Source from Kelvin A. Power’s Facebook on March 31, 2020
ကျန်းမာသန်စွမ်းသူတွေလဲသေကုန်ပြီ၊(Virus)ကများ(mutation)ဖြစ်သွားပြီလား?။
—
အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်၊မာယာမီမြို့က၊အသက်(၄၀)အရွယ်၊ကျန်းကျန်းမာမာ၊သန်သန်စွမ်းစွမ်း၊လူသန်ကြီး(Israel Carrera)ဆိုသူလူတစ်ယောက်လဲ(COVID-19)ကြောင့်သေဆုံးသွားခဲ့ရပါတယ်။သ့ူ့မှာဘာရောဂါအခံမှမရှိပါဘူးတဲ့။
—
ဆေးရုံကဆေးဝါးတွေနဲ့အသက်ရူစက်ပစ္စည်းတွေမလုံလောက်လို့လဲမဟုတ်ပါဘူး။ဆေးရုံရောက်ပြီးဆရာဝန်တွေ၊ဆရာဝန်မတွေဝိုင်းရံပြီး၊အသက်ရူစက်ပစ္စည်းတွေ၊အောက်ဆီဂျင်တွေအလုံအလောက်နဲ့ကမ္ဘာမှာအဆင့်အမြင့်ဆုံး၊အမေရိကန်အနောက်တိုင်းဆေးပညာတွေနဲ့အစွမ်းကုန်ကုသပေးခဲ့ရက်သားနဲ့သူသေဆုံးသွားရတာပါ။
—
ဘာကြောင့်သေလဲသိပါသလား?။အဲဒါကို(Inflammation)လို့ခေါ်ပါတယ်။ဘယ်လောက်ကျန်းမာသန်စွမ်းနေပါစေ၊အတွင်းမှာ(Inflammation)ဖြစ်နေရင်ဘာလက္ခဏာမှမပြပါဘူး။ရောဂါဖြစ်လာတော့ဘယ်လောက်ပဲသန်စွမ်းနေပါစေ၊ဘယ်လောက်ပဲခေတ်မှီတိုးတက်တဲ့အနောက်တိုင်းဆေးပညာနဲ့၊ဘယ်လိုပဲကုသပေးနိုင်ပါစေ၊သေတာပါပဲ။
—
(Inflammation)ဆိုတာဘာပါလိမ့်?။(Inflammation)လို့ပြောလိုက်ရင်ဆရာဝန်တော်တော်များများက(anti-inflammatory drug)တွေဖြစ်တဲ့(Steroid)တွေနဲ့(NSAID)တွေကိုမျက်စိထဲသွားပြီးမြင်မိကြတတ်ပါတယ်။တချို့တွေက(IL-6 Blocker)တွေကိုသွားအားကိုးနေမိကြပါတယ်။
—
ဒီနေရာမှာပြောချင်တာက(Inflammation)ဆိုတာကို(anti-inflammatory drug)တွေနဲ့တားဆီးပေးတယ်ဆိုတာဟာ၊ယာယီသဘောသာဖြစ်လို့ဘာမှအသုံးမဝင်လှပါဘူး။ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီ(anti-inflammatory)သဘောမဟုတ်ပါဘူး။အခြေခံကျကျဖြေရှင်းပေးနိုင်တဲ့(Resolution of Inflammation)သာလျှင်ဖြစ်ပါတယ်။
—
(Resolution of Inflammation)ဆိုတာအလွန်လေးနက်တဲ့သဘောသဘာဝတစ်ခုပါ။ဒီသဘောသဘာဝကိုပေးစွမ်းနိုင်တဲ့ဓါတုဗေဒဆေးဝါး(drug)ဆိုတာကမ္ဘာမှာမရှိသေးပါဘူး။နောက်လဲဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။မိခင်သဘာဝတရားကပဲရရှိနိုင်တဲ့အနှစ်သာရတစ်ခုပါ။
—
ဒီခေတ်မှာဆရာဝန်တွေကိုယ်တိုင်တောင်နာတာရှည်ရောဂါတွေကိုခံစားနေရတာဟာ(anti-inflammatory)ဆိုတဲ့သေးသိမ်တဲ့သဘောတရားတစ်ခုနဲ့၊(Resolution of Inflammation)ဆိုတဲ့အလွန်နက်နဲတဲ့သဘောတရားနှစ်ခုလုံးဝမတူဘူးဆိုတာကိုသေချာကွဲကွဲပြားပြားမသိလို့ပါပဲ။သိရင်နာတာရှည်ရောဂါတွေဆိုတာမဖြစ်လာတော့ပါဘူး။
—
နားလည်အောင်ဥပမာပေးရရင်၊(anti-inflammatory drug)တွေဆိုတဲ့သဘောဟာသူပုန်နဲ့အစိုးရစစ်တပ်တွေကြားမှာယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်နဲ့သွားတူနေပါတယ်။ဒါပေမယ့်ကျွန်တော်တို့တစ်ကယ်လိုချင်တာကယာယီအပြစ်အခတ်ရပ်စဲရေးစာချုပ်တစ်စောင်မဟုတ်ပါဘူး။အခြေခံကျပြီးခိုင်မာတည်တန့်တဲ့ပြည်တွင်းငြိမ်းချမ်းရေးအနှစ်သာရပါ။
—
ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ၊နှစ်ဦးခေတ္တသဘောတူထားတဲ့အလံဖြူစာချုပ်တစ်စောင်မဟုတ်ပါဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေပြုထည့်သွင်းပြီးရေးဆွဲထားရတဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်မှု့အခြေခံဥပဒေတစ်ခုပါ။ဖွဲ့စည်းပုံအခြေခံဥပဒေကနေဆင်းသက်လာရတဲ့အခြေခံကျပြီးခိုင်မာတည်တန့်တဲ့ငြိမ်းချမ်းရေးအနှစ်သာရအစစ်ပါ။နိုင်ငံရေးပြောနေတာ(လုံးဝ)မဟုတ်ပါဘူး။လူတိုင်းနားလည်လွယ်အောင်ဥပမာပေးနေတာပါ။
—
(Resolution of Inflammation)ဆိုတာဟာလဲဒီသဘောမျိုးပါပဲ။(Inflammation)ကို(Drug)တွေနဲ့ယာယီကလေး၊အလံဖြူထောင်ပြပြီးအပြစ်အခတ်ရပ်စဲထားတာမဟုတ်ပဲ၊ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဆဲလ်တွေအားလုံးတစ်ခုချင်းဆီကနေဆင်းသက်လာတဲ့မိခင်သဘာဝကပေးတဲ့အခြေခံကျလှတဲ့သဘောဝသဘောတရားတစ်ခုကိုသာဆိုလိုခြင်းဖြစ်ပါတယ်။အဲဒီသဘာဝသဘောတရားကိုဘယ်ဓါတုဗေဒဆေးတွေနဲ့မှဖန်တီးယူလို့မရရှိနိုင်ပါဘူး။မိခင်သဘာဝကနေပဲရရှိနိုင်ပါတယ်။
—
မာယာမီမြို့က၊ကျန်းမာသန်စွမ်းတဲ့လူသန်ကြီးသေတာဟာ(Virus)တွေ(mutation)ဖြစ်သွားလို့တော့မဟုတ်ပါဘူး။(Inflammation)ကြောင့်သေရတာပါ။ဆေးပညာတွေဘယ်လောက်ခေတ်မှီတိုးတက်နေပါစေ(Inflammation)ဆိုတာကိုဘယ်(Drug)နဲ့မှတားဆီးလို့မရနိုင်လို့လူ့အသက်တွေကို(သဘာဝတရားကိုဘေးဖယ်ထားပြီးတော့)ဘယ်လိုမှကယ်တင်မပေးနိုင်ပါဘူး။
—
အနှစ်ချုပ်ပြောရရင်၊လူတိုင်းတစ်သက်လုံးကျန်းမာပြီးအသက်ရှည်နေဖို့၊နာတာရှည်ရောဂါတွေအားလုံးမဖြစ်နိုင်ဖို့၊ကူးစက်ရောဂါတွေနဲ့မသေနိုင်ဖို့အတွက်ကျွန်တော်တို့တစ်ကယ်လိုအပ်နေတာဟာဆေးကုမ္မဏီတွေကထုတ်ပေးတဲ့(anti-inflammatory drug)တွေလုံးဝမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့မိခင်သဘာဝတရားတစ်ခုတည်းကပဲရရှိနိုင်တဲ့(Resolution of Inflammation)သဘောသဘာဝတစ်ခုပါ။အဲဒါကို(Drug)တွေကနေမရနိုင်ပဲသဘာဝကပေးတဲ့(Nutrition)တွေကနေသာရရှိနိုင်ပါတယ်။
—
လူသားအားလုံးဘေးကင်းကြပါစေ။
Kelvin Albert Power