ရဟန်းများကိုပြစ်မှားသောကံ၊အရိယူပဝါဒအန္တရာယ်။ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။ အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုတ်မာသော စိတ်ထားဖြင့် စွပ်စွဲကဲ့ရဲ့ခြင်းကို ခေါ်ပါတယ်။. ခုအခြေအနေဟာ ရဟန်းတွေကို ဘာသာခြားတွေတင်မက ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် ပုတ်ခတ်စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကို မပြောလိုတော့ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် ပြောချင်ပါတယ်။ .ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်းဟာ နိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။ ရောက်အောင်လည်း ကြိုးစားအားထုတ်နေတဲ့သူတွေ ရှိပါတယ်။ မိမိကိုယ်တိုင်မဂ်ဖိုလ်ရော်ကကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။.ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့ မရတော့ပါဘူး။ လူ အရိယာ၊ ရဟန်းအရိယာကို သူတို့မှာ တရားမရှိဘူး၊ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး၊ ရဟန်းတရားမရှိဘူးလို့ သိသိ၊ မသိသိစွပ်စွဲပြောရင် အရိယူပဝါဒအန္တရာယ် ထိုက်ပါတယ်။.ဒီကံဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒါကြောင့် သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ် အပြစ်ပြေလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါ အပြစ်ကြီးတယ်လို့ဆိုပါတယ်။.တစ်ခုရှိတာက လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြဘဲ ကြားဖူးနားဝရှိရုံလေးနဲ့ ဘုန်းကြီးတစ်ပါး၊ ညစာ စားထားတာမြင်တယ်၊ပွဲကြည့်နေတာမြင်ပြီး လွှတ်ခနဲ ‘ညစာစား၊ ပွဲကြည့်နေတာ ဘယ်ဘုန်ကြီးဟုတ်မလဲ’ မပြောမိပါစေနဲ့။ .ညစာစား၊ ပွဲကြည့်၊ အရက်သောက်သောက် ဘုန်းကြီးဟာ ဘုန်းကြီးပါပဲ။ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့။ မကောင်းတဲ့ ဘုန်းကြီးကတော့ ဟုတ်တယ်ပေါ့။ ဘုန်းကြီးမဟုတ်ဘူးဆိုတာ ပါရာဇီကကျမှ (၁)မေထုန်မှီဝဲ၊ (၂)သူများပစ္စည်းခိုး (၃) လူသတ် (၄) ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ်ရှိတယ် လိမ်ပြောမှ ဘုန်းကြီးမဟုတ်တာ။ .တခြားသိက္ခာပုဒ်ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ၊ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။ ဒေသနာကြားတယ်၊ ဒဏ်ထမ်းတယ်ခေါ်တယ်။ လိမ်ပြောရင်တောင် ပါစိတ်အာပတ်သင့်ပြီး အာပတ်ဖြေရင် ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ ပြောတာဟာ ဒီကံနီးပါး အပြစ်ကြီးတယ်။ အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။.လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁ဝ)ပါးသီလ၊ ဒီထက် (၈)ပါး၊ (၅)ပါးပဲ။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထမ်းကြရတယ်။ ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာ အများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့။ .လူကနေ ဘုန်းကြီးတင်မဟုတ်ဘူး၊ ဘုန်း ကြီးအချင်းချင်း လည်း မပြောမိပါစေနဲ့။ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈာန်မဂ်ဖိုလ်ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒအန္တရာယ်ဆိုတာ အလွန်ကြောက်စရာကောင်းတာကြောင့် သတိထားကြပါ။(Ref:ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘဝခရီးနှင့် ဓမ္မဆီမီး၊ စာ ၅၇၂ မှ၊)Credit: မူလရေးသားသူ။
