ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။)

Source from Kelvin A. Power’s Facebook on February 26, 2020

 

ကိုရိုနာနှင့်ရွှေမြန်မာ။(အလွန်ထူးခြားဆန်းကြယ်တဲ့တိုက်ဆိုင်မှု့။)
(Conoravirus)ဟာကမ္ဘာပေါ်မှာနိုင်ငံပေါင်း(၄၀)ကျော်အထိကူးစက်ပြန့်ပွားနေကြပြီး၊ဒီရောဂါကိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုဖြစ်တဲ့(Pendamic disease)အဖြစ်အမည်တတ်မယ်ဆိုရင်တတ်လို့ရနေပါပြီ။သို့သော်(WHO)က၊ကမ္ဘာ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်ပျက်စီးမှာစိုးရိမ်လို့(Pendamic)လို့နာမည်မတတ်သေးတာကလွဲလို့အမှန်တစ်ကယ်အားဖြင့်တော့ (Pendamic)လို့ခေါ်တဲ့ကမ္ဘာ့ကပ်ရောဂါဆိုးကြီးတစ်ခုအဖြစ်နဲ့ကမ္ဘာကြီးတစ်ခုလုံးကိုခြိမ်းခြောက်နေပြီဆိုတာလူတိုင်းသိနေပါပြီ။
ထူးထူးခြားခြားအီရန်မှာမထင်မှတ်ထားလောက်အောင်ကိုသေပျောက်နုန်းတွေအလွန်မြင့်မားနေပြီး၊တောင်ကိုရီးယားမှာတော့ရောဂါထိန်းချုပ်လို့မရနိုင်လောက်အောင်ပြန့်ပွားနေပါတယ်။ပိုထူးခြားတာကတရုတ်နဲ့ဘာမှမဆီမဆိုင်၊မပါတ်သက်၊ထိစပ်မှု့လဲမရှိတဲ့အီတလီနိုင်ငံမှာပါအကြီးအကျယ်ကိုကူးစက်ပြန့်ပွားနေပြီး၊ဥရောပနိုင်ငံတွေအားလုံးကိုဒီရောဂါကြီးကအကြီးအကျယ်ကိုခြိမ်းခြောက်နေပါပြီ။
ဒါပေမဲ့အဲဒါတွေကသိပ်မထူးဆန်းပါဘူး။အထူးဆန်းဆုံးကတော့မြန်မာနိုင်ငံပါပဲ။ကမ္ဘာပေါ်မှာတရုတ်နဲ့ဆက်ဆံမှု့အများဆုံးနဲ့တရုတ်အဝင်အထွက်အများဆုံးနိုင်ငံတစ်ခုဟာမြန်မာနိုင်ငံပါပဲ။လွန်ခဲ့တဲ့နှစ်ကကျွန်တော်မြန်မာပြည်ကိုပြန်ရောက်တော့မန္တလေးကိုရောက်တုံး၊ဦးပိန်တံတားကိုသွားလည်ပါတ်ခဲ့ပါတယ်။ထူးဆန်းတာကဦးပိန်တံတားပေါ်မှာပြည့်နေတဲ့လူတွေအားလုံးထဲက(၇၀)ရာနှုန်းကျော်လောက်ဟာဗမာစကားတစ်လုံးမှမပြောတတ်ကြတဲ့တရုတ်နိုင်ငံပြည်ကြီးသားတွေဖြစ်နေကြပါတယ်။
ကျွန်တော်ဗမာလိုပြောရင်လဲအဲဒီလူတွေနားမလည်ကြပါဘူး။ကျွန်တော်လဲကိုယ့်ကိုကိုယ်ဦးပိန်တံတားပေါ်ကိုရောက်နေတာလား၊ဒါမှမဟုတ်တရုတ်ပြည်က(ဂရိတ်ဝေါ)တံတိုင်းကြီးပေါ်ကိုများရောက်နေပြီလားဆိုတာဇဝေဇဝါတောင်ဖြစ်နေမိခဲ့ပါတယ်။ဆိုလိုတာကတရုတ်အဝင်အထွက်အများဆုံးတိုင်းပြည်ဆိုတာဟာမြန်မာပြည်ပါပဲ။
တချို့ကပြောကြတယ်။မြန်မာပြည်မှာသေချာတိုင်းတာနိုင်တဲ့ဆေးပညာဆိုင်ရာကျွမ်းကျင်မှု့တွေမရှိသေးလို့ကိုရိုနာဗိုင်းရပ်ကိုရှာမတွေ့သေးတာနေမှာပါ။တစ်ကယ်တော့ဒီရောဂါဟာလူမသိပဲမြန်မာလူမျိုးတွေမှာဖြစ်ပွားကူးစက်နေမှာကတော့သေချာပါတယ်လို့အမျိုးမျိုးထင်ကြေးတွေပေးနေကြပါတယ်။ကျွန်တော်လဲအရင်တုံးကတော့ဒီအတိုင်းပဲထင်မြင်ယူဆခဲ့ဖူးပါတယ်။အဲဒီတုံးကဇန်နဝါရီလကုန်လောက်တုံးကပါ။
အခုအခါမှာတော့အစိုးရကျန်းမာရေးဌာနကစစ်ဆေးတွေ့ရှိမှု့မရှိလို့ပဲဖြစ်ဖြစ်၊တမင်ဖုံးဖိထားလို့ပဲဖြစ်ဖြစ်၊ဘယ်လိုပဲဖြစ်ဖြစ်အချိန်အတိုင်းအတာတစ်ခုအထိလောက်အထိပဲဖုံးဖိထားနိုင်ကြမှာပါ။သို့သော်အချိြန်ကာလာရင်တော့အစိုးရကျန်းမာရေးဌာနတွေကရှာဖွေတွေ့ရှိထားသည်ဖြစ်စေ၊ဖုံးကွယ်ထားသည်ဖြစ်စေ၊လူတွေတစ်ကယ်သေပျောက်များလာပြီဆိုရင်တော့ဆက်ပြီးဖုံးဖိလို့မရနိုင်ပါဘူး။
တရုတ်ပြည်နဲ့လဲတိုက်ရိုက်ထိစပ်နေတဲ့အပြင်၊တရုတ်နဲ့လဲဆက်ဆံမှု့အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတဲ့မြန်မာနိုင်ငံဟာ၊တစ်ကယ်လို့ဒီကပ်ရောဂါဆိုးကူးစက်ခဲ့မယ်ဆိုရင်ဇန်နဝါရီလမကုန်ခင်လောက်ကတည်းကစပြီးကူးစက်ပြီးနေလောက်ပါပြီ။
တစ်ကယ်လို့အစိုးရကျန်းမာရေးဌာနကမကျွမ်းကျင်လို့ပဲဖြစ်ဖြစ်၊ခေတ်မှီစက်ပစ္စည်းတွေမရှိလို့ပဲဖြစ်ဖြစ်ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု့ကိုမတိုင်းတာနိုင်ခဲ့ဘူးဆိုရင်တောင်၊တစ်လလောက်အကြာမှာဖြစ်တဲ့ဖေဖေါ်ဝါရီလကုန်မှာဆိုရင်တကယ်လို့ဇန်နဝါရီလကတည်းကလူမသိပဲကူးစက်ခံရတဲ့မြန်မာနိုင်ငံသားတွေရှိနေခဲ့မယ်ဆိုရင်တစ်လအကြာအချိန်ဖြစ်တဲ့အခုလောက်ဆိုရင်အသက်တွေတောင်ဆုံးရံှုးထိခိုက်နေနိုင်ပါပြီ။
ဒါပေမဲ့ဒီလောက်ပွင့်လင်းမြင်သာတဲ့မီဒီယာခေတ်ကြီးမှာမြန်မာတစ်ယောက်မှဒီဗိုင်းရပ်စ်ကြောင့်သေဆုံးမှု့မရှိတာဟာအလွန်အင်မတန်မှအံ့သြစရာကောင်းလွန်းတဲ့ထူးခြားချက်တစ်ခုပါပဲ။
အခုဖေဖေါ်ဝါရီလကုန်တော့မယ်။တစ်ကယ်လို့သာမတ်လလယ်လောက်မှမြန်မာပြည်ကိုဒီဗိုင်းရပ်စ်မကူးစက်မပြန့်ပွားလာဘူးဆိုရင်တော့၊ဒီဗိုင်းရပ်စ်ဟာမြန်မာပြည်ကိုကူးစက်ပြန့်ပွားဖို့မလွယ်ကူတော့ပါဘူး။ဒီဗိုင်းရပ်စ်ဟာတစ်ကမ္ဘာလုံးကိုကူးစက်ပြန့်ပွားနေပြီး၊မြန်မာလူမျိုးတွေမှာကြတော့ဘာကြောင့်မကူးစက်မပြန့်ပွားနိုင်သလဲလို့မေးမယ်ဆိုရင်တော့၊ဘယ်သူမှသေသေချာချာတိတိကျကျမသိနိုင်၊မပြောနိုင်ပါဘူး။
ဒီအလွန်ထူးခြားတဲ့အဖြစ်အပျက်ဘာကြောင့်ဖြစ်ပေါ်ရသလဲလို့မေးမယ်ဆိုရင်၊ဘယ်ဆေးပညာရှင်တွေ၊ဘယ်သိပ္ပံပညာရှင်တွေမှလဲတိတိကျကျပြောနိုင်ဖြေနိုင်မှာမဟုတ်ပါဘူး။(WHO)ကလူတွေကိုသွားမေးရင်လဲဘယ်သူမှမသိနိုင်၊မဖြေနိုင်တဲ့မေးခွန်းတစ်ခုပါပဲ။
ကမ္ဘာမှာအထူးခြားဆုံးအရာတစ်ခုလိုဖြစ်နေပြီး၊ဒီကိစ္စကိုဘယ်သူကမှသေသေချာချာသုတေသနတွေလုပ်ထားတာတွေမရှိသေးလို့ကျွန်တော်လဲတိတိကျကျတော့မပြောနိုင်၊မသိနိုင်သေးပါဘူး။ဒါပေမဲ့တစ်ကယ်လို့သာမတ်လလယ်လောက်မှာမှမြန်မာပြည်ကိုဒီရောဂါမကူးလာဘူးဆိုရင်တော့ကျွန်တော့်အထင်၊အဖြစ်နိုင်ဆုံးထူးခြားမှု့တစ်ခုက၊မြန်မာလူမျိုးတွေရဲ့သွေးထဲမှာသဘာဝအလျှောက်(Coronavirus)ရောဂါပိုးကိုကာကွယ်ပေးနိုင်တဲ့အလွန်ထူးခြားတဲ့(Anti-body)တစ်မျိုးမျိုးဟာအကြောင်းတခုခုကြောင့်၊အလိုလိုရှိနှင့်နေတယ်လို့ယူဆရမလိုဖြစ်နေပါတယ်။
ဒီအယူအဆဟာအလွန်ဆန်းကျယ်နေလို့မဖြစ်နိုင်ဘူးလို့ပြောကြမှာပါ။ဒါပေမဲ့ဖြစ်နိုင်ချေလဲအများကြီးရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့အခုခောတ်ကမ္ဘာပေါ်မှာတစ်ခြားနိုင်ငံလူမျိုးအများစုတွေရဲ့သွေးတွေထဲမှာမတွေ့ရသလောက်နည်းသွားပြီး၊မြန်မာနိုင်ငံသားအားလုံးနီးပါးရဲ့သွေးတွေထဲမှာသာလျှင်အများဆုံးတွေ့ရတဲ့(Anti-body)သုံးမျိုးထဲကတစ်မျိုးမျိုးကြောင့်လဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။အဲဒီ(human antibodies)သုံးမျိုးကတော့(Ede1-C10, Ede2-A11, Ede2-B7)တွေပါပဲ။
အဆိုပါ(Anti-Body)သုံးမျိုးဟာ(Coronavirus)ကိုကာကွယ်ဖို့အတွက်(Anti-Body)တွေအဖြစ်နဲ့မြန်မာလူမျိုးတွေရဲ့သွေးတွေထဲမှာကြိုတင်ပြီးရှိနေတာတော့မဟုတ်ပါဘူး။နေ့လည်ဖက်မှာပဲထွက်ကိုက်တတ်တဲ့ခြင်ပုန်းတွေကသယ်ဆောင်လာတဲ့ကူးစက်ရောဂါတွေကြောင့်၊မြောင်းပုတ်ရေပုတ်တွေများပြီးခြင်အကိုက်ခံရမှု့များတဲ့မြန်မာလူမျိုးတွေရဲ့ခုခံမှု့စနစ်မှာအလိုလိုရှိနေတာပါပဲ။မြန်မာပြည်မှာနေထိုင်ပြီးခြင်ပုန်းတခါမှအကိုက်မခံရဖူးတဲ့လူဆိုတာမရှိသလောက်ကိုရှားပါတယ်။
ညစ်ပါတ်စုတ်ပြတ်နေတဲ့မြောင်းပုတ်တွေထဲမှာနေထိုင်ပြန့်ပွားကြပြီး၊နေ့လည်ကြောင်တောင်ထွက်ကိုက်တတ်တဲ့၊ဒီခြင်ပုန်းတွေကြောင့်ဖြစ်ရတဲ့(Dengue)သွေးလွန်တုတ်ကွေးရောဂါမျိုးတွေဟာ၊တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ရာသီဥတုအေးချမ်းတဲ့နိုင်ငံတွေမှာအဖြစ်နည်းသွားပြီဖြစ်သော်လဲ၊ပူပြင်းပြီးမြောင်းပုတ်တွေသိပ်များတဲ့မြန်မာပြည်မှာကတော့အမြဲတန်းကူးစက်ဖြစ်ပွားနေတဲ့ထူးခြားတဲ့အိမ်ရှင်ရောဂါတစ်မျိုးပါပဲ။(Dengue)ရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်(၄)မျိုးဟာခြင်ပုန်းကိုက်ခံတဲ့မြန်မာနိုင်ငံသားတွေအားလုံးနီးပါးကိုအမြဲကူးစက်ခံနေရပါတယ်။
အဲဒီဗိုင်းရပ်စ်(၄)မျိုးကတော့(DENV1, DENV2, DENV3, DENV4)တွေပါပဲ။ခြင်ပုန်းအကိုက်ခံရတဲ့လူတိုင်းရဲ့ခန္ဓာကိုယ်မှာဖျားနာသည်ဖြစ်စေ၊မဖျားနာသည်ဖြစ်စေ၊အဲဒီဗိုင်းရပ်စ်လေးမျိုးကတစ်မျိုးမျိုးဖြစ်စေ၊လေးမျိုးလုံးဖြစ်စေ၊သွေးထဲကိုကူးစက်ခြင်းခံရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတိုင်းမှာလိုလိုအဲဒီဗိုင်းရပ်စ်လေးမျိုးကိုကာကွယ်ပေးနိုင်တဲ့(Antibody)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7)တွေအမြဲရှိနေတတ်ပါတယ်။ခြင်ပုန်းအကိုက်မခံရတဲ့မြန်မာနိုင်ငံသားတွေဆိုတာအလွန်နည်းလို့လူတိုင်းနှီးပါးမှာဒီ(Antibodies)တွေရှိနေတာဟာမထူးဆန်းပါဘူး။
ဒီ(Anti body)တွေဟာတရုတ်နိုင်ငံသား၊ဂျပန်နိုင်ငံသား၊အီတလီ၊ကိုးရီးယား၊ဂျာမနီ၊အင်္ဂလိပ်၊အမေရိကန်အစရှိတဲ့နိုင်ငံသားတွေမှာတော့မရှိကြပါဘူး။တိုင်းပြည်တိုးတက်မှု့နည်းပြီး၊မြောင်းပုတ်တွေများလို့ခြင်ပုန်းတွေသိပ်များတဲ့နိုင်ငံသားတွေမှာရှိနေနိုင်ပါတယ်။မြန်မာ၊ဘင်္ဂလားင်္ဒေ့နဲ့လာအိုနိုင်ငံသားတွေရဲ့သွေးတွေထဲမှာဒီ(Antibodies)တွေပိုများနိုင်ပါတယ်။
ဒီ(Anti bodies)တွေဟာတစ်ကယ်တော့၊ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ပေးဖို့(Anti bodies)တွေတော့မဟုတ်ပါဘူး။(Dengue Virus)လေးမျိုးကိုကာကွယ်ပေးနိုင်ဖို့မြန်မာလူမျိုုးတွေရဲ့ခုခံအားစနစ်ကထုတ်လုပ်ပေးထားတဲ့(Anti-Bodies)အမျိုးအစား(၃)မျိုးပါပဲ။
ဘာကြောင့်လဲဆိုတော့(Dengue)လို့ခေါ်တဲ့သွေးလွန်တုတ်ကွေးကူးစက်ရောဂါအမျိုးမျိုးဟာမြန်မာပြည်မှာထမင်းစားရေသောက်လိုလူတိုင်းမှာခလေးကအစ၊လူကြီးအဆုံးအမြဲကူးစက်ဖြစ်ပွားနေတဲ့အိမ်ရှင်ရောဂါတစ်ခုဖြစ်နေပြီးနိုင်ငံတကာအတွက်သာထူးဆန်းနေပေမယ့်၊မြန်မာတွေအဖို့ကတော့အထူးအဆန်းကြီးမဟုတ်တော့ပါဘူး။ဒီရောဂါဟာဒီခေတ်ကမ္ဘာပေါ်မှာတိုးတက်တဲ့နိုင်ငံကြီးတွေမှမကြားဖူးကြတော့ပေမယ့်မြန်မာပြည်မှာကတော့ကလေးကအစသိပြီးသားဖြစ်တဲ့ရောဂါအဟောင်းကြီးတစ်ခုပါ။
ထူးခြားတဲ့တိုက်ဆိုင်မှု့တစ်ခုကအဲဒီမြန်မာပြည်မှာလူတိုင်းဖြစ်နေကြတဲ့အိမ်ရှင်သွေးလွန်တုတ်ကွေးရောဂါကိုဖြစ်ပေါ်စေတဲ့ဗိုင်းရပ်စ်တွေနဲ့၊ကိုရိုနာဗိုင်းရပ်စ်တွေဟာနှစ်မျိုးစလုံး(single strand RNA virus)တွေဖြစ်နေကြတဲ့အပြင်၊မျက်နှာပြင်ပေါ်မှာနေရှိတဲ့ပရိုတိန်းအမျိုးအစားတွေထဲကတစ်မျိုးမျိုးကလဲထူးထူးခြားခြား၊တိုက်တိုက်ဆိုင်ဆိုင်သွားပြီးဆင်တူချင်တူနေနိုင်ပါတယ်။
တစ်ကယ်လို့သာဆင်တူခဲ့မယ်ဆိုရင်အဆိုပါသွေးထဲမှာရှိနေတဲ့(Antibodies)သုံးမျိုးထဲကတစ်မျိုးမျိုးဟာ၊ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို၊တုတ်ကွေးရောဂါဗိုင်းရပ်စ်ပိုးနဲ့အမှတ်မှားပြီးမှားယွင်းတိုက်ခိုက်ချင်တိုက်ခိုက်မိနေနိုင်ပါတယ်။ဒီအရာဟာအလွန်ဖြစ်တောင့်ဖြစ်ခဲတဲ့အလွန်ထူးခြားတဲ့တိုက်ဆိုင်မှု့တစ်ခုပါ။ဆိုလိုတာကဝတ်စုံဆင်တူနေလို့၊လူမှားပြီးတိုက်ခိုက်မိတဲ့သဘောပါ။
သို့သော်ကျွန်တော့်အနေနဲ့ဒီကိစ္စကိုသေသေချာချာခိုင်ခိုင်မာမာသုတေသနတွေမလုပ်ရသေးလို့တိတိကျကျတော့မပြောလို၊မပြောချင်ပါဘူး။ထင်မြင်ယူဆချက်တစ်ခုသာဖြစ်လို့အမှန်လို့မယူဆကြပါနဲ့ဦး။နောက်ထပ်နှစ်ပါတ်ခွဲလောက်စောင့်ကြည့်လိုက်ရင်တော့ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်မှန်တယ်မမှန်ဘူးဆိုတာကိုပိုပြီးသေချာစွာပြောနိုင်ပါလိမ့်မယ်။
ကျွန်တော်ဆိုလိုချင်တာကတော့တစ်ကယ်လို့မှလာမယ့်နှစ်ပါတ်ခွဲလောက်အကြာမတ်လလယ်လောက်မှာမှဒီရောဂါဆိုးဟာမြန်မာလူမျိုးတွေအပေါ်ကိုကူးစက်မလာနိုင်ဘူးဆိုရင်တော့ကျွန်တော်ထင်မြင်ယူဆထားတွေမှန်ကောင်းမှန်နေပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ပါ၊အထက်ပါထူးခြားတဲ့(Dengue antibodies)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7)တွေဟာတစ်ခြားလူမျိုးတွေမှာအရှိနည်းပြီး၊မြန်မာလူမျိုးတွေမှာမှထူးထူးခြားခြားမြောက်များစွာရှိနေတယ်ဆိုတာကတော့အလွန်ထူးခြားတဲ့အချက်တစ်ခုပါပဲ။
အဆိုပါရွှေမြန်မာအများစုတွေမှာရှိနေတဲ့(antibodies)သုံးမျိုးဟာကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်နိုင်မလား။မကာကွယ်နိုင်ဘူးလားဆိုတောကတော့၊နောက်နှစ်ပါတ်ခွဲလောက်အတွင်းမှာအဖြေတစ်ခုခုတော့သိရမှာပါ။တစ်ကယ်လို့မတ်လလယ်လောက်မှာမှဒီရောဂါဟာမြန်မာပြည်ကိုမကူးစက်၊မပြန့်ပွားလာနိုင်ဘူးဆိုရင်တော့ရွှေမြန်မာတွေရွှေဖြစ်သွားပါပြီ။ဘာကြောင့်လဲဆိုတော့ဒီအချိန်လောက်မှမကူးစက်နိုင်ဘူးဆိုရင်၊ဒီဗိုင်းရပ်စ်တွေဟာမြန်မာတွေကိုဒုက္ခမပေးနိုင်တော့ဘူးလို့ယူဆရမလိုဖြစ်နေပါပြီ။
တကယ်တန်းကြတော့၊ဒီရောဂါကမြန်မာတွေကိုမကူးစက်နိုင်တာတော့မဟုတ်ပါဘူး။ကူးစက်ကောင်းကူးစက်ပါလိမ့်မယ်။သိူ့သော်ကျွန်တော်ထင်ထားတဲ့အတိုင်းမှန်ခဲ့မယ်ဆိုရင်တော့၊မြန်မာတွေရဲ့သွေးထဲကိုရောက်ရှိသွားတဲ့ဝူဟန်ဗိုင်းရပ်စ်ဟာမြန်မာတွေရဲ့သွေးထဲမှာရှိနေတဲ့ထူးခြားတဲ့(Anti-Bodies)သုံးမျိုးထဲကတစ်ခုခုနဲ့ထိတွေ့သွားပြီးအဲဒီကူးစက်ခံရတဲ့မြန်မာလူမျိုးရဲ့သွေးထဲမှာဗိုင်းရပ်စ်ပိုးတွေဟာသေဆုံးသွားနိုင်လို့တခြားလူနောက်တစ်ယောက်ကိုဆက်ပြီးမကူးစက်မပြန့်ပွားနိုင်တော့တာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါဟာကျွန်တော့်ရဲ့ထင်မြင်ချက်တစ်ခုသာဖြစ်ပြီး၊သုတေသနခိုင်ခိုင်မာမာတွေကိုအခြေခံတဲ့တွေ့ရှိချက်တစ်ခုမဟုတ်လို့အမှန်လို့တော့လှေနှံဓါးထစ်မယူဆကြစေချင်ပါဘူး။ဒါကြောင့်ဒီအချက်ဖြစ်နိုင်မဖြစ်နိုင်ကိုကျွန်တော်တို့တွေမတ်လလယ်လောက်အထိတော့စောင့်ကြည်ကြ့ဖို့လိုအပ်သလို၊ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုသေချာနားလည်ဖို့သုတေသနတွေအများကြီးထပ်လုပ်ဖို့လိုအပ်နေပါတယ်။
ဘာပဲဖြစ်ဖြစ်အနှစ်ချုပ်ပြောရရင်တော့
—–
ကိုးရီးယားမှာအဖြစ်များနေပြီး….
အီရန်မှာအသေမြန်နေတဲ့အပြင်….
အီတလီမှာအလျှင်မမှီဖြစ်နေတဲ့…..
တယူသန်တဲ့ဝူဟန်ဗိုင်းရပ်စ်ဟာ…..
ရွှေမြန်မာအတွက်တော့အနေသာကြီး…..
ဖြစ်နေတာဟာအလွန်ထူးခြားဆန်းကျယ်နေတဲ့အချက်တစ်ချက်ပါပဲ။
ဒါပေမဲ့အခုအချိန်မှာဆုံးဖြတ်ဖို့စောနေပါသေးတယ်။အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်ကြပါစို့။သို့သော်ရွှေမြန်မာတွေပေါ့ပေါ့ဆဆမနေကြဖို့နဲ့၊ကံကိုယုံပြီးဆူးပုံကိုမနင်းမိကြဖို့တော့သတိပေးလိုက်ပါတယ်။မတ်လလယ်လောက်အထိတော့စောင့်ကြည့်ကြပြီး၊မတ်လလယ်လောက်မှမြန်မာနိုင်ငံကိုကူးစက်မလာဘူးဆိုရင်တော့ကျွန်တော်ထင်ထားတာတွေမှန်နေပြီဖြစ်တဲ့အတွက်ရွှေမြန်မာတွေအတွက်ကံကောင်းလာနိုင်ပါတယ်။
(မတ်လအလယ်မှာမှ….ကိုရွှေဝူဟန်က…
မြန်မာပြည်မှာ….ရှင်သန်မလာဘူးဆိုရင်…..
ကိုယ်ရွှေမြန်မာတွေအတွက်…..
ဧပြီလဆန်းမှာ….သင်္ကြန်ရေနဲ့လန်းလို့ရသွားပါပြီ။)
မှတ်ချက်။နောက်ဆုံးတစ်ခုပြောချင်တာကတော့ဒီရောဂါဟာကပ်ရောဂါဆိုးကြီးတစ်ခုလဲဖြစ်နေပြန်ပါတယ်။မြန်မာပြည်မှာကူးစက်ပြန့်ပွားမှု့ရှိမယ်မရှိဘူးဆိုတာဟာမြန်မာလူမျိုးတွေရဲ့ကုသိုလ်ကံနဲ့လဲဆိုင်နေပါတယ်။ဒီကပ်ရောဂါဆိုးကြီးကနေကျော်လွားချင်တယ်ဆိုရင်တော့ဒီနေ့ကစပြီးမြန်မာတွေအားလုံးမည်သည့်ဘာသာဝင်တွေမဆိုမိမိတို့သက်ဆိုင်ရာကိုးကွယ်ရာဘာသာအလိုက်၊တတ်နိုင်သလောက်ဘာသာရေးလုပ်ငန်းတွေကိုပိုပြီးလုပ်ကြဖို့လဲတိုက်တွန်းလိုပါတယ်။
ကျွန်တော်ကလဲကျွန်တော်ထင်တဲ့အတိုင်းအကောင်းဆုံးဖြစ်လာဖို့မြန်မာပြည်သူ၊ပြည်သားတွေအတွက်အမြဲဆုတောင်းနေပါတယ်။
အားလုံးကျန်းမာ၍ဘေးကင်းကြပါစေ၊ကံကောင်းကြပါစေဗျာ။
Kelvin Albert Power
—————————
စာရေးသူ၏အမှာစကား။ ဒီ(Post)ဟာသုတေသနကိုအခြေခံမထားတဲ့အတွက်၊အထောက်အထားမခိုင်လုံသေးတဲ့ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်(hypothesis)တစ်ခုကိုတင်ပြခြင်းသာဖြစ်နေလို့အမှန်လို့တော့ရာနုန်းပြည့်မယူဆကြစေချင်ပါဘူး။ဒါပေမဲ့မြန်မာတွေအားလုံးဒီအချက်ကိုထည့်သွင်းစဉ်းစားပြီးအချိန်အတိုင်းအတာတစ်ခုအထိတော့စောင့်ကြည့်ပေးကြဖို့လိုအပ်နေပါတယ်။။ကျွန်တော့်ရဲ့ယူဆချက်မှန်မယ်မမှန်ဘူးဆိုတာတော့အာမမခံနိုင်ပါဘူး။ဒါပေမဲ့တိုက်ဆိုင်မှု့တစ်ခုတော့ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီအချက်ဟာမှန်ကန်ခဲ့မယ်ဆိုရင်ကမ္ဘာမှာမြန်မာဆိုတာရွှေဖြစ်သွားပါလိမ့်မယ်။မြန်မာတွေရဲ့သွေးဟာရွှေထက်အဖိုးတန်သွားနိုင်ပါတယ်။ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ၊လူတိုင်းဖတ်ပြီးစောင့်ကြည့်သင့်သလို၊လူတိုင်းသိသင့်သိထိုက်လို့်ဖြန့်ဝေနိုင်ပါတယ်။သတင်းမှားကိုတင်နေတာမဟုတ်ပဲ၊မှန်ချင်လဲမှန်လာနိုင်တဲ့(hypothesis)တစ်ခုဖြစ်နေလို့အချိန်ကစကားပြောလာမှာပါ။ဒါပေမဲ့လူတိုင်းဒီပို့စ်ကိုဖတ်ပြီးကံကိုယုံပြီးတော့ဆူးပုံမနင်းကြဖို့နှင့်မပေါ့ဆကြဖို့တော့အသိပေးပြောကြားလိုပါတယ်။မတ်လမှာအဖြေသိပါမယ်။ဧပြီလမှာ(ငါတို့မြန်မာသွေးကွ)ဆိုပြီးတော့အောင်ပွဲခံနိုင်ကြပါစေ။
*******(hypothesis)တစ်ခုသာဖြစ်နေလို့အပြည့်အဝယုံကြည်မိပြီးတော့မပေါ့ဆကြပါနှင်၊အားလုံးဂရုစိုက်ကြပါ။*******
References:
————————–
(Comments)တွေကိုကြည့်ပြီး၊နောက်ပိုင်းထပ်မံဖြည့်စွက်ချက်။
(single strand RNA virus)တွေအများကြီးရှိလို့(RNA Sequence)ခြင်းသွားတူဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သို့သော်(Surface)မှာရှိတဲ့(Proteins receptors)တစ်ခုခုတော့မတော်တဆသွားတူမယ်ဆိုရင်ဖြစ်ချင်လဲဖြစ်နိုင်ပါတယ်။ဒါပေမဲ့တော်တော်လေးကိုတိုက်ဆိုင်ဖို့(probability)အလွန်နည်းပါတယ်။ဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးလို့တော့ပြောမရပါဘူး။
သမိုင်းမှာလဲရှိခဲ့ဖူးပါတယ်။ကျောက်ရောဂါတွေတကမ္ဘာလုံးဖြစ်တုံးက၊လူမသေနိုင်ပဲနွားမှာဖြစ်တဲ့အပျော့စားအဖုအပိန့်ထွက်တဲ့ကျောက်ရောဂါနဲ့ခပ်ဆင်ဆင်ရောဂါလေးတစ်ခုရဲ့(Anti body)တွေကလူမြောက်များစွာကိုသေကြေစေတဲ့ကျောက်ရောဂါဆိုးကြီးကိုကာကွယ်ပေးသွားနိုင်တာကိုသမိုင်းမှာရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။အဲဒီကစပြီးကာကွယ်ဆေးတွေဘယ်လိုဖေါ်စပ်လို့ရတယ်ဆိုတာကိုလူတွေနားလည်လာကြတာပါ။အမျိုးအစားမတူတဲ့(Virus)တစ်မျိုးရဲ့(antibody)တစ်မျိုးက၊တခြား(Virus)တမျိုးကိုကာကွယ်ပေးတာဟာသမိုင်းမှာလဲရှိခဲ့ဖူးတဲ့အတွက်၊အလွန်ဖြစ်ခဲတဲ့ဖြစ်စဉ်တစ်ခုဖြစ်နေပေမယ့်၊ လုံးဝမဖြစ်နိုင်ဘူးလို့တော့မဆိုနိုင်ပါဘူး။
နောက်တစ်ခုက(Virus surface)မှာရှိတဲ့(Proteins receptors)တွေမတော်တဆသွားတူမယ်ဆိုရင်အလွန်ဖြစ်နိုင်ခဲပေမဲ့ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။နောက်တစ်ခုက(Virus)တွေက(Host cells)တွေကိုမျိုးပွားများဖို့(Hijack)လုပ်လိုက်တဲ့အချိန်အခါမှ(Host cells)တွေရဲ့မျက်နာပြင်ပေါ်မှာအသစ်ထွက်ပေါ်ပေါက်လာတဲ့ပရိုတိန်းတွေလဲအလွန်တူခဲပေမယ့်လဲ လုံးဝမတူနိုင်ဘူးလို့တော့မဆိုနိုင်ပါဘူး။
ဒါပေမဲ့(Dengue Virus)တွေကြောင့်လို့တော့တိတိကျကျမပြောနိုင်ပါဘူး။တိုင်းပြည်ဆင်းရဲပြီး။ပြစ်စလက်ခတ်ညစ်ပါတ်တဲ့ပါတ်ဝန်းကျင်၊ရာသီဥတုတွေမှာကြီးပြင်းလာရတဲ့မြန်မာလူမျိုးတွေမှာတခြားသော(Anti Bodies)တွေဘယ်လောက်ရှိမယ်ဆိုတာဘယ်သူမှတိတိကျကျမသိနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ်၊အနှစ်ချုပ်ပြောရရင်၊တရုတ်နဲ့မဆီမဆိုင်အီတလီတို့အီရန်တို့မှာတောင်လူတွေမြောက်များစွာကူးစက်ပြန့်ပွား၊သေပျောက်နေကြတာ။အခုဖေဖေါ်ဝါရီလကုန်ပြီ။တစ်ကယ်လို့သာမြန်မာတွေဖြစ်မယ်ဆိုရင်ဒီထက်အစောကြီးကတည်းကဖြစ်နေလောက်ပြီ။ဒီလောက်ရှည်ကြာတဲ့အတိုင်းအတာတစ်ခုအထိတရုတ်နဲ့အနီးစပ်ဆုံးနိုင်ငံတစ်ခုအနေနဲ့မကူးစက်သေးတာကတော့အလွန်ထူးခြားတဲ့အချက်ဆိုတာကတော့ဘယ်လိုမှငြင်းပါယ်ထားလို့မရနိုင်ပါဘူး။
ကျွန်တော်ခန့်မှန်းထားတာကိုမှန်မယ်လို့တော့မပြောလိုပါဘူး။ဒါပေမဲ့မြန်မာလူမျိုးတွေကိုဒီအချိန်အထိရောဂါမကူးစက်သေးတာကတော့၊သာမာန်ထက်ကိုအလွန်ထူးခြားနေတာကတော့ငြင်းမရပါဘူး။သေချာသိဖို့အချိန်တစ်ခုအထိစောင့်ကြည့်ဖို့တော့လိုအပ်ပါတယ်။အချိန်ကတခုခုတော့ပြောလာမှာပါ။
Shopping Cart