Source from Kelvin A. Power’s Facebook on January 27, 2021
ဒီကနေ့(COVID)ကာကွယ်ဆေးတွေနဲ့ပါတ်သက်လို့၊အမှန်တရားလေးတွေအနည်းငယ်ပြောချင်ပါတယ်။
–
၁။ဒီ(Virus)ပိုးဟာမျိုးရိုးဗီဇတွေအမျိုးမျိုးနေ့စဉ်ပြောင်းလဲနေတယ်ဆိုတာလဲအားလုံးအသိပါပဲ။ကာကွယ်ဆေးတွေဟာမျိုးရိုးဗီဇအသစ်တွေကိုဘယ်လောက်အတိုင်းအတာအထိ၊ထိရောက်အောင်ကာကွယ်နိုင်မယ်(သို့)မကာကွယ်နိုင်ဘူးဆိုတာလဲဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး။
—
၂။အခုလက်ရှိကမ္ဘာမှာနာမည်ကြီးနေတဲ့ကာကွယ်ဆေးတွေဟာအမျိုးမျိုးသောဘေးထွက်ဆိုးကျိုးတွေရှိတတ်ကြတယ်ဆိုတာတွေလဲသတင်းတွေထဲမှာပါနေတာဖြစ်လို့စာဖတ်တဲ့လူတိုင်းလဲသိပြီးသားဖြစ်ကြမှာပါ။
—
၃။ နောက်ပြဿနာတစ်ခုက(COVID)ကာကွယ်ဆေးနှစ်ချောင်းလုံးပြီးအောင်ထိုးထားပြီးရင်တောင်ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့ခုခံမှု့စနစ်ရဲ့စွမ်းအားဟာဘယ်လောက်တာရှည်ခံမယ်ဆိုတာကိုလဲဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး။ဆိုလိုတာက(၃လ)ခံမလား၊(၆လ)ခံမလား၊တစ်နှစ်ခံမလားဆိုတာဘာမှသေချာမပြောနိုင်သေးပါဘူး။
—
၄။အဆိုးဆုံးပြဿနာတစ်ခုက၊(COVID)ကာကွယ်ဆေးပထမတစ်ချောင်းထိုးထားပြီးတဲ့နောက်ပိုင်းမှာ(COVID)ရောဂါကူးစက်မှု့ခံရပြီး၊အသက်ဆုံးရှုံးသွားရလို့ဒုတိယကာကွယ်ဆေးကိုထိုးခွင့်မရလိုက်ပဲတမလွန်ကိုဘဝပြောင်းသွားရရှာတဲ့လူတွေလဲအများကြီးရှိနေပါတယ်။
—
စာရှည်မှာစိုးလို့အဲဒီအကြောင်းနဲ့ပါတ်သက်ပြီးဥပမာတွေအများကြီးမပြောပြတော့ပါဘူး။တစ်ခုပဲပြောပြပါမယ်။(UK)နိုင်ငံမှာနေထိုင်တဲ့(Colin Horseman)ဆိုတဲ့လူတစ်ယောက်ဟာ(COVID-19)အကူးစက်ခံရပြီးရောဂါပြင်းထန်လာလို့ဆေးရုံကိုပို့လိုက်ရပါတယ်။ဆေးရုံမှာခေတ်မှီစက်ကရိယာတွေနဲ့ဘယ်လိုပဲကျိုးစားကုကြသော်လဲကုသလို့မရတော့ပဲ၊ရက်အနည်းငယ်အတွင်းမှာတင်အသက်ဆုံးရှုံးသွားခဲ့ရရှာပါတယ်။
—
တစ်ကယ်တော့(UK)နိုင်ငံသား(Colin Horseman)အသက်ဆုံးရှုံးသွားတာဟာ (COVID)ရောဂါကြောင့်သာမာန်လူတစ်ယောက်သေသွားတာပဲဘာမှမထူးဆန်းပါဘူးလို့ထင်မြင်ယူဆနိုင်စရာရှိနေပါတယ်။သို့သော်၊ဒီကိစ္စဟာသာမာန်သေဆုံးမှု့တစ်ခုမဟုတ်ကြောင်းနောက်ပိုင်းမှာသူ့ရဲ့သားကဒေသတွင်းသတင်းစာတစ်ခုမှာဆောင်းပါးရေးပြီးအမှန်တရားတွေကိုထွက်ဆိုပြောပြလိုက်တဲ့အခါတော့မှလူတွေအံ့သြ၊တုန်လှုပ်သွားပြီး၊ဆင်ခြင်စဉ်းစားစရာအကြောင်းတစ်ခုဖြစ်လာပါတော့တယ်။
—
သူ့သားပြောပြပုံအရဆိုရင်လွန်ခဲ့တဲ့(၃)ပါတ်ကျော်လောက်က၊သူ့အဖေဟာ၊(COVID)ကာကွယ်ဆေးအထိုးခံရဖို့ပထမဦးဆုံးအသုတ်မှာရွေးချယ်ခံခဲ့ရပြီး၊ပါဝင်အထိုးခံခဲ့ရပါတယ်။(Covid)ကာကွယ်ဆေးကိုပထမတစ်ကြိမ်ထိုးထားပြီးသားလူတစ်ယောက်ဖြစ်နေပါတယ်တဲ့။
—
လွန်ခဲ့တဲ့(၃)ပါတ်ကျော်လောက်ကပထမဆေးကိုစတင်အထိုးခံခဲ့ရတာဖြစ်လို့၊သူသေဆုံးသွားတဲ့နေ့ကနေစပြီးရေတွက်ရင်နောက်ထပ်နှစ်ရက်ဟာ၊သူ့ရဲ့ဒုတိယအကြိမ်(Covid)ကာကွယ်ဆေးထပ်ထိုးဖို့ရက်ချိန်းယူထားတဲ့နေ့ပါပဲ၊လို့သူ့သားကထုတ်ဖေါ်ပြောပြသွားပါတယ်။ဆိုလိုချင်တာကဒုတိယကာကွယ်ဆေးထပ်မထိုးလိုက်ရခင်နှစ်ရက်အလိုမှာပဲသူဟာ(COVID)ရောဂါကြောင့်ဘဝတစ်ပါးကိုပြောင်းသွားခဲ့ရရှာပါတယ်။
—
အသေးစိတ်ဖတ်ချင်ရင်အောက်က(Link)မှာရှိပါတယ်။
—
အခုမြန်မာပြည်ကို(COVID)ကာကွယ်ဆေးတွေရောက်လာပြီဆိုတော့ဆေးထိုးခံချင်တဲ့လူတွေကိုစာရင်းပေးခိုင်းနေပြီလို့ကျွန်တော်ကြားသိထားရပါတယ်။ကျွန်တော့်အနေနဲ့လူတွေကိုကာကွယ်ဆေးဟာအကျိုးမရှိဘူး၊မထိုးသင့်ဘူးလို့လုံးဝ(လုံးဝ)မဆိုလိုပါ။
—
ကျွန်တော်ဆိုလိုတာက၊ဒီကာကွယ်ဆေးစထိုးပြီးပြီဆိုတာနဲ့လူမိုက်လုပ်လို့တော့မရနိုင်ပါဘူး။ကိုယ်ကကာကွယ်ဆေးထိုးထားပြီးပြီ။(Mask)မလိုတော့ဘူး။(social distancing)လဲမလိုတော့ဘူး။လက်ဆေးစရာလဲမလိုတော့ဘူး။(COVID)နဲ့ပါတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုလဲလိုက်နာနေစရာမလိုတော့ဘူးလို့ရွှေမြန်မာတွေလှေနံဓါးထစ်၊မိုက်မဲစွာယူဆမိမယ်ဆိုရင်၊တစ်နိုင်ငံလုံးဒုက္ခရောက်ကြရပါလိမ့်မယ်။
—
ကျွန်တော်ပြောချင်တာက၊ကာကွယ်ဆေးမကောင်းပါ၊မထိုးပါနှင့်လို့လုံးဝမဆိုလိုပါ။ကာကွယ်ဆေးထိုးပြီးရင်လဲဆက်လက်ပြီးအရင်ကစည်းကမ်းတွေအတိုင်းအထူးသတိပြုပြီးလိုက်နာဆောင်ရွက်ကြဖို့သတိပေးပြောကြားချင်တာပါ။(ကာကွယ်ဆေးကိုယုံပြီးတော့၊ဆူးပုံမနင်းကြစေချင်ပါ။)
—
ဒီကာကွယ်ဆေးဟာကောင်းသည်ဖြစ်စေ၊မကောင်းဘူးဖြစ်စေ၊ဘေးထွက်ဆိုးကျိုးရှိသည်ဖြစ်စေ၊မရှိဘူးဖြစ်စေ၊လက်ရှိအခြေအနေမှာအကောင်းဆုံးလုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတစ်ခုဖြစ်နေလို့လူတိုင်းလိုက်နာအထိုးခံသင့်တယ်လို့ပဲအကြံပြုချင်ပါတယ်။
—
ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊မထိုးရသေးဘူးဖြစ်စေ၊တစ်ဖက်ကလဲမိမိရဲ့ခုခံမှု့အင်အားကိုကောင်းနေအောင်ထားရပါမယ်။အဓိကကတော့အဟာရဓါတ်၊သြဇာဓါတ်တွေ၊ဗီတာမင်တွေ၊(Antioxidants)တွေမချို့တဲ့ဖို့လဲအလွန်အရေးကြီးပါတယ်။
—
(COVID)ရောဂါနဲ့ပါတ်သက်လို့(Vitamin D)ဟာအလွန်အရေးကြီးပြီးအသက်ကယ်တင်ပေးနိုင်တဲ့ဓါတ်တမျိုးဖြစ်တယ်ဆိုတာကြာလေ၊လူတွေပိုပြီးနားလည်လာလေဖြစ်နေလို့လူတိုင်းရဲ့သွေးထဲမှာ(Vitamin D)ပမာဏဟာ(optimal level)တစ်ခုရှိနေဖို့အထူးလိုအပ်တယ်ဆိုတာရှေးကအကြိမ်ကြိမ်ပြောထားပြီးသားဖြစ်နေလို့ထပ်ပြောဖို့လိုမယ်လမထင်ပါဘူး။
—
နောက်နေ့မှာတော့(Vitamin D)နဲ့ပါတ်သက်လို့ဘေးထွက်ဆိုးကျိုးမရှိအောင်ဘယ်လိုအလေးထားလုပ်ဆောင်ရမယ်ဆိုတာတွေနဲ့၊(Protocol)အသစ်တစ်ခုကို(Update)အဖြစ်အလေးပေးပြီးရေးပေးပါဦးမယ်။
—
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
—
Reference: