အထူးအရေးပေါ်အခြေအနေတစ်ရပ်အတွက်(Vitamin C)နဲ့(Vitamin D3)ကို(High Dose)သောက်ခိုင်း

Source from Kelvin A. Power’s Facebook on January 29, 2020
အထူးအရေးပေါ်အခြေအနေတစ်ရပ်အတွက်(Vitamin C)နဲ့(Vitamin D3)ကို(High Dose)သောက်ခိုင်းလိုက်လို့တချို့လူတွေကကျွန်တော့်ကိုဝိုင်းပြီးဆဲဆိုအပုတ်ချကြပါတယ်။ဘယ်လိုပဲဆဲဆိုအပုတ်ချကြပါစေ၊အသက်ပေါင်းများစွာမဆုံးရံှုးစေချင်တဲ့စေတနာကြောင့်အဆဲအဆိုခံ၊အမုန်းခံပြီးဆက်ရေးပေးပါဦးမယ်။
ကူးစက်ရောဂါတစ်ခုခုဝင်ရောက်လာပြီဆိုရင်၊ရောဂါအမျိုးအစားအပေါ်မှာမူတည်ပြီး(Vitamin C)လိုအပ်ချက်ဟာပုံမှန်ထက်အဆပေါင်းများစွာပိုပြီးလိုအပ်တယ်ဆိုတဲ့အလွန်ထူးခြားတဲ့အချက်ကိုစတင်တွေ့ရှိခဲ့တဲ့ပညာရှင်ကတော့ကမ္ဘာပေါ်မှာနိုဘယ်ဆုကို(၂)ကြိမ်တိုင်တိုင်ဆွတ်ခူးရရှိခဲ့ဖူးတဲ့(Linus Pauling)ပါပဲ။
(Double Nobel prizes)ဆုရှင်(Pauling)ဟာ၊ခန္ဓာကိုယ်ကနေ(Vitamin C)ကိုလိုအပ်ရင်လိုအပ်သလို၊ထုတ်လုပ်ပေးနိုင်ကြတဲ့တိရိစ္ဆာန်တွေအားလုံးဟာ၊ကျန်းမာနေစဉ်မှာအနည်းငယ်သာထုတ်လုပ်ပေးသော်လဲ၊ရောဂါတွေကူးစက်လာတဲ့အခါမှာ၊ပုံမှန်ထုတ်လုပ်နေတာထက်အဆပေါင်းများစွာသဘာဝအလျောက်ထုတ်လုပ်ပေးကြတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
နောက်ထပ်စိတ်မကောင်းစရာထူးခြားတဲ့တွေ့ရှိချက်တစ်ခုကတော့လူတွေရဲ့မျိုးရိုးဗီဇမှာကြတော့(Vitamin C)ကိုထုတ်လုပ်ပေးနိုင်တဲ့ (L-Gulonolactone Oxidase)အင်ဇိုင်းလုံးဝပါမလာတာပါပဲ။ဒီအလွန်အရေးကြီးတဲ့အင်ဇိုင်းတစ်ခုလူတွေရဲ့မျိုးရိုးဗီဇမှာပျောက်ဆုံးနေတာဟာလူတွေအတွက်အလွန်ကံဆိုးတဲ့အားနည်းချက်တစ်ခုဖြစ်နေပါတော့တယ်။
ကမ္ဘာဦးကတည်းကစလို့အခုချိန်အထိ၊တောရိုင်းတိရိစ္ဆာန်တွေမှာရောဂါကူးစက်လာပြီဆိုရင်ကာကွယ်ဆေးမရှိခဲ့သလို(Antibiotic)တွေလဲမရနိုင်ခဲ့ပါဘူး။တောရိုင်းတိရိစ္ဆာန်အများစုတွေဟာမကျန်းမာတဲ့အခြေအနေမှာ(Vit-C)ကိုပုံမှန်ထက်အဆပေါင်းများစွာထုတ်လုပ်နိုင်တယ်ဆိုတာဟာအလွန်ထူးခြားတဲ့မိခင်သဘာဝကပေးခဲ့တဲ့ရောဂါအမျိုးမျိုးကိုကာကွယ်ကုသနိုင်တဲ့သဘာဝဆေးဝါးတစ်ခုပါပဲ။
(Double Nobel prizes)ဆုရှင်(Pauling)ရဲ့အဆိုအရဆိုရင်၊
နံပါတ်(၁)က၊လူ့ခန္ဓာကိုယ်မှာရောဂါတခုခုကူးစက်လာတဲ့အခါမှာ(Vitamin C)လိုအပ်မှု့ဟာ၊ရောဂါအမျိုးအစားအပေါ်မူတည်ပြီး၊ပုံမှန်နေ့စဉ်လိုအပ်မှု့ထက်အဆပေါင်းများစွာပိုများနေတယ်ဆိုတာသိရပါတယ်။
နံပါတ်(၂)ကတော့၊လူတွေရဲ့မျိုးရိုးဗီဇမှာ(Vitamin C)ကိုထုတ်လုပ်ပေးနိုင်တဲ့အရေးကြီးတဲ့အင်ဇိုင်းတစ်ခုလုံးဝပါမလာပါဘူး။
ဒီအလွန်ထူးခြားတဲ့အချက်နှစ်ချက်ဟာ၊အရင်းရှင်ကြီးတွေ၊ဆေးကုမ္မဏီကြီးတွေ ကိုတော်တော်လေးကြောက်လှန့်တုန်လှုပ်စေခဲ့ပါတယ်။တကယ်လို့သာဒီအချက်တွေကိုလူတွေအားလုံးသိရှိသွားရင်ရောဂါတွေကင်းရှင်းပြီးကျန်းမာလာကြမယ်။
ဒီလိုသာလူတွေလွယ်လွယ်လေး၊ကုန်ကျစရိတ်နည်းနည်းလေးနဲ့ကျန်းမာသွားရင်ငွေတွေအများကြီးရင်းနှီးမြုပ်နှံထားတဲ့ဆေးကုမ္ပဏီကြီးတွေစီးပွားပျက်ပြီးဒေဝါလီခံကြရမယ်ဆိုတာအရင်းရှင်ကြီးတွေကကြိုသိနေတော့၊မီဒီယာတွေသုံး၊မရိုးသားတဲ့ကလိမ်ကကျစ်သုတေသနတွေလုပ်၊အစိုးရအာဏာပိုင်တွေကိုပိုက်ဆံတွေပုံပေးပြီးဒီကိစ္စကိုလူမသိအောင်ဖုံးဖိထားခဲ့ကြပါတယ်။
မီဒီယာအားတွေ၊ငွေအားတွေသုံးပြီးငွေသိပ်ကြိုက်တဲ့အစိုးရအာဏာပိုင်တွေ၊ကျန်းမာရေးပညာရှင်တွေကိုလက်ကိုင်တုတ်လုပ်ပြီးတော့(Vitamin C)ရဲ့အဆိုးသတင်းတွေ(Side effects)တွေကိုအကြီးအကျယ်ဝါဒဖြန့်ပါတော့တယ်။ဒီကိစ္စကိုဖေါ်ထုတ်ပေးခဲ့တဲ့(Double Nobel prizes)ဆုရှင်(Pauling)ကိုလဲဝိုင်းပြီးဝေဖန်၊ကဲ့ရဲ့အပုတ်ချ၊တိုက်ခိုက်တာတွေဟာအခုထက်ထိရှိနေပါသေးတယ်။
ဒီအကြောင်းကို၊မီဒီယာတွေ၊အစိုးရအာဏာပိုင်တွေ၊ကျန်းမာရေးဌာနတွေကိုယ်တိုင်ကလိုက်ပြီးဖုံးကွယ်ထားတဲ့အမှန်တရားဖြစ်နေလို့တော်ရုံတန်ရုံစာဖတ်လေ့လာမှု့လောက်နဲ့တော့အမှန်ကိုမသိရှိနိုင်ပါဘူး။ထဲထဲဝင်ဝင်သေချာအသေးစိတ်သုတေသနလုပ်ကြည့်တော့မှသာသိရှိနိုင်ပါတယ်။
ဒါဆိုရင်ခန္ဓာကိုယ်ကနေ(Vitamin C)လုံးဝမထုတ်လုပ်နိုင်တဲ့လူသားတွေဟာ၊ကာကွယ်ဆေးတွေ၊ကုသဆေးတွေမပေါ်သေးတဲ့ကူးစက်ရောဂါအသစ်တွေနဲ့၊ကပ်ရောဂါအသစ်တွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြရမလဲ?။လို့စဉ်းစားစရာရှိလာပါတယ်။
ဒီမေးခွန်းကိုဖြေဖို့အတွက်ကမ္ဘာပေါ်မှာတချိန်ကဖြစ်ပွားခဲ့ဖူးတဲ့အလွန်ကြောက်စရာကောင်းပြီးကူးစက်ပြန့်ပွားတတ်တဲ့အဆုတ်ရောင်ရောဂါအမျိုးအစား(Invasive pneumococcal disease)တွေအကြောင်းကိုနောက်ကြောင်းပြန်ပြီးလေ့လာကြဖို့လိုအပ်လာပါတယ်။
(Invasive pneumococcal disease)တွေဆိုတာဟာကူးစက်တတ်တဲ့အဆုတ်ရောင်ရောဂါ(Pneumonia)အမျိုးအစားတစ်ခုပါပဲ။ (Pneumonia)အမျိုးအစားရောဂါတွေကိုကာကွယ်ဖို့ကာကွယ်ဆေးတွေနဲ့ကုသဖို့(Antibiotic)တွေမပေါ်သေးခင်ရှေးယခင်တချိန်တုံးက၊(Pneumonia)ရောဂါဟာလူပေါင်းများစွာကိုသေစေနိုင်ခဲ့ဖူးတဲ့ကပ်ရောဂါတစ်ခုဖြစ်ခဲ့ဖူးပါတယ်။
ကျွန်တော်တို့(Functional medicine)သမားတွေဟာ၊အရင်းရှင်ကြီးတွေဆေးကုမ္မဏီကြီးတွေပြောတဲ့အတိုင်းယုံပြီးလိုက်လုပ်နေတဲ့တစ်ဖက်ပိတ်၊တစ်ဇောက်ကန်းသမားတွေမဟုတ်ပါဘူး။မိခင်သဘာဝကပေးတဲ့သဘာဝတရားတွေဖက်ကိုဦးစားပေးလေ့လာကြရပါတယ်။ပြီးရင်သုသေသနတွေကိုလဲသူများထက်အဆပေါင်းများစွာပိုလုပ်ကြရပါတယ်။
ဒါဆိုရင်မိခင်သဘာဝကိုပြန်ကြည့်ကြပါစို့။
ဥပမာအားဖြင့်လူထက်အကောင်သေးငယ်တဲ့ဆိတ်ကလေးတစ်ကောင်ဟာနေကောင်းနေစဉ်မှာတစ်နေ့ကို(Vitamin C, 13,000mg)အထိသဘာဝအားဖြင့်ထုတ်လုပ်နေပါတယ်။
သို့သော်ထိုဆိတ်ကလေးတစ်ကောင်ဟာရောဂါကူးစက်ခံရလို့နေမကောင်း၊မကျန်းမာဖြစ်လာတဲ့အခါမှာ(Vitamin C)မီလီဂရမ်ပေါင်းတစ်ရက်ကို(တစ်သိန်း)အထိတိုးပြီးထုတ်လုပ်ပေးကြပါတယ်။
နေမကောင်းတဲ့အချိန်တွေမှာဆိတ်တမျိုးတည်းတင်မကပါဘူး။တခြားလူထက်သေးငယ်တဲ့တိရိစ္ဆာန်တွေမှာလဲ(Vitamin C)ကိုနေ့စဉ်(mg)ပေါင်းထောင်နဲ့၊သောင်းနဲ့ချီပြီးထုတ်လုပ်နိုင်ကြပြန်ပါတယ်။ဒါဟာသဘာဝတရားပါပဲ။
လူထက်အဆပေါင်းများစွာသေးငယ်တဲ့ကြောင်ကလေးတစ်ကောင်ဟာကျန်းမာနေစဉ်မှာ(Vitamin C 180mg)ကနေ(200mg)အထိနေ့စဉ်ထုတ်လုပ်ပေးနိုင်ပါတယ်။မကျန်းမာရင်တော့(1,000mg)ကနေ(2,000mg)အထိထုတ်လုပ်ရပါတယ်။
နေမကောင်းတဲ့အချိန်မှာကြောင်ကလေးတွေဟာအဟာရချို့တဲ့နေလို့(Vitamin C)ကိုလုံလုံလောက်လောက်မထုတ်လုပ်နိုင်ရင်သေကြရပါတယ်။မသေအောင်ကိုယ်ကသံပုရာသီးကိုပါးစပ်၊နာခေါင်း၊မျက်စိ၊နားတွေထဲညှစ်ထည့်ပေးရပါတယ်။ဒါလဲသဘာဝတရားပါပဲ။
လူထက်အဆပေါင်းများစွာသေးငယ်တဲ့ကြောင်ကလေးတွေမှာတောင်ကျန်းမာရေးအခြေအနေကိုမူတည်ပြီး၊(Vitamin C 180mg ကနေ 2000mg)အထိသဘာဝအားဖြင့်လိုအပ်နေတဲ့အချိန်မှာ၊
ကြောင်ကလေးထက်အဆပေါင်းများစွာကြီးမားပြီး၊(Vitamin C)ထုတ်လုပ်ဖို့အင်ဇိုင်းလုံးဝပါမလာတဲ့လူသားတွေဟာအစိုးရကျန်းမာရေးဌာနတွေရဲ့အလိုအရ၊လူတစ်ယောက်ဟာ(Vitamin C 75mg ကနေ 90mg)လောက်ကလေးပဲနေ့စဉ်လိုအပ်ပါတယ်ဆိုတာကဟာ၊ဖြစ်နိုင်သလား၊ယုတ်တ္တိရှိသလား၊အရှင်းရှင်တွေရဲ့ငွေလက်ချက်တွေပါသလားမပါဘူးလားဆိုတာဉာဏ်ရှိသူတိုင်းနားလည်နိုင်ပါတယ်။
လူတစ်ယောက်ဟာ(Vitamin C)(75mg)ကနေ (90mg)လောက်ပဲလိုတယ်ဆိုတာဟာမိခင်သဘာဝကလာတာလား၊အရင်းရှင်ပထွေးတွေကသတ်မှတ်ပေးတာလားဆိုတာကိုတော့နားလည်ဖို့လိုပါတယ်။အမေကျော်ပြီးပထွေးလွမ်းချင်ရင်တော့လွမ်းလို့ရပါတယ်။မိမိကြိုက်သလိုဆုံးဖြတ်ကြပါ။
References:
မြန်မာပြည်ကစာမဖတ်တဲ့လူတွေဟာ(Vitamin C & D)ကိုနေ့စဉ်သောက်ရမဲ့(Daily Dose)နဲ့၊အရေးပေါ်အခြေအနေတရပ်မှာသောက်ရမယ့်(Emergency Dose)လုံးဝမတူညီ၊ကွဲပြားတယ်ဆိုတာကိုလုံးဝနားမလည်ကြတာဟာအလွန်သနားစရာကောင်းတဲ့အချက်ပါ။
စာမဖတ်၊မလေ့လာတဲ့လူတွေရဲ့ဆဲဆိုကဲ့ရဲ့မှု့တွေကိုမျက်ကွယ်ပြုပြီး၊နိုဘယ်ဆုရှင်(Linus Pauling)ရဲ့သီအိုရီကိုအခြေခံပြီးမြန်မာနိုင်ငံသားတွေအကျိုးအတွက်ကျွန်တော်ပြန်လည်မျှဝေပေးပါရစေ။
Linus Pauling)ရဲ့သီအိုရီကိုအခြေခံပြီးအခြေအနေအမျိုးမျိုးအလိုက်(Vitamin C)လိုအပ်မှု့ကိုအနှစ်ချုပ်ကြည့်မယ်ဆိုရင်၊
အခြေအနေ(၁)။
အရွယ်ရောက်ပြီး၊အရွယ်လဲကောင်း၊ကျန်းမာရေးလဲအထွတ်အထိပ်ရောက်နေတဲ့၊လူတစ်ယောက်ဟာဟင်းသီးဟင်းရွက်တွေကိုလဲများများစားသုံးနေမယ်၊ရာသီဥတုကလဲ၊အအေးမမိ၊မဖျားနာနိုင်တဲ့ရာသီဥတု၊ကူးစက်ရောဂါတွေလဲလုံးဝမရှိ၊ပြီးပြည့်စုံတဲ့(Perfect Condition)အခြေအနေတရပ်မှာဆိုရင်နေ့စဉ်(Vitamin C, 100mg)ကနေအမြင့်ဆုံး(500mg)လောက်အထိပဲလိုအပ်ပါတယ်ဆိုတာမှန်ပါတယ်။
အခြေအနေ(၂)။
အသက်အရွယ်ကြီးလို့ပဲဖြစ်ဖြစ်၊ကျန်းမာရေးမကောင်းလို့ပဲဖြစ်ဖြစ်၊ဟင်းသီးဟင်းရွက်များများမစားလို့ပဲဖြစ်ဖြစ်အခြေအနေတစ်ခုမှာလူတစ်ယောက်ဟာနေ့စဉ်(Vitamin C, 500mg)ကနေ(1000mg)လောက်အထိလိုအပ်ပါတယ်။
အခြေအနေ(၃)။
ဆောင်းတွင်းအအေးမိတုတ်ကွေး(Flu)ဖြစ်တတ်တဲ့ရာသီ၊အချိန်အခါမျိုးမှာဆိုရင်တော့(Flu)ရောဂါကိုကာကွယ်နိုင်ဖို့(Vitamin C, 1,000mg ကနေ 2,000mg)လောက်အထိနေ့စဉ်လိုအပ်လာပြန်ပါတယ်။
အခြေအနေ(၄)။
ကြောက်စရာကောင်းတဲ့ကပ်ရောဂါ(သို့မဟုတ်)ကူးစက်ရောဂါတစ်ခုခုဟာမိမိပါတ်ဝန်းကျင်ကိုဆိုက်ရောက်လာပြီဆိုတဲ့အခါမှာကြတော့ကူးစက်ရောဂါကိုကာကွယ်နိုင်ဖို့၊ခုခံမှု့အင်အားအတွက်တစ်နေ့ကို(2,000mg)ကနေ(4,000mg)လောက်အထိလိုအပ်လာပြန်ပါတယ်။
အခြေအနေ(၅)။
အဆိုပါကပ်ရောဂါမိမိကိုကူးစက်စွဲကပ်နေပြီဆိုရင်တော့(5,000 mg)ကနေ 10,000mg)အထိတိုးပြီးလိုအပ်ပါတယ်။
မှတ်ချက်။
ဒီနေရာမှာသတိထားပါကျန်းမာနေတဲ့လူတစ်ယောက်မှာမှအဲဒီလောက်လိုတယ်လို့ို့(လုံးဝ)လုံးဝမဆိုလိုပါဘူး။(Daily Dose)ဆိုတာကလဲတစ်ကြိမ်ထဲအများကြီးသောက်ရမှာကိုမဆိုလိုပါဘူး။နေ့ရောညရော၊အကြိမ်ပေါင်းများစွာခွဲပြီးသောက်ရမှာကိုဆိုလိုတာပါ။ ခလေးတွေအတွက်ကြတော့၊အသေးစိတ်မပြောနိုင်ပါဘူး။ကိုယ့်ခလေးတွေအရွယ်အလိုက်ဉာဏ်ရှိသလိုချင့်ချိန်ပြီးလျော့ကြပါ။
အခြေအနေ(၆)။
အလွန်ထူးခြားတဲ့အချက်က၊အဆိုပါကူးစက်ရောဂါအမျိုးအစားတစ်ခုခုဟာ၊အဆုတ်ကိုပြစ်မှတ်ထားပြီးဒုက္ခပေးနိုင်တဲ့(Pneumonia)လိုရောဂါလက္ခဏာမျိုးဆိုရင်တော့(Vitamin C)တစ်ရက်ကိုတစ်သိန်း(mg)သို့မဟုတ်(100g)အထိပေးပြီးကုသတဲ့နေရာမှာခန္ဓာကိုယ်အတွက်ဘေးထွက်ဆိုးကျိုးလုံးဝမရှိတာဟာအလွန်ထူးခြားအံ့သြဖို့ကောင်းနေပါတယ်။
ဒီအချက်ကိုနိုဘယ်ဆုနှစ်ခုပိုင်ရှင်(Linus Pauling)ကတွေ့ရှိထားတာရုံတင်မကပဲ၊ထိပ်တန်းသုတေသနပညာရှင်တွေအားလုံးကပါသဘောတူထားကြပါတယ်။မယုံရင်အောက်ကလင့်ခ်မှာခိုင်မာတဲ့သုတေသန(Reference)တွေတိတိကျကျရှိနေပါတယ်။
“it has been stated that patients with pneumonia can take up to 100 g/day of vitamin C without developing diarrhea, possibly because of the changes in vitamin C metabolism caused by the severe infection. Finally, in a recent pharmacokinetic study, participants were administered up to 100 g of vitamin C intravenously within a few hours without any reported adverse effects, indicating the safety of such a high dose in people”
ဒီနေရာမှာသတိထားပါ။ကျန်းမာနေတဲ့လူတစ်ယောက်အတွက်၊သာမာန်အခြေအနေမှာအဲဒီလောက်လိုတယ်လ့ို့(လုံးဝ)လုံးဝမဆိုလိုပါဘူး။အခြေအနေတရပ်ကိုသေချာခွဲခြားပြီးနားလည်ကြပါ။စာရှင်းအောင်ဖတ်ပါ။စာသေချာမဖတ်ပဲနဲ့လာမဆဲပါနဲ့။
မြန်မာနိုင်ငံဟာအလွန်ဆင်းရဲပါတယ်။အရံအရေးပေါ်ငွေအပိုအလျှံမရှိလို့အရေးပေါ်အခြေအနေမှာအစိုးရကလဲဘာမှမလုပ်ပေးနိုင်သလို၊ဆေးရုံဆေးခန်းကလဲဘာမှလုပ်မပေးနိုင်ပါဘူး။ကမ္ဘာ့ပြဿနာဖြစ်လာရင်ချမ်းသာတဲ့နိုင်ငံကြီးတွေအတွက်ကျွန်တော်မပူပါဘူး၊အောက်ဆီဂျင်ပေးတဲ့စက်တွေတောင်လုံလောက်အောင်မရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်အားကိုးရာမဲ့ပါပဲ။ဒါကိုလဲအားလုံးနားလည်ထားကြပြီးသားပါ။
ဆင်းရဲတဲ့မြန်မာနိုင်ငံသားတွေအကြောင်းမဲ့အသက်မဆုံးရံှုးစေချင်လို့ကိုယ်တတ်နိုင်တဲ့ဖက်က၊ခိုင်မာတဲ့သုသေသနတွေနဲ့အတူ(Linus Pauling)ရဲ့သီအိုရီကိုအခြေခံပြီး၊အရေးပေါ်အခြေအနေတရပ်အတွက်သာအထူးရည်ရွယ်ပြီး(High Dose)သောက်ခိုင်းလိုက်တာကိုကျွန်တော့်ကိုဆဲဆိုကြ၊အပုတ်ချကြတဲ့အပြင်(Report)ပါဝိုင်းထုခိုင်းနေကြတဲ့လူတွေဟာဘယ်လောက်စိတ်ဓါတ်ယုတ်ညံ့ကောက်ကျစ်ကြသလဲဆိုတာထမင်းစားတဲ့လူတိုင်းနားလည်နိုင်ပါတယ်။
(Wuhan)ကူးစက်ရောဂါဟာကာကွယ်ဆေး၊ကုသဆေးမရှိသေးတဲ့ရောဂါအသစ်တစ်ခုအဖြစ်လူသားတွေကိုအခုမှခြောက်လန့်လာနေတာပါ။ရှေးယခင်တ့ုံးက(Pneumonia)ရောဂါဟာလဲ၊သူ့အတွက်ကာကွယ်ဆေးနဲ့ကုသဆေးတွေမပေါ်သေးတဲ့အချိန်တုံးကလူသားတွေအတွက်အလွန်ကြောက်စရာကောင်းတဲ့ရောဂါအသစ်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။အဲဒီတုံးကတော့ဒီရောဂါကို(Vitamin C, Very High Dose)တွေပေးပြီးအောင်မြင်စွာကုသခဲ့တဲ့အထောက်အထားတွေရှိနေခဲ့ပါတယ်။
တစ်ကယ်တော့(Wuhan)ရောဂါဆိုတာဟာဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့အဆုတ်ရောင်ဖျားအမျိုးအစားတစ်ခုပါပဲ။ ရှေးယခင်တ့ုံးကဖြစ်ခဲ့ဖူးတဲ့(Pneumonia)နဲ့ရောဂါလက္ခဏာခြင်းအကုန်ဆင်တူနေပါတယ်။လူတိုင်းနားလည်အောင်အလွယ်ပြောရရင်၊ခေတ်သစ်အဆုတ်ရောင်ဖျား(Pneumonia)ပါပဲ။ကာကွယ်၊ကုသဖို့ဆေးမရှိသေးတဲ့အခုမှထပ်ပေါ်လာတဲ့အဆုတ်ကိုပြစ်မှတ်ထားထိခိုက်စေတဲ့(Pneumonia)ရောဂါအသစ်တစ်ခုပါပဲ။
ဒီနေရာမှာပိုးသတ်ဆေးတွေအကြောင်းဆွေးနွေးနေတာမဟုတ်ပဲ(Vitamin C)အကြောင်းဆွေးနွေးနေတာဖြစ်လို့၊ (Virus)ကြောင့်ဖြစ်တာလား၊(Bacteria)ကြောင့်ဖြစ်တာလားဆိုတာအချိန်အကုန်ခံပြီးထည့်သွင်းစဉ်းစား၊အငြင်းပွားနေဖို့လုံးဝမလိုအပ်ပါဘူး။ဘာကြောင့်လဲဆိုတော့(Vitamin C)ဟာပိုးသတ်ဆေးတစ်ခုမဟုတ်လို့ပါပဲ။
(Vitamin C)ဟာရောဂါပိုးကြောင့်(Sepsis)လို့ခေါ်တဲ့သွေးအဆိပ်မဖြစ်အောင်၊(septic shock)ခေါ်တဲ့သွေးတွေခဲသွားပြီးသွေးကြောပိတ်ဆို့မသွားအောင်၊(Nitric Oxide)ကြောင့်သွေးကြောတွေကျယ်ပွပေါက်ပြဲသွားပြီးသွေးပေါင်ချိန်ရုတ်တရက်ပြုတ်ကျပြီးနှလုံးရပ်မသွားနိုင်အောင်၊အဆုတ်ထဲကိုရေမဝင်နိုင်အောင်၊အဆုတ်လေပြွန်တွေရေနဲ့ပြည့်ပြီး့ပိတ်ဆို့အသက်ရူရပ်မသေနိုင်အောင်၊ကျောက်ကပ်၊အသဲ၊ဦးနှောက်အစရှိတဲ့အတွင်းအင်္ဂါတွေမပျက်စီးအောင်ကာကွယ်ပေးတဲ့သဘောပါပဲ။
ဆိုလိုတာက၊ပိုးသတ်ဆေးမဟုတ်တဲ့(Vitamin C)ရဲ့အခန်းဂဏ္ဍဟာ(Virus)လား၊(Bacteria)ဆိုတာနဲ့လုံးဝမပါတ်သက်ပါဘူး။နားမလည်ပဲဝေဖန်ငြင်းချက်လာထုတ်မယ့်လူတွေအတွက်ကြိုတင်ပြီးရှင်းအောင်ပြောထားတာပါ။
တစ်ကယ်တော့(Vitamin C)တင်မကပါဘူး၊(Vitamin C)နှင့်အတူ(Rose Hips, Bioflavonoids, Zinc, Magnesium, Vitamin D3, NAC နဲ့ Omega3 Fish Oil, Multivitamin တွေနဲ့ Vitamin B Complex)တွေဟာလဲကူးစက်ရောဂါကာကွယ်နိုင်ဖို့အတွက်အလွန်အရေးကြီးပါတယ်။
ဒီအချိန်မှာဘာကြောင့်အရေးကြီးသလဲဆိုတာတစ်ခုခြင်းစီကိုသုတေသနတွေနဲ့အကျယ်ချဲ့ပြီးရှင်းပြပေးနေဖို့အချိန်မရှိတော့ပါဘူး။ယုံရင်လိုက်နာပါ။မယုံရင်ကျော်သွားပါ။ဘယ်သူ့ကိုမှအတင်းမတိုက်တွန်းပါ။
ကပ်ရောဂါဆိုတာအပျော်မဟုတ်ပါဘူး၊သေရေးရှင်ရေးအခြေအနေပါ။အသက်ဉာဏ်စောင့်ပါတယ်။ဉာဏ်နဲ့ဆုံးဖြတ်ပါ။ကောင်းကျိုးဆိုးကျိုးကိုယ်ပဲရင်ဆိုင်ကြရမှာပါ။ကျွန်တော်ပြောတာမှန်တယ်မမှန်ဘူးဆိုတာရောဂါကနေအဆုံးအဖြတ်ပေးပါလိမ့်မယ်။ဆုံးဖြတ်ချက်မှားသွားရင်လဲ၊နောင်တဟာနောင်ဘဝကြမှရပါလိမ့်မယ်။
ရှင်းရှင်းပြောရရင်မအားတဲ့ကြားထဲကရောဂါဆိုးကပ်ဆိုးကြောင့်၊ကိုယ့်လူမျိုးတွေအသက်မဆုံးရံှုးရအောင်မရှိတဲ့အချိန်ထဲကနေဖဲ့ပေးပြီး၊နေ့မအိပ်ညမအိပ်သုတေသနတွေလုပ်ပြီးရေးပေးနေတာကို၊အကြောင်းမဲ့ကြီးဆဲဆိုအပုတ်ချတုံပြန်ကြတယ်ဆိုတာဟာကမ္ဘာပေါ်မှာကျေးဇူးအကန်းဆုံးနဲ့စေတနာအစော်ကားဆုံး၊မနာလိုအဖြစ်ဆုံး၊အယုတ်မာဆုံးမြန်မာလူမျိုးပဲရှိပါတယ်။ဒါကိုရှက်တတ်ကြပါစေ။
မြန်မာလူမျိုးအားလုံးကိုတော့မရည်ရွယ်၊မဆိုလိုပါဘူး။တချို့စိတ်ဓါတ်ယုတ်မာ၊ကောက်ကျစ်၊အောက်တန်းကျတဲ့တဲ့မြန်မာတွေကိုခွဲပြောတာပါ။ဒီလိုမြောင်းထဲရောက်နေတဲ့စိတ်ဓါတ်ကိုမပြင်ရင်ဘယ်အစိုးရတက်တက်၊ဘယ်လိုခေါင်းဆောင်ကောင်းပဲအုပ်ချုပ်ပါစေ၊တိုင်းပြည်ကမြောင်းထဲကနေအပေါ်တက်လာမှာမဟုတ်ပါဘူး။
မြန်မာအများစုဟာမိမိကိုယ်တိုင်လဲသေချာစာမဖတ်၊မလေ့လာ၊သုတေသနမလုပ်ကြ၊တတ်သိနားလည်တဲ့လူတွေကသေချာစာဖတ်၊သုတေသနတွေလုပ်အချိန်တွေပေး၊သေချာလေ့လာပြီးခိုင်ခိုင်မာမာအထောက်အထားတွေနဲ့စံထားပြီးရေးပေးရင်လဲ၊ဆဲဆိုအပုတ်ချကြပြန်ပါတယ်။တခါတလေ၊မြန်မာတွေဘာဖြစ်ဖြစ်၊သေချင်သေကွာဆက်မရေးပေးတော့ဘူးလို့စိတ်ကူးမိတယ်။
ဒါပေမဲ့တဖက်ကပြန်ကြည့်ပြန်ရင်လဲကိုယ့်ကိုယုံကြည်အားကိုးနေကြတဲ့လူတွေသောင်းနဲ့ချီရှိနေကြပြန်ပါတယ်။ဒီလူတွေကိုဒီရောဂါဆိုးကနေကာကွယ်ပေးဖို့တာဝန်ရှိနေပြန်ပါတယ်။ကိုယ်ကဒီအကြောင်းကိုသိရက်နဲ့မပြောဘူးဆိုရင်လဲတာဝန်မဲ့ရာကျပါဦးမယ်။ဒါကြောင့်အသိတရားမရှိ၊ကျေးဇူးတရားကိုနားမလည်တဲ့လူတွေကိုအဖက်လုပ်ပြီးဂရုစိုက်မနေတော့ပဲ၊ရေးသင့်ရေးထိုက်တာကိုဆက်ရေးပေးနေတာဖြစ်ပါတယ်။
အသိတရားမရှိတဲ့လူတွေကိုပြောချင်တာက၊လူတွေအကျိုးအတွက်အချိန်ကုန်ခံပြီးရေးပေးနေတယ်။ ဘယ်သူတွေဘာဆေးသောက်ပါ၊လို့ထပ်မပြောတော့ဘူး။ကိုယ်မယုံကြည်ရင်မလိုက်နာလို့ရတယ်။လိုက်နာတာမလိုက်နာတာကခင်ဗျားတို့အပိုင်း။ဘာမှဆဲဆိုအပုတ်ချပြီးဝေဖန်နေစရာလဲမလိုဘူး။ဝေဖန်ဆဲရေးနေလဲဂရုမစိုက်ဘူး။ခင်ဗျားတို့ယုံကြည်ရာခင်ဗျားတို့လုပ်ကြပါ။
တစ်ခုတော့ရှိတယ်၊တကယ်လို့ကျွန်တော်နေတဲ့(USA, Florida)ပြည်နယ်ကို(Wuhan)ရောဂါကူးစက်လာခဲ့မယ်ဆိုရင်၊ကျွန်တော်ဘာတွေပြင်ဆင်ထားမလဲဆိုတဲ့(Kelvin Protocol)ကိုအသေးစိတ်တင်ပေးမယ်။
ဒါပေမဲ့ကျွန်တော်ပြောသလိုလိုက်လုပ်ကြပါလို့အတင်းမတိုက်တွန်းလိုပါဘူး။ကျွန်တော်သောက်တဲ့ဆေးတွေလိုက်သောက်ကြပါလို့ဘယ်သူ့ကိုမှမပြောဘူး။ယုံတာမယုံတာ၊လိုက်လုပ်တာမလုပ်တာကခင်ဗျားတို့အပိုင်း။မကြာခင်အသေးစိတ်တင်ပေးမယ်။မအိပ်ရတာနှစ်ညလောက်ရှိနေပြီ၊အခုတော့နားလိုက်ပါဦးမယ်။
Kelvin Albert Power
မှတ်ချက်။(References)လင့်တွေအောက်ဆုံးမှာပါတယ်။မြန်မာပီပီဆဲရေးတိုင်းထွာ၊ကဲ့ရဲ့၊အပုတ်ချတွေမလုပ်ခင်၊သေချာကိုယ်တိုင်အင်္ဂလိပ်လိုအရင်နားလည်အောင်စာဖတ်လေ့လာပါ။
—————————————————————
References:
Shopping Cart