အပိုင်း(၃)(Autoimmune)ရောဂါဖြစ်လာရခြင်း၏အခြေခံအကြောင်းတရားများ။

Source from Kelvin A. Power’s Facebook on December 29, 2019
(AUTOIMMUNE)ရောဂါဆိုတာအပိုင်း(၁)နဲ့(၂)မှာတုံးကအစာအိမ်နဲ့အူလမ်းကြောင်းမကောင်းလို့၊အမီနိုအက်ဆစ်(Amino Acids)တွေအဖြစ်သို့အစာမကြေပဲပြင်ပကဝင်ရောက်လာတဲ့ပုံမှန်မဟုတ်တဲ့(ပရိုတိန်း)တွေကိုတိုက်ခိုက်ဖျက်ဆီးရင်းနဲ့ကြာလာတော့၊အလားသဏ္ဍန်တူတဲ့အတွင်းမှာရှိနေတဲ့ပရိုတိန်းတွေနဲ့ရောနှောရုှတ်ထွေးမ့ှုတွေဖြစ်လာပြီးတော့၊အတွင်းမှာရှိနေတဲ့ပုံမှန်အလုပ်လုပ်နေတဲ့မတိုက်ခိုက်သင့်တဲ့(ပရိုတိန်း)တွေကိုမှားယွင်းပြီးတိုက်ခိုက်မိလို့ဖြစ်ပေါ်လာရတဲ့ရောဂါဖြစ်တယ်။အဲဒီဖြစ်စဉ်ကိုအစာအိမ်နှင့်အူလမ်းကြောင်းမလုံခြုံမ့ှု(leaky gut)လို့လဲခေါ်ပါတယ်လို့ကျွန်တော်ရေးသားခဲ့ပြီးပါပြီ။
သို့သော်(AUTOIMMUNE)ရောဂါဖြစ်လာရတာဟာဒီအကြောင်းတရားတစ်ခုတည်းကြောင့်တော့မဟုတ်ပဲတခြားသောအကြောင်းတရားတွေလဲများစွာရှိနေပါသေးတယ်။အဲဒီအကြောင်းတရားတွေထဲမှာခန္ဓာကိုယ်အတွင်းပိုင်းရေရှည်ရောင်ရမ်းမ့ှု(Chronic Inflammation)ကလဲတခုအပါအဝင်ဖြစ်နေပါတယ်။
ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာကခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ရောင်ကိုင်းနေတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းလူတိုင်းအကုန်လုံးမှာရောင်ရမ်းမ့ှုဆိုတာနေ့စဉ်ဖြစ်နေတာပါပဲ။ဒါကြောင့်မိမိခြေတွေလက်တွေဖေါသွတ်ရောင်ကိုင်းမ့ှုမရှိတာကိုကြည့်ပြီးတော့ငါကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆမိလိုက်ဖို့တော့အလွန်အရေးကြီးပါတယ်။ရောင်ရမ်းတယ်ဆိုတာဖေါသွတ်ရောင်ကိုင်းနေတာကိုမဆိုလိုပဲ၊ဆံခြည်မျှင်လောက်သွေးကြောနံရံမှာရှိနေတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းအင်္ဂါအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲအထိကိုရောင်ရမ်းနေတဲ့(Cellular level inflammation)ကိုဆိုလိုတာပါ။
ရေရှည်ရောင်ရမ်းမှု့(Chronic Inflammation)နဲ့၊ယာယီရောင်ရမ်းမှု့(Acute inflammation)ဆိုပြီးတော့၊နှစ်မျိုးနှစ်စားရှိပါတယ်။ယာယီရောင်ရမ်းမှု့ဆိုတာကတော့မရှိမဖြစ်လိုအပ်တဲ့ရောဂါခုခံမ့ှုစနစ်(Immune System)ရဲ့ပုံမှန်လုပ်ငန်းတစ်ခုပါပဲ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ထဲကိုဝင်ရောက်တိုက်ခိုက်လာရင်ပဲဖြစ်ဖြစ်၊အစာအိမ်နဲ့အူလမ်းကြောင်းကနေအစာမကျေပဲဝင်ရောက်လာတဲ့ပုံမှန်မဟုတ်တဲ့(ပရိုတိန်း)တွေကိုမိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံမ့ှုစနစ်ကရှာဖွေတွေ့ရှိသွားလို့ပဲဖြစ်ဖြစ်၊ပထမဆုံးတုန်ြ့ပန်တာကတော့ရောင်ရမ်းမ့ှုပါပဲ။
ဒီလိုယာယီရောင်ရမ်းမှု့မျိုးမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်လို့တကယ်ကိုလိုအပ်တဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။ရောင်ရမ်းပြီဆိုတော့မှသာမိမိရဲ့ခုခံအားစနစ်ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။နေရာတစ်ခုမှာရောင်ရမ်းနေတယ်ဆိုတဲ့သဘောကလဲရန်သူတွေဝင်လာရင်အဲဒီနေရာကိုခုခံအားစနစ်ကဝင်ရောက်တိုက်ခိုက်ဖို့စစ်မြေပြင်နေရာဒေသအဖြစ်ကန့်သတ်ပြင်ဆင်သတ်မှတ်ပေးထားလိုက်တဲ့သဘောပါပဲ။
ယာယီယောင်ရမ်းမှု့ဟာတစ်ပါတ်၊နှစ်ပါတ်လောက်အကြာမှာ၊ရောဂါပိုးတွေကိုခုခံမှု့စနစ်ကတိုက်ခိုက်ပြီးလို့ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာပပျောက်သွားရမှာဖြစ်ပြီး၊မပပျောက်သွားပဲခန္ဓာကိုယ်အတွင်းပိုင်းတွေထဲမှာဆက်လက်ပြီးယောင်ရမ်းနေတာကတော့အလွန်ကြောက်စရာကောင်းတဲ့ရေရှည်ရောင်ရမ်းမ့ှု(Chronic Inflammation)ပါပဲ။ဒီလိုအရောင်ကျသွားသင့်တဲ့အချိန်အခါမှာမကျပဲအတွင်းမှာဆက်လက်ပြီးရောင်ရမ်းနေပါကမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေတိုက်စရာမကျန်တော့ပဲ၊မိမိခန္ဓာကိုယ်ကကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်လက်တိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပါပဲ။
လူတိုင်းနားလည်အောင်ဥပမာပေးပြီးပြောရရင်၊တိုင်းပြည်တပြည်မှာစစ်ဖြစ်လို့ရန်သူတွေတိုင်းပြည်ထဲကိုဝင်ရောက်လာပြီဆိုရင်အေးအေးဆေးဆေးနေလို့မရတော့ပါဘူး။ဒီဒေသတွေကိုစစ်အာဏာသိမ်းသင့်ရင်သိမ်း၊စစ်မြေပြင်အဖြစ်ကြေငြာသင့်ရင်လဲကြေငြာရပါတယ်။စစ်မိန့်တွေ၊ညမထွက်ရ(မာရှယ်လော)အမိန့်တွေ၊ပြစ်မိန့်တွေထုတ်ပြန်ထားပြီးလမ်းပေါ်ထွက်လာတဲ့လူမှန်သမျှကိုသူပုန်လား၊ပြည်သူလားမစူးစမ်းနိုင်တော့ပဲစစ်တပ်ကပြစ်သင့်ရင်ပြစ်ရပါတယ်။ဒီအချိန်မှာအုပ်ချုပ်ရမဲ့ဥပဒေဟာတိုင်းပြည်အေးချမ်းနေတုံးကအုပ်ချုပ်နေတဲ့ဥပဒေနဲ့တော့လုံးဝကိုမတူနိုင်တော့ပါဘူး။
တစ်ကယ်လို့အဲဒီဒေသမှာသူပုန်တွေကိုကုန်စင်အောင်တိုက်ခိုက်ချေမုှန်းပြီးရင်(သို့မဟုတ်)စစ်ပြီးသွားလို့တည်ငြိမ်အေးချမ်းသွားရင်စစ်မိန့်၊ပြစ်မိန့်တွေကိုပြန်လည်ရုတ်သိမ်းပေးပြီးတော့စစ်တပ်ကိုအိမ်ပြန်နားခိုင်းရမှာဖြစ်ပါတယ်။အရပ်ဒေသတစ်ခုကိုအချိန်တန်လို့ရန်သူတွေမရှိတော့တဲ့အထိတစ်သက်လုံးစစ်မြေပြင်အဖြစ်သတ်မှတ်ထားတဲ့စစ်မိန့်၊တွေကိုပြန်လည်ရုတ်သိမ်းမပေးပဲဆက်လက်ထုတ်ပြန်ထားရှိနေမယ်ဆိုရင်အဲဒီဒေသမှာနေထိုင်တဲ့ပြည်သူတွေကိုတစ်နေ့မဟုတ်တစ်နေ့စစ်တပ်ကမှားပြီးပြစ်သတ်မိနိုင်လို့အကြီးအကျယ်ကိုဒုက္ခရောက်နိုင်ပါတယ်။
ဒီဥပမာလိုပါပဲ၊မိမိရဲ့ခန္ဓာကိုယ်မှာလဲရန်သူပိုးမွားတွေနဲ့ပြင်ပကပရိုတိန်းတွေဝင်လာရင်အရေးပေါ်အခြေအနေတရပ်အတွက်ရန်သူကိုတိုးမြင့်ပြီးခုခံတိုက်ခိုက်နိုင်ဖို့အတွက်ခုခံမ့ှုဆဲလ်တွေကိုအလွန်ရန်လိုကာ၊တိုက်ရည်ခိုက်ရေပြင်းထန်ပြီး၊ရန်သူသတ်လို့လွယ်လွယ်နဲ့သေမသွားနိုင်တဲ့၊အသက်ပြင်းလှတဲ့အထူးဆဲလ်တွေအဖြစ်မျိုးရီုးဗီဇပြောင်းလဲပြီးထုတ်လုပ်ပေးဖို့(mTOR)ခေါ်(mammalian target of rapamycin signaling pathway)လမ်းကြောင်းနဲ့(NF-kB)ခေါ်(Nuclear factor-kappa B signaling pathway)ဆိုတဲ့လမ်းကြောင်းတွေရှိနေပါတယ်။
(mTOR pathway)နဲ့(NF-kB pathway)တွေဟာဆဲလ်တွေရဲ့မျိုးရိုးဗီဇထဲအထိလိုက်လံပြောင်းလဲထုတ်လုပ်နိုင်ပြီး၊ဆဲလ်တွေရဲ့သေဆုံးမ့ှုနုန်း၊ပွားများမ့ှုနှုန်း၊ရန်လိုမ့ှုနုန်းနှင့်သက်တမ်းတွေကိုပါပြင်းထန်လာအောင်ပြောင်းလဲပြုပြင်ပေးနိုင်လို့၊ကင်ဆာအမျိုးမျိုး၊ရောင်ကိုင်းမ့ှု(inflammation)နဲ့ပါတ်သက်တဲ့ရောဂါအမျိုးမျိူး၊(autoimmune diseases)အမျိုးမျိုးတွေကိုဖြစ်ပေါ်စေတဲ့အဓိကအကြောင်းတရားတွေပါပဲ။
(mTOR)နဲ့(NF-kB)လမ်းကြောင်းတွေဟာခန္ဓာကိုယ်အတွက်မလိုအပ်ပဲနဲ့ရောဂါအမျိုးမျိုးတွေဖြစ်ဖို့ဆိုးကျိုးတွေကြီးပဲပေးနေတာလားလို့မေးရင်တော့မဟုတ်ပါဘူး။မိမိခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးမွားတွေဝင်ရောက်တိုက်ခိုက်လာတဲ့အခါမှရောဂါပိုးမွားတွေကိုပြင်းပြင်းပြင်းထန်ထန်ပြန်လည်တုံပြန်တိုက်ခိုက်ချေမှုန်းပြစ်နိုင်ဖို့(အရေးပေါ်အခြေအနေတရပ်)ကြေငြာနိုင်တဲ့လမ်းကြောင်းတွေပါ။မလိုအပ်ပဲအမြဲဖြစ်ပေါ်နေရင်သာဒုက္ခပေးတာပါ၊လိုအပ်နေတဲ့အချိန်မှာတော့သိပ်ကိုအရေးကြီးလှတဲ့အထူးကာကွယ်ရေးလမ်းကြောင်းတွေဖြစ်ပါတယ်။
ဒီလမ်းကြောင်းတွေအလုပ်လုပ်ပုံအကြောင်းအသေးစိတ်ကိုရှင်းပြဖို့ကခက်ခဲတဲ့(Biochemistry)တွေပါဝင်နေလို့လူတိုင်းနားလည်ဖို့မလွယ်သလို၊အသေးစိတ်နားလည်ဖို့လဲမလိုအပ်သေးပါဘူး။အလွယ်မှတ်သားထားရမှာက(mTOR)နဲ့(NF-kB)လမ်းကြောင်းတွေဆိုတာတိုင်းပြည်တပြည်မှာစစ်ဖြစ်လို့ရန်သူတွေတိုင်းပြည်ထဲကိုဝင်ရောက်လာတဲ့အခါမှာသာအုပ်ချုပ်ရတဲ့စစ်မြေပြင်အုပ်ချုပ်ရေးဥပဒေတွေနဲ့ဆင်တူနေလို့ခန္ဓာကိုယ်မှာရောဂါတွေကူးစက်ပြန့်ပွားနေတဲ့အချိန်မှာတော့အလွန်အကျိုးများပေမဲ့၊ဘာရောဂါပိုးမွားမှမရှိတော့တဲ့အချိန်အထိဒီလမ်းကြောင်းတွေအတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့ကင်ဆာအမျိုးမျိုး၊ရောင်ကိုင်းမ့ှု(inflammation)နဲ့ပါတ်သက်တဲ့ရောဂါအမျိုးမျိူး၊(autoimmune diseases)အမျိုးမျိုးတွေကိုဖြစ်ပေါ်စေပြီးအကြီးအကျယ်ကိုဒုကပေးနိုင်တယ်ဆိုတဲ့အချက်ပါပဲ။
နိုင်ငံရေးကိုပြောချင်တာမဟုတ်ပါ။ခန္ဓာကိုယ်မှာအရေးပေါ်အခြေအနေမှသာရှိသင့်ရှိထိုက်တဲ့(mTOR)နဲ့(NF-kB)လမ်းကြောင်းနှစ်ခုပုံမှန်အခြေအနေမှာဆက်လက်ဖြစ်ပေါ်နေခြင်းဟာအန္တရာယ်အလွန်များကြောင်းကိုပေါ်လွင်အောင်စစ်မြေပြင်အုပ်ချုပ်ရေးစနစ်နှင့်နိုင်းယှဉ်ပြီးဥပမာပေးရေးနေတာပါ။နိုင်ငံရေး၊စစ်ရေးလုံးဝမပါဝင်၊မပါတ်သက်ပါ။
အချိန်တန်တော့၊စစ်ပြီးလို့ငြိမ်းချမ်းသွားတဲ့အခါမှာစစ်ဥပဒေတွေ၊စစ်မိန့်တွေနဲ့တူတဲ့(mTOR pathway)နဲ့(NF-kB pathway)တွေဟာရပ်ဆိုင်းမသွားပဲ၊ဆက်လက်ကျန်ရှိနေတာဟာဘာနဲ့သွားတူနေသလဲဆိုတော့စစ်ပြီးသွားပေမဲ့ဆူပူပြီးမငြိမ်သက်နိုင်သေးတဲ့တိုင်းပြည်တစ်ခုနဲ့သွားတူနေပါတယ်။ခန္ဓာကိုယ်အနေနဲ့ပြောရရင်ပြင်ပကရောဂါပိုးမွားတွေကင်းရှင်းသွားသည့်တိုင်(ဆူပူမှု့နဲ့ဆင်တူတဲ့)(inflammation)လို့ခေါ်တဲ့(ရောင်ကိုင်းမ့ှု)ကကျန်ရှိနေသေးလို့ခန္ဓာကိုယ်မှာအရေးပေါ်အခြေအနေကိုရုပ်သိမ်းမပေးပဲအမြဲဖြစ်ပေါ်ထားရှိနေရခြင်းဖြစ်ပါတယ်။ဒီအချက်ဟာ(autoimmune)ရောဂါရဲ့အလွန်အရေးကြီးတဲ့သော့ချက်ထွက်ပေါက်တစ်ခုပါပဲ။
ဒီထွက်ပေါက်ကဘာတွေပြောလဲဆိုတော့၊(Chronic Inflammation)လို့ခေါ်တဲ့ရေရှည်ရောင်ကိုင်းမ့ှုကိုပပျောက်သွားအောင်ကုသနိုင်တော့မှသာလျှင်(mTOR)နဲ့(NF-kB) လမ်းကြောင်းတွေရပ်ဆိုင်းသွားပြီးကျန်းမာလာနိုင်မှာဖြစ်ပါတယ်။ဆိုလိုတာကဆူပူသောင်းကျန်းမ့ှုတွေပပျောက်သွားအောင်လုပ်နိုင်တော့မှသာလျင်စစ်ဥပဒေတွေ၊ပြစ်မိန့်တွေပြန်လည်ရုပ်သိမ်းသွားပြီးပုံမှန်ပြန်အုပ်ချုပ်လို့ရမှာဖြစ်ပါတယ်။ဆူပူသောင်းကျန်းမ့ှုတွေပပျောက်သွားအောင်လုပ်တယ်ဆိုတဲ့နေရာမှာဆူပူသောင်းကျန်းနေသူတွေ(သို့မဟုတ်)တိုင်းပြည်မငြိမ်မသက်အောင်လုပ်နေတဲ့လူဆိုးလူမိုက်တွေ၊သောင်းကျန်းသူတွေကိုအရင်ဆုံးရှာဖွေဖေါ်ထုတ်ချေမှုန်းပြစ်ရမှာဖြစ်သလို၊ခန္ဓာကိုယ်မှာလဲဆူပူသောင်းကျန်းမှု့နဲ့တူညီနေတဲ့ရောင်ရမ်းမှု့တွေပပျောက်သွားနိုင်အောင်ဘာကြောင့်၊ဘယ်သူကြောင့်ရောင်ရမ်းရတယ်ဆိုတဲ့အကြောင်းတရားကိုရှာဖွေကုသမှရမှာဖြစ်ပါတယ်။
ရေရှည်ရောင်ကိုင်းမှု့တွေဖြစ်တာအဓိကအချက်နှစ်ချက်ရှိပါတယ်။
နံပါတ်(၁)က(Oxidative Stress)ပါပဲ။ရေရှည်ရောင်ရမ်းမှု့တွေဖြစ်အောင်ဆဲလ်တွေ၊(DNA)တွေ၊ပရိုတိန်းတွေ၊(lipid)တွေစီကနေအီလက်ထရွန်တွေကိုလိုက်လံခိုးယူ၊တိုက်ခိုက်၊လုယက်ယူနေကြတဲ့သောင်းကျန်းသူနဲ့တူနေတဲ့(Reactive Oxygen Species)သို့မဟုတ်( ROS)လို့လဲခေါ်တဲ့(Free Radical)တွေရှိနေကြပါတယ်။ဒီလိုအလွန်ဆိုးရွားပြီးမိမိခန္ဓာကိုယ်တခုလုံးကိုလိုက်လံဖျက်ဆီးနေတဲ့လူဆိုး၊သူခိုး၊ဓါးပြတွေသိပ်များနေတာကိုတော့(Oxidative Stress)ဓါတ်တိုးမ့ှုဖိအားများနေတယ်လို့ခေါ်ပါတယ်။အဲဒီအကြမ်းဖက်သမား(Free radical)ခေါ်၊(ROS)တွေကိုတိုက်ခိုက်ခြေမှုန်းဖယ်ရှားပေးမဲ့အထူးနယ်မြေရှင်းလင်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုတော့(Antioxidant System)လို့ခေါ်ပါတယ်။
နံပါတ်(၂)ကတော့(omega 6 to omega 3 ratio)ဖြစ်ပါတယ်။ဒီနေရာမှာ(omega 6)ဟာရောင်ရမ်းမှု့ကိုဖြစ်ပေါ်စေပြီး၊(omega 3)ကတော့ရောင်ရမ်းမှု့ကိုပပျောက်စေနိုင်လို့၊(omega 6)ကိုနည်းနိုင်သလောက်နည်းအောင်စားသုံးပြီး၊(omega 3)ကိုတော့များနိုင်သလောက်ပိုစားဖို့အလွန်အရေးကြီးလှပါတယ်။
နောက်ပိုင်းမှာ(Free radical)ခေါ်(ROS)တွေကိုတိုက်ခိုက်ချေမှုန်းပြစ်ဖို့မိမိရဲ့(Antioxidant System)အလွန်ကောင်းမွန်ပြီးအင်အားကြီးမားလာအောင်ဘယ်လိုလုပ်ရမယ်။(Omega6)တွေနည်းသွားပြီး၊(Omega3)တွေများလာအောင်ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာကိုအသေးစိတ်ရေးပေးပါဦးမယ်။အခုတော့ဒီလောက်နဲ့ပဲခေတ္တရပ်နားပါရစေ။
Kelvin Albert Power
—————————————-
ဒီစာရေးဖို့လေ့လာခဲ့ရတဲ့သုသေသန(References links)တွေအောက်ဆုံးမှာပေးထားပါတယ်။ပိုပြီးအသေးစိတ်သိချင်ရင်မိမိကိုယ်တိုင်အင်္ဂလိပ်လိုသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
————————-
References:
Oxidative stress as a potential causal factor for autoimmune hemolytic anemia and systemic lupus erythematosus
https://www.ncbi.nlm.nih.gov/pmc/articles/PMC4046645/ Oxidative stress in the pathology and treatment of systemic lupus erythematosus
https://www.ncbi.nlm.nih.gov/pmc/articles/PMC6769561/ Inflammaging and Oxidative Stress in Human Diseases: From Molecular Mechanisms to Novel Treatments
https://www.ncbi.nlm.nih.gov/pmc/articles/PMC3995422/ Oxidative stress and its biomarkers in systemic lupus erythematosus
https://www.ncbi.nlm.nih.gov/pmc/articles/PMC4046645/ Oxidative stress in the pathology and treatment of systemic lupus erythematosus
https://www.ncbi.nlm.nih.gov/pmc/articles/PMC4017881/ The Pathology of T Cells in Systemic Lupus Erythematosus
https://www.ncbi.nlm.nih.gov/pmc/articles/PMC6839420/ Targeted Metabolomic Analysis of Serum Fatty Acids for the Prediction of Autoimmune Diseases
https://www.ncbi.nlm.nih.gov/pmc/articles/PMC3603502/ Redox Regulation of T-Cell Function: From Molecular Mechanisms to Significance in Human Health and Disease
https://www.ncbi.nlm.nih.gov/pmc/articles/PMC5859747/ Radiation-induced inflammation and autoimmune diseases
https://www.ncbi.nlm.nih.gov/pmc/articles/PMC4457006/ Peak inflammation in atherosclerosis, primary biliary cirrhosis, and autoimmune arthritis is counter-intuitively associated with regulatory T cell enrichment
https://www.ncbi.nlm.nih.gov/pmc/articles/PMC6277637/ Inflammation–Nature’s Way to Efficiently Respond to All Types of Challenges: Implications for Understanding and Managing “the Epidemic” of Chronic Diseases
https://www.ncbi.nlm.nih.gov/pmc/articles/PMC6161481/ Boosting mTOR-dependent autophagy via upstream TLR4-MyD88-MAPK signaling and downstream NF-KB pathway quenches intestinal inflammation and oxidative stress injury
https://www.ncbi.nlm.nih.gov/pmc/articles/PMC3622805/ Cytopenia and Autoimmune Diseases: a Vicious Cycle fueled by mTOR Dysregulation in Hematopoietic Stem Cells
https://www.ncbi.nlm.nih.gov/pmc/articles/PMC5877639/ The Role of the Mammalian Target of Rapamycin (mTOR) in Pulmonary Fibrosis
https://www.ncbi.nlm.nih.gov/pmc/articles/PMC5314913/ Activation of mTOR (mechanistic target of rapamycin) in rheumatic diseases
https://www.ncbi.nlm.nih.gov/pmc/articles/PMC3417069/ Regulation and function of mTOR signaling in T cell fate decision
https://www.ncbi.nlm.nih.gov/pmc/articles/PMC4480196/ mTOR activation is a biomarker and a central pathway to autoimmune disorders, cancer, obesity, and aging
https://www.ncbi.nlm.nih.gov/pmc/articles/PMC4398256/ mTOR and metabolic regulation of conventional and regulatory T cells
Shopping Cart