Lipid panel မှာလက်ရှိအသုံးပြုနေတဲ့ reference range များ

Source from Kelvin A. Power’s Facebook on January 4, 2020
မေး။ဆရာ Kelvin ခင်ဗျား။ဆရာလမ်းညွှန်ပြသပေး၍ ဆီးချိုရောဂါအကြောင်း၊ ကိုလက်စတော အကြောင်း၊ Autoimmune အကြောင်းတို့ကို ပို၍ပို၍ သိလာရပါတယ်။သို့အတွက်ကြောင့် ဆရာ့ကိုကျေးဇူးတင်ရှိပါတယ်။Lipid panel မှာလက်ရှိအသုံးပြုနေတဲ့ reference range များဟာဆရာ့စာများအရလည်းကောင်း၊ကိုယ်တိုင်ခံစားစမ်းသပ်ကြည့်သိပြီး၍လည်းကောင်း သိပ်အသုံးမတည့်တာကိုတွေ့ရှိရပါတယ်။ထို့အပြင်ပိုမိုသိလိုတာက ကမ္ဘာတွင် နှလုံးရောဂါဖြင့်သေဆုံးသူများ၏ lipid profile များသည်normal range ထက်ကျော်၍ သို့မဟုတ် အောက်ကျ၍ သို့မဟုတ် အတွင်းဝင်၍ သေဆုံးခြင်း၊ သို့မဟုတ် နှလုံးရောဂါဖြစ်ပွားနေသူများ၏ lipid profile သည် အခြား contamination မပါပဲ လက်ရှိ reference range နှင့် မည်ကဲ့သို့ဆက်စပ်မှုရှိသည်ကို ဂျင်းမဟုတ်ပဲ အမှန်အကန်သုတေသန ပြုလုပ်ထားချက်များရှိပါသလားခင်ဗျား။ရှိလျှင် link လေးလမ်းညွှန်ပေးပါခင်ဗျား။ ကျနော်တို့အတွက်ရှာဖွေရမလွယ်ကူလို့ပါ။ အမှန်ဆိုရလျှင် ဂျင်းဆောင်းပါးတွေဖြစ်မှာစိုးလို့ပါ။
ကျေးဇူးတင်စွာဖြင့်
—-
ဖြေ။ဂျင်းသုတေသနလား၊အမှန်အကန်လားဆိုတာခွဲခြားနိုင်ဖို့အလွန်ခက်ခဲပါတယ်။ဆေးပညာတွေနဲ့ (Biochemistry)ပညာရပ်တွေဘယ်လောက်နားလည်တတ်ကျွမ်းကြပါစေ၊ဒီနေရာမှာတော့သိပ်ပြီးအသုံးမဝင်တော့ပါဘူး။အဓိကအရေးတကြီးစဉ်းစားရမှာက(Money)ပိုက်ဆံနဲ့၊အကျိုးအမြတ်ပါပဲ။ဆိုလိုတာကဒီခေတ်မှာသုတေသနအများစုတွေဟာအသိပညာ၊အတတ်ပညာ၊ဗဟုသုတပွားများမှု့တွေကိုကိုယ်စားမပြုတော့ပဲကိုယ်ကျိုးစီးပွားကိုသာကိုယ်စားပြုကြတဲ့၊စီးပွားရေးလုပ်ငန်းတစ်ခုလိုဖြစ်နေပါပြီ။သုတေသနတစ်ခုမှန်မမှန်သုံးတတ်တယ်ဆိုတာဆေးပညာတစ်ခုတည်းနဲ့မပြီးပဲစီးပွားရေးအကျိုးအမြတ်ပညာကိုပါနားလည်ထားဖို့လိုအပ်ပါတယ်။
lipid profile နှင့်ပါတ်သက်လို့စစ်မှန်တဲ့သုတေသနတွေဆိုတာသိပ်ရှားပြီးရှာရတာအလွန်ခက်ခဲလှပါတယ်။ဘာကြောင့်လဲဆိုတော့သုတေသနတွေတော်တော်များများဟာ(LDL)ကော်လက်စထရောမကောင်းကြောင်း၊(LDL)ကျသွားစေရန်(Statin Drug) တွေသုံးစွဲဖို့လိုအပ်ကြောင်းဆိုတဲ့(ဂျင်း)သုတေသနတွေသာများပါတယ်။ဘာကြောင့်လဲဆိုတော့(Statin Drug)တွေ ဆိုတာက(multi-billions business)ကြီးတစ်ခုဖြစ်နေပြီး(Drug Company)အရင်းရှင်တွေက၊အကြီးအကျယ်စီးပွားဖြစ်အောင်၊လူတိုင်း(Statin Drug)တွေမသုံးစွဲသုံးစွဲအောင်ဒေါ်လာသန်းနဲ့ချီအကုန်အကျခံပြီးကြိုးစားနေကြလို့ပါပဲ။
(drug companies)တွေဟာနာမည်ကြီးတဲ့တက္ကသိုလ်ကြီးတွေကပါမောက္ခတွေ၊ပညာရှင်တွေကိုပိုက်ဆံတွေပုံပေး၊သုတေသနတွေအကြီးအကျယ်လုပ်တတ်ကြပါတယ်။ပြီးရင်ရရှိလာတဲ့ကလိမ်ကကျစ်(ဂျင်း)သုတေသနရလဒ်တွေကို(media)တွေ(Journal)တွေ(Magazines)တွေနဲ့ပေါင်းပြီး၊ကမ္ဘာကအမှားသိအောင်လုပ်ကြပါတော့တယ်။အမှန်တရားကိုဖုံးကွယ်ဖို့အမှားကိုအမှန်လုပ်ပြီး(Statin Drug)တွေရောင်းစားဖို့ကြိုးစားကြပါတယ်။
သုတေသနတစ်ခုဟာအစစ်အမှန်လား၊လုပ်ဇာတ်လားဆိုတာသိချင်ရင်၊သုတေသနထဲမှာအသုံးပြုသွားတဲ့(Protocol)နည်းစနစ်တွေဟာစစ်မှန်မှု့ရှိမရှိသုံးသပ်ရပါတယ်။အဲဒီအတွက်(Biochemistry)နဲ့ဆေးပညာဗဟုသုတတွေနားလည်ထားဖို့လိုအပ်ပါတယ်။ဒါပေမဲ့ဒီတခုတည်းနဲ့တော့မပြီးသေးပါဘူး။အရေးကြီးဆုံးနဲ့ပညာသားအပါဆုံးအချက်ကဒီသုတေသနကြောင့်၊ဒီသုတေသနမှာပါဝင်ပါတ်သက်တဲ့သူတွေကိုယ်ကျိုးစီးပွားအတွက်ဘယ်လောက်အကျိုးရရှိနိုင်မလဲဆိုတာကိုသုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်။
ဥပမာဓါတုဗေဒဆေးဝါးတစ်ခုဖက်ကိုအလေးပေးပြီးသုတေသနလုပ်မယ်ဆိုရင်၊အဲဒီဆေးဝါးထုတ်လုပ်တဲ့မူရင်း(Company)တွေက(တစ်ဦးတည်းမူပိုင်ခွင့်)တွေပိုင်ဆိုင်ထားလို့သူတို့အတွက်အကျိုးစီးပွားရရှိနိုင်ပါတယ်။ဒါပေမဲ့ဂျင်းစိမ်းတို့၊ကြက်သွန်ဖြူတို့၊နနွင်းမှုန့်တို့၊ငါးကြီးဆီတို့ကောင်းကြောင်းသုတေသနလုပ်မယ်ဆိုရင်တော့၊ဂျင်းစိမ်းတို့၊ကြက်သွန်ဖြူတို့၊နနွင်းမှုန့့််တို့ဆိုတာတွေကဘယ်သူကမှ(တစ်ဦးတည်းမူပိုင်ခွင့်)မရရှိနိုင်လို့။တစ်ဦးတစ်ယောက်အကျိုး(အတ္တ)မပါရှိပဲ၊ပရဟိတဖြစ်နေလို့၊ဒီသုတေသနတွေကမှန်ကန်မှု့ပိုပြီးရှိနိုင်ပါတယ်။
ဆိုလိုတာက(Statin) ကောင်းတယ်လို့သုတေသနလုပ်ရင်၊(Statin Drug Companies)တွေရဲ့အကျိုးစီးပွားပါနေသလို၊သုတေသနလုပ်သူတွေရဲ့အကျိုးစီးပွား(အတ္တ)တွေလဲပါဝင်နေပါပြီ။ဒါပေမဲ့ဂျင်းစိမ်းတို့၊ကြက်သွန်ဖြူတို့၊နနွင်းမှုန့့့်််တို့၊ငါးကြီးဆီတို့ကောင်းကြောင်းသုတေသနလုပ်မယ်ဆိုရင်တော့ သဘာဝပစ္စည်းတွေဖြစ်ပြီးတစ်ဦးတည်းမူပိုင်ခွင့်မရနိုင်လို့(အတ္တ)မပါပဲပရဟိတဖြစ်သွားပါတယ်။
အထူးပြောချင်တာကသုတေသနလုပ်လိုက်တိုင်းမှာဘယ်သ့ူ့အတွက်အကျိုးရှိမလဲစဉ်းစားရပါတယ်။ပစ္စည်းတစ်ခုကိုမူပိုင်ရရှိထားတဲ့(Company)တစ်ခုခုအတွက်လား။ရေးသားတင်ပြသူ(Authors)တွေအတွက်ဘာအကျိုးရှိနိုင်မလဲ။သုတေသနလုပ်သူတွေအတွက်ဘာအကျိုးအမြတ်ရှိနိုင်မလဲဆိုတာကိုအဓိကနေရာကနေထည့်သွင်းစဉ်းစားရပါမယ်။
ဒါကြောင့်သုတေသနတစ်ခုကိုလေ့လာမယ်ဆိုရင်သုတေသနမှာပါတဲ့အကြောင်းအရင်းတွေကိုအရင်မကြည့်ပဲ၊သုတေသနမှာမပါတဲ့အပြင်ဖက်ကအကြောင်းအရင်းတွေကိုအရင်ရှာဖွေသုံးသပ်ရပါလိမ့်မယ်။ဆိုလိုတာကသုတေသနမှာပါတဲ့အချက်အလက်တွေကအဓိကမကျပဲ၊ဒီသုတေသနကိုဘယ်ကုမ္မဏီကလုပ်ခိုင်းတယ်ဘယ်ဆေးထုတ်လုပ်တဲ့ကုမ္မဏီငွေကြေးအဓိကထုတ်ပေးတယ်၊သုတေသနပညာရှင်တွေကိုဘယ်သူကပိုက်ဆံထုတ်ပေးတယ်ဆိုတာကပိုပြီးအရေးကြီးပါတယ်။
ဥပမာတစ်ဦးတစ်ယောက်ကမူပိုင်ခွင့်ရထားတဲ့(Statin)ဆေး၊နဲ့မိခင်သဘာဝကလာတဲ့ငါးကြီးဆီတို့ကိုနိုင်းယှဉ်ပြီးဘယ်ဟာကပိုပြီးအန္တရာယ်ကင်းတယ်ပိုအကျိုးရှိတယ်ဆိုတာကိုနိုင်းယှဉ်ပြီးသုတေသနလုပ်ချင်တယ်ဆိုကြပါစို့။သုတေသနမှာဘာရေးထားတယ်၊ဘယ်လိုအကျိုးရလဒ်တွေထွက်လာမယ်တယ်ဆိုတာကိုသုတေသနစာတမ်းကိုမဖတ်ခင်မှာ၊ဒီသုတေသနကိုဘယ်သူက(Sponsor)ပေးထားတာလဲဆိုတာကိုကြည့်ပြီးတော့၊တိတိကျကျကိုကြိုတင်ခန့်မှန်းလို့ရပါတယ်။
ဒီလိုသုတေသနမျိုးကို(Statin Drug)ကုမ္မဏီတစ်ခုခုကပိုက်ဆံထုတ်ပေးထားတယ်။ဘယ်လိုဘယ်လိုလုပ်ရမယ့်နည်းလမ်း(protocol)တွေပုံစံချပေးထားတယ်ဆိုရင်တော့အဲဒီသုတေသနကိုဖတ်စရာမလိုပဲ၊ဒီသုတေသနဟာသဘာဝငါးကြီးဆီမကောင်းကြောင်း၊(Statin Drug)သာလျှင်အန္တရာယ်ကင်းပြီးအလွန်အကျိုးရှိကြောင်းအစရှိတဲ့ရလဒ်တွေသာထွက်ပေါ်လာမယ်ဆိုတာသေချာပေါက်မြေကြီးလက်ခတ်မလွဲကြိုတင်ခန့်မှန်းနိုင်ပါတယ်။
တကယ်လို့သာ၊ဒီလိုသုတေသနတစ်ခုကိုပဲဆေးကုမ္မဏီတစ်ခုခုကပိုက်ဆံမထုတ်ပေးပဲ၊သန့်ရှင်းတဲ့(nonprofit)ပရဟိတအုပ်စုတစ်ခုခုကငွေကြေးထောက်ပံ့ပေးတယ်ဆိုရင်တော့ဒီသုတေသနရဲ့အဖြေဟာတမျိုးတဖုံပြောင်းလဲဖြစ်ပေါ်လာနိုင်ပါတယ်။
အရှင်းရှင်နိုင်ငံကြီးတစ်ခုဖြစ်တဲ့အမေရိကန်နိုင်ငံမှာဆေးဝါး(Drug)တွေနဲ့ပါတ်သက်ပြီးကလိန်ကကျစ်လုပ်တာတွေ၊လိမ်ရောင်းတာတွေသိပ်ကိုများပါတယ်။ဆေးလိမ်ရောင်းတယ်ဆိုတာကမြန်မာပြည်မှာလိုဆေးပုလင်းထဲဆေးအတုတွေထည့်ရောင်း၊ပိုက်ဆံယူပြီးထွက်ပြေးတိမ်းရှောင်နေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။
အမေရိကန်နိုင်ငံရဲ့ဆေးလိမ်ရောင်းနည်းစနစ်ကတော့တရားဥပဒေနဲ့လဲညီသလို၊အလွန်လဲလိမ်မာပါးနပ်ပညာသားပါလွန်းပါတယ်။အရင်းရှင်တွေလိမ်တယ်ဆိုတာက၊ဥပဒေပညာရှင်တွေ၊ဆေးပညာရှင်တွေ၊စိတ်ပညာရပ်ဆိုင်ရာပညာရှင်တွေကိုငှါးရမ်းလက်ကိုင်တုတ်လုပ်ပြီးတော့၊တရားဥပဒေနဲ့အညီ၊မှန်မှန်ကန်ကန်လိမ်တဲ့အဆင့်မြင့်လိမ်နည်းတွေပါ။တရားဥပဒေအတိုင်းမှန်မှန်ကန်ကန်လိမ်ကြတာဖြစ်လို့သူတို့တွေကိုတရားစွဲလို့မရနိုင်ပါဘူး။တရားသွားစွဲရင်လဲမိမိပဲတရားရံှုးပါလိမ့်မယ်။
အရှင်းရှင်ကြီးစိုးတဲ့နိုင်ငံတွေမှာဆေးလိမ်ရောင်းတော့မယ်ဆိုရင်၊အရင်ဆုံးနာမည်ကြီးတက္ကသိုလ်တစ်ခုဆီသွား၊ပါမောက္ခတွေ၊ပညာရှင်တွေကိုပိုက်ဆံပုံပေးပြီးကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်သုတေသနတစ်ခုလုပ်ခိုင်းရပါတယ်။နာမည်ကြီးကျောင်းကြီးတွေနာမည်သုံး၊ပါမောက္ခတွေပညာရှင်တွေနာမည်တွေကိုသုံးပြီးကိုယ်လိုချင်တဲ့သုတေသနဖြစ်လာတဲ့အခါမှာ၊အဲဒီသုတေသနအဖြေ(ဂျင်း)တွေကို(မီဒီညာ)တွေကိုပိုက်ဆံပုံပေး၊သုံးပြီးတော့လူသိရှင်ကြားဖြစ်အောင်လုပ်ရပါတယ်။ပြီးတော့မှဆေးလိမ်ရောင်းလို့ရတာပါ။
နောက်တနည်းကတော့ဒီသုတေသန(ဂျင်း)တွေကိုလက်မှာကိုင်ပြီးအစိုးရကျန်းမာရေးဌာနတွေကိုချည်းကပ်ပိုက်ဆံပုံပေးလိုက်ပြီး၊ဥပဒေနဲ့လဲညီအောင်သတ်မှတ်ထားတဲ့စံနုန်းစံထားနဲ့လဲညီအောင်၊စံနှုန်းပြောင်းခိုင်းပြီးလိမ်တဲ့နည်းနဲ့နောက်တမျိုးလိမ်လို့ရပါသေးတယ်။ဥပမာလွန်ခဲ့တဲ့နှစ်(၁၀၀)ကျော်လောက်က(LDL)ကော်လက်စထရော(200 mg/dl)ဟာ(Normal)လို့စံနှုန်းသတ်မှတ်ထားခြင်းခံရရင်၊အစိုးရကျန်းမာရေးဌာနတွေကိုသုသေသန(ဂျင်း)တွေအထောက်အထားပြ၊ပိုက်ဆံတွေလှူပါတယ်ဆိုပြီးငွေတွေပုံပေးပြီးတော့(LDL)ကော်လက်စထရော(150 mg/dl)အောက်မှသာ(Normal)ပါလို့စံနှုန်းပြောင်းပြီးသတ်မှတ်ပေးဖို့တောင်းဆိုလို့ရနိုင်ပြန်ပါတယ်။နောက်တော့ပိုက်ဆံတွေခပ်များများလေးထပ်လှူပြီးတော့(LDL)ကော်လက်စထရော(100 mg/dl)အောက်ရောက်မှသာ(Normal)လို့စံနှုန်းလုပ်ပေးပါဗျာလို့ညှိုနိုင်းယူလို့လဲရပါတယ်။
နောက်ဆုံးကြတော့ပိုက်ဆံတွေထပ်ထပ်ပိုပိုပေးပြီးတော့(LDL)ကော်လက်စထရော(50 mg/dl)အောက်ရောက်မှသာ(Normal)လို့ထပ်ပြီးစံနှုန်းပြောင်းလိမ်နိုင်ရင်တော့ပိုပြီးကြီးပွားပြီပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းမွေးကင်းစကလေးကစလို့သက်ကြီးရွယ်အိုအထိ(Statin)ဝယ်သောက်ရတော့မယ်လေ။ဒါဆို(Drug Company)တွေကြီးပွားပြီ။လူတွေကိုနွားလုပ်ပြီးနဖါးကြိုးထိုးလိုက်တာ၊လူတိုင်း၊လူတိုင်းရှာတဲ့ပိုက်ဆံတွေဟာသူတို့ပိုက်ဆံတွေအလိုလိုဖြစ်သွားပါလေရော။ဆေးလိမ်ရောင်းတယ်ဆိုတာကဒီသဘောသဘာဝကိုပြောတာပါ။ဥပဒေနဲ့လဲညီညွတ်ပြီး၊အလွန်ပညာသားပါတဲ့လိမ်နည်းမျိုးပါ။အိမ်ပေါ်တက်ပြီးဥပဒေမဲ့လိမ်စရာမလိုပါဘူး။
တက္ကသိုလ်ကပါမောက္ခတွေကလဲဆေးကုမ္မဏီကပေးတဲ့ငွေကြေးတွေဟာ၊ကျောင်းကရတဲ့ကျောင်းဆရာလစာထက်အဆမတန်ကိုများနေလို့သိပ်ကိုသဘောကျနှစ်သက်ကြပါတယ်။ဒီလို(ဂျင်း)သုသေသနတွေကိုပဲအားကျိုးမာန်တက်လုပ်ပေးဖို့စိတ်ဝင်စားကြပါတယ်။အမှန်အကန်လူသားကောင်းကျိုးအတွက်သုသေသနလုပ်မယ်ဆိုရှောင်ဖယ်ရှောင်ဖယ်နဲ့ဘယ်သူမှစိတ်မဝင်စားကြပါဘူး။ဘာကြောင့်လဲဆိုတော့ပိုက်ဆံမှမရတာ။လုပ်အားပေးသက်သက်ဆိုတော့ဘယ်သူက(ပရဟိတ)စိတ်နဲ့လုပ်ချင်ကြမှာလဲ။လုပ်ပေးတဲ့လူကတော့ရှိတော့ရှိတယ်။ဒါပေမဲ့ရှားပါတယ်။လူဆိုတာများသောအားဖြင့်ငွေမက်တဲ့အမျိုးပဲလေ။ဒါအဆန်းမှမဟုတ်တာ။
နောက်ဆုံးအရေးအကြီးဆုံးပြောချင်တာကသုတေသနတစ်ခုဟာမှန်တယ်မမှန်ဘူးဆုံးဖြတ်ချင်ရင်၊သုတေသနတွေမှာပါတဲ့အကြောင်းအရာတွေကအဓိကမကျပဲ၊မပါတဲ့အရာတွေဖြစ်တဲ့၊ဒီသုတေသနကိုဘယ်သူတွေငွေထုတ်ပေးပြီး(sponsor)လုပ်ပါသလဲ။ဒီသုတေသနလုပ်သူပညာရှင်တွေကိုရောဘယ်သူပိုက်ဆံပေးပါသလဲ။ဘယ်ကုမ္မဏီကပစ္စည်းတွေကိုသုံးစွဲပါသလဲ။သုတေသနကိုရေးသားဖေါ်ပြတဲ့(Authors)တွေကိုဘယ်သူပိုက်ဆံထုတ်ပေးပါသလဲ။သုတေသနထင်ပေါ်ကျော်ကြားအောင်လုပ်ပေးတဲ့(websites)တွေ၊(Medias)တွေ၊(Journals)တွေ၊(Magazines)တွေကိုဘယ်သူပိုက်ဆံပေးပါသလဲဆိုတာကိုအဓိကထားရှာဖွေဖေါ်ထုတ်စဉ်းစားဖို့ကပိုပြီးတော့အရေးကြီးပါတယ်။
အနှစ်ချုပ်ပြောရရင်သုတေသနတစ်ခုမှန်သလား(ဂျင်း)လားဆိုတာ၊သာမာန်လူတွေမပြောနဲ့ဆေးပညာရှင်တွေဆရာဝန်တွေကအစတိတိကျကျသိဖို့မလွယ်ကူလှပါဘူး။တိတိကျကျကိုယ်ကသိချင်ရင်သုတေသနမှာရေးသားထားတဲ့အရာတွေထက်ပိုအရေးကြီးတာက(money flow)ပါပဲ။ဆိုလိုတာကသုတေသနအတွက်၊ငွေတွေဘယ်ကနေစီးဆင်းလာသလဲဆိုတာကပိုပြီးအရေးကြီးပါတယ်။သန့်စင်တဲ့(ပရဟိတ)အဖွဲ့တွေကလာတဲ့ငွေဆိုရင်တော့သုတေသနမှန်ကန်မှု့ရှိနိုင်ပါတယ်။ဆေးထုတ်တဲ့ကုမ္မဏီတွေကငွေထုတ်ပေးပြီးလုပ်တဲ့သုတေသနဆိုရင်တော့စဉ်းစားကြပေါ့ဗျာ။
အမှန်တရားကိုအားမနာတမ်းပြောရရင်တော့သဘာဝပြည့်ဝဆီတွေဟာ(LDL)ကော်လက်စထရောတက်စေလို့နှလုံးရောဂါကိုဖြစ်ပွားစေတယ်။အန္တရာယ်အလွန်ရှိပါတယ်ဆိုပြီး(LDL)ကော်လက်စထရောမတက်အောင်သဘာဝပြည့်ဝဆီတွေကိုမစားပဲနဲ့(PUFA)ဖြစ်တဲ့(Vegetable Oil)တွေကိုစားဖို့တိုက်တွန်းခဲ့တဲ့။(LDL)ကော်လက်စထရောဘယ်လောက်ဆိုရင်(Normal)၊ဘယ်လောက်ဆိုရင်(Statin)သောက်ရမယ်လို့ပြောနေတဲ့အမေရိကန်(သို့မဟုတ်)ကမ္ဘာမှာနှလုံးရောဂါနဲ့ပါတ်သက်လို့အကြီးဆုံးအဖွဲ့(American Heart Association)ဆိုတာဟာ(1948)ခုနှစ်မတိုင်ခင်ကလူမသိပဲမွဲစုတ်နေတဲ့အဖွဲ့တစ်ဖွဲ့ပါပဲ။
သို့သော်(1948)ခုနှစ်မှာလူတွေကိုအန္တရာယ်အလွန်ရှိတဲ့(hydrogenated oil)တွေ(PUFA Vegetable Oil)တွေထုတ်လုပ်ဖြန့်ဖြူးတဲ့(Crisco)ဆိုတဲ့ကုမ္မဏီက (“Walking Man” radio contest show)မှာ(American Heart Association)ကို(sponsor)လုပ်ပေးပြီး($1.75 million dollars)ပေးလိုက်တာလူတော်တော်များများသိပြီးသားပါ။
အဲဒီ(hydrogenated oil)တွေ(PUFA Vegetable Oil)တွေထုတ်လုပ်ဖြန့်ဖြူးတဲ့(Crisco)ဆိုတဲ့ကုမ္မဏီရဲ့ပံ့ပိုးမှု့ကြောင့်ဖြစ်လာတဲ့(American Heart Association)ဟာ။အဲဒီကုမ္မဏီရဲ့အလိုအတိုင်းမဟုတ်တာတွေကိုလိမ်ပေးပြီးလူသားတွေရောဂါရအောင်ကိုယ်ကျိုးအတွက်(ဂျင်း)ထည့်နေတာဒီကနေ့အထိပါပဲ။
မှတ်ချက်။(၁)
ကော်လက်စထရောတွေအကြောင်း၊နှလုံးရောဂါတွေအကြောင်း၊အဆီအမျိုးမျိုးတွေအကြောင်း၊(LDL)အကြောင်းမကောင်းပြောနေတဲ့၊(American Heart Association)ဆိုတာဟာလူသားတွေမကျန်းမာအောင်မိခင်သဘာဝကလာတဲ့ပြည့်ဝဆီနေရာမှာဆီဆိုးဆီညစ်တွေ(Hydrogenated oil)တွေ(PUFA oil)တွေကိုအစားထိုးပြီးထုတ်လုပ်ရောင်းချဖို့(Crisco)ကုမ္မဏီကစပြီးထောက်ပံ့ထူထောင်ပေးလိုက်တဲ့အဖွဲ့တစ်ဖွဲ့ပါပဲ။
မှတ်ချက်။(၂)
(American Heart Association)ဆိုတာဟာလုံးဝမရိုးသားခဲ့တဲ့အဖွဲ့အစည်းဖြစ်သလိုဒီကနေ့ခေတ်ကော်လက်စထရော၊နှလုံးရောဂါတွေနဲ့ပါတ်သက်တဲ့သုသေသနတွေကိုလဲသူပဲပိုက်ဆံထုတ်ပြီး(sponsor)ပေးတာများပါတယ်။ဒါဆိုရှင်းလောက်ပါပြီ။
မှတ်ချက်။(၃)
သုတေသနတစ်ခုမှန်မမှန်သိချင်ရင်၊သုတေသနအတွက်ကုန်ကျစရိတ်ငွေဘယ်ကလာသလဲသာစူးစမ်းဖေါ်ထုတ်ကြည့်ပါ။ဒါအလွယ်ကူဆုံးပါပဲ။
မှတ်ချက်။(၄)
လူတချို့ကနားမလည်ပဲနဲ့(American Heart Association)က(Crisco)ဆီကနေလာဘ်စားပြီပိုက်ဆံယူပါ့မလား၊မဖြစ်နိုင်ပါဘူး၊မယုံပါဘူးဆိုချင်ရင်တော့သူ့သမိုင်းကိုရှာဖတ်ကြည့်လိုက်ပါ။သမိုင်းဆိုတာလိမ်လို့မရပါဘူး။
ေနာက်ဆုံးတခုပြောရဦးမယ်၊၊ကမ္ဘာပေါ်မှာနှလုံးရောဂါနဲ့ပါတ်သက်လို့အသိဆုံး၊အတတ်ဆုံး။အကျွမ်းကျင်ဆုံးဖြစ်တဲ့(American Heart Association)ရဲ့ဥက္ကဌကြီး(Dr. John Warner)ဟာ အသက်(၅၂)နှစ်ပဲရှိသေးတဲ့အရွယ်မှာ(Heart Attack)ဖြစ်သွားတာသင်သိပါသလား?။
မသိရင်(November 17, 2017)မှာ(CNN News) ကနေတောင်အဲဒီအကြောင်းကြေငြာသွားခဲ့ဖူးပါတယ်။တဖွဲ့လုံးရောကိုယ်တိုင်ပါ(Heart Attack)မဖြစ်အောင်မကာကွယ်နိုင်ပဲနဲ့သူများတွေကို(Heart Attack)မဖြစ်အောင်လမ်းညွန်ပေးနေတယ်ဆိုတော့ဖြစ်နိုင်မလား…စဉ်းစားကြပေါ့ဗျာ။
Kelvin Albert Power
References:
“Meanwhile, in 1924, the American Heart Association was formed. It was not the powerful behemoth it is today, but just a collection of heart specialists meeting occasionally to discuss professional matters. In 1948, this sleepy group of cardiologists was transformed by a $1.5 million donation from Proctor & Gamble, (maker of hydrogenated trans-fat laden Crisco — yay). The war to replace animal fats with vegetable oils was on. The Faustian deal was made — the health of a nation for some filthy lucre $$$.
By the 1960s and 1970s, led by Ancel Keys, the new dietary villain was saturated fats, the type found in more frequently in animal foods like meat and dairy. The American Heart Association (AHA) wrote the world’s first official recommendations in 1961 recommending that we “reduce intake of total fat, saturated fat, and cholesterol. Increase intake of polyunsaturated fat”. In other words, avoid animal fat and eat ‘heart-healthy’ vegetable oils, high in polyunsaturated fats, like Crisco. This advice carried forward to the influential 1977 Dietary Guidelines for Americans.
But the story was not yet done. By the 1990s, these trans fats that the AHA and the CSPI told us we’re supposed to be so healthy for us were implicated as major risk factors for heart disease. New studies now indicated that trans-fats just about doubled the risk of heart disease for every 2% increase in trans-fat calories. By some estimates, trans-fats were responsible for 100,000 deaths. The very ‘heart-healthy’ foods the AHA recommended we eat were actually giving us heart attacks. The irony. The irony. By November 2013, the US Food and Drug Administration removed partially hydrogenated oils from the list of human foods ‘Generally Recognized as Safe’. Yes, the AHA had been telling us to eat poison for decades.”
By Dr. Jason Fung
Shopping Cart