အလွန်ကြောက်စရာကောင်းသောကူးစက်မှု့လမ်းကြောင်းအသစ်

Source from Kelvin A. Power’s Facebook on April 12, 2020
အလွန်ကြောက်စရာကောင်းသောကူးစက်မှု့လမ်းကြောင်းအသစ်။
ဆရာဝန်တွေ၊ဆေးရုံဝန်ထမ်းတွေအထူးသတိထားရန်။လူတိုင်းသေချာနားလည်လာအောင်စာဆုံးအောင်ဖတ်ကြပါ။(Video)ကိုလဲသေချာနားလည်အောင်ကြည့်ကြပါ။ပြီးတော့အချိန်နောက်မကျသွားခင်၊တတ်အားတရွေ့မြန်မြန်ဖြန့်ဝေပေးကြပါ။ကျွန်တော့်အနေနဲ့ရှေ့တန်းမှာတိုက်နေတဲ့ဆရာဝန်တွေ၊သူနာပြုတွေနဲ့ဆေးရုံဝန်ထမ်းတွေကိုလုံးဝအဆုံးအရှုံးမခံနိုင်ပါဘူး။
အရင်တုံးက(CCP Virus)ဟာလမ်းကြောင်းနှစ်ခုကနေပဲကူးစက်တယ်လို့သိထားကြပါတယ်။
(၁)ထိတွေ့မှု့မှကူးစက်ခြင်း။
ပိုးရှိနေတဲ့အရာဝတ္တုတစ်ခုခုကိုနှာခေါင်း၊ပါးစပ်နဲ့ထိမိမယ်။(သို့မဟုတ်)အဲဒီအရာဝတ္တုကိုလက်နဲ့အရင်ထိမိကိုင်မိမယ်။နောက်ပြီးတော့အဲဒီလက်ကိုပါးစပ်နဲ့နားခေါင်းကိုပြန်ကိုင်မိမယ်။
(၂) (droplets)အကြီးစားတွေကနေကူးစက်ခြင်း။
ရောဂါရှိသူကနှာချေ၊ချောင်းဆိုးရာကထွက်လာတဲ့(droplets)အကြီးစားတွေကိုတိုက်ရိုက်ရူမိလို့ရောဂါကူးစက်မယ်။ဒါမှမဟုတ် (droplets)တွေထိထားတဲ့အရာဝတ္တုကိုလက်နဲ့ကိုင်မိ၊ရူမိရာကနေကူးစက်မယ်။
အစတုံးကတော့အထက်ပါလမ်းကြောင်းနှစ်ခုကိုပဲသိထားကြတယ်။အထက်ပါလမ်းကြောင်းနှစ်ခုကိုသိပြီးတိတိကျကျလိုက်နာနေရဲ့သားနဲ့ဒီရောဂါဟာအကြီးအကျယ်ကိုပြန့်ပွားသွားရပါတယ်။ဒါကြောင့်အခုထပ်သိလာရတဲ့တတိယလမ်းကြောင်းကပိုပြီးတော့အရေးကြီးပြီးကြောက်စရာကောင်းပါတယ်။ဒီတတိယလမ်းကြောင်းကြောင့်အကြီးအကျယ်ထိန်းချုပ်မရအောင်ပြန့်ပွားသွားရတာပါ။နောက်တွေ့ရှိတဲ့နံပါတ်(၃)လမ်းကြောင်းကတော့—
(၃) (aerosol transmission from micro-droplets)ပါပဲ။
ဂျပန်သုတေသနတစ်ခုက၊ရောဂါရှိသူကနှာချေ၊ချောင်းဆိုးလိုက်ရင်(droplets)ကြီးတွေတင်မကပဲ၊ရေငွေ့လိုမျိုးအလွန်သေးငယ်တဲ့(micro-droplets)ကလေးတွေပါပေါ်ထွက်လာတယ်လို့သိရှိရပါတယ်။နာချေ၊ချောင်းဆိုးရုံတင်မကပဲသာမန်စကားကျယ်ကျယ်ပြောရင်တောင်မှ(micro-droplets)တွေထွက်ပေါ်လာတယ်ဆိုတာနောက်ဆုံးတွေ့ရှိလာပါပြီ။ဒီ(micro-droplets)တွေဟာလေထဲမှာနာရီပေါင်းများစွာနေနိုင်လို့လေထဲကနေကူးစက်နိုင်မှု့(aerosol transmission)လို့ခေါ်ဆိုရခြင်းဖြစ်ပါတယ်။
လေထဲကနေကူးစက်နိုင်တဲ့ရောဂါဆိုတာအလွန်ကြောက်စရာကောင်းပါတယ်။ပေးထားတဲ့(Video)မှာဂျပန်နိုင်ငံကရတဲ့သုတေသနကိုသေချာဆုံးအောင်ကြည့်ပါ။ဘယ်လိုကူးစက်တယ်ဆိုတာသေချာနားလည်ဖို့လိုပါတယ်။ဗီဒီယိုမှာပြထားသလိုလူ(၁၀)ယောက်ရပ်နေတဲ့အခန်းထဲမှာအစွန်ဆုံးမှာရှိနေတဲ့ရောဂါရှိသူတစ်ယောက်ကနေချောင်းကလေးတစ်ချက်ဆိုးလိုက်ပါတယ်။သူဆိုးတဲ့ချောင်းကနေ(droplets)စုစုပေါင်းတစ်သိန်းကျော်လောက်ထွက်လာပြီးအမျိုးအစားနှစ်မျိုးကွဲထွက်သွားပါတယ်။
တစ်သိန်းကျော်လောက်ထွက်လာတဲ့(droplets)နှစ်မျိုးထဲကအကြီးစားတွေကို(အပြာရောင်+အစိမ်းရောင်)နဲ့ပြထားပြီး။အဲဒီအကြီးစား(droplets)တွေကကြမ်းပြင်ပေါ်ကို(၂)မိနစ်အတွင်းမှပြုတ်ကျသွားပါတယ်။(World Harmful Organization)ကတော့(droplets)အကြီးစားတစ်မျိုးတည်းထွက်လာတယ်ထင်ပြီး၊အလေးကြီးတွေဆိုတော့အောက်ကိုခဏလေးနဲ့ကျသွားမယ်၊လေထဲကနေလဲမကူးစက်နိုင်ဘူး၊ဒါကြောင့်(Mask)လဲမလိုအပ်ဘူးလို့နမော်နမဲ့ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်တကယ့်လက်တွေ့မှာကြတော့(droplets)နှစ်မျိုးတောင်ထွက်လာပါတယ်။ရေငွေ့ကဲ့သို့အလွန်သေးငယ်တဲ့(micro-droplets)လေးတွေဟာလေထဲမှာအပူချိန်များရင်များသလိုပိုပြီးတော့အချိန်အကြာကြီးနေနိုင်ပါတယ်။အပူချိန်များရင်ရေငွေ့ပိုပြီးပြန်နိုင်တယ်ဆိုတာအားလုံးသိကြမှာပါ။ဒါကြောင့်အမေရိကန်မှာအပူဆုံးဖြစ်တဲ့တောင်ဖက်အကျဆုံးမာယာမီမြို့ဟာ၊ဖလော်ရီဒါပြည်နယ်ရဲ့အများဆုံးကူးစက်ခံရတဲ့နေရာဖြစ်နေတာလူတိုင်းသတိထားမိကြမှာပါ။
အစောက(Video)ကိုပြန်ကြည့်လိုက်ရင်လူဆယ်ယောက်ရှိတဲ့အလုံပိတ်အခန်းထဲမှာ(micro-droplets)လေးတွေကိုအနီရောင်အခိုးအငွေ့တွေနဲ့ပြသထားပါတယ်။နောက်တစ်ကြိမ်မှာ(micro-droplets)တစ်မျိုးထဲကိုပဲအချိန်ပေါ်မူတည်ပြီးတစ်ခန်းလုံးသို့ကူးစက်ပြန့်နှံ့သွားပုံကိုပြသထားပါတယ်။
ဒီသုတေသနတွေ့ရှိချက်အရ၊ရေငွေ့ကဲ့သို့အလွန်သေးငယ်ပြီးအရမ်းပေါ့တဲ့အနီရောင်ပြထားတဲ့(micro-droplets)လေးတွေဟာပေါ့ပါးလို့အောက်ကိုခဏလေးနဲ့ကျမသွားပဲလေထဲမှာနာရီနဲ့ချီပြီးနေနိုင်ပါတယ်။အခန်းရဲ့အပူချိန်အပေါ်မှာမူတည်ပြီးပိုပြီးတောင်ကြာနိုင်ပါတယ်။ဆိုလိုတာကရောဂါရှိသူလူတစ်ယောက်ကအခန်းတစ်ခန်းထဲမှာချောင်းဆိုးပြီးနာရီအနည်းငယ်အကြာမှာနောက်လူတစ်ယောက်ရောက်လာပြီးအဲဒီလေကိုရူရိုက်မိရင်တောင်(aerosol transmission)အနေနဲ့လေထဲကနေရောဂါကူးစက်နိုင်ပါတယ်။
မြန်မာပြည်ကတချို့လူတွေကစာသေချာမဖတ်၊သုတေသနသေချာမလုပ်ပဲ၊(WHO)စကားအတိုင်းလေထဲကနေမကူးစက်နိုင်ဘူးလို့ဆက်ပြီးရေးနေ၊ပြောနေကြတာဟာလူတွေကိုသတင်းမှားနဲ့သတ်နေကြတာပါပဲ။အဲဒီလိုသတင်းမှားတွေကိုယုံမိပြီးအသက်ဆုံးရံှုးသွားရတဲ့လူတွေမနည်းတော့ပါဘူး။
ဒါဆို၊ဘာလုပ်ကြရင်ကောင်းမလဲ?။
ဂျပန်သုတေသနကအရေးကြီးတာတစ်ခုထပ်ပြီးပြောပါသေးတယ်။အဲဒီလို(aerosol transmission)အနေနဲ့လေထဲကနေကူးစက်နိုင်တာဟာအလုံပိတ်အခန်းတွေပါပဲတဲ့။အထူးသဖြင့်(Aircon;)အခန်းတွေကိုဆိုလိုခြင်းဖြစ်ပါတယ်။(Aircon;)စက်ဟာအခန်းထဲကလေတွေကိုလှုပ်ရှားနေအောင်မွှေနှောက်ပြစ်ပါတယ်။(Aircon;)စက်တွေမှာ(Filter)တွေတော့ပါကြပါတယ်။ဒါပေမယ့်အဲဒီ(Filter)တွေဆိုတာဒီပိုးတွေထက်အဆပေါင်းများစွာကြီးတဲ့ဖုန်မှုန့်၊အမှိုက်တွေကိုသာစစ်ထုတ်ပေးနိုင်ပြီး။ဒီပိုးကိုတားဆီးစစ်ထုတ်နိုင်ဖို့ဒီဇိုင်းလုပ်ထားတာတွေမဟုတ်ပါဘူး။
လေထဲကနေကူးစက်မခံရချင်ရင်အခန်းမှာ(Aircon;)စက်တွေတပ်မထားပဲ။ပြတင်းပေါက်တွေဖွင့်ထားတဲ့အခန်း။ပန်ကာတွေနဲ့လေစုတ်ထုတ်ထားပြီးလေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားတဲ့အခန်းတွေဖြစ်ရပါလိမ့်မယ်။(air ventilation)ကောင်းတဲ့အခန်းဖြစ်ရပါမယ်။ဒီနေရာမှာအရေးကြီးပြောစရာတစ်ခုကမြန်မာနိုင်ငံကအိမ်တွေတော်တော်များများဟာ(Aircon;)မသုံးပဲပြတင်းပေါက်တွေဖွင့်ထားတတ်လို့လေဝင်လေထွက်အလွန်ကောင်းပါတယ်။ဒါကြောင့်(Aircon;)တွေအသုံးများပြီးလေဝင်လေထွက်မကောင်းတဲ့ခေတ်မှီနိုင်ငံကြီးတွေမှာသာရောဂါကူးစက်မှု့နှန်းမြန်ဆန်ပြီး၊မြန်မာပြည်မှာကူးစက်မှု့နှန်းနှေးကွေးနေရခြင်းအကြောင်းတစ်ခုဖြစ်ပါတယ်။
ရောဂါမကူးစက်ဖို့အဓိကလုပ်ရမှာတွေကတော့၊
(၁) လက်မဆော့ပါနှင့်။
လက်နှင့်မျက်နှာ၊နှာခေါင်းမကိုင်ပါနှင့်။လက်ကိုသေချာဆပ်ပြာနဲ့စင်အောင်ဆေးပါ။
(၂) အလေမလိုက်ပါနှင့်။
လူအများရှိတဲ့နေရာကိုသိပ်မသွားပဲကိုယ့်အိမ်မှာကိုယ်နေပေးပါ။
(၃) ခပ်ချေချေကလေးနေပေးပါ။
လူအများနဲ့တွေရင်မရောနှောပဲခပ်ချေချေ၊ခပ်ခွာခွာ၊ဝေးဝေးကနေပဲစကားပြောပါ။
(၄) မျက်နှာပြောင်မတိုက်ပါနှင်။
ကိုယ်ကခပ်ချေချေနေလို့မရပဲလူကြားသူကြားထဲဝင်ရမဲ့ဆယ်လီတစ်ယောက်ဖြစ်နေရင်တော့၊မျက်နှာပြောင်မတိုက်ပါနှင့်၊မျက်နှာပြောင်မတိုက်မိအောင်အမြဲတန်း(Mask)တတ်သွားပါ။
(၅) လွတ်လပ်မှု့ကိုမြတ်နိုးပါ။
အလုံပိတ်အခန်းထဲမှာထောင်ချမနေပဲလွတ်လပ်မှု့ကိုမြတ်နိုးပါ။လေဝင်လေထွက်ကောင်းအောင်ပြတင်းပေါက်လေးဘာလေးဖွင့်ပါ။ပြင်ပလေကိုလွတ်လပ်စွာရူရှိုက်ပါ။
အဓိကကူးစက်နိုင်တဲ့နေရာတွေကတော့အလုံပိတ်ထားတဲ့အစည်းအဝေးခန်းမတွေ၊(Super Market)ကြီးတွေ၊လူများတဲ့အလုံပိတ်နေရာတွေ၊ခရီးသွားတဲ့(Aircon-Bus)ကားတွေ၊အလုံပိတ်လေဆိပ်ကြီးတွေ၊ဆေးရုံမှာလူနာလာပြရင်ထိုင်စောင့်ရတဲ့အခန်းတွေနဲ့နောက်ဆုံးအရေးကြီးဆုံးကဆရာဝန်တွေ၊သူနာပြုတွေ၊ဆေးရုံလုပ်သားတွေအလုပ်လုပ်ပြီးလို့အဝတ်ပြန်လဲရတဲ့အဝတ်လဲခန်းတွေပါပဲ။
ဒီရောဂါဟာဆရာဝန်တွေ၊သူနာပြုတွေနဲ့ဆေးရုံဝန်ထမ်းတွေကိုအများဆုံးကူးစက်ခံရပြီးအသက်ဆုံးရှုံးကြရပါတယ်။ဘယ်မှာအကူးစက်ခံရသလဲလို့မေးရင်တော့(aerosol transmission)ဖြစ်နေလို့၊အလုပ်ပြီးလို့အိမ်ပြန်ခါနီး(PPE)တွေကိုပြန်လဲခဲ့ရတဲ့အဝတ်လဲခန်းကနေအဓိကကူးစက်တာပါပဲ။ဆရာဝန်တွေ၊သူနာပြုတွေ၊ဆေးရုံဝန်ထမ်းတွေအတွက်အထူးသတိပေးချင်တာကတော့နောက်ဆုံးအဝတ်လဲခန်းကနေရောဂါကူးစက်မခံရအောင်(Protocol)တစ်ခုခုလုပ်ကြပါ။
ဆရာဝန်တွေ၊သူနာပြုတွေ၊ဆေးရုံဝန်ထမ်းတွေဟာ(PPE)တွေကိုပြန်လဲတဲ့အချိန်မှာ(PPE)တွေမှာကပ်နေတဲ့ပိုးတွေဟာလေထဲကိုခါလိုက်သလိုဖြစ်ပြီးပြန်ပြီးလွင့်စင်တက်သွားပါတယ်။အဲဒီအချိန်မှာ(Mask)တွေကိုပါချွတ်လိုက်ပြီးသားဖြစ်နေလို့၊အဲဒီအခန်းမှာလေထဲကပိုးတွေကိုအများဆုံးပြန်ရူသွင်းမိတတ်ပါတယ်။(aerosol transmission)ဖြစ်နေလို့အလွန်အန္တရာယ်များပါတယ်။
ဒီနောက်ဆုံး၊အိမ်ပြန်ခါနီးအဝတ်လဲရတဲ့အခန်းလေးကနေရာဂါကူးစက်တတ်တယ်ဆိုတာသိထားရင်ဘာမှအကျိုးမထိခိုက်နိုင်ပါဘူး။ကောင်းကျိုးပဲရကြမှာပါ။ယုံတာမယုံတာကတော့ကိုယ့်အပိုင်းပါ၊ကိုယ်ဖြစ်ရင်ကိုယ်တင်မကပဲ၊အိမ်မှာရှိနေကြတဲ့ကိုယ့်မိသားစုလေးပါခံကြရမှာပါ။ယုံပါလို့မတိုက်တွန်းလိုပါဘူး။ဉာဏ်ပညာနဲ့သာသေချာစဉ်းစားဆုံးဖြတ်ကြပါ။
ရောဂါမကူးစက်အောင်အလွယ်အားဖြင့်အတိုချုပ်မှတ်ရန်။
လက်မဆော့ပါနှင့်။
အလေမလိုက်ပါနှင့်။
မျက်နှာပြောင်မတိုက်ပါနှင်။
လွတ်လပ်မှု့ကိုမြတ်နိုးပြီး။
ခပ်ချေချေကလေးနေပေးပါ။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Reference: A video file as an attachment
https://www.facebook.com/kelvin.power.1675/videos/224153232194425
Shopping Cart