လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။

Source from Kelvin A. Power’s Facebook on June 22, 2020
လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။
ခက်တော့ခက်နေပါပြီ။ဒီကိစ္စကလဲနောက်စရာကိစ္စမဟုတ်တော့ကျွန်တော့်ကိုလာနောက်နေတာတော့မဟုတ်လောက်ပါဘူး။အားကိုးတကြီးနဲ့လာမေးတယ်လို့ပဲကျွန်တော်ယူဆမိပါတယ်။ဒါပေမယ့်အားလုံးကိုပြောချင်တာတစ်ခုကဖြည့်စွက်စာဆိုတဲ့သဘောတရားကိုနားလည်ဖို့တော့လိုအပ်နေပါပြီ။
အမှန်တစ်ကယ်တော့ဖြည့်စွက်စာဆိုတာရောဂါမဖြစ်ခင်မှာမဖြစ်လာအောင်ကာကွယ်နိုင်ဖို့ကြိုတင်ပြီးစားသုံးထားရတဲ့၊ခန္ဓာကိုယ်အမြဲရောဂါကင်းပြီးကျန်းမာနေအောင်ဖြည့်ဆည်းပေးထားရတဲ့သဘာဝကရတဲ့အစာအဟာရတွေပါပဲ။ ရေရှည်ကျန်းမာရေးနှင့်ရောဂါကာကာကွယ်ရေးသက်သက်ပါ။အရေးပေါ်အခြေအနေတစ်ခုမှာရောဂါအသဲအသန်ဖြစ်လာတော့မှကုသဖို့အတွက်အရေးပေါ်ဆေးတွေမဟုတ်ပါဘူး။ဒါကိုလူတိုင်းနားလည်စေချင်ပါတယ်။
ရောဂါဆိုတာမဖြစ်ခင်မှာ၊မဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။ရောဂါတစ်ခုဖြစ်ပြီဆိုကတည်းကကုလို့ပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ၊နှစ်ခုလုံးအရံှုးတွေပါပဲ။တစ်ခုမှအမြတ်မရှိသလိုအရင်းလဲပြန်မရပါဘူး။ရောဂါမဖြစ်တာကသာလျှင်အရင်းဖြစ်ပါတယ်။။တချို့နာတာရှည်ရောဂါသယ်တွေဟာဖြည့်စွတ်စာသောက်လို့ကောင်းမွန်သက်သာလာတာတွေတော့ရှိပါတယ်။မရှိဘူးလို့တော့မပြောပါဘူး။ဒါပေမယ့်အစောကြီးကတည်းကနားလည်ပြီးအချိန်ပေးပြီးကြိုတင်ကာကွယ်သုံးစွဲတတ်ဖို့တော့လိုအပ်ပါတယ်။
လေဖြတ်ပြီးသတိလစ်နေသူကိုဖြည့်စွက်စာဘာတိုက်သင့်ပါသလဲ?။လို့မေးလာရင်တော့အဖြေကရှင်းရှင်းလေးပါ။လေဖြတ်ပြီးသတိလစ်နေသူကိုတော့ဘာဖြည့်စွက်စာမှမတိုက်ပဲနဲ့ဆေးရုံအရေးပေါ်လူနာဌာနကိုအမြန်ဆုံးပို့ဖို့ပဲလိုအပ်ပါတယ်။ဒါဟာအချိန်ဆွဲလို့မရပါဘူး။အသက်အန္တရာယ်ရှိနေပါပြီ။ဒီအချိန်ကြမှတော့ဘာဖြည့်စွက်စာနဲ့မှထိုင်ကုလို့မရနိုင်ပါဘူး။
အားလုံးကိုပြောချင်တာကလေမဖြတ်အောင်ကြိုတင်ပြီးကာကွယ်ကြပါ။ကြိုတင်ပြီးဖြည့်စွက်စာတွေသောက်ပြီးကျိုးစားထားပါ။လေဖြတ်တာကိုကြိုတင်ပြီးကာကွယ်ပေးနိုင်တဲ့ဖြည့်စွက်စာတွေကိုအစောကြီးကတည်းကကြိုသောက်ကြပါ။လေဖြတ်ပြီးသတိလစ်ပြီဆိုရင်တော့ဆေးရုံအရေးပေါ်ဌာနကိုချက်ချင်းသွားပါ။
လေဖြတ်တယ်ဆိုတာကလဲအကြောင်းကြာင့်အကျိုးဖြစ်ရတာပါ။လေဖြတ်ဖို့ကအကြောင်းအကျိုးတွေချက်ခြင်းဖြစ်လာတာမဟုတ်ပါဘူး။အနှစ်နှစ်၊အလလကြာပြီးမှတဖြေးဖြေးနဲ့ဖြစ်လာရတာပါ။ပထမဆုံးအနေနဲ့ခန္ဓာကိုယ်ထဲမှာစားထားတဲ့(Omega6)အဆီဆိုးတွေကအောက်ဆီဂျင်နဲ့ဓါတ်ပြုပျက်စီးပြီး(Lipid peroxidation)ဖြစ်ရပါတယ်။အဲဒီလိုဖြစ်ပြီးရင်သွေးကြောတွေထဲမှာရော၊သွေးကြောအတွင်းနံရံတွေမှာရော၊အဆီတွေ၊ပရိုတိန်းတွေ၊ဆဲလ်တွေမှာရော(Oxidative Damaged)တွေဖြစ်လာရပါတယ်။အဲဒီကနေ(Inflammation)ဖြစ်ရပါတယ်။အဲဒီအခြေအနေမှာသွေးကခဲပြီးပြစ်လာပါတော့တယ်။နောက်ပြီးတော့မှ၊တချိန်ချိန်မှာလေဖြတ်တတ်ပါတယ်။
လေဖြတ်တယ်ဆိုတာဟာအသက်အရွယ်နဲ့လဲသက်ဆိုင်နေသလို၊နှလုံးကြီးတာ၊နှလုံးကြွက်သားထူတာ၊နှလုံးရောဂါရှိတာ၊နှလုံးခုန်မမှန်တာ၊သွေးတိုးရောဂါရှိတာ၊ဆီးချိုရောဂါရှိတာတွေနဲ့လဲသက်ဆိုင်နေပါတယ်။
ဒီနာတာရှည်ရောဂါဆိုးတွေမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့အစောကြီးကတည်းကဖြည့်စွက်စာတွေကိုစားသုံးသင့်ပါတယ်။ဥပမာပြောရရင်(Super Antioxidant, Omega3 Fish Oil, NAC Plus, Vitamin E, Vitamin C, Bio Zinc C, Curcumin,Liver Master, Curcumonoid)စသည်တို့ကလေဖြတ်ခြင်းအပါအဝင်လေဖြတ်မှု့ကိုဖြစ်ပေါ်စေတဲ့အခြေခံရောဂါတွေကနေကာကွယ်ပေးပါတယ်။ဒါတွေအစောကြီးကတည်းကကြိုသုံးနေရင်လေဖြတ်ဖို့အလွန်ခဲယဉ်းပါတယ်။
လေဖြတ်တယ်ဆိုတာသွေးပြစ်တာလဲအဓိကအကြောင်းဖြစ်ပါတယ်။ပြစ်တဲ့သွေးဟာပိုပြီးခဲဖို့လွယ်ကူပြီးဦးနှောက်သွေးကြောထဲမှာခဲပြီးပိတ်သွားတတ်ပါတယ်။ဒါကြောင့်မို့(Super Antioxidant, Omega3 Fish Oil, NAC Plus, Bio Zinc C)တွေဟာ(Oxidative Stress)တွေကိုဖြေဖျောက်ပေးပြီးသွေးကိုကျဲစေနိုင်လို့နှလုံးရောဂါနှင့်သွေးတိုးရောဂါကိုသက်သာစေနိုင်သလို၊လေမဖြတ်ဖို့လဲအထူးအကာအကွယ်ပေးပါတယ်။ဒီ(Antioxidant)တွေနဲ့(Anti-inflammatory)သတ္တိတွေဟာသွေးကိုကျဲစေပါတယ်။
ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။(Life Extension)ကထုတ်တဲ့(Super K)လိုမျိုးသွေးကိုပြစ်ခဲစေတတ်တဲ့(Vitamin K1)တွေအများကြီး(Very High Dose)ပါဝင်တဲ့ဖြည့်စွက်စာမျိုးကိုတော့(လုံးဝ)မသောက်သုံးသင့်ပါဘူး။လူငယ်တွေ၊ခလေးတွေတော့သောက်လို့ရပါတယ်။ဒီခေတ်မှာအသက်(၃၀)ကျော်ရင်သွေးပြစ်နေကြလို့၊သွေးထွက်သံယိုဖြစ်နေတဲ့အခြေအနေ၊ခွဲစိတ်ကုသမှု့ခံရမယ့်အခြေအနေကလွဲလို့(K1)ကို(Very High Dose)မသောက်သုံးသင့်ပါဘူး။တစ်နေ့တာလိုအပ်တဲ့(K1)ပမာဏဟာ(100 mcg)ကနေ(120 mcg)ထက်ပိုဖို့မလိုပါဘူး။(K1)ဟာဟင်းသီးဟင်းရွက်တိုင်းလိုလိုမှာပါနေလို့ချို့တဲ့သူဆိုတာအလွန်ရှားပါတယ်။
(Life Extension)ကထုတ်တဲ့(Super K)မှာသွေးကိုပြစ်ခဲစေတတ်တဲ့(Vitamin K1)ဟာသာမာန်လိုအပ်မှု့ထက်(၁၅)ဆလောက်များနေပါတယ်။ရှင်းရှင်းပြောရရင်(K1)ဟာအလွန်ဈေးပေါပါတယ်။(K2)မှာတောင်(mk-7)ကသာလျှင်ဈေးအလွန်ကြီးပါတယ်။ရှင်းရှင်းတည့်ပြောရရင်တော့(K2-mk7)ကိုခိုချင်လို့(K1)တွေ(ဂျင်း)ထည့်ပြီးဈေးကြီးပိုတောင်းလိုက်တာပါပဲ။
(Vitamin K 2600 mcg)ပါတယ်ဆိုပြီးဈေးပိုတောင်းပြီးဂျင်းထည့်တယ်။တစ်ကယ်အသုံးဝင်ပြီးအကျိုးပြုမယ့်(K2-MK7)က(100 mcg)ပဲပါပါတယ်။ကျန်တာက(ဂျင်း)တွေပါပဲ။လူဆိုတာမ(အ)ကြဖို့တော့လိုပါတယ်။ဘာမှမထည့်ပဲ(Mk7 100 mcg)ကိုကြိုက်သလောက်မတန်တဆဈေးတင်ရောင်းပါဘာမှမပြောပါဘူး။သွေးတွေခဲပြီးလေဖြတ်တတ်တဲ့(K1)တွေကို(mcg)ထောင်ချီပြီထည့်ထားတာကတော့(Life Extension)ကလူသတ်နေတာပါပဲ။
(Life Extension)ကထုတ်တဲ့(Super K)ဟာသွေးကိုပြစ်ခဲစေပြီးသွေးကြောပိတ်တတ်တဲ့(K1)ပါလို့လုံးဝမသောက်သင့်ဘူးဆိုတာအသက်ကြီးသူတွေ၊အသက်(၃၀)နဲ့အထက်တွေကိုပဲပြောချင်တာပါ။လူငယ်တွေ၊ခလေးတွေကတော့(K1)ကို(High dose)သောက်လဲသိပ်ပြဿနာမရှိပါဘူး။နောက်တစ်ခုက(K1)ကို(High dose)မသောက်ပဲ(Low Dose, 100-120 mcg)လောက်သောက်ရင်လဲသိပ်ပြဿနာမရှိပါဘူး။
(Life Extension)ကထုတ်တဲ့(Super K)မှာဘာရည်ရွယ်ချက်နဲ့(K1)ကိုထောင်ချီပြီးထည့်ထားလဲဆိုတာတော့ကျွန်တော်လဲ(လုံးဝ)ကိုနားမလည်ပါဘူး။လူတွေဟာ(K1)ကိုအဲဒီလောက်အများကြီးနေ့စဉ်လိုအပ်တယ်လို့လဲတစ်ခါမှမကြားဖူးပါဘူး။ပိုက်ဆံပိုတောင်းလို့ကောင်းအောင်(ဂျင်း)ထည့်တယ်။နွားနို့ရေရောရောင်းတယ်။ဆွမ်းဆန်ထဲကြွက်ချီးထည့်တယ်လို့ပဲမြင်ပါတယ်။နွားနို့ထဲရေရောတာ၊ဆွမ်းဆန်ထဲကြွေက်ချီးထည့်တာကအသက်မသေနိုင်ပါဘူး။သွေးပြစ်တတ်တဲ့လူတွေကို(K1)ကို(Very high dose)သောက်ခိုင်းတာကတော့(Life Extension)ကလူသတ်နေတယ်လို့ပဲမြင်ပါတယ်။
(Vitamin K2)ဝယ်မယ်ဆိုရင်(Mk7)ဘယ်လောက်ပါသလဲဆိုတာကိုသာအဓိကထားပြီးဝယ်ကြပါ။(K2-Mk4)ကအပေါစားပါ။အာနိသင်လဲနည်းပါတယ်။(Mk7)ဟ(MK4)ထက်(၃၃)ဆပိုပြီးပြင်းအားများပါတယ်။MK7(45 mcg)ကMK4(1500 mcg)နဲ့ညီပါတယ်။ဘာကွာသလဲလို့သိချင်ရင်နွားနို့ထဲကိုရေ(33)ဆလောက်ရောထားပြီး၊ရေလုံးဝမရောတဲ့နွားနို့စစ်စစ်နဲ့ယှဉ်သောက်ကြည့်လိုက်ပါ။အရသာဘယ်လောက်ကွာသလဲဆိုတာသိပါလိမ့်မယ်။ခန္ဓာကိုယ်မှာအဲဒီလောက်အထိအကျိုးပြုပုံခြင်းကွာခြားပါတယ်။
(Vitamin K1)တွေအများကြီး(High dose)ပါလို့ဆိုပြီးဈေးတင်ရောင်းပြီး၊ဂျင်းလာထည့်ရင်တော့မ(အ)ပါနဲ့။(K1)ဆိုတာချီးပေါသေးပေါအလွန်ဈေးပေါတဲ့(Vitamin)ပါ။(K1)ဟာသွေးကိုပြစ်ခဲစေတတ်လို့မလိုအပ်ပဲ(High Dose)မသုံးသင့်ပါဘူး။(Life Extension Super K)မှာအလွန်အရေးပါတဲ့(K2-MK7, 100 mcg)ပဲထည့်ထားပြီး၊သွေးကိုပြစ်ခဲစေတတ်တဲ့၊များများသောက်ရင်အန္တရယ်ရှိတဲ့(K1)ကြတော့(1,500 mcg)တောင်ထည့်ထားပါတယ်။ဘာကြောင့်မလိုအပ်ပဲနဲ့(K1)ဒီလောက်တောင်ထည့်ထားလဲဆိုတာစဉ်းစားမရပါ။သွေးပြစ်သူတွေအတွက်အလွန်အန္တရာယ်များပါတယ်။ကိုယ်သောက်သင့်မသောက်သင့်ကိုယ့်တိုင်စဉ်းစားပါ။
ယုံတာမယုံတာကတော့ကိုယ့်အပိုင်းပဲ၊လေဖြတ်မှတော့ကိုယ်ဖြစ်ကိုယ်ခံပါပဲ။အဲဒီအချိန်ကြမှယုံပါပြီ၊ကယ်ကြပါလာလုပ်လို့ကတော့ဘယ်သူကမှဘာမှမလုပ်ပေးနိုင်တော့ဘူး။ကယ်ဗင်ကအမှန်ကိုပြောပြီဆိုရင်ပွင့်ပွင့်လင်းလင်းတဲ့တိုး၊ရှင်းရှင်းပဲပြောတတ်တယ်။အန္တရာယ်ရှိတာကို၊အန္တရာယ်ရှိပါတယ်လို့အမှန်ကိုထောက်ပြပြီးသတိပေးလို့လူမုန်းခံရရင်လဲဂရုစိုက်မှာမဟုတ်ပါ။(Kelvin)ဆိုတာအမှန်စကား၊လူတွေအကျိုးရှိမဲ့စကားကိုပြောရမယ်ဆိုရင်ဘာကိုမှမကြောက်တတ်ဘူး။အမှန်တရားကိုထောက်ပြလို့လူမုန်းခံရရင်ပိုပြီးတောင်ဂုဏ်တောင်ယူပါသေးတယ်။
လေမဖြတ်ချင်ရင်၊လေဖြတ်စေနိုင်တဲ့ရောဂါတွေမဖြစ်အောင်နေပါ၊လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။(Oxidative Stress)နဲ့(Inflammation)မဖြစ်အောင်နေပါ။သွေးကိုကျဲစေတဲ့(Antioxidant)တွေနဲ့ရောင်ရမ်းမှု့ကိုပပျောက်စေတဲ့(Anti-inflammatory)ဖြည့်စွက်စာတွေရွေးချယ်စားပါ။အသက်(၃၀)ကျော်လာရင်၊(Vitamin K1 high dose)ပါတဲ့ဖြည့်စွက်စာတွေရှောင်ပါ။(K1)ပုံမှန်(Dose)တော့နေ့စဉ်သောက်လို့ရပါတယ်။
အနှစ်ချုပ်ပြောချင်တာကတော့၊နဂိုကတည်းကလေဖြတ်ပြီးသတိလစ်တဲ့အဆင့်ထိမရောက်အောင်ကြိုတင်ကာကွယ်ကြပါ။လေဖြတ်ပြီးသတိလစ်နေတော့မှဖြည့်စွက်စာဘာတိုက်သင့်ပါသလဲလို့တော့လာမမေးကြပါနှင့်၊ဒီအခြေအနေရောက်မှတော့ကျွန်တော်လဲဘာမှလုပ်မပေးနိုင်တော့ပါဘူး။အဲဒီအခြေအနေမျိုးမှာဟိုမေး၊ဒီမေးလုပ်နေမယ့်အစား၊အချိန်မဆွဲပဲနဲ့နီးစပ်ရာဆေးရုံအရေးပေါ်ဌာနကိုအမြန်ဆုံးသွားပါ။အသက်အန္တရာယ်ရှိနိုင်ပါတယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Shopping Cart