုင်းအတွက်၊ဒေါ်လာတစ်ရာ၊ဒေါ်လာတစ်ထောင်အရင်းရှင်ကြီးတွေရဲ့ဆေးရုံတွေကိုပြန်ပြီးပေးဆပ်ရပါလိမ့်မယ်။
—
(USA)မှာနေသူတွေကျန်းမာချင်ရင်တော့သေချာရွေးချယ်စားသုံးကြပါ။ကျန်းမာတာ၊မကျန်းမာတာဂရုမစိုက်ဘူးကွာဈေးပေါရင်ပြီးရောဆိုရင်လဲ၊ခင်ဗျားတို့သဘောအတိုင်းပါပဲ။
—
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
—
Kelvin Albert Power