Source from Kelvin A. Power’s Facebook on April 10, 2020
–
အုပ်စု(၁)။
ပထမစ၊စချင်းမှာ၊လည်ချောင်းမှာမရှင်းပဲတစ်ခုခုခံနေသလိုလို၊ယားနေသလိုလိုခံစားရမယ်။နောက်ပြီးချောင်းလေးတစ်ချက်နှစ်ချက်လောက်ဟန့်မယ်။ခုခံမှု့လဲအားကောင်း၊ယောင်ရမ်းမှု့လဲမရှိဘူးဆိုရင်တော့နေ့တိုင်းလည်ချောင်းမရှင်းသလိုလို၊ချောင်းနဲနဲဟန့်သလိုလို၊အဲဒီသလိုလိုအဆင့်ကနေတက်မလာတော့ပဲ၊ခန္ဓာကိုယ်က(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်သည်အထိ၊(၁၅)ရက်ကနေ(၂၅)ရက်အထိကြာနိုင်တယ်။အများဆုံးတစ်လခွဲအထိလဲကြာချင်ကြာနိုင်ပါတယ်။အဲဒီကြာနေတဲ့အချိန်မှာကိုယ်ကသာအကြီးအကျယ်မဖြစ်ပေမယ့်၊သူတစ်ပါးကိုကူးစက်သွားနိုင်သလိုကူးစက်ခံရသူတွေဟာခုခံအားနည်းသူ၊ကျန်းမာရေးမကောင်းသူတွေဆိုရင်တော့အသက်အန္တရာယ်အထိကိုထိခိုက်နိုင်ပါတယ်။ဒီအချိန်မှာ(ကူးစက်ခံနေရတဲ့လူနာမှန်းမသိသာပဲ၊လူကောင်းအတိုင်းဖြစ်နေလို့)သူများကိုမကူးနိုင်အောင်ကိုယ့်အသိစိတ်လေးနဲ့(Quarantine)လုပ်သင့်တယ်။
—
အုပ်စု(၂)။
ခုခံမှု့အားမကောင်း၊သို့သော်ဖြည့်စွက်စာဆေး(၃)မျိုးစလုံးလောက်လောက်စုံစုံလင်လင်ရှိနေတယ်ဆိုရင်တော့၊လည်ချောင်းနည်းနည်းနာမယ်။ကိုယ်နည်းနည်းပူလာမယ်၊ချောင်းနည်းနည်းဆိုးမယ်။(Bio Zinc C, NAC-plus, D3)တွေကို(High Dose)သောက်လိုက်ရင်ပျောက်သွားမယ်။(၃-၄)နာရီလောက်၊ဆေးနည်းနည်းခြားသွားရင်ပြန်ပြန်ပြီးဖြစ်လာမယ်။အဲဒီအတိုင်းပြန်ဖြစ်လာလိုက်၊ဆေးသောက်ရင်ပျောက်သွားလိုက်နဲ့(၁၅)ရက်ကနေ(၂၅)ရက်အထိကြာနိုင်တယ်။ဒါကြောင့်(၂)နာရီ(၃)နာရီခြားတစ်ခါလောက်ဆေးပုံမှန်သောက်နေရင်တော့၊လူကောင်းပကတိဖြစ်နေမယ်။ဆေးဖြတ်လိုက်ရင်ချက်ချင်းတော့ပြန်မဖျားပေမယ့်၊လည်ချောင်းနာလာပြီးချောင်းပြန်ဆိုးလာမယ်၊။(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်သည်အထိ (၁၅)ရက်ကနေ(၂၅)ရက်အထိဆက်တိုက်(၂)နာရီ(၃)နာရီခြားတစ်ခါလောက်ဆေးတွေကိုပုံမှန်သောက်ပေးနေမယ်ဆိုရင်တော့အကောင်းပကတိဖြစ်နေမယ်။ဒီအချိန်မှာ(ကူးစက်ခံနေရတဲ့လူနာမှန်းမသိသာပဲ၊လူကောင်းအတိုင်းဖြစ်နေလို့)သူများကိုမကူးနိုင်အောင်ကိုယ့်အသိစိတ်လေးနဲ့(Quarantine)လုပ်သင့်တယ်။
—
အုပ်စု(၃)။
ခုခံအားမကောင်းဘူး၊ဘာဖြည့်စွက်စာဆေးမှလဲမရှိဘူးဆိုရင်တော့၊ပထမတစ်ရက်နှစ်ရက်လည်ချောင်းနည်းနည်းနာမယ်။ကိုယ်နည်းနည်းပူလာမယ်၊ချောင်းနည်းနည်းဆိုးမယ်။နောက်ရက်တွေမှာအဖျားကျချင်ကျမယ်မကျချင်မကျဘူး။ချောင်းကဆက်တိုက်ပိုပိုဆိုးလာမယ်။လည်ပင်းကလဲခြောက်ပြီးကွဲနေသလိုခံစားရမယ်။လေချဉ်တက်ပြီးဗိုက်နာချင်နာလာမယ်။မနာချင်မနာဘူး၊ဝမ်းသွားချင်သွားမယ်၊မသွားချင်မသွားဘူး။လျှာကအရသာမသိဖြစ်နိုင်တယ်။နှာခေါင်းကအနံ့မရဖြစ်လာနိုင်တယ်။အနည်းဆုံး(၅)ရက်ကနေ(၁၀)ရက်အတွင်းအသက်ရူကြပ်ချင်ရင်ကြပ်လာမယ်။မကြပ်ချင်မကြပ်ဘူး၊အသက်ရူသိပ်ကြပ်လာရင်ဆေးရုံသွားရမယ်။အသက်ရူမကြပ်ရင်သွားစရာမလိုဘူး။အသက်ရူကြပ်လာလို့ဆေးရုံသွားရရင်အောက်ဆီဂျင်လိုချင်လိုမယ်။အသက်ရူစက်လိုတဲ့အဆင့်ရောက်ချင်မှရောက်မယ်။(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်သည်အထိ(၁၅)ရက်ကနေ(၂၅)ရက်အထိဆက်တိုက်ဖျားနာ၊ချောင်းဆိုး၊အသက်ရူကြပ်နေနိုင်တယ်။ဒီအချိန်မှာကူးစက်ခံနေရတဲ့လူနာမှန်းရောဂါလက္ခဏာသိသာနေလို့(Quarantine)လုပ်ခံထားရမှာတော့သေချာတယ်။
—
အုပ်စု(၄)။
ခုခံအားမကောင်းဘူး၊ယောင်ယမ်းမှု့နဲ့ပါတ်သက်တဲ့နာတာရှည်ရောဂါ၊နှလုံး၊သွေးတိုး၊ဆီးချို၊ကျောက်ကပ်၊အသဲ၊အော်တိုအင်မြူး၊စသည်ဖြင့်တစ်ခုခုရှိနေမယ်။ဘာဖြည့်စွက်စာဆေးမှလဲလက်ထဲမှာမရှိနေဘူးဆိုရင်တော့ပထမတစ်ရက်နှစ်ရက်လည်ချောင်းနည်းနည်းနာမယ်။ကိုယ်နည်းနည်းပူလာလာမယ်၊ချောင်းနည်းနည်းဆိုးမယ်။ဖျားမယ်၊နောက်ရက်တွေမှာအဖျားကျချင်မှကျမယ်။ချောင်းကဆက်တိုက်ပိုပိုဆိုးလာမယ်။လည်ပင်းကလဲခြောက်ပြီးကွဲနေသလိုခံစားရမယ်။လေချဉ်တက်ပြီးဗိုက်နာချင်နာလာမယ်။ဝမ်းသွားချင်သွားမယ်။လျှာကအရသာမသိဖြစ်မယ်။နှာခေါင်းကအနံ့မရဖြစ်မယ်။(၅)ရက်လောက်မှာအသက်ရူကြပ်လာမယ်၊ဆေးရုံသွားကိုသွားရမယ်၊အောက်ဆီဂျင်လိုနိုင်တယ်။အောက်ဆီဂျင်နဲ့မှမရရင်အသက်ရူစက်လိုလာမယ်။(ICU)ရောက်ချင်ရောက်မယ်။(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်တဲ့(၁၅)ရက်ကနေ(၂၅)ရက်အထိအသက်ရှင်ပြီးခံချင်မှခံမယ်။ခံရင်တော့(Antibody)တွေအပြည့်အဝထုတ်ပေးနိုင်လို့ပြန်ကောင်းလာဖို့အခွင့်အလမ်းရှိတယ်။ဆေးရုံအပေါ်မှာမူတည်နေပြီ။ဒီကြားထဲတခုခုလွဲချော်သွားရင်အသက်အန္တရာယ်ရှိနိုင်တယ်။
—
ကိုယ်နဲ့ကိုယ့်ပါတ်ဝန်းကျင်လူနာတွေမှာကြုံတွေ့ရတဲ့လက်တွေ့အတွေ့အကြုံများကိုမျှဝေခြင်းသာလျှင်ဖြစ်ပါသည်။ဖြည့်စွက်စာဆေးကြော်ငြာနေတာမဟုတ်ပါ။ကြော်ငြာစရာလဲမလိုပါ၊ဆေးတွေကရှိတဲ့လူနဲ့တင်မလောက်လို့တောင်ကုန်နေပြီဖြစ်ပါသည်။ကြော်ငြာပြီးရောင်းစရာလည်းလုံးဝမလိုအပ်ပါ။
—
တကယ်လို့(Bio Zinc C, NAC-plus, D3)သုံးမျိုးပြည့်စုံအောင်မရှိပါကလိမ္မော်ခွံများများစားပေးပါ။အသီးပါစားလို့ရပါသည်။အသီးသည်(Vitamin C)နှင့်(Electrolyte)များပါရှိပါသည်။သို့သော်အခွံကပို၍အရေးကြီးပါသည်။အခွံမှာပါသော(Bioflavonoid)တစ်မျိုးကသာလျှင်ပိုးကိုထိန်းချုပ်ပေးနိုင်ပါသည်။ရောဂါကူးစက်ခံရပါကလိမ္မော်ခွံများနိုင်သလောက်များများစားနိုင်ပါသည်၊အဆိပ်မဖြစ်ပါ။
—
ဒီဗိုင်းရပ်စ်ကိုသတ်နိုင်တာ(Citrus Fruits)တွေရဲ့အခွံတွေမှာပါသော(Bioflavonoid)သာလျှင်ရှိပါသည်။လိမ္မော်၊သံပုရာ၊သံပုယို၊ကျွဲကောခွံအကုန်ရပါသည်။သို့သော်သံပုရာ၊သံပုယို၊ခွံမှာအရသာခါးသဖြင့်များများမစားနိုင်ပါ။လိမ္မော်ခွံမှာမူအရသာမဆိုးလှသဖြင့်များစွာစားလို့ရနိုင်ပါသည်။
—
ဘယ်လိုပဲကာကွယ်ထားပါစေ။ဒီဗိုင်းရပ်စ်ရဲ့ထူးခြားတဲ့သဘောသဘာဝအလျှောက်လူတိုင်းကိုအနှေးနင့်အမြန်တော့ကူးစက်လာပါမည်မှာသေချာလှပါသည်။အုပ်စု(၁)နဲ့(၂)သမားများဟာအလွန်ကံကောင်းပါသည်။အုပ်စု(၁)နဲ့(၂)မှာသာလျှင်ဖြစ်သင့်ပါသည်။အလွန်ဆုံးအဆိုးဆုံးအုပ်စု(၃)ပေါ့။အုပ်စု(၄)ကိုတော့မရောက်သင့်ပါ။ဘယ်သူ့ကိုမှလဲအုပ်စု(၄)ကိုမရောက်စေလိုပါ။
—
(Bio Zinc C, NAC-plus, D3)သုံးမျိုးလုံလုံလောက်လောက်လက်ထဲမှာရှိထားပြီးသူများဘာမှမစိုးရိမ်ကြပါနှင့်။လက်တွေ့အစွမ်းထက်ပါသည်။မရှိသူများအတွက်တော့စိတ်မကောင်းပါ၊စုံလင်လုံလောက်အောင်ထပ်ရောင်းပေးရန်လဲဆေးမကျန်ရှိတော့ပါ။အစောကြီးကတည်းကကြိုတင်၍ပြောထားပြီးသားဖြစ်ပါသည်။အခုမှတော့ဘာမှလုပ်မပေးနိုင်တော့ပါ။အခုမှလုပ်နိုင်တာဆိုလို့(လိမ္မော်သီးခွံ)များများသာဆောင်ထားကြပါ။
—
(Mask)များတတ်သင့်သည်။(N95)ကတော့(95%)ကာကွယ်နိုင်ပါသည်။သို့သော်ဘယ်(Mask)မှ(100%)အပြည့်အဝမကာကွယ်ပေးနိုင်ပါ။ရိုးရိုး(Mask)မတတ်ခင်(Mask)အတွင်းတွင်လိမ္မော်ခွံဖြင့်ညှစ်ထားလိုက်လျှင်လိမ္မော်ခွံအနံ့က(Mask)အတွင်းသို့ဝင်ရောက်လာသောပိုးများကိုသေစေနိုင်၊(လျှော့နည်း)စေနိုင်ပါသည်။ကျွန်တော့်စကားကိုမယုံလဲမတတ်နိုင်ပါ။မှန်တယ်၊မမှန်ဘူးဆိုတာဗိုင်းရပ်စ်ပိုးကသာအဆုံးအဖြတ်ပေးပါလိမ့်မည်။
—
အားလုံးဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
References: