Source from Kelvin Power’s Facebook on September 11, 2019
(စတာတင်) ဖြတ်ပြီးဘာသောက်ရမလဲဆရာ?လို့မေးနေကြတဲ့လူတွေတော်တော်လေးကိုများနေပါတယ်။အဖြေကတော့
…..
ဘာမှသောက်စရာမလိုပါဘူး။(LDL)များတိုင်းတော့နှလုံးရောဂါမဖြစ်ပါဘူး။(LDL)ကနှလုံးရောဂါဖြစ်စေတယ်ဆိုတာ(စတာတင်)ဆေးရောင်းတဲ့အရင်းရှင်တွေရဲ့လိမ်ညာချိန်းခြောက်မှု့ပါ။တကယ်တန်းအန္တရာယ်ကြီးတာက(TG)တွေကိုသယ်ဆောင်ထားတဲ့(Remnant Lipoprotein, RLP)ပါပဲ။
—
(LDL)များတိုင်းသာနှလုံးရောဂါဖြစ်ရမယ်ဆိုရင်(saturated fat) ပြည့်ဝဆီစားတဲ့(Keto)သမားတွေအကုန်သေကုန်မှာပေါ့။(keto)သမားအများစုဟာ(TG)နဲပြီး(HDL)နဲ့(LDL)များနေတတ်ကြပါတယ်။အမေရိကန်က(Dave Feldman)က(TG)နဲပြီး(HDL)များရဲ့သားနဲ့၊(LDL)ကြောင့်နှလုံးရောဂါဖြစ်ရတယ်ဆိုတာခိုင်မာတဲ့သုတေသနတစ်ခုလောက်လေးရှိရင်ပြပါ၊ဒေါ်လာ($3000)ပေးပါမယ်လို့ကမ္ဘာကိုစိန်ခေါ်ထားတာကြာပါပြီ။ဘယ်သူမှမပြနိုင်သေးပါဘူး။
—
(TG)ကို(၅)နဲ့စားရင်(RLP)တန်ဖိုးကိုသိနိုင်ပါတယ်။ဆိုလိုတာက(TG)များရင်(RLP)များမယ်။(TG)နည်းရင်(RLP)နည်းမယ်။(TG)ကိုချလိုက်ရင်(RLP)အလိုလိုကျတာပါပဲ။(TG)ကျပြီး(HDL)တက်အောင်ကျိုးစားကြပါ။ကောင်းတာတစ်ခုက(TG)ကျရင်(HDL)ကအလိုလိုတက်စမြဲပါပဲ။ဘာကြောင့်လဲဆိုတော့(TG)ရဲ့အမှိုက်ရှုပ်တွေကိုလိုက်ရှင်းနေရလို့(HDL)တွေအပျက်အစီးအဆုံးအရှုံးများနေရတာပါ။(TG)နည်းသွားရင်(HDL)အလိုလိုတက်လာပါတယ်။
—
(TG)ဘာကြောင့်များရတာလဲလို့မေးရင်တော့(Insulin Resistance)ကြောင့်ပါ။သွေးထဲမှာ(insulin)များနေရင်(TG)များတာပါပဲ။အကျိုးအကြောင်းဆက်စပ်ကြည့်လိုက်တော့တကယ်တန်းနှလုံးရောဂါကိုဖြစ်ပွားစေတာ(insulin resistance)ကြောင့်ပါပဲ။(insulin resistance)ဖြစ်တာကလဲကာဗိုဟိုက်ဒရိတ်နဲ့(PUFA-6)ကြောင့်ပါပဲ။ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့(glucose, fructose, lactose)တွေပါပဲ။(PUFA-6)ဆိုတာတွေကတော့(Vegetable oil)တွေပါပဲ။
—
အကြောင်းအကျိုးအားလုံးဆက်စပ်ကြည့်လိုက်တော့။နှလုံးရောဂါဖြစ်ပွားတာဟာ(LDL)ကြောင့်မဟုတ်ပဲ။(Insulin resistance)ကိုဖြစ်ပေါ်စေတဲ့၊ကာဗိုဟိုက်ဒရိတ်နဲ့(PUFA-6)ကြောင့်ပါပဲ။
—
(LDL)ကြောင့်နှလုံးရောဂါဖြစ်တာမဟုတ်ပါဘူး။(RLP)ကြောင့်ပါဆိုတာကျွန်တော့်စကားမဟုတ်ပါဘူး။ဒီမှာအမေရိကန်အစိုးရရဲ့(.gov)စာမျက်နာမှာတင်ထားတဲ့ယုံကြည်စိတ်ချရတဲ့(Research)ပါ။ဒီမှာလင့်ဖတ်ကြည့်ကြပါ။
https://www.ncbi.nlm.nih.gov/pmc/articles/PMC4889167/
—
အနစ်ချုပ်ပြောရရင်တော့(စတာတင်)ကိုဖြတ်ပါ။(TG)ကျပြီး(HDL)တက်အောင်လုပ်ကြပါစို့။(TG)ကျပြီး(HDL)တက်အောင်ဘာလုပ်ရမလဲဆိုတော့(Insulin resistance)နည်းအောင်လုပ်ရပါမယ်။
—
အားလုံးကိုကျန်းမာစေလိုသောဆန္ဒဖြင့်၊
Kelvin Albert Power
(Nutrition Specialist, Florida, USA)