Source from Kelvin A. Power’s Facebook on October 8, 2020
ဆေးလှူပေးရမယ်ဆိုရင်ဘာကိုမှမကြောက်ဘူးဆိုတဲ့ Ko Titan Aung
ရဲ့ပရဟိတစိတ်ဓါတ်ကတော့စံထားလောက်ပါတယ်။
ရဲ့ပရဟိတစိတ်ဓါတ်ကတော့စံထားလောက်ပါတယ်။
–
ကျွန်တော့်အနေနဲ့ Ko Titan Aung ရဲ့ပရဟိတစိတ်ဓါတ်ကိုချီးကျူးဂုဏ်ယူပါတယ်။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဆေးလှူဖို့အတွက်ဆိုရင်ကူညီချင်တယ်ဆိုတာသိရတော့လေးစားမိပါတယ်။ Ko Titan Aung အနေနဲ့အရင်တုံးကဆေးတစ်ကယ်လိုအပ်သူတွေကိုတောက်လျှောက်လုပ်အားဒါနနဲ့လှူပေးနေတာကိုလဲကျေးဇူးအထူးတင်ပါတယ်။
–
ဒါပေမယ့်အခုအချိန်ကကျွန်တော့်အနေနဲ့အကူအညီတောင်းသင့်မတောင်းသင့်သေချာစဉ်းစားရမယ့်အချိန်ဖြစ်နေပါတယ်။ကျွန်တော်တို့တွေဆေးလှူပေးလိုက်လို့၊တကယ်လိုအပ်နေသူတွေအကျိုးရှိသွားတာတွေကတော့အများကြီးရှိခဲ့ပါတယ်။
—
ဒါပေမယ့်ခက်တာကတဖက်ကလဲကျွန်တော်တို့ရဲ့ပရဟိတလုပ်ငန်းတွေကိုမနာလိုစိတ်နဲ့ဖျက်လိုဖျက်ဆီးအပုတ်ချအနှောင့်အယှက်ပေးနေတဲ့လူတချို့တွေလဲရှိနေပါတယ်။ဆေးလှူပေးလို့မတော်တဆတစ်ခုခုမှားယွင်းသွားလို့၊တယောက်ယောက်ကို(COVID)ရောဂါအကူးစက်ခံရမယ်ဆိုရင်၊အပြစ်တင်၊အပုတ်ချနေကြတဲ့လူတွေရဲ့ပြောစရာကဲ့ရဲ့စရာတွေဖြစ်သွားပါလိမ့်မယ်။
—
အချိန်တန်လို့ဘေးကင်းပြီဆိုတဲ့အချိန်ကြရင်တော့ Ko Titan Aung ကိုဆေးတွေပြန်ပြီးဖြန့်ဝေပေးဖို့အကူအညီလိုရင်ပြန်ပြီးထပ်တောင်းပါ့မယ်။အခုလောလောဆယ်တော့ဆေးဝယ်တဲ့(Customers)တွေဆီကိုအလှူပစ္စည်းလေးတွေအချိုးကျကိုယ်စီထည့်ပေးလိုက်ရုံနဲ့တင်၊သူတို့စိတ်ကြိုက်ပြန်ပြီးလှူဒါန်းပေးနိုင်လို့ဘေးကင်းစွာနဲ့အလှူတွေအထမြောက်ပြီးမြောက်သွားမှာဖြစ်လို့အခုအချိန်မှာဒီနည်းဟာအကောင်းဆုံးနည်းလေးဖြစ်နေပါတယ်။
—
ဒီနည်းလေးကရန်ကုန်မန္တလေးမြို့ကြီးနှစ်မြို့တင်မကပဲ၊(Delivery)ခအပိုမကုန်တော့ပဲ၊နယ်စုံကလိုအပ်သူတွေဆီကိုရောက်နိုင်တဲ့နည်းဖြစ်တဲ့အပြင်၊အန္တရာယ်လဲကင်းလို့လောလောဆယ်တော့အကောင်းဆုံးပါပဲ။နောက်ပိုင်းမှာဒီထက်ပိုကောင်းပြီး၊ပိုထိရောက်တဲ့နည်းရှိရင်ထပ်ပြီးတမျိုးပြောင်းချင်ပြောင်းလို့ရပါတယ်။
—
အားလုံးကိုနောက်တစ်ခုပြောချင်တာက၊ဝယ်သူ(Customers)တွေကိုထည့်ပေးတဲ့အလှူပစ္စည်းလေးတွေကိုမိမိတို့နီးစပ်ရာပြန်လည်လှူပေးကြဖို့အကူအညီတောင်းတော့၊အားလုံးကဝမ်းသာပြီးသာဓုတွေခေါ်နေကြပါတယ်။အဲဒီလိုကူညီပြီးလှူဒါန်းပေးမယ့်ကိစ္စကိုကျွန်တော့်အနေနဲ့အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
—
အခွင့်ကြုံရင်လှူနိုင်ဖို့မြန်မာပြည်ကိုအလှူပစ္စည်းတွေအကြိမ်ကြိမ်ပို့ထားပြီးသားတွေလဲရှိနေပါတယ်။အဲဒီပစ္စည်းတချို့တွေလဲရန်ကုန်ကိုအရင်လကတည်းကရောက်နှင့်နေပါပြီ။လှူဖို့အစီအစဉ်နဂိုကထဲကရှိထားပေမယ့်၊(Covid)ကာလအတွင်းမှာအန္တရာယ်ကင်းအောင်ဘယ်လိုလှူရမလဲဆိုတာစဉ်းစားမရဖြစ်နေတာနဲ့အချိန်တွေကြာသွားရတာပါ။
—
ဒီကြားထဲမှာအလုပ်တွေကမနိုင်၊(Delivery)တွေကပိတ်နဲ့ဆိုတော့အလုပ်ရှုပ်ပြီးအလှူကိစ္စကို၊မစီစဉ်နိုင်တဲ့အပြင်၊အရောင်းတောင်ယာယီပိတ်ထားလိုက်ရပါတယ်။အခုဆေးဝယ်သူ(Customers)တွေကသူတို့နဲ့ထည့်ပေးလိုက်ရင်တဆင့်ပြန်လှူပေးမယ်လို့သိရတော့အလွန်ဝမ်းသာပြီးကျေးဇူးအထူးတင်ပါတယ်။ဒီလိုခင်ဗျားတို့တွေတစ်ကယ်ကူညီမယ်ဆိုရင်၊အကြောင်းတခုကြောင့်ရပ်ထားလိုက်ရတဲ့၊ကျွန်တော်အရမ်းလုပ်ချင်တဲ့ပရဟိတလုပ်ငန်းတွေပြန်ပြီးစလို့ရပြီပေါ့ဗျာ။
—
ကိုယ်လုပ်ချင်တာအန္တရာယ်ကင်းစွာနဲ့လုပ်လို့ရတဲ့နည်းလမ်းရသွားတော့၊ကျွန်တော်လဲနောက်ထပ်ဆေးဗူးတွေလုံလောက်အောင်ထပ်ပို့ပေးနိုင်ဖို့စီစဉ်ရတော့မှာဖြစ်ပါတယ်။အခုတော့(Multivitamin)ဆေးဗူးတွေကိုစပြီးလှူဒါန်းပေးပါမယ်။ဒီတစ်မျိုးပြီးရင်၊တစ်ခြားအမျိုးအစားတွေကိုထပ်ပြီးလှူနိုင်ဖို့၊အလှူပစ္စည်းတွေထပ်ပြီးထုတ်လုပ်နိုင်ဖို့စီစဉ်ရပါတော့မယ်။
—
ဖါးအောက်ဆရာတော်ဘုရားကြီးဟောထားတဲ့စကားရှိပါတယ်။လှူတယ်ဆိုရင်၊ဘာပဲလှူလှူပြစ်စလက်ခမလှူပဲ၊ကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးလှူတာဟာပိုပြီးအကျိုးကြီးပါတယ်လို့ဆရာတော်ကြီးသေချာဟောထားပါတယ်။
—
ဒါကြောင့်မို့(American Best)ကလှူမဲ့ဆေးတွေဟာ၊သက်တန်းကုန်နေတဲ့ပစ္စည်းတွေ၊မကောင်းတဲ့ပစ္စည်းတွေမဟုတ်ပဲ၊ပစ္စည်းကောင်း၊ပစ္စည်းအသစ်တွေဖြစ်တဲ့အပြင်၊ဗူးနဲ့သေချာထည့်၊တံဆိပ်ကပ်ပြီးစနစ်တကျမပျက်စီးအောင်သေသေချာချာ၊လုံခြုအောင်ထုတ်လုပ်ပေးဖို့လဲလိုအပ်ပါတယ်။ဒီအတွက်အချိန်တွေတော့ပေးရပါလိမ့်မယ်။(Covid)ကာလမှာပစ္စည်းမှာရဝယ်ရတာလဲအဆင်မပြေသလိုအလုပ်သမားတွေလဲအလုပ်နားကြလို့၊အလုပ်လုပ်ရတာလဲထင်သလောက်ခရီးမရောက်ပါဘူး။
—
အခုပြန်လှူပေးမယ့်သူတွေရှိလာပြီဆိုတော့ကျွန်တော့်တာဝန်ကအလှူဆေးဗူးတွေများများထုတ်ပေးနိုင်အောင်ကျိုးစားရတော့မယ်ဆိုတော့ဒီကြားထဲအလုပ်နည်းနည်းတော့ထပ်ပြီးရှုပ်နေဦးမယ်။ဒါပေမယ့်ဘာဆေးတွေဘယ်ကိုပို့ပြီးပြီ၊ဘာတွေအဆင်သင့်လှူဖို့ထပ်ရှိနေပြီဆိုတာတွေကိုတော့မကြာခဏ(Update)လုပ်ပြီးတင်ပေးပါမယ်။
—
ဝိုင်းလှူပေးကြမယ်လို့ကြားရလို့၊အလွန်ဝမ်းသာပြီး၊အားလုံးကိုကျေးဇူးအထူးတင်ကြောင်းထပ်ခါထပ်ခါပြောပါရစေ။ကျေးဇူးအထူးတင်ပါတယ်။အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power