ဆေးအသစ်(Network Antioxidants)သောက်လိုက်ရင်၊ဈေးပိုပေါတဲ့(Super Antioxidants)မလိုတော့ဘူးပေါ့နော်?

Source from Kelvin A. Power’s Facebook on October 21, 2020
ဆေးအသစ်(Network Antioxidants)သောက်လိုက်ရင်၊ဈေးပိုပေါတဲ့(Super Antioxidants)မလိုတော့ဘူးပေါ့နော်?။လို့မေးထားတဲ့မေးခွန်းကိုဒီကနေ့ဖြေပေးပါမယ်။
ပထမဦးဆုံး(American Best)ကထုတ်တဲ့(Network Antioxidants)နဲ့၊တခြားကုမ္မဏီဖြစ်တဲ့၊(CanPrev, Canada)ကုမ္မဏီကထုတ်တဲ့(Antioxidant Network™)နှစ်မျိုးကိုနိုင်းယှဉ်ကြည့်မယ်ဆိုရင်။
(CanPrev)ကုမ္မဏီကထုတ်တဲ့ Antioxidant Network မှာပါဝင်တဲ့ပစ္စည်း(၇)မျိုးကတော့။
(၁)N-acetyl-L-cysteine(200 mg)
(၂)Mixed tocopherols, Vitamin E(150 mg)
(၃)Coenzyme Q10 Ubiquinone(100 mg)
(၄)DL-Alpha-lipoic-acid(100 mg)
(၅)Green tea extract(60 mg)
(၆)Zinc as Zinc Citrate(5.5mg)
(၇)Selenium as Selenium Yeast(100 mcg)
တို့ဖြစ်ကြပါတယ်။
ကျွန်တော်တို့(American Best)ကထုတ်တဲ့(Network Antioxidants)မှာပါဝင်မယ့်ပစ္စည်းတွေကတော့၊သူများတံဆိပ်မှာပါဝင်နေတဲ့ဓါတ်ပေါင်းပစ္စည်း(၇)မျိုးပမာဏတိတိကျကျပါဝင်တဲ့အပြင်၊နောက်ထပ်လိုအပ်လို့ထပ်ဖြည့်ထားတဲ့၊အောက်ပါအရေးကြီးတဲ့ဓါတ်ပေါင်းပစ္စည်း(၅)မျိုးပါအပိုထပ်ပြီးပါဝင်နေပါသေးတယ်။
(၈)Vitamin A as Retinyl Palmitate( 7,350 IU)
(၉)Vitamin C as Magnesium Ascorbate(150 mg )
(၁၀)Magnesium as Magnesium Ascorbate & Carbonate(25 mg)
(၁၁)Black Pepper Extract (Standardized to 95% Piperine)(5 mg)
(၁၂)Riboflavin (50 mg )
ပထမ(၇)မျိုးကတော့တံဆိပ်နှစ်မျိုးစလုံးမှာတိတိကျကျတူညီနေကြပြီး၊နောက်ထပ်အရေးကြီးတဲ့(၅)မျိုးထပ်ဖြည့်ပေးထားတယ်ဆိုတော့၊(American Best)က(Network Antioxidants)ဟာအမျိုးအစားပေါင်း(၁၂)မျိုးပါဝင်ပြီး၊သူများတံဆိပ်ထက်ပိုပြီးစုံလင်တယ်၊ကောင်းမွန်တယ်ဆိုတာကတော့ငြင်းနေစရာအကြောင်းမရှိပါဘူး။ ဈေးနှုန်းကလဲအမျိုးအစားတွေအများကြီးပိုထည့်ထားပေးတဲ့ကျွန်တော်တို့ပစ္စည်းကအနည်းငယ်ပိုပြီးသက်သာနေပါသေးတယ်။
အခုတဖန်သူများတံဆိပ်တွေနဲ့မနှိင်းယှဉ်တော့ပဲ၊ကျွန်တော်တို့(American Best)ကအခုမှစပြီးထုတ်လုပ်လိုက်တဲ့(Network Antioxidants)နဲ့အရင်ကကျွန်တော်တို့ထုတ်ထားတဲ့(Super Antioxidants)ဘာကွာသလဲ၊ဘယ်သူပိုသာသလဲဆိုတာကိုလေ့လာကြည့်ကြရအောင်။
(American Best)ကအရင်ထုတ်ထားတဲ့ဆေးအဟောင်း(Super Antioxidants)နဲ့အခုမှစပြီးထုတ်လုပ်လိုက်တဲ့(Network Antioxidants)တွေနှိုင်းယှဉ်ဖို့ဆိုတာခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ပါဝင်ပစ္စည်း(Ingredients)တွေအမျိုးအစားခြင်းတိတိကျကျတူနေရင်တော့ဘာတွေထပ်ပြီးအပိုပါနေသလဲ၊ဘယ်လောက်ပမာဏပိုပြီးများနေသလဲဆိုတာကိုနှိုင်းယှဉ်ပြီးပြောလို့ရပါတယ်။ဒါပေမယ့်ဒီနှစ်မျိုးကပါဝင်တဲ့ပစ္စည်းအမျိုးအစားခြင်းမှမတူညီကြတာ။
ပါဝင်ပစ္စည်းအမျိုးအစားခြင်းမတူတဲ့နှစ်မျိုးကိုဘယ်လိုမှမနှိုင်းယှဉ်သင့်ပါဘူး။(Super Antioxidants)မှာအမျိုးအစား(၃)မျိုးပဲပါတယ်။(Network Antioxidants)မှာကတော့(၁၂)မျိုးတောင်ပါတယ်ဆိုတာကတော့မှန်ပါတယ်။ဒါပေမယ့်(Super Antioxidants)မှာပါဝင်နေတဲ့အမျိုးအစား(၃)မျိုးထဲကတစ်မျိုးတည်းကတောင်၊(Network Antioxidants)မှာပါဝင်နေတဲ့(Vitamin C နဲ့ Vitamin E)ထက်အဆပေါင်း(၂၀)ကျော်လောက်အထိပိုပြီးအစွမ်းထက်တယ်ဆိုတဲ့သုတေသနကရှိနေပြန်ပါတယ်။
Reference Link
ဈေးနှုန်းအရပြောရရင်လဲအသစ်ထုတ်လိုက်တဲ့(Network Antioxidants)ကအလုံး(၆၀)ကို(၃၅၅၀၀-ကျပ်)ဖြစ်ပြီး၊အရင်အဟောင်း(Super Antioxidants)ကတော့အလုံး(၉၀)ကိုမှ(၁၆၀၀၀-ကျပ်)ပဲရှိပါတယ်။ဒါပေမယ့်တစ်ခုရှိတာက၊ဈေးပေါတဲ့ပစ္စည်းတိုင်းညံ့ပြီး၊ဈေးကြီးတဲ့ပစ္စည်းတိုင်းပိုပြီးကောင်းတယ်လို့တော့လှေနှံဓါးထစ်ယူဆထားလို့တော့မရနိုင်ပါဘူး။
ကျွန်တော်တို့က(Super Antioxidants)ကိုတမင်ဈေးချပြီးရောင်းပေးထားတာပါ။တခြားကုမ္မဏီဖြစ်တဲ့(FKC- Well series)ကထုတ်လိုက်တဲ့(Tri-Antioxidant)ဆိုတာဟာကျွန်တော်တို့(Super Antioxidants)နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်(Selenium)တစ်မျိုးလောက်အပိုထည့်ထားပြီး၊တခြားဓါတ်ပေါင်းတွေက(American Best)ကထုတ်တဲ့(Superantioxidant)မှာပါတာထက်ဆယ်ပုံတစ်ပုံလောက်ပဲပါဝင်နေပါတယ်။အဲဒီဆေးကိုမြန်မာပြည်မှာ(၉၀၀၀၀-ကျပ်)(၉သောင်းကျပ်)လောက်ကိုရောင်းနေပါတယ်။
(FKC- Well series)ကထုတ်လိုက်တဲ့(Tri-Antioxidant)ထက်(၁၀)ဆလောက်သာတဲ့ကျွန်တော်တို့(Super Antioxidants)ကိုဈေးလျှော့ချပြီးရောင်းတယ်ဆိုတာ၊မတတ်နိုင်တဲ့လူတွေ၊တစ်ကယ်မကျန်းမာလို့ဆေးကောင်းဝါးကောင်းလိုအပ်သူတွေလက်လှမ်းမှီနိုင်အောင်အရံှုးခံပြီးချရောင်းပေးနေတဲ့ပရဟိတဈေးနှုန်းပစ္စည်းတစ်ခုဖြစ်ပါတယ်။
ကိုယ့်ဆေးရဲ့(၁၀)ချိုးတစ်ချိုးလောက်ပဲပါတဲ့(Tri-Antioxidant)တောင်(၉၀၀၀၀-ကျပ်)နဲ့ရောင်းသေးတာ၊ကိုယ်ကလဲသိန်းနဲ့ချီရောင်းလို့ရပါတယ်။အသက်ဆိုတာငွေကြေးနဲ့တန်ဖိုးဖြတ်လို့မှမရနိုင်တာ။(Super Antioxidants) ဘယ်လောက်ဈေးကြီးကြီး၊ကင်ဆာအပါအဝင်၊အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါအမျိုးမျိုးတွေကိုခံစားနေကြရတဲ့ရောဂါသယ်တွေဝယ်သောက်ကြရမှာပါပဲ။ဘာကြောင့်လဲဆိုတော့သူကတစ်ကယ်အစွမ်းထက်ပြီးရောဂါတွေလက်တွေ့သက်သာနေကြတာကိုး။
အဲဒီဆေးကတခြားဆီမှာလဲဝယ်လို့မရပဲ၊ကျွန်တော်တို့(American Best)မှာပဲရှိနေပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဈေးမတင်ရောင်းထားပါဘူး။အခုလဲ(၁၆၀၀၀-ကျပ်ပါပဲ။တမင်ကိုငွေကြေးမတတ်နိုင်သူတွေလက်လှမ်းမှီနိုင်အောင်အရံှုးခံပြီးရောင်းပေးနေတဲ့ဆေးပါ။
ကျွန်တော်အဓိကပြောချင်တာက(Network Antioxidants)ဆိုတာအခုမှစပြီးထုတ်တဲ့ဆေးအသစ်ဖြစ်သလို၊(Super Antioxidants)ထက်လဲဈေးပိုပြီးကြီးပါတယ်။ဘာရောဂါတွေကိုတစ်ကယ်လက်တွေ့သက်သာပျောက်ကင်းတယ်ဆိုတာလဲကျွန်တော်တို့တိတိကျကျသေချာဘာမှကိုမသိရသေးပါဘူး။အရင်ထုတ်ထားတဲ့(Super Antioxidants)ကြတော့သူနဲ့ရောဂါသက်သာသွားတဲ့လူတွေလက်တွေ့အများကြီးရှိနေကြပါတယ်။
အထူးသဖြင့်(ကင်ဆာအမျိုးမျိုး)ဖြစ်နေကြတဲ့ရောဂါသည်တွေတော်တော်များများမှာကောင်းကျိုးရလဒ်တွေမရိုးနိုင်အောင်နေ့စဉ်ရက်ဆက်တွေ့နေရပါတယ်။ကင်ဆာရောဂါဆိုတာကုဖို့အခက်ဆုံးရောဂါပါ။ဒါပေမယ့်(American Best)ကိုမှီခိုနေကြတဲ့(ကင်ဆာ)ရောဂါသယ်တွေတော်တော်များများ(Super Antioxidants)ရဲ့အစွမ်းသတ္တိကိုသိနေကြလို့၊အဲဒီဆေးပြတ်သွားမှာကိုအလွန်စိုးရိမ်နေကြပါတယ်။
အနှစ်ချုပ်ပြောရရင်(Network Antioxidants)ဆိုတာဈေးပိုကြီးပြီးအသစ်ဖြစ်နေလို့၊ဘာရောဂါတွေသေချာသက်သာနိုင်တယ်ဆိုတာကျွန်တော်တိတိကျကျဘာမှမသိသေးပါဘူး။(Super Antioxidants)ဆိုတာလူတိုင်းလက်လှမ်းမှီအောင်အောက်ဈေးနဲ့ချရောင်းထားလို့ဈေးပေါနေပေမယ့်အလွန်အစွမ်းထက်တယ်ဆိုတာကျွန်တော်တို့သေချာသိထားပြီးသားပါ။
ဖြည့်စွက်စာရောင်းသူတိုင်းကတော့ပိုက်ဆံများများပိုရအောင်ဈေးပိုကြီးတဲ့ပစ္စည်းတွေအတင်းစပ်ပြီးရောင်းချင်ကြမှာပါပဲ။ဒါပေမယ့်ကျွန်တော်တို့ကတော့အဲဒီလိုမဟုတ်ပါဘူး။ဈေးသက်သက်သာသာနဲ့ရောဂါတစ်ကယ်ပျောက်ကင်းမယ့်ပစ္စည်းကိုပဲအလေးထားပြီးရောင်းပေးချင်ပါတယ်။
အဲဒီလိုပြောလိုက်လို့နောက်အသစ်ထွက်လာတဲ့(Network Antioxidants)မကောင်းဘူးလို့ဆိုလိုချင်တာမဟုတ်ပါဘူး။(Network Antioxidants)ကိုလဲသူများတွေထက်သာအောင်၊ပိုကောင်းအောင်၊အကောင်းဆုံးဖြစ်အောင်၊သူများတွေ(Ingredients)(၇)မျိုးပဲထည့်ထုတ်တာကိုကျွန်တော်တို့(၁၂)မျိုးတောင်အပိုထပ်ထည့်ပေးပြီးသေချာထုတ်လုပ်ထားပေးပါတယ်။မကောင်းဘူးလို့မပြောပါဘူး။ဒီလောက်ကောင်းအောင်လုပ်ထားမှတော့ကောင်းရမှာပေါ့။လက်တွေ့သေချာမသိရသေးဘူးလို့ပဲပြောချင်တာပါ။
ကိုယ်ကပိုက်ဆံတတ်နိုင်တယ်ဆိုရင်ဈေးပိုကြီးတဲ့(Network Antioxidants)ကိုဈေးပေါတဲ့(Super Antioxidants)နဲ့နှစ်မျိုးတွဲသုံးမယ်ဆိုရင်တော့အလွန်ကောင်းတဲ့အကျိုးတွေရပါလိမ့်မယ်။သို့သော်ကိုယ်ကငွေကြေးမတတ်နိုင်ဘူးဆိုရင်တော့(Network Antioxidants)ကိုမသုံးပါနှင့်၊ဈေးပေါတဲ့(Super Antioxidants)တစ်မျိုးတည်းနဲ့လဲဖြစ်ပါတယ်။
ဆိုလိုတာကဈေးပိုကြီးတဲ့(Network Antioxidants)ကိုမသုံးလဲရတယ်။ဒါပေမယ့်(Super Antioxidants)သောက်နေလို့ရောဂါသက်သာနေတဲ့လူတွေဟာ၊သူ့နေရာမှာ(Network Antioxidants)နဲ့အစားထိုးပြစ်လို့မရနိုင်ပါဘူး။ငွေကြေးမတတ်နိုင်လို့တမျိုးပဲသုံးနိုင်မယ်ဆိုရင်တောင်ဈေးပေါတဲ့(Super Antioxidants)ကိုပဲဆက်သုံးကြပါလို့ဆိုလိုချင်တာပါ။
နိဂုံးချုပ်ပြောရရင်။(Super Antioxidants)ဈေးပေါတယ်ဆိုတာကလဲပစ္စည်းညံ့လို့တော့မဟုတ်ပါဘူး။ဈေးချပြီးအရံှုးခံရောင်းလို့ဈေးပေါရတာပါ။ဈေးပေါတဲ့ပစ္စည်းဆိုပြီးအထင်သေးကြမယ်ဆိုရင်၊ငါးစိမ်းမြင်လို့ငါးကင်ပြစ်ကျမယ်ဆိုရင်တော့မကြာခင်မှာဈေးနှုန်းမြင့်တင်ပြစ်ရပါလိမ့်မယ်။ဈေးမြင့်တင်မယ်ဆိုရင်လဲကြိုပြီးပြောမှာမဟုတ်ပါဘူး။
(American Best)မှာတမင်ဈေးချရောင်းထားပေးလို့၊ဈေးပေါနေပေမယ့်တစ်ကယ်အစွမ်းထက်တဲ့ဆေးတွေအများကြီးရှိနေပါတယ်။သိသူဖေါ်စား။မသိသူကျော်သွားပါပဲ။ကိုယ်ကငွေကြေးတတ်နိုင်လို့(Network Antioxidants)ကိုဝယ်သောက်နိုင်နေတာပဲ၊ကိုယ့်ရောဂါကိုအရင်ကတည်းသက်သာနေစေတဲ့၊ကိုယ့်ကိုအကျိုးပြုနေတဲ့ဆေးအဟောင်း(Super Antioxidants)ကိုဈေးပေါလို့၊အပေါစားထင်ပြီး၊အထင်သေးလို့ဆက်မသောက်တော့ဘူးဆိုရင်တော့၊ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးဆုံးရံှုးနစ်နာပါလိမ့်မယ်။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
Shopping Cart