အပိုင်း(၁)။(covid-19)

Source from Kelvin A. Power’s Facebook on March 19, 2020
အပိုင်း(၁)။အရေးတကြီး၊တစ်ကမ္ဘာလုံးပက်ပက်စက်စက်သေနေကြပေမယ့်၊ဒီ(virus)အကြောင်းကို(ဃ၊ဂ၊ဏ၊န)သိထားရင်တော့ကိုယ်မသေနိုင်ပါဘူး။
ယနေ့ကမ္ဘာမှာ(covid-19)ဆိုတာနဂိုကထင်ထားတာထက်တောင်ပိုပြီးအသေအပျောက်များနေတာမျက်မြင်ကိုယ်တွေ့ပါ။ဒါဟာ(first wave)ပထမလှိုင်းပဲရှိပါသေးတယ်။များသောအားဖြင့်(pandemic)ဖြစ်ပြီဆိုရင်(first wave)တင်မကပဲအဆမတန်ပိုပြီးပြင်းထန်တဲ့(second wave)တွေ(third wave)တွေထပ်ထပ်ပြီးဆက်တိုက်ကြုံတွေ့လာရတတ်ပါတယ်။
လူသန်းပေါင်း(၅၀)ကျော်လောက်သေခဲ့ကြရတဲ့(1918, flu pandemic)ကိုပြန်ကြည့်မယ်ဆိုရင်ပထမဆုံးတစ်ကြိမ်(first wave)ဆိုတာ(virus)ကပထမပိုင်းမှာအားပျော့လို့ဘာမှကြောက်စရာမကောင်းသေးပါဘူး။
ပထမပိုင်းမှာခန္ဓာကိုယ်ကလည်းကောင်းကောင်းပြန်လည်ခုခံနိုင်ပါသေးတယ်။နဂိုပထမ(virus)ဟာမျိုးရီုးဗီဇပြောင်းလဲမှ့ု(mutation)တွေဖြစ်သွားပြီးတော့၊ဒုတိယအကြိမ်(second wave, third wave)တွေထပ်ပြီးထိလိုက်တော့မှလူတွေပက်ပက်စက်စက်သေကြရတာပါ။
နောက်ဆုံးအနေနဲ့မျိုးရီုးဗီဇပြောင်းလဲမှ့ုဖြစ်သွားပြီးထပ်ထိတဲ့(third wave)ဟာအဆိုးဆုံးအကြိမ်ပါပဲ။နောက်ဆုံး(တတိယအကြိမ်)ဟာဘယ်လောက်တောင်ဆိုးသလဲဆိုရင်ခုခံအားအလွန်ကောင်းမွန်နေကြတဲ့အသက်(၂၀)ကျော်ပါတ်ဝန်းကျင်လူငယ်လေးတွေတောင်ပက်ပက်စက်စက်သေဆုံးခဲ့ကြရတာသမိုင်းမှာရှိခဲ့ဖူးပါတယ်။
အခုစဖြစ်လာတဲ့(covid-19)ဟာလဲအခုအခြေအနေဟာအပျော့ဆုံးအခြေအနေ(first wave)ပဲရှိပါသေးတယ်။ဒီဗိုင်းရပ်စ်ဟာနောက်ထပ်မျိုးရီုးဗီဇပြောင်းလဲမှ့ု(virus mutation)တွေထပ်ဖြစ်လာနိုင်ပြီး(second wave, third wave)တွေထပ်ထိမယ်ဆိုရင်တော့်ဒီထက်အဆပေါင်းများစွာအသေအပျောက်များနိုင်ပါသေးတယ်။
ဒါဟာချိန်းခြောက်နေတာမဟုတ်ပါဘူး၊(1918, H1N1, flu pandemic)သမိုင်းကိုသေချာပြန်လေ့လာကြည့်ကြပါ။ဒီ(covid-19 virus)ဆိုတာဟာလဲ(DNA virus)တွေမဟုတ်ပဲ၊(1918)မှာဖြစ်ခဲ့တဲ့(H1N1)လိုပဲ(RNA Virus)တွေဖြစ်နေကြပါတယ်။(RNA Virus)တွေဆိုတာဟာအမြဲတန်းမကြာခဏမျိုးရီုးဗီဇပြောင်းလဲမှ့ု (Mutation)တွေအမြဲတန်းဖြစ်ပေါ်နေတတ်ကြပါတယ်။(Mutation)ဖြစ်တိုင်းဖြစ်တိုင်းပိုပြီးတော့ပြင်းထန်ဆိုးဝါးလာတတ်ကြပါတယ်။
အခုတလောကာကွယ်ဆေးကိစ္စနဲ့ပါတ်သက်ပြီးလဲအားလုံး(ငွေ)အလိမ်ခံမထိကြဖို့တော့အထူးသတိပေးချင်ပါတယ်။ကာကွယ်ဆေးထုတ်လုပ်ဖို့ဆိုတာအဆင့်တွေအများကြီးရှိပါတယ်။ဒါကြောင့်အနည်းဆုံးတစ်နှစ်လောက်ကြာပါဦးမယ်။ဒီထက်မြန်အောင်ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ဒီထက်ပိုကြာရင်လဲကြာနိုင်ပါတယ်။အဆင့်ကျော်လုပ်ရင်လဲဥပဒေနဲညီညွတ်မှု့မရှိသလိုအန္တရာယ်လဲဖြစ်နိုင်ပါတယ်။
တောမီးလောင်၊တောကြောင်လက်ခမောင်းခတ်ဆိုတဲ့အတိုင်း၊(USA)ကကုမ္မဏီတချို့တွေဟာမီဒီယာတွေသုံးပြီးတော့(USA)မှာကာကွယ်ဆေးတွေပေါ်နေပြီဆိုတဲ့သတင်းမှားတွေကိုဖြန့်ဝေကြပြီး၊ထွက်လာမယ့်ကာကွယ်ဆေးကအရေအတွက်နည်းနေသေးလို့လက်ရှိလူဦးရေနှင့်မလုံလောက်ဘူးဖြစ်နေတဲ့အတွက်ကိုယ်ကဦးစားပေးအဖြစ်ဆေးလိုချင်ရင်၊ဆေးဖိုးစရံငွေပေးထားပြီးကြိုတင်စာရင်းပေးထားဖို့ငွေသွင်းခိုင်တာတို့ပိုက်ဆံလွဲခိုင်းတာတို့လုပ်လာပြီဆိုရင်တော့ကိုယ်အလိမ်ခံရပြီဆိုတာကိုနားလည်လိုက်ကြပါ။အခုတလောလူလိမ်တွေကိုအထူးသတိထားကြပါ။
နောက်တစ်ခုက(COVID 19 VIRUS)ဟာ(DNA)ဗိုင်းရပ်စ်မဟုတ်ပဲ(RNA VIRUS)ဖြစ်နေပြန်ပါတယ်။(RNA virus)တွေဟာမကြာခဏမျိုးရိုးဗီဇတွေပြောင်းလဲ(mutation)ဖြစ်နေတတ်ပါတယ်။ဒါကြောင့်တစ်ကယ်လို့သာနောက်ထပ်တစ်နှစ်လောက်မှာ(COVID 19 virus)ဟာမျိုးရိုးဗီဇပြောင်းလဲသွားခဲ့မယ်ဆိုရင်၊အခုစမ်းသပ်ချိန်တစ်နှစ်ကျော်လောက်ကြာအောင်စောင့်ပြီးမှကြိုးစားထုတ်လုပ်ခဲ့ရတဲ့ကာကွယ်ဆေးဟာနောက်နှစ်မှာဘာမှအသုံးဝင်မှာမဟုတ်တော့ပါဘူး။
ဆိုလိုချင်တာက၊(COVID 19)အတွက်ကာကွယ်ဆေးတွေထွက်လာတဲ့အချိန်မှာ၊လက်ရှိဗိုင်းရပ်စ်ကမျိုးရိုးဗီဇတွေပြောင်းလဲသွားပြီး၊(COVI-19)ကနေ၊ပိုပြီးဆိုးသွားတဲ့(COVID-20, COVID-21)တွေဆိုပြီးအသစ်ဖြစ်သွားနိုင်တဲ့အတွက်(COVID-19)ကာကွယ်ဆေးဟာဘာမှအသုံးဝင်မှာမဟုတ်တော့ပါဘူး။(RNA virus)တွေရဲ့သဘောသဘဝတွေကိုနည်းနည်းလေးလောက်တော့နားလည်ထားစေချင်ပါတယ်။
ဒါကြောင့်၊လူတွေကိုအဓိကထားပြောချင်တာက၊အရင်းရှင်တွေထုတ်ရောင်းမယ့်ကာကွယ်ဆေးကိုလုံးဝစောင့်ပြီးအားမကိုးကြပါနှင့်၊မိမိကိုယ်တိုင်(COVID-19 virus)အကြောင်းကောင်းကောင်းနားလည်သဘောပေါက်အောင်ကြိုးစားထားပြီးမိခင်သဘာဝနည်းတွေနဲ့ကာကွယ်နိုင်ဖို့ပဲကြိုးစားကြပါ။နည်းလမ်းကောင်းတွေရှိပါတယ်။ဗိုင်းရပ်စ်ရဲ့သဘောသဘာဝကိုသေချာ(ဃ၊ဂ၊ဏ၊န)နားလည်ဖို့ပဲလိုတာပါ။ဒါကြောင့်အချိန်ကုန်ခံပြီးရေးပေးနေရတာပါ။
(COVID-19)ဗိုင်းရပ်စ်ပိုးဟာအသက်ရူလမ်းကြောင်းကနေကူးစက်လာတဲ့(respiratory transmitted virus)တစ်မျိုးဖြစ်ပါတယ်။လေထဲကနေအသက်ရူလမ်းကြောင်းထဲကိုဝင်လာတတ်လို့(Airborne transmission)လို့လဲခေါ်ကြပါတယ်။ဒီအချက်ကိုမှတ်ထားပါ။ဒီအချက်ဟာနောက်အပိုင်း(၂)မှာအကျယ်တင်ပြပေးသွားမှာဖြစ်လို့အလွန်အရေးကြီးပါတယ်။
အဓိကသတိထားရမယ့်အချက်ကရောဂါကူးစက်ခံရပြီးအစောပိုင်းကာလမှာ၊(COVID-19)ရှိမရှိစမ်းသပ်စစ်ဆေးတဲ့နေရာမှာသွေးရည်ကြည်(Plasma)ထဲမှာသွားပြီးစစ်ဆေးစမ်းသပ်ကြည့်လို့မရနိုင်ပါဘူး။ဒီအချက်ဟာလဲရောဂါကာကွယ်ကုသနိုင်ဖို့အတွက်အလွန်အရေးကြီးတဲ့အချက်အဖြစ်အပိုင်း(၂)မှာဆက်ရေးပေးမှာဖြစ်လို့မှတ်သားထားပေးပါ။
အခုအပိုင်း(၁)မှာရောဂါစမ်းသပ်ပုံမမှန်ကန်ရင်အလွန်အန္တရာယ်များလို့ရောဂါစမ်းသပ်ပုံနှင့်ပါတ်သက်ပြီးနည်းနည်းလေးရေးပေးချင်ပါတယ်။ရောဂါပိုးနမူနာယူတာကို( Specimen Collection)လို့ခေါ်ပါတယ်။ဒီနေရာမှာလည်ချောင်းပြွန်ထဲမှာရှိတဲ့ချွဲ၊သလိပ်တွေကိုနေရာမှန်အောင်ယူတတ်ဖို့အလွန်အရေးကြီးပါတယ်။
ဒီလိုယူဖို့အရေးကြီးတဲ့နည်းလမ်းနှစ်မျိုးရှိပါတယ်။
1. (Oropharyngeal (OP) Specimen Collection နှင်၊
2. (Nasopharyngeal (NP) Specimen Collection) တွေပါပဲ။
(1.) (Oropharyngeal (OP) Specimen Collection)လို့ခေါ်တဲ့ပထမနည်းသလိပ်ယူပုံ ဆိုတာ၊ပုံ(၁)မှာပြထားသည့်အတိုင်း၊ပါးစပ်ကနေ(Sample Stick)ကိုထိုးထည့်လိုက်ပြီး၊ပါးစပ်အနောက်တည့်တည့်မှာရှိနေတဲ့လည်ချောင်းပြွန်(အလည်ပိုင်းအစိမ်းရောင်)နဲ့ပြထားတဲ့နေရာမှာသလိပ်ကိုနမူနာယူရတာဖြစ်ပါတယ်။(ပါးစပ်ကနေယူတဲ့နည်းပါ)။ကောင်းကောင်းနားလည်သဘောပေါက်အောင်ပုံကိုသေချာစွာလေ့လာကြည့်ကြပါ။
(2) (Nasopharyngeal (NP) Specimen)လို့ခေါ်တဲ့ဒုတိယနည်းသလိပ်ယူပုံကတော့၊ပထမနည်းနဲ့လုံးဝမတူညီပဲကွဲပြားခြားနားပါတယ်။ပုံ(၂)မှာပြထားသည့်အတိုင်း၊နှာခေါင်းကနေ(Sample Stick)ကိုထိုးထည့်လိုက်ပြီး၊နှာခေါင်းအနောက်တည့်တည့်မှာရှိနေတဲ့လည်ချောင်းပြွန်ရဲ့(အပေါ်ဆုံးအပိုင်းအပြာရောင်)နဲ့ပြသထားတဲ့နေရာဧရိယာမှာသလိပ်နမူနာယူရတာဖြစ်ပါတယ်။(နှာခေါင်းကနေယူတဲ့နည်းပါ)။ ကောင်းကောင်းနားလည်သဘောပေါက်အောင်ပုံကိုသေချာစွာလေ့လာကြည့်ကြပါ။
နားလည်အောင်ဥပမာပေးရရင်၊တစ်ကယ်လို့အာသီးယောင်တဲ့ရောဂါဖြစ်တယ်ဆိုရင်၊ပါးစပ်ထဲကနေ(sample stick)ကိုထိုးသွင်းပြီး၊ပါးစပ်အနောက်မှာရှိနေတဲ့(လည်ချောင်းပြွန်အလည်ပိုင်းအစိမ်းရောင်)နေရာမှာ(Sample)ရယူရမှာဖြစ်ပါတယ်။ဆိုလိုတာကအာသီးကိုယောင်စေတဲ့ပိုးကလည်ချောင်းပြွန်အထက်ပိုင်း (အပြာရောင်ပြထားတဲ့)နေရာမှာမရှိပဲလည်ချောင်းပြွန်အလယ်ပိုင်း(အစိမ်းရောင်)ပြထားတဲ့နေရာမှာသာရှိနေလို့ဖြစ်ပါတယ်။
(COVID-19)ဆိုတဲ့(Coronavirus)တစ်မျိုးအတွက်ဆိုရင်တော့(sample Stick)ကိုနှာခေါင်းထဲကနေထိုးသွင်းပြီးနှာခေါင်းအနောက်မှာရှိနေတဲ့(လည်ချောင်းပြွန်အပေါ်ဆုံးအပိုင်း၊အပြာရောင်)နေရာမှာ(Sample)ယူတာကတော့အသေချာဆုံးနည်းလမ်းဖြစ်ပါ့တယ်။ဒီအချက်ဟာတစ်နိုင်ငံလုံးအတွက်အလွန်အရေးကြီးပါတယ်။
ပါးစပ်ထဲကနေထိုးသွင်းပြီး(လည်ချောင်းအလည်ပိုင်းအစိမ်းရောင်)နေရာမှာ(sample)ယူလို့လုံးဝမရဘူးလို့တော့ကျွန်တော်မဆိုလိုပါဘူး။ယူလို့တော့ရပါတယ်။ဒါပေမယ့်လူနာဟာအစာစားထား၊ရေသောက်ထားရင်(false negative)တွေဖြစ်တတ်ပါတယ်။
တစ်ကယ်လို့နှာခေါင်းကနေမယူပဲပါးစပ်ကနေယူချင်တယ်ဆိုရင်အမှားများတတ်တဲ့အတွက်လိုက်နာဖို့လိုအပ်ချက်တွေရှိနေပါတယ်။လူနာဟာစမ်းသပ်မ့ှုအချိန်မတိုင်ခင်အနည်းဆုံး(၁၂)နာရီလောက်အစာမစား၊ရေမသောက်ရပါဘူး။အထူးသဖြင့်ရေနွေးလုံးဝမသောက်ရပါဘူး။ထမင်းပူ၊ဟင်းပူ၊ဆန်ပြုတ်ပူ၊ဟင်းချိုအပူတွေလုံးဝစားသောက်ထားလို့မရပါဘူး။
တစ်ကယ်လို့သလိပ်မယူခင်(၁၂)နာရီအတွင်းအပူတစ်ခုခုစားထားမိသောက်ထားမိခဲ့ရင်၊ပါးစပ်အနောက်(လည်ချောင်းပြွန်အလည်ပိုင်းအစိမ်းရောင်)နေရာမှာရှိနေတဲ့ဗိုင်းရပ်စ်ပိုးတွေဟာအပူနှင့်ထိမိပြီးသေချင်ရင်သေ၊မသေရင်လဲ၊ရေတို့အစာတို့နှင့်အတူအစာအိမ်ထဲကိုမျောပါသွားတတ်ကြပါတယ်။
အစာအနွေးကိုမစားပဲ၊အအေးကိုစားမိရင်တောင်၊ရေအေးကိုသောက်မိရင်တောင်ဗိုင်းရပ်စ်အချို့ဟာလည်ချောင်းပြွန်အလည်ပိုင်းမှာတွယ်ကပ်မနေတော့ပဲ၊အစာအိမ်ထဲကိုမျောပါရောက်ရှိသွားတတ်ပါတယ်။ဒါကြောင့်လွန်ခဲ့တဲ့(၁၂)နာရီလောက်ကအစာစားထားတဲ့လူ၊ရေသောက်ထားတဲ့လူကိုသွားပြီးသလိပ်ယူမိရင်ဗိုင်းရပ်စ်ရှိရဲ့သားနှင့်မရှိဘူးဆိုပြီးတော့(False Negative)မှားပြီးပြတတ်ပါတယ်။ဒါဟာတနိုင်ငံလုံးအတွက်အလွန်အန္တရာယ်ကြီးပါတယ်။
—-
နိုင်ငံတစ်နိုင်ငံရဲ့(CDC)ဟာဒီအချက်ကိုလုံးဝလွဲမှားယူဆမိလို့မရပါဘူး။(Virus)တွေရဲ့အမျိုးအစားသဘာဝတွေအပေါ်မှာမူတည်ပြီးဘယ်ဧရိယာမှာ(Sample)ယူသင့်တယ်ဆိုတာ(CDC)ကဆုံးဖြတ်ရမှာဖြစ်ပါတယ်။သေချာနားမလည်မကွဲပြားပဲမှားတိုင်းမိရင်(False Negative)ပြတတ်ပြီး(Virus)ရှိနေရဲ့သားနဲ့၊မရှိဘူးလို့မှားယွင်းယူဆမိနိုင်သလို၊ရောဂါကူးစက်ခံနေရတာကိုရောဂါကူးစက်ခံနေရမှန်းမသိရှိနိင်ခဲ့တဲ့အတွက်တစ်နိုင်ငံလုံးဒုက္ခရောက်သွားနိုင်ပါတယ်။
တစ်ကယ်လို့သာ(False Negative)ဖြစ်ပြီးပိုးရှိနေရဲ့သားနဲ့ပိုးမတွေ့ပါဘူးလို့မှားတိုင်းတာမိလိုက်ပြီးရောဂါရှိနေတဲ့လူကိုမရှိပါဘူးဆိုပြီးလွတ်ထားပေးလိုက်မိရင်ဒီရောဂါဆိုးကြီးဟာတိတ်တဆိတ်နဲ့၊အကြီးအကျယ်ကိုကူးစက်ပြန့်ပွားသွားနိုင်လို့လူတိုင်းလူတိုင်းအတွက်အလွန်အန္တရာယ်ကြီးပါတယ်။
ဘယ်အချိန်မှာမှသိလာမလဲဆိုတော့၊လူတွေအများကြီးရုတ်တရက်ချက်ချင်းတဖြုတ်ဖြုတ်သေကုန်တော့မှတိုင်းတာမှ့ုတွေမှားနေပြီဆိုတာသိလာကြပါလိမ့်မယ်။အဲဒီအချိန်မှာဗိုင်းရပ်စ်ပိုးဟာတားဆီးထိန်းချုပ်လို့မရနိုင်တော့ပဲလူတိုင်းဆီကိုပြန့်နှံနေပြီးပါပြီ။
တိုင်းတာမှ့ုတွေမှားနေတယ်လို့သိလိုက်ရတဲ့အချိန်ဟာအလွန်နောက်ကျသွားပြီဖြစ်လို့အပြစ်မဲ့ပြည်သူတွေသိန်းသန်းချီအသက်ဆုံးရံှုးရနိုင်ပါတယ်။ဒါကြောင့်(အီတလီတို့အီရန်)တို့ကိုနှမူနာယူစေချင်ပါတယ်။ဒီနိုင်ငံတွေမှာအစကမဖြစ်ဘူးမဖြစ်ဘူးလို့ထိုင်အော်နေကြပေမယ့်တစ်ကယ်လဲဖြစ်တယ်လို့သိတဲ့နေ့မှာလူတွေများစွာပက်ပက်စက်စက်သေဆုံးပြီးနေပြီ၊လူတော်တော်များများကိုလဲကူးစက်ပြီးနေခဲ့ပါပြီ။ဒီအချက်အလွန်အရေးကြီးပါတယ်။
ဒါကြောင့်ဒီအလွန်အရေးကြီးတဲ့အချက်ကိုထောက်ပြတာဟာဘယ်သူ့ကိုမှပုတ်ခတ်ချင်လို့မဟုတ်ပဲ၊အပြစ်မဲ့ပြည်သူတွေအသက်မဆုံးရံှုးရအောင်လို့သာအပြုသဘောနင့်ထောက်ပြရခြင်းသာဖြစ်ပါတယ်။မြန်မာပြည်ကဆရာဝန်တွေစိတ်ဆိုးပြီးဝိုင်းဆဲကြမယ်ဆိုရင်လဲဂရုမစိုက်နိုင်တော့ပါဘူး။ကိုယ့်ပြည်သူတွေအသက်မဆုံးရှုံးရဖို့အဆဲအဆိုခံပြီးအမှန်ကိုထောက်ပြရမှာဖြစ်ပါတယ်။
ကျွန်တော်ကတော့(USA)မှာနေတာဖြစ်လို့မြန်မာပြည်က(CDC)အပါအဝင်၊ဆရာဝန်တွေဘယ်ကနေဘယ်လိုတိုင်းတယ်ဆိုတာကျွန်တော်လုံးဝမသိပါဘူး။ဒါပေမယ့်နှာခေါင်းကနေ(Sample)ယူတာပဲဖြစ်ပါစေလို့ရင်တမမနဲ့တော့ဆုတောင်းနေမိပါတယ်။တစ်ကယ်လို့သာမြန်မာ(CDC)ဟာအစာနှင့်ရေကိုမတိုင်းခင်(၁၂)နာရီလောက်ကြိုတင်မရှောင်ခိုင်းထားပဲနဲ့၊ပါးစပ်ကနေထိုးသွင်းပြီးတိုင်းကြတယ်ဆိုရင်တော့မြန်မာနိုင်ငံပြည်သူတွေအတွက်မတွေးရဲစရာကိုရင်လေးမိပါတယ်။
အနှစ်ချုပ်ပြောရရင်၊ပါးစပ်ထဲကနေ(လည်ချောင်းအလည်ပိုင်းအစိမ်းရောင်)နေရာမှာ(sample)ယူချင်တယ်ဆိုရင်လူနာကိုကြိုတင်ပြီး(၁၂)နာရီလောက်အစာပေးမစား၊ရေပေးမသောက်မှသာလျှင်တိုင်းတာမှု့ကိုယုံကြည်စိတ်ချလို့ရနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်နှာခေါင်းကနေထိုးသွင်းပြီး(လည်ချောင်းအထက်ပိုင်းအပြာရောင်)နေရာမှာ(sample)ယူဖို့အကြံပြုချင်ပါတယ်။ဒီနည်းဟာနာခေါင်းအနောက်လည်ချောင်းပြွန်အထက်ပိုင်းကိုအစာနှင့်ရေ(လုံးဝ)မရောက်ရှိနိုင်လို့လူနာကိုကြိုတင်ပြီး(၁၂)နာရီလောက်အစာရှောင်ခိုင်းထားဖို့၊ရေရှောင်ခိုင်းထားဖို့မလိုအပ်ပါဘူး။
လူနာကအစာအပူကိုစားထားသည်ဖြစ်စေ၊အစာအအေးကိုစားထားသည်ဖြစ်စေ၊ရေပူကိုသောက်ထားသည်ဖြစ်စေ၊ရေအေးကိုသောက်ထားသည်ဖြစ်စေ၊လည်ချောင်းပြွန်ရဲ့အလည်ပိုင်းကိုသာ(အစာနှင့်ရေ)တွေပွတ်တိုက်ဆေးကြောချမိနိုင်ပြီး၊လည်ချောင်းပြွန်အပေါ်ဆုံးအပိုင်းကိုတော့အစာနှင့်ရေတွေရောက်မသွားနိုင်လို့ဗိုင်းရပ်စ်ပိုးသေချာပေါက်အမြဲတန်းရှိနေမယ့်နေရာရာဟာလည်ချောင်းပြွန်အထက်ပိုင်းနာခေါင်းအနောက်မှာသာလျှင်ဖြစ်ပါတယ်။
စကားမစပ်၊အရင်ကကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးတစ်ခုမှာဆိုထားတဲ့၊မြန်မာပြည်သူတွေရဲ့ကိုယ်ထဲမှာ(သွေးလွန်တုတ်ကွေးရောဂါ)ဖြစ်တတ်တဲ့ခြင်တစ်မျိုးကနေရထားတဲ့(Immunity)ဟာ(Covid-19)ရောဂါကိုကာကွယ်ပေးချင်ပေးနိုင်မယ်ထင်တယ်ဆိုတဲ့ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်ဟာ၊ဘာသုတေသနမှအခိုင်အမာမပြနိုင်သေးတဲ့(Hypothesis)တစ်ခုသာလျှင်ဖြစ်နေလို့တစ်ကယ်မှန်လာမယ်၊မမှန်လာဘူးဆိုတာကိုဘယ်သူကမှတိတိကျကျမပြောနိုင်ပါဘူး။ကျွန်တော့်ရဲ့(Hypothesis)မှန်လာပါစေလို့တော့ဆုတောင်းနေမိပါတယ်။ဒါကြောင့်လူတိုင်းကိုသတိပေးချင်တာက(Hypothesis)တစ်ခုကို၊သီအိုရီတစ်ခုလိုလှေနံဓါးထစ်ယုံကြည်ပြီးတော့(ကံကိုယုံပြီးဆူးပုံမနှင်း)မိကြဖို့တော့အထူးထပ်မံသတိပေးချင်ပါတယ်။
စာရှည်ရင်မြန်မာလူမျိုးတွေမဖတ်ချင်ကြလို့၊ဒီနေ့တော့ဒီလောက်ပါပဲ။မကြာခင်ဒီဗိုင်းရပ်စ်ပိုးကိုသဘာဝနည်းအရဘယ်လိုကာကွယ်နိုင်မယ်၊ဘယ်လိုထိထိမိမိကုသနိုင်မယ်ဆိုတာကိုတိတိကျကျအပိုင်း(၂)မှာဆက်ရေးပေးပါဦးမယ်။အခုတော့စာရှည်တာလူမကြိုက်လို့အဆဲမခံရအောင်နားလိုက်ပါဦးမည်။
တိုင်းတာမှု့နည်းစနစ်တွေမှားနေရင်တော့(အီရန်နှင့်၊အီတလီ)လိုရုတ်တရက်ကြီးထပေါက်ကွဲမှာအလွန်စိုးရိမ်မိပါတယ်။ရင်တထိတ်ထိတ်နှင့်ဘာဖြစ်လာမယ်မသိပဲ(CDC)ကိုယုံကြည်ပြီးစောင့်နေရတော့မှာပါပဲ။
မြန်မာနိုင်ငံ(CDC)ရဲ့တိုင်းတာမှု့နည်းစနစ်တွေမှန်ကန်ပြီးပြည်သူ့အသက်ကိုကာကွယ်ပေးနိုင်ကြပါစေ။
Kelvin Albert Power
Shopping Cart