Source from Kelvin A. Power’s Facebook on October 30, 2020
(sulfur)က(sulfur)ပဲ၊
(sulfur)ပါတဲ့(Amino Acid)ကလဲသက်သက်ပဲ။ဘာမှကိုမဆိုင်တာ။
(sulfur)နဲ့မတဲ့လို့ဆိုပြီးတော့၊(sulfur)ပါတဲ့(Amino Acid)ကိုပါမတည့်တော့ဘူးဆိုရင်လူတိုင်းအသက်မရှင်နိုင်တော့ဘူး။အားလုံးသေတယ်။
—
ဥပမာပေးရရင်မိုးပျံပူပေါင်းထဲမှာ(Hydrogen)ပါတယ်။ငရဲမီးကနေ(Hydrogen)ထုတ်ယူတယ်။(Hydrogen)နဲ့မတည့်ဘူး(သို့)(Hydrogen)ပါတဲ့ငရဲမီးနဲ့လူတိုင်းမတည့်ဘူးဆိုပါစို့။ဆိုလိုတာကမိုးပျံပူပေါင်းထဲထည့်ဖို့(Hydrogen)ထုတ်ယူရတဲ့ငရဲမီးသောက်မိရင်တော့အူအပိုင်းပိုင်းပြတ်ပြီးသေမယ်ဆိုပါတော့။
–
ဒါဆိုရင်၊(Hydrogen)ပါတဲ့အရာတွေအကုန်လုံးရှောင်ရတော့မှာလား။ဒါဆိုရင်၊ရေလဲ(H2O)ပဲလေ၊ ရေထဲမှာလဲ(Hydrogen)နှစ်လုံးပါနေတာပဲ။မိုးပျံပူပေါင်းထဲထည့်ဖို့(Hydrogen)ထုတ်ယူတဲ့ငရဲမီးသောက်ရင်တော့အူအပိုင်းပိုင်းပြတ်ပြီးသေနိုင်ပေမယ့်၊ဘာကြောင့်(Hydrogen)ပါတဲ့ရေသောက်ရင်တော့မသေတာလဲ။
—
(Hydrogen)ပါတဲ့သောက်ရေ(H2O)ကြတော့သောက်လို့ရပြီး၊(Hydrogen)ပါတဲ့ငရဲမီးကြတော့သောက်မရပြန်ဘူး။(Hydrogen)ပါတိုင်းငရဲမီးမဖြစ်သလို၊(Hydrogen)ပါတိုင်းလဲရေမဖြစ်ပါဘူး။ပေါင်းထပ်တဲ့တခြားဓါတ်တွေအပေါ်မှာသွားမူတည်ပြီးလဲဂုဏ်သတ္တိကွာခြားပါတယ်။
—
(Sulfur)တည့်တာမတည့်တာနဲ့(sulfur)ပါတဲ့(Amino Acid)နဲ့ဘာမှကိုမဆိုင်တာ။(Glutathione)ဆိုတာဟာ(Sulfur)ပါတဲ့(Amino Acid)ပဲ။(Sulfur)တည့်သည်ဖြစ်စေ၊မတည့်သည်ဖြစ်စေ။ (Sulfur)ပါတဲ့(Amino Acid)မရှိရင်သေတယ်။အသက်လုံးဝ(လုံးဝ)မရှင်သန်နိုင်ဘူး။
—
ပြန်မေးချင်တဲ့မေးခွန်းကလူတစ်ယောက်ရဲ့ဲ့ဖခင်ဟာ(ဦးအောင်)ဆိုပါစို့။
ဒါဆိုရင်၊တခြား(အောင်)ပါတဲ့(ဦးအောင်ခင်၊ဦးအောင်မင်း၊မောင်ကျော်အောင်၊စိုင်းခင်အောင်)တို့ရောအဲဒီလူရဲ့ဖခင်အလိုလိုဖြစ်သွားရောလား?။မဖြစ်ပါဘူး၊ဘာမှကိုမဆိုင်တာ။
—
နာမည်ရဲ့ရှေ့နဲ့နောက်တစ်ခုခုမှာ(အောင်)တစ်လုံးပါရုံနဲ့တော့လူတိုင်းဟာဖခင်(ဦးအောင်)ဖြစ်မလာဘူး။(အောင်)ဆိုတာလူတိုင်းယူသုံးပိုင်ခွင့်ရှိတယ်။
—
(sulfur)ဆိုတာလူ့ခန္ဓာကိုယ်မှာ(calcium နှင့် phosphorus)ပြီးရင်အများဆုံးဓါတ်ပဲ။အဲဒီဓါတ်မရှိရင်၊အဲဒီ (sulfur)ပါဝင်တဲ့ဓါတ်ပေါင်းတွေတစ်ခုမှမတည့်တော့ဘူး၊မရှိရဘူးဆိုရင်ဘယ်သူမှအသက်မရှင်နိုင်ဘူး။
—
ဒီလောက်ရှင်းပြရင်လူတိုင်းနားလည်လောက်ပါပြီ။