အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၁)။

Source from Kelvin A. Power’s Facebook on August 4, 2020
Soft Tissue Calcifications & Kidney Stone Part(I)
အရိုးမဟုတ်၊အပျော့စားကိုယ်တွင်းအင်္ဂါများတွင်ထုံးဓါတ်ပိတ်ဆို့ခြင်းနှင့်ကျောက်ကပ်ကျောက်တည်ခြင်း၊အပိုင်း(၁)။
ဒီကနေ့ရေးမယ့်ပို့စ်ဟာအင်မတန်မှအရေးကြီးပါတယ်။လူအတော်များများဟာဒီကိစ္စနဲ့ပါတ်သက်ပြီးဖြစ်ရတဲ့၊အမည်တွေအမျိုးမျိုးတတ်ထားကြတဲ့၊ရောဂါဝေဒနာတွေခံစားနေကြရတာလဲမနည်းလှပါဘူး။(Soft Tissue Calcifications)ဆိုတဲ့အတိုင်း(Calcium)ဟာမလိုအပ်တဲ့နေရာတွေဖြစ်ကြတဲ့၊သွေးကြောတွေထဲမှာ၊နှလုံးတွေ၊ကျောက်ကပ်တွေနဲ့တခြားအရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာမလိုအပ်ပဲနဲ့သွားပြီးစုပုံပိတ်ဆို့နေကြလို့ဖြစ်ပေါ်လာရတဲ့ဆိုးကျိုးနဲ့ရောဂါအမျိုးမျိုးတွေရဲ့ပင်မအကြောင်းအရင်းအမှန်ကိုလူတိုင်းသိချင်နေကြပါတယ်။
ဘာကြောင့်(Soft Tissue Calcifications)ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းဇစ်မြစ်ကိုသေသေချာချာသိရှိနားလည်လာကြရင်၊ဒီလိုမဖြစ်ရအောင်သဘာဝနည်းအားဖြင့်ဘယ်လိုကာကွယ်ကြရမလဲ၊ဖြစ်နေတဲ့လူတွေကိုရောသဘာဝနည်းလမ်းဖြင့်ဘယ်လိုကုသပေးရမလဲဆိုတာကိုရောဂါတကယ်ခံစားနေရတဲ့လူနာတွေတင်မကပဲ၊သဘာဝဆေးပညာ(Functional Medicine,FM)ကိုနားလည်လက်ခံလာကြတဲ့၊ဆရာဝန်တွေအတော်များများကပါတကယ့်ကိုစိတ်ဝင်တစားသိချင်နေကြလို့၊ကျွန်တော့်ဆီကိုဒီအကြောင်းရေးပေးဖို့တောင်းဆိုထားခဲ့တဲ့လူတွေလဲမနည်းတော့ပါဘူး။အခုလူတွေမျှော်လင့်နေကြတဲ့အထူးပို့စ်တစ်ခုကိုအပိုင်းဆက်တွေခွဲပြီးစရေးပေးပါတော့မယ်။
အရင်ဦးဆုံး(Calcification)ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေဆီကိုသွားကြရအောင်ဗျယ။(Calcification)ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေဆိုတာတော်တော်ကိုများတယ်ဗျ။တချို့က(Calcium)နဲ့ပါတ်သက်ရင်၊အရိုးပျော့ရောဂါ၊အရိုးကျီးပေါင်းတက်ရောဂါ၊အရိုးပွပြီးကျိုးလွယ်တဲ့ရောဂါ၊အစရှိတဲ့အရိုးရောဂါတွေနဲ့ကျောက်ကပ်ကျောက်တည်ခြင်း၊ဆီးလမ်းကြောင်းကျောက်တည်ခြင်းအစရှိတဲ့ရောဂါတွေကိုပဲအဓိကအနေနဲ့သိထားကြပါတယ်။တစ်ကယ့်လက်တွေ့မှာတော့အဲဒီလိုမဟုတ်ပါဘူး။(Calcification)ဆိုတာဟာတခြားသောရောဂါအမျိုးပေါင်းများစွာတွေနဲ့ပါဆက်နွယ်ပါတ်သက်နေပါတယ်။
ဥပမာအားဖြင့်၊အလွန်အဖြစ်လွယ်၊အဖြစ်များပြီး၊အသက်ဆုံးရံှုးဖို့လွယ်ကူလို့၊အမျိုးသမီးတွေအားလုံးအလွန်ကြောက်ကြရတဲ့၊ရင်သားကင်ဆာရောဂါဟာလဲ(Calcification)ကနေအစပြုလာတာပါပဲလို့ကျွန်တော်ပြောလိုက်ရင်ခင်ဗျားတို့အံသြသွားကြမလား?။မအံသြကြပါနှင့်၊ဒါအမှန်တရားပါပဲ။(Radiology)မှာရင်သားနှစ်ခုကို(Mammogram)ရိုက်လိုက်တာနဲ့ကင်ဆာဖြစ်ခါနီးလူမှာပထမဦးဆုံးစတွေ့ရတာကတော့သာမှန်မဟုတ်ပဲ၊ကွဲပြားခြားနားနေ တဲ့(Breast calcification patterns)တွေပါပဲ။
ဒီနေရာမှာ၊ရင်သားအတွင်းမှာ(calcification)ဖြစ်နေတယ်ဆိုပေမယ့်လဲများသောအားဖြင့်(Vitamin D)ကြွယ်ဝတဲ့အမျိုးသမီးတွေရဲ့ရင်သားအတွင်းပိုင်းမှာ(Calcification)ဖြစ်လာပြီဆိုရင်၊ကင်ဆာအဖြစ်ရောက်မသွားပဲ၊အန္တရာယ်ကင်းတဲ့(Benign)ဖြစ်သွားတတ်ကြပါတယ်။ဒါကြောင့်(Calcification)ဖြစ်တိုင်းတော့ကင်ဆာဖြစ်မလာပဲ၊ကင်ဆာဖြစ်သင့်တယ်၊မဖြစ်သင့်ဘူးဆိုတာကိုဆုံးဖြတ်ပေးတဲ့နေရာမှာ၊အမျိုးမျိုးသောဟော်မုန်းဓါတ်တွေ၊(Antioxidant)တွေအပြင်(Vitamin D)အနည်းအများဟာလဲအလွန်အရေးကြီးတဲ့အခန်းဂဏ္ဍကနေပါဝင်နေပါတယ်။
ဒါပေမယ့်ကင်ဆာဖြစ်လာခါနီးမှာဖြစ်လာတဲ့(Calcification Patterns)တွေကတော့(Benign)နဲ့မတူညီပဲကွဲပြားခြားနားစွာသိရှိနိုင်ပါတယ်။(Radiology)တွေဟာ(Mammogram)တွေကရတဲ့(Calcification Patterns)တွေကိုကြည့်ပြီးကင်ဆာရောဂါစဖြစ်တော့မလား၊မဖြစ်သေးဘူးလားဆိုတာကိုကြိုတင်ပြီးဟောကိန်းထုတ်နိုင်ကြပါတယ်။အဓိကကျွန်တော်ဆိုလိုချင်တာကကင်ဆာရောဂါစဖြစ်တော့မယ်ဆိုရင်(Calcification)တစ်မျိုးကနေအခြေတည်၊အစပြုပြီးဖြစ်ပေါ်လာရပါတယ်လို့ဆိုလိုချင်တာပါ။
ဒီနေရာမှာ(Calcification)ကြောင့်ကင်ဆာဖြစ်ရတယ်လို့ကျွန်တော်မဆိုလိုချင်ပါဘူး။ဆိုလိုချင်တဲ့သဘောက(Calcification)မပါပဲနဲ့ရင်သားကင်ဆာရောဂါတွေအခြေတည်၊အစပြု၊မဖြစ်ပေါ်လာနိုင်ဘူးဆိုတာကိုပြောလိုတာပါ။၊(Calcification)ဟာကင်ဆာရောဂါအများစုတွေအတွက်အရေးအကြီးဆုံးအခြေခံအုတ်မြစ်(Foundation Platform)တစ်ခုဖြစ်နေတယ်ဆိုတာကိုအရင်ကလူသိနည်းနေခဲ့လို့၊အခုလူတိုင်းသိရှိနားလည်လာအောင်ဥပမာပြရေးပေးလိုက်တာပါ။
နောက်ဥပမာတစ်ခုက၊နှလုံးရောဂါ၊နှလုံးသွေးကြောပိတ်ရောဂါ၊တခြားကိုယ်အင်္ဂါတွေမှာသွေးကြောပိတ်တဲ့ရောဂါ၊ဦးနှောက်သွေးကြောပိတ်တဲ့ရောဂါ၊လေဖြတ်ရောဂါ၊ကိုယ်တစ်ပိုင်းသေရောဂါ၊အစရှိတဲ့ရောဂါတွေဟာလဲ(Calcification)ကနေအစပြုပြီးဖြစ်ပွားကြတာပါပဲ။ဒီရောဂါတွေအားလုံးဟာသွေးကြောအတွင်းမှာ(Calcium)ပါဝင်နေတဲ့တိကျတဲ့ဓါတ်ပေါင်းအမျိူးအစားတစ်ချို့တွေကြောင့်သွေးကြောနံရံတွေမှာ(Calcification) တွေဖြစ်ပေါ်လာလို့သွေးကြောတွေကျဉ်းမြောင်းသွားပြီးနောက်ဆုံးမှာတော့အရေးကြီးတဲ့ကိုယ်အင်္ဂါတွေဖြစ်ကြတဲ့၊ဦးနှောက်၊နှလုံးအစရှိကြတဲ့အင်္ဂါတွေကိုသွားတဲ့သွေးကြောတွေလုံးဝပိတ်ဆို့သွားရပါတယ်။အတွင်းအင်္ဂါအစိတ်အပိုင်းတွေဟာအောက်ဆီဂျင်အလုံအလောက်မရတော့လို့ကိုယ်လက်အင်္ဂါများပျက်စီးဆုံးရံှုးခြင်း၊ကိုယ်တစ်ပိုင်းသေချင်းကအစပြုလို့အသက်ဆုံးရံှုးတဲ့အထိကိုဖြစ်နေကြရပါတယ်။
(Calcification)ကြောင့်ဖြစ်တဲ့ရောဂါတွေဟာအထက်မှာဖေါ်ပြခဲ့တဲ့ရောဂါတွေတင်မကပါဘူး။အမည်တပ်ပြောလို့မလွယ်ကူအောင်ကိုများပြားလွန်းလှပါတယ်။(Dystrophic calcification, Calcium Pyrophosphate Deposition(CPPD), Metastatic calcification, Tumoral calcinosis, Metastatic osteosarcoma, Primary soft tissue osteosarcoma, etc…)အစရှိတဲ့ရောဂါတွေအပါအဝင်တခြားသော၊အမျိုးမျိုးသောရောဂါတွေဟာ (Calcification)နဲ့ဆက်နွယ်ပါတ်သက်နေကြပါတယ်။ဒီရောဂါတွေအကြောင်းကိုတစ်ခုခြင်းရှင်းပြဖို့အချိန်မရလို့ရှေ့ဆက်သွားခွင့်ပြုပါ။
(Calcifications)ကိစ္စကိုလူတိုင်းနားလည်အောင်ရှင်းပြဖို့ဥပမာတစ်ခုထပ်ပေးပါဦးမယ်။ထုံးဓါတ်တွေများစွာပျော်ဝင်နေတဲ့၊မြေအောက်ရေတွေရှိတဲ့တောင်ပေါ်ဒေသမျိုးတွေမှာ၊ရေပေးဝေရတဲ့သံပိုက်လုံးတွေထဲနဲ့၊(PVC)ပလတ်စတစ်ပိုက်အမာစားတွေရဲ့အတွင်းပိုက်နံရံတွေမှာရေကျိုးလို့ခေါ်ကြတဲ့ထုံးဓါတ်တွေတွယ်ကပ်ပိတ်ဆို့ပြီးပိုက်တွေကျဉ်းမြောင်းလာကြတာကိုတောင်ပေါ်ဒေသကလူတွေတော်တော်များများမြင်ဖူးကြမှာပါ။နောက်ဆုံးရေနွေးတည်တဲ့ရေနွေးခရားအိုးတွေ၊ဘုရားစင်မှာသောက်တော်ရေကပ်တဲ့ဖန်ခွက်၊ဘုရားပန်းအိုးတွေမှာလဲ၊ကာလကြာလာရင်ထုံးကျောက်တွေတက်လာပြီးကပ်နေတာကိုတောင်ပေါ်သူ၊တောင်ပေါ်သားတွေအတွက်အထူးအဆန်းတစ်ခုမဟုတ်တော့ပါဘူး။
ဒီသဘောတရားကို၊ကိုယ်တိုင်လက်တွေ့သေချာသိချင်ရင်၊ခင်ဗျားတို့အိမ်ရှေ့မှာအမှိုက်ထည့်တဲ့သံပုံးကြီးနှစ်ပုံးလောက်ကိုရေလုံအောင်ဂဟေဆက်ပြီးသေချာဖါလိုက်ပါ။ပြီးရင်ပထမပုံးမှာထုံးကျောက်လုံးဝမပါတဲ့ရန်ကုန်ရေတွေထည့်ထားလိုက်ပါ။နောက်တစ်ပုံးမှာထုံးကျောက်အလွန်ကြွယ်ဝတဲ့တောင်ပေါ်ရေတွေထည့်ထားလိုက်ပါ၊ပြီးရင်လပေါင်းများစွာထား၊ရေလျော့နည်းသွားရင်ပြန်ပြန်ဖြည့်ပေးပြီးစောင့်ကြည့်ပါ။လပေါင်းများစွာကြာလာရင်၊ဘယ်ရေထည့်ထားတဲ့ပုံးရဲ့နံရံမှာကျောက်တည်မယ်လို့ထင်ပါသလဲ?။
ဒီမေးခွန်းကိုခလေးကအစမှန်အောင်ဖြေနိုင်ပါတယ်။ထုံးကျောက်ပါတဲ့တောင်ပေါ်ရေတွေထည့်ထားတဲ့ပုံးနံရံတွေမှာသာကျောက်တွေတည်မှာပေါ့။ထုံးဓါတ်မပါတဲ့ရန်ကုန်ရေထည့်ထားတဲ့ပုံးထဲကိုဘယ်ကထုံးကျောက်တွေကအလိုလိုခြေထောက်ပေါက်၊ခုန်ပေါက်ဝင်ရောက်လာပြီး၊ကျောက်တည်နိုင်မှာလဲ။အလွန်ရှင်းပါတယ်။
ဒါဆိုရင်ထပ်မေးပါရစေ၊ဒီလက်တွေ့စမ်းသပ်မှု့ရဲ့သဘောတရားဟာမှန်ကန်နေတယ်ဆိုရင်ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကျောက်တည်ပိတ်ဆို့ခြင်းဆိုတဲ့ရောဂါတွေဟာ၊ထုံးဓါတ်တွေများစွာပျော်ဝင်နေတဲ့တောင်ပေါ်သဘာဝရေကိုနေ့စဉ်သောက်သုံးပြီးကြီးပြင်းလာကြတဲ့တောင်ပေါ်သားတွေအားလုံး၊တစ်ယောက်မကျန်တစ်ဦးချင်းဆီမှာဖြစ်ကိုဖြစ်ရတော့မယ်။ပြီးတော့ထုံးကျောက်ရေကိုလုံးဝမသောက်တဲ့ရန်ကုန်သားတွေနဲ့မြေပြန့်သားတွေမှာတော့ဒီရောဂါတွေဟာမဆီမဆိုင်လာပြီးဖြစ်စရာအကြောင်းလုံးဝမရှိနိုင်ဘူးလို့လူတွေထင်မြင်ယူဆစရာဖြစ်မနေဘူးလား?။
တစ်ကယ်တန်းလက်တွေ့မှာကြတော့ကျောက်ကပ်နဲ့ဆီးလမ်းကျောင်းကျောက်တည်ရောဂါဟာ၊တောင်ပေါ်မြေပြန့်မခွဲခြားတတ်ပါဘူး။သေချာလေ့လာကြည့်မယ်ဆိုရင်လူတွေထင်ထားသလိုမဟုတ်ပဲပြောင်းပြန်ကြီးဖြစ်နေပါတော့တယ်။ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကျောက်တည်ပိတ်ဆို့တဲ့ရောဂါဟာထုံးဓါတ်(Calcium)များစွာပါတဲ့ထုံးရေတွေကိုနေ့စဉ်သောက်သုံးနေတဲ့တောင်ပေါ်သားတွေမှာဖြစ်ပွားမှု့နည်းကြပြီး၊ထုံးရေလုံးဝမသောက်သုံးကြတဲ့မြေပြန့်သားတွေမှာပိုပြီးတော့အဖြစ်များတယ်ဆိုတာစစ်တမ်းကောက်ကြည့်ရင်သိပါလိမ့်မယ်။
ဘာကြောင့်ကျောက်ကပ်နဲ့ဆီးလမ်းကျောင်းကျောက်တည်ရောဂါဟာထုံးကျောက်ရေတွေကိုတစ်သက်လုံးနေ့စဉ်သောက်သုံးကြီးပြင်းလာကြတဲ့တောင်ပေါ်သား(လူတိုင်းကိုယ်စီမှာ)မှာမဖြစ်ပွားကြပဲ၊ထုံးရေလုံးဝမသောက်ကြတဲ့ရန်ကုန်သားနဲ့မြေပြန့်သားတချို့တွေစီမှာမဆီမဆိုင်လာပြီးအများဆုံးဖြစ်နေရတာလဲ?။ဘာကြောင့်များပါလိမ့်?။
တခေါက်ပြန်စဉ်းစားကြည့်ကြရအောင်၊အမှိုက်ထည့်တဲ့သံပုံးကြီးတွေနဲ့ကိုယ်တိုင်လက်တွေ့စမ်းကြည့်လိုက်တော့ထုံးကျောက်ပါတဲ့တောင်ပေါ်ရေထည့်ထားတဲ့ပုံးကထုံးကျိုးတွေကပ်ပြီး၊ရန်ကုန်ရေထည့်ထားတဲ့ပုံးကထုံးကျိုးမကပ်ဘူး။ဒီသဘောတရားသာမှန်ကန်မယ်ဆိုရင်၊တောင်ပေါ်သားတိုင်းမှာဆီးကျောက်တည်ရမယ်။ရန်ကုန်နဲ့မြေပြန့်သားတွေမှာဒီရောဂါလုံးဝကိုမဖြစ်ရဘူး။ဒါပေမယ့်လက်တွေ့မှာကြတော့မြေပြန့်သားတွေမှာဒီရောဂါပိုပြီးအဖြစ်များနေတယ်။ဒါဆိုရင်ပြဿနာတက်ပြီ။ဒီသဘောသဘာဝဟာယုတ္တိဗေဒမကျပဲပြောင်းပြန်ကြီးဖြစ်နေလို့နားလည်ဖို့အလွန်ခက်ခဲမနေဘူးလား။ဖြေကြည့်ကြပါ၊ဘယ်လိုဖြေကြမလဲ?။
တစ်ကယ်တော့အဖြေကမခက်ပါဘူး၊အလွန်လွယ်ကူရိုးရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေအားလုံးရဲ့ခန္ဓာကိုယ်တွေဟာ(အမှိုက်တွေထည့်ထားတဲ့သံပုံးကြီးတွေမဟုတ်လို့ပါပဲ)။ဒီသဘောကိုခိုင်ခိုင်မာမာ၊ထင်ထင်ရှားရှားထောက်ပြချင်လို့အရှေ့ပိုင်းမှာအပင်ပန်းခံ၊ဥပမာတွေအများကြီးပေးပြီးနားလည်အောင်ရေးပေးနေရတာပါ။
ဒီလိုလူတိုင်းနားလည်လာအောင်ဥပမာတွေပြပြီးရှင်းပြနေရတဲ့အကြောင်းရင်းလဲရှိပါတယ်။ဘာကြောင့်လဲဆိုတာဒီခေတ်မှာဆရာဝန်တချို့တွေအပါအဝင်လူတွေတော်တော်များများဟာမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုအမှိုက်ပုံးကြီးတစ်ပုံးလိုသဘောထားပြီးလွဲမှားတွက်ချက်ယူဆမိနေကြလို့ပါပဲ။အဲဒီလိုယူဆမိတဲ့ဆိုးကျိုးရလဒ်တွေဟာရောဂါတွေအမျိုးမျိုးကိုဖြစ်ပေါ်လာစေနိုင်ပြီး၊အဲဒီရောဂါတွေရဲ့နှိပ်စက်မှု့ဒဏ်ကိုလဲလည်စင်းခံကြရတော့တာပါပဲ။
နောက်ဥပမာတစ်ခုထပ်ပေးပါဦးမယ်။ခင်ဗျားတို့အမှိုက်ပုံးကြီးတစ်ပုံးကိုယူလာပြီးပလတ်စတစ်အိပ်တွေအပြည့်ထည့်ကြည့်ပါ။နောက်နေ့မှာလမ်းထိပ်ကစည်ပင်အမှိုက်ပုံးထဲကိုအဲဒီအမှိုက်တွေသွားသွန်ကြည့်လိုက်ပါ၊ခင်ဗျားတို့ရဲ့အမှိုက်ပုံးထဲကနေဘာတွေထွက်လာမယ်လို့ခင်ဗျားတို့ထင်ပါသလဲ?။
ပလတ်စတ်အိတ်စုတ်တွေထည့်ထားတဲ့အမှိုက်ပုံးကိုသွားသွန်မှတော့၊ပလတ်စတစ်အိတ်စုတ်တွေပဲထွက်လာမှာပေါ့၊သစ်ရွက်ခြောက်တွေ၊သစ်ကိုင်းခြောက်တွေထွက်လာစရာအကြောင်းမရှိဘူးလေ။နောက်နေ့အမှိုက်ပုံးထဲကိုသစ်ရွက်ခြောက်တွေထည့်ပီးသွားသွန်ကြည့်လိုက်ပါ။သစ်ရွက်ခြောက်ပြောင်းထည့်မှတော့သစ်ရွက်ခြောက်တွေပဲပြန်ထွက်လာမှာပေါ့။သစ်ရွက်ခြောက်တွေထည့်ထားတဲ့အမှိုက်ပုံးထဲကနေကျောက်ခဲ၊ကျောက်တုံးတွေထွက်လာစရာအကြောင်းမရှိဘူးလေ။
ဆိုလိုချင်တဲ့သဘောက၊အမှိုက်ပုံးဆိုတာဟာထည့်ထားတဲ့အတိုင်းပဲပြန်ထွက်ပါတယ်။အထဲမှာဆန့်ကျင်ဖက်တစ်ခု(သို့မဟုတ်)အသစ်တစ်မျိုးပြောင်းပြီးထွက်မလာနိုင်ပါဘူး။အထဲမှာမတူညီတဲ့ဆန့်ကျင်ဖက်အသစ်တခုခုပြောင်းသွားတဲ့အမှိုက်ပုံးမျိုးရှိမယ်ဆိုရင်တော့ထူးဆန်းလွန်းလို့အဲဒီအမှိုက်ပုံးနဲ့မျက်လှည့်ပြစားလို့ရနိုင်ပါတယ်။
ဒါပေမယ့်ခက်တာက၊ဒီခေတ်ဆရာဝန်တချို့တွေကအစပြုလို့၊လူတွေတော်တော်များများဟာမိမိရဲ့ခန္ဓာကိုယ်ကိုအမှိုက်ပုံးကြီးလို့ထင်မြင်ယူဆတွက်ချက်နေကြတုံးပါပဲ။ဟုတ်မဟုတ်၊အောက်ကဥပမာတွေကိုထပ်ကြည့်လိုက်ပါဦး။
(၁)တစ်ချို့ကပြောကြတယ်၊အဆီတွေမစားကြနဲ့တဲ့၊အဆီစားရင်၊အဆီတွေတက်၊ကိုယ်အလေးချိန်တွေတိုးပြီးဝလာကြမယ်တဲ့။
(၂)တစ်ချို့ကလဲပြောကြတယ်။ရှောက်သီး၊သံပုရာသီး၊ပန်းသီးစိမ်းတွေ၊(Apple Cider Vinegar)တွေမစားကြနဲ့တဲ့၊အဲဒီအချဉ်ဓါတ်တွေကအက်ဆစ်တွေတဲ့၊အက်ဆစ်တွေအများကြီးစားရင်၊ကြာလာလို့သွေးထဲမှာအက်ဆစ်ဓါတ်တွေများသွားရင်မကောင်းဘူးတဲ့၊ဒါကြောင့်သွေးထဲမှာအက်ဆစ်မများပဲ(အယ်လ်ကာလိုင်း)များလာအောင်(အယ်လ်ကာလိုင်း)ပါတဲ့(pH)မြင့်ရေတွေဝယ်သောက်ကြပါတဲ့။
(၃)တစ်ချို့တွေကလဲပြောကြပြန်တယ်။(Calcium)ပါတဲ့အစားအစာတွေနဲ့ဖြည့်စွက်စာတွေကိုမစားမသောက်ကြပါနဲ့တဲ့၊ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းတွေမှာကျောက်တည်မယ်၊နှလုံးသွေးကြောတွေထဲမှာ(Calcium)တွေသွားပိတ်မိပြီးဒုက္ခဖြစ်ကြမယ်တဲ့။
ဒီစကားကိုရိုးရိုးလူတွေတင်မကပဲတချို့ဆရာဝန်တွေတောင်ပြောနေကြပါတယ်။အဲဒီလိုပြောလိုက်ရင်(Biochemistry)ပညာကိုသေချာနားမလည်သေးတဲ့လူတွေအတွက်တော့ဟုတ်နေသလိုလို၊မှန်နေသလိုလိုထင်မြင်သွားတတ်ကြပါတယ်။ဒီနေရာမှာထောက်ပြချင်တာက၊အဲဒီလိုပြောနေတဲ့လူတွေဟာမိမိတို့ရဲ့ခန္ဓာကိုယ်ကြီးကိုအမှိုက်တွေထည့်သွန်ရတဲ့၊အမှိုက်ပုံးကြီးတစ်ပုံးလို့သဘောထားပြီးပြောနေသလိုဖြစ်သွားပါတော့တယ်။
(၁)တစ်ကယ်တော့၊အဆီစားတိုင်းလဲ၊အဆီတက်ပြီး၊ဝမလာပါဘူး။အဆီတွေကိုရှောင်ပြီး၊အဆီအစား၊ကာဗိုဟိုက်ဒရိတ်တွေကိုအစားထိုးပြီးစားတော့မှပိုပြီးဝလာပါတော့တယ်။အဆီစားလို့ဝကြေးဆိုရင်၊တောထဲမှာအမဲလိုက်ပြီးစားနေကြတဲ့ကျားတွေ၊ခြင်္သေ့တွေဝပြီး၊ပိုက်ပူလာကြမှာပေါ့။တစ်ကယ်ဝပြီးပိုက်ထွက်လာတာက၊ကာဗိုဟိုက်ဒရိတ်တွေကိုအဓိကထားပြီးကျွေးရတဲ့ဝက်တွေပါပဲ။
(၂)သွေးထဲမှာအက်ဆစ်ဓါတ်များမှာစိုးလို့ဆိုပြီးအက်ဆစ်ဓါတ်တွေအများဆုံးပါတဲ့ရှောက်သီး၊သံပုရာသီး၊ပန်းသီးစိမ်းတွေ၊(Apple Cider Vinegar)တွေရှောင်လိုက်ပြီး၊မစားတော့ဘူးဆိုရင်တော့သွေးထဲမှာအက်ဆစ်ဓါတ်တွေလျှော့နည်းမသွားပဲ၊ပိုပိုပြီးများလာပြန်ပါတယ်။
(၃)အဆိုးဆုံးကတော့ရိုးရိုးလူတွတင်မကပဲတချို့ဆရာဝန်တွေတောင်ပြောနေကြတဲ့ (Calcium)ပါတဲ့အစားအစာတွေနဲ့ဖြည့်စွက်စာတွေကိုမစားမသောက်ကြပါနဲ့ကျောက်ကပ်ကျောက်တည်မယ်၊နှလုံးထဲမှာ(Calcium)တွေသွားပိတ်မယ်ဆိုတဲ့စကားပါပဲ။
ဒုက္ခပါပဲ။တစ်ကယ်တော့(ကျွန်တော်တို့ခန္ဓာကိုယ်ကြီးဆိုတာအမှိုက်ပုံးကြီးတစ်ပုံးမဟုတ်ဘူး)ဆိုတာကိုတော့လူတိုင်းနားလည်ကြဖို့လိုအပ်လာပါပြီ။တချို့ဆရာဝန်တွေကိုပြောချင်တာကခင်ဗျားတို့ကျောင်းတုံးကသင်ခဲ့ရတဲ့(Biochemistry)ဘာသာရပ်တစ်ခုလုံးကိုခင်ဗျားတို့ခေါင်းထဲကနေအပြီးအပိုင်ထုတ်ထုတ်ပြစ်လိုက်ကြပြီလား?။
အဲဒီပညာရပ်ကကျောင်းတုံးကစာမေးပွဲမှာအောင်မှတ်ရဖို့၊ဘွဲ့လက်မှတ်ရဖို့တစ်ခုထဲအတွက်သင်ခဲ့ရတာမဟုတ်ဘဲ၊တစ်ကယ်လက်တွေ့အသုံးချဖို့သင်ထားကြရတာဆိုတာကိုတော့သိနားလည်စေချင်ပါတယ်။လူတွေရဲ့အပြစ်လဲမဟုတ်ပါဘူး။မြန်မာပြည်ရဲ့ပညာရေးစနစ်ကိုကတတ်အောက်သင်ရတဲ့ပညာရေးစနစ်မဟုတ်ပဲ၊စာမေးပွဲအောင်ဖို့အဓိကထားရတဲ့ပညာရေးစနစ်တွေဖြစ်ခဲ့ရလို့ပါပဲ။
ထပ်ပြောပါရစေ(ကျွန်တော်တို့ခန္ဓာကိုယ်ဆိုတာအမှိုက်ပုံးကြီးတစ်လုံးမဟုတ်ဘူး)ဆိုတဲ့စကားဟာအလွန်အဓိပါယ်ရှိပါတယ်။ဘာကြောင့်လဲဆိုတော့အမှိုက်ပုံးကြီးမှာ(Biochemistry)ဖြစ်စဉ်တွေမရှိပါဘူး။ဒါကြောင့်ပလတ်စတစ်အိတ်တွေထည့်လိုက်ရင်ပလတ်စတစ်အိတ်တွေပဲပြန်ထွက်လာပါမယ်။သစ်ရွက်ခြောက်တွေထည့်ရင်လဲသစ်ရွက်ခြောက်တွေပဲပြန်ရပါမယ်။ကျောက်ခဲတွေထည်လ့ိုက်ရင်လဲကျောက်ခဲတွေပဲပြန်ရပါမယ်။ဒါအလွန်ရှင်းပါတယ်။
ဒါပေမယ့်အမှိုက်ပုံးမဟုတ်တဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာနေ့စဉ်နေ့တိုင်းမှာသန်းနဲ့ချီတဲ့ဇီဝဓါတု(Biochemical Process)ဖြစ်စဉ်အမျိုးမျိုးတွေအမြဲမပြတ်ဖြစ်ပေါ်နေကြပါတယ်။နေ့စဉ်ပရိုတိန်းအမျိုးမျိုး၊အင်ဇိုင်းအမျိုးမျိုး၊ကိုအင်ဇိုင်းအမျိုးမျိုး၊ကက်သလစ်အမျိုးမျိုး၊ဓါတ်တိုး၊ဓါတ်လျှော့တုံ့ပြန်မှု့ပစ္စည်းအမျိုးမျိုးတွေကို၊ထုတ်လုပ်၊အသုံးးပြုပြီးတော့သန်းနဲ့ချီတဲ့၊ဇီဝဓါတုဖြစ်စဉ်တွေဖြစ်ပေါ်နေတယ်ဆိုတာကိုတော့လုံးဝမေ့မထားကြပါနှင့်။
ဒါကြောင့်ဇီဝဓါတုစက်ယန္တယားကြီးဖြစ်တဲ့ခန္ဓာကိုယ်ကြီးဟာ၊အမှိုက်ပုံးကြီးတစ်ခုနဲ့သွားပြီးတူမနေလို့၊အဆီတွေစားတိုင်းလဲအဆီတက်မလာသလို၊အသားတွေစားပြီးလေ့ကျင့်ခန်းမလုပ်ပဲနဲ့ချက်ခြင်းဗလမောင်ကြီးဖြစ်မလာနိုင်ပါဘူး။အက်ဆစ်ဓါတ်ပါတဲ့အစားအသောက်တွေ၊အသီးအနှံတွေရှောင်လိုက်တိုင်းလဲသွေးတွင်းအက်ဆစ်ဓါတ်တွေပြေလျှော့မသွားနိုင်ပါဘူး။ကယ်လစီယမ်ပါတဲ့အစားအသောက်တွေနဲ့ဖြည့်စွက်စာတွေကိုရှောင်လိုက်ရင်လဲ၊ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကျောက်တည်တာကိုလုံးဝ(လုံးဝ)မကာကွယ်ပေးနိုင်ပါဘူး။ပိုတောင်ဆိုးလာပါလိမ့်မယ်။
လူနာဖြစ်ဖြစ်၊ဆရာဝန်ဖြစ်ဖြစ်၊မိမိရဲ့ခန္ဓာကိုယ်ကို၊မိမိကိုယ်တိုင်ကအမှိုက်ပုံးကြီးတစ်ခုလိုသဘောထားပြီးယူဆမိနေမယ်ဆိုရင်တော့မိမိကိုယ်တိုင်တန်ဖိုးမရှိတဲ့အမှိုက်ပဲဖြစ်သွားမှာပါပဲ။ဒီခန္ဓာကိုယ်လို့ခေါ်ဆိုနေတဲ့ဇီဝဓါတုစက်ယန္တယားကြီးကိုပြောင်းလဲပြုပြင်နိုင်တော့မှသာလျှင်ထူးခြားတဲ့ပြောင်းလဲမှု့၊ကောင်းကျိုးရလဒ်တွေကိုရလာနိုင်မယ်ဆိုတာအလွန်ထင်ရှားလှပါတယ်။
ဒီဇီဝဓါတုစက်ယန္တယားကြီးကိုပြောင်းလဲပြုပြင်နိုင်ဖို့ဆိုတာကျောင်းတုံးကသင်ပေးခဲ့တဲ့(Biochemistry)ဘာသာရပ်ကြီးကိုကျောင်းမှာပဲထားပြစ်ခဲ့လိုက်ပြီဆိုရင်တော့၊ဘယ်လိုလုပ်ပြီးကျန်းမာအောင်လုပ်လို့ရနိုင်တော့မှာလဲ?။သေချာပြန်စဉ်းစားကြည့်ပါ။ဓါတုဆေးဝါးတွေအားကိုးနဲ့တော့ဒီခန္ဓာလို့ခေါ်တဲ့ဓါတုဇီဝစက်ယန္တယားကြီးကိုကျန်းမာလာအောင်ပြုပြင်လို့မရနိုင်ပါဘူး။ဇီဝဓါတုပညာကိုလဲတတ်ကျွမ်းဖို့အလွန်လိုအပ်လှပါတယ်။
ဒါကြောင့်ဒီလိုခက်ခဲ၊နက်နဲတဲ့သဘောတရားတွေကိုကျွန်တော့်အနေနဲ့(Biochemistry)လုံးဝမပါပဲနဲ့လူတွေအားလုံးနားလည်အောင်ရှင်းပြလို့၊ရေးပြလို့မရနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်ဒီပို့စ်ရဲ့နောက်အပိုင်းဆက်တွေကိုဆက်ရေးတဲ့နေရာမှာ(Biochemistry)လေးအနည်းငယ်လောက်တော့ထည့်ရေးပါရစေ။ထည့်ရေးခွင့်ပြုပါ။
(Biochemistry)ဆိုတာအလွန်ခက်ခဲနက်နဲတဲ့ပညာရပ်ကြီးတစ်ခုဖြစ်နေလို့၊(Biochemistry)တွေရေးမယ်ဆိုရင်၊အလွန်ခက်မှာပဲဆိုပြီးတော့လူတွေလှန့်သွားပြီးမဖတ်မှာ၊မဖတ်တော့အသိပညာဗဟုသုတမရလိုက်မှာ၊အသိပညာဗဟုသုတမရလိုက်တော့ရောဂါတွေရဲ့နှိပ်စက်မှု့ဒဏ်တွေကိုမကာကွယ်တတ်၊မကုစားတတ်ပဲကြတော့ပဲရောဂါခံစားကြရမှာကိုကြိုတင်တွေးဆမိပြီးအလွန်စိုးရိမ်ပါတယ်။
ဒါကြောင့်နောက်ပို့စ်တွေမှာ(Biochemistry)တွေပါမယ်ဆိုပေမယ့်၊နည်းနိုင်သမျှနည်းအောင်လျှော့ပေါ့ထည့်ပြီး၊လူတိုင်းလွယ်လွယ်ကူကူနဲ့(လယ်ပြင်မှာဆင်သွားသလိုသဘောတရားကိုထင်ရှားမြင်သာအောင်)ကျိုးစားပြီးဆက်ရေးပေးမှာဖြစ်လို့၊ဖတ်ဖို့တော့မကြောက်ကြပါနဲ့။အလွယ်နည်းနဲ့နားလည်အောင်ရေးပေးမှာပါ။ဒီနေ့တော့ဒီလောက်ပါပဲ။
အားလုံးဘေးရန်ကင်းရှင်း၍ကျန်းမာကြပါစေ။မိမိရဲ့အသက်နှင့်ခန္ဓာကိုကောင်းစွာစောင့်ရှောက်နိုင်သောအသိဉာဏ်ပညာဗဟုသုတထူးများရရှိနိုင်ကြပါစေ။
Kelvin Albert Power
(သဘာဝသမားတော်)
Shopping Cart