အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၂)။

Source from Kelvin A. Power’s Facebook on August 20, 2020
Soft Tissue Calcifications & Kidney Stone Part(II)
အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၂)။
ဒီ(post)ရဲ့အပိုင်း(၁)ကိုရေးလိုက်တော့၊အရေးကြီးတဲ့အခြေခံသဘောတရားတွေကိုနားလည်နိုင်အောင်ဥပမာတွေအမျိုးမျိုးပေးပြီးစိတ်ရှည်ရှည်နဲ့အချိန်ပေးရေးပေးရတော့စာတွေသိပ်ရှည်သွားတယ်။စာတွေသိပ်ရှည်သွားတော့လူတွေမဖတ်ကြတော့ဘူး။
လူတွေစာမဖတ်တော့ဘယ်လောက်စေတနာထားပြီးအချိန်ပေးရေးရေး၊ဘာကျန်းမာရေးဗဟုသုတမှမရတော့ဘူး။လူတွေစာဖတ်တယ်မဖတ်ဘူးဆိုတာဘယ်လိုလုပ်သိလဲဆိုရင်တော့ပြန်စစ်ရတာလွယ်လွယ်လေးပါ။အပိုင်း(၁)ကိုတင်ပြီး(၁)ရက်အကြာမှာပြန်စစ်ကြည့်လိုက်တော့၊လူ(၅၀၀)လောက်(Like)လုပ်ထားကြပြီး။လူ(၂၀၀)ကျော်လောက်ပဲ(Share)လုပ်ထားကြတယ်။
လူ(၅၀၀)လောက်(Like)လုပ်တယ်ဆိုပေမယ့်၊အဲဒီလူ(၅၀၀)လုံးသေချာစာဖတ်တယ်မထင်ကြပါနဲ့။မဖတ်ပါဘူး။(Like)လုပ်တယ်ဆိုတာကလဲ(Post)တစ်ခုတက်လာလို့၊လမ်းကြုံလို့ဆိုပြီးဘာမှအိပ်မစိုက်ရလို့၊(Like)ခလုတ်ကလေးတချက်လောက်ကောက်နှိပ်လိုက်တာ။(Share)လုပ်ထားတဲ့လူ(၂၀၀)ကျော်လောက်ကတော့တစ်ကယ်စာဖတ်တယ်လို့အကြမ်းဖျင်းယူဆနိုင်ပါတယ်။
အဲဒီလူ(Share)လုပ်ထားတဲ့လူတွေကိုတော့စာတစ်ကယ်ဖတ်တယ်လို့ယူဆပြီး၊ကျေးဇူးအထူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့(Post)တစ်ခုကို၊ကိုယ်သေချာမဖတ်ကြည့်ပဲနဲ့ဘယ်သူကမှရမ်းပြီး(Share)မလုပ်ကြဘူးလေ။ဘာတွေရေးထားမှန်းလဲမသိ၊ကိုယ့်ကိုမကောင်းပြောထားလားဘာလားမသိတဲ့စာကို၊ဘယ်သူက၊မဖတ်ပဲနဲ့ရမ်းပြီး(Share)လုပ်မှာလဲ။(Share)တယ်ဆိုကတည်းကများသောအားဖြင့်ဖတ်ပြီးတော့မှ(Share)လုပ်ကြတာမဟုတ်ဘူးလား။
(Like)တွေပေးထားတဲ့လူ(၅၀၀)စလုံးစာဆုံးအောင်ဖတ်တယ်လို့တော့မထင်ပါနဲ့၊မဖတ်ဘူးဆိုတာသေချာပါတယ်။(Like)ကတော့ဘာ(Post)တက်လာလာ၊တစ်ချက်ကလေးကောက်နှိပ်ပေးလိုက်လို့ရတယ်လေ။အိတ်မှမစိုက်ရတာ။ကျွန်တော်လိုချင်တာ(Like)မဟုတ်ဘူး၊စာကိုဆုံးအောင်ဖတ်ကြစေချင်တာ။(Share)လုပ်ထားတဲ့လူတွေကတော့တကယ်ကိုစာဖတ်သူတွေဖြစ်နိုင်ပါတယ်။
ကျွန်တော်ရှင်းရှင်းလေးပဲပြောမယ်။ကျွန်တော်လုံးဝမအားပါဘူး။မအားတဲ့အချိန်ထဲကနေအချိန်တွေခွဲပေးပြီးစာတွေအရှည်ကြီးရေးပေးနေပါတယ်။ဒါပေမယ့်မြန်မာလူမျိုးတွေရဲ့အကျင့်ကစာရှည်သွားရင်မဖတ်ချင်ကြတော့ဘူး။ကျွန်တော်လဲအချိန်ကုန်ခံလက်ညောင်းခံပြီးစာအရှည်ကြီးမရေးချင်ပါဘူး။ဒါပေမယ့်တချို့သဘောတရားတွေကသာမာန်အသိနဲ့နားလည်ဖို့ခက်ခဲလို့ဥပမာတွေအမျိုးမျိုးပေးပြီး၊လက်ညောင်းခံ၊အမုန်းခံပြီးစာအရှည်ကြီးရေးပြီး၊ဥပမာတွေအမျိုးမျိုးနဲ့ရှင်းပြတော့မှနားလည်နိုင်ပါတယ်။သေချာနားလည်တော့မှအကျိုးရှိနိုင်မှာပါ။အပေါ်ယံသိလို့အကျိုးမရှိပါ။
ကျန်းမာရေးကောင်းနေဖို့ဆိုတာဓါတုဗေဒဆေးတွေနဲ့လုပ်ထားလို့မရသလို၊ဖြည့်စွက်စာတွေနဲ့လဲမပြည့်စုံမလုံလောက်ပါဘူး။အသက်ကိုဉာဏ်စောင့်ပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အရေးအကြီးဆုံးအချက်ကတော့(ဉာဏ်ပညာဗဟုသုတ)ပါပဲ။မိမိအသက်ကိုစောင့်ရှောက်နိုင်တဲ့ဉာဏ်ပညာဆိုတာကလဲဗဟုသုတကိုအခြေခံထားရပါတယ်။ဗဟုသုတဆိုတာကလဲ(စာများများဖတ်နိုင်မှု့)အပေါ်မှာသာအခြေခံပါတယ်။ကိုယ့်ကျန်းမာရေးဟာဆရာဝန်အပေါ်မှာတာဝန်မရှိဘူး၊ကိုယ့်အပေါ်မှာသာတာဝန်ရှိတယ်ဆိုတာကိုတော့လူတွေသေချာနားလည်ထားဖို့ဖတာ့လိုနေပါပြီ။
တချို့က၊ရောဂါတွေအမျိုးမျိုးဖြစ်လာတော့မှရောက်လာပြီး၊အမျိုးသမီးရဲ့(C-Box)ကနေတဆင့်လာမေးပါတယ်။ဘာရောဂါတွေဖြစ်လို့ဘာဆေးတွေသောက်ရမလဲပေါ့။ရှင်းရှင်းပြောရရင်တော့အလွယ်ကိုပဲလိုချင်ကြတာ။မောင်ဖြူကဘာသောက်ပေါ့၊မနီကဘာသောက်ပေါ့၊ခလေးထမင်းခွံကြွေးသလိုကြွေးတာကိုအလွယ်နည်းနဲ့ပဲလိုချင်ကြတယ်။
နောက်ဆိုရင်ဘယ်သူ့ကိုမှခလေးတစ်ယောက်လကိုထမင်းခွံကြွေးသလိုအသေးစိတ်အလွယ်ဖြေမပေးတော့ဘူး။အဲဒီလိုဖြေပေးနေရင်၊ဘယ်သူကမှစာဖတ်မှာမဟုတ်တော့ဘူး။အလွယ်ရရင်၊စာဖတ်ပျင်းသွားတော့မယ်။စာမဖတ်ချင်တော့ရင်၊ရေရှည်ခရီးမှာကျန်းမာအောင်ပြုပြင်ပေးလို့ဘယ်လိုမှမရနိုင်ဘူး။ဒါကြောင့်နောက်ဆိုရင်ဘယ်သူဘာရောဂါဖြစ်လို့ဘာဆေးသောက်ရမလဲလို့လာမေးရင်(ရေးပြီးသားစာတွေရှိတယ်၊ရှာဖတ်ပါ)လို့ဆိုပြီးတော့ပဲပြန်ဖြေလိုက်တော့မယ်။
အပွင့်လင်းဆုံးပြောမယ်ဗျာ။ကျွန်တော်ကျန်းမာရေးအသိပညာဆောင်းပါးတွေရေးနေတာဟာခင်ဗျားတို့ဆီက(Like)တွေလိုချင်လို့မဟုတ်ဘူး။ကျွန်တော်လိုချင်တာ(Like)မဟုတ်ဘူး၊လူတွေကိုစာဖတ်စေချင်တာ။(Functional Medicine)ဆိုတာစာမဖတ်ပဲနဲ့ဘယ်လိုမှကောင်းကျိုးမရနိုင်ဘူး။
စာရေးတယ်ဆိုတာလွယ်လွယ်နဲ့ရေးလို့မရဘူး။လာလာပြီးဖိုက်တဲ့လူတွေရှိနေလို့ရန်များတယ်။အတိုက်အခံများလွန်းလို့ခိုင်မာတဲ့သုတေသနအထောက်အထား(Reference Links)တွေပြန်လှန်ရှာဖွေပြီး၊ပြန်ချပေးထားရသေးတယ်။သုတေသနလင့်တွေချပေးနေတာတောင်ဝိုင်းဝေဖန်ချင်ချင်နေကြတာ။
လူတွေကိုကျန်းမာရေးအကျိုးကျေးဇူးရစေချင်လို့အပင်ပန်းခံ၊အချိန်ကုန်ခံရေးနေတာ၊သေချာ(ဃ၊ဂ၊ဏ၊န)နားလည်စေချင်တဲ့စေတနာနဲ့ဥပမာတွေပေးနေရတော့စာတွေရှည်သွားတယ်။စာရှည်သွားတော့မဖတ်ကြတော့ဘူး။ရှည်တဲ့စာကိုရေးတဲ့လူတောင်အပင်ပန်းခံပြီး၊သဘောမပေါက်ပေါက်အောင်ဥပမာတွေအများကြီးနဲ့ရှာကြံပြီး၊ရေးပေးနေသေးတာပဲ။စာဖတ်တဲ့လူကအဲဒီလောက်ပင်ပန်းမယ်မထင်ပါဘူး။
ဒါကြောင့်ဒုတိယပိုင်းကိုဆက်ရေးမယ်လို့ရည်ရွယ်ထားပေမယ့်ဆက်မရေးပေးသေးဘူး။ဒီနေရာမှာပဲရပ်ထားပါဦးမယ်။ပထမပိုင်းကိုအောက်မှာ(Link)ပြန်ပေးထားပါတယ်။ပထမပိုင်းကိုလူတွေစိတ်ဝင်စားသလား၊စိတ်မဝင်စားဘူးလားဆိုတာစောင့်ကြည့်မယ်။စာဖတ်မဖတ်စောင့်ကြည့်ဦးမယ်။လူတွေစိတ်ဝင်စားရင်၊စာဖတ်ကြရင်နောက်ပို့စ်တွေကိုဆက်ရေးပေးမယ်။
မဖတ်ဘူးစိတ်လဲမဝင်စားဘူးဆိုရင်တော့အပိုင်းဆက်တွေကိုဘာလို့လက်ညောင်းခံ၊အချိန်ကုန်ခံပြီးဆက်ရေးပေးနေဦးမှာလဲ။လူတွေစာမဖတ်ရင်၊ကိုယ်ဘယ်လောက်ရေးရေး၊ဘာအကျိုးမှမရှိတာ်။ဒါကြောင့်၊ဘာလို့လူအများအကျိုးမရှိတဲ့အလုပ်တစ်ခုအတွက်ကိုယ့်အချိန်တွေကိုထပ်ပေးနေဦးမှာလဲ။ရှင်းရှင်းလေးပါပဲ။
Kelvin Albert Power
အပိုင်း(၂)ကိုဆက်မရေးပေးသေးပဲရပ်ထားပါဦးမယ်။အပိုင်း(၁)ရဲ့လင့်ကိုအောက်မှာပြန်ပေးထားပါတယ်။

1 thought on “အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၂)။”

  1. ဗဟုသုတ အလွန်ရ၍ တန်ဖိုးမဖြတ်နိုင်သောဆောင်းပါးဖြစ်သောကြောင့် ဆက်ရေးပေးရန်မေတ္တာရပ်ခံပါတယ်။

Comments are closed.

Shopping Cart