အရေးပေါ်အခြေအနေမြန်မာပြည်။(D614G mutation strain)လာပြီ။

Source from Kelvin A. Power’s Facebook on August 22, 2020
အရေးပေါ်အခြေအနေမြန်မာပြည်။(D614G mutation strain)လာပြီ။
မကြာခင်မှာကြုံတွေ့လာရတော့မယ့်အဆိုးဆုံးအခြေအနေတရပ်အတွက်သာကြိုတင်ပြီးပြင်ဆင်ထားကြပေတော့။အရင်က(Covid)ဝင်လာပြီးဘာမှဖြစ်မသွားတော့လူတွေကဒီတခေါက်ကိုလဲလျှော့ပေါ့တွက်မိနေကြတယ်။ဒီ(COVID)ကအရင်ကလာတယ့်ကိုဗစ်လိုရိုးရိုးကိုဗစ်မဟုတ်တော့ဘူးဗျ၊အခုလာမယ့်ကောင်ကရှယ်။ရှယ်ကမှရိုးရိုးရှယ်မဟုတ်ဘူး၊ဇွန်း(၁၀)ချောင်းကိုတပြိုင်တည်းတပ်ထားတဲ့၊ဇွန်းတတ်ရှယ်။ဒါကြောင့်ကျွန်တော်မြန်မာပြည်သူပြည်သားတွေအတွက်အတော်လေးစိတ်တွေလေးနေမိတယ်ဗျာ။
အရင်တုံးက(Covid-19)ပထမအကြိမ်ဝင်လာတော့မြန်မာလူမျိုးတွေဘာမှမဖြစ်ပါဘူး။စိတ်မပူကြပါနှင့်၊ဒူပေဒန်ပေနေခဲ့ကြတဲ့မြန်မာလူမျိုးတွေရဲ့သွေးထဲမှာရောဂါခုခံနိုင်တဲ့(Antibodies)တွေရှိပြီးသားဖြစ်နိုင်ပါတယ်။ရွှေမြန်မာတွေမကြောက်ပါနှင့်လို့ကျွန်တော်ပြောခဲ့တာအားလုံးပြန်မှတ်မိကြမှာပါ။ကျွန်တော်ပြောတဲ့အတိုင်းလဲ၊ပထမလှိုင်းတုံးကမြန်မာတွေဘာမှကိုမခံလိုက်ရပါဘူး။ကျွန်တော်ခန့်မှန်းခဲ့တဲ့အတိုင်း၊ပထမလှိုင်းဟာမြန်မာပြည်ကိုဒုက္ခမပေးပဲချန်ထားခဲ့ပါတယ်။
(D614G mutation)ဆိုတာ)(viral spike protein)ရဲ့(Position 614)နေရာမှာနဂိုက(D- aspartic acid)အစားယခု(G-Glycine)နဲ့အစားထိုးသွားလို့(D)ကနေ(G)ကိုပြောင်းခေါ်တဲ့သဘောပါ။အဲဒီအစားထိုးပြောင်းလဲသွားတဲ့(Amino Acid Glycine)ဆိုတာတခြားမဟုတ်ပါဘူး၊တချို့လူတွေသောက်နေကြတဲ့ဖြည့်စွက်စာ(Glycine)နဲ့အတူတူပါပဲ။
ဒါပေမယ့်ဒီတစ်ခါတော့မရတော့ဘူးလို့ထင်တယ်ဗျ။ဒီ(Glycine)ဖက်ကိုပြောင်းသွားပြီး(Mutation)ဖြစ်သွားတဲ့ဒုတိယလှိုင်းပိုးဟာအရင်လိုမဟုတ်တော့ပါဘူး၊ပိုပြီးကြောက်စရာကောင်းပါတယ်။ဒီဒုတိယလှိုင်းဟာမြန်မာပြည်ကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။
(G614-strain)ဆိုတာအလွန်ဆိုးရွားပါတယ်။(R0)တန်ဖိုးလဲအလွန်မြင့်မားပါတယ်။ကူးစက်မှု့နုန်း(၁၀)ဆကျော်လောက်မြင့်တဲ့အမျိုးအစားလဲဖြစ်ပါတယ်။သေပျောက်မှု့နုန်းရောဘယ်လောက်မြင့်မားမလဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်သေးပါ။
သို့သော်သေချာတဲ့ဒီ(https://www.sciencedirect.com/…/pii/S1201971220303787)သုတေသနကတော့သေပျောက်မှု့နုန်းလဲအဆမတန်များတယ်လို့ဆိုထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ(G614-Strain)နဲ့ကြုံတွေ့ခဲ့ရတဲ့(Belgium, Spain, Italy, France)တို့ရဲ့လူဦးရေတစ်သန်းချင်းဆီမှာသေဆုံးခဲ့တဲ့သေပျောက်နုန်း(Death per 1 Million population)ဟာ၊ဒီ(Strain)နဲ့မကြုံလိုက်ရတဲ့(Germany နဲ့ Kuwait)တွေရဲ့သေပျောက်နုန်းထက်အဆမတန်ကိုများပြားနေပါတယ်။
ဆိုလိုချင်တာကဒီဇွန်းတတ်ရှယ်ကိုဗစ်ဟာရောဂါကူးစက်မှု့နုန်း(၁၀)ဆမကများပြားနေလို့၊ဘယ်သူမှလွတ်ဖို့မလွယ်ပါဘူး၊လူတိုင်းကိုကူးစက်လာမှာပါပဲ။သေပျောက်မှု့နုန်းကလဲရိုးရိုးကိုဗစ်ဖြစ်တဲ့(Germany နဲ့ Kuwait)တို့မှာနည်းပြီး၊ရှယ်ကိုဗစ်နဲ့တွေ့လိုက်ရတဲ့(Belgium, Spain, Italy, France)တို့မှာအလွန်များသွားတယ်ဆိုပေမယ့်၊မြန်မာပြည်မှာဖြစ်လာရင်သေချာပေါက်အများကြီးအသက်ဆုံးရှုံးကြမယ်လို့တော့မဆိုနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့၊ကံ၊ကံရဲ့အကျိုးနဲ့လဲဆိုင်သလို၊လူတွေရဲ့ဂရုစိုက်မှု့အပေါ်မှာလဲမူတည်နေပါတယ်။
ဒါကြောင့်ကြောက်လှန့်နေမယ့်အစား၊အကောင်းဆုံးကိုမျှော်လင့်ထားပြီးတော့အဆိုးဆုံးအတွက်ပြင်ဆင်ထားကြစေလိုပါတယ်။ခြိန်းခြောက်နေတာမဟုတ်ပါ။အရင်တခေါက်ကလဲမခြိန်းခြောက်တဲ့အပြင်၊လူတိုင်းသွေးပျက်ကြောက်လှန့်နေတဲ့အချိန်မှာမကြောက်ကြဖို့၊ဘာမှမဖြစ်နိုင်ဘူးဆိုပြီးအားပေးခဲ့ပါသေးတယ်။အခုကတော့အရင်တခေါက်လိုမဟုတ်တော့ပဲ၊အခြေအနေဆိုးချင်ဆိုးလာနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမယ့်အတူတူ၊ထိုင်ကြောက်နေမယ့်အစား၊အမှန်ကိုသိရှိထားပြီး၊ကြိုတင်ပြင်ဆင်ထားနိုင်ရင်သက်သာရာရနိုင်ပါတယ်။
အမှန်အတိုင်းပြောရရင်၊ဒီ(ရှယ်)အမျိုးအစား(G614-strain)လာပြီဆိုရင်တော့လူတိုင်းစေ့ဆီကိုအနှေးနဲ့အမြန်သာကွာမယ်သေချာပေါက်ကူးလာနိုင်တာပါပဲ။လွတ်နိုင်စရာနည်းလမ်းတော့အလွန်နည်းပါတယ်။ဒီအမျိုးအစားနဲ့တွေ့တဲ့နိုင်ငံတိုင်းဟာကံဆိုးမိုးမှောင်ကျခဲ့ရတဲ့အထောက်အထားတွေကိုသင်ခန်းစာယူပြီးတော့ကြိုတင်ပြင်ဆင်ထားကြပါ။သေပျောက်မှု့နုန်းဆိုတာကလဲနိုင်ငံတစ်နိုင်ငံရဲ့အစိုးရနဲ့ပြည်သူအပေါ်မှာလဲမူတည်နေပါတယ်ဆိုတာကိုတော့လူတိုင်းမေ့မသွားကြပါနှင့်။
ချိန်းခြောက်နေတာမဟုတ်ပါ။ပထမတစ်ကြိမ်တုံးကလဲလူတိုင်းသွေးပျက်အောင်ကြောက်လှန့်နေတဲ့အချိန်မှာလူတွေကိုမကြောက်ကြပါနှင့်၊သင်္ကြန်မှာတောင်ကဲချင်ရင်တောင်ကဲလို့ရပါတယ်။ရွှေမြန်မာတွေဘာမှမဖြစ်ပါဘူးလို့ကျွန်တော်ရေးခဲ့၊ခန့်မှန်းခဲ့ဖူးပါတယ်။အရင်ကလဲမခြိမ်းခြောက်ခဲ့သလို၊အခုလဲခြိမ်းခြောက်စရာမရှိပါဘူး။ဒီတခေါက်ကတော့အရင်ကလိုမဟုတ်တော့ပဲစိုးရိမ်ရပါတယ်။
ဒီရောဂါဟာရင်ဆိုင်ကျော်ဖြတ်ပြီးတော့(Herd immunity)ရသွားတော့မှပြီးဆုံးမှာပါ။(Herd immunity )ဆိုတာကလဲတစ်ခြားမဟုတ်ပါဘူး။လူတိုင်းနီးပါးအားလုံး၊ရောဂါတွေဖြစ်ပြီးသွားလို့(immunity)တွေလူအားလုံးနီးပါးမှာရသွားကြတာကိုပြောချင်တာပါ။
အရေးကြီးတာတစ်ခုထပ်ပြောရဦးမယ်။အဲဒါကတော့ကာကွယ်ဆေးကိစ္စပါပဲ။ကာကွယ်ဆေးကအမေရိကန်ကပဲထုတ်ထုတ်၊ရုရှားကနေပဲထုတ်ထုတ်၊ဒီ(G614-strain)ကိုကာကွယ်ပေးနိုင်မယ်လို့တော့မထင်ပါ။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့။
(၁)ကာကွယ်ဆေးဆိုတာကလဲ၊ပိုးသတ်ဆေးမဟုတ်ပါဘူး။ပိုးအတု(သို့မဟုတ်)ပိုးအသေ(သို့မဟုတ်)ပိုးရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုခုကိုလူ့ရဲ့ခန္ဓာကိုယ်ထဲကိုထိုးသွင်းလိုက်ပြီး(Immune System)ကိုကြိုတင်ပြီးလေ့ကျင့်ပေးတဲ့သဘောပါပဲ။
ဆိုလိုတာက(Immune System)ဟာပိုးအတု(သို့မဟုတ်)ပိုးအသေ(သို့မဟုတ်)ပိုးရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုခုကိုကြည့်ပြီးပိုးအစစ်နဲ့နီးစပ်စွာတူတဲ့(antibody)တွေထုတ်ပေးနိုင်ပြီးတော့(immunity)ရလာပြီး၊တကယ့်ပိုးအစစ်ဝင်လာရင်ကာကွယ်ပေးနိုင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်လုပ်တာပါပဲ။
—-
(၂)ဒီနေရာမှာမေးစရာတစ်ခုရှိတာက၊တကယ်(Covid)ပိုးအစစ်နဲ့တွေ့လို့၊ရောဂါအစစ်အမှန်တွေအမှန်တစ်ကယ်ဖြစ်ပြီး၊ကိုယ်တွင်းမှာခုခံမှု့စနစ်ကနေပြီး(immunity)အစစ်အမှန်တွေကိုသဘာဝအတိုင်းရသွားတဲ့လူတွေတောင်၊ဒီရောဂါကိုဒုတိယအကြိမ်ထပ်ဖြစ်ချင်ဖြစ်နိုင်တယ်စိတ်မချရဘူးဆိုပြီးတော့ပညာရှင်တွေအချို့ပြောဆိုအငြင်းပွားနေကြသေးတာ။သူတို့ပြောဆိုနေတဲ့အတိုင်းဆိုပိုးအစစ်ကရတဲ့သဘာဝ(immunity)တွေကတောင်ထပ်မဖြစ်ဘူးဆိုတာအာမခံချက်မပေးနိုင်ဘူးဆိုရင်–
ပိုးအတု(သို့မဟုတ်)ပိုးအသေ(သို့မဟုတ်)ပိုးရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုထိုးသွင်းလိုက်လို့ဖြစ်ပေါ်လာတဲ့၊ပိုးအတုကနေရလိုက်တဲ့(immunity)ကရောစိတ်ချရပါ့မလား။ပိုးအစစ်ကနေသဘာဝအတိုင်းရတဲ့(Antibody)ကတော့စိတ်မချရပဲ၊ပိုးအတုကနေရတဲ့(Antibody)ကစိတ်ချရတယ်ဆိုရင်တော့၊ကာကွယ်ဆေးရောင်းချင်လို့လိမ်ညာပြီး(ဂျင်း)ထည့်သလားဆိုတာစဉ်းစားစရာဖြစ်သွားပြီ။
(၃)ပြီးတော့ဒီ(RNA Virus)ပိုးမျိုးတွေဆိုတာကလဲအချိန်ပြည့်(Mutation)တွေဖြစ်ပြီးမျိုးရီုးဗီဇတွေအမျိုးမျိုးပြောင်းလဲနေတာ။ တကယ်ပိုးအစစ်နဲ့တွေ့လို့၊ရောဂါအစစ်အမှန်တွေအမှန်တစ်ကယ်ဖြစ်ပြီး၊ကိုယ်တွင်းမှာခုခံမှု့စနစ်ကနေသဘာဝအတိုင်း(immunity)ရလာတဲ့ပုဂ္ဂိုလ်ဟာ(broad spectrum immunity)လို့ခေါ်တယ်။ပိုးအစစ်ရဲ့အစိတ်အပိုင်းအမျိုးမျိုးကိုနည်းအမျိုးမျိုးနဲ့ကာကွယ်တိုက်ခိုက်ပေးနိုင်တာကိုပြောတာ။
ကာကွယ်ဆေးဆိုတာတွေကတော့၊ပိုးအတု(သို့မဟုတ်)ပိုးအသေ(သို့မဟုတ်)ပိုးရဲ့အင်္ဂါအစိတ်အပိုင်းတစ်ခုခုကြောင့်ဖြစ်ပေါ်လာတဲ့(immunity)ဟာအဆိုပါအင်္ဂါအစိတ်အပိုင်းတစ်ခုတည်းကိုပဲပြစ်မှတ်ထား(Target)လုပ်ပြီးတိုက်ခိုက်နိုင်တာ။အဆိုပါအင်္ဂါအစိတ်အပိုင်းတစ်ခုခုကလဲအမြဲ(Mutation)တွေဖြစ်ပြီးပြောင်းလဲနေတာဆိုတော့၊အဲဒီအဆိုပါအစိတ်အပိုင်းကပြောင်းလဲသွားပြီဆိုရင်ကာကွယ်ဆေးကဘာများသွားတတ်နိုင်တော့မှာလဲ။
(၄)ကုသဆေးမရှိသလို၊ကာကွယ်ဆေးဆိုတာလဲဘာမှအသုံးမဝင်တဲ့အပြင်၊အဲဒီကာကွယ်ဆေးတွေကနေရေရှည်တစ်သက်လုံးခံစားရမယ့်ဘေးထွက်ဆိုးကျိုးတွေဘယ်လောက်ရှိသလဲဆိုတာကိုလဲဘယ်သူကမှအတိအကျမပြောနိုင်သေးပါဘူး။
သေချာအချိန်ပေးပြီးမစမ်းသပ်နိုင်ပဲအစောတလျှင်ထုတ်ချလိုက်တဲ့ကာကွယ်ဆေးဆိုတာဘယ်နိုင်ငံကထုတ်ထုတ်ရေရှည်အန္တရာယ်ဘေးထွက်ဆိုးကျိုးတွေဖြစ်ဖို့(90%)လောက်သေချာနေပြီး၊ရောဂါတစ်ကယ်ကာကွယ်နိုင်ဖို့ကတော့(10%)တောင်မသေချာပါဘူး။
–ဆိုလိုချင်တာကတော့ဈေးကွက်ကိုအရင်ဦးဆုံးလုယူချင်လို့အမြန်လုထုတ်ကြတာဆိုတော့၊ရောဂါကာကွယ်၊မကာကွယ်မသေချာသလို၊ရေရှည်ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေဘယ်လောက်ရှိသလဲဆိုတာလဲဘယ်သူမှမသိနိုင်သေးဘူး။
(၅)ဘယ်ကာကွယ်ဆေးပဲထိုးထိုး၊ကာကွယ်ဆေးကပိုးမသတ်ပေးပါဘူး။ကိုယ့်အမေမွေးကတည်းကပါလာတဲ့သဘာဝခုခံမှု့စနစ်ကသာလျှင်ကာကွယ်တိုက်ခိုက်ပေးတာပါပဲ။ဒါကြောင့်ဒီရောဂါကိုကာကွယ်ဖို့ဆိုတာတစ်ကြောင်းတည်းသောအကောင်းဆုံးနည်းလမ်းကတော့၊မိမိရဲ့အမေမွေးကတည်းကပါလာတဲ့ခုခံအားစနစ်ကိုကောင်းအောင်ကျိုးစားပါ။ဒါအကောင်းဆုံးပါပဲ။
ရောဂါကတော့မလာမှာမပူပါနဲ့လူတိုင်းကို(အနှေးနဲ့အမြန်)ကူးစက်လာမှာပါပဲ။ရောဂါကူးစက်ခံရတာခြင်းအတူတူ၊ခုခံအားကောင်းမွန်မှန်ကန်တဲ့လူ၊ရောင်ရမ်းမှု့နည်းတဲ့လူကတော့နှာစေး၊ချောင်းဆိုးလောက်အဆင့်နဲ့ပဲရောဂါပြီးသွားမယ်။ခုခံအားမကောင်းတဲ့လူ၊ရောင်ရမ်းမှု့များတဲ့လူတွေကြတော့အသက်ပါဆုံးရံှုးနိုင်ပါတယ်။ဒါကြောင့်ခုခံအားကောင်းမွန်အောင်ကျိုးစားရမှာဖြစ်သလို၊တဖက်ကလဲရောင်ရမ်းမှု့နည်းနိုင်သလောက်နည်းအောင်ကျိုးစားကြပါ။ဒီနှစ်ခုကိုကြိုတင်ပြင်ဆင်ထားရင်တော့အကောင်းဆုံးနည်းနဲ့အသက်သာဆုံးဖြတ်ကျော်နိုင်ကြမှာပါ။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့၊ကြောက်လှန့်နေမယ့်အစား၊မိမိတို့တစ်နိုင်ငံလုံးအတွက်၊အကောင်းဆုံးကိုမျှော်လင့်ထားပြီး၊အဆိုးဆုံးအခြေအနေတရပ်အတွက်ပြင်ဆင်ထားကြပါတော့။မိမိခန္ဓာကိုယ်အတွက်လဲခုခံမှု့စစ်တပ်ကြီးကိုစစ်အင်အားတွေတိုးချဲ့ထားပြီး၊အတွင်းသူလျှိုနဲ့တူတဲ့(အတွင်းရောင်ရမ်းမှု့)တွေကိုပပျောက်အောင်ကျိုးစားဆောင်ရွက်ပြင်ဆင်ထားကြဖို့အထူးသတိပေးချင်ပါတယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။ဒီကပ်ဆိုးကြီးကို(ဉာဏ်၊ပညာ)နဲ့အတူ(သတိ၊ဝီရိယ)တရားတွေပေါင်းစည်းပြီးကျော်လွားနိုင်ကြပါစေ။
Kelvin Albert Power
(သဘာဝသမားတော်)
Shopping Cart