ဖြည့်စွက်စာ(Supplements) တွေဆိုတာ?

Source from Kelvin A. Power’s Facebook on November 20, 2019
အရေးတကြီးကွဲကွဲပြားပြားနားလည်ဖို့လိုနေတာက၊ကျွန်တော်တို့်ထုတ်လုပ်တဲ့ဆေးတွေအားလုံးဟာသဘာဝဖြည့်စွက်စာဆေး(Supplement)တွေသာဖြစ်ပါတယ်။အာနိသင်ပြင်းထန်ပြီးဘေးထွက်ဆိုးကျိုးများတဲ့ဓါတုဗေဒဆေးပြင်း(Prescription Drug)တွေမဟုတ်ပါဘူး။(Supplement)နဲ့(Prescription Drug)တွေကိုကွဲကွဲပြားပြားနားလည်တတ်ဖို့တော့အထူးလိုအပ်ပါတယ်။
သဘာဝဖြည့်စွက်စာေဆေး(Supplement)တွေဆိုတာရောဂါသယ်တွေအတွက်ဆရာဝန်ပေးတဲ့ဓါတုဗေဒဆေးတွေကိုချက်ချင်းဖြတ်ပြစ်ပြီးဓါတုဗေဒဆေးတွေနေရာမှာဖြည့်စွက်စာဆေး(Supplement)တွေနဲ့အစားထိုးဖို့လုံးဝမဟုတ်ပါဘူး။ဆရာဝန်ပေးတဲ့ဆေးတွေကတော့ဓါတုဗေဒဆေးတွေဖြစ်လို့ပိုပြီးလဲပြင်းထန်သလို၊ပိုပြီးလဲထိရောက်စွာရောဂါကိုရေတိုအားဖြင့်ချက်ချင်းဟန့်တားထားနိုင်ပါတယ်။ပိုပြီးထိရောက်ပြင်းထန်သလိုရေရှည်မှာဘေးထွက်ဆိုးကျိုးလဲအလွန်များပြားလှပါတယ်။
ဓါတုဗေဒဆေးတွေဆိုတာတစ်ဖက်ကရောဂါတစ်ခုကိုသက်သာစေနိုင်သလို၊ရေရှည်မှာတော့အခြားတစ်ဖက်မှာမတူညီတဲ့ရောဂါအသစ်တွေများစွာကိုထပ်ပြီးုဖြစ်ပေါ်စေနိုင်ပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလဲရေရှည်မှာထိခိုက်ပျက်စီးစေနိုင်ပါတယ်။သဘာဝဖြည့်စွက်စာေဆေးတွေကိုသုံးစွဲတယ်ဆိုတာကလဲရေရှည်မှာဓါတုဗေဒဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုကြောက်ကြလို့ပါ။ရောဂါသယ်တွေအတွက်ကတော့ဓါတုဗေဒဆေးတွေကရေရှည်မှာဘေးထွက်ဆိုးကျိုးတွေရှိလို့၊သဘာဝဖြည့်စွက်စာေဆေးတွေနဲ့ကူညီအချိန်ယူပြီးတဖြေးဖြေးချင်းးအစားထိုးယူရတာပါ။ဓါတုဗေဒဆေးတွေကိုချက်ချင်းဖြတ်ပြစ်လို့တော့မရပါဘူး။
—–
ကိုယ်ကရောဂါသယ်ဆိုရင်ဆရာဝန်ပေးတဲ့ဆေးတွေကိုဆက်သောက်ရပါမယ်။ဘေးထွက်ဆိုးကျိုးမခံစားရအောင်၊ရေရှည်မှာအချိန်ယူပြီးတော့သဘာဝဆေးတွေဖက်ကိုတဖြေးဖြေးချင်းပြောင်းလဲယူရပါမယ်။ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်တွေကိုလဲစားသောက်တတ်ဖို့ပြောင်းလဲယူရပါမယ်။မပျင်းမရိပဲကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလဲလုပ်ဆောင်ရပါမယ်။Fasting လဲမကြာခဏလုပ်ပေးရပါမယ်။နေထိုင်စားသောက်ပုံ(LifeStyle)ကိုပြောင်းလဲပြစ်ရပါမယ်။
–ငါးကြီးဆီနဲ့(COQ10)ဟာနှလုံးရောဂါသယ်တွေအတွက်ရေရှည်အကျိုးပြုတာာမှန်ပေမဲ့၊နှလုံးသွေးကြောပိတ်လို့အရေးပေါ်ဆေးရုံရောက်လာတဲ့လူတွေကိုငါးကြီးဆီနဲ့(COQ10)သွားပေးရင်အသက်ကယ်နိုင်မှာမဟုတ်ပါဘူး။ခွဲစိတ်ရပါမယ်။အခြားဓါတုဗေဒဆေးပြင်းတွေအရင်ပေးရပါမယ်။နောက်တော့ဆေးရုံကဆင်းလာတော့မှထပ်မဖြစ်အောင်ဖြည့်စွက်စာတွေနဲ့တဖြေးဖြေးချင်းအစားထိုးကုယူရပါမယ်။
—–
ရောဂါဖြစ်ပြီးသူ၊ရောဂါသယ်တွေအတွက်ဖြည့်စွက်စာဆေးတွေဆိုတာ၊ဘေးကနေဖြည့်စွက်ပြီးသုံးစွဲပေးရတဲ့သဘောမျိုးလို့နားလည်ထားစေလိုပါတယ်။ရောဂါမဖြစ်သေးတဲ့လူတွေအတွက်ကတော့ရောဂါကာကွယ်ချင်လို့ဖြည့်စွက်စာသုံးစွဲရတာလို့နားလည်ထားစေချင်ပါတယ်။ဖြည့်စွက်စာသုံးစွဲချင်းဖြင့်ဖြင့်ရေရှည်မှာတော့အကျိုးရှိလာပါလိမ့်မယ်။ကိုယ်ကရောဂါသယ်ဆိုရင်တော့ဓါတုဗေဒဆေးတွေအားလုံးကိုချက်ချင်းဖြတ်ပြစ်ပြီးဖြည့်စွက်စာနဲ့အစားထိုးရမှာလုံးဝမဟုတ်ပါဘူး။
ဆရာဝန်ပေးတဲ့ဓါတုဗေဒဆေးတွေကိုဆက်ကိုသောက်ရပါမယ်။ရေရှည်မှာဓါတုဗေဒပစ္စည်းတွေတဖြေးဖြေးလျှော့ပြီး၊အချိန်တိုး၍ခြားခြားသောက်လာပြီးသဘာဝဆေးဖက်ကိုတဖြည်းဖြည်းအချိန်ယူပြီးတော့ပြောင်းယူရပါလိမ့်မယ်။ဓါတုဗေဒဆေးတွေကရေရှည်မှာဘေးထွက်ဆိုးကျိုးတွေရှိလို့၊တဖြေးဖြေးချင်းဖြည့်စွက်စာသဘာဝဆေးတွေကူပြီးအစားထိုးရတာပါ။ဓါတုဗေဒဆေးတွေချက်ချင်းဖြတ်၍မရပါ။ဖြည့်စွက်စာဆေးတွေဆိုတာဖြည့်စွက်ပေးချင်းဖြစ်ပါတယ်။ချက်ချင်းအစားထိုးပြစ်ရန်မဟုတ်ပါ။
ဥပမာပေးရရင်၊ထင်းရှုးပင်ကြီးတွေရဲ့အရိပ်နဲ့အေးချမ်းသာယာနေတဲ့ပန်းခြံကြီးတစ်ခုရှိနေပါတယ်။ဒါပေမဲ့ညောင်ပင်တွေဟာထင်းရှုးပင်တွေထက်အဆပေါင်းများစွာအရိပ်ကောင်းသလိုနှစ်ရှည်လဲခံနိုင်ရည်ရှိပါတယ်။ဒီတော့ထင်းရှုးပင်ရိပ်တွေနေရာမှာညောင်ပင်ရိပ်တွေနဲ့အစားထိုးချင်ပါတယ်။ဒီနေရာမှာညောင်ပင်ရိပ်ကထင်းရှုးပင်အရိပ်ထက်ပိုကောင်းတယ်ကွာဆိုပြီးတော့၊ထင်းရှုးပင်တွေကိုချက်ချင်းအကုန်ခုတ်ပြစ်လိုက်ပြီး၊သူ့နေရာမှာညောင်စေ့တွေသွားချစိုက်လိုက်မယ်ဆိုရင်ညောင်ရိပ်ဆိုတဲ့အကျိုးကိုချက်ချင်းမရရှိ၊မခံစားရနိုင်ပါဘူး။အရိပ်အာဝသမဲ့တဲ့ဟင်းလင်းပြင်ကြီးဖြစ်ပြီး၊ပန်းခြံကြီးတခုလုံးသာပျက်စီးသွားပါလိမ့်မယ်။
တစ်ကယ်အရိပ်ကောင်းတဲ့ပန်းခြံကြီးကိုလိုချင်တယ်ဆိုရင်၊ထင်းရှုးပင်တွေကိုချက်ချင်းမခုတ်ပြစ်ပဲ၊အပင်ကြီးတစ်ပင်နှင့်တစ်ပင်အကြားမှာညောင်စေ့ကလေးတွေချစိုက်ပြီးပေါက်လာတဲ့ညောင်ပင်ပေါက်ကလေးတွေကိုရေလောင်းပေါင်းသင်ပြုစုပေးရပါမယ်။ဒီမှန်ကန်တဲ့နည်းလမ်းကြောင့်ရေရှည်မှာထင်းရှုးပင်တွေအကြားမှာညောင်ပင်တွေရှင်သန်ကြီးထွားလာပါလိမ့်မယ်။ညောင်ပင်တွေကြီးထွားလာသည်နှင့်အမျှ၊ထင်းရှုးပင်တွေကိုတဖြေးဖြေးချင်းခုတ်ယူဖယ်ရှားပြစ်လိုက်မယ်ဆိုရင်ရေရှည်မှာညောင်ရိပ်တွေနဲ့ပြည့်စုံနေပြီးအလွန်အေးချမ်းသာယာတဲ့ပန်းခြံကြီးတစ်ခုကိုအစားထိုးဖန်တီးယူလို့ရနိုင်ပါတယ်။
နောက်ထပ်ဥပမာတစ်ခုထပ်ပေးရရင်၊အစိုးရဝန်ကြီးဌာနတစ်ခုမှာအရင်အစိုးရတွေလက်ထက်ကကျန်ရှိနေပြီး၊လုပ်ငန်းအတွေ့အကြုံအလွန်ကျွမ်းကျင်သော်လဲအကျင့်ပျက်လဘ်စားတဲ့ဝန်ထမ်းတွေရှိနေကြတယ်ဆိုကြပါစို့။အဲဒီလူတွေကိုအားလုံးချက်ချင်းဖြုတ်ပြစ်လိုက်ပြီး၊လာဘ်မစားသော်လည်းလုပ်ငန်းလုံးဝမကျွမ်းကျင်သေးတဲ့လူတွေနဲ့အစားထိုးလိုက်မယ်ဆိုရင်အဲဒီဝန်ကြီးဌာနတစ်ခုလုံးလုပ်ငန်းဘာမှမလည်ပါတ်နိုင်တော့ပဲချက်ချင်းရပ်ဆိုင်းပျက်စီးသွားပါလိမ့်မယ်။လုပ်ငန်းလဲမရပ်ဆိုင်းစေချင်ဘူး။အကျင့်စာရိတ္တလဲကောင်းမွန်တဲ့ဝန်ထန်းတွေကိုလဲလိုချင်ပါတယ်ဆိုရင်တော့လုပ်ငန်းလဲရပ်ဆိုင်းမသွားရအောင်အကျင့်ပျက်ဝန်ထမ်းတွေလဲတဖြေးဖြေးပပျောက်သွားအောင်တဖြေးဖြေးချင်းအချိန်ယူပြီးတော့အစားထိုးပြုပြင်မှရပါမယ်။
နောက်ဆုံးဥပမာတစ်ခုပြောရရင်၊တုတ်ကွေးရောဂါဖြစ်လို့ဆိုပြီးတော့တုတ်ကွေးပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေကိုသောက်နေရာကနေမသောက်တော့ပဲဖြတ်ပြစ်လိုက်ပြီးတော့၊ပိုးသတ်ဆေးတွေနေရာမှာ(Vitamin D3)ကိုအစားထိုးသောက်လိုက်တာနဲ့တော့ရောဂါပျောက်သွားမှာမဟုတ်ပါဘူး။တုတ်ကွေးပိုးသတ်ဆေးတွေ၊အကိုက်အခဲပျောက်ဆေးတွေဟာရေရှည်မှာအစာအိမ်နဲ့အူလမ်းကြောင်းကို၊အသဲနဲ့ကျောက်ကပ်ကိုထိခိုက်ပျက်စေးစေမယ်ဆိုတာတော့မှန်ပါတယ်။သို့သော်ဒီအခြေအနေမှာတော့တုတ်ကွေးပိုးသတ်ဆေးနဲ့အကိုက်အခဲပျောက်ဆေးတွေကိုဆက်ပြီးသောက်ကိုသောက်ရပါမယ်။ထိုဆေးတွေနဲ့အတူ(Vitamin D3)ကိုဖြည့်စွက်စာအဖြစ်ဖြည့်စွက်သောက်သုံးပေးချင်းအားဖြင့်၊ခန္ဒာကိုယ်မှာခုခံမှု့အားပိုကောင်းလာပြီး။ရောဂါကိုအမြန်ပျောက်ကင်းအောင်အထောက်အကူပြုရုံတင်မကပဲဆေးပြင်းတွေရဲ့ဘေးထွက်ဆိုးကျိုးကိုလဲလျှော့နည်းသွားစေနိုင်ပါလိမ့်မယ်။
သွေးထဲမှာ(Vitamin D3)မြင့်တက်လာသည်နှင့်အမျှ၊ရေရှည်အနာဂါတ်ကာလမှာတုတ်ကွေးရောဂါထပ်ဖြစ်ဖို့အခြေအနေအလွန်နည်းသွားပါလိမ့်မယ်။ဆိုလိုတာက(Vitamin D3)အလုပ်လုပ်ပုံဟာတုတ်ကွေးပိုးသတ်ဆေးတွေအလုပ်လုပ်ပုံနဲ့လုံး
ဝမတူညီလို့ (one by one)အစားထိုးပြစ်လို့မရနိုင်ပါဘူး။တုတ်ကွေးရောဂါသယ်ဟာပိုးသတ်ဆေးနေရာမှာ(D3)အစားထိုးပြစ်လိုက်ရင်ရောဂါပိုဆိုးလာပါမယ်။ဒါပေမဲ့(D3)ဟာရေရှည်မှာတော့တုတ်ကွေးပိုးသတ်ဆေးထက်အဆပေါင်းများစွာကောင်းကျိုးပေးနိုင်ပါတယ်။(D3)ဟာရေရှည်မှာတုတ်ကွေးရောဂါတမျိူးထဲအတွက်မဟုတ်ပဲတခြားရောဂါတွေအတွက်ပါကာကွယ်ပေးနိုင်တဲ့ကောင်းကျိုးအမျိုးမျိုးပေးနိုင်ပါတယ်။
ဒီဥပမာတွေအတိုင်းပါပဲ၊ဖြည့်စွက်စာဆေးတွေအားလုံးဟာဒီသဘောကိုပဲဆောင်နေပါတယ်။ဖြည့်စွက်စာဆေးတွေဟာဓါတုဗေဒဆေးတွေကိုအစားထိုးပြစ်ဖို့၊ဓါတုဗေဒဆေးတွေကိုဖြတ်တောက်ပြစ်ဖို့မဟုတ်ဘူးဆိုတာကိုနားလည်ထားစေချင်ပါတယ်။ရေရှည်မှာတော့အချိန်ယူပြီးတဖြေးဖြေးချင်းအစားထိုးဖြတ်တောက်ယူလို့ရနိုင်ပါတယ်။
ခန္ဓာကိုယ်မှာရောဂါလက္ခဏာတွေကိုတားဆီးပေးထားတဲ့ဓါတုဗေဒဆေးတွေဟာဘေးထွက်ဆိုးကျိုးများတယ်ဆိုပေမဲ့သူတို့တာဝန်သူတို့အလုပ်ကိုကျေပွန်စွာလုပ်နေတာတော့အမှန်ပါပဲ။အကျင့်ပျက်ဝန်ထမ်းဆိုပေမဲ့လုပ်ငန်းကျွမ်းကျင်လို့လုပ်ငန်းတာဝန်ကျေပွန်စွာနဲ့လုပ်ငန်းလည်ပါတ်နေနိုင်ပါသေးတယ်။ထင်းရှုးပင်အရိပ်တွေဆိုတော့ညောင်ပင်ရိပ်လောက်မကောင်းတာမှန်ပေမဲ့၊အရိပ်လိုလို့ခိုနားနေသူတွေအတွက်အကျိုးပြုနိုင်ပါသေးတယ်။ချက်ချင်းခုတ်လဲှပြစ်လို့မရနိုင်ပါ။ဒီလိုပါပဲဓါတုဗေဒဆေးတွေဟာရေရှည်မှာဘေးထွက်ဆိုးကျိုးပေးမှာမှန်သော်လဲသူတို့ကိုချက်ချင်းဖြတ်ပြစ်လိုက်ရင်ရောဂါပိုဆိုးလာပါလိမ့်မယ်။သဘာဝဆေးတွေဆိုတာအကြောင်းတရားကိုပြုပြင်ရတာဖြစ်လို့ညောင်ရိပ်လိုချင်ရင်ညောင်စေ့ကိုစတင်ပြီးအစိချစိုက်ပျိုးရမှာဖြစ်လို့ချက်ချင်းတော့အကျိုးမရရှိနိုင်ပါဘူး။အကျင့်စာရိတ္တကောင်းမွန်ပြီ်းလုပ်ငန်းလဲကျွမ်းကျင်တဲ့ဝန်ထမ်းကောင်းတွေကိုမှလိုချင်ရင်တော့ရေရှည်အချိန်ယူပြီးအစားထိုးပြုပြင်ရပါတယ်။ချက်ချင်းမရနိုင်ပါဘူး။
မြန်မာတွေအတွက်ဓါတုဗေဒဆေးနဲ့ဖြည့်စွက်စာဆေးအလုပ်လုပ်ပုံချင်းမတူညီဘူးဆိုတာသေချာနားလည်ဖို့လိုအပ်နေပါတယ်။ဓါတုဗေဒဆေးတွေဆိုတာရောဂါလက္ခဏာအကျိူးတရားကိုချက်ချင်းပြုပြင်ပြစ်တာပါ။ဖြည့်စွက်စာဆိုတာအကျိုးတရားကိုမပြုပြင်ပဲ၊အကြောင်းတရားကိုပြုပြင်ပေးတာဖြစ်လို့ချက်ချင်းမထိရောက်နိုင်ပါ။ရေရှည်အချိန်ပေးဖို့လိုအပ်ပါတယ်။ရေတိုမှာတော့ချက်ချင်းရောဂါလက္ခဏာမပျောက်ပေမဲ့ရေရှည်မှာတော့အလွန်အကျိုးကျေးဇူးများပါတယ်။
အထူးပြောချင်တာတစ်ခုက၊လောကမှာမမြတ်ချင်နေပါစေ၊မရှုံးဖို့ပိုပြီးအရေးကြီးပါတယ်။၊ဘာရောဂါပဲဖြစ်ဖြစ်၊ရောဂါဆိုတာကမဖြစ်ခင်ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ။ကာကွယ်ထားတယ်ဆိုတာကကိုယ်ကနိုင်ထားတာပါ။ဖြစ်ပြီးတော့မှကုသမယ်ဆိုရင်တော့၊ကုသလို့ရောဂါပျောက်သည်ဖြစ်စေ၊မပျောက်သည်ဖြစ်စေ၊ကိုယ်ကနစ်နာပြီးသားဖြစ်နေလို့အရှုံးကတော့အရှုံးပါပဲ။သရေမကျနိုင်သလို၊ဘယ်တော့မှလဲအနိူင်မရနိုင်ပါဘူး။
တချို့ကကြိုတင်မကာကွယ်ထားပဲ၊အရေးပေါ်ခန်းရောက်တော့မှ၊သွေးတွေလွန်နေတော့မှ၊သေရေးရှင်ရေးခွဲခန်းထဲမှာအသက်လုနေရတော့မှ၊ဆရာရေ၊ဆရာ့ကိုအားကိုးပါတယ်၊ဘာဖြည့်စွက်စာဆေးတွေသောက်ရမလဲဆိုပြီးတော့လူကြုံနဲ့လာမေးခိုင်းရင်တော့ကျွန်တော်မပြောပါနဲ့သိကြားမင်းတောင်ဆင်းပြီးမကယ်နိုင်တော့ပါဘူး။အရေးပေါ်ရောက်နေပြီဆိုရင်တော့ဘာဖြည့်စွက်စာမှမသောက်ပဲ၊အရေးပေါ်ဌာနကလူတွေလမ်းညွန်တဲ့အတိုင်းပဲတိတိကျကျလိုက်နာဆောင်ရွက်တော့မှသာလျှင်အသက်ရှင်ဖို့အခွင့်အလန်းရရှိနိုင်ပါမယ်။
သဘာဝနည်းနဲ့ဖြည့်စွက်စာတွေနဲ့ကုတယ်ဆိုတာ၊ဘေးထွက်ဆိုးကျိုးမရှိပဲရေရည်အကျိုးရှိမှာတော့မှန်ပါတယ်။ဒါပေမဲ့အရေးပေါ်ကုသနည်းမဟုတ်သလို၊ဓါတုဗေဒဆေးပြင်းတွေကိုချက်ချင်းဖြတ်လိုက်ပြီး၊ဖြည့်စွက်စာဆေးတွေနဲ့ချက်ချင်းအစားထိုးလို့လဲမရနိုင်ပါ။ကြီုတင်စီစဉ်ထားပြီးအချိန်ယူရပါလိမ့်မယ်။စိတ်ရှည်ရပါမယ်။ဇွဲသန်ရပါမယ်။တဖြေးဖြေးချင်းအစားထိုးကုသရပါလိမ့်မယ်။
ဥပမာထပ်ပြောရရင်(Autoimmune)ရောဂါဟာ(Inflammation)နဲ့(Oxidative Stress)ကြောင့်ဖြစ်တယ်ဆိုတာသိပါတယ်။ဒါပေမဲ့အဲဒါတွေချက်ချင်းပျောက်အောင်အုံဖွလုပ်ပြီးဂါထာရွတ်မန်းမုတ်ပေးလိုက်လို့မရပါဘူး။(Inflammation)နဲ့(Oxidative Stress)နေ့ချင်းညချင်းပျောက်အောင်လဲလုပ်လို့မရပါဘူး။လုပ်လို့ရရင်လဲရောဂါချက်ချင်းယူပြစ်သလိုမပျောက်နိုင်ပါဘူး။
သို့သော်ဒီကနေ့ကစပြီး(Inflammation)နဲ့(Oxidative Stress)မဖြစ်အောင်နေထိုင်စားသောက်ဖြည့်စွက်စာတွေသုံးစွဲသွားမယ်ဆိုရင်တော့နောင်(၅)နှစ်မှာကောင်းကျိုးရရှိပါလိမ့်မယ်။အခုရေတွင်းတူးအခုရေကြည်သောက်လို့မရသလို၊သရက်ပင်ဒီနေ့စစိုက်ပြီး၊မနက်ဖြန်သရက်သီးစားချင်လို့တော့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။လောကမှာအကြောင်းရှိမှအကျိုးဖြစ်သလို၊အကြောင်းကြောင့်အကျိုးဖြစ်ဖို့လဲအချိန်တစ်ခုပေးရပါတယ်။လေးင်္သချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့တဲ့မြတ်စွာဘုရားအလောင်းတော်တောင်မှပါရမီတွေအလွန်ရင့်ကျက်နေလို့ဆိုပြီးတော့ဒီကနေ့တောထွက်တာနဲ့မနက်ဖြန်ဘုရားမဖြစ်လာပါဘူး။ဒုက္ခစရိယာကျင့်ရတာခြောက်နှစ်ကြာသွားပါတယ်။လောကမှာအကြောင်းညီညွတ်ရင်တောင်အကျိုးတရားချက်ချင်းပေါ်လာတာတော့မဟုတ်ပါဘူး။အချိန်အတိုင်းအတာတစ်ခုတော့ပေးရပါတယ်။
အနှစ်ချုပ်ပြောချင်တာက၊ရောဂါဖြစ်ပြီးသားရောဂါသယ်တွေဟာ၊ဘေးထွက်ဆိုးကျိုးမရှိပဲရောဂါပျောက်ချင်ဇောနဲ့၊ဓါတုဗေဒဆေးတွေကိုချက်ချင်းဖြတ်တောက်ပြစ်ပြီး၊ဖြည့်စွက်စာဆေးတွေနဲ့အစားထိုးပြစ်တာဟာအလွန်မှားယွင်းနေတဲ့အယူအဆဖြစ်လို့လက်ရှိရေတိုအခြေအနေမှာရောဂါမပျောက်ပဲပိုဆိုးလာနိုင်ပါတယ်။ဒါမျိုးလုံးဝမလုပ်ကြဖို့နဲ့၊အချိန်ယူပြီးတော့တဖြေးဖြေးချင်းအစားထိုးကြဖို့အသိပေးလိုပါတယ်။နောက်တခုကရောဂါဖြစ်လာမဲ့နေ့ထိုင်စောင့်နေမယ့်အစားရောဂါမဖြစ်ခင်ကတည်းကကျန်းမာရေးဗဟုသုတတွေလေ့လာပြီးကြိုတင်ကာကွယ်ထားဖို့အသိပေးပြောကြားလိုပါတယ်။
Kelvin Albert Power
Shopping Cart