ဆရာကြီး(Anthony Stephen Fauci)ကိုယ်တိုင်က(COVID)ရောဂါကာကွယ်ထားနိုင်ရအောင်(Vitamin D နဲ့ Vitamin C Supplement)တွေကိုအားကိုးတကြီးနဲ့သောက်သုံးနေရတယ်

Source from Kelvin A. Power’s Facebook on October 10, 2020
(NIH)မှာရာထူးအမျိုးမျိုးနဲ့နှစ်ပေါင်း(၅၀)ကျော်လောက်လုပ်ခဲ့၊လက်ရှိလဲလုပ်နေပြီး၊(USA)မှာအတော်ဆုံးဖြစ်နေလို့(Ronald Reagan)လက်ထက်ကတည်းက(advisor)ရာထူးခန့်အပ်ထားခြင်းခံခဲ့ရပြီး၊အခုလက်ရှိလဲ(NIH)ရဲ့(NIAID)မှာ (Director)အဖြစ်နဲ့(1984)ကတည်းကနေအခုထက်ထိဆက်လက်လုပ်ကိုင်နေတဲ့၊တကယ့်စီနေရာဆရာ့၊ဆရာကြီး(Anthony Stephen Fauci)ကိုယ်တိုင်ကသူ့ကိုယ်သူ(COVID)ရောဂါကနေကာကွယ်ထားနိုင်ရအောင်(Vitamin D နဲ့ Vitamin C Supplement)တွေကိုအားကိုးတကြီးနဲ့သောက်သုံးနေရတယ်ဆိုတော့။
(Anthony Stephen Fauci)ဆိုတာအမေရိကန်တနိုင်ငံလုံးမှာရော၊တစ်ကမ္ဘာလုံးမှာပါ၊ကူးစက်ရောဂါတွေအကြောင်းနဲ့၊ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အကြောင်းအသိဆုံး၊အတတ်ဆုံး၊အတော်ဆုံး(immunologist )ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တယ်လို့ဆိုရင်မမှားနိုင်ပါဘူး။ဒီလိုပုဂ္ဂိုလ်ကြီးကတောင်(Vitamin D)နဲ့(Vitamin C Supplement)တွေကိုသူကိုယ်တိုင်အားကိုးတကြီးသောက်နေရပါတယ်ဆိုတော့။
မြန်မာပြည်က(Vitamin D)နဲ့(Vitamin C Supplement)တွေသောက်တာဘာမှအကျိုးမရှိဘူး၊(Vitamin D)နဲ့(Vitamin C Supplement)တွေသောက်လို့ခုခံအားအတွက်လဲအသုံးမဝင်ဘူး၊(COVID)အတွက်လဲဘာမှအထောက်အကူမရနိုင်၊မပြုနိုင်ဘူးလို့ပြောနေကြတဲ့လူတွေရဲ့ပညာအရည်အချင်းအဆင့်အတန်းဟာ(Mr. Fauci)ရဲ့ပညာအဆင့်အတန်းနဲ့သွားယှဉ်ကြည့်လိုက်မယ်ဆိုရင်(ရှင်ဘုရင်နဲ့ခွေးလောက်၊နံ့သာဆီနှင့်အီးလောက်ကို)ကွာခြားပါတယ်။အဲဒါကိုတော့နားလည်ဖို့လိုပါတယ်။နားမယောင်မိကြဖို့လိုပါတယ်။
အရူးတွေပြောတိုင်းမယုံကြပါနှင့်၊ကိုယ်တိုင်ဉာဏ်ပညာနဲ့ဆုံးဖြတ်ပါ။ဆေးပညာလောကမှာ၊ကမ္ဘာမှာအတော်ဆုံးအတတ်ဆုံးဖြစ်တဲ့(Mr. Fauci)ကိုယ်တိုင်တောင်(COVID)အတွက်(Vitamin D နဲ့ Vitamin C)ကိုကိုယ်တိုင်သောက်ထားပြီးအားကိုးနေရသေးတယ်ဆိုရင်၊မြန်မာနိုင်ငံသားတွေအတွက်(Vitamin D)နဲ့(Vitamin C )ကိုသောက်သင့်မသောက်သင့်ဉာဏ်နဲ့စဉ်းစားပါ။
အမှန်အတိုင်းပြောရရင်၊တစ်ချို့တွေဟာ၊သူတပါးအောင်မြင်နေတာ၊လူတွေရဲ့ယုံကြည်လေးစားမှု့တွေခံနေရတာတွေကိုမနာလိုလို့တမင်လိုက်ပြီးဝေဖန်တိုက်ခိုက်နေကြတာပါ။ဒါပေမယ့်ဒီလိုမနာလိုစိတ်ထားနဲ့၊စိတ်ထားညံ့ကြတဲ့လူတစ်စုကြောင့်အပြစ်မဲ့တဲ့မြန်မာပြည်သူတွေဟာ(Vitamin D နဲ့ Vitamin C)ဟာ(COVID)အတွက်ဘာမှအကျိုးကျေးဇူးမရှိဘူးလို့အမှားထင်မြင်သွားရင်၊ချို့တဲ့သွားကြရင်၊အသက်တွေအများကြီးဆုံးရံှုးသွားစေနိုင်ပါတယ်။
ရှင်းရှင်းပြောရရင်၊ဒီလူတွေဟာလူသတ်နေကြတာပါပဲ။ကိုယ့်အသက်ကိုအသိဉာဏ်စောင့်ပါတယ်။ဒီလောက်ဆိုရင်(Mr. Fauci)ကိုယ်တိုင်အားကိုးတကြီးနဲ့သောက်နေရတဲ့(Vitamin D နဲ့ Vitamin C)ဟာ(COVID-19)အတွက်အကျိုးကျေးဇူးရှိမရှိအားလုံးနားလည်သင့်ပါပြီ။နားမလည်သေးရင်လဲကိုယ်ဖြစ်ကိုယ်ခံပါပဲ။
Kelvin ကတော့(Vitamin D နဲ့ C )သောက်ခိုင်းတဲ့ကိစ္စနဲ့ပါတ်သက်ပြီး၊ဘယ်သူတွေဘာဝေဖန်ဖန်၊ဘာပြောပြာ၊ဂရုကိုမစိုက်တော့ပဲ၊အပြစ်မဲ့တဲ့လူတွေအသက်မဆုံးရံှုးရအောင်အမှန်တရားကိုပဲအမြဲတန်းဆက်ပြီးပြောနေ၊ရေးနေဦးမှာပါပဲ။ဂရုမစိုက်ခြင်းနည်းပညာကိုအသုံးပြုပြီး၊လူတွေကျန်းမာရေးအတွက်အကျိုးရှိမယ့်ဆောင်းပါးတွေကိုဆက်ပြီးရေးနေဦးမှာပါပဲ။
အားလုံးကျန်းမာ၍ဘေးရန်ကင်းရှင်းကြပါစေ။
Kelvin Albert Power
https://www.facebook.com/kelvin.power.1675/videos/348601319749615
Shopping Cart