မြန်မာအရင်ကလိုအခြေအနေမကောင်းတော့ပါ။(April/14/2020)ရက်နေ့၊7 days Average (Ro)တန်ဖိုး(1.50)ပါ။

Source from Kelvin A. Power’s Facebook on April 14, 2020
မြန်မာအရင်ကလိုအခြေအနေမကောင်းတော့ပါ။စပေါက်ကွဲဖို့ပထမစနက်တန်ဆွဲဖြုတ်လိုက်ကြပါပြီ။
(April/14/2020)ရက်နေ့၊7 days Average (Ro)တန်ဖိုး(1.50)ပါ။
တန်ဖိုးများလေလေကြောက်စရာကောင်းလေလေပါပဲ။
7 days Avg R0 တန်ဖိုး <1 ဆိုရင်ရောဂါထိန်းချုပ်နိုင်တယ်။
7 days Avg R0 တန်ဖိုး <1.5 ဆိုရင်အခြေအနေသိမ်မဆိုး။
7 days Avg R0 တန်ဖိုး >1.5 ဆိုရင်အခြေအနေစဆိုးလာပြီ။
7 days Avg R0တန်ဖိုး >2 ဆိုရင်စပေါက်ကွဲတော့မယ်။
7 days Avg Ro တန်ဖိုး >2.5 ဆိုရင်ပေါက်ကွဲသွားနိုင်ပြီး(EU)နဲ့အမေရိကန်တို့လိုဖြစ်သွားနိုင်တယ်၊သေချာထိန်းကြပါ။
(April/12/2020)ရက်နေ့၊အထိအခြေအနေသိပ်ကောင်းနေလို့ထိန်းချုပ်နိုင်တယ်ဆိုပြီးကျွန်တော်ဝမ်းသာနေခဲ့ရတယ်ဗျာ။(April,12 )အထိ(R0)တန်ဖိုး(0.95)အထိကျအောင်ထိန်းချုပ်ထားနေနိုင်ရာကနေ(April,13)နဲ့(April,14)မှာ(1.50) ဖြစ်သွားပြီး အလွန်ဆိုးရွားသွားပါတယ်။ဘယ်ဘာသာဝင်မဆို၊ဘာသာရေးအစွန်းရောက်မှု့တွေကိုလျော့ကြပါဗျာ။တောင်ကိုးရီးယားနဲ့မလေးရှားမှာဘာသာရေးအစွန်းရောက်လို့ပေါက်ကွဲသွားခဲ့တာတွေကိုသင်ခန်းစာယူကြပါ။
ဒီဗိုင်းရပ်စ်ကခင်ဗျာတို့ဘယ်ဘာသာဝင်ဖြစ်တယ်၊ဘာလူမျိုးဖြစ်တယ်ဆိုတာကိုတစ်ခုမှဂရုမစိုက်ဘူး။လူစုမိရင်ကူးစက်ပြန့်ပွားမှာပါပဲ။ဒါကြောင့်မမိုက်မဲကြပါနှင့်၊ခင်ဗျာတို့လူတစ်စုမိုက်မဲတာနဲ့တတိုင်းပြည်လုံးဒုက္ခရောက်သွားစေနိုင်ပါတယ်။
ငါးခုံးမ၊တစ်ကောင်ကြောင့်တလှေလုံးပုတ်နိုင်တယ်။အခုခင်ဗျာတို့ကြောင့်(R0)တန်ဖို့(0.95)ကနေ(1.50) ဖြစ်သွားပြီ။တစ်ကယ်လို့သာ(2.50)ကိုကျော်သွားမယ်ဆိုရင်ရင်အီတလီလိုဖြစ်ပြီးဘာမှလုပ်မရတော့ဘူး။လူတစ်စုကြောင့်အားလုံးသေကုန်လိမ့်မယ်။အားလုံးသတိထားကြပါ။ဒီဗိုင်းရပ်စ်ကခင်ဗျာတို့ဘယ်ဘာသာဝင်မဆိုကူးစက်မှာပဲ။မရူးချင်ကြစမ်းပါနဲ့၊ကိုယ့်အတွက်နဲ့တတိုင်းပြည်လုံးမထိခိုက်ပါစေနှင့်။
ဘယ်ဘာသာကိုမှပုတ်ခတ်မပြောပါဘူး။ဘာသာရေးနဲ့လဲလုံးဝမဆိုင်ပါဘူး။လူတစ်စုမိုက်မဲတာကိုပဲပြောချင်တာပါ။ ဘယ်ဘာသာ၊ဘယ်ဘုရားမဆိုလူသားကောင်းကျိုးလုပ်ငန်းတွေလုပ်ရင်ကောင်းချီးပေးမှာပါပဲ။ခင်ဗျာတို့လုပ်ရပ်ကြောင့်လူတွေအသက်ဆုံးရှုံးရမယ်ဆိုရင်တော့ဘယ်ဘာသာ၊ဘယ်ဘုရားသခင်ကမှကောင်းချီးပေးမှာမဟုတ်ပါဘူး။
(No God bless you for doing bad things)
အားလုံးဘေးကင်းကြပါစေ။
Kelvin Albert Power
Shopping Cart